ကုန်းစီ
Vol. 3 Ch. 45
ပုံမှန်ဘဝကို ပြသရန် ပုံရိပ်ယောင်များ မှေးမှိန်သွားကြသည်။ အိမ်ငှားများ၏။ တံခါးဝတွင် ကလေးများသည် စိန်ပြေးတမ်းကစားနေကြသည်။ ခင်မင်တတ်သော အိမ်နီးချင်းများက ကောင်းမွန်စွာ နူတ်ဆက်နေကြသည်။ သူတို့သည် မိုဘိုင်းဖုန်းများ၏ လွှမ်းမိုးမှုကို မခံရသေးပေ။ ထို့ကြောင့် သူတို့သည် တစ်ဦးကို တစ်ဦး လူချင်းစကားပြောရသည်အား နှစ်သက်ကြသည်။
မျက်နှာကျက်ပေါ်တွင် အနီရောင်မီးအိမ်များချိတ်ဆွဲထားသည်။ အိမ်ငှားများပြုလုပ်ထားသော ဆိုင်ခန်းငယ်များသည် ကော်ရစ်ဒါတစ်လျှောက်တွင် စီတန်းလျက်ရှိသည်။ တချို့သည် ကိုယ်တိုင်လုပ်လက်မှုပစ္စည်းများရောင်းချပြီး တချို့လူများက အထည်များရောင်းကြသည်။ သွားဆေးခန်း ၊ အသားခုံနှင့် ရိုးရှင်းသောဆိုင်များလည်း ရှိသေးသည်။ စီစွေ့လမ်းအိမ်ရာ၏အဆောက်အဦးအေသည် ကိုယ်ပိုင်လူမှုအဖွဲ့စည်းငယ်လေးသဏ္ဍာန်ဖြစ်နေလေသည်။ ၎င်းသည် အပြင်လောကနှင့် သီးခြားဖြစ်နေ၏။ အိမ်ငှားများသည် သူတို့ကမ္ဘာတွင် ဘေးဒုက္ခများသုညဖြစ်နေသကဲ့သို့ ပြုံးရွှင်နေကြလေသည်။
"ခင်ဗျားတို့ နှစ်ယောက်ကို ကြည့်ရတာ သိပ်မရင်းနှီးဘူး ၊ ခင်ဗျားတို့က ဒီမှာ အိမ်ငှားရှာနေကြတာလား "
သက်တောင့်သက်သာရှိသော အသံတစ်ခုက သူတို့အားမေးလိုက်သည်။ ကောင်းမင်နှင့် ချူးစီစီတို့ နောက်တွင် ခေတ်ဟောင်းဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ရပ်နေလေသည်။ သူသည် ပါးစပ်ကို ဖုံးထားပြီး သူ့မျက်လုံးများက စကားပြောနေသကဲ့သို့ လှုပ်ရှားနေ၏။
ဝန်ဆောင်မှုပေးသည့် အလုပ်သမားကောင်းတစ်ယောက်အနေဖြင့် သူသည်မည်သည့်ဖောက်သည်ကိုမဆို ကြိုဆိုလိမ့်မည်ဖြစ်သည်။ ကောင်းမင်က သူ့နောက်ကျောတွင် ကျိုးကြေနေသည့် အလောင်းကို သယ်လာမည်ဆိုရင်တောင်မှပေါ့ ။
"ဟုတ်တယ် ၊ အဲ့လိုပါပဲ "
ကောင်းမင်သည် တတ်နိုင်သမျှ ပုံမှန်ဖြစ်အာင်ပြုမူလိုက်သည်။ မှောင်မဲနေသော ကော်ရစ်ဒါများအတွင်းရှိ သွေးနီရောင်မီးအိမ်များအောက်တွင် မွန်းစတားများက သူတို့အား ပြုံးကြည့်နေကြသည်။ သူတို့သည် ကောင်းမင်တို့အုပ်စုအား အစားအစာများဖြစ်သကဲ့သို့ ကြည့်ရှူနေကြသည်။
"ကျုပ်နာမည်က ကုန်းစီပါ ၊ ကျုပ်က ဟန်ဟိုင်းပရဟိတရဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်ဆိုပါတော့ ၊ ပြီးတော့ ကျုပ်က စီစွေ့အိမ်ရာက အိမ်ငှားအေးဂျင့်လည်း ဟုတ်ပါတယ် ၊ ခင်ဗျားတို့ ဟိုနားဒီနား သွားကြည့်ချင်လား "
လူငယ်လေးက လမ်းပြလိုက်သည်။ သူသည် ပုခုံးပေါ်မှ ဖုန်များကို ပုတ်လိုက်ပြီး ကော်ရစ်ဒါအား ကြည့်လိုက်သည်။ နံရံပေါ်တွင် ယခုခေတ်၏လက္ခဏာများ ရှိနေသည်။ မီးအိမ်အလင်းရောင်သည် အိမ်နီးချင်းများ၏မျက်နှာများပေါ်သို့ ဖြာကျနေသည်။ အသားနံ့များသည် စားသောက်ပွဲကျင်းပနေသကဲ့သို့ နေရာအနှံ့ရှိနေ၏။ လူတိုင်းတွင် ပျော်ရွှင်စရာမိသားစုတစ်ခုရှိကြသည်။ အဆင့်အတန်းမြင့်အနုပညာများမရှိသော်လည်း ဘဝ၏နွေးထွေးမှုများရှိနေပေသည်။ ၎င်းသည် အကြီးမားဆုံး ရတနာတစ်ခုပင်။
"ခင်ဗျားတို့ စီစွေ့လမ်းအိမ်ရာကို ရွေးချယ်ဖို့လာတာ မမှားဘူး ၊ ဒီက အခန်းတိုင်းမှာ ကိုယ်ပိုင်ဇာတ်လမ်းလေးတွေရှိကြတယ်ဗျ ၊ ခင်ဗျားတို့ မြည်းစမ်းကြည့်ပေါ့ဗျာ ၊ ခင်ဗျားတို့ရဲ့ မျက်စိနဲ့မကြည့်နဲ့ ၊ ဒီနေရာက ထူးခြားမှုတွေကို ခင်ဗျားတို့ သဘောကျမှာပါ "
"ပတ်ဝန်းကျင်က တိုက်ခန်းတွေကို ကြည့်ဖို့ ကျုပ်တို့ကို ခေါ်သွားပေးနိုင်မလား "
ကောင်းမင်သည် အရောင်းသမား၏ဇောင်းပေးစကားကို မကြားနိုင်တော့ပေ။ သူသည် ကုန်းစီနှင့်တူညီသော ကမ္ဘာအား မြင်ပုံမရချေ။
"ကောင်းပြီလေ ၊ ခင်ဗျားကြည့်ချင်တဲ့ အထပ်များရှိလား "
"လေးလွှာကို သွားကြည့်ကြမယ် "
ကောင်းမင်က ပိုင်ရှောင်၏ဆက်သွယ်ရေးစက်မှတဆင့် လေးလွှာရှိရေခဲတိုက်နှင့် အဖြူရောင်မီးအိမ်ထွန်းထားသည့် လုံခြုံသောအခန်းများကို သိလေသည်။ သူသည် လုံခြုံသော နေရာတစ်ခုအား ရှာချင်နေသည်။
"လေးလွှာလား "
ကုန်းစီက ထိတ်လန့်သွားသည်။ သို့သော် ဈေးဝယ်သူက အမြဲမှန်ကန်သည် မဟုတ်ပါလား။
"ခင်ဗျားက အမြင်ကောင်းရှိတာပဲ ၊ လေးလွှာမှာ အခန်းလွတ်တွေ အများကြီးရှိတယ် ၊ ကျုပ်က လေးလွှာမှာ နေတာလေ "
ကုန်းစီက လမ်းပြလိုက်သည်။ ကောင်းမင်နှင့်ချူးစီစီက သူ့နောက်မှလိုက်သွားကြသည်။ အပြင်လူနှစ်ယောက်သည် အလောင်းတစ်ခုအား သယ်ဆောင်လားပြီး သွေးများ ပေကျံနေသော်လည်း အိမ်ငှားများက ယင်းကို အံ့ဩပုံမရချေ။
"ဒါက တော်တော်ထူးဆန်းတဲ့နေရာတစ်ခုပဲ "
ချူးစီစီက ကောင်းမင်ကို တံတောင်နှင့်တွက်လိုက်သည်။
"အိမ်ငှား အေးဂျင့်က သူ့ပါးစပ်ကို အုပ်ထားတာ ဘာကြောင့်လို့ထင်လဲ "
"မစပ်စုနဲ့ ၊ ပုံမှန်ပဲနေ "
ကောင်းမင်က အဆောက်အဦးဘီမှ လူငယ်လေး၏အကြံပေးချက်ကို အမှတ်ရလိုက်သည်။ သူတို့သာ် တားမြစ်ထားသောအရာကို ထိပါးမိလျှင် အမဲလိုက်ခံရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် တားမြစ်ထားသောအရာများကို တတ်နိုင်သမျှ အဖြေရှာရမည်ဖြစ်သည်။
ကုန်းစီသည် သူဖြတ်သန်းလာရာလမ်းရှိ အိမ်နီးချင်းတိုင်းကို နူတ်ဆက်ခဲ့သည်။ သူက သားသတ်ရုံအား ဖြတ်ကျော်လာသောအခါ သားသတ်သမားက သူ့အားအသားတစ်တွဲပင် ပေးခဲ့သေးသည်။ အခန်းအား စုံစမ်းရေးမှူးအနည်းငယ်ရှိသည့် သားသတ်ရုံအဖြစ်ပြောင်းလဲထားသည်။ ၎င်းတို့သည် ကိုယ်လုံးတီးဖြစ်နေပြီး အလွန်ကြောက်ရွံ့နေပုံရသည်။ သူတို့၏ ခန္ဓာကိုယ်သည် ပုံမှန်ပင်ဖြစ်သည်။ သူတို့၏ပါးစပ်သည် ပွင့်ဟနေသော်လည်း စကားမပြောနိုင်ချေ။ သူတို့သည် သိုးနှင့်နွားအော်သံကဲ့သို့သာ ပြုလုပ်နိုင်သည်။
သားသတ်သမားက စုံစမ်းရေးမှူးတစ်ယောက်အား ကန်လိုက်သည်။ သားသတ်သမားက ချူးစီစီအားတစ်ချက်ကြည့်လိုက်ပြီး ညည်းတွားလိုက်သည်။
"အရမ်းလတ်ဆတ်တာပဲကွာ "
ကောင်းမင်နှင့်ချူးစီစီသည် သရဲဈေးမှ သူတို့ထွက်လာသည်မှာ အတော်ကောင်းသည်ဟု ခံစားလိုက်ရသည်။
ကိုးလွှာရှိ အများသုံးအနားယူခန်းသို့ရောက်လာသောအခါ ကုန်းစီက အသားတွဲကို အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။
"ဒါက ဖြုန်းတီးရာ မကျဘူးလား "
ကောင်းမင်က ထိုအချက်ကိုသတိထားမိသည်။ သူက ကုန်းစီသည် အခြားသရဲများနှင့်ကွာခြားသည်ဟုခံစားရသည်။
"ကျုပ်မိသားစုနဲ့ကျုပ်က သားသက်လွတ်သမားတွေလေ "
ကုန်းစီက ပုခုံးတွန့်လိုက်ပြီး "ခင်ဗျားလိုချင်တယ်ဆိုရင် ကျုပ်ခင်ဗျားကို ပေးနိုင်ပါတယ် "
"ဒါက မလိုပါဘူး "
ကောင်းမင် ခေါင်းခါလိုက်သည်။
"သားသတ်သမားရဲ့ ဆိုင်ထဲက စကားမပြောနိုင်တဲ့လူတွေက လူသားတိရိစ္ဆာန်တွေလား "
"ဟုတ်တယ် ၊ သူတို့က သားစားကြူးနတ်မင်းကို ပူဇော်မယ့် တိရိစ္ဆာန်တွေပဲ ၊ သူတို့က လူတွေနဲ့တူပေမယ့် လူမဟုတ်ဘူးလေ "
ကုန်းစီသည် ကောင်းမွန်သောလူငယ်တစ်ယောက်ဖြစ်သော်လည်း သူသည် အရွယ်ရောက်နေချေပြီ။
"မှန်တာပေါ့ ...."
ကောင်းမင်က ခေါင်းငြိမ့်လိုက်သည်။ သူ့ဘေးရှိ ချူးစီစီကား အော့အန်လုမတတ်ဖြစ်နေ၏။
"ခင်ဗျားတို့ လေးလွှာကို သွားချင်တာ သေချာပါတယ်နော် ၊ ရှစ်လွှာက အခန်းတွေလည်း သိပ်မဆိုးပါဘူး ၊ ခင်ဗျားတို့ လေးလွှာအထိ သွားစရာမလိုပါဘူး "
ကုန်းစီက ညင်သာစွာ အကြံပြုလိုက်သည်။
"ဘာလို့လဲ "
"လေးလွှာက သိပ်မသန့်ရှင်းဘူး...."
ကုန်းစီက ရပ်တန့်လိုက်သည်။
"ကျုပ်ပြောချင်တာက လေးလွှာက သရဲခြောက်တယ်ဗျ "
ထိုအချိန်တွင် ကုန်းစီက ခေါင်းငုံ့လိုက်သည်။ သူ့နူတ်ခမ်းများသည် ပူးကပ်စွာချုပ်ခံထားရသည်။ သူ့ပါးစပ်ထဲတွင် ပိုက်ဆံစက္ကူများသိပ်နင့်နေသည်။ သူစကားပြောနိုင်သည်မှာကား အံ့ဩစရာဖြစ်သည်။
ကောင်းမင်က တိုက်ခိုက်ရန်အသင့်ပြင်လိုက်သော်လည်း ကုန်းစီက ဆက်ပြောလိုက်၏။
"သရဲတွေက ကြောက်စရာပဲ ၊ ကံဆိုးခြင်းက သူတို့နောက်လိုက်နေတာလေ ၊ သူတို့နဲ့အတူ တားမြစ်ချက်တွေကို ထိပါးမိဖို့က လွယ်လွယ်လေးပဲ "
"ခင်ဗျားဆီက ဒီလိုပြောတာ ကြားရဖို့ဆိုတာ အရမ်းကို မယုံချင်စရာပဲ
ကောင်းမင်သည် ကုန်းစီထံမှ မည်သည့်ဒုက္ခရောက်စေလိုသော ဆန္ဒအား အာရုံခံမရပေ။ ထိုလူငယ်လေးသည် သူ့အလုပ်ကိုသာ သူလုပ်ချင်ရုံပုံဖြစ်သည်။
"ကျုပ် နောက်နေတာမဟုတ်ဘူး "
ကုန်းစီက ထပ်ပြောလိုက်သည်။
"ခင်ဗျားသာ လေးလွှာက အဖြူရောင်မီးအိမ်နဲ့ ဘယ်အခန်းမဆို တွေ့ရပြီဆိုရင် ဝေးဝေးသာပြေး"
သူတို့ အောက်ထပ်သို့ဆင်းလာသည်နှင့် ထူးဆန်းသောအိမ်ငှားများစွာကို တွေ့ဆုံခဲ့ရသည်။ အိမ်ငှားအားလုံးသည် သားစားကြူးနတ်၏သက်ရောက်ခြင်းခံနေရသည်။ အသားသည် သူတို့၏အနက်ရှိုင်းဆုံး လိုအင်ဆန္ဒများကို ပြသနေသည်။
မကြာမီတွင် သူတို့သည် လေးလွှာသို့ ရောက်လာကြသည်။ ထိုအထပ်သည် အခြားအလွှာများထက် ပိုပြီးစွန့်ပစ်ခံထားရပေါ်နေ၏။ ကုန်းစီက သော့တွဲတစ်ခုကို ထုတ်ယူလိုက်သည်။ သူဘာတစ်ခုမှ မပြောရသေးခင် ရုတ်တရက် အစိမ်းရင့်ရောင့်ဝတ်ဆင်ထားသော ကြွက်မျက်နှာဖုံးနှင့်လူတစ်ယောက်သည် တံခါးသို့ ပြေးဝင်လာ၏။ သူ့ခန္ဓာကိုယ်က တံခါးကို အက်ကွဲသွားတဲ့အထိ ဖိမိသွားသည်။
"တိုက်ခန်း မန်နေဂျာ ၊ ခင်ဗျားဘာလို့ ဒီကိုရောက်နေတာလဲ "
ကုန်းစီက စိုးရိမ်သွားသည်။ သူသည် တိုက်ခန်းမန်နေဂျာက တံခါးဖွင့်နေသည်ကို တားဆီးရန် ပြေးသွားလိုက်သည်။ သို့သော်လည်း တိုက်ခန်းမန်နေဂျာ၏ရှပ်အင်္ကျီအောက်မှ များစွာသောကလေးများ တွားသွားထွက်လာကြသည်။ ၎င်းကလေးများအားလုံးသည် ကြွက်မျက်နှာဖုံးများ တပ်ဆင်ထားကြသည်။ သူတို့သည် သတိပေးခြင်းမရှိပဲ သူတို့၏ချွန်ထက်သော လက်သည်းများဖြင့် ကုန်းစီအား ကုတ်ခြစ်လိုက်ကြသည်။
တံခါးသော့သည် ဖျက်ဆီးခံလိုက်ရသည်။ တံခါးအား အတင်းအကျပ် တွန်းဖွင့်ခံရမည်ပြုသည်နှင့် ကောင်းမင်က ကလေးတစ်ယောက်အား လည်ပင်းညစ်လိုက်ပြီး သူ့ဘေးသို့ ပစ်ထုတ်လိုက်သည်။ ချူးစီစီသည်လည်းပဲ ပုဆိန်ကြီးနှင့်အတူပြေးလာလေသည်။ တိုက်ခန်းမန်နေဂျာသည် ကောင်းမင်အား အာရုံရသွားပြီး ကောင်းမင်၏နှလုံးသားအား စိုက်ကြည့်နေလေသည်။ ခဏတာရပ်တန့်သွားပြီးနောက် တိုက်ခန်းမန်နေဂျာသည် ပြန်လှည့်ထွက်သွားသည်။ ကလေးများက သူ့အဝတ်အစားအောက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
"ကျေးဇူးတင်ပါတယ် "
ကုန်းစီသည် ကြောက်ရွံ့နေခဲ့သည်။ သူက တံခါးပေါ်ရှိ ကြောက်မက်ဖွယ်လက်သည်းရာများကို ကြည့်လိုက်သည်။
"ကျုပ်တော့ ပြောင်းရတော့မယ့်ပုံပဲ "
"အဲ့တာ ဘယ်သူလဲ "
ကောင်းမင်က စိတ်ရှုပ်ထွေးနေသည်။ ထိုလူသည် ကောင်းမင်အား စားချင်နေသော်လည်း သူသည် ကောင်းမင်အားကြောက်ရွံ့နေသည်။
"ကြွက်မျက်နှာဖုံးနဲ့ အကောင်တွေက တိုက်ခန်းမန်နေဂျာတွေပဲ ၊ သူတို့က ဒီကအမိန့်ကို ကူညီထိန်းသိမ်းပေးပြီးတော့ ဘယ်တော့မှ စကားမပြောကြဘူး"
"သူတို့က ဘာလို့ခင်ဗျားနောက်လိုက်လာတာလဲ ၊ ခင်ဗျားအိမ်ထဲမှာတစ်ခုခု ဝှက်ထားလို့လား "
ကောင်းမင်က မေးလိုက်သည်။
"ခင်ဗျားမှာ ဘာအခက်အခဲရှိရှိ ကျုပ်တို့ကိုပြောလို့ရပါတယ် ၊ ကျုပ်ကူညီနိုင်တယ် "
သူတို့ကို လွန်စွာကြိုဆိုခဲ့သည့် ကုန်းစီသည် တံခါးဝတွင် ရပ်နေရင်း နေရာရွေ့လိုက်သည်။ အချိန်တချို့ကြာပြီးနောက် အတွင်းဘက်မှ တံခါးဖွင့်လာလေသည်။ ပါးရေနားရေတွန့်နေသော မျက်နှာတစ်ခုက အပြင်ဘက်သို့ချောင်းကြည့်လိုက်သည်။
"ရှောင်စီ ၊ အိမ်ရောက်ပြီလား "
အဘွားအိုကြီးက ပြောလိုက်သည်။
ကောင်းမင်နှင့်ချူးစီစီက သူမအား မြင်လိုက်သည်။ သူမသည် အသက်၉၀ကျော်ခန့်ရှိပြီး သူမတွင် ပျောက်ဆုံးနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများမရှိချေ။
"အဘွား အပြင်ထွက်မလာနဲ့ ! "
ကုန်းစီ၏မျက်နှာသည် မဲမှောင်သွားသည်။ သူက ကောင်းမင်သည် အဘွားအိုကို ထိခိုက်အောင်လုပ်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
အဘွားအိုသည် တံခါးကို တုန်တုန်ယင်ယင်ဖွင့်လိုက်သည်။ သူမသည် အားလုံးကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။
"မင်းက ဘယ်သူလဲ ၊ ဘာလို့ ဒီကိုရောက်နေတာလဲ ၊ မင်းက ဒီကို ရှောင်စီအတွက်ရောက်နေတာလား "
အဘွားအိုသည် အတိတ်မေ့ရောဂါ ခံစားနေရပုံပေါ်သည်။ သူမသည် ကုန်းစီအား မမှတ်မိပေ။ ကောင်းမင်က ထိုအခွင့်အရေးကို အသုံးပြု၍ ပြောလိုက်သည်။
"ကျွန်တော်တို့က ကုန်းစီရဲ့မိတ်ဆွေတွေပါ ၊ ကျွန်တော်တို့က အဘွားဆီအလည်လာကြတာပါ "
"အရမ်းကောင်းတယ် ၊ ကျေးဇူးပြုပြီး ဝင်လာခဲ့ကြပါ ၊ ငါ့မြေးလေးက အရမ်းအလုပ်ကြိုးစားတဲ့ကလေးပါကွယ် ၊ ဒါပေမယ့် သူ့မှာ ခက်ခဲတဲဘဝတစ်ခု ရှိခဲ့တယ်လေ "
အဘွားအိုသည် သူမ၏ကြိမ်တုတ်နဲ့အတူ အခန်းထဲပြန်ဝင်သွားသည်။ ကောင်းမင်က လိုက်သွားလိုက်သည်။
ကုန်းစီက ရွေးချယ်စရာမရှိပဲ လက်ခံလိုက်ရသည်။
"ဝင်လာကြပါ "
အခန်းသည် သေးငယ်သော်လည်း နွေးထွေးနေ၏။ ကုန်းစီနှင့်အဘွားအိုကြားတွင် ဓာတ်ပုံအများအပြားရှိသည်။ ကောင်းမင်က အဘွားအိုအား ကူညီပေးလိုက်သည်။ အချိန်တချို့ကြာပြီးနောက် သူသည် ထိတ်လန့်ဖွယ်အမှန်တရားကို သတိပြုလိုက်သည်။ အဘွားအိုက အသက်ရှင်နေတုန်းပဲဟ! ။
အရိပ်ကမ္ဘာထဲက သက်ရှိလူသားတစ်ယောက်!။
"ခင်ဗျားတို့ အဲ့ဒါကို သတိပြုမိသွားပြီလို့ ကျုပ်ထင်တယ် "
ကုန်းစီက အခန်းတံခါးကို ပိတ်လိုက်သည်။ သူသည် အခန်းထဲရှိဓာတ်ပုံများကို ကြည့်လိုက်သည်။
"ကျုပ်အဘွားက သရဲတစ်ကောင်ပဲ ၊ သူသေသွားတာတောင် ကျုပ်နောက်ကို လိုက်နေတုန်းပဲ ၊ ကြည့်ရတာ သူကျုပ်ကို စိုးရိမ်နေတယ်ထင်ပါရဲ့"
" သူက သရဲတစ်ကောင်လား ! "
ကောင်းမင်က မျက်လုံးပြူးသွားသည်။
"ဟင် ခင်ဗျားက လူလို့ထင်တယ်ပေါ့ "
"အသိသာကြီးပဲလေ "
ကုန်းစီက သူ့အဘွားနှင့်သူ့ကြားရှိ ဇာတ်လမ်းအားပြောပြခဲ့သည်။ သူငယ်စဉ်ကတည်းကပင် သူ့မိဘများက အလုပ်လုပ်ရန်ဟန်ဟိုင်းသို့ရောက်လာကြသည်။ ထို့နောက် သူ့မိဘနှစ်ဦးလုံးသည် ပျောက်ဆုံးသွားကြသည်။ သူ့အဘွားက ကုန်းစီ၏မိဘများကို ရှာဖွေရန် သူ့အားဟန်ဟိုင်းသို့ ခေါ်လာခဲ့သည်။ ထိုအချင်းအရာကား သူမက ကုန်းစီအားမည်သို့ ပျိုးထောင်ခဲ့ပုံဖြစ်သည်။ သူတို့သည် ပရဟိတအဖွဲ့မှ ထောက်ပံ့ပေးသော အိမ်ရာများတွင်နေထိုင်ခဲ့ကြသည်။ သူမ၏ ဝန်ထုပ်များကို ဝေမျှရန် ကုန်းစီသည် အလုပ်မျိုးစုံလုပ်ခဲ့သည်။ သူသည် သူ့အဘွား၏ အားကိုးရာဖြစ်ပြီး သူမထွက်မသွားခင်အထိ အပြန်အလှန်အမှီသဟဲပြုနေခဲ့ကြသည်။
ထူးဆန်းသည်က တစ်နေ့တွင် သူသည် သူ့အဘွားရှိရာတိုက်ခန်းသို့ ထပ်မံ၍ အပြေးရောက်လာခဲ့သည်။ သို့သော်လည်း သူ့အဘွားသည် သူ့အား မှတ်မိခြင်းမရှိတော့ပေ။
ထိုအရာကား ကုန်းစီ၏ဇာတ်လမ်းဖြစ်သည်။ သို့သော် ကောင်းမင်သည် အဘွားအိုထံမှ နောက်ထပ်ဇာတ်လမ်းတစ်မျိုးကို ကြားခဲ့ရသည်။
အဘွားအိုသည် ကုန်းစီ၏ဓာတ်ပုံအားကိုင်ထားခဲ့ပြီး ကုန်းစီအား တောင်းပန်နေခဲ့သည်။ သူမသည် ကုန်းစီအားဟန်ဟိုင်းသို့ ခေါ်လာခဲ့သော်လည်း ယင်းက သူ့ဘဝအား ပျက်စီးစေခဲ့သည်။
သူမသည် ကုန်းစီအား ပရဟိတအဖွဲ့ထဲသို့ ဝင်ရောက်စေခဲ့သော်လည်း ကုန်းစီသည် သူမကြားသင့်သည့်တစ်စုံတစ်ခုကို ကြားခဲ့ရပြီး ပျောက်ဆုံးသွားခဲ့သည်။ သူမသည် သူမ၏မြေးဖြစ်သူအား ရှာဖွေနေခဲ့သော်လည်း သူမ မရှာနိုင်ခဲ့ချေ။
"ကျုပ်အဘွားက သရဲဖြစ်လာပြီးနောက် သူ့မှတ်ဉာဏ်တွေက ဇဝေဇဝါဖြစ်နေတာ "
ကုန်းစီသည် အဘွားအို၏ဘေးတွင်ထိုင်လိုက်ပြီး သူမ၏အသားမာတက်နေသော လက်အား ဆုပ်ကိုင်ထားလိုက်သည်။
"သူက တော်တော်များများကို မေ့နေတာ ၊ ကျုပ်ကိုတောင် ထပ်မမှတ်မိနိုင်တော့ဘူး "
ကောင်းမင်သည် ကုန်းစီ၏မျက်နှာကို ကြည့်လိုက်သည်။ ကုန်းစီ၏ပါးစပ်ထဲတွင် ပိုက်ဆံစက္ကူများပြည့်သိပ်နေပြီး အပ်ဖြင့်အချုပ်ခံထားရသည်။ အဘွားအို၏ဇာတ်လမ်းသည် ပိုမှန်ကန်ပုံရလေသည်။
ကောင်းမင်သည် အဆောက်အဦးထဲတွင် ထိုကဲ့သို့သောအချင်းအရာမျိုး ကြုံတွေ့ရမည်ဟု မမျှော်လင့်ခဲ့မိချေ။ သူသည် ဂိမ်းထဲမှ သရဲဇာတ်လမ်းများနှင့် ကြုံတွေ့ရသော်လည်း ယင်းတို့သည် အမှန်တရားမဟုတ်ပေ။
ကောင်းမင်သည် ချီတုံချီချဖြစ်နေပြီး နောက်ဆုံးတွင်းမေးလိုက်သည်။
"ကုန်းစီ ၊ ခင်ဗျားရဲ့မိသားစုဝင်က သရဲတစ်ကောင်ဖြစ်နေတာကို ခင်ဗျားမကြောက်ဘူးလား "
"အိုး ကျုပ်ကြောက်တာပေါ့ "
ကုန်းစီသည် သူမ၏လက်ကို မလွတ်ပဲပြောလိုက်သည်။
"အဘွားက ကျုပ်နဲ့ပတ်သက်ပြီးစိုးရိမ်မှာကို ကျုပ်ကြောက်တယ် ၊ အဘွားအနိုင်ကျင့်ခံရမှာကို ကျုပ်ကြောက်တယ် ၊ အဘွားရုတ်တရက် ပျောက်ကွယ်သွားမှာကို ကျုပ်ကြောက်တယ် "
ကောင်းမင်၏ နှလုံးသားသည် ယိမ်းယိုင်သွားရသည်။
သူသည် အဘွားအိုအား အမှန်တရားကို ပြောချင်မိသည်။ သူက အဘွားအို၏ရှေ့တွင်ဒူးထောက်လိုက်ပြီး အဘွားအို၏အခြားလက်တစ်ဖက်ကို နူးညံ့စွာဆုပ်ကိုင်လိုက်သည်။
"အဘွား ၊ တကယ်လို့ ကုန်းစီက အဘွားကိုတွေ့ဖို့ သရဲတစ်ကောင်အဖြစ်ပြန်လာမယ်ဆို အဘွားကြောက်မှာလား "
"အင်း ...."
အဘွားအိုက ခေါင်းညိမ့်လိုက်သည်။
" ငါ သူ့ကို မမှတ်မိနိုင်မှာကို ကြောက်တယ် "