ဘဝ
Vol. 3 Ch. 33
"ဝမ်ကျီလား "
ထိုနာမည်ကို ကြားသောအခါ ကောင်းမင်က ချူးစီစီအား လွတ်ပေးရန် ပြောလိုက်သည်။ ကျောင်း ကော်ရစ်ဒါအဆုံးသို့ သူရောက်လာခဲ့သည်။ မိန်းကလေး သန့်စင်ခန်း တံခါးဝတွင် ကောင်လေး လေးယောက်မတ်တပ်ရပ်နေကြသည်။ အချို့မှာ ဆေးလိပ်သောက်နေကြပြီး အချို့မှာ သူတို့ယူနီဖောင်းအင်္ကျီကို ခါးတွင်ချည်ထားကြသည်။
တစ်ယောက်က မီးခြစ်ကို ကျွမ်းကျွမ်းကျင်ကျင်မြောက်ကစားနေ၏။
ကောင်းမင်က အသံမထွက်စေပဲ သူတို့ထံ တဖြည်းဖြည်း ချဉ်းကပ်လိုက်သည်။ ဆေးလိပ်သောက်နေသော ကျောင်းသားသည် ဗီဒီယို မှတ်တမ်းတင်ရန် သူ့ဖုန်းကို မြင့်မြင့်မြှောက်လိုက်သည်။
မိန်းကလေးသန့်စင်ခန်းထဲတွင် ရေများရွှဲရွှဲစိုနေသော ကောင်လေးတစ်ယောက်ရှိနေလေသည်။ ကောင်လေးသည် အနည်းထုံထိုင်းပုံရသည်။ သူသည် ထွက်သွားချင်နေသော်လည်း အခြားကောင်လေးများကြောင့် သန့်စင်ခန်းထဲ ပြန်တွန်းပို့ခြင်းခံနေရသည်။
"အသစ်ပြောင်းထားတဲ့ ဒီအရုပ်နဲ့ ကစားရတာ တော်တော်ပျော်ဖို့ကောင်းတာပဲ "
ဆေးလိပ်နှင့်ကျောင်းသားက ဖင်စီခံကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး လှောင်ပြောင်နေသော အုပ်စုကြားရှိ သာမန်ပုံစံဝတ်စားထားသော ကျောင်းသားကောင်လေးဘက်လှည့်လိုက်သည်။
"အားကျန်း ဒီည ကမ္ဘာကြီးကို ကြည့်ဖို့ သူ့ကို ၁၉လမ်းကို ပြန်ခေါ်လာခဲ့ရမလား "
အားကျန်းက ရယ်လိုက်သည်။
"မင်းတို့ သူ့ကို သေစေချင်လို့လား "
တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ဝမ်ကျီက တံခါးဆီထပ်ပြေးလိုက်သည်။ သူသည် ထိုကျောင်းသား၏ဖုန်းကို ထုနှက်ရန် အစွမ်းရှိသမျှ အသုံးပြုခဲ့သော်လည်း ထွက်ပြေးရန် နီးကပ်လာချိန်တွင် အခြားကျောင်းသားများက သူ့ကို နောက်ပြန်ဆွဲထားလိုက်သည်။
"မေယိုး ဒါက ငါ့ရဲ့ အသစ်စက်စက်ဖုန်းကွ "
ထိုကျောင်းသား ဝမ်ကျီပေါ်ကြမ်းပြင်ပေါ် ဖိချလိုက်သည်။
"ခွေးသား "
သူက ဝမ်ကျီ၏ ပါးစပ်ကို အုပ်ထားလိုက်သည်။ ဝမ်ကျီ၏ ခန္ဓာကိုယ်ပေါ်သို့ အခြားကျောင်းသားသုံးယောက်၏ ကန်ချက်များ ကျရောက်လာ၏။
ဖုန်းမှာ လွှင့်ပျံသွားသည်။ ဖုန်းနဲ့ကျောင်းသားသည် နံရံတွင် မှီလိုက်ရသည်။ ထိုနောက် သူသည် ကန်ချက်တစ်ချက်ကျွေးခံလိုက်ရကြောင်း နားလည်သွားသည်။ နာကျင်မှုမှာ သူ့ခါးနောက်မှ တလိပ်လိပ်တက်လာလေသည်။ သူသည် ထရပ်ရန်ကြိုးစားလိုက်သော်လည်း မထနိုင်ချေ။
"ကျောင်းဆိုတာ စာသင်ဖို့နေရာတစ်ခုပဲကွ ၊ မင်းတို့ဘာလို့ တိုက်ခိုက်နေကြတာလဲ "
ကောင်းမင်သည် ကျောင်းသားများရှေ့တွင် ရပ်လိုက်သည်။
အနိုင်ကျင့်မှုများက ရပ်တန့်သွားသည်။ ကောင်းမင်သည် သူတို့သူငယ်ချင်းကို မည်သို့လွင့်ပျံသွားအောင် လုပ်လိုက်ကြောင်း သူတို့မြင်ခဲ့ရသည်။ သူတို့သူငယ်ချင်းမှာ ခုထိမထနိုင်သေးပေ။
"အစ်ကိုကြီး ကျွန်မတို့က ကျောင်းမှာနော် "
ချူးစီစီသည်လည်း ထိတ်လန့်နေခဲ့သည်။ ကောင်းမင်က သရဲများအပေါ်ရက်စက်ကြမ်းတမ်းပါက အဆင်ပြေသေးသည်။ သို့သော် သူတို့သည် လက်တွေ့ကမ္ဘာတွင် ရှိနေခြင်းဖြစ်သည်။
"သူတို့က ကလေးကို အနိုင်ကျင့်နေကြတာလေ "
ကောင်းမင်က ကျောင်းသား၏ဖုန်းကို ကောက်ယူလိုက်သည်။ ကျောင်းသားက ဖုန်းကို ပြန်လုရန်ကြိုးစားလိုက်သော်လည်း ကောင်းမင်က ထပ်ကန်လိုက်သည်။
"ကျုပ်က သက်သေတွေကို စုနေရုံပဲ "
"ဟုတ်ပါပြီ ကျွန်မတို့အားလုံး စိတ်လျှော့သင့်တယ် "
ချူးစီစီသည် ဆိုးဝါးသောအရာများဖြစ်လာမည်ကို စိုးရိမ်နေလေသည်။
"ခင်ဗျားက ကျောင်းဝင်းထဲမှာ လူတွေကို ဘယ်လိုတောင် ရိုက်ရဲနေတာလဲ "
အားကျန်းက မတ်တပ်ရပ်လိုက်ပြီး ကောင်းမင်ကို စူးစိုက်ကြည့်လိုက်သည်။
သူက တည်ငြိမ်နေပေသည်။ ကြည့်ရသည်မှာ သူသည် ဩဇာရှိသောမိသားစုမှ ဖြစ်နိုင်၏။
"ငါက တစ်ယောက်ယောက်ကို ရိုက်ခဲ့လို့လား သူ့ဘာသာလဲကျသွားတာလေ ကင်မရာတွေ မရှိတဲ့နေရာကို ရွေးခဲ့တာ မင်းမဟုတ်လား "
ကောင်းမင်က အားကျန်းဆီလျှောက်သွားလိုက်သည်။ သူသည် အိမ်တွင် သုံးရက်ကြာပိတ်မိနေခဲ့ပြီးနောက် သူ့တည်ရှိမှုမှာ ပြောင်းလဲနေခဲ့ပြီဖြစ်သည်။
"ခင်ဗျားက ဝမ်ကျီရဲ့ မိသားစုကလား ဒါပေမယ့် သူက မိဘမဲ့လို့ ဆရာပြောခဲ့တာကို ကျုပ်မှတ်မိတယ် ၊ သူက အရေးပေါ်အခြေအနေကြောင့် ဒီကို ပို့ခံခဲ့ရတာ "
အားကျန်းက နောက်တစ်လှမ်းဆုတ်လိုက်သည်။
"ကျုပ်အမေက ဟန်ဟိုင်းပရိဟိတအဖွဲ့ရဲ့ ကော်မတီဝင်နော် ကျုပ်အဖေက..."
အားကျန်း ပြောမဆုံးသေးခင် ဒူးထောက်ပြီး မြေပေါ်လဲကျသွားသည်။
"ဖြစ်ရပ်ဆိုးတွေ လာနေတာတောင် မင်းတို့က တကယ်ကြီး မပူပန်ကြတာလား "
ကောင်းမင်က နောက်ဆုံးကျောင်းသားဆီသွားလိုက်သည်။ သူသည် ထွက်ပြေးချင်နေသော်လည်း ကောင်းမင်၏ ဖမ်းဆီးခြင်း ခံလိုက်ရသည်။
"ကောင်းမင် စိတ်လျှော့ပါဦး "
နောက်ဆုံးတွင် ချူးစီစီက ကောင်းမင်ကို ပြန်ထိန်းနိုင်ခဲ့သည်။ ကောင်းမင် အဘယ်ကြောင့် စိတ်လွှတ်သွားမှန်း သူမ မစဉ်းစားတတ်ချေ။
"ရှင် အဲ့လို ဆက်လုပ်နေရင် ကျွန်မတို့ အပြစ်ပေးခံရလိမ့်မယ် "
"အပြစ်ပေးခံရမှာလား "
ကောင်းမင်က နောက်ဆုံးကျောင်းသားကို ဘေးသို့ တွန်းလွှတ်လိုက်သည်။ ချူးစီစီဘက် သူပြန်လှည့်လိုက်သည်။
"စုံစမ်းရေးမှူးတွေက သူတို့ဘဝနဲ့ရင်းပြီး ဒီမြို့ကို ကာကွယ်နေကြတယ် ၊ ဒီလို အမှိုက်တွေကို ကာကွယ်ဖို့ ကျုပ်တို့ လုပ်ရမှာလား ၊ အပြစ်ပေးခံရဖို့ ကျုပ်တို့ လုပ်ရမှာလား "
ချူးစီစီက ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိချေ။
"မနေ့ညက အဆင့် ၂ မူမမှန်မှုတစ်ခုမှာ ကျုပ်တို့ အသက်ရှင်ခဲ့ပြီး ဖြစ်ရပ်ဆိုး မပြန့်ပွားအောင် ကာကွယ်ခဲ့တယ် ကျုပ်တို့က လူအများကြီးကို ကယ်တင်ခဲ့တယ် ဟုတ်သလား "
"ဟုတ်ပါတယ် "
"ဒါပေမယ့် ကျုပ်တို့အဖွဲ့က လူရှစ်ယောက် ဆုံးရှုံးခဲ့တယ် ၊ ဒါက ကြီးမားတဲ့ တန်ကြေးတစ်ခု မဟုတ်လား ၊ ကျုပ်တို့ နာကျင်မှုကို မခံစားရဘူးလား "
"ကျွန်မတို့ ဖြစ်ခဲ့ပါတယ် ဒါက ကြီးမားတဲ့ တန်ကြေးတစ်ခုပါပဲ "
"ဒါကြောင့် အနိုင်ကျင့်တာကို တားဆီးတဲ့အခါ လက်နည်းနည်းပါနိုင်တယ် ၊ အဲ့ဒါ ပြဿနာရှိလား "
"မရှိပါဘူး "
ချူးစီစီသည် ရုတ်တရက် ကောင်းမင်စကားကို သဘောတူမိသွားသည်။ ကောင်းမင်သည်လည်း လူသားတစ်ယောက်ဖြစ်သည်။ သူသည် များစွာသောနာကျင်မှုနှင့် ဖိအားများအောက်ကျရောက်နေရသည်။ အကယ်၍ ဌာနသည် သူ့အား ထိုသေးငယ်သောဖြစ်ရပ်မှ မကာကွယ်ပေးနိုင်ပါက ယင်းသည် အမှန်တကယ်အသုံးမကျခြင်းဖြစ်သည်။
ကောင်းမင်က ချူးစီစီ၏ ပုခုံးကို ပုတ်လိုက်သည်။ သူက သူမကိုကျော်၍ လူငယ်လေးဆီလျှောက်သွားလိုက်သည်။ သူသည် နှစ်သိမ့်စကားများ မပြောပဲ သူ့ဒဏ်ရာများကိုသာ မေးမြန်းလိုက်သည်။ သူက လက်ကို ဆန့်လိုက်သည်။
"အစ်ကို့နာမည်က ကောင်းမင်ပါ ဟန်ရှန်းအကြီးစားရာဇဝတ်သားတွေရှိတဲ့ အကျဉ်းထောင်က စိတ်ဆရာဝန်တစ်ယောက်ပါ အခုတော့ လီစန်း စုံစမ်းစစ်ဆေးရေးဌာနမှာ အလုပ်လုပ်တယ် ၊ တကယ်လို့ မင်းဟာ မင်းရဲ့ လက်ရှိဘဝကို စိတ်မကျေနပ်လို့ရှိရင် ဂုဏ်သိက္ခာကော လွတ်လပ်မှုကောပါရှိတဲ့ အလုပ်တစ်ခုကို အစ်ကို ထောက်ပံ့ပေးနိုင်တယ် "
ကောင်းမင်က စကားလုံးများကို စဉ်းစားပြီး ဂရုတစိုက်ပြောလိုက်သည်။ ဂိမ်းကို ဒီဇိုင်းဆွဲရာတွင် ကူညီပေးခဲ့သည့် ဝေတယိုနှင့်သူသာလျှင် ထိုကလေးသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိပေသည်။
ကောင်လေးမှာ ဆွံ့အစွာ ကြည့်နေ၏။ သို့သော် သူ့တွင် လှပသော မျက်လုံးများရှိသည်။ ထိုမျက်လုံးများသည် ကောင်းမင် လိုအပ်နေသောအရာဖြစ်သည်။
"မင်းရဲ့ မေးရိုးနဲ့အစွယ်တွေကို ထက်မြိလာအောင် အစ်ကို ကူညီပေးနိုင်တယ် ၊ ဒါကြောင့် မင်းကို ဘယ်သူမှ ထပ်အနိုင်ကျင့်နိုင်တော့မှာ မဟုတ်ဘူး ၊ မင်းက တခြားသူတွေကို အနိုင်ကျင့်ချင်ရင်တော့ အစ်ကိုမမြင်ချင်ယောင်ဆောင်လို့ရတယ် ၊ အစ်ကို့မှာ အကျင့်စာရိတ္တနဲ့ ပတ်သက်လို့ အမြင်မရှိဘူး ပြီးတော့ အစ်ကိုက ကိုယ့်လူတွေကို ဘက်လိုက်တတ်တယ် "
ဝမ်ကျီ၏ မျက်လုံးထဲတွင် ကောင်းမင်၏လက်သည် ကောင်းကင်မှ ငရဲသို့ ဆန့်ထွက်နေသော ကြိုးတစ်ချောင်းနှင့်တူ၏။ သို့သော် ယင်းသည် ချောက်နက်ထဲသို့ ဦးတည်နေသော လှေကားတစ်ခုလည်း ဖြစ်သည်။
သူက ကြည့်ရှုလိုက်ပြီး ကောင်းမင်၏ လက်ကိုဆုပ်ကိုင်ရန် သူ့လက်ကို ဖြည်းညင်းစွာမြောက်လိုက်သည်။ ကောင်းမင်သည် ကျောင်းကို အသိပေးရန် အချိန်ဖြုန်းမနေတော့ပဲ ဝမ်ကျီကို ခေါ်၍ ထွက်လာလိုက်သည်။
"ကောင်းမင် ကျွန်မတို့ သူ့ရဲ့ဆရာတွေကို ရှင်းမပြတော့ဘူးလား "
"ဒါဆိုလဲ ကျုပ်ကို ကူညီပါဦး တချို့အရာတွေအတွက် ဌာနက မေးခွန်းနဲနဲမေးလို့ ဝမ်ကျီကို ခေါ်သွားတယ်လို့ ပြောပေးပါ "
ကောင်းမင်သည် စွမ်းအားနှင့်ဩဇာအာဏာသည် ကောင်းကောင်း အသုံးဝင်ကြောင်း ရုတ်တရက်သဘောပေါက်သွားသည်။
ကျောင်းမှ ထွက်လာပြီးနောက် ကောင်းမင်က ဝမ်ကျီအတွက် စားစရာအများအပြားကို ဝယ်လိုက်သည်။ လည်စည်းကို ဆွဲချနေသော ဝမ်ကျီကို ကြည့်၍ သူပြုံးပြလိုက်သည်။
"ဖြေးဖြေးစားနော် နောက်ကျ မင်း ဗိုက်ဆာမှာကို ဘယ်တော့မှ ပူစရာမလိုတော့ဘူး "
ကောင်းမင်သည် မည်သည့်စကားအမှားမှ မပြောခဲ့ပေ။ သူသည် ဝမ်ကျီ၏ တန်ဖိုးကို သိပြီး သူရေးသားခဲ့သော ကံဆိုးမှုများကို ပြုပြင်ချင်နေလေသည်။
သူပထမဆုံး ညအလင်းရောင်နှင့် ပူးပေါင်းခဲ့စဉ်က ရာဇဝတ်သား မွေးဖွားခြင်းဟူသော ရာဇဝတ်မှုဂိမ်းတစ်ခုကို ဖန်တီးခဲ့သည်။
အဓိကဇာတ်ကောင်သည် ဦးနှောက်ချို့ယွင်းနေပြီး စွန့်ပစ်ခံခဲ့ရသော ကလေးတစ်ယောက်ဖြစ်သည်။ ကစားသမားများ၏ လမ်းညွှန်မှုဖြင့် သူသည် မြို့တော်၏ အကောင်းဆုံး စုံထောက်တစ်ယောက်ဖြစ်လာခဲ့သည်။ သို့သော် ထိုအချိန်တွင် အဓိကဇာတ်ကောင်သည် သူ၏အိမ်ပတ်ဝန်းကျင်တွင် လူသေအလောင်းများနှင့်သွေးများစွာကို မြင်ခဲ့ရသည်။ ထိုအရာများသည် အတုအယောင်များဖြစ်သော်လည်း အလွန်အစစ်အမှန်ဆန်လေသည်။
သူသည် သူ့ကိုယ်သူ ကုသရန် အရာအားလုံးကြိုးစားခဲ့သော်လည်း ကုသဖို့ ပိုကြိုးစားလေ ပိုကြောက်စရာကောင်းသည့် အရာများ ဖြစ်လာလေလေဖြစ်သည်။ အဆုံးသတ်တွင် သူလဲကျသွားပြီး နောက်ဆုံးတွင် အမှန်တရားဆီသို့ သူ့မျက်လုံးများကို ဖွင့်ကြည့်မိလိုက်သည်။
ဝမ်ကျီသည် ဟန်ဟိုင်း၏သမိုင်းတွင် အန္တရာယ်အများဆုံး စူပါရာဇဝတ်သားတစ်ဦးဖြစ်သည်။ သူ့ငယ်ဘဝတွင် ကံဆိုးမှုအားလုံးကြုံတွေ့ခဲ့ရသည်။ သူ့အား လူသတ်သမားတစ်ယောက်က မွေးစားခဲ့ပြီး ကြောက်စရာကောင်းသည့် အရာများစွာကို ကြုံတွေ့ခဲ့ရသည်။
ထိုအရာက သူ့အား အလွန်ခံနိုင်ရည်ရှိသည့် စိတ်ဓာတ်ကို လေ့ကျင့်ပေးခဲ့သည်။ လူသတ်သမား၏ ပျိုးထောင်မှုအောက်တွင် ဝမ်ကျီသည် ဟန်ဟိုင်းတွင် အန္တရယ်အရှိဆုံး လူသတ်သမားတစ်ယောက်ဖြစ်လာခဲ့သည်။
တိုးတက်လာသည့် နည်းပညာများကြောင့် နောက်ဆုံးတွင် ဝမ်ကျီအား ဖမ်းဆီးရမိခဲ့သည်။ သူသည် ဓာတ်ခွဲခန်းကြွက်တစ်ကောင်အဖြစ်ပြောင်းလဲ ခံခဲ့ရလေသည်။
ကစားသမားများက ဖြစ်စဉ်တစ်ခုလုံးကို ထိန်းချုပ်ခဲ့ကြခြင်းဖြစ်သည်။ ဝမ်ကျီသည် လူသတ်သမားနှင့်မကြုံတွေ့ခဲ့ရပါက သူသည် သူ့ဘဝကို ပြန်လည်ရေးသားနိုင်ပါမည်လား ဟူသည်အား လူအများမြင်နိုင်စေရန် ပြသထားသည့် ဦးနှောက်ဆင့်ကဲဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။
ဓာတ်ခွဲခန်းရလာဒ်အရ ဝမ်ကျီ၏ ဘဝသည် အလွန်ကွာခြားသွားနိုင်ကြောင်း သက်သေပြခဲ့သည်။
သို့သော်လည်း ထိုအချိန်တွင် သူသည် ဖန်ပေါင်းချောင်တစ်ခုထဲမှ ဦးနှောက်တစ်ခုသာ ဖြစ်နေခဲ့ပြီဖြစ်သည်။