← Chapters

ထူးဆန်းမှုတွေက နေရာတိုင်းမှာ

Vol. 3 Ch. 39

ထူးဆန်းမှုတွေက နေရာတိုင်းမှာ

Vol. 3 Ch. 39

"နင်လိုချင်တာကို ရှာတွေ့ဖို့ ငါမျှော်လင့်ပါတယ် "

အမျိုးသမီးတံခါးကိုပိတ်ရန် လှည့်သွားသည်။ အနီရောင်တံခါးကြီးအား မပိတ်ခင်တွင် အရုပ်ကြီးသည် ကုလားထိုင်ဆီသို့ တွားသွားလာပြီး အေးစက်နေသောခေါက်ဆွဲများကို ပလုပ်ပလောင်းစားလိုက်သည်။ ဧရာမအရုပ်ကြီးထဲတွင် တစ်စုံတစ်ယောက်ပုန်းအောင်းနေပုံရသည်။

"ကောင်းမင် ၊ ရှင့်ခေါင်းကို မလှည့်လိုက်နဲ့နော် "

ရွှမ်ဝမ်က ခပ်တိုးတိုးသတိပေးလိုက်သည်။ သူတို့သည် ဆယ်မီတာထက် ပိုလျှောက်ပြီးသောအချိန်မှ ရွှမ်ဝမ်ကရပ်တန့်လိုက်သည်။

"ငါတို့ကို တစ်ယောက်ယောက်ကြည့်နေလို့လား "

ကောင်းမင်သည် သူနှင့်အတူရွှမ်ဝမ်အားခေါ်ဆောင်လာခြင်းကို ဂုဏ်ယူမိသည်။ ထိုတိုက်ခန်းသည် အလွန်ကိုပုံမှန်မဟုတ်ပေ။

"ဒီနေရာမှာ မူမမှန်မှုက ပျံ့နှံ့ပြီးနေပြီ၊ အဲ့ဒါက အရမ်းမြန်မြန်ကြီးထွားနေတာ "

ရွှမ်ဝမ်က အလေးအနက်ပြောလိုက်သည်။

"အမျိုးသမီးက သရဲတစ်ကောင်နဲ့အတူတူနေနေတာ! ဒီနေရာက သရဲတွေက ကျွန်မလိုပဲ နေ့အလင်းရောင်ထဲမှာ သွားလာနိုင်တယ်"

"သရဲက အရုပ်ထဲမှာ ပုန်းနေတာလား "

ကောင်းမင်က တုန်လှုပ်သွားသည်။

"အဲ့ဒါက အရုပ်ထဲမှာ ပုန်းနေတာက နေရောင်ကနေ ပုန်းအောင်းနေဖို့ပဲ "

"ကျွန်မ‌မသေချာဘူး ၊ ဒါပေမယ့် ကျွန်မ တစ်ခုခုကို လုံးဝအာရုံရနေတယ် "

ရွှမ်ဝမ်က ဝမ်ကျီဘက်လှည့်လိုက်ပြီး

"သူက ပြဿနာကို ပထမဆုံးသတိပြုမိတဲ့သူပဲ"

"ဝမ်ကျီ ၊ မင်းဘာမြင်ခဲ့လဲ "

"အရုပ်ထဲမှာ မျက်လုံးတစ်စုံရှိတယ် ၊ အိပ်ရာပေါ်မှာ ကလေးသုံးယောက်ရှိတယ် ၊ တစ်ယောက်ကိုက ကြိုးချည်ထားတာ ၊ ကြမ်းပြင်ပေါ်မှာ အမွှေးတိုင်ပြာတွေနဲ့ ထမင်းတွေရှိတယ် ၊ တံခါးနောက်မှာ အဆောင်တွေကပ်ထားတယ် ၊ ရေထွက်ပေါက်မှာဆို့နေတာတွေက အဝါရောင်ဆံပင်တွေပဲ ဒါပေမယ့် အမေနဲ့ကလေးတွေရဲ့ဆံပင်တွေက အနက်ရောင်တွေ...."

ဝမ်ကျီက သူ့လက်ချောင်းများဖြင့်ရေတွက်လိုက်သည်။

"ကြောင်အိမ်ထဲက ပလတ်စတစ်အိတ်တွေထဲမှာ လူစိမ်းတွေရဲ့ အိုင်ဒီကတ်တွေရှိတယ် ၊ ထမင်းအိုးနူတ်ခမ်းမှာ သွေးတွေပေနေတယ် ၊ ဒါက ထမင်းချက်ဖို့မဟုတ်ဘူး"

ထို့နောက် ဝမ်ကျီသည် အဆောက်အဦးအေဆီသို့ ဦးတည်နေသော ကော်ရစ်ဒါအားညွှန်ပြလိုက်သည်။

"ဒီ ဒီနေရာက အ အရမ်းအန္တရာယ်များတယ် "

ဝမ်ကျီသည် အထစ်အထစ်ဖြင့် သူ့အားကြောက်ရွံ့စေသောအရာအားလုံးကို ပြောပြလိုက်သည်။

"နေသာနေတုန်းပဲ ၊ ဒီနေရာမှာအရိပ်တွေမရှိသေးဘူး ၊ ဒါပေမယ့် ဒီနေရာက ‌အရမ်းကြောက်ဖို့ကောင်းပြီးသားဖြစ်နေပြီ ၊ အရိပ်ကမ္ဘာက လွတ်ထွက်လာတဲ့ ခြောက်ခြားဇာတ်လမ်းတွေက မတည်ငြိမ်တော့ပဲ လက်တွေကမ္ဘာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပြီ "

ရွှမ်ဝမ်က အကြံပေးလိုက်သည်။

"ကျွန်မတို့ ဘာလို့ အခုထွက်မသွားရမှာလဲ ၊ ပြီးတော့မှ အကောင်အထည်မဖြစ်သေးတဲ့တချို့ဇာတ်လမ်းတွေကို ရှာကြမယ်ဆိုရင်ရော "

"အရှေ့ပိုင်းမြို့တော်မှာ တစ်ယောက်ယောက်က ဇာတ်လမ်းတွေကို အစာကျွေးနေပြီ ၊ ဒီအဆင့်မှာ သူတို့က ခြောက်ခြားဇာတ်လမ်းကိုထိန်းချုပ်မှုလွတ်သွားအောင်လုပ်လိုက်မယ်ဆိုရင် ငါတို့အားလုံးဆုံးရှူံးသွားလိမ့်မယ် "

ကောင်းမင်သည် ဂိမ်းဒီဇိုင်နာတစ်ယောက်ဖြစ်သည်။ ထိုအရာများသည် ထိန်းချုပ်မှုလွတ်သွားပါက မည်ကဲ့သို့ကြောက်စရာအရာများဖြစ်လာမည်ကို သူသိပေသည်။

"ခြောက်ခြားဇာတ်လမ်းတစ်ခုကို ကြိုတင်အစပျိုးဖို့ဆိုတာ ခက်ခဲတယ် ၊ အဲ့ဒါကိုအစာ‌ကျွေးဖို့ဆိုတာ ပိုတောင်ခက်သေးတယ် ၊ အဲ့ဒီလူရဲ့ဦးနှောက်က တစ်ခုခုမှားနေတာဖြစ်ရမယ် "

ရွှမ်ဝမ်သည် ကောင်းမင်ထံသို့လျှောက်လာ၏။

"တကယ်လို့ ကျွန်မတို့နှောက်ယှက်မယ်ဆိုရင် ကျွန်မတို့က သရဲဇာတ်လမ်းတွေနဲ့ရင်ဆိုင်ရရုံမကပဲ ဇာတ်လမ်းတွေကို အစာကျွေးနေတဲ့သူတွေကိုပါ ရင်ဆိုင်ရလိမ့်မယ် ၊သူက ဇာတ်လမ်းတွေကိုအစာ‌ ကျွေးဖို့ အရင်းအမြစ်တွေကိုအသုံးပြုနိုင်တယ် ၊သူက ရှင့်ရဲ့ဌာနက အာဏာရှိတဲ့လူတစ်ယောက်တောင်ဖြစ်နိုင်တယ် "

"ငါ အဲ့ဒီလိုဆုံးဖြတ်လိုက်ပြီ"

"ပထမမူမမှန်မှုက ရှင်းလုကနေစတင်လာတာ ၊ ဌာနမှာ အချက်အလက်တွေ လုံလုံလောက်လောက်ရှိလိမ့်မယ် ၊ မူမမှန်မှုက တစ်ခါပျံ့နှံ့တာနဲ့ မနက်ပိုင်းမှာ ထူးဆန်းတဲ့တစ်ခုခုဖြစ်ပွားမယ်ဆိုတာကို သူတို့သိရမယ် ၊ ဒါပေမယ့်လည်း ဒီနေရာကို တချက်ကြည့်လိုက် ၊ အဆောက်အဦးအေမှာ မူမမှန်မှုဖြစ်ခဲ့ပြီးတော့ လူသားတွေကို အဆောက်အဦးဘီမှာ နေဖို့ခွင့်ပြုထားတုန်းပဲ "

ရွှမ်ဝမ်က ခွဲခြားစိတ်ဖြာလိုက်သည်။

"ဒါက ပျံ့နှံ့နေတာကို လူတွေအထိတ်တလန့်မဖြစ်အောင်ကာကွယ်ဖို့ ဒါမှမဟုတ် မူမမှန်မှုက လူတွေကိုပိုစုပ်ယူနိုင်အောင်လုပ်ဖို့လို့ ရှင်မထင်ဘူးလား "

ပုံမှန်အားဖြင့် ခြောက်ခြားဇာတ်လမ်းတစ်ခုသည် ထိုအဆင့်သို့ပျံ့နှံ့သွားသည်နှင့် လမ်းတစ်ခုလုံးအား ရှင်းလင်းပြီးသားဖြစ်သင့်သည်။ သို့သော်လည်း အဆောက်အဦးအေတစ်ခုတည်းသာ ချိတ်ပိတ်ထားလေသည်။

ထိုနေရာအား ကင်းလှည့်နေခြင်းပင်မရှိပေ။ မတော်တဆဖြစ်ရပ်တစ်ခုလုံးသည် သာမန်ပင်မဟုတ်ပေ။

"ဆိုတော့ ငါတို့ ဘာလုပ်သင့်တယ်လို့ တွေးထားလဲ "

ကောင်းမင်သည် ရွှမ်ဝမ်၏အမြင်အား ကြားချင်မိသည်။

"ကျွန်မသာ ဌာနအတွက်အလုပ်လုပ်တယ်ဆိုရင် ခြောက်ခြားဇာတ်လမ်းတွေကို အစာကျွေးတဲ့လူကိုရှာမယ် ၊ ဇာတ်လမ်းတွေကိုအစာကျွေးတာ ရပ်အောင် တကယ့်ဘဝမှာ သူ့ကိုသတ်ပစ်မယ် ၊ ပြီးရင် အကောင်းဆုံးလက်ရွေးစင်စုံစမ်းရေးမှူးတွေကိုရွေးချယ်ပြီး မူမမှန်ဖြစ်ရပ်ထဲဝင်မယ် ၊ အချက်အလက်တွေအားလုံးကိုစုဆောင်းပြီးရင် မူမမှန်မှုကို ထိန်းချုပ်ဖို့ အရင်းအမြစ်တွေအားလုံးစုဆောင်းမယ် "

ရွှမ်ဝမ်ကထပ်ပြောလိုက်သည်။

"ကျွန်မသာ ရှင်ဆိုရင် အကောင်းဆုံးနည်းလမ်းက လက်တွေ့ဘဝကို ပြောင်းလဲသွားတဲ့ဂိမ်းတွေမှာ လျှို့ဝှက်ဘော့စ်အပိုင်းပါတယ်ဆိုတဲ့ လျှို့ဝှက်သတင်းတွေကို ထုတ်ပြန်မှာပဲ ၊ ဂိမ်းကိုရှင်းလင်းနိုင်တဲ့လူက ထူးထူးခြားခြားဆုတစ်ခုရမယ် ၊ ပြီးတော့ ပုန်းကွယ်နေတဲ့အပိုင်းက ဒီအချိန်မှာ စီစွေ့လမ်းရဲ့ အဆောက်အဦးအေပဲ "

"မူမမှန်မှုကိုဖြိုခွဲဖို့ အခြားကစားသမားတွေရဲ့အကူအညီကိုရယူဖို့ဆိုတာ တကယ်ကောင်းတဲ့အိုင်ဒီယာပဲ ၊ ဒါပေမယ့်လည်း ဒီမူမမှန်ဖြစ်ရပ်က အရမ်းအန္တရာယ်များတယ်လေ ၊ ညအလင်းရောင်က လျှို့ဝှက်သေခြင်းတရားကတောင်မှ ဒီကိုလာမှာ မဟုတ်ဘူး "

ရွှမ်ဝမ်၏အကြံသည် ကောင်းမင်တွေးထားသည်ထက်ပိုကျယ်ပြန့်သည်။ သို့သော်ငြား လုပ်ရသည်ထက် ပြောရသည်က ပိုလွယ်ပေသည်။

"နောက်ဆုံးဖြေရှင်းချက်က ဒါကို ကျွန်မတို့အတွက်ကျွန်မတို့ကိုယ်တိုင် လုပ်ဖို့ပဲ "

ရွှမ်ဝမ်က အသံကိုနှိမ့်လိုက်သည်။

"ဒီမူမမှန်ဖြစ်ရပ်က လူတွေဘယ်လောက်များများစားသုံးပြီးပြီလဲဆိုတာ ဘယ်သူသိမှာလဲ ၊ အထဲမှာ သေချာပေါက် "ရတနာ‌"တွေရှိလိမ့်မယ် ၊ ကျွန်မတို့သာ သူတို့အားလုံးကို ယူလိုက်ရင် ဒီစွမ်းအားတွေကို ကျွန်မတို့ထိန်းချုပ်နိုင်ခွင့်ရသွားမှာပဲ "

"ငါတို့ နိုင်ဖို့ အခွင့်အရေးဘယ်လောက်ရှိလဲ "

"သုံးရာခိုင်နူန်း" ရွှမ်ဝမ်က လက်သုံးချောင်းထောင်ပြလိုက်သည်။

"ကျွန်မတို့မှာ အနိုင်ရဖို့ သုညနီးပါးပဲ ၊ သုံးရာခိုင်နူန်းက ကျွန်မတို့ အသက်ရှင်လွတ်မြောက်နိုင်ဖို့ကိုပြောတာ ၊ ဒါပေမယ့် ကျွန်မတို့ ရှင်သန်တာ ကြာလာတာနဲ့အမျှ နောက်တစ်ကြိမ်မှာ အနိုင်ရဖို့ မြင့်မားတဲ့အခွင့်အရေးတစ်ခုရလိမ့်မယ် "

"မင်းက အရမ်းဂရုစိုက်တတ်တာပဲ "

ကောင်းမင်က သူ့လက်ကို ဆုပ်လိုက်ပြီး အဆောက်အဦး အေနှင့်ဘီအား ဆက်သွယ်ထားသော ကော်ရစ်ဒါဆီသို့ လမ်းလျှောက်သွားလိုက်သည်။ အခြားအလွှာများရှိ ကော်ရစ်ဒါများသည် အင်္ဂတေဖြင့် ပိတ်ခံထားရသည်။ အလွှာငါးနှင့်အလွှာကိုးသာလျှင် တိတ်များဖြင့်ကာရံထားခြင်းဖြစ်သည်။ တိပ်များပေါ်တွင်ပင် ထူးဆန်းသောအဆောင်များ ကပ်ထားလေသည်။ တိတ်များမှတဆင့် ကြည့်လိုက်ရာ အဆောက်အဦးအေသည် ပိုမှောင်မိုက်နေပုံရသည်။

"အကာအရံနဲ့ဝေးဝေးနေ "

ရွှမ်ဝမ်က ကောင်းမင်၏ဘေးတွင်ရပ်လိုက်သည်။ ဝမ်ကျီက အနားတောင်မကပ်ချင်ပေ။

"အဲ့ဒါက ဆာလောင်တစ္ဆေပွဲတော်နဲ့ သိပ်မကွာလောက်ဘူး ၊ ဒါပေမယ့် ဒီဖြစ်ရပ်က ဖြစ်ပျက်ပြီးခဲ့ပြီ ၊ငါတို့က လူသားတွေရဲ့လောဘနဲ့ ရူးသွပ်မှုကို ကြီးကြီးမားမား နိမ့်ချတွေးခဲ့ကြတာပဲ "

ခြောက်ခြားမှုသည် ရူးသွယ်ဖွယ်အမြန်နူန်းဖြင့်ပျံ့နှံ့နေသည်။ ကောင်းမင်သည် အကာအရံကို ဆွဲကိုင်လိုက်သည်။ ထောင့်ဘက်ရှိအရိပ်သည် ဆွဲဆောင်ခံလိုက်ရသည် ။ ခြေသံများ ထွက်ပေါ်လာ၏။

"လူတစ်ယောက်ပြေးနေတာလား "

အသံသည် ပိုထင်ရှားလာ၏။ ကောင်းမင်တို့အုပ်စုသည် ကော်ရစ်ဒါအောက်သို့ ကြည့်လိုက်ကြသည်။ သေတ္တာများသည် တွန်းဖယ်ခြင်းခံလိုက်ရသည်။ ကြီးမားစွာဒဏ်ရာရနေသော စုံစမ်းရေးမှူးသည် ရူးသွပ်စွာပြေးလွှားနေခဲ့သည်။ ထူးဆန်းသောစာလုံးများက သူ့ခန္ဓာကိုယ်အားလှီးဖြတ်နေ၏။ သူသည် ဒဏ်ရာရနေသော်လည်း သူ့အမြန်နူန်းအပေါ်သက်ရောက်မှုမရှိချေ။ ကျိုးပဲ့နေသောအရိုးများသည် တစ်ခုနှင့်တစ်ခုဆက်နေကြသည်။

"ပိုင်ရှောင် ! "

ကောင်းမင်၏မျက်ဆံများက လှုပ်ခတ်သွားပြီး အကာအရံပေါ်သို့ ခုန်ကျော်လိုက်သည်။

"ဝင်ခဲ့ ! "

ဘိုင်ရှောင်သည် အသိစိတ်လွှတ်နေပုံရသည်။ သူသည် ကောင်းမင်ကို မမြင်ချေ။ လူတစ်ယောက်က သူ့နာမည်ခေါ်သည်ကို ကြားလိုက်သောအခါ သူသည် အနည်းငယ်နှေးကွေးသွားသည်။ ကောင်းမင်နှင့်ရွှမ်ဝမ်သည် ခြေသံများနောက်ပြေးလိုက်လိုက်ကြသည်။ သို့သော် သူတို့သည် အဆောက်အဦးအေထဲ ဝင်ရောက်သွားသောအခါ ခြေသံများက လုံးဝပျောက်ကွယ်သွား၏။

"ခုနက စုံစမ်းရေးမှူးကို မင်းမြင်လိုက်လား "

ကောင်းမက တီးတိုးမေးလိုက်သည်။

"မြင်တယ် ၊ သူက မူမမှန်မှူထဲမှာ ပိတ်မိနေတာပဲ "

ရွှမ်ဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ဒီလူက ခုထိ အသက်ရှင်နေတာ တော်တော်ပြင်းထန်တဲ့စိတ်ဓာတ်ရှိလို့ပဲ ၊ အာရုံတက်ချိန်မှာ သူလွတ်မြောက်အောင်လုပ်နိုင်ပေမယ့် ဒါက သာမန်မူမမှန်မဟုတ်တာပဲ "

"ဒီ ...ဒီလမ်း ! "

ဝမ်ကျီက ရုတ်တရက်အော်ဟစ်လိုက်သည်။ သူဘာမှ ထပ်မပြောနိုင်သေးခင် သူ့ဘေးရှိတံခါးက ပွင့်လာသည်။ ဒဏ်ရာရနေသော လက်တစ်ဖက်သည် သူ့အားအခန်းထဲသို့ဆွဲခေါ်သွားသည်။ တုန်လှုပ်ဖွယ်အော်ဟစ်သံသည် တံခါးနောက်မှ ထွက်ပေါ်လာ၏။

ကောင်းမင်နှင့်ရွှမ်ဝမ်တို့သည် အလျင်စလိုဖြစ်သွားကြသည်။ သွေးများက စိမ့်ထွက်လာသည်။ သူတို့က တံခါးကို ရိုက်ချိုးလိုက်ကြသည်။ ဝမ်ကျီသည် လုံးဝန်း၍ကြီးမားသော စားပွဲပေါ်တွင်ထိုင်နေ၏။ စားပွဲပေါ်တွင် ပန်းကန်ခွက်ယောက်ရှစ်စုံကို ပြင်ဆင်ထားသည်။ ပန်ကန်းရှစ်လုံးသည် အေးစက်သော ထမင်းများဖြည့်ထားသည်။ သစ်သားတူများကို ထမင်းခွက်၏အလယ်တွင် ထောင်မတ်စွာထိုးစိုက်ထား၏။

"ဝမ်ကျီ ၊ အဲ့ဒီနေရာက ဆင်းခဲ့ ! "

ရွှမ်ဝမ်က လက်ဝေ့ရမ်းလိုက်သော်လည်း ဝမ်ကျီက မတုန့်ပြန်ခဲ့ပေ။ စက္ကန့်များစွာကြာပြီးနောက် ဝမ်ကျီက သူ့ခေါင်းကို ဖြည်းညင်းစွာမော့လိုက်သည်။ သူ၏လှပသောမျက်လုံးများသည်မှုန်မှိုင်းနေပြီး ပြုံးနေခဲ့သည်။ ရုတ်တရက် သူသည် စားပွဲပေါ်ရှိ ထမင်းပန်ကန်အားဆွဲယူလိုက်ပြီး သူ့ပါးစပ်ထဲ ထမင်းများကို ထိုးထည့်လိုက်သည်။

ပထမတွင် အဖြူရောင်ဖြစ်နေသော ထမင်းသည် အနီရောင်အဖြစ် ဖြည်းညင်းစွာပြောင်းလဲသွားသွားသည်။ ဝမ်ကျီ၏ ပါးစပ်သည် သွေးထွက်နေသည်နှင့်တူနေပေသည်။

All Chapters