ကောင်းခြင်းဆိုးခြင်း
Vol. 3 Ch. 40
"အဲ့ဒါတွေကို မစားနဲ့! အဲ့ဒါတွေက လူတွေအသားတွေ ! "
ကောင်းမင်က ဝမ်ကျီဆီပြေးသွားလိုက်သော်လည်း ရွှမ်ဝယ်ကသူ့အား နောက်ပြန်ဆွဲထားလိုက်သည်။
ဝမ်ကျီသည် သူ့ခန္ဓာကိုယ်အား ဖြည်းညင်းစွာရွေ့လျားလိုက်သည်။ သူ့မျက်နှာသည် အတူတကွ ရှုံ့မဲ့နေ၏။ သူလည်ပင်းသည်လည်း တရွရွတွန့်လိမ်နေပြီး သူ့ပါးစပ်မှ သွေးစွန်းနေသောထမင်းများ ဖိတ်ကျနေသည်။
"မင်း...."
ဝမ်ကျီ၏ အမူအရာသည် ပြောင်းလဲသွား၏။ ပြတင်းပေါက်ရှိခန်းဆီးသည် တဖျတ်ဖျတ်လွှင့်ပျံသွားသည်။ ပိုက်ဆံစက္ကူများသည် နေရာအနှံ့ပျံ့ကြဲသွားသည်။ နံရံနှင့်မျက်နှာကျက်များသည် အက်ကွဲသွားကြသည်။ အက်ကွဲကြောင်းများကြားထဲမှ ပိုးကောင်များတွားသွားထွက်လာကြပုံပေါ်သည်။
ဝမ်ကျီသည် လူအိုကြီးတစ်ဦးငိုကြွေးနေသကဲ့သို့ စကားပြောလိုက်သည်။
"အရှေ့မှာကျား ၊ အနောက်မှာ ဝံပုလွေ ၊ ကောင်းကင်က မတုန့်ပြန်ဘူး ၊ မြေပြင်က ပြန်မဖြေဘူး ...."
အခန်းထဲမှ တစ်စုံတစ်ရာသည် ဝမ်ကျီမှတဆင့် ကောင်းမင်နှင့်ရွှမ်ဝမ်ကို တစ်ခုခုပြောပြချင်နေသည်။
"သရဲတွေက လူတွေကိုစားတယ် ၊ လူတွေက အသားကိုစားတယ် ၊ အသားက သရဲတွေစားတယ် "
သွေးများသည် ဝမ်ကျီ၏ပါးစပ်မှ စီးကျနေ၏။ သူ့နူတ်ခမ်းတစ်စုံသည် အက်ကွဲနေခဲ့သော်လည်း မသဲမကွဲရေရွက်နေဆဲဖြစ်သည်။ စားပွဲဝိုင်းကြီးသည် လှုပ်ယမ်းသွားသည်။ ပန်းကန်လုံးများ ကျကွဲကုန်သည်။
"မင်းစားရမယ် ၊ ဒါမှ မင်းရှင်သန်လိမ့်မယ် ...."
ထို့နောက် ဝမ်ကျီသည် ကြမ်းပြင်ပေါ်လဲကျသွားသည်။ ကောင်းမင်က သူ့အားကူညီရန် အလျင်လိုသွားသည်။
တစ်ချိန်တည်းမှာပင် ရွှမ်ဝမ်သည် အတွင်းခန်းတံခါးကို ဖွင့်လိုက်သည်။ အိပ်ခန်းအား အမှတ်ရစရာများဖြင့်သာ ဆင်ယင်ထားသည်။ စားပွဲပေါ်တွင် မညီမညာစီထားသော ကဗ္ဗည်းတိုင်များနှင့် လူသေဓာတ်ပုံရှစ်ခုရှိနေလေသည်။ ဓာတ်ပုံများထဲတွင် သူတို့၏မျက်လုံးများသည် ထမင်းစားခန်းထဲရှိ စားပွဲဝိုင်းအားကြည့်နေကြသကဲ့သို့ ပြူးကျယ်နေကြသည်။
"သူတို့က ဒီနေရာက ပထမဆုံးအမှုမှာ သေဆုံးခဲ့တဲ့နစ်နာသူတွေပဲ ၊ အမွှေးတိုင်တွေ လောင်ကျွမ်းနေတုန်းရှိသေးတယ် ၊ တစ်စုံတစ်ယောက်က ဒါတွေကို ထွန်းထားတာလား "
သူတို့သည် ရုန်းရင်းဆန်ခတ်တစ်ချို့ပြုလုပ်ခဲ့ကြသည်။ ကောင်းမင်က ၎င်းသည် အားလုံး၏အာရုံစိုက်မှုခံရမည်စိုးသောကြောင့် ဝမ်ကျီအားပွေ့ချီလိုက်ပြီး ထွက်လာခဲ့၏။ ကောင်းမင်သည် အရှေ့တံခါးကို တွန်းဖွင့်လိုက်ရာ သတ္တုတံခါးသည် တစ်စုံတစ်ယောက်အား ဆောင့်မိသွားသည်။
"နေဦး! " ဆောင်းတွင်းဝတ်ကုတ်အင်္ကျီကို ဝတ်ထားသော အန်ကယ်ဝူသည် သူ့နဖူးကိုပွတ်သပ်လျက်ပေါ်လာ၏။ သူ့ကုတ်အင်္ကျီထဲမှ အဆောင်အပိုင်းအစများလည်း ပြုတ်ကျနေသည်။
"ခင်ဗျား ဘာလို့ဒီရောက်နေတာလဲ "
"ငါတို့မှာ စကားပြောဖို့ အချိန်မရှိဘူး ၊ သွားကြစို့ "
အန်ကယ်ဝူသည် ပြုတ်ကျနေသော အဆောင်များကိုပင်မကောက်ချေ။ သူသည် ကောင်းမင်တို့အုပ်စုအား ငါးလွှာသို့ခေါ်သွား၏။ သူတို့သည် အကာအရံအဟကြားမှတဆင့်တိုးဝင်လိုက်ပြီး အဆောက်အဦး ဘီသို့ ပြန်ရောက်လာကြသည်။
"မင်းတို့တွေက တော်တော်သတ္တိရှိတာပဲ "
ကောင်းမင်သည် အန်ကယ်ဝူ၏ဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။
"သေဆုံးသူရှစ်ယောက်အတွက် အမွှေးတိုင်တွေကို မီးထွန်းခဲ့တဲ့သူက ခင်ဗျားလား ၊ ခင်ဗျားက သူတို့နဲ့ ဘယ်လိုဆက်နွယ်နေတာလဲ "
"မင်း ငါ့အဆောင်တွေကို ဝယ်ရင် ပြောပြမယ် "
အန်ကယ်ဝူက အသက်မြန်မြန်ရှူလိုက်သည်။
"ငါ့ကို ယုံလိုက်"
"အရင်ဆုံး ကျွန်တော့်ကို အကြွေးထားလိုက် ၊ ကျွန်တော့်လစာရင် ခင်ဗျားကို ငွေပေးမယ် "
ကောင်းမင်သည် အန်ကယ်ဝူဆီမှ အဆောင်သုံးခုကို ချေးလိုက်သည်။ အဆောင်များကို တြိဂံပုံသဏ္ဍာန်ခေါက်ချိုးထားပြီး အနီရောင်ချည်မျှင်များဖြင့် သီထား၏။ အဆောင်ထဲတွင် စုတ်ပြဲနေသည့် ပုံများရှိနေသည်။
"မင်း ဒါကို မှတ်ထားရမယ် "
အန်ကယ်ဝူက သူ့ကုတ်အင်္ကျီကို ဖုန်ခါလိုက်ပြီး မြေကြီးပေါ်မှ ကုန်းထလိုက်သည်။
"ငါက အဆောက်အဦးအေမှာ လုံခြုံရေးသမားဖြစ်ခဲ့တယ် ၊ အမှုက ငါဂျူတီကျတဲ့ညမှာ ဖြစ်ပွားခဲ့တာပဲ "
"ခင်ဗျား ဘာမြင်ခဲ့တာလဲ "
"အဲ့ဒီအမှုမဖြစ်ခင်ကတည်းကတောင်မှ အဆောက်အဦးအေမှာ ကြောက်စရာကောလဟလတွေ အများကြီးရှိခဲ့တယ် ၊ ဒါကြောင့်မို့ အိမ်ငှားတွေက သူတို့ရဲ့အိမ်တွေထဲမှာ အဆောင်တွေကပ်ထားကြတယ် "
အန်ကယ်ဝူက ကောင်းမင်ဆီမှ စီးကရက်တစ်လိပ်တောင်းလိုက်သည်။
"စီစွေ့အိမ်ရာမှာ နေဖို့ အပြင်ကလူတွေအများကြီးလာကြတယ် ၊ လူတိုင်းက မတူညီတဲ့နတ်ဘုရားတွေကို ကိုးကွယ်ယုံကြည်ကြတယ် ၊ အိမ်ငှားအများစုက ဒါကို စိတ်ပိုင်းဆိုင်ရာအကြောင်းပြချက်အတွက်နဲ့ ယုံကြည်ကြတာ ၊ ဒါပေမယ့် တစ်ချို့တွေကျ အရမ်းကိုလမ်းလွှဲသွားကြတာ "
အန်ကယ်ဝူသည် စီးကရက်ပြာများကို သူ့ကုတ်အင်္ကျီပေါ်ကျသည်အား ခွင့်ပြုထားသည်။
"သူတို့က သူတို့ရဲ့နာကျင်မှုတွေနဲ့ ကံဆိုးမှုတွေအတွက် သူတို့ရဲ့နတ်ဘုရားတွေဆီကို အသနားခံကြတယ် ၊ သူတို့က အရမ်းအစွန်းရောက်လာကြတယ်လေ "
"တစ်ယောက်ယောက်က ဒီအမှုကို ဇာတ်တိုက်ထားသလိုလုပ်ခဲ့တာလား "
"ဟုတ်တယ် " အန်ကယ်ဝူက တံတွေးမြိုချလိုက်သည်။
"မင်းတို့ သားစားကြူးနတ်ကို ကြားဖူးသလား "
ကောင်းမင်၏အကြည့်သည် လျင်လျင်မြန်မြန်ကျဉ်းမြောင်းသွားသော်လည်း သူ့ခေါင်းကိုသာခါယမ်းနေဆဲဖြစ်သည်။
"မင်း မကြားဖူးတာကောင်းတယ် ၊ မင်း အပြင်ဘက်က ကြားလာသမျှကို ဘာမှ မယုံနဲ့ "
အန်ကယ်ဝူ မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
"အဆောက်အဦးအေမှာ သရဲကောင်းနဲ့ သရဲဆိုး ဆိုပြီး နှစ်မျိုးရှိတယ် ၊ ငါမင်းကို ပေးခဲ့တဲ့အဆောင်တွေက သရဲကောင်းနဲ့ သရဲဆိုးကို ခွဲခြားလို့ရအောင် ကူညီပေးနိုင်တယ် "
"ဘယ်လိုမျိုးလဲ "
"မင်း သရဲတစ်ကောင်နဲ့ ကြုံရရင် အဆောင်ကို ထုတ်ပြလိုက် ၊ သရဲကောင်းက မင်းကို လွတ်ပေးလိမ့်မယ် ၊ သရဲဆိုးဆိုရင်တော့ မင်းနောက်လိုက်လာလိမ့်မယ် "
အန်ကယ်ဝူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ငါမင်းကို အများကြီးပြောပြီးပြီ ၊ မင်း ပိုက်ဆံရရင်သာ ငါ့ကိုပေး "
"အစောပိုင်း ကျွန်တော်တို့အပြင်မှာ ရှိတုန်းက ခင်ဗျားပြောခဲ့တာက ကျွန်တော်တို့ ဒီညသေမှာတဲ့ ၊ ခင်ဗျား ဘာမြင်ခဲ့လို့လဲ "
"မင်းလိုမျိုး အနက်ရောင်ဗန်ကားထဲက ရောက်လာတဲ့လူတွေက ညတုန်းက ပျောက်သွားကြတယ်လေ ၊ အဲ့တာကြောင့် ငါအဲ့လိုပြောခဲ့တာပဲ "
အန်ကယ်ဝူသည် ရူးနေပုံရသော်လည်း သူသည်အမှန်တကယ် တော်၏။
"အနက်ရောင်ဗန်ကားတွေက စုံစမ်းစစ်ဆေးဌာနက အထူးယာဉ်တွေပဲ ၊ ခင်ဗျား တခြားစုံစမ်းရေးမှူးတွေကို မြင်မိသေးလား "
ကောင်းမင်က အန်ကယ်ဝူထံမှ အချက်အလက်များ ပိုရချင်နေသည်။
"မစိုးရိမ်ပါနဲ့ ၊ ဌာနမှာ မတူညီတဲ့ဌာနခွဲတွေအများကြီး ရှိတယ် ၊ ကျွန်တော်က အရင်ကလာခဲ့လူတွေနဲ့ အတူတူမဟုတ်ပါဘူး "
"ငါဒါကို ပြောသင့်လား မပြောသင့်လား မသိဘူး "
အန်ကယ်ဝူသည် အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက်
"အမှုဖြစ်ပြီးတော့ မင်းတို့စုံစမ်းရေးမှူးတွေက မူမမှန်မှုကိုမတားဆီးခဲ့ပေမယ့် အဆောက်အဦးအေထဲကို ပစ္စည်းတွေ ရွေ့နေခဲ့ကြတာ ၊ ငါသံသယရှိတာက...လူတစ်ယောက်က ဒီနေရာက သရဲတွေကို အစာကျွေးဖို့ ရွေးချယ်ခဲ့တယ် "
ကောင်းမင်၏လက်ကောက်ဝက်မှ အနက်ရောင်ထုတ်လွှင့်စက်တုန်ခါသံ ထွက်ပေါ်လာသည်။
ကောင်းမင်က ထုတ်လွှင့်စက်ကို ဖွင့်လိုက်သည်။ သူသည် ဟန်ဟိုင်းဌာနချုပ်မှ စစ်ဆင်ရေးတစ်ခုကိုလက်ခံရရှိခဲ့သည်။ ညဆယ်နာရီတွင် အဆင့်၃ မူမမှန်မှုအား အတွေ့အကြံရှိသော စုံစမ်းရေးမှူးများအားလုံး ရီပို့တင်ရင် မေးမြန်းရမည်ဖြစ်သည်။ ဌာနသည် မူမမှန်မှုအား ရပ်တန့်ရန် အရာအားလုံးလုပ်ဆောင်ရန် အဆင့်သင့်ဖြစ်နေ၏။
"လူတိုင်းက ဒီညလောင်းကြေးတင်လိုက်ကြပြီပဲ "
မကြာသေးမှီက ဌာနသို့ရောက်လာသည့် ကောင်းမင်ပင် အမိန့်တစ်ခုရထားသည်။ ထိုအရာသည် အခြေအနေမည်မျှဆိုးဝါးနေသည်ကို ပြသနေသည်။ သို့သော်လည်း မူမမှန်မှကို မဖြေရှင်းနိုင်ပါက စီစွေ့လမ်း၏ ခြောက်ခြားမှုသည် ပိုမိုပြင်းထန်လာလိမ့်မည်ဖြစ်သည်။
"ငါတို့ အရင်ဆုံး ထွက်သွားသင့်တယ် "
လမ်းအပြင်ဘက်တွင် ရဲကားများဖြတ်သွားကြသည်။ ယခုည စစ်ဆင်ရေးအတွက် ဌာနသည် အနီးအနားဧရိယာများအား ပိတ်ချရန် ပြင်ဆင်နေ၏။
ကောင်းမင်သည် ချူးစီစီနှင့်ယန်ဟွာတို့အား ပြန်ဆုံတွေ့ရန် ခေါက်ဆွဲဆိုင်သို့ သွားလိုက်သည်။ ကောင်းမင်က သူတို့အား အိမ်ရာရှိအခြေအနေကို ဝေမျှလိုက်သည်။
"ငါတို့က ဒီမူမမမှန်မှုကို အနည်းဆုံး အဆင့် ၄ လို့ အတည်ပြုနိုင်တယ် ၊ ပြီးတော့ ဒါက သာမန်အဆင့် ၄ မဟုတ်ဘူး ၊ အဲ့ဒီမှာ သရဲတွေအများကြီးရှိတယ် "
ကောင်းမင်က သိပ်မသေချာပေ။
"နောက်ဆုံးအကြိမ်တုန်းက အဆင့် ၃ မူမမှန်ဖြစ်ရပ်မှာ ငါအသက်ရှင်ခဲ့တယ် ၊ ဘာကြောင့်လဲဆိုတော့ မူမမှန်ဖြစ်ရပ်ထဲက သရဲက ငါကို လုံးဝဆန့်ကျင်နေတာမဟုတ်လို့ပဲ ၊ ဒါပေမယ့် ဒီတစ်ခေါက်တော့ အားလုံးကို အသက်ရှင်ရက် ပြန်ခေါ်လာနိုင်မယ်လို့ ငါ ကတိမပေးရဲဘူး "
ကောင်းမင် လူတိုင်းကို ကြည့်ပြီး ပြောလိုက်သည်။
"မင်းတို့ စဉ်းစားပြီးရင် ဒီမေးခွန်းကို ဖြေပေးပါ "
"ကောင်းပြီလေ "
ရွှမ်ဝမ်သည် ကောင်းမင်က ဘာမေးချင်ကို သိနေပြီး သူမတွင် အဖြေတစ်ခုရှိပြီးသားဖြစ်သည်။
"ဒီမူမမှန်ဖြစ်ရပ်မှာ ငါတို့ရဲ့ သေဆုံးမှုနူန်းက ၉၀ ရာခိုင်နူန်းအထက်ရှိတယ် ၊ ငါနဲ့လိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင်
နေခဲ့ပါ ၊ ဆန္ဒမရှိရင်လည်း ဌာနကို ပြန်သွားလို့ရတယ် ၊ ငါဘယ်သူ့ကိုမှ ဖိအားပေးမှာ မဟုတ်ဘူး "
ကောင်းမင်က ထိုစကားကိုပြောပြီးနောက် စိတ်သက်သာရာ ရသွားသည်။
"ကျွန်မ နေခဲ့မယ် " အားလုံးရဲ့ အံ့အားသင့်မှုကား ချူးစီစီက ပထမဆုံးပြောလာသောကြောင့်ဖြစ်သည်။
"ဒါက ကျွန်မရဲ့အလုပ်ပဲ "
ရွှမ်ဝမ်က ကောင်းမင်နှင့်ချူးစီစီကြားကို ကြည့်လိုက်သည်။
"ကျွန်မလည်း နေခဲ့မယ် ၊ ရှင်တို့နှစ်ယောက်ကို ကျွန်မစောင့်ကြည့်နေဖို့လိုတယ် "
"အချိန်ဖြုန်းမနေနဲ့ ၊ ခင်ဗျားတို့ ဒီညဘယ်အချိန်လုပ်မှာလဲ "
ယန်ဟွာက မျက်မှောင်ကြုံ့နေသည်။ သူသည် ထွက်သွားရန်ပင် မဆုံးဖြတ်ရသေးချေ။
"မင်းတို့ တကယ်ကြီး ဒီလိုဆုံးဖြတ်လိုက်ပြီလား "
ကောင်းမင်သည် သရဲများကို ဖြေရှင်းရန် မည်သည်ကိရိယာမျှမရှိပေ။ ထိုအရာကို လုပ်နေခြင်းသည် သေခြင်းတရားကို ရှာဖွေနေသည်နှင့်မခြားပေ။
"ကျွန်တော်လည်း သွားမယ် "
ဝမ်ကျီက ကောင်းမင်၏လက်ကောက်ဝက်ကို ကိုင်လိုက်သည်။
"လူရှစ်ယောက်က ကျွန်တော့်ကို စောင့်နေကြတယ် "
တစ်ဦးမှ ထွက်မသွားကြချေ။ ကောင်းမင်က ဆုံးဖြတ်လိုက်သည်။
"ဟုတ်ပြီ ၊ နေဝင်တဲ့အချိန်ကျရင် ဌာနကို ရှောင်ပြီး ဘေးဘက်ကနေ ဝင်ကြမယ် "
သူတို့သည် စီစွေ့လမ်းအိမ်ရာနဲ့ပတ်သက်၍ အရာအားလုံး သိရှိရန်နှင့် သရဲခြောက်သောအခန်းများ၏တည်နေရာများကို မှတ်သားရန် အချိန်ယူလိုက်ကြရသည်။ ရက်များစွာကြာအောင် တဟူးဟူးတိုက်ခတ်နေသော မုန်တိုင်းသည် နောက်ဆုံးတွင် ရပ်တန့်သွားသည်။ သို့သော် မိုးတိမ်မည်းများက ဆက်ရှိနေဆဲဖြစ်သည်။
စီစွေ့လမ်းအား အပြည့်အဝပိတ်ချထားပြီဖြစ်သည်။ အနက်ရောင်ယူနီဖောင်းများဖြင့်စုံစမ်းရေးမှူးများသည် ပတ်ဝန်းကျင်တွင်ပြေးလွှားနေကြသည်။ လက်ရွေးစင်စုံစမ်းရေးမှူးအများစုကို ဤနေရာသို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။
သာမန်လူအများစုသည် မုန်တိုင်းပြီးသွားသောကြောင့် သက်ပြင်းချလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် စုံစမ်းရေးမှူးများသည် အရိပ်များထဲတွင်ပုန်းအောင်း၍ စီစွေ့လမ်းအိမ်ရာဆီသို့ စတင်ချဉ်းကပ်လာကြသည်။