← Chapters

ဒေါက်တာကောင်း

Vol. 3 Ch. 32

ဒေါက်တာကောင်း

Vol. 3 Ch. 32

ယန်ဟွာသည် လူကောင်အလွန်ကြီးသဖြင့် သူမတ်တပ်ရပ်လိုက်သောအခါ ကောင်းကင်ကို ကွယ်သွားစေသည်။ ကောင်းမင်မှာ သူ့ရှေ့တွင် သေးငယ်နေလေသည်။ သို့သော်လည်း ထိုအချိန်တွင် သူ့လက်သီးမှာ ရှေ့ဆက်မတိုးနိုင်တော့ပေ။

ဆယ့်သုံးကြိမ်ဆက်တိုက် အနိုင်ရခဲ့သော အာဏာပါးကွပ်သားသည် ထိုကဲ့သို့ အချိန်အတော်ကြာအောင် မတုန့်ဆိုင်းခဲ့ဘူးချေ။

ယန်ဟွာသည် လူဆိုးတစ်ယောက်မဟုတ်ပေ။ သို့သော်ငြား ကောင်းမင်၏ဂိမ်းဇာတ်လမ်းသွားအရ သူ၏ကိုယ်ပိုင်အရာအား ချန်ထားခဲ့လျှင်သူသည် အတွင်းစိတ်ထဲမှ ရန်လိုခြင်းကို ရှုံးနိမ့်ပြီး ဟန်ဟိုင်းတွင် အန္တရာယ်အများဆုံး လူသတ်သမားဖြစ်လာလိမ့်မည်ဖြစ်သည်။

"မင်းကိုယ်မင်း ဘယ်လောက်ပဲ ခက်ခက်ခဲခဲလေ့ကျင့်နေပါစေ အရေးမပါဘူး ၊ အဲ့ဒါက အဓိပ္ပါယ်မရှိဘူး ၊ ဘာကြောင့်လဲဆိုတော့ မင်းရဲ့ဝိဉာည်က မင်းရဲ့ကလေးဘဝက အရိပ်ထဲမှာ ပိတ်မိနေလို့ပဲ "

ကောင်းမင်က ထိုင်ခုံကို မှီလိုက်သည်။ သူ့အင်္ကျီနောက်ကျောသည် ချွေးစေးများ စိမ်ခံထားရသလို ဖြစ်နေ၏။ အရာအားလုံးသည် သူ့ထိန်းချုပ်မှုအောက်တွင် ရှိသကဲ့သို့ သူက မည်သည့် ကြောက်ရွံ့ခြင်း လက္ခဏာမှ ဖော်မပြခဲ့ပေ။

"သတ်ဖြတ်တာတွေ ၊ အကြမ်းဖက်တာတွေဟာ မင်းကို ဘေးကင်းလုံခြုံမှု ပေးမှာမဟုတ်ဘူး ဒါပေမယ့် အဲ့ဒါက မင်းကို ပိုလို့ ကမောက်ကမဖြစ်စေလိမ့်မယ် "

"ဒါတွေကို ခင်ဗျားကို ဘယ်သူပြောတာလဲ "

ယန်ဟွာ့အင်္ကျီသည် စုတ်ပြဲနေ၏။ သူ့ခန္ဓာကိုယ်မှ သရဲတက်တူးသည် သူ့အား ငရဲမှတက်လာသော နတ်ဆိုးတစ်ကောင်ဖြင့် တူနေစေသည်။

"မင်းရဲ့ အစ်မကြီး ယန်လင်း ..."

ကောင်းမင်က စီးကရက်ကို မီးညှိလိုက်သည်။

"ကဲ ...ငါတို့ ထိုင်စကားပြောကြမလား "

သူ့အစ်မကြီး၏နာမည်ကို ကြားသောအခါ ယန်ဟွာ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည်နှက်သွားသည်။ သူ့အမူအရာမှာ ပျော့ပျောင်းလာတော့သည်။ ထိုနာမည်သည် သူ့အတွက် အထူးဖြစ်တည်မှုတစ်ခု ဖြစ်သည်။ သူ၏ကလေးဘဝမှ ကောင်းမွန်သောမှတ်ဉာဏ်များသည် သူ့အစ်မကြီးဆီမှဖြစ်သည်။ ကျိုးပဲ့နေသော မှတ်ဉာဏ်များက သူကြီးပြင်းလာသည်အထိ ကူညီပေးခဲ့သည်။

"သူ အသက်ရှင်နေသေးတာလား "

ယန်ဟွာ မူလအခြေအနေသို့ ပြန်ရောက်လာသောအခါ သူက ထိုင်ခုံပေါ်ထိုင်နေခဲ့ပြီးဖြစ်သည်။

"ဟုတ်တယ် သူက မင်းကို ထပ်နာကျင်ခံစားမနေစေချင်ပဲ ကောင်းကောင်းဂရုစိုက်ဖို့ ပြောခဲ့တဲ့ လူတစ်ယောက်ပဲ ၊ ဒီနည်းလမ်းကပဲ မင်းရဲ့ကိုယ်ပိုင်ဘဝကို ရစေမှာ "

"သူ ဘယ်မှာလဲ "

"ကျုပ်ကို သူ့ဆီခေါ်သွားပေးပါ "

ယန်ဟွာက ကောင်းမင်ကို ယုံကြည်နေပြီဖြစ်သည်။ သူ့ကလေးဘဝအကြောင်းကို သူ့အစ်မကြီးလောက် ဘယ်သူမှ မသိပေ။

သူမ၏ ယုံကြည်မှုရထားသူများသာ ဤဇာတ်လမ်းအကြောင်းအရာများကို သိနိုင်မည်ဖြစ်သည်

ကောင်းမင်သည် သူ့လက်ကောက်ဝက်မှ ဆက်သွယ်ရေးစက်ကို မတော်တဆထုတ်ပြလိုက်သည်။

"ငါလဲ သူ့ကို ပြန်တွေ့ဖို့ ဆန္ဒရှိပါတယ် ၊ ဒါပေမယ့် သူက တခြားလောကမှာ ပိတ်မိနေတာ ၊ မူမမှန်ဖြစ်ရပ်ထဲ ဝင်မှပဲ ငါတို့ သူ့ကို ရှာတွေ့နိုင်မှာ "

"ခင်ဗျား ဘာတွေပြောနေတာလဲ "

ယန်ဟွာက မျက်မှောင်ကြုံ့လိုက်သည်။ သူက ကောင်းမင်ရူးနေလားဟု တွေးမိသည်။

"သရဲဇာတ်လမ်းတွေက မြို့ကို ဝါးမြို့စားသုံးလိမ့်မယ် ၊ နတ်ဆိုးသရဲတွေက အချိန်တိုင်းပေါ်လာနိုင်တယ် ၊ ဖြစ်ရပ်ဆိုးကြီး လာနေပြီ "

"ဘာလား "

ကောင်းမင်သည် ယန်ဟွာကို စိတ်ရှုပ်သွားစေသည်။ သူသည် ရူးသွပ်လွန်းသဖြင့် ထိုဖြစ်လာနိုင်ခြေရှိသော လူသတ်သမားသည် မည်သို့ တုန့်ပြန်ရမှန်း မသိပေ။ အချိန်တချို့ကြာပြီးနောက် ယန်ဟွာက ဖြည်းညင်းစွာခေါင်းယမ်းလိုကိသည်။

"ကျုပ်ကို ကျုပ်နားမလည်တာတွေ ပြောနေတာ ရပ်လိုက်တော့ ၊ ကျုပ်ဘာလုပ်ရမလဲဆိုတာပဲ ပြောပြပါ "

"မင်းနိုးလာတဲ့အခါ မင်းဘေးမှာ အဖြူအမည်းလူသေဓာတ်ပုံတစ်ခု ရှိနေရမယ် ၊ ဒါက မင်းအတွက် အကောင်းဆုံးသက်သေပဲ "

ကောင်းမင်က ရေနွေးကြမ်းကို မော့သောက်လိုက်သည်။

"မင်းရဲ့ နာမကျန်းမှုကို ကူညီပေးဖို့ မင်းအစ်မကြီးကို ငါကတိပေးထားတယ် ၊ မင်းလုပ်ဖို့လိုတာက ငါနဲ့ပူးပေါင်းဆောင်ရွက်ပြီး သတင်းကို စောင့်နေဖို့ပဲ "

"ဘယ်လောက်ကြာမှာလဲ "

"မူမမှန်မှုတွေနဲ့ ချိတ်ဆက်နေတဲ့နေရာက အလွန်ကိုကြုံရာကျပန်းဖြစ်နေတာ ၊ အဲ့နေရာက မင်းအစ်မကြီး ပျောက်ကွယ်သွားတဲ့နေရာမဟုတ်ဘူး ၊ ဒ့ါထက် အဲ့နေရာက အရမ်းအန္တရာယ်များတယ် ငါတို့ အလျင်စလိုလုပ်လို့မရဘူး "

ကောင်းမင်က စကားလမ်းကြောင်းပြောင်းလိုက်သည် ။

"အဲ့တာထက်စာရင် မင်းရဲ့ စိတ်ဒဏ်ရာကို ကုသဖို့က ပိုအရေးကြီးတယ် "

"ကျုပ် ကိုယ့်ဘာသာထိန်းချုပ်နိုင်ပါတယ် "

"မင်း အဲ့လိုလုပ်စရာ မလိုပါဘူး ၊ မင်းရဲ့ ကလေးဘဝဆိုတာ မင်းဆီမှာ ရာဇဝတ်မျိုးစေ့ကို စိုက်ပျိုးမိခဲ့တဲ့ အချိန်ပဲ ၊ အဲ့ဒီအရာက မကောင်းဆိုးဝါးပန်းတစ်ပွင့်အဖြစ် ပွင့်လန်းလာပြီး အကြမ်းဖက်မှုတွေနဲ့ အဆုံးမဲ့ ရုန်းကန်နေရတာ ဖြစ်စေလိမ့်မယ် "

ကောင်းမင်က စီးကရက်ကို ညစ်ခြေလိုက်သည်။

"ညအမှောင်ထဲမှာ ရှင်သန်ဖို့ နည်းလမ်းက မိုးသောက်အလင်းရောင်ကို စောင့်ဆိုင်းဖို့ မဟုတ်ဘူး ၊ အမှောင်ထုကို အသုံးချနိုင်ဖို့ပဲ ငါမင်းကို ကူညီပေးမယ် "

ရွာသွန်းနေသောမိုးသည် စားသောက်ဆိုင်လေးအား မြို့လေးဆီမှ အထီးကျန်နေစေသည်။ ထိုနေရာသည် ကမ္ဘာကြီးဆီမှ မေ့လျော့ခံထားရသည်နှင့်တူလေသည်။

ယန်ဟွာသည် သူ့နှလုံးသားထဲရှိ ဆန္ဒမှာ အရာအားလုံးထက်ပို ကောင်းကြောင်း သိသည်။ နာကျင်မှုနှင့် သတ်ဖြတ်လိုမှုသည် သူ့အား ဝါးမြိုလုနီးပါး ဖြစ်သွားခဲ့သည်။

"တကယ်တော့ အဲ့ဒါကို ဖြေရှင်းတာက လူသတ်တာထက် ပိုကောင်းပါတယ် မင်းရဲ့မုန်းတီးမှုက မင်းပထွေးဆီက လာတာပဲ ၊ သူ့ကို သတ်လိုက်တာက မင်းကို မကုသနိုင်ဘူး ၊ ငါတို့သူ့ကို တကယ့်အပြစ်ဒဏ်ကို ခံစားခွင့်ပြုလိုက်ကြတာပေါ့ "

ကောင်းမင်သည် သူဖတ်ဖူးသမျှ သရဲဇာတ်လမ်းများအကြောင်းကို ပြန်စဉ်းစားလိုက်သည်။

"ငါ့ကို ကူညီဖို့ ခွင့်ပြုပေး ပြီးရင် မင်းကျေနပ်လောက်တဲ့ ကုသရေးတစ်ခုပေးမယ် "

"ဘယ်လိုလုပ်ပြီး ခင်ဗျားက ကျုပ်ထက် အခြေအနေပိုဆိုးနေသလို ခံစားနေရတာလဲ "

ယန်ဟွာက တဖြည်းဖြည်း သတိလျှော့ချလိုက်သည်။

"ခင်ဗျားကို ကျုပ်ဘယ်လို ခေါ်ရမလဲ "

"ငါ့နာမည်က ကောင်းမင် "

ကောင်းမင်က သူ့အား ဆက်သွယ်ရမည့်နည်းလမ်းကို ချန်ထားလိုက်ပြီး ပြုံးလိုက်သည်။

"ဒါပေမယ့် လူတွေက ငါ့ကို ဒေါက်တာကောင်းလို့ခေါ်တာ ပိုကြိုက်တယ် "

"ဒေါက်တာကောင်းတဲ့လား "

ယန်ဟွာက ကောင်းမင် ဖုန်းနံပါတ်ကို မှတ်သားထားလိုက်သည်။

"ကျုပ်က စိတ်ရောဂါကုဆရာဝန်တွေဆီ သွားဖူးပေမယ့် ဘယ်ဆရာဝန်မှ အဲ့တာတွေတစ်ခုမှ မပြောခဲ့ဖူးဘူး "

"ငါက မင်းဘက်က ဖြစ်နေလို့လေ "

ကောင်းမင်က ကောင်တာဆီလျှောက်သွားလိုက်ပြီး ခေါက်ဆွဲပါဆယ်နှစ်ပွဲဖြင့် ဆိုင်မှ ထွက်လာခဲ့သည်။

ကောင်းမင် ဗန်ကားဆီသို့ ပြန်လာလိုက်သည်။ ကိုင်လာသော ခေါက်ဆွဲထုပ်ကို ချူးစီစီထံ ပေးလိုက်ပြီး နှစ်ယောက်သား စားသောက်လိုက်ကြသည်။

"ကောင်းမင် ရှင့်မိတ်ဆွေက ကြွက်သားတွေ အပြည့်ပဲနော် ၊ သူနဲ့ သူငယ်ချင်းလုပ်ရတာ ရှင်မကြောက်ဘူးလား "

ချူးစီစီက ခေါက်ဆွဲကို အသံထွက်ပြီး စားသောက်နေ၏။

"ဘာကြောက်စရာရှိလို့လဲ "

ကောင်းမင်သည် ဗန်ကားထဲတွင်ပင် သူနောက်ကျောမှ ချွေးများ ရွှဲနစ်လျက်ရှိကြောင်း သူသာသိပေသည်။

"ကျွန်မက တက်တူးတွေကို မကြိုက်တာတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့် သူ့ခန္ဓာကိုယ်မှာ သရဲတက်တူးတွေ ထိုးထားတယ်လေ ဒါမျိုးက ဂိုဏ်းစတားတွေပဲ လုပ်ကြတာ "

"ခင်ဗျား တီဗီရှိုးတွေ ကြည့်တာများနေပြီ ၊ မြန်မြန်စားတော့ ၊ ပြီးရင် ကျုပ်တို့ နောက်တစ်နေရာသွားရဦးမယ် "

ကောင်းမင်သည် ဌာနမှ နောက်ထပ်မက်ဆေ့တစ်ခုကို လက်ခံရခဲ့သည်။ သူတို့သည် ဒုတိယမြောက်ရာဇဝတ်သား၏ တည်နေရာကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ သူတို့သည်လည်း မြို့တော် အရှေ့ပိုင်းတွင်ဖြစ်သည်။

စားသောက်ပြီးနောက် ချူးစီစီက ကားကို ကောင်းမင်နှင့်အတူ မြို့တော်အရှေ့ပိုင်း စိန့်လူးဝစ်အကယ်ဒမီသို့ မောင်းနှင်လိုက်သည်။ ထိုအကယ်ဒမီသည် အလွန်ထူးခြားသည်။ ထိုကျောင်းကို ဟန်ဟိုင်းပရဟိတအဖွဲ့မှ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ၎င်းတွင် ရွှေရောင်နေ့ရက်များ ရှိခဲ့သော်လည်း ယခုတွင် သင်ကြားရေးအရည်အသွေးမှာ ဆိုးလာနေခဲ့သည်။ ထို့နောက် ထိုကျောင်းသည် ဟန်ဟိုင်း၏ ပရမ်းအတာအဖြစ်ဆုံးပုဂ္ဂလိကကျောင်း ဖြစ်လာတော့သည်။

မြို့တော်အရှေ့ပိုင်းတွင် ဩဇာတိက္ကမကြီးမားသော လူများနှင့် ချမ်းသာသော လူကုံထံများ စုစည်းနေကြသည်။ သို့သော်လည်း ဆင်းရဲသားအများအပြားလည်း ရှိပေသည်။ သူတို့သည် ကျောင်းကောင်းကောင်းတစ်ခုအတွက် ကျူရှင်ကြေးမပေးနိုင်ကြပေ။ ထို့ကြောင့် သူတို့၏ ကလေးများကို စိန့်လူးဝစ်အကယ်ဒမီတွင် အပ်နှံခဲ့ကြသည်။

"မင်္ဂလာပါ ကျွန်မတို့က လီစန်းစုံစမ်းစစ်ဆေးရေးဌာနက စုံစမ်းရေးမှူးတွေပါ ၊ ကျွန်မတို့ ရှင့်ဆီက တစ်ခုခု သိချင်လို့ပါ "

ချူးစီစီက ကျောင်းပေါက်ဝရှိ ကျောင်းလုံခြုံရေးတဲလေးဆီ သွားလိုက်သည်။ သို့သော် လုံခြုံရေးလူအိုကြီးက သူမကို ကြားပုံမရပဲ သူ့မျက်စိသည် သတင်းစာပေါ်တွင်သာ ရောက်နေ၏။

ကောင်းမင်က ယွမ်၅၀၀ ထုတ်လိုက်ပြီး လုံခြုံရေးပြတင်းပေါက်ထဲ ထည့်လိုက်သည်။

"မနေ့က နေ့လယ်က လမ်းကြားထဲမှာ တတိယနှစ် နှစ်ကျကျောင်းသားတစ်ယောက် အရိုက်ခံခဲ့ရလား "

လုံခြုံရေးအစောင့်သည် ပိုက်ဆံကို ယူရန်ပြင်လိုက်သည်။ ကောင်းမင်က သူ့လက်ကို ဖမ်းဆွဲထားလိုက်သည်။

လုံခြုံရေးအစောင့်က ရုန်းလိုက်သော်လည်း မရုန်းနိုင်ပေ။

"မင်း ဘာလုပ်နေတာလဲ "

"မနေ့က စောင့်ကြည့်ရေးကင်မရာကို ဖွင့်လိုက်ပါ ၊ ပြီးရင် ကျုပ်ကို ဘာဖြစ်ခဲ့သလဲ ပြောပြပါ "

ကောင်းမင်က ခပ်မာမာပြောလိုက်သည်။

"ကလေးက အရမ်းအန္တရာယ်များတယ်နော် "

ကောင်းမင်၏ တိုက်တွန်းမှုကြောင့် နောက်ဆုံးတွင် လုံခြုံရေးအစောင့်က ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဗီဒီယိုမှာ တစ်စိတ်တစ်ပိုင်းအဖျက်ခံထားရလေသည်။

"ဗီဒီယိုက သက်သေအထောက်အထားကို ဖယ်ရှားဖို့ စိတ်အားထက်သန်နေ‌တာဆိုတော့ ခင်ဗျားက သတ္တိရှိသားပဲ "

ကောင်းမင်က လှောင်ပြောင်လိုက်သည်။

ဖြစ်ရပ်ဆိုးများကို ကြိမ်ဖန်များစွာ ရှောင်ရှားနိုင်ခဲ့သော်လည်း ကံဆိုးမှုအတန်းလိုက်ကြီးက သူတို့အား အစွန်းသို့ တွန်းပို့နေခဲ့သည်။ လုံခြုံရေးအစောင့်သည် ဗီဒီယို့ကို ဖျက်ပစ်ရန် အမိန့်ရခဲ့ခြင်း ဖြစ်နိုင်၏။ ကောင်းခြင်းနှင့်ဆိုးခြင်းကို နောက်ပိုင်းတွင် သူရွေးချယ်ရပေမည်။

လုံခြုံရေးအစောင့်သည် သူ့ကိုယ်သူ ဆိုးဝါးသည့်ကိစ္စတစ်ခု လုပ်ထားသည်ဟု မြင်ပုံမရချေ။ သို့သော် သူသည် အတိအကျပင် ချိန်းကြိုး၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ကောင်းမင်သည် ကျောင်းထဲ ဝင်လိုက်ပြီး တတိယနှစ်စာသင်ဆောင်ထဲသို့ လျှောက်ဝင်သွားလိုက်သည်။

"ကောင်းမင် ဒီလိုမျိုးတိုးဝင်သွားတာ ကျွန်မတို့အတွက် မကောင်းဘူးထင်တယ်နော် ဟုတ်တယ်မလား "

ချူးစီစီသည် နောက်ဆုံးတွင် ကပ္ပတိန်ချန်းက သူမအား ကောင်းမင်နောက်သို့ အဘယ်ကြောင့်လိုက်စေချင်မှန်း သဘောပေါက်သွားသည်။ တစ်ဦးတစ်ယောက်မှ ကြည့်မနေခဲ့လျှင် ထိုလူသည် ရူးသွပ်ဖွယ်တစ်ခုခုကို လုပ်ပေလိမ့်မည် ။

"အတန်းထဲမှာ မဟုတ်ဘူးပဲ "

ကောင်းမင်သည် စာသင်ခန်းပြတင်းပေါက်တိုင်းတွင် ရပ်၍ ကျောင်းသားများကို စိုက်ကြည့်နေ၏။ ဆရာ၊ ဆရာမများပင် သူ့ကြောင့် လန့်ဖျတ်သွားကြသည်။

"ကျွန်မတို့ ကျောင်းအုပ်ကြီးနဲ့ အရင်ဆက်သွယ်သင့်တယ် ထင်တယ်နော် "

ချူးစီးစီသည် ကောင်းမင်ကို ဆွဲ၍ အဝေးခေါ်သွားရန်ကြိုးစားလိုက်စဉ် အိမ်သာဘက်မှ ယောက်ျားလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

"ဒါကို မှတ်တမ်းတင်ထားကြဟေ့ ဝမ်ကျီက အတန်းချိန်မှာ မိန်းကလေးအိမ်သာထဲ ခိုးဝင်နေတာ သူက နှာဘူးကောင်ပဲကွ "

All Chapters