← Chapters

ကိုးကွယ်မှု

Vol. 3 Ch. 36

ကိုးကွယ်မှု

Vol. 3 Ch. 36

"သူက ကျွန်တော့် မိတ်ဆွေပါ "

ကောင်းမင်က ယန်ဟွာရှေ့သို့ လျှောက်လာခဲ့သည်။ သူ့မှာ ပင်ပန်းနေ၏။

"ကပ္ပတိန် အဖွဲ့တစ်ရဲ့ အခြေအနေကို ခင်ဗျားလဲ မြင်ပါတယ် ၊ ကျွန်တော်တို့မှာ အဖွဲ့ဝင်အသစ်တစ်ယောက်ပဲ ရှိတယ် ၊ပြီးတော့ အဓိကအဖွဲ့ဝင်တွေအားလုံးလည်း ပျောက်ဆုံးနေကြတယ် "

ချန်းယန်ထျန်းက ခေါင်းငြိမ့်လိုက်သည်။ သူသည် ကောင်းမင်မှာ ဌာနမှ ထွက်သွားရန်ပြင်ဆင်နေသည်ဟု ခံစားရသည်။ နောက်ဆုံးတော့လဲ ဘယ်သူမှ ဖိအားဒဏ်ကို မခံနိုင်ကြပါလား ။

"ထောက်ပံ့ရေးအဖွဲ့ဝင်တွေက လာပြောကြတယ် ၊ ကျွန်တော်တို့ အဖွဲ့တစ်ကို လာပူးပေါင်းဖို့ ဘယ်သူမှ စိတ်မပါကြဘူးတဲ့ ၊ ကျွန်တော့်တို့ အဖွဲ့ကို ဝင်ချင်တဲ့ အဖွဲ့ဝင်နှစ်ယောက်ကို အခြားအဖွဲ့တွေက ခိုးသွားကြတယ် "

ကောင်းမင်က အရေးမစိုက်ပဲ ပြောလိုက်သည်။

"နောက်တစ်နည်းပြောရရင် အဖွဲ့တစ်မှာ ကျွန်တော်နဲ့ ချူးစီစီပဲ ကျန်တော့တယ် "

"ဒီလိုတွေဖြစ်လာဖို့ ငါမမျှော်လင့်မိခဲ့ဘူးကွာ ၊ ငါမင်းရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပါတယ် ၊ ဒါပေမယ့် မင်းဆုံးဖြတ်ပြီးပြီလို့ ငါထင်ပါတယ် "

ချန်းယန်ထျန်းသည် ကောင်းမင်ကို ဆက်နေစေချင်သည်။ ပိုင်ရှောင် ပျောက်သွားပြီးနောက် ကောင်းမင်မှာ တန်ဖိုးအရှိဆုံးအဖွဲ့ဝင်ဖြစ်နေ၏။

"ကျွန်တော် အများကြီး စဉ်းစားခဲ့ပြီးပြီ "

ကောင်းမင်က မာန်ပါပါပြောလိုက်သည်။

"ကျွန်တော်တို့ အနားမှာရှိနေခဲ့တဲ့လူတွေဟာ မူမမှန်ဖြစ်ရပ်တွေကြောင့် ပျောက်ဆုံးနေကြတယ် ၊ ဒါပေမယ့် တစ်ယောက်မှ အကြောက်တရားကို ထုတ်မပြခဲ့ကြဘူး ၊ ဒါက လီစန်းဌာနက အကြီးမားဆုံးစိန်ခေါ်မှုကို ရင်ဆိုင်ရမယ့်အချိန်ပဲ ၊ ကျွန်တော် ဒီကြီးလေးလှတဲ့ ဝန်ထုပ်ဝန်ပိုးကို ကျေကျေနပ်နပ် တာဝန်ယူပါ့မယ် "

ချန်းယန်ထျန်း၏ မှောင်မဲနေသော မျက်ဝန်းများက တောက်ပသွားသည်။ သူက ကောင်းမင်ပုခုံးကို အားရပါးရပုတ်လိုက်လေသည်။

"ကောင်လေး မင်းက အထူးခြားဆုံးပဲကွ "

"ဘယ်သူမှ အဖွဲ့တစ်ကို ဝင်ဖို့ စိတ်မပါကြဘူး ၊ ဒါကြောင့် ကျွန်တော် ကိုယ်ပိုင်အဖွဲ့ဝင်တွေ ဖိတ်ခေါ်ချင်တယ် ၊ ဒီနည်းလမ်းကပဲ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ယုံကြည်ကြလိမ့်မယ် "

ကောင်းမင်က ဝမ်ကျီကို ခေါ်လိုက်သည်။

"ကပ္ပတိန် စိတ်မပူပါနဲ့ ၊ ကျွန်တော်တို့က ဌာနကို ကျ‌ဆုံးအောင် မလုပ်ပါဘူး "

"ဒါက ကောင်းတဲ့အရာပါပဲ ဒါပေမယ့် ..."

ချန်းယန်ထျန်း၏ အကြည့်သည် ယန်ဟွာနှင့်ဝမ်ကျီထံ ရွေ့သွားသည်။ သူတို့နှစ်ယောက်လဲ ထူးခြားတာပဲ။

"မူမမှန်မှုတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို စစ်ဆေးရုံပဲမဟုတ်ဘူး ၊ လူသားဆန်မှုနဲ့ ကံကောင်းဖို့လဲ လိုတယ် ၊ ကျွန်နော်က ဟန်ရှန်းအကျဉ်းထောင်ရဲ့ စိတ်ဆရာဝန်တစ်ယောက်ဖြစ်ဖူးတယ် ၊ လူ့ သဘော သဘာဝအကြောင်းကို ကျွန်တော် ကောင်းကောင်းသိပါတယ် ၊ သူတို့က အဆင်ပြေပါတယ် "

ကောင်းမင်က သူ့ကို ကတိပေးလိုက်သည်။

"ဘာပဲဖြစ်လာဖြစ်လာ ကျွန်တော် အပြည့်အဝ တာဝန်ယူပါ့မယ် "

"သာမန်စုံစမ်းရေးမှူးအတွက် ကန့်သတ်ချက်က အရမ်းနိမ့်တယ် ၊ သူတို့က အောင်တယ်ဆိုရုံပဲ အောင်ကြတာ ၊ ဒါပေမယ့် သူတို့ ရင်ဆိုင်ရမယ့် အန္တရာယ်တွေ အများကြီးရှိတယ်ဆိုတာ မင်းပြောပြမှ ရမယ် "

"နားလည်ပါတယ် ၊ ကျွန်တော် သူတို့ကို အကောင်းဆုံး စုံစမ်းရေးမှူးတွေ ဖြစ်အောင် ပြောင်းလဲပေးမယ် "

ကောင်းမင်က ထပ်ဆောင်းပြောလိုက်သည်။

"ခေါင်းဆောင်အသစ် ရောက်မလာခင် ကျွန်တော် အဖွဲ့တစ်ကို ယာယီတာဝန်ယူမယ် "

ချန်းယန်ထျန်းက စဉ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ သူ့မှာ ငြင်းပယ်ရန် အကြောင်းပြချက်မတွေ့ပေ။

"ဟုတ်ပြီ ၊ မင်းက အဖွဲ့တစ်ကို ယာယီတာဝန်ယူပြီး မင်းနည်းလမ်းတွေပဲ လေ့ကျင့်ပေးလိုက်ပါ ၊ ပြီးရင် ညဆိုင်းကို တာဝန်ယူလိုက်ပါ ၊ စစ်ဆင်ရေးကို တခြားအဖွဲ့တွေက ဆက်လက်ကိုင်တွယ်လိမ့်မယ် "

ကောင်းမင်သည် ဌာနကို ဝင်ရောင်လာသည်မှာ ၄၈နာရီထက် နည်းသေးသော်လည်း အဖွဲ့ခေါင်းဆောင် ရာထူးရနေပြီ ဖြစ်သည်။ သူသည် ယာယီခေါင်းဆောင်သာဖြစ်သည်။ သို့သော်လည်း သူသည် အခြားအဖွဲ့ဝင်များကို မည်သူမှ သူ့နေရာအား မကိုင်လှုပ်နိုင်ပေ။

ချန်းယန်ထျန်းသည် ကောင်းမင်၏ လုပ်ချင်ကိုင်ချင်စိတ်ကို ကျေနပ်နေခဲ့သည်။ သူက အလုပ်သမားများဆီမှ ဆက်သွယ်ရေးနှစ်လုံးတောင်းလိုက်သည်။ ဆက်သွယ်ရေးစက်တစ်လုံးကို ချူးစီစီထံပေးလိုက်ပြီး နောက်တစ်လုံးကို သူ့ဆီပေးလိုက်သည်။

"အဖွဲ့ဝင်ကောင်းတစ်ယောက်ကို ရှာတွေ့ခဲ့ရင် ဒီစက်ကို မင်းသူ့ကိုပေးလိုက်လို့ရတယ် "

"ကပ္ပတိန်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ် "

ချန်းယန်ထျန်းက ကြာကြာမနေခဲ့ပဲ ထွက်ခွာသွား၏။ ကောင်းမင်သည် သူ့ဆက်သွယ်ရေးစက်ကို အတည်ပြုလိုက်ပြီး အဆင့်မြင့်တင်လိုက်သည်။ သူသည် ယာယီအဖွဲ့ခေါင်းဆောင် ဖြစ်နေခဲ့ပြီဖြစ်သည်။

"အဖွဲ့တစ် ကင်းလှည့်ဧရိယာက မင်လောင်လမ်းနဲ့ လီကျင်းလမ်းပဲ ၊ တစ်ကြိမ်ကြိမ်တော့ မြို့တော်အရှေ့ပိုင်းက မူမမှန်ဖြစ်ရပ်တွေနဲ့ ငါတို့ ကြုံတွေရမှာပါ ၊ အဲ့ဒီဧရိယာ နှစ်ခုကို ငါအာရုံစိုက်ထားရမယ် "

ကောင်းမင်သည် ပိုနေသော ဆက်သွယ်ရေးစက်ကို ယန်ဟွာထံ ပေးလိုက်သည်။

"အရိပ်ကမ္ဘာက ဂိမ်းကို ဖြတ်ပြီးတော့ လက်တွေ့လောကထဲ စိမ့်ဝင်နိုင်တယ် ငါတို့လဲ ပြောင်းပြန် ပြန်လုပ်နိုင်တယ် "

ကောင်းမင်က ပိုင်ရှောင်၏ ကွန်ပျူတာကို ဖွင့်လိုက်သည်။ သူသည် သူ၏ လုပ်ပိုင်ခွင့်အသစ်များနှင့် ရပိုင်ခွင့်များကို သိချင်နေ၏။ သို့သော် စာဖိုင်များ ဖွင့်ကြည့်နေစဉ် မြို့ဟောင်းရဲဌာနမှ ပို့ထားသော အီးမေးတစ်စောင်က သူ့အား ဆွဲဆောင်လိုက်သည်။

မေးလ် ပို့သူမှာ ရန်လင်းဖြစ်သည်။ အီးမေးလ်ကို မနေ့ညက ပို့ထားခြင်းဖြစ်သည်။ ပိုင်ရှောင်သည် အီးမေးလ်ကို ဖတ်ရန် အချိန်မရခဲ့ပေ။

ကောင်းမင်က အီးမေးလ်ကို ဖွင့်ကြည့်လိုက်ရာ သူ့နှင့်အနည်းငယ်ရင်းနှီးနေသော အကြောင်းအရာများကို တွေ့လိုက်ရသည်။

"ဟန်ရှန်းအကျဉ်းထောင်က ထောင်တွင်းအဓိကရုဏ်းနဲ့ ပတ်သက်လို့ သံသယဖြစ်စရာအချက်တွေရှိနေတယ် ၊ အဓိကရုဏ်းအပြီး ပျောက်ဆုံးနေတဲ့ရာဇဝတ်သား အရေအတွက်က မမှန်ကန်ဘူးဖြစ်နေတယ် ၊ မျက်နှာပျက်စီးပြီး သေဆုံးနေသူက ရာဇဝတ်သား မဟုတ်ပဲ ဆရာဝန်တစ်ယောက်ဖြစ်နေတယ် ၊ ကောင်းမင်ရဲ့ လတ်တလောစိတ်ကျန်းမာရေးစမ်းသပ်ချက်ကို အခြေခံပြီးတော့ သူ့စိတ်အခြေအနေက ရှင်းလုမှာ ပထမဆုံး မူမမှန်ဖြစ်ပြီးနောက် စပြောင်းလဲလာခဲ့တယ် "

အီးမေးလ်အဆုံးတွင် ရန်လင်းသည် လီစန်းစုံစမ်းစစ်ဆေးရေးဌာနနှင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကောင်းမင်ကို လွှဲပြောင်းပေးရန် မျှော်လင့်ထားသည်။

ကောင်းမင်သည် သူ့အတွက် တစ်စုံတစ်ရာအမှားအယွင်းမရှိဟု ထင်သောကြောင့် အီးမေးလ်ကို ဖျက်ပစ်လိုက်သည်။ ထို့အပြင် သူ့တွင် ပိုအရေးကြီးသည့် ကိစ္စတစ်ခု လုပ်ရန် ရှိပေသည်။

သူက ဆက်လက်ကြည့်ရှူလိုက်ပြီး နောက်ဆုံး လျှို့ဝှက်ဖိုင်များအတွင်း မြို့တော်အရှေ့ပိုင်းမှ မူမမှန်ဖြစ်ရပ်အကြောင်းကို တွေ့လိုက်ရသည်။

"အေးဂျင့် ၀၁၇၄၆က မြို့တော်အရှေ့ပိုင်း မူမမှန်ဖြစ်ရပ်ကနေ ပထမဆုံး အသက်ရှင်ရက် လွတ်မြောက်ခဲ့သူပဲ ၊ သူ့ရဲ့ ခြေလက်လေးချောင်းလုံး အဖြတ်ခံထားရတယ် ၊ ဒါပေမယ့် ဒဏ်တွေက သွေးမထွက်ဘူး ၊ သူ့ခန္ဓာကိုယ်မှာ ဆုတောင်းစာတွေ ရေးခံထားရတယ် ၊ ဆေးရုံကို ပို့လိုက်ပြီးနောက် သူသေဆုံးသွားခဲ့တယ် ၊ သူ့အလောင်းပျက်စီးနူန်းက သာမန်လူထက် သုံးဆနှေးကွေးတယ် "

"သန်းခေါင်ကျော်ပြီးရင် မူမမှန်ဖြစ်ရပ်နဲ့အတူ အသားနံ့တွေ ပေါ်လာတတ်တယ် ၊ မူမမှန်ဖြစ်ရပ်ရဲ့ အစွန်အဖျားကနေတောင် ဆုတောင်းသံတွေ ကြားနေရတယ် "

"မူမမှန်ဖြစ်ရပ်ဟာ ဟန်ဟိုင်းမြို့တော်အရှေ့ပိုင်း စီစွေ့လမ်း အိမ်ရာတွေက စပေါ်လာခဲ့တာ ၊ မိသားစုတစ်ခုလုံး အဲ့ဒီနေရာမှာ အသတ်ခံရတဲ့ အမှုရှိတယ် ၊ ဒီမူမမှန်ဖြစ်ရပ်က အမှုနဲ့ ဆက်စပ်နေမယ်လို့ သံသယရှိတယ် "

ကောင်းမင်သည် ဌာနမှ အချက်အလက်များကို ဆွဲထုတ်နေ၏။ မြို့တော် အရှေ့ပိုင်းကဲ့သို့ လူဦးရေများသည့် ရပ်ကွက်တွင် စီစွေ့လမ်းရှိတိုက်ခန်းများတွင် အိမ်ငှားအများအပြားမရှိပေ။ ပြည်သူလူထုကို ထိတ်လန့်စေခဲ့သော မိသားစုနှစ်စု၏ လူရှစ်ယောက်သေဆုံးမှုသည် နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။

လူသတ်သမားသည် ပြစ်မှုကျူးလွန်ပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်။ လူများသည် ထိုအဆောက်အဦးအား သရဲခြောက်သည်ဟု ပြောဆိုခဲ့ကြသည်။

ကောင်းမင်က မှုခင်းဓာတ်ပုံကို လေ့လာရန် မြင်ကွင်းချဲ့ကြည့်လိုက်သည်။ ဝမ်ကျီက ရုတ်တရက် သူ့ဘေးသို့ လမ်းလျှောက်လာ၏။ သူက ကွန်ပျူတာ စခရင်ကို ညွှန်ပြလိုက်ပြီး မသဲမကွဲပြောလိုက်သည်။

"သူတို့က အစ်ကို့ကို ကြည့်နေကြတယ် "

ကောင်းမင် စိတ်ရှုပ်ထွေးသွားသည်။ အဘယ်ကြောင့်ဆိုသော် မှုခင်းဓာတ်ပုံထဲတွင် လူတစ်ယောက်မှ မရှိသောကြောင့် ဖြစ်သည်။

"မင်း ဘာမြင်ရလို့လဲ "

"လူရှစ်ယောက်က အစ်ကို့ကို ကြည့်နေကြတယ် ၊ လူကြီးတွေရော ကလေးတွေရောပဲ ၊ သူတို့နူတ်ခမ်းတွေမှာ သွေးပေနေတယ် "

ထို့နောက် ဝမ်ကျီက ပြန်ထွက်သွား၏။ ကောင်းမင်က ဓာတ်ပုံဘက်လှည့်ကြည့်လိုက်ရာ အေးစက်စက် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

"အသားနံ့တဲ့လား ၊ သွေးပေနေတဲ့ နူတ်ခမ်းတွေ ပြီးတော့ ပုတ်သိုးမှု နှေးကွေးတာ ၊ ဒါက သားစားကြူးနတ်နဲ့ ဆင်တူတာပဲ "

သားစားကြူးနတ်သည် သူဖန်တီးခဲ့သည့် ဂိမ်းမဟုတ်ပေ။ စာအုပ်ဟောင်းတစ်ခုမှ သူရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းစာအုပ်တွင် အသွေးအသားကို ကိုးကွယ်သည့်နည်းလမ်းတစ်ခုကို မှတ်တမ်းတင်ထားသည်။

ကောင်းမင်သည် လေးနက်သော အမူအရာဖြစ်နေ၏။ ထိုနည်းလမ်းသည် စိတ်ကူးယဉ်ဆန်ပြီး သွေးထွက်သံယိုများဖြစ်သည်။ သားစားကြူးနတ်ဟူသည်မှာ အမည်နာမတစ်ခုသာ ဖြစ်သည်။ ဤနည်းဖြင့် ကျင့်ကြံထားသည့်အရာသည် နတ်ဘုရားနှင့်မသက်ဆိုင်ပေ။ ကောင်းမင်သည် ထိုနည်းလမ်းကို သိသော်လည်း ၎င်းအား ကျင့်သုံးမည်မဟုတ်ချေ။ လူတစ်ယောက်သည် ထိုအရာဖြင့် တစ်ကြိမ်မျှပတ်သက်မိပါက သူတို့သည် မည်သည့်အခါမှ လွတ်မြောက်တော့မည်မဟုတ်ချေ။

"ဇာတ်လမ်းကို ကျွေးမွေးနေတဲ့လူကို ငါရှင်းပစ်မှ ဖြစ်မယ် ၊ သူတို့က အရမ်းအန္တရာယ်ရှိတယ် ၊ ဒီကောင်တွေက လုံးဝလူမဆန်ဘူး "

ဖြစ်ရပ်ဆိုးများသည် အချိန်မရွေးပေါ်ပေါက်လာနိုင်၏။ ထိုကြောင့် ပိုများသောလူများမှာ မူမမှန်ဖြစ်ရပ်များနှင့် ပိုဆက်သွယ်မိကြလိမ့်မည်ဖြစ်သည်။

သူတို့ထဲမှ အချို့သည် တစ်ပါးသူများကိုကာကွယ်ရန် စုံစမ်းစစ်ဆေးရေးဌာနကို ဝင်ရောက်ရန် ရွေးချယ်ကြမည်ဖြစ်သည်။ အချို့သည် အရိပ်လောကထဲ ဝင်ရောက်သွားပြပြီး သရဲများထက် ဆိုးဝါးသည့် အရာများအဖြစ် ပေါ်ထွက်လာကြလေသည်။

All Chapters