← Chapters

အရုပ်များ

Vol. 3 Ch. 38

အရုပ်များ

Vol. 3 Ch. 38

"သရဲတွေထက် ကြောက်ဖို့ကောင်းတာတွေအများကြီး ရှိတယ် "

ကောင်းမင်က မှတ်စုစာရွက်အနည်းငယ်ကို ထုတ်ယူလိုက်သည်။

"ခင်ဗျားရဲ့အိမ်ကို ကျွန်တော်တို့ကို ခေါ်သွားလို့ရမလား "

"ရတာပေါ့ ဒါပေမယ့် ငါ့အိမ်ကနဲနဲတော့ ကျဉ်းတယ်နော် "

သက်လတ်ပိုင်းအမျိုးသမီးကြီးသည် ပိုက်ဆံကိုကြည့်လိုက်ပြီး ယန်ဟွာကိုကြည့်လိုက်သည်။ သူမသည် ရှက်ကိုးရှက်ကန်းဖြစ်နေပုံရသည်။

"မင်းတို့နှစ်ယောက် ဒီမှာနေခဲ့လို့ရတယ် "

ကောင်းမင်သည် ချူးစီစီနှင့်ယန်ဟွာကို ဆိုင်တွင်နေခဲ့ခိုင်းလိုက်သည်။ သက်လတ်ပိုင်းအမျိုးသမီးက ယန်တုန်းခေါက်ဆွဲကို မှာလိုက်သော်လည်း အနည်းငယ်မျှမစားပေ။ ကောင်းမင်က စားပွဲထိုးအမျိုးသမီးကိုပြောလိုက်သည်။

"ကျွန်တော့ကို ခေါက်ဆွဲနှစ်ပွဲထပ်ပေးပါဦး "

"အိုး မဟုတ်တာ " အမျိုးသမီးက သူ့လက်များကို ခါလိုက်သည်။

"ဒါက ငါ့မိသားစုအတွက်မဟုတ်ပါဘူး ၊ တစ်ယောက်ယောက်အတွက်ဝယ်တာပါ "

ကောင်းမင်က အတင်းအကျပ်မတိုက်တွန်းခဲ့ပေ။ ရွှမ်ဝမ်ရောက်လာသောအခါ သူတို့သည် ဝမ်ကျီအားခေါ်၍ သက်လတ်ပိုင်းအမျိုးသမီးနောက်လိုက်သွားကြသည်။

"နင်တို့ ငါ့ကို အန်တီဖန်းလို့ ခေါ်လို့ရတယ် ၊ စီစွေ့လမ်းအိမ်ယာမှာ အေ၊ ဘီ ၊ စီ ဒီဆိုပြီး အဆောက်အဦးအိမ်ယာလေးခုရှိတယ် ၊ ငါ့အိမ်က အိမ်ယာ ဘီ မှာပဲ"

အမျိုးသမီးက သူမ၏ကလေးကို ချီ၍ စတင်ညည်းညူလိုက်သည်။

"အရင်က အဆောက်အဦးတွေကို ဆက်သွယ်ထားတဲ့ လမ်းလေးတစ်ခုရှိတယ် ၊ ခုတော့ ငါတို့ သုံးမရတော့ဘူး "

"ဘာလို့လဲ"

"အဆောက်အဦးအေ တစ်ခုလုံးကို ပိတ်ချထားတာလေ ၊ ငါကြားတာကတော့ ကျန်ခဲ့တဲ့အိမ်ငှားတွေအားလုံးလည်း ပြောင်းသွားကြပြီတဲ့ ၊ ခုတော့ အဆောက်အဦးအလွတ်ကြီးဖြစ်နေပြီပေါ့ "

အမျိုးသမီးသည် သူမ၏ခန္ဓာကိုယ်အားလှုပ်ခါလိုက်ပြီး ကလေးအား ချော့မြူလိုက်သည်။

"နင်ငါ့ကိုမေးမယ်ဆိုရင်တော့ ဒီလူတွေအားလုံးက ရူးနေကြတာလေ ! ဒီကမ္ဘာကြီးမှာ ဘယ်သရဲရှိလို့လဲ ၊ သူ့တို့သာ ဒီလိုလုပ်ဖို့အစွမ်းရှိနေရင် ဒီနိုင်ငံရဲ့စီးပွားရေးပြင်ဆင်ဖို့အတွက် အလုပ်လုပ်သင့်တယ် ၊ သရဲခြောက်တဲ့အိမ်မှာနေရတာက အိုးမဲ့အိမ်မဲ့ဖြစ်နေတာထက်စာရင်တော့ ပိုကောင်းတာပါပဲ"

"အဆောက်အဦးအေက ရှင်းပြီးသွားပြီလား " ဘိုင်ရှောင်၏ကွန်ပျူတာထဲမှ အချက်အလက်များအရ အဆောက်အဦးအေရှိ မူမမှန်ဖြစ်ရပ်သည် မိသားစုတစ်ခုမှ စတင်ခဲ့ခြင်းဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် အဆောက်အဦးအေမှာက အိမ်ငှားတွေအများကြီးမရှိပါဘူး ၊ ပြီးခဲ့တဲ့နေ့က တချို့ထူးဆန်းတဲ့လူတွေရောက်လာပြီး ငါတို့ကို ပြောင်းရွှေ့ဖို့ဖျောင်းဖျခဲ့တယ်လေ "

သက်လတ်ပိုင်းအမျိုးသမီးသည် ကလေးနှင့်ခေါက်ဆွဲထုတ်အား သယ်ဆောင်ထားခဲ့သည်။

"ဘဝကြီးက ပိုခက်ခဲလာတယ် ၊ ဒါပေမယ့် ပြဿနာက ဘာကြောင့်မှန်းလို့တောင် မင်းမသိတာပဲ "

သူတို့အုပ်စုလေးသည် အနည်းငယ်နိမ့်ဝင်နေသောစီစွေ့လမ်းတွင် လျှောက်လာခဲ့ကြသည်။ အဆောက်အဦးအေ အားရှောင်ကွင်း၍ အခြားဝင်ပေါက်မှတဆင့် စီစွေ့လမ်းအိမ်ယာသို့ ရောက်ရှိလာကြသည်။

အပြင်ဘက်တွင်ရပ်နေရင်း ကောင်းမင်သည် မသက်မသာခံစားနေရသည်။ သူ့ခန္ဓာကိုယ်အား ပါးလွှာသောအရိပ်များဖြင့်ထုပ်ပိုးထားသည်ဟုခံစားရသည်။ ဝမ်ကျီသည် ကောင်းမင်နှင့်ရွှမ်ဝမ်တို့၏ အင်္ကျီလက်စများကိုဆွဲထားပြီး ဆက်သွားရန်စိတ်မပါကြောင်းပြသနေ၏။

ပုံပြင်ကိုးခုမျှရှည်လျားသောအဆောက်အဦးရှည်ကြီးသည် အဝါရောင်ဆေးသားများဖြင့် မှုန်ဝါးနေသည်။ ဤနေရာကြီးသည် ပျော်ရွှင်မှုအိမ်အဖြစ်အသုံးပြုဟန်ရသော်လည်း အပြင်ဘက်နံရံများသည် ကြေးညော်အထပ်ထပ်ဖုံးလွှမ်းနေသည်။ ပြတင်းပေါက်တိုင်းတွင် စတီးတိုင်များရှိနေပြီး ထောင်တစ်ခုနှင့်တူနေ၏။ အပြင်ဘက်တွင် ရပ်နေရင်းပင်မွန်းကြပ်မှုကိုခံစားရနေရပြီး အတွင်းဘက်တွင် သာ၍သာခက်ခဲမည်ဖြစ်သည်။

"ငါတို့ ဘာလို့ရပ်နေကြတာလဲ "

သက်လတ်ပိုင်းအမျိုးသမီးကြီးကမေးလိုက်သည်။ သူသည် ထိုအရာနှင့်ကျင့်သားရနေပြီဖြစ်သည်။

"ကော်ရစ်ဒါမှာ တချို့အမှိုက်ပုံးတွေရှိတယ်နော် ၊ ဂရုစိုက်ကြဦး"

အိမ်ရာသည် ကြီးမားလှသည်။ ၎င်းအား ဆယ်စုနှစ်များစွာက အပြင်ဘက်မှလုပ်သားများငှားယမ်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အထပ်တစ်ခုချင်းစီတွင် ကော်ရစ်ဒါရှည်ကြီးရှိသည်။ အိမ်များသည် ‌ကော်ရစ်ဒါ၏တစ်ဖက်စီတွင် ရှိခြင်းဖြစ်သည်။ သို့သော် အခန်းတစ်ခန်းသည် အိမ်ထောင်စုတစ်ခုအတွက်မလုံလောက်ပေ။ အခန်းတစ်ခန်းသည် သံဇကာများ ၊ စတီးပြားများဖြင့် အပိုင်းများပိုရရန် ကန့်ထားသည်။ နိုင်ငံခြားမှ အလုပ်သမားများသည် ထိုကျဉ်းကြုပ်လှသောနေရာများတွင် နေထိုင်ရန် ဖိအားပေးခံခဲ့ရသည်။ ပဋိပက္ခများသည်မလွဲဧကန်ဖြစ်ခဲ့ပေလိမ့်မည်။

"မင်းဒီမှာကြာကြာနေရင် နောက်ဆုံးနေမကောင်းဖြစ်မှာပဲ "

ကောင်းမင်သည် ကော်ရစ်ဒါ၏အစွန်းဘက်သို့လျှောက်သွားလိုက်ပြီး ပြတင်းပေါက်တံခါးကိုတွန်းဖွင့်လိုက်သည်။ သူသည် ထိုနေရာမှ အခြားအဆောက်အဦးအားမြင်နိုင်ပေသည်။ သက်ရှိလက္ခဏာဟူ၍မရှိပဲ လုံးဝတိတ်ဆိတ်နေလေသည်။ ကောင်းမင်သည် နောက်ပြန်လှည့်ရန်ပြင်လိုက်‌သောအခါ သူ့မျက်လုံးထောင့်မှ တစ်စုံတစ်ခုအားမြင်လိုက်ရ၏။

သူ့ဦးခေါင်းအား ဆတ်ခနဲလှည့်လိုက်သည်။ ဆန့်ကျင်ဘက်အဆောက်အဦးတွင် လူလေးယောက်ပါသောမိသားစုတစ်စုရှိနေသည်။ သူတို့သည် ပြတင်းပေါက်ဖြင့်တစ်ညီထဲရပ်နေကြပြီး တူညီသောအမူအရာဖြင့်သူ့အားစိုက်ကြည့်နေကြသည်။ သူတို့သည် သူတို့နှင့်မတော်သည့်အဝတ်များကိုဝတ်ဆင်ထားကြသည်။ လူကြီး၏နူတ်ခမ်းများသည် သွေးထွက်နေပုံရသည်။

"ဟိုဟာက အဆောက်အဦးအေပဲ "

သက်လတ်ပိုင်းအမျိုးသမီးက ကျော်သွားလိုက်သည်။

"အရင်တုန်းက အဆောက်အဦးအေနဲ့အဆောက်အဦးဘီက ဆက်သွယ်ထားတာ ၊ နင်တို့ကော်ရစ်ဒါကိုဖြတ်ပြီးတော့ အဆောက်အဦးနှစ်ခုကြားလမ်းလျှောက်လို့ရတယ် ၊ ဒါပေမယ့်ခုတော့ နင်တို့ဒီလိုသွားလို့မရတော့ဘူး "

သူမက ထောင့်ဘက်ရှိအင်္ဂတေနံရံအားညွှန်ပြလိုက်သည်။

"ကော်ရစ်ဒါတွေကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က အိမ်ငှားတွေက ပိတ်ပစ်ခဲ့တာ ၊ သူတို့က ငါးလွှာနဲ့ကိုးလွှာကိုပဲ ဖွင့်လျက်ချန်ထားခဲ့တာ၊ ဒါပေမယ့် အဲ့ဒီလမ်းနှစ်ခုကိုလည်း ရက်အနည်းငယ်လောက်က ရဲတွေပိတ်ပစ်လိုက်ပြီ"

"ငါးလွှာနဲ့ ကိုးလွှာ ...."

ကောင်းမင်က အဆောက်အဦးအေဘက်သို့လှမ်းကြည့်လိုက်ရာ မိသားစုလေးယောက်သည် မရှိတော့ပေ။

"နင် အင်္ဂတေနံရံနဲ့ဝေးဝေးနေသင့်တယ် ၊အိမ်ငှားအဟောင်းတွေဆီက ငါကြားတာကတော့ လူသတ်သမားတစ်ယောက်က သူ့ရဲ့သားကောင်တွေကို ဒီနံရံထဲမှာဝှက်ထားတယ်ဆိုပဲ ၊ နင် လူသေတွေရဲ့မျက်နှာကိုထိမိနေလောက်ပြီ"

အမျိုးသမီးက ကောင်းမင်အားဆက်သွားရန် လက်ယမ်းပြလိုက်သည်။

"အထပ်တစ်ခုတိုင်းမှာ ဘယ်ဘက်ကော်ရစ်ဒါနဲ့ညာဘက်ကော်ရစ်ဒါလို့ရှိတယ် ၊ ဓာတ်လှေကားတွေကတော့ ပျက်နေတာနှစ်တွေကြာပြီ၊ ဘယ်ဘက်ကော်ရစ်ဒါကို နင်မသုံးတာပိုကောင်းမယ် ၊ တချို့အိမ်ငှားတွေက ကော်ရစ်ဒါအဆုံးမှာရှိတဲ့ အများသုံးသန့်စင်ခန်းကိုသွားဖို့ အရမ်းပျင်းကြတယ် ၊ ဒါကြောင့် သူတို့က ကော်ရစ်ဒါမှာပဲ ပြီးစလွယ်လုပ်နေကြတာ "

သက်လတ်ပိုင်းအမျိုးသမီးသည် ငါးလွှာကိုရောက်သည်အထိခြေလှမ်းများအားလေးလံစွာနင်းနေပြီး လူများအကြောင်းပြောရင်းပင် ပြန်လှည့်လိုက်သည်။ သူမသည် ကလေးအားချထားလိုက်ပြီး သော့ကိုရှာလိုက်သည်။ ထို့နောက် သူမသည် အနီရောင်တောက်တောက်တံခါးအား ဖြည်းညှင်းစွာဖွင့်လိုက်လေသည်။

"ကြိုဆိုပါတယ် "

ကောင်းမင်သည် နောက်ဆုံးတွင် သက်လတ်ပိုင်းအမျိုးသမီးက ဘာကြောင့်ယန်ဟွာအား အိမ်သို့မလာစေချင်ကြောင်းသဘောပေါက်သွားသည်။ မီတာသုံးဆယ်ကုဗစ်မီတာပတ်လည်ရှိသော အိမ်လေးသည် ပစ္စည်းပစ္စယများဖြင့်ပြည့်နှက်နေသည်။ ကလေးစီးနှင့်လူကြီးစီးဖိနပ်များအား အတူတကွစုပုံထား၏။ ကြောင်အိမ်တံခါးသည် ပွင့်လျက်ပင်ထားရသည်။ ကြောင်အိမ်ထဲတွင် ပုံနှိပ်စာအုပ်များ ၊ အိတ်များနှင့် ပလတ်စတစ်အိတ်ဖြင့်ထုတ်ထားသည့်အမျိုးမျိုးသောအမှိုက်များဖြင့်ကြပ်ညှပ်နေသည်။

ဗီရိုတစ်ဖက်တွင် နှစ်ထပ် သံမဏိ အိပ်ယာဘောင် ရှိသည်။ အဝတ်များကို ဗီရိုတစ်ဖက်သို့တွန်းလိုက်သည်။ စောင်များအား အတူတကွ ဖိသိပ်လိုက်၏။ စောင်များတွင် အဝါရောင်အစွန်းကွက်များရှိနေလေသည်။

အိမ်ရာနှင့်ဗီရိုကြားရှိအကွာအဝေးသည် လူကြီးတစ်ယောက်စာမျှသာလုံလောက်သည်။ အိပ်ရာ၏ထောင့်စွန်းနှင့် ဗီရို၏ထောင့်တွင် ဧရာမအရုပ်ကြီးတစ်ခုရှိသည်။

သူတို့၏မိခင်ကိုမြင်လိုက်ရသောအခါ အိပ်ရာသံဘောင်က လှုပ်ရှားသွားသည်။ လေးနှစ်အရွယ်ခန့်ရှိသောကလေးနှစ်ယောက်၏ဦးခေါင်းသည် အိပ်ရာအပေါ်ဘက်တွင် ပြူတစ်ပြူတစ်ဖြစ်နေကြသည်။ သူတို့က အောက်မဆင်းဝံ့‌ကြပေ။

"မဆော့ကြနဲ့တော့ ၊ ဧည့်သည်တွေရှိတယ် "

အမျိုးသမီးသည် ခေါက်ဆွဲအား ပန်းကန်လုံးတစ်ခုထဲသို့လောင်းထည့်လိုက်သည်။ ထူးဆန်းသည်က ခေါက်ဆွဲအား သူမလည်းမစားရုံမက ကလေးများကိုလည်းစားခွင့်မပြုချေ။ သူမသည် ခေါက်ဆွဲပန်းကန်အားကုလားထိုင်ပေါ်တွင်တင်လိုက်ပြီး ကုလားထိုင်အားအခန်းအလယ်သို့ရွှေ့လိုက်သည်။ ကလေးများသည် အစာအားဆာလောင်စွာစိုက်ကြည့်နေကြသော်လည်း ဘာမှ မပြောဝံ့ကြပေ။

"ကျေးဇူးပြုပြီး ထိုင်ကြပါဦး"

သက်လတ်ပိုင်းအမျိုးသမီးသည် တခြားအခန်းသို့ သွားလိုက်သည်။ အပြင်ဘက်အခန်းသည် ထမင်းစားခန်းနှင့်အိပ်ခန်းဖြစ်သည်။ ပိုသေးသောအတွင်းခန်းသည် အဆိုးဆုံးဖြစ်သည်။ အိမ်သာဘေးတွင် မီးဖိုနှင့် ရေစည်ရှိသည်။ ဟင်းချက်ဆီများနှင့် ဟင်းခတ်အမွှေးအကြိုင်ဘူးများကို ခေါင်းလျှော်ရည်နှင့်‌ချေးချွတ်ဆေးဘူးများနှင့်အတူ တန်းပေါ်တွင်တင်ထား၏။ ရေထွက်ပေါက်သည် အဝါရောင်ဆံပင်ကျွတ်များ၊ ဟင်းသီးဟင်းရွက်အပုတ်များဖြင့်ပိတ်ဆို့နေလေသည်။

"ကျွန်တော်တို့ ဘယ်နားမှာထိုင်ရမလဲ "

ကောင်းမင်သည် အခန်းအလယ်သို့ရွေ့ရန်ကြိုးစားလိုက်သည်။ အမျိုးသမီးက ကလေး၏အရုပ်များကိုကန်ထုတ်လိုက်ပြီး သူတို့အတွက်ထိုင်ရုံမျှ နေရာတစ်ခုဖန်တီးပေးလိုက်သည်။

"အရှေ့ပိုင်းမြို့တော်တစ်ခုလုံးကိုကြည့်လိုက် ၊ ငါ့ထက် သူတို့အိမ်အတွက် ပိုကောင်းတဲ့ စျေးတစ်ခုမှ မရှိဘူး"

"ဒါက ဒီကကိစ္စလို့တော့ ကျွန်တော်မထင်ဘူး "

ကောင်းမင်သည် ဝမ်ကျီ၏ထူးဆန်းသောအပြုအမှုကို သတိပြုမိခဲ့သည်။ သူက ဆက်လက်လှုပ်ခါနေသည်။

"ခင်ဗျားပြောတော့ ဒီနေရာက သရဲခြောက်တဲ့အိမ်ဆို ၊ ဒီမှာ ဘာများဖြစ်ခဲ့လို့လဲ "

အမျိုးသမီးသည် သူမ၏ကလေးများကိုစိတ်ထဲမထားပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

"လူတစ်ယောက်က ဒီနေရာမှာ ကြိုးဆွဲချသေခဲ့တယ် ၊ သူမသေခင် သူ့ကလေးနှစ်ယောက်ကိုလဲ သတ်ပစ်ခဲ့တယ် "

ထိုအရာကိုကြားရသောအခါ ကောင်းမင်သည်ပင်မသက်မသာခံစားရသော်လည်း အမျိုးသမီးနှင့်အိပ်ရာ‌ ပေါ်ရှိ ကလေးနှစ်ယောက်ကား အနည်းငယ်မျှ သက်ရောက်ဟန်မရှိပေ။

"ဒီနေရာက အခန်းတွေတိုင်းမှာ ဇာတ်လမ်းတစ်ခုစီရှိကြတယ် ၊ ဒါပေမယ့် လူတွေက ဒီကိုပြောင်းလာဖို့ နှစ်သက်နေကြတုန်းပဲ ဘာကြောင့်လဲဆိုတော့ အိမ်ငှားခက ဈေးချိုတယ်လေ "

အမျိုးသမီးက ရှင်းပြလိုက်သည်။

"နင် သရဲခြောက်တဲ့အိမ်ဘေးမှာနေရင်တော့ အဆိုးဆုံးပါပဲ၊ ငှားရမ်းခက မနည်းပါးပေမယ့် နင်လည်း သရဲခြောက်ခံရလိမ့်မယ်"

အမျိုးသမီးက ထိုသို့ပြောလိုက်သောအခါ သူမ၏မျက်လုံးများက ဘယ်ဘက်သို့ရောက်သွားသည်။ သူမ၏မသိစိတ်က ထောင့်ရှိဧရာမအစာသွပ်အရုပ်ကြီးကို ကြည့်လိုက်သည်။

ကောင်းမင်သည် သူမ၏ အမူအရာမှတဆင့် ထိုအမျိုးသမီးသည်တစ်စုံတစ်ခုဖုံးကွယ်ထားကြောင်း သိနိုင်သည်။ ထိုအရာသည် သေခြင်းတရားကိုသူမ မကြောက်သည့်အကြောင်းမဖြစ်နိုင်သော်လည်း သရဲများက သူမအားထိခိုက်စေမည်မဟုတ်မှန်းသိပေသည်။

"သွား ...သွားကြမယ်..."

တိတ်ဆိတ်နေခဲ့သော ဝမ်ကျီသည် ကောင်းမင်၏အင်္ကျီလက်အား ရုတ်တရက်ဆွဲရမ်းလိုက်သည်။

ရွှမ်ဝမ်၏သည်လည်း ဆန်းကြယ်စွာပြုမှုနေသည်။ သူမက ကောင်းမင်၏ပုခုံးကိုပုတ်လိုက်ပြီး အပြင်ဘက်သို့ထွက်သွား၏။ သူမတွင် အပြုံးမရှိတော့ပေ။

"သွားတော့မလို့လား ၊ နင်က ငါ့ကိုအများကြီးပေးခဲ့တာပဲ ၊ ကြာကြာနေပါဦးလား "

အမျိုးသမီးသည် ရှေ့တံခါးကို ကိုင်လိုက်သည်။ သူမသည် တံခါးကိုဖြည်းညင်းစွာပိတ်လိုက်သော်လည်း အပြည့်အဝပိတ်လိုက်ခြင်းအား တားဆီးလိုက်သည်။

"ကျွန်တော် တခြားနေရာတွေကို သွားကြည့်ဦးမယ် "

ကောင်းမင်က အမျိုးသမီးကိုပြောလိုက်သည်။ သူ့မျက်လုံးများက အကြည့်လွှဲလိုက်သည်နှင့် အမျိုးသမီး‌၏အနောက်ဘက်မှ ဧရာမအရုပ်ကြီးသည် ညစ်ပတ်နေသောကြမ်းပြင်ပေါ်မှ တွားသွားနေသည်ကို မြင်လိုက်ရလေသည်။

All Chapters