စားသုံးခြင်း
Vol. 3 Ch. 35
လီစန်းဌာနသို့ ပြောင်းရွှေ့လာကတည်းက မာလျန်းလိုမျိုး သူ့အား ယင်းကဲ့သို့ စကားပြောဝံ့သည့်သူကို ကောင်းမင်ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ မာလျန်းက လည်သာလက်အိတ်ကို ချွတ်လိုက်ပြီး ကောင်းမင်ထံလျှောက်သွားလိုက်သည်။ ကောင်းမင်က စကားမပြောခဲ့ချေ။
သူက ချူးစီစီဘေးတွင် ထောင်ထားသော ပုဆိန်ကို ကောက်ယူလိုက်သည်။ မာလျန်းမှာ နူတ်ခမ်းတွန့်သွားသည်။ ကောင်းမင်သည် သူ့အား ထိခိုက်စေမည်ဟု သူမယုံကြည်ပေ။ သို့သော်လည်း သူ့ခြေလှမ်းများက နှေးကွေးနေဆဲဖြစ်သည်။
"မာကြီး အဲ့ဒါကို ကြည့်ဦး "
ချန်းပင်းက မာလျန်းကို တားလိုက်သည်။ ထိုအခိုက်အတန့်တွင် မာလျန်းသည် ထူးထူးဆန်းဆန်း စိတ်သက်သာရသွားလေသည်။
"ကျုပ်ကို မတားနဲ့ "
မာလျန်းက ကောင်းမင်ကို လက်ညိုးထိုးလိုက်သည်။
"နောင်ကျရင် မင်းလိုလူသစ်တွေကို ငါ သင်ခန်းစာနဲနဲပေးရလိမ့်မယ် "
ထို့နောက် သူလှည့်ထွက်သွား၏။ ချန်းပင်းသည် ချန်းယန်ထျန်း၏ သမီးဖြစ်သည်။ သူမအဖေသည် ကောင်းမင်းအား မည်မျှတန်ဖိုးထားကြောင်း သူမသိပေသည်။ ထို့ကြောင့် သူမ ဘာမှ ဝင်မပြောခဲ့ခြင်းဖြစ်သည်။
"အဖွဲ့တစ်မှာ ကင်းလှည့်ဖို့ လူနည်းနည်းပဲရှိတယ် ဒီအချိန်ကိုသုံးပြီး အနားယူကြပါ ပြီးရင် ညသန်းခေါင်မှာ စထွက်မယ် "
လူအားလုံးထွက်သွားပြီးနောက် ချူးစီစီက သူမ၏ပုဆိန်ကို ပြန်ဆွဲယူလိုက်ပြီး အဝေးတွင် ထားလိုက်သည်။
"အစ်ကိုကြီးရယ် ဒါကြီး မလိုပါဘူး ကျွန်မတို့ အပြောအဆိုခံရရင်တောင် ဘာမှ မဖြစ်ဘူးလေ "
"ကျုပ်ဘာမှ မလုပ်ခဲ့ပါဘူး ၊ ကျုပ်က ခင်ဗျားရဲ့ ပုဆိန်ကို ချီးကျူးချင်လို့ပါ "
ကောင်းမင်သည် နားနေခန်းတံခါးကို ဖွင့်၍ ဝမ်ကျီအတွက် အိပ်ရာပြင်ပေးလိုက်သည်။
"ရှောင်ကျီ ဒီည ဒီမှာပဲ အိပ်လိုက်နော် ၊ တစ်ခုခု လိုတာရှိရင် အစ်ကို့ကိုပြော ၊ ဒါက အစ်ကို့ ဖုန်းနံပါတ်ပဲ "
ဖုန်းနံပါတ်ပေးပြီးနောက် ကောင်းမင်က ထွက်လာခဲ့သည်။ သူက ခုံများကိုပူး၍ ယာယီကုတင်တစ်ခု ပြုလုပ်လိုက်ပြီး အနားယူလိုက်သည်။
"ရှင်က တစ်ခုခုဆိုတာတော့ သေချာတယ် "
ချူးစီစီသည် လျင်မြန်စွာအိပ်ပျော်သွားသော ကောင်းမင်ကို မြင်လိုက်သည်။ ထို့နောက် အကူညီမဲ့စွာ ပြုံးလိုက်မိသည်။ သူမသည် ကောင်းမင်ကို မည်သို့ အကဲဖြတ်ရမည်မှန်းမသိချေ။
သူသည် တစ်ကိုယ်ကောင်းဆန်သည့် လူတစ်ယောက်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် လူတိုင်းကို ကယ်တင်ရန် အမြဲတမ်း ရှေ့သို့သာ အပြေးအလွှားသွားနေသောကြောင့်ဖြစ်သည်။ သူ ကောင်လေးကို စောင်ရှောက်သောလမ်းမှ နဲနဲလေးမှ မနီးစပ်ပါချေ။ သူသည် ဂရုမစိုက်တတ်သောသူလည်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ရုံးခန်းတွင် ကုတင်နှစ်လုံးသာ ရှိသောကြောင့်ဖြစ်သည်။
သူသည် ကုတင်တစ်လုံးကို ဝမ်ကျီထံပေးလိုက်ပြီး သူ့ကိုယ်ပိုင်ကုတင်အတွက် ထိုင်ခုံများကိုသာ တိတ်တဆိတ်ယူသွားခဲ့သည်။ သူသည် ကြမ်းတမ်းသည့်နေ့ရက်တစ်ရက်ကြုံခဲ့ရသော ချူးစီစီအတွက် အခြားကုတင်တစ်လုံးကို ထားရစ်ခဲ့လေသည်။
"သူ့မှာ အပြစ်ပြောစရာတွေ ရှိပေမယ့် သူက လူကောင်းတစ်ယောက်ပါပဲ "
ချူးစီစီက နိူးစက်ပေးထားလိုက်ပြီး ကုတင်ပေါ်တွင် အိပ်စက်လိုက်သည်။
ည ၁၁နာရီ၌
ကောင်းမင် မျက်လုံးဖွင့်လိုက်သည်။ ဂျာကင်အင်္ကျီကို ဝတ်ဆင်လိုက်ပြီး ဌာနမှ ထွက်လာခဲ့သည်။ ဆိုင်ကယ်ပေါ်တက်လိုက်ပြီး မင်လောင်လမ်း အဆောက်အဦး ၄ သို့တစ်ယောက်တည်း မောင်းနှင်လာ၏။ ပုံမှန်အားဖြင့် လူအင်အား အနည်းငယ်ဖြင့် ကင်းလှည့်ရမည်ဖြစ်သော် ကောင်းမင်သည် သူလုပ်နိုင်မည်ဟု ယုံကြည်နေ၏။
အဆောက်အအုံထဲ သူဝင်လိုက်သည်။ ရိုက်ချိုးခံထားရသော ကုလားထိုင်တစ်လုံးကိုလည်း ရှာတွေ့လိုက်သည်။ သူသည် လူသေဓာတ်ပုံများ အပြည့်ထည့်ထားသော အိတ်ကို သယ်လာခဲ့ပြီး လေးလွှာ၏ အလယ်တည့်တည့်တွင် ထိုင်ချလိုက်သည်။
"သရဲခြောက်တဲ့ အဆောက်အဦး ၊ လူသေဓာတ်ပုံတွေနဲ့ ငါ ၊ အခုငါ့မှာ ပစ္စည်း သုံးမျိုးရှိနေပြီ ၊ အခု ငါလုပ်ဖို့ လိုတာက သူမသေခင်ပုံစံကို အတုခိုးဖို့ပဲ "
"အခန်း ၄၀၅က ကောင်လေးက အသက်ရှင်နေသေးတဲ့ပုံပဲ ဒါပေမယ့် သူ့အခြေအနေက သရဲတစ်ကောင်နဲ့ မကွာခြားတော့ဘူး "
ကောင်းမင်သည် ကောင်လေးနေရာတွင် ဝင်ခံစားလိုက်ပြီး သူနှင့်အတူ နာကျင်မှုများ ၊ ကြောက်ရွံ့မှုများ ကြီးထွားလာရန် ခွင့်ပြုလိုက်သည်။ ကောင်းမင်သည် စကားများရန်ဖြစ်နေသော အသံများကို စတင်ကြားလာရသည်။ ပန်းကန်များ ကွဲကြေသွားသောအခါ ဟင်းရည်များသည် တံခါးအဟကြားမှတဆင့် အိပ်ခန်းထဲသို့ စိမ့်ဝင်သွား၏။
ရုတ်တရက် ဗီရိုတံခါးများ ဆောင့်ပိတ်သွားသည်။ ကောင်းမင်၏ မျက်လုံးများပွင့်လာ၏။ အရိပ်များ ထွက်ပေါ်မနေသော်လည်း သူသည် မူမမှန်ဖြစ်ရပ်ထဲတွင် ရောက်ရှိနေပြီဖြစ်သည်။ သူက အခန်း ၄၀၅တံခါးကို တွန်းဖွင့်လိုက်သည်။ ကောင်လေး၏ အိပ်ခန်းထဲ သူဝင်လိုက်၏။
"အသံတွေက ဒီနေရာက လာတာပဲ "
ကောင်းမင်သည် ဗီရိုတံခါးကို ဖွင့်လိုက်ရာ ရုပ်ဆိုးဆိုးအရုပ်ကို မြင်လိုက်ရသည်။
"ဒီအရုပ်ကို ဌာနကို ပို့လိုက်ပြီလေ ဘာလို့ ဒီမှာ ရှိနေရတာလဲ "
ကောင်းမင်က အရုပ်ကို ပြန်ယူလိုက်သည်။ စားကြွင်းစားကျန်များက ကြမ်းပြင်ပေါ်ပြန့်ကျဲနေ၏။ ဗီရိုထဲကို သူကြည့်လိုက်သည်။ ဗီရိုနောက်ကျောတွင် တစ်ယောက်ယောက်က ရောင်စုံခဲတံဖြင့် ရေးခြစ်ထားလေသည်။ ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး ထွက်သွား။
"ဒါက ခြိမ်းခြောက်တာလား "
ကောင်းမင်က ကောင်လေးသည် သရဲတစ်ကောင်မဟုတ်ဘူး ယုံကြည်၏။ သူသည် ဆိုးဝါးလှသော လက်ရေးရှိသည့် သရဲတစ်ကောင်ကို ဒီဇိုင်းမဆွဲခဲ့ဘူးပေ။
ကောင်းမင်သည် ရောင်စုံခဲတံကို ကောက်ကိုင်လိုက်ပြီး ခဏစဉ်းစားလိုက်သည်။ ထို့နောက် နေရာအလွတ်တွင် သူက စာပြန်ရေးလိုက်သည်။ မင်လောင်လမ်းက ငါ့နယ်မြေပဲ။ မင်းစားချင်တဲ့ ဘာမုန့်ဖြစ်ဖြစ် လိုချင်တယ်ဆိုရင် ဗီရိုထဲမှာ ငါထည့်ပေးထားလို့ရတယ် ၊ အရုပ်တွေ ၊ ဂိမ်းတွေ စာအုပ်တွေရောပဲ ။ မင်းငါ့ကို ဘာမဆိုပြောလို့ရတယ် ။
နောက်ဆုံးကောင်းမင်က ပိုကောင်းကောင်းရေးနိုင်ရန် ဗီရိုထဲ တွားသွားဝင်လိုက်သည်။
မင်းအထီးကျန်တယ်လို့ ခံစားရရင် ငါမင်းနဲ့ကစားပေးမယ်။ အရိပ်ထဲမှာ ပိတ်မိနေတဲ့ လူကြီးတွေကို ဒုက္ခမပေးဖို့ မျှော်လင့်ပါတယ် ...။
ဗီရိုသည် ကျိန်စာသင့်နေပုံရသည်။ ကောင်းမင်သည် ရောင်စုံခဲတံကို ချလိုက်ပြီး သူ့ဘယ်လက်ကို ခါလိုက်သည်။ သူ့လက်ရေးမှ သူ့ကို မမှတ်မိစေရန် ဘယ်လက်ဖြင့်စာရေးနေခြင်းဖြစ်သည်။ အရုပ်ကို သူပြန်ထားလိုက်သည်။ ထိုနောက် ကောင်းမင်က စောင့်ဆိုင်းခြင်းဂိမ်းကို စတင်လိုက်သည်။
နံနက် နှစ်နာရီခန့်တွင် ကောင်းမင်၏ အနက်ရောင်ဆက်သွယ်ရေးစက်မှာ တုန်ခါလာ၏။ အနီရောင်နှင့်အဝါရောင် အချက်ပြမီးတို့သည် တစ်လှည့်စီ လင်းလက်နေလေသည်။
"ငါက မူမမှန်ဖြစ်ရပ်ထဲမှာ ရှိနေတုန်းမလား ၊ ဘာကြောင့် အလင်းရောင်နှစ်ခုက ရှုပ်နေရတာလဲ "
ကောင်းမင်က မျက်မှောင်ကြုံ့လိုက်သည်။ သူက ချက်ချင်းထွက်လိုက်ပြီး ဌာနသို့ စုံစမ်းရန် ပြေးလိုက်သည်။ သူအိပ်ခန်းထဲမှ ထွက်လာသောအခါ ရုပ်ဆိုးဆိုးအရုပ်သည် ရောင်စုံခဲတံကို ကိုင်ထားခဲ့သည်။ ဖော်ပြရလျှင် စာအုပ်ဟု ရေးထားသော နေရာအား အမှတ်ခြစ်ထားခြင်းဖြစ်သည်။
ကောင်းမင်သည် သူ၏အမြန်ဆုံးနူန်းဖြင့် ဌာနသို့ ပြေးလွှားလိုက်သည်။ အခြားအဖွဲ့ဝင်များသည်လည်းသတိပေးချင် အမြင့်ဆုံး ရထားကြသည်။
မကြာမီတွင် ဌာန၏ပရိုဂျက်တာတွင် ချန်းယန်ထျန်းပေါ်လာ၏။ သူ့အမူအရာမှာ အလွန်တင်းမာနေလေသည်။
"ကပ္ပတိန် လူတိုင်းရောက်နေပါပြီ "
မာလျန်းက အရှေ့ကို ကိုင်း၍ မတ်တပ်ရပ်နေ၏။ သူ့လေသံသည် အလွန်ပျော့ပျောင်းနေလေသည်။
"ကျုပ်တို့ သတင်းတွေရထားတယ် ၊ မြို့တော်အရှေ့ပိုင်းကို ပို့ထားတဲ့ အဖွဲ့တစ်က စုံစမ်းရေးမှူးတွေအားလုံး ပျောက်ဆုံးသွားကြတယ် "
လူတိုင်း အထိတ်တလန့်ဖြစ်သွားကြသည်။ ပိုင်ရှောင်သည် လီစန်းဌာန၏ ကြယ်တစ်ပွင့်ဖြစ်သည်။ သူ့တွင် စူပါလူသားဗီဇရှိပြီး အဆင့်၃ မူမမှန်ဖြစ်တွင် လေးကြိမ်အထိ ရှင်သန်နိုင်ခဲ့သူဖြစ်သည်။ အဖွဲ့တစ်သည် လီစန်းဌာန၏ အကောင်းဆုံးလက်ရွေးစင်အသင်းဖြစ်သည်။ သို့သော်လည်း အဖွဲ့တွင် လူနှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ တစ်ယောက်သည် ယခုမှ ဝင်လာခြင်းဖြစ်ပြီး နောက်တစ်ယောက်မှာ ဆက်သွယ်ရေးစက်ပင် မရသေးချေ။
"ကပ္ပတိန် ဒီမူမမှန်ဖြစ်ရပ်က ဘာတွေဖြစ်နေတာလဲ "
မာလျန်းမှာ ထိတ်လန့်နေခဲ့သည်။
"ကျုပ် အခု မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနက တည်ထောင်ထားတဲ့ အထူးဆေးရုံကို အမြန်သွားနေရတယ် ၊ အဲ့ဒီမူမမှန်ဖြစ်ရပ် စတင်ခဲ့ချိန်ကစပြီး စုံစမ်းရေးမှူးနှစ်ယောက်ပဲ လွတ်မြောက်နိုင်ခဲ့တယ် ၊ သူတို့ထဲက တစ်ယောက်က ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရပြီး နောက်တစ်ယောက်က နိုးရုံပဲ နိုးလာခဲ့တယ် ဒါပေမယ့် သူဟာ စကားပြောဖို့ အရမ်းကြောက်နေတယ်လို့ ဆရာဝန်က ပြောခဲ့တယ် "
ချန်းယန်ထျန်း၏ အကြည့်သည် ကောင်းမင်ဆီသို့ ရောက်လာ၏။
"ကျုပ် အာရုဏ်မတက်ခင် ပြန်လာခဲ့မယ် ၊ ပုံမှန်ပဲ အလုပ်လုပ်နေပါ ၊ အဖွဲ့တစ်ကို တာဝန်ပေးအပ်ထားတဲ့ မစ်ရှင်တွေကို အခြားအဖွဲ့တွေက ယာယီတာဝန်ယူလိမ့်မယ် "
ပရိုဂျက်တာမှာ ပိတ်ကျသွားသည်။ ဌာနသည် လွန်စွာတိတ်ဆိတ်နေပြီး အသက်ရှူသံများကိုပင် ကြားနေရသည်။
"လူတွေ ဘယ်လောက်များများကိုများ ဒီမူမမှန်ဖြစ်ရပ်ကြီးက စားသုံးပြီးပြီလဲ ၊ ချင်ထျန်း ပိုင်ရှောင်နဲ့ တခြားလက်ရွေးစင်တွေ ..."
ကောင်းမင်သည် ထိုအကြောင်းကို တွေးလေလေ ပိုစိတ်မသက်မသာ ခံစားရလေလေဖြစ်သည်။
"ခြောက်ခြားဇာတ်လမ်းတွေက ပိုကြောက်ဖို့ကောင်းလေ လက်တွေ့ဘဝထဲ စိမ့်ဝင်ဖို့ ပိုနှေးကွေးလေပဲ ၊ ငါတောင် စိတ်ခံစားချက်တွေကို ကျွေးမွေးပြီး ဖြစ်စဉ်ကို အရှိန်မြင့်နိုင်တယ် ၊ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ မူမမှန်မှုကို စုံစမ်းရေးမှူးတွေရဲ့ အသက်နဲ့ အစာကျွေးနေတာလား "
ကောင်းမင်၏ ကျောရိုးတွင် အေးစိမ့်မှုတစ်ခု ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရသည်။
"မဖြစ်ဘူး ၊ ငါတို့ ဒီမူမမှန်ဖြစ်ရပ်ကြီးကို ကြီးထွားအောင် ခွင့်ပြုထားလို့မဖြစ်ဘူး ၊ မနက်ဖြန်ညကျ ငါတို့ လုပ်ကို လုပ်ရမယ် "
ကောင်းမင်က ယန်ဟွာကို ဖုန်းခေါ်လိုက်သည်။ မနက်ဖြန်မနက်တွင် လီစန်းဌာနသို့ ယန်ဟွာရောက်လာရန် သူမျှော်လင့်ထားသည်။ ယန်ဟွာသည် အာရုဏ်မတက်မီ ဌာနရှေ့တွင် ကိုယ်ထင်ပြလာ၏။
သူ၏ ကြီးမားလှသော ကိုယ်ခန္ဓာနှင့် သရဲတက်တူးများက လူတိုင်း၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်သွားသည်။
"မင်း ဘာလို့အစောကြီး ရောက်လာတာလဲ ၊ ညက လက်ဝှေ့ပွဲ မရှိဘူးလား "
ကောင်းမင်သည် ယန်ဟွာအား အဖွဲ့တစ်ရုံးခန်းသို့ ခေါ်သွားလိုက်သည်။
"ကျုပ်ဆီက ဘာလိုချင်လို့လဲ "
ယန်ဟွာ၏အဖြေမှာ တိုက်ရိုက်ဆန်၏။
"အဖြစ်အပျက်တွေက ပြောင်းလဲကုန်ပြီ ၊ မနက်ဖြန်ညကျ ငါတို့ မူမမှန်ဖြစ်ရပ်ထဲ ဝင်ဖို့လိုတယ် "
ကောင်းမင်သည် ဟန်ဟိုင်းတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ရှင်းပြလိုက်သည်။
"ခင်ဗျားကျုပ်ကို လိမ်ခဲ့ရင် ခင်ဗျားကို အရင်ဆုံးသတ်ပစ်မယ် "
ယန်ဟွာသည် ကောင်းမင်ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ သူသည် သူ့အင်္ကျီလက်အိုးထဲမှ ငွေတံဆိပ်ကို ထုတ်လိုက်ပြီး စားပွဲပေါ် တွန်းတင်လိုက်သည်။
"မြေအောက်ကြိုးဝိုင်းထဲမှာ ကျုပ်ရဲ့နံပါတ်က ၁၇ပဲ ၊ အပြင်ရောက်ရင် ကျုပ်ကို ၁၇လို့ပဲ ခေါ်ပါ "
"ကောင်းပြီ ၁၇"
ကောင်းမင်သည် စစ်ဆင်ရေးအတွက် ပြင်ဆင်နေစဉ် ဌာနသို့ ချန်းယန်ထျန်းပြန်ရောက်လာ၏။ သူက အလုပ်များကို အခြားအဖွဲ့များထံ တာဝန်ပေးလိုက်သည်။ ထို့နောက် အဖွဲ့တစ်၏ ရုံးခန်းဘက်သို့ သူလျှောက်လာခဲ့သည်။
ထိုမြင့်မားလှသည့် လူပျောက်နူန်းကြောင့် သူသာ ကောင်းမင်ဖြစ်ပါက ထွက်သွားရန် ရွေးချယ်မည်ဖြစ်သည်။ ချန်းယန်ထျန်းသည် ထိုအကြောင်းကို တွေးရင်း ခေါင်းကိုက်လာလေသည်။
ချန်းယန်ထျန်းက ရုံးခန်းထဲဝင်လာခဲ့သည်။ သူက ထွက်သွားရန် ပြင်ဆင်နေသော ကောင်းမင်ကို မြင်လိုက်ရသည်။ သူ နောက်ထပ် မြင်လိုက်ရသည်မှာ အရပ် နှစ်မီတာရှည်သော ယန်ဟွာကိုပင်ဖြစ်သည်။
"သူက ဘယ်သူတုန်းဟ "