ပုံသဏ္ဍာန်များ
Vol. 4 Ch. 46
မည်သည်က လူနည်း ၊ မည်သည်ကသရဲနည်း။
ထိုအချိန်တွင် ကောင်းမင်သည် စကားမပြောနိုင်တော့ချေ။ သူတို့သည် တစ်ဦးနှင့်တစ်ဦးကြောက်ရွံ့ကြသော်လည်း တူညီသောအကြောင်းပြချက်များကြောင့်မဟုတ်ပေ။
အတိတ်တွင် ကောင်းမင်က အရိပ်ကမ္ဘာကကျူးကျော်ခြင်းသည် ဖြစ်ရပ်ဆိုးတစ်ခုဟု တွေးထားခဲ့သည်။ ယခုအခါ သူ့တွင် မတူညီသောရှူထောင့်တစ်ခုရှိနေပြီ ဖြစ်သည်။
ကျောက်ရှီသည် ပြန်လာခဲ့ပြီး အဆောက်အဦးတစ်ခုလုံးကို ကြောက်ရွံ့စေခဲ့သည်။ ကုန်းစီသည် ပြန်လာခဲ့သော်လည်း သူ့အဘွားက သူ့အားစောင့်ဆိုင်းနေခဲ့ပေသည်။ သူမသည် သူ့အား ထပ်မမှတ်မိနိုင်တော့သော်လည်း စောင့်ဆိုင်းနေခဲ့သည်။
"ဒီဖြစ်ရပ်မှာ ဘယ်သူကမှားနေတာလဲ "
ကုန်းစီသည် သူ့အဘွားလက်ကို လွှတ်ပေးလိုက်ပြီး အခန်းထဲရှိ ဓာတ်ပုံများကို ပြန်စီလိုက်သည်။
"ကျုပ်တို့ မြန်မြန်သွားဖို့ လိုတယ် ၊ တိုက်ခန်းမန်နေဂျာက အချိန်မရွေး ပြန်ရောက်လာလိမ့်မယ် "
"ကျုပ်တို့ နောက်တစ်လွှာကို သွားကြမှာလား "
"မဟုတ်ဘူး ၊ အဖြူရောင်မီးအိမ်တွေရှိတဲ့ အခန်းတွေထဲ ကျုပ်တို့ သွားပုန်းရမှာ ၊ တိုက်ခန်းမန်နေဂျာက အဲ့ဒီအခန်းတွေထဲ မဝင်ရဲဘူး "
ကုန်းစီသည် အိတ်ကြီးတစ်လုံးကို ဆွဲထုတ်လာသည်။ ဓာတ်ပုံများနှင့် တိုလီမုတ်စ ပစ္စည်းများကို အိတ်ထဲ ထည့်သိမ်းလိုက်သည်။
"ခင်ဗျားတို့ ကျုပ်တို့နောက် လိုက်လာချင်လား ၊ ခင်ဗျားက တိုက်ခန်းမန်နေဂျာနဲ့ ကတောက်ကဆဖြစ်တယ်ဆိုတော့ သူက ခင်ဗျားနောက်ကိုလည်း လိုက်လာလိမ့်မယ် "
"ကောင်းပြီလေ "
ကောင်းမင်သည် အနီရောင်မီးအိမ်များရှိသော အခန်းများကို အများအပြားတွေ့ခဲ့ရသော်လည်း အဖြူရောင်မီးအိမ်ဖြင့် အခန်းများကို မတွေ့ခဲ့ရပေ။
ကုန်းစီသည် သူ့အဘွားကို ချီပိုးလိုက်ပြီး အိတ်ကိုဆွဲခါ ထွက်ခွာလိုက်သည်။ သူက ဘေးဘယ်ညာသို့ ကြည့်ရှူစစ်ဆေးလိုက်သည်။ ကော်ရစ်ဒါတွင် မည်သူမှ မရှိကြောင်း သေချာပြီးနောက် သူက ကောင်းမင်ကို လက်ဝေ့ပြလိုက်သည်။
"အမြန်လာ ! ကျုပ်တို့ အဖြူရောင်အခန်းထဲဝင်တာ ဘယ်သူမှတွေ့သွားလို့ မဖြစ်ဘူး "
သူတို့သည် ကော်ရစ်ဒါပေါ်တွင်ပြေးလွှားလိုက်ကြသည်။ ကုန်းစီက ပိုက်ဆံစက္ကူများကို ဆွဲထုတ်ပြီး မီးရှို့လိုက်သည်။ ထို့နောက် သူက ကောင်းမင်တို့ကို ဦးဆောင်၍နောက်ပြန်ဆုတ်လိုက်သည်။ ပိုက်ဆံစက္ကူပြာများသည် အရိပ်ထဲသို့ ပျောက်ကွယ်သွားသည်။ သူတို့သည် လေးကြိမ်မြောက်နောက်ပြန်ဆုတ်ပြီးသောအခါ အခန်းတစ်ခန်းပေါ်တွင် အဖြူရောင်မီးအိမ်တစ်လုံးရှိနေသည်ကို တွေ့လိုက်ရသည်။
"ဝင်ကြ ! "
သူက တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အေးစက်သောလေထုက ဆောင့်ဝင်လာ၏။ ကောင်းမင်သည် အလိုအလျောက်တုန်ယင်သွားသည်။
"ဒီအခန်းက မိသားစုနှစ်ခု အသတ်ခံခဲ့ရတဲ့ နေရာပဲ "
ချူးစီစီက ပုဆိန်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး တုန်လှုပ်နေသည်။
"အမှန်ပဲ "
ကုန်းစီ၏ အမူအရာသည် မှောင်မဲနေသည်။ အခန်းထဲဝင်လာပြီးနောက် သူ၏တက်ကြွသောအမူအရာက ပျောက်ကွယ်သွားသည်။ သူ့မျက်နှာသည် ဖြူဖျော့နေ၏။ သူသည် ကြမ်းပြင်ပေါ်တွင် အိတ်ကိုချလိုက်ပြီး အမျိုးမျိုးသောပစ္စည်းများကို ထုတ်လိုက်သည်။ သူသည် ၎င်းပစ္စည်းများကို အိပ်ခန်းတံခါးဝတွင် ထားလိုက်ပြီး ဆုတောင်းရန် ဒူးထောက်လိုက်သည်။
"ဒီအခန်းဟာ ပိုင်ရှင် ရှိနေပါပြီ ၊ လာသင့်တဲ့လူတွေလာပါလိမ့်မယ် ၊ ထွက်သွားသင့်တွေလူတွေက ထွက်သွားပါလိမ့်မယ် "
ကုန်းစီက သစ်သားပြားတစ်ခုကို ထုတ်လိုက်သည်။ ပစ္စည်းများကို ယင်းအပေါ်တွင် ထားလိုက်ပြီး ကန်တော့လိုက်သည်။
"ခင်ဗျားတို့ ဘာလို့ရပ်နေကြတာလဲ ၊ လာပြီး ဆုတောင်းပါ ! "
ကုန်းစီက ဖယောင်းတိုင်အနည်းငယ် ထွန်းလိုက်သည်။
"ဒီက မိသားစုတိုင်းက မတူညီတဲ့ ယုံကြည်မှုတွေရှိတယ် ၊ ဒါပေမယ့် အဆုံးမှာတော့ ကျုပ်တို့က သားစားကြူးနတ်ကိုပဲ ကိုးကွယ်ကြတယ် ၊ တကယ်လို့ ခင်ဗျားရဲ့ ယုံကြည်မှုက ကွဲပြားနေရင်တော့ ခင်ဗျားနောက်ကို ကံဆိုးခြင်းတွေ လိုက်လာလိမ့်မယ် "
"ဒါပေမယ့် ရှင်က သားစားကြူးနတ်ကို ဆုတောင်းရတာ ကြိုက်တဲ့ပုံ မပေါ်ဘူးနော် "
ချူးစီစီက သစ်သားပြားပေါ်တွင် အိမ်စောင့်နတ်၏ အမည်ကို မြင်ခဲ့ရသည်။
"အဖြူရောင်နဲ့သရဲခြောက်တဲ့ အခန်းတွေကတော့ ခြွင်းချက်ပဲလေ ၊ ဒီလူတွေက သားစားကြူးနတ်ကို မကိုးကွယ်တဲ့အတွက် သုတ်သင်ခံခဲ့ရတာ ၊ ဒါကြောင့် ကျုပ်တို့က ဒီနေရာမှာ တခြားနတ်တွေကို ကိုးကွယ်ရတာပဲ "
ထိုအချိန်တွင် သစ်သားပြားသည် သူတို့ရှေ့တွင်အပိုင်းပိုင်းအစစ ကွဲအက်သွားသည်။ ဖယောင်းမီးများ ငြိမ်းသေသွားပြီး လေပြင်းများတိုက်ခတ်လာ၏။ အိပ်ခန်းနှင့် ဧည့်ခန်းကြားရှိ ခန်းဆီးသည် ဖြည်းညင်းစွာပွင့်ဟသွားသည်။
စက္ကူရုပ်ဖြင့်ပြုလုပ်ထားသောကောင်မလေးတစ်ယောက်၏ဦးခေါင်းတစ်ခု ထွက်ပေါ်လာသည်။ ယင်းကို ကုန်းစီမြင်သောအခါ ဆက်၍ ကန်တော့နေတော့သည်။
ခန်းဆီးက ပြုတ်ကျသွားသည်။ အိပ်ခန်းထဲတွင် စားပွဲတစ်လုံးရှိသည်။ စားပွဲပတ်လည်တွင် အသက်အရွယ်မျိုးစုံဖြင့် လူစက္ကူရုပ်ခုနှစ်ရုပ် ထိုင်နေကြသည်။ သူတို့ရှေ့တွင် အနီရောင်ထမင်းထည့်ထားသော ပန်းကန်တစ်လုံးစီ ရှိသည်။ လူစက္ကူရုပ်ပြုလုပ်သူများသည် မျက်လုံးနေရာတွင် ဟောင်းလောင်းပေါက်များဖောက်ထားလေ့ရှိသည်။ သို့သော်လည်း ၎င်းအရုပ်များတွင် လူသားမျက်လုံးများရှိနေလေသည်။
" ငါတို့ မိသားစုတွေ့ဆုံပွဲကို နှောင့်ယှက်မိခဲ့တာလား "
ကောင်းမင်က နောက်ဆုတ်လိုက်သည်။ အားလုံး၏မျက်လုံးများသည် သူ့အားစိုက်ကြည့်နေသည်ဟု ခံစားရသည်။
ကောင်မလေးရုပ်သည် အခန်းထဲမှ ဘယ်ညာယိမ်းလျက် ထွက်လာ၏။ ကောင်မလေးသည် ကောင်းမင်၏ဘေးသို့ ရောက်လာပြီး ပိုင်ရှောင်၏အနက်ရောင်ဆက်သွယ်ရေးစက်နှင့် အန်ကယ်ဝူ၏ အဆောင်ကို ထုတ်ရန် ညွှန်ပြလိုက်သည်။ ကောင်မလေးသည် အဆောင်ကို ဖွင့်လိုက်ပြီး ဓာတ်ပုံတစ်ခုကို ခါထုတ်လိုက်သည်။ ဓာတ်ပုံသည် မိသားစုဓာတ်ပုံမှ ရောက်လာခြင်းဖြစ်ပုံရသည်။ ၎င်းဓာတ်ပုံများသည် အဆောင်များတွင်စွမ်းအားတချို့ရှိနေခြင်းအတွက် အကြောင်းပြချက်ဖြစ်သည်။
"ဒါ သမီးရဲ့ပုံလား "
ကောင်းမင်သည် လူစက္ကူရုပ် ခုနှစ်ယောက်အား ခေါင်းမော့ကြည့်လိုက်သည်။ သူတို့အားလုံး၏ နူတ်ခမ်းတွင် သွေးထမင်းများပေကျံနေပြီး သူတို့မျက်နှာတွင် ထူးဆန်းသောအမူအရာများရှိသည်။
ကောင်းမင်သည် မသက်မသာခံစားနေရသည်။ ကောင်မလေးသည် ဓာတ်ပုံအား မီးပုံထဲပစ်ထည့်လိုက်ပြီး ကောင်းမင်ကို အိပ်ခန်းထဲခေါ်လိုက်သည်။ အခန်းထောင့်တွင် စုတ်ပြဲနေသည့်ကုတ်အင်္ကျီကို ဝတ်ထားသော လူအိုကြီးတစ်ယောက် ပုန်းနေသည်။
"အန်ကယ်ဝူ "
ကောင်းမင်က ထိုလူအား ချက်ချင်းမှတ်မိသွားသည်။
"အန်ကယ်ဝူ ခင်ဗျားက ဒီကမ္ဘာမှာ ရှင်သန်နိုင်ဖို့ အံ့ဩစရာကောင်းမှာ သေချာတယ်ဗျ "
အန်ကယ်ဝူက ကောင်းမင်ကို မသိချင်ယောင်ဆောင်ချင်သော်လည်း ကောင်းမင်တွင် သူပေးခဲ့သော အဆောင်ရှိသည်။
"မင်းတို့ကောင်တွေက သေခြင်းတရားကို ရှာဖွေရတာ တော်တော်ကြိုက်ကြတာပဲ "
"ကျွန်တော်တို့က လူတွေကို ကယ်တင်ဖို့လုပ်နေတာပါ "
ကောင်းမင်က အန်ကယ်ဝူအား ဆွဲထူလိုက်သည်။
"အရင်က ခင်ဗျား ကျွန်တော့ကို အမှန်အတိုင်း မပြောခဲ့ဘူးနော် "
"ငါပြောသမျှအားလုံး အမှန်တရားပဲ ၊ ဒီလူစက္ကူရုပ်တွေက လွန်ခဲ့တဲ့နှစ်တွေက အမှုရဲ့ နစ်နာသူတွေပဲ ၊ ငါသူတို့အတွက် နှစ်တိုင်းအမွှေးတိုင်ထွန်းပေးတယ် ၊ သူတို့က ငါ့ကို ကာကွယ်ပေးတယ်လေ "
အန်ကယ်ဝူက ကောင်းမင်အား ဘေးသို့တွန်းလိုက်သည်။
"ငါ သူတို့ကို ဆက်တိုက်ပြောနေတာပဲ ၊ ဒါပေမယ့် မင်းတို့အရူးဌာနက လူတွေက ငါပြောတာ နားမထောင်ကြဘူးလေ "
"ဌာနက တခြားလူတွေကို ခင်ဗျားတွေ့ခဲ့သေးလား "
"သူတို့က အသားကို စားနေခဲ့ကြတာဆိုတော့ ခုလောက်ဆို သေနေလောက်ပြီ "
အန်ကယ်ဝူက တံခါးကို ရွေ့လိုက်သည်။ သူ့နောက်တွင် ပုလ္လင်ငယ်လေးတစ်ခုရှိနေသည်။ သူသည် သေဆုံးသူများကို လေးစားမှုပေးရန် နှစ်တိုင်းဤနေရာသို့ လာနိုင်ခဲ့သည်။ ပထမတွင် သူက လေးစားမှုပြုခြင်းဖြစ်သော်လည်း ၎င်းက သူ့အသက်အား ကယ်တင်နိုင်ခဲ့သည်။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ ၊ ဘာလို့ တခြားအိမ်ငှားတွေက မမှတ်နိုင်လောက်အောင် ပြောင်းလဲသွားကြတာလဲ ၊ ဘာလို့ တချို့က သရဲတွေဖြစ်နေတာလဲ ၊ ဘာလို့ တချို့စုံစမ်းရေးမှူးတွေက ဖမ်းဆီးခံရပြီး တိရိစ္ဆာန်တွေလို ဆက်ဆံခံနေရတာလဲ "
အန်ကယ်ဝူသည် သူပထမဆုံး ဆက်သွယ်နိုင်ခဲ့သောလူဖြစ်သည်။ ထို့ကြောင့် သူ့အားအလွယ်တကူလွှတ်မပေးနိုင်ပေ။
"မင်းတို့ဆီရောက်လာတာ ငါအရမ်းကံဆိုးတာပဲ "
အန်ကယ်ဝူက သူ့အင်္ကျီကို ပိုတင်းကျပ်အောင် ခပ်တင်းတင်းဆွဲလိုက်သည်။
"ဒီဗီဒီယိုကို ကြည့်လိုက် "
အန်ကယ်ဝူသည် ပုလ္လင်ငယ်လေးအောက်မှ တစ်ကိုယ်ရေသုံးဒီဗီစက်အဟောင်းလေးကို ထုတ်လိုက်သည်။ (DVဆိုတာ MP4 လိုမျိုးပါ )
မိသားစုလေးယောက်သည် မွေးနေ့ပွဲကျင်းပနေကြသည်။ ဖခင်ဖြစ်သူသည် ဒီဗွီစက်ကို ကိုင်ထားပြီးမှတ်တမ်းတင်နေခဲ့သည်။ တံခါးခေါက်သံကြားသည့်အချိန်တွင် သူတို့သည် ဖယောင်းတိုင်ထွန်းနေတုန်းဖြစ်သည်။ မိခင်ဖြစ်သူက တံခါးဖွင့်ရန် ထွက်သွားခဲ့သည်။ ထို့နောက် အော်ဟစ်သံနှင့် ပြေးလွှားသံများထွက်ပေါ်လာခဲ့သည်။ ဖခင်ဖြစ်သူ၏ ဒီဗွီစက်သည် ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။ သွေးများစီးဆင်းသွားခဲ့သည်။ မိသားစုလေးယောက်သည် သွေးအိုင်ထဲ လဲကျနေကြသည်။ အိမ်နီးချင်းက ရုတ်ရုတ်သဲသဲအသံများကြောင့် သူတို့တံခါးကိုဖွင့်လိုက်သည်။ လူသတ်သမားသည် အိမ်နီးချင်း၏အိမ်ထဲသို့ ဝင်ရောက်တိုက်ခိုက်ပြီး သူတို့အား သတ်ဖြတ်ပစ်ခဲ့သည်။ မိသားစုရှစ်ယောက်သည် ထိုကဲ့သို့သာ သေဆုံးသွားခဲ့ကြသည်။
ထိုကိစ္စဖြစ်ပွားပြီးနောက် လူသတ်သမားသည် ထွက်မသွားခဲ့ပေ။ ထိုအစား သူသည် ထူးဆန်းသည့် သင်္ကေတတချို့ကို ရေးဆွဲလိုက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်။
"နေပါဦး ၊ ခင်ဗျားမှာ ဘယ်လိုလုပ် ဒီဗီဒီယိုရှိနေတာလဲ "
လုံခြုံရေးမြင့်သည့် ထောင်တွင် အလုပ်လုပ်ခဲ့သော ကောင်းမင်သည်ပင် ယင်းဗီဒီယိုကို ကြည့်၍ မသက်မသာဖြစ်နေခဲ့သည်။
"ငါ...ငါ အဲ့ညက ကင်းလှည့်နေတာ ၊ လူသတ်သမားက အပေါ်ထပ်တက်သွားတဲ့အချိန်တုန်းက ငါ့ကို တိုက်မိပြီးတက်သွားတာ "
အန်ကယ်ဝူက အပြစ်ရှိစိတ်ဖြင့်ပြောလိုက်သည်။
"ငါသာ တစ်ခုခုကို သတိပြုမိခဲ့ရင် ဒီကံကြမ္မာဆိုးကြီးက ဖြစ်ခဲ့မှာ မဟုတ်ဘူး "
"ဒါပြီးတော့ ဘာလို့ ဒီမှတ်တမ်းကို ရဲလက်ထဲ မလွှဲပေးခဲ့တာလဲ "
ကောင်းမင်က မေးလိုက်သည်။
"ဆက်ကြည့်ပါဦး "
ဗီဒီယိုသည် ဆက်လက်ပြသနေဆဲဖြစ်သည်။ အခင်းဖြစ်ရာသို့ ပထမဆုံးရောက်လာသောလူများသည် ရဲများမဟုတ်ပဲ ပရဟိတမှ လူများဖြစ်သည်။ သူတို့သည် အမှုဖြစ်ပွားခဲ့ကို သိကြပုံပေါ်သည်။ သူတို့သည် အခန်းထဲ ဝင်ပြီးလူသတ်သမား၏ခန္ဓာကိုယ်မှ တစ်စုံတစ်ခုကို ယူလိုက်သည
"ဒါက ပရဟိတအသင်းနဲ့ ဆက်စပ်နေပေမယ့် တိုက်ရိုက်သက်သေမရှိဘူး "
အန်ကယ်ဝူက ကြောက်ရွံ့နေခဲ့သည်။
"လူသတ်သမားက သေသွားခဲ့ပြီ ၊ ပြီးတော့ အမှုလည်း ပိတ်သွားခဲ့ပြီ ၊ ငါသာ ဒီဗီဒီယိုမှတ်တမ်းကို ယူမထားခဲ့ရင် ထူးထူးဆန်းဆန်းပျောက်သွားမှာပဲ ၊ ဟန်ဟိုင်းပရဟိတအဖွဲ့ရဲ့ ဩဇာအာဏာကို မင်းတို့ နားမလည်ပါဘူး ၊ သူတို့က ဆေးရုံတွေ ကျောင်းတွေအများကြီးဆောက်ပေးခဲ့တယ် ၊ သူတို့က ဆင်းရဲသားတွေရဲ့ မျှော်လင့်ချက်ပဲ "
"ဒါက အရင်ကပဲ မှန်ပါလိမ့်မယ် ၊ ဒါပေမယ့် အခုမဟုတ်တော့ဘူး "
ကောင်းမင်က စီတုအန်းအကြောင်း ထပ်ပြောနေခဲ့သည်။
"စီစွေ့အိမ်ရာကို ဆောက်ခဲ့ချိန်တုန်းကပဲ ပရဟိတအဖွဲ့က ဒီကို ပစ္စည်းတွေ ရွှေ့နေခဲ့တာ ၊ ဒါပေမယ့် ပစ္စည်းအများစုက သေစေဖို့အတွက်ပဲ "
အန်ကယ်ဝူသည် မရူးပေ။ သူသည် အရာများစွာကို မှတ်မိနေသည်။ သူက သူ့ရှေ့တွင် အနီရောင်ဖယောင်းတိုင်နှစ်ချောင်းနှင့် အဖြူရောင်ဖယောင်းတိုင်လေးချောင်းကို စိုက်လိုက်သည်။
"ပရဟိတအဖွဲ့က လူတွေက သရဲတွေကို ပျိုးထောင်နေကြတာ ၊ ပြီးတော့ သူတို့အောင်မြင်ခဲ့တယ် ၊ ဒီနေရာမှာ အန္တရယ်များတဲ့ သရဲနှစ်မျိုးရှိတယ် ၊ ပထမက စောနက လူသတ်သမားပဲ ၊ သူက အရမ်းရန်လိုတတ်ပြီးတော့ သားစားကြူးနှလုံးသားရှိတယ် ၊ နောက်တစ်မျိုးက အိမ်ငှားတွေကိုးကွယ်တဲ့ သားစားကြူးနတ်ရုပ်တုပဲ ၊ ရုပ်တုက အသိစိတ်ရနေပြီ ၊ ပြီးတော့ ဝိဉာည်နဲ့အတူ နှလုံးသားပုံသဏ္ဍာန်လည်း ပေါ်နေပြီ "
"အဲ့ဒီနှစ်မျိုးထက် ဒီနေရာက အိမ်ငှားတွေကို အမျိုးအစားလေးခု ခွဲခြားနိုင်တယ် "
အန်ကယ်ဝူသည် အဖြူရောင်ဖယောင်းတိုင်လေးခုကို ကောင်းမင်အား ပြသလိုက်သည်။
"နှလုံးသားတွေက ပုံသဏ္ဍာန်ကို ထင်ရှားစေတယ် ၊ သားစားကြူးနတ်ရဲ့ဩဇာအောက်မှာ အိမ်ငှားတွေက ရှင်ခြင်းသဏ္ဍာန် ၊ သေခြင်းသဏ္ဍာန် ၊ လိုအင်ဆန္ဒသဏ္ဍာန်နဲ့ အပြစ်သဏ္ဍာန်လို့ ရှိကြတယ် "
"ရှင်ခြင်းသဏ္ဍာန်က မင်းနဲ့ငါလို လူသားဆန်တဲ့ အပြင်လူတွေပဲ ၊ လိုအင်ဆန္ဒသဏ္ဍာန်က အေးဂျင့်တွေလိုမျိုးပဲ ၊သူတို့ရဲ့ လိုအင်ဆန္ဒတွေက သိသာထင်ရှားတယ် ၊ သူတို့က ဒီနေရာက ထွက်မသွားနိုင်တော့ပဲ သားစားကြူးနတ်ဘုရားကိုပဲ ကိုးကွယ်ကြရတယ် ၊ သေခြင်းသဏ္ဍာန်ဆိုတာက သေနေတဲ့လူတွေကို ပြောတာ ၊ သူတို့ကို အရိပ်တွေဝန်းရံနေပြီး စာလုံးနက်တွေ ဖုံးလွှမ်းနေတယ် ၊ သူတို့က အသက်ရှင်ဖို့ သားစားကြူးနတ်ကစွန့်ကြဲတဲ့ အသားတွေကို စားဖို့လိုအပ်တယ် ၊ နောက်ဆုံးတစ်ခုက အပြစ်သဏ္ဍာန်ပဲ ၊ သေဆုံးသူအများအပြားရဲ့ ဝိဉာည်တွေက ဒီနေရာမှာ ပိတ်မိနေကြတယ် ၊ သူတို့ဟာ တခြားသွားစရာနေရာမရှိပဲ ကံမကောင်းမှုအဖြစ် ပြသခံထားရတယ် "
အန်ကယ်ဝူသည် အဖြူရောင်ဖယောင်းတိုင်လေးခုကို ဂရုတစိုက် ဖယ်ရှားလိုက်သည်။
"အိမ်ငှားတွေက ကြောက်စရာမကောင်းပါဘူး ၊ မင်းသာ သရဲနှစ်ကောင်ကို သတ်လိုက်နိုင်ရင် ငါတို့လွှတ်မြောက်လိမ့်မယ်လို့ ငါယုံတယ် "
"အန်ကယ်ဝူ အဖွဲ့အသစ်ကို ခင်ဗျားမေ့နေပုံပဲ "
ကောင်းမင်က အနီရောင်ဖယောင်းတိုင် နောက်တစ်ချောင်းကို ထုတ်လိုက်သည်။
"ဟန်ဟိုင်းပရဟိတအဖွဲ့ရဲ့ ဒုဥက္ကဌ စီတုအန်းလည်း ဒီရောက်နေတာလေ "