အန်တီဖန်း
Vol. 3 Ch. 41
ညဆယ်နာရီတွင်
စုံစမ်းရေးမှူးများသည် အိမ်ရာဘက်လေးဘက်လေးတန်တွင် မတ်တပ်ရပ်နေကြသည်။ လမ်းတစ်ခုလုံးအား ပိတ်ဆို့ထားပြီးဖြစ်သည်။ လေထုသည် မွန်းကြပ်နေ၏။ တိုက်ပွဲခေါ်သံနှင့် ကြိုတင်ပြင်ဆင်မှုများ မရှိပေ။ ရွေးချယ်ခံထားရသည့် စုံစမ်းရေးမှူးများသည် ကြံ့ခိုင်သောစိတ်ဓာတ်ဖြင့် ဖြေးညင်းစွာ တိတ်တဆိတ်ရွေ့လျားနေကြသည်။
အရေအတွက်များသည် မူမမှန်မှုကိုဖြေရှင်းရန် အဓိပ္ပါယ်မရှိချေ။ အရိပ်ကမ္ဘာထဲမှ သရဲများသည် သင်၏အသင်းဖော်နေရာတွင် အစားဝင်နေနိုင်သည်။ လူသစ်များသည် ဝန်ထုပ်ဝန်ပိုးသာဖြစ်စေမည်ဖြစ်သောကြောင့် ဌာနသည် လက်ရွေးစင်ချည်းသီးသန့်သာ စေလွှတ်ခြင်းဖြစ်သည်။
အဓိကအဖွဲ့ဝင်များသည် အရင်က အဆင့်၄ မူမမှန်မှုအား အတွေ့အကြုံရှိကြသည်။ သူတို့သည် သီးခြားအဖွဲ့များဖြစ်နေသည်။ အပြစ်ကင်းသောလူများသည် သူတို့၏ဂုဏ်သရေကို ထိန်းသိမ်းကြမည်ဖြစ်သောကြောင့် သူတို့သည်သေဆုံးရန် အဆင်သင့်ဖြစ်နေကြ၏။ သူတို့၏အတိတ်များကိုမေ့ထားပြီး ယခုအချိန်တွင် စုံစမ်းရေးမှူးများသည် လူသားတို့၏အကြောက်အရွံ့ကင်းမဲ့မှုကို ပြသနေကြသည်။ လူပုံရိပ်များသည် အိမ်ရာထဲတွင် ပျောက်ကွယ်သွားကြသည်။ စက္ကန့်များစွာကြာပြီးနောက် ဆွဲဆွဲငင်ငင်အူသံတစ်ခုထွက်ပေါ်လာသည်။ အရိပ်သည် အိမ်ရာပတ်ဝန်းကျင်အား ပျံ့နှံ့သွားသည်။ မူမမှန်မှုသည် အစပျိုးခဲ့ပြီးဖြစ်လေသည်။
ညမတိုင်ခင်နှင့် နှိုငးယှဉ်ပါက မူမမှန်မှုသည် ယခုအချိန်တွင် အနည်းဆုံးသုံးဆပိုကြီးမားသည်။ လမ်းအား စည်းချနေသော ထောက်ပို့အလုပ်သမားပင်လျှင် မူမမှန်မှုထဲ ဆွဲထည့်ခံလိုက်ရသည်!။
အဆောက်အဦး စီတွင် ပုန်းအောင်းနေသော ကောင်းမင်သည် သူ၏ညာဘက်မျက်လုံးက ရူးသွပ်စွာလှုပ်ရှားသွားကြောင်းသိလိုက်ရသည်။ သူ၏အုပ်စုသည် တိုက်ရိုက်ပင် ဝါးမြိုခြင်းခံလိုက်ရသည်။ သူတို့သည် တုန့်ပြန်ရန် အချိန်မရခဲ့ပါ။
အနက်ရောင်ထုတ်လွှင့်စက်ရှိ အနီရောင်မီးသီးကရုတ်ချည်းလင်းလာ၏။ ဆက်သွယ်ရေးများ ဖြတ်တောက်ခံလိုက်ရသည်။ ကော်ရစ်ဒါတွင်ရှိသော အလင်းရောင်များလည်း ခုန်ထွက်ပျောက်ကွယ်သွားသည်။ တံခါးများသည် ဟထားသော မေးရိုးကြီးများဖြင့်တူနေတော့သည်။
"ဘာဖြစ်လို့လဲ "
ရွှမ်ဝမ်က သက်ပြင်းချလိုက်သည်။ သူမသည် ကော်ရစ်ဒါနံရံကို ထိတွေ့လိုက်သည်။ သူမ၏မျက်နှာကား ဖြူရော်နေလေသည်။
"ကျွန်မယူဆတာက အရင်တစ်ခေါက်လို ကျွန်မကန်ထုတ်ခံရမယ် ထင်နေတာ ဒါပေမယ့် ဒီခြောက်ခြားခန်းက ကျွန်မကိုပါ ပစ်မှတ်ထားနေခဲ့တာပဲ ၊ အရိပ်နဲ့ထိတွေ့သွားရုံနဲ့ ကျွန်မအထဲရောက်နေတော့တာပဲ ! "
ရွှမ်ဝမ်သည် ခြောက်ခြားမှုကို အမဲလိုက်ချင်သော်လည်း ယခုအခါသူမသည် သားကောင်ဖြစ်နေချေပြီ။
"ဒီခံစားချက်က ထူးဆန်းတယ် ၊ တစ်ခုခုက ကျွန်တော့ကို ခေါ်နေသလိုပဲ "
ယန်ဟွာသည် ဂျာကင်ကို ချွတ်လိုက်ပြီး လက်မောင်းများကို ဖွင့်ထားလိုက်သည်။ သူသည် အရိပ်များက သူ့အပေါ်တွားတက်လာသည်အား ခွင့်ပြုထားသည်။
'ဒါက အရမ်းကောင်းတယ်၊ ငါဒီလို လွပ်လတ်တာမျိုး မခံစားဖူးဘူး ၊ ငါဒီနေရာမှာ အကြာကြီးနေခဲ့ရသလိုပဲ '
ဝမ်ကျီသည် ပိုပြီး တစ်သီးတစ်သန့်ပြုမူလာသည်။ သူသည် ကောင်းမင်၏ဘေးတွင် ရပ်လိုက်ပြီး အန်ကယ်ဝူပေးထားသော အဆောင်များကို ကိုင်ထားလိုက်သည်။ သူ့လည်ပင်းနောက်ကျောသည် ချွေးပြန်နေ၏။
ကောင်းမင်က သူ့နားများကို စွင့်ထားလိုက်သည်။
"ဘာကြောင့်....နံရံထဲတွေထဲမှာ နှလုံးခုန်သံရှိနေရတာလဲ "
သူသည် သူ့အရှေ့မှ အခန်းတံခါးကို ဖွင့်လိုက်သည်။ နေရာသည်ပုံမှန်ဖြစ်သော်လည်း အခန်းတွင်ရပ်နေသောအခါ သူသည် ထူးဆန်းသောနှလုံးခုန်သံကို ကြားနေနိုင်၏။ ကောင်းမင်၏ နှလုံးသည် ထူးဆန်းသောနှလုံးခုန်သံ၏အရှိန်နှင့်ယှဉ်၍ ပိုမိုမြန်ဆန်လာသည်။
"သွားကြစို့ ၊ အဆောက်အဦး ဘီကိုသွားကြမယ် ၊ ဒါကြီးက ဧရာမခြောက်ခြားခန်းကြီးပဲ ၊ ကျွန်မတို့ရဲ့ အရင်က အတွေ့အကြုံတွေက ဒီနေရာမှာ အသုံးမဝင်ဘူး "
ရွှမ်ဝမ်သည် အရှေ့သို့ ဆက်လျှောက်သွားသည်။ သူမသည် အားနည်းနေပုံရသော်လည်း သူမ၏မျက်လုံးများသည် ရဲရဲနီနေ၏။
ရွှမ်ဝမ်နှင့်ယန်ဟွာသည် အဆောက်အဦးဘီသို့ ပထမဆုံးရောက်သွားကြသည်။ ကောင်းမင်၏ ကြောက်ရွံ့မှုမှာ သူတို့သည် ကောင်းမင်ထံမှ ဖြည်းညင်းစွာ အဝေးသို့ဆွဲခေါ်ခံသွားရသကဲ့သို့ သွားနေခြင်းအား မရပ်တန့်ကြခြင်းဖြစ်သည်။ သူတို့သည် ကောင်းမင်နှင့်ချူးစီစီကား သူတို့နောက်တွင်ကျန်ခဲ့သေးကြောင်း သဘောပေါက်ပုံ မရကြပေ။ သူတို့သည် သူတို့နားရှိလေထုနဲ့စကားပြောနေပုံရပြီး ရုတ်တရက်မြန်ဆန်စွာရွေ့လျားသွားကြသည်။
"ရွှမ်ဝမ် ! "
ကောင်းမင်က သူမကို လှမ်းခေါ်လိုက်သည်။ ရွှမ်ဝမ်သည် တစ်ခုခုကို ကြားပုံရသည်။ သူမသည် စိတ်ရှုပ်ထွေးစွာဖြင့်လှည့်ကြည့်လိုက်သော်လည်း ကောင်းမင်အားမြင်ရဟန်မတူပေ။ မကြာမှီပင် အရိပ်များဖုံးလွှမ်းသွားတော့သည်။
ကောင်းမင်သည် ချူးစီစီ၏လက်အားဆုပ်ကိုင်၍ ကော်ရစ်ဒါအလယ်တွင် မတ်တပ်ရပ်နေသည်။ သူတို့သည် နောက်ပြန်လှည့်လိုက်သောအခါ ဝမ်ကျီလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ့နေရာတွင် ပျက်စီးနေသော အဆောင်တစ်ခုသာရှိသည်။ အရင်က အန်ကယ်ဝူသည် ကောင်းမင်အား အဆောင်သုံးခုပေးခဲ့သည်။ ကောင်းမင် ၊ ချူးစီစီနှင့် ဝမ်ကျီတို့တွင် တစ်ခုစီရှိသည်။ အသင်းဖော်သုံးယောက်သည် ပျော်ကွယ်သွားကြပြီဖြစ်သည်။ သူတို့သည် ကောင်းမင်နှင့်မတူညီသော နေရာများသို့ ရောက်သွားဟန်ရသည်။
"ဘာဖြစ်နေတာလဲ " ချူးစီစီသည် သူမ၏ပုဆိန်အားကိုင်ထားသည်။ သူမသည် ထိုအချင်းအရာအား မမျှော်လင့်ထားခဲ့ပေ။ သုံးမိနစ်ပင်မကြာသေးသော်လည်း သူမ၏အသင်းဖော်သုံးယောက်ကား ပျောက်ကွယ်သွားပြီဖြစ်သည်။
"အခု ငါတို့ နောက်ဆုတ်လို့မရတော့ဘူး "
ကောင်းမင်က သူမအားနှစ်သိမ့်လိုက်သည်။
"ဆက်သွားကြမယ် ၊ မကြောက်နဲ့ "
အဆောက်အဦးဘီ၏ ငါးလွှာကော်ရစ်ဒါတွင် ကြီးမားသည့်အနီရောင်မီးအိမ်နှစ်ခု ချိတ်ဆွဲထားသည်။ ၎င်းအား လက်ထပ်ပွဲအတွက် လက်ရေးစာသားနှင့်အတူ အလှဆင်ထားခြင်းဖြစ်သည်။ မှိန်ပျသောမီးနီရောင်သည် အရိပ်များကို အဝေးသို့မောင်းထုတ်နေ၏။ ထိုနေရာသည် သိပ်ကြောက်စရာမကောင်းပေ။
"ဒါက...လွန်ခဲ့တဲ့နှစ်တွေက အဆောက်အဦးဘီရဲ့ပုံစံဖြစ်မယ်ထင်တယ် "
ကောင်းမင်သည် မနက်က ဤနေရာသို့ ရောက်ခဲ့လေသည်။ နေရာသည် ညစ်ပတ်ပြီး နံရံများသည်လည်း အက်ကွဲနေပေသည်။ သို့သော် ယခုအချိန်ကား နံရံများသည် ဖြူဆွတ်နေပြီး ကော်ရစ်ဒါများက သန့်ရှင်းနေကြသည်။
"အဆောက်အဦးမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က အသံစနစ်နဲ့ မီးတွေကို အသုံးပြုခဲ့တာ ၊ တံခါးတွေလည်း သံချေးမတက်သေးဘူး "
ပျက်စီးနေသည့် ဓာတ်လှေကားအိုကြီးသည် ကောင်းမွန်နေ၏။ တကျွိကျွိမြည်သံသည် ကော်ရစ်ဒါအောက်ဘက်မှ ထွက်ပေါ်လာသည်။ စတီးသံတိုင်များသည် ဆွဲဖွင့်ခံလိုက်ရပြီး ဗိုက်ပူပူဖြင့်ခပ်ဝဝအမျိုးသမီးတစ်ယောက်သည် ယက်ကန်ယက်ကန်ထွက်လာ၏။ သူမသည် ဘယ်ဘက်လက်ဖြင့် ဟင်းသီးဟင်းရွက်အပုတ်များထည့်ထားသောခြင်းတောင်းကို ကိုင်ထားပြီး ညာဘက်လက်တွင် အဝတ်စုတ်များသယ်လာ၏။
"အန်တီဖန်းလား "
ကောင်းမင်သည် ထိုအမျိုးသမီးအား ကောင်းစွာမှတ်မိသည်။ သူသည် ဤမနက်ကပင် ထိုအမျိုးသမီးနှင့်ခေါက်ဆွဲဆိုင်တွင်ဆုံခဲ့ရပြီး သူမအိမ်ကိုပင် သွားလိုက်သေးသည်။ သို့သော်လည်း မနက်ကနှင့်ယှဉ်လျှင် ထိုအန်တီ၏ဝမ်းဗိုက်သည် ပိုမိုကြီးမားနေသည်။ သူမသည် ပစ္စည်းများကို ခက်ခက်ခဲခဲသယ်လာရသည်။ သူမသည် ကောင်းမင်နှင့်ချူးစီစီအားမြင်လိုက်သောအခါ အပြုံးတစ်ခုဖြင့်လက်ဝေ့ယမ်းပြလိုက်သည်။
"နင်တို့နှစ်ယောက်လည်း ဒီကိုပြောင်းဖို့စီစဉ်ထားတာလား "
ကြီးမာသောခန္ဓာကိုယ်ကြီးသည် ရှေ့သို့ရွေ့လာ၏။ အနံ့ပြင်းသောရေဆိုးများသည် သူမ၏ဝမ်းဗိုက်မှ စိမ့်ထွက်နေသည်။
"ဂရုစိုက်ဦး " ချူးစီစီက ထိုဝဖိုင့်သောအမျိုးသမီးကို မကြည့်ဝံ့ပေ။ သူမသည် ပုဆိန်အား တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။
"ပုံမှန်ပဲနေ " ကောင်းမင် ခပ်တိုးတိုးပြောလိုက်ပြီး လျှောက်သွားလိုက်သည်။ ကောင်းမင်၏လက်ဖဝါးတွင် အဆောင်ကို ဆုပ်ကိုင်ထားသည်။ အန်တီဖန်း၏ ရှေ့တည့်တည့်တွင်ပင် အဆောင်သည် မည်သည်ကိုမှ မလုပ်ဆောင်ခဲ့ပေ။
"စားသောက်စရာတွေကို ကျွန်တော်ကူညီပေးရမလား ၊ ကလေးတွေကရော အိမ်မှာပဲလား "
"ကလေးတွေရှိတာ ဒီလောက်ဒုက္ခများမယ်မှန်းသိခဲ့ရင် ငါကလေးမယူခဲ့ပါဘူး ၊ ငါ့တို့အားလုံးခက်ခဲနေတာပါပဲ "
အန်တီဖန်း၏လည်ပင်းရှိအသားသည် စကားပြောသည့်အခါ အတူတကွလှုပ်ရှားနေသည်။ သူမ၏ ခြေတစ်လှမ်းစီတိုင်းတွင် သူမ၏ဝမ်းဗိုက်မှ ရေများစိမ့်ထွက်နေသည်။
"နင်တို့ ခဏလာထိုင်ကြမလား "
"ကောင်းပြီ ၊ ကျွန်တော်တို့က အိမ်တချို့ကို ကြည့်ဖို့စီစဉ်ထားကြတာ "
"င့ါစကားကို နားထောင်လိုက် ၊ သရဲခြောက်တဲ့အိမ်တွေက ဈေးတန်တယ် "
အန်တီဖန်းသည် ဟင်းသီးဟင်းရွက်ပုတ်ခြင်းတောင်းကို ကောင်းမင်ထံ ပေးလိုက်သည်။ သူတို့သည် အဆောက်အဦး ဘီမှ အဆောက်အဦး အေသို့ လမ်းလျှောက်လာကြသည်။ ထိုနေရာသည် အန်တီဖန်းနေထိုင်သော နေရာဖြစ်သည်။ အန်တီဖန်းသည် သွေးနီရောင်ရှေ့တံခါးတွန်းဖွင့်လိုက်ပြီး ကျပ်သိပ်စွာဝင်မည်ပြုလိုက်ချိန်တွင် သူမ၏အိမ်နီးချင်းက တံခါးကိုဖွင့်လိုက်သည်။ ချူးစီစီက လှည့်ကြည့်လိုက်ပြီး အော်ဟစ်လုမိမတတ်ဖြစ်သွားသည်။
အသက်၄၀ ခန့်ရှိသော အမျိုးသမီးတစ်ယောက်၏ဦးခေါင်းက ပြူထွက်လာသည်။ သူမသည် အကွက်များရှိသော အဝတ်အစားကိုဝတ်စားထားပြီး ကောင်းမွန်သောပုံရိပ်ကိုထိန်းသိမ်းထားသည်။
သို့သော်လည်း သူမ၏မျက်နှာတွင် မျက်စိနှင့်နှာခေါင်းများမရှိပဲ ပါးစပ်လေးခုသာရှိသည်။
"နေ့တိုင်း နင်က ပတ်ဝန်းကျင်ကလူတွေကို သရဲခြောက်တဲ့အိမ်တွေကို ဝယ်ဖို့ သွားဖြားယောင်းနေတယ် ၊ ကံမ္မက နင့်ကိုစီရင်လိမ့်မယ် "
အမျိုးသမီးသည် သူမည်မျှထူးဆန်းနေကြောင်း သတိထားမိပုံ မရပေ။ သူမသည် ဆူဆူညံညံဆက်ပြောနေ၏။
"နင်တို့ သူ့အိမ်ထဲဝင်မယ်ဆိုရင် နင်တို့တွေ ပြန်ထွက်နိုင်မှာ မဟုတ်ဘူး၊ ဒီရုပ်ဆိုးတဲ့စုန်းမက အစာအိမ်အပြည့် မကောင်းဆိုးဝါးအတွေးတွေရှိနေတာ ၊ ဂရုစိုက်ကြ! "
"အလုပ်များသူ ! နင်တစ်ခုခုထပ်ပြောရင် ငါနင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ် "
အန်တီဖန်းက ဒေါသတကြီးပြောလိုက်သည်။
"ငါက အမှန်တရားကိုပဲ ပြောပြတာလေ "
အန်တီအလုပ်များသူက မကြောက်ရွံ့ချေ။
(ဘာသာပြန်သူမှတ်ချက် -အလုပ်များသူ (Busybody) ဆိုတာ ကိုယ်နဲ့မဆိုင်ပဲ ဝင်စွက်တတ်တဲ့လူတွေကို ပြောတာပါ )
"ဒါပြီးတော့ နင်က ပတ်ဝန်းကျင်က လူတွေရဲ့အဝတ်ဟောင်းတွေကို စုဆောင်းဖို့သွားနေတာလား ၊ နင့်ရဲ့အကြီးဆုံးသားက အရေခွံထပ်လဲ မလို့လား "
အန်တီဖန်းသည် အဝတ်ဟောင်းများထည့်လာသောအိတ်ကိုသယ်လာသည်။ ဒါက အရေခွံနဲ့ ဘယ်လိုဆက်စပ်နေတာလဲ ။
ထိုအချိန်တွင် သေးသွယ်ပြီး သစ်ကိုင်းခြောက်ပုံပေါက်နေသော လက်တစ်ဖက်သည် အိမ်ထဲမှ ထွက်လာ၏။
"နင့်သားက ထပ်မစောင့်နိုင်တော့ဘူးထင်တယ်နော် "
အန်တီအလုပ်များသူ၏ပါးစပ်လေးခုသည် မနှစ်မြို့ဖွယ် ရယ်မောလိုက်သည်။ အန်တီဖန်းသည် ရန်ဖြစ်နေခြင်းအား ရပ်တန့်လိုက်ပြီး အိမ်ထဲသို့ပြေးဝင်သွားသည်။ မကြာမီတွင် အိမ်ထဲမှ ကလေးငိုသံနှင့်အဝတ်များဆုတ်ဖြဲသံတို့ ထွက်ပေါ်လာ၏။
"နင်တို့တွေ ငါ့ဆီရောက်လာတာ ကံကောင်းတယ် "
အန်တီအလုပ်များသူက လက်ပိုက်လိုက်သည်။
"နင်တို့ ဒီမှာ ထာဝရနေချင်တယ်ဆိုရင် နင်တို့ကြိုက်တဲ့အခန်းရှာလိုက် ၊ ထွက်သွားချင်သေးတယ်ဆိုရင်တော့ ဘယ်ခန်းကိုမှ မသွားလေနဲ့ "
"ဘယ်အခန်းမှ မသွားရဘူးလား "
"ပထမထပ်မှာရှိတဲ့ အဖွားအိုက နင်တို့ကို ကူညီနိုင်တယ် ဒါပေမယ့် နင်တို့တွေ တိုက်ခန်းမန်နေဂျာကိုတော့ ဂရုစိုက်ဖို့လိုလိမ့်မယ် "
အန်တီအလုပ်များသူ၏ နူတ်ခမ်းများက တွန့်ကွေးသွားသည်။
"တစ်ခုရှိသေးတယ် ၊ ဒါတွေအားလုံးကို ငါပြောတယ်လို့ ဘယ်သူ့မှ မပြောနဲ့နော် ၊ ငါက အရမ်းနူတ်လုံတဲ့သူပဲ "