ကြွက်များ
Vol. 4 Ch. 47
"စီတုအန်းလား "
ထိုနာမည်ကို ကြားသောအခါ အန်ကယ်ဝူသည် ပို၍ပင်ကွေးသွားသည်။ သူက သူ့ကိုယ်သူပုန်းကွယ်ချင်သွားသည်။
"မင်းတို့ အဲ့ဒီလူကို သတိထားရမယ် "
"ခင်ဗျား သူ့ကိုသိလို့လား "
"စီစွေ့အိမ်ရာမှာ သရဲတွေက ကြောက်စရာအကောင်းဆုံးလို့ ငါတွေးထားခဲ့တာ ၊ စီတုအန်းနဲ့ မတွေ့ခင်အထိပေါ့ "
အန်ကယ်ဝူသည် သူ့နူတ်ခမ်းပေါ်မှ ဒဏ်ရာကို လျှာဖြင့်သပ်လိုက်သည်။
"ငါက ရူးသလိုကြောင်သလို လုပ်နေရပြီး စီစွေ့အိမ်ရာက ထွက်သွားလို့မရတာ စီတုအန်းကြောင့်ပဲ ၊ ငါ ဟန်ဟိုင်းကနေ မလွတ်နိုင်ဘူး ၊ ငါသာ နဲနဲလေးအခြေနေကောင်းပုံပြလိုက်ရင် ငါအသတ်ခံရမှာပဲ ၊ ဗီဒီယိုမှတ်တမ်းကို ငါ ရဲတွေဆီပို့ဖို့စဉ်းစားခဲ့သေးတယ် ၊ ဒါပေမယ့် ငါ့ရှေ့မှာ တူညီတဲ့ တစ်စုံတစ်ခု ဖြစ်သွားခဲ့သေးတယ် "
"စေတနာ့ဝန်ထမ်းလူငယ်လေးတစ်ယောက်က ရဲတွေကို သူကြားသမျှ အားလုံးပြောခဲ့တယ် ၊ သူနဲ့ရဲတွေနဲ့အင်တာဗျူးမှတ်တမ်းကို စီတုအန်းစီပို့ခံ လိုက်ရတယ် ၊ နောက်တော့ လူငယ်လေးလည်း စီစွေ့အိမ်ရာကနေ ထာဝရပျောက်ဆုံးသွားတော့တာပဲ "
ထိုစကားကို ကြားသည့်အခါ ကုန်းစီ၏အဖွားသည် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ အန်ကယ်ဝူရည်ညွှန်းသော စေတနာ့ဝန်ထမ်းလူငယ်လေးသည် ကုန်းစီဖြစ်ပုံရသည်။ သို့သော်လည်း ကုန်းစီသည် ထိုအရာအား မှတ်မိခြင်းမရှိပေ။ သူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သည်။
"စီတုအန်း ....ကြည့်ရတာ သူ့ကို မူမမှန်ဖြစ်ရပ်ထဲမှာ ထာဝရနေခိုင်းဖို့ ငါနည်းလမ်းတစ်ခုရှာဖို့လိုနေပြီ "
ကောင်းမင်သည် ထူးဆန်းမှုတစ်ခု ခံစားလိုက်ရသည်။ သူသည် စီတုအန်းကို အရင်က မမြင်ဖူးသော်လည်း သူတို့ကြားတွင် အတိတ်က ကြီးကြီးမားမားတစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သကဲ့သို့ ထိုလူအား မနှစ်သက်ခြင်းဖြစ်နေ၏။
"အဲ့ဒီက လူသားအရေခြုံထားတဲ့ နတ်ဆိုးတစ်ကောင်ပဲ "
အန်ကယ်ဝူ၏ မျက်လုံးထဲတွင် အကြောက်တရားကို ပြသနေ၏။
"လူသတ်သမားရဲ့ အသားနှလုံးသားနဲ့ သားစားကြူးနတ်ရဲ့ နတ်ဘုရားနှလုံးသားကို စီတုအန်းလက်ထဲ ရောက်သွားစေလို့ မဖြစ်ဘူး ၊ ဒါက ပရဟိတအဖွဲ့က စီစွေ့လမ်းအိမ်ရာမှာ သရဲတွေကို မွေးမြူထားတဲ့ ရည်ရွယ်ချက်ဖြစ်ရမယ် "
အန်ကယ်ဝူသည် အဝါရောင်စာရွက်ပေါ်တွင် မျဉ်းကြောင်းတချို့ ဆွဲလိုက်သည်။
"လူသတ်သမားသရဲက ဒီနေရာက အခန်းတစ်ခန်းမှာရှိတယ် ၊ အဲ့ဒါက သတ်ဖြတ်တဲ့အချိန်မှသာ ထွက်လာလိမ့်မယ် ၊ ဒါပေမယ့်လည်း သားစားကြူးနတ်ရုပ်တုရဲ့တည်နေရာကို မင်းဖျက်ဆီးနိုင်အောင် သူ့တည်နေရာကို ငါပြပေးနိုင်တယ် "
"အဲ့တာက ဘယ်နားမှာလဲ "
"အဆောက်အဦးအေက ပထမမြေအောက်ထပ်ပဲ ၊ ယင်စွမ်းအင်တွေ အသိပ်သည်းဆုံးနေရာမှာ ဘိုးဘေးခန်းမတစ်ခုရှိတယ် ၊ နတ်ရုပ်တုက အဲ့ဒီမှာပဲ "
အန်ကယ်ဝူက နောက်အဆောင်တစ်ခုကို ထုတ်လိုက်သည်။
"ငါက အိုမင်းပြီး အားနည်းနေပြီ ၊ ငါသာ မင်းတို့နဲ့လိုက်လာရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ် ၊ ဒီအဆောင်တွေကို ယူသွားပါ ၊ သူတို့က အသုံးဝင်လာပါလိမ့်မယ် "
ကောင်းမင်က အဆောင်များကို သိမ်းဆည်းလိုက်ပြီး လူစက္ကူရုပ်များကို ကြည့်လိုက်သည်။
"ခင်ဗျားတို့တတွေ လိုက်ကြမှာလား ၊ ခင်ဗျားတို့ရဲ့လူသတ်သမားက ဒီမှာပဲရှိတယ် ၊ ဒါက ခင်ဗျားတို့အတွက် လက်စားချေဖို့ အခွင့်အရေးပဲ "
အသက်အကြီးဆုံး လူစက္ကူရုပ်မှလွဲ၍ တခြားလူစက္ကူရုပ်များက မလှုပ်ရှားကြပေ။ ၎င်းသည် စားပွဲဆီမှ အဖြူရောင်ဆန်အချို့ကိုယူ၍ ကောင်းမင်၏အိပ်ကပ်ထဲ ထည့်ပေးလိုက်သည်။
"ဒါက ဘာအတွက်လဲ "
"ငါက ဆန်တွေကို သေခြင်းတရားကို ကိုးကွယ်ဖို့ သုံးတယ် "
အန်ကယ်ဝူက ရှင်းပြလိုက်သည်။
"မင်း အသားတွေကို စားရတော့မယ်ဆိုရင် အဖြူရောင်ဆန်တွေက မင်းရဲ့ဆင်ခြင်တုံတရားကို ထိန်းထားဖို့ ကူညီပေးလိမ့်မယ် "
အသားသည် ပိုင်ရှောင်စားခဲ့သော အသားမျိုးဖြစ်သည်။ အသားစားခြင်းသည် လူတစ်ယောက်အား မယုံနိုင်ဖွယ်မာကျောခက်ထန်လာစေသော်လည်း ၎င်း၏စိတ်ကို ဆုံးရှုံးလိမ့်မည်ဖြစ်သည်။
"ခင်ဗျားက အဆိုးဆုံးအကျိုးကျေးဇူးကို စဉ်းစားထားပြီးပြီ ထင်ပါရဲ့ "
ကောင်းမင်က ချူးစီစီကို ခေါ်၍ အခန်းပြင်ထွက်လိုက်သည်။ သိပ်မကြာမီ ကုန်းစီလည်း အူယားဖားယားပြေးထွက်လာ၏။ လူစက္ကူရုပ်များက ကုန်းစီ၏မိသားစု(အဘွား)အား ကာကွယ်ပေးရန် ကတိပေးခဲ့သည်။ အပြန်အလှန်အနေဖြင့် ကုန်းစီသည် ကောင်းမင်ကရုပ်တုအားဖျက်ဆီးသောအခါ ကူညီပေးရမည်ဖြစ်သည်။ အိမ်ငှားအများစုသည် သားစားကြူးနတ်ကို ကိုးကွယ်ကြသည်။ သို့သော် ကုန်းစီကားခြွင်းချက်ဖြစ်သည်။ သူ့ယုံကြည်မှုသည် သူ့အဘွားကို ကာကွယ်ရန်သာဖြစ်သည်။
"ကျုပ်လမ်းပြပေးမယ် ၊ ဘိုးဘွားခန်းမရဲ့နေရာကို ကျုပ်သိတယ် "
ကုန်းစီသည် "သစ္စာဖောက်" တစ်ယောက်ဖြစ်လာ၏။ ကောင်းမင်သည် ကျောက်ရှီအားသယ်ဆောင်လျက် နောက်မှ တိတ်တဆိတ်လိုက်ပါသွားသည်။ ထိုကစားပွဲမှတဆင့် သူသည် အရိပ်ကမ္ဘာအကြောင်းစတင်သိရှိလာပြီဖြစ်သည်။ အိမ်ငှားများကို ပုံသဏ္ဍာန်လေးခုအဖြစ်ခွဲခြားထားသည်။ ထိုအရာသည် အရိပ်ကမ္ဘာ၏ အနုစိတ်လောကတစ်ခုဖြစ်သည်။
"အရိပ်ကမ္ဘာက ဖြစ်ရပ်ဆိုးတစ်ခုပဲ မဟုတ်ဘူး ၊ ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ ကမ္ဘာတစ်ခုပဲ "
......................
ရွှမ်ဝမ်သည် ကော်ရစ်ဒါပေါ်တွင် လျှောက်နေရင်း ရပ်တန့်လိုက်သည်။ သူမသည် ကောင်းမင်က သူမနာမည်ခေါ်သံအား ကြားခဲ့ရသည်။ ရွှမ်ဝမ်က နောက်လှည့်ကြည့်လိုက်ရာ ချူးစီစီဘေးတွင် လမ်းလျှောက်နေသော ကောင်းမင်ကို မြင်သည်။ သူတို့သည် ရှေ့သို့ ဆက်လက်သွားနေကြသည်။ သူတို့သည် ထောင့်တွင်ကွယ်သွားသောအခါ ရွှမ်ဝမ်၏မျက်လုံးများက ပြောင်းလဲသွားသည်။ သူမသည် အိတ်ထဲမှ ဓားတစ်ချောင်းထုတ်ယူလိုက်သည်။
"ဘာဖြစ်လို့လဲ "
ယန်ဟွာက မျက်မှောင်ကြုံ့သွားသည်။
"ငါတို့ အရိပ်ထဲမှာ ရှိတုန်းက ကောင်းမင်နဲ့တခြားလူတွေ အစားထိုးခံလိုက်ရပြီ "
ရွှမ်ဝမ်၏အသံသည် မည်သည့်စိတ်ခံစားချက်မှ သယ်ဆောင်မထားပေ။ သူမသည် ကောင်းမင်ဘေးတွင် ရှိစဉ်ကနှင့် လုံးဝကွာခြားနေသည်။
"ခင်ဗျား ဘယ်လိုပြောနိုင်တာလဲ "
"ငါက ကောင်းမင်၏ယေဘုယျတည်နေရာကို အာရုံခံနိုင်တယ် ၊ ပြီးတော့ ငါတို့နောက်မှာရှိတဲ့လူက သူမဟုတ်ဘူး "
ရွှမ်ဝမ်သည် သူမနောက်တွင်ဓားကိုဝှက်လိုက်ပြီး နောက်ပြန်လှည့်လိုက်သည်။ သူမက ပြုံးလျက် 'ကောင်းမင်' ဆီသွားလိုက်သည်။
'ကောင်းမင်'က ဇဝေဇဝါဖြစ်သွားသည်။ သူစကားပြောရန် ပြင်လိုက်သောအခါ အရိပ်တွင် ပုန်းကွယ်နေသည့် ဓားသည် သူ့လည်ပင်းကို ထိုးစိုက်သွားသည်။ မည်သည့်သွေးမှ ထွက်မလာပေ။ 'ကောင်းမင်'သည် ထိတ်လန့်သွားရာမှ ရူးသွပ်ခြင်းအဖြစ် ပြောင်းလဲသွားသည်။ သူသည် လည်ပင်းတွင် ဓားတန်းလန်းနှင့်ပင် ရွှမ်ဝမ်အား တိုက်ခိုက်လိုက်သည်။
ရွှမ်ဝမ်၏မျက်လုံးများသည် သွေးနီရောင်ပြောင်းလဲသွားသည်။ သူမသည် သူမ၏လက်ကို 'ကောင်းမင်'၏ ရင်ဘတ်ပေါ်တင်လိုက်သည်။ 'ကောင်းမင်' သည် သူ့ကိုယ်သူထိန်းချုပ်မှုလွတ်သွားသည်။ သူနှင့်အတူရှိနေသောအရိပ်သည် အတွင်းမှ သူ့အားတိုက်ခိုက်နေ၏။
'ချူးစီစီ'သည် ပုဆိန်အား ရွှမ်ဝမ်ဆီသို့ ဝေ့ယမ်းလိုက်သည်။ သို့သော်လည်း သံတောင်ကဲ့သို့အားတစ်ခုက သူမ၏လက်ကို နောက်ပြန်ဆွဲထား၏။ ယန်ဟွာက လက်သီးတစ်ချက်ကျွေးလိုက်ရာ 'ချူးစီစီ'ခန္ဓာကိုယ်သည် ကွေးညွှတ်သွားသည်။ သူသည် သူမအား တုံ့ပြန်ဖို့ အခွင့်အရေးပင်မပေးချေ။ လက်သီးချက်များသည် မိုးရေစက်များအလားပင်။
သွေးမထွက်သော်လည်း ယန်ဟွာထိုးလိုက်သည့်အချိန်တိုင်းတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးသည် ပိုအသက်ဝင်လာ၏။ ချူးစီစီပေါ်ရှိအရိပ်သည် သရဲတက်တူး၏ စားသောက်ခြင်းခံလိုက်ရသည်။
'ချူးစီစီ'သည် ယန်ဟွာ၏ အဆက်မပြတ်လက်သီးချက်များကြောင့် သေသွားသည့်အခါမှသာ ယန်ဟွာက ရပ်တန့်လိုက်သည်။ သူက တစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါ ရွှမ်ဝမ်သည် 'ကောင်းမင်'အား ဖြေရှင်းပြီးပြီဖြစ်သည်။
"နောက်ဆုံးသတ်ဖြတ်တာကို ငါနဲ့လွှဲထားလိုက် ၊ နင့်လက်သီးကို မသုံးနဲ့ "
ရွှမ်ဝမ်က ယန်ဟွာ၏ဘယ်လက်အား စိုက်ကြည့်လိုက်ပြီး တစ်စုံတစ်ရာကို သတိထားမိပုံရသည်။ ယန်ဟွာက ချူးစီစီကို သတ်ပစ်ပြီးနောက် သူ့လက်ပေါ်တွင် အနက်ရောင်စာလုံးများပေါ်လာလေသည်။ ၎င်းတို့သည် ကျိန်စာတစ်ခုဖြစ်ပုံရသည်။ ယန်ဟွာသည် ယင်းအနက်ရောင်စာလုံးများကို သတိပြုမိသော်လည်း သူက ဂရုမစိုက်ပေ။
"ကျုပ်တို့ ကောင်းမင်ကို ရှာဖို့လိုတယ် ၊ သူပဲ ကျုပ်အစ်မဘယ်မှာရှိတယ်ဆိုတာ သိတာ ၊ သူသေလို့မဖြစ်ဘူး "
ယန်ဟွာ၏ကြီးမားသောပုံရိပ်သည် ပုန်းရန် မဖြစ်နိုင်ပေ။ သို့သော် သူက ပုန်းမနေချေ။ ယန်ဟွာသည် သူ့လမ်းကို ပိတ်လာသည့် မည်သည့်အရာမဆို လက်သီးဖြင့်ဖြေရှင်းမည်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သရဲတက်တူးသည် ပိုရက်စက်လာပုံပေါ်သော်လည်း အနက်ရောင်စာလုံးများသည်လည်း ပိုမိုများပြားလာပေသည်။
"နင်က ဒီနေရာမှာ ဒီနည်းလမ်းနဲ့ သတ်ဖြတ်ချင်နေတာလား ၊ ဒါက အဆင့်၄ မူမမှန်မှုနော် "
ရွှမ်ဝမ်က ယန်ဟွာကို မတားဆီးခဲ့ပေ။ သူတို့သည် စွမ်းအားရှိသော စူပါရာဇဝတ်သားများဖြစ်ကြသည်။ သူတို့သည် အလွန်အမင်းခေါင်းမာလေသည်။ သူတို့သည် ကောင်းမင်မှလွှဲ၍ မည်သူ့ကိုမှ မယုံကြည်ပေ။
"ဒါတွေက ဘာတွေလဲ ကျုပ်မသိဘူး ၊ ကျုပ်လက်သီးက သူတို့ကို ထိခိုက်စေသရွေ့ ကျုပ်ကြောက်စရာမလိုဘူး "
သူ့အရေပြားတစ်လျှောက်တွင် ပိုများလာသော အနက်ရောင်စာလုံးများ ကူးခတ်နေကြသည်။ ယန်ဟွာသည် ပိုသန်မာလာ၏။ တက်တူးသည် သူ့နောက်တွင် အစစ်အမှန်သရဲတစ်ကောင် ရပ်နေသကဲ့သို့ ပိုရှုပ်ထွေးလာလေသည်။
........
ဝမ်ကျီသည် အနောက်တွင် တိတ်တဆိတ်လိုက်ပါလာသည်။ ရုတ်တရက် သူသည် တစ်ယောက်တည်းရှိနေကြောင်း သတိထားမိလိုက်သည်။
"ကော်ရစ်ဒါ ပြောင်းသွားတာလား "
ဘေးပတ်ပတ်လည်မှ အရိပ်များထွက်ပေါ်လာကြသည်။ ဝမ်ကျီက ကြောက်ရွံ့သွားသည်။ တိုက်ခန်းသည် အရင်ထက်မှောင်မဲလာသည်။ အလွန်ပြင်းထန်သောအနံ့ဆိုးတစ်ခုသည် လေထုထဲတွင် ပျံ့နှံ့နေသည်။ ဝမ်ကျီက ထော့င်တစ်ခုတွင်ရပ်လိုက်သည်
အမည်မသိအရာသည် သူ့အား ကြောက်စိတ်ဖြင့်မွှန်ထူသွားစေသော်လည်း သူ့အပေါ်ထိခိုက်မှုပေးခဲ့သောဘဝနှင့်စာလျှင် ၎င်းသည် သူ့အားလဲပြိုသွားစေရန် မလုံလောက်ပေ။
"ကောင်း ...ကောင်းမင် ..."
သူက ခပ်တိုးတိုးခေါ်လိုက်သည်။ မတုံ့ပြန်ပေ။ သူ့အား ကာကွယ်ရန် ကတိပေးထားခဲ့သောထိုလူသည် ပျောက်ကွယ်သွားခဲ့သည်။ သူ့ဗီဇက သူသည် အန္တရာယ်ထဲရောက်နေကြောင်း ပြောနေသည်။ ဝမ်ကျီသည် ဘာလုပ်ရမှန်း မသိပေ။ သူက ထောင့်တွင်ခန္ဓာကိုယ်ကို ကွေးလိုက်ပြီး ဒူးတုပ်ကာ သူ့ခြေထောက်များကို ပိုက်ထားလိုက်သည်။ မိနစ်များစွာကြာပြီးနောက် ဝမ်ကျီ၏နှလုံးသည် ခုန်ပေါက်လာသည်။ သူ့ဗီဇက သူ့အား ချက်ချင်းထွက်သွားရန်လိုကြောင်း ပြောနေသည်။
သူသည် ဘယ်နားပုန်းရမည်မှန်း မသိချေ။ ဝမ်ကျီက အရဲ့စွန့်လိုက်ပြီး သူနဲ့အနီးဆုံးဖြစ်သည့် အခန်း ၅၀၆ ကို ဝင်လိုက်သည်။ သူတံခါးပိတ်ရုံ ရှိသေးသည် ။ ကြွက်မျက်နှာဖုံးဖြင့် လူတစ်ယောက်ပေါ်လာ၏။ သူသည် သော့တစ်ချောင်းနှင့်တိုက်ခန်းမန်နေဂျာကတ်ကို ကိုင်ထားသည်။ သူသည် ဝမ်ကျီအစောပိုင်းရပ်နေရာ နေရာတွင် ရပ်လိုက်သည်။ ထိုလူသည် သူ့မျက်နှာဖုံးကို ချွတ်လိုက်ပြီး တစ်ခုခုဝါးနေလေသည်။ သူသည် တစ်ခုခုကို အနံ့ရသည့်အလား သူ့နှာခေါင်းက တရှုံ့ရှုံ့ဖြစ်သွားသည်။
ဝမ်ကျီသည် ပါးစပ်နှင့်နှာခေါင်းကို အုပ်ထားလိုက်သည်။ ထိုလူသည် မျက်နှာဖုံးအောက်တွင် ကြွက်မျက်နှာတစ်ခုရှိကြောင်း ချောင်းကြည့်ပေါက်မှတဆင့် မြင်လိုက်ရသည်။
လူတိုင်းကြောက်ရွံ့ရသော တိုက်ခန်းမန်နေဂျာသည် အသားများကို ခိုးစားနေသော ကြွက်တစ်ကောင်ဖြစ်ပုံရလေသည်။