စီတုအန်း
Vol. 4 Ch. 51
စားဖိုမှူးသည် အနီရောင်တံခါးကြီးကို တွန်းဖွင့်လိုက်သည်။ သူတို့သည် အပြင်ဘက်မှနေ၍ သံပြိုင်ဆုတောင်းဝတ်ပြုသံများကိုကြားလိုက်ရသည်။ အရာသာရှိသောအသားနံ့များကိုလည်း ရနေသည်။ ကောင်းမင်က စားဖိုမှူးနောက် လိုက်သွားလိုက်သည်။ သူသည် အခန်းထဲတွင် များစွာသော လူသေဓာတ်ပုံများကိုမြင်လိုက်ရသည်။ အားလုံးသည် ထူးဆန်းစွာကြည့်နေကြပြီး သူတို့အပေါ်တွင် ရေးထားသောနာမည်များရှိကြသည်။
"ဓာတ်ပုံတစ်ပုံစီမှာ အသက်ရှင်နေတဲ့လူတစ်ယောက်ပါနေတာလား "
ဓာတ်ပုံများဆီမှ ညှီစို့စို့အသားနံ့များ ထွက်နေ၏။ ကောင်းမင်က ဓာတ်ပုံများသည် စက္ကူပေါ်တွင်ရေးဆွဲထားခြင်းမဟုတ်ပဲ လူသားအရေပြားပေါ်တွင်ရေးဆွဲထားခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
အခန်းထဲ ဝင်ပြီးနောက် ကောင်းမင်သည် မျက်လုံးများစွာက သူ့အားစိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ကုန်းစီသည် ချက်ချင်းပင် ကြမ်းပြင်ပေါ်ဝပ်၍ ဦးညွတ်လိုက်လေသည်။ သူသည် ခေါင်းမမော့ရဲတော့ပေ။ စားဖိုမှူးသည် အပြင်လောကကို အာရုံခံမိပုံမရချေ။ သူသည် အခန်းအလယ်ရှိ အနက်ရောင်အစကြီးကို ဆွဲချလိုက်ရာ ဧရာမယဇ်ပုလ္လင်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။ စားပွဲသည် အနီရောင်ဖြစ်ပြီး ၎င်းအပေါ်တွင် ပန်းကန်ပြားအလွတ်ရှစ်ချပ်ကို တင်ထား၏။
စုံစမ်းရေးမှူးတစ်ယောက်သည် စားပွဲပေါ်တွင် ဒူးထောက်နေလေသည်။ သူသည် ဌာနယူနီဖောင်းကို ဝတ်ဆင်ထားသည်။ သူ့လည်ပင်းသည် အနက်ရောင်စာလုံးများဖြင့် ဖုံးလွှမ်းနေသည်။ သူ့ပါးစပ်သည် ဘယ်သူမှနားမလည်သော စာသားများဖြင့် ဆုတောင်းနေ၏။
"ဒီနေရာမှာ ဘာလို့ စုံစမ်းရေးမှူးတစ်ယောက်ရှိနေတာလဲ "
ချူးစီစီသည် ကောင်းမင် နောက်ပြန်ဆုတ်လိုက်ချိန်တွင် စိတ်ရှုပ်နေဆဲဖြစ်သည်။ ပုလ္လင်ပေါ်တွင် မည်သည့်ရုပ်တုမှ မရှိပေ။ ကိုးကွယ်ခံထားရသောအရာသည် ခိုးယူခံလိုက်ရပြီဖြစ်သည်။
စားဖိုမှူးသည် မြေပြင်ပေါ်လဲပြိုကျသွားသည်။ သူ့နှလုံးသည် ထိုးဖောက်ခံထားရပြီး သူ့ဦးခေါင်းသည်ပြုတ်ကျသွားသည်။ ဆုတောင်းသံသည် တဖြည်းဖြည်းဖျော့တော့ပျောက်ကွယ်သွားသည်။ ပတ်ပတ်လည်မှ ခြေသံများထွက်ပေါ်လာသည်။ စုံစမ်းရေးမှူးသည်လည်း မတ်တပ်ရပ်လိုက်သည်။ သူသည် ရုပ်ရည်ခန့်ညားသော်လည်း သူ့မျက်နှာတစ်ဝက်သည် အနက်ရောင်စာလုံးများကြောင့် အပြစ်အနာအဆာသဖွယ်ဖြစ်နေ၏။
"အထင်မလွဲပါနဲ့ ၊ ကျုပ်တို့လည်း စုံစမ်းစစ်ဆေးဌာနက အဖွဲ့ဝင်တွေပါ "
ကောင်းမင်က အနက်ရောင်ဆက်သွယ်ရေးစက်ကို ထုတ်ပြလိုက်သည်။
"မြို့ဟောင်းဌာနခွဲ၊ လီစန်းဌာနအဖွဲ့တစ်ရဲ့ခေါင်းဆောင် ကောင်းမင်ပါ "
ငယ်ရွယ်သောစုံစမ်းရေးမှူးသည် သူ့ဓားပေါ်မှ သွေးများကိုသုတ်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။
"အရှေ့ပိုင်းမြို့တော််ဌာနခွဲ ၊ ကွင်းစ်စုံစမ်းစစ်ဆေးရေးဌာနရဲ့ ကပ္ပတိန် ချင်ဂီ"
"ဌာနခေါင်းဆောင်လား "
လီစန်းစုံစမ်းစစ်ဆေးရေးဌာန၏ ကပ္ပတိန်သည် အသက်၄၀ကျော်ဖြစ်သည်။ ချင်ဂီသည် အသက်၂၅ထက်ပင် ကြီးပုံမရချေ။ ကောင်းမင်က သူသည် ချင်ဂီထက်ကြီးမည်ဟု ယုံကြည်သည်။
"မင်းရဲ့ အလျင်စလို အပြုအမှုကြောင့် ထိခိုက်မှုတွေဖြစ်သွားတယ်ဆိုတာ မင်းသိလား ၊ ငါတို့ တစ်ပတ်ကျော်လောက် အစီစဉ်ချထားတဲ့ထောင်ချောက်က ပျက်စီးသွားပြီ "
ချင်ဂီ၏အသံက နူးညံ့သွားသော်လည်း သူက အန္တရာယ်ရှိသည့်တည်ရှိမှုကို ခံစားနေရသည်။
"မင်းတို့ကို ဒီလာဖို့ ဘယ်သူပြောလိုက်တာလဲ "
ကောင်းမင်က ချူးစီစီနှင့်ကုန်းစီအား စကားပြောရန် အခွင့်အရေးမပေးခဲ့ချေ။ သူက ပြောလိုက်သည်။
"ကျုပ်တို့ကို ဒီကိုလာဖို့ဘယ်သူမှ ပြောမထားဘူး ၊ အဖွဲ့ကနေ ခွဲခွာပြီးတဲ့နောက် အဖွဲ့တစ်က ကိုယ်ပိုင်စုံစမ်းစစ်ဆေးရေးလုပ်နေတာ၊ ဒီမြေအောက်ထပ်က ထွက်နေတဲ့အသားနံ့ကို အရမ်းသံသယဖြစ်မိတယ် "
ကောင်းမင်သည် ကျွမ်းကျင်သောစိတ်ဆရာဝန်တစ်ယောက်ဖြစ်သည်။ သူသည် သူလိမ်နေသည်ဟု ထင်ပုံမရချေ။
ချင်ဂီသည် ကောင်းမင်ကို လေ့လာလိုက်သည်။
"မင်းတို့လူတွေက အဆောက်အဦးထဲ အသားကို စားခဲ့မိသေးလား "
"မစားဘူး"
ကောင်းမင်က ခေါင်းခါလိုက်သည်။ အတည်ပြုချက်များကို သေချာစေပြီးနောက် ချင်ဂီသည် ဓားကိုသိမ်းဆည်းလိုက်ပြီး အပြင်ဘက်သို့ လက်ယမ်းပြလိုက်သည်။ တံခါးအပြင်ဘက်တွင် ပုန်းအောင်းနေကြသော စုံစမ်းရေးမှူးများသည် အခန်းတွင်း ပြေးဝင်လာကြပြီး အရေးပေါ်ဆေးအိတ်ကို ထုတ်လိုက်သည်။ သူက ကောင်းမင်အား ရိုးရိုးရှင်းရှင်း ပတ်တီးစည်းပေးလိုက်သည်။
"ခင်ဗျားစိတ်မရှိရင် ကျုပ်တစ်ခုလောက်မေးလို့ရမလား ၊ ထောင်ချောက်က ဘယ်သူ့အတွက်လဲ "
ကောင်းမင်က သူ့မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်သည်။
"အဲ့ဒါက ဘာကိုဆိုလိုမှန်းကျုပ်မသိဘူးလေ ၊ ကျုပ်စိတ်မကောင်းဖြစ်မိပါတယ် ၊ ကျုပ်ကူညီနိုင်မယ်ဆိုရင် ကျုပ်မြင်ချင်မိတယ် "
"ဒီအဆောက်အဦးထဲမှာ အန္တရာယ်အများဆုံး သရဲနှစ်ကောင်ရှိတယ် ၊ တစ်ကောင်က လူတွေရဲ့ယုံကြည်မှုနဲ့အသက်ရှင်ပြီး တစ်ကောင်က လူတွေရဲ့အသားနဲ့ အသက်ရှင်တယ် ၊ ကျုပ်တို့က လူတွေရဲ့ယုံကြည်မှုကို ခိုးယူနေတဲ့သရဲကို သတ်ဖို့စောင့်နေကြတာပဲ "
ချင်ဂီသည် အလွတ်ဖြစ်နေသောယဇ်ပလ္လင်ကို ကြည့်လိုက်သည်။
"သူက ဒီနေရာမှာ ရှိနေရမှာ "
ကောင်းမင်က ချင်ဂီပြောပြသည့် သရဲအကြောင်းကို တွေးလိုက်သည်။ ယုံကြည်မှုကို စားသုံးသည့်သရဲသည် သားစားကြူးနတ်ရုပ်တုဖြစ်ပေမည်။ ၎င်းတွင် နတ်ဘုရားနှလုံးသားရှိသည်။ လူ့အသားကိုစားသုံးသောသရဲသည် လွန်ခဲ့သည့် နှစ်များက လူသတ်သမားဖြစ်သည်။ သူ့တွင် အသားနှလုံးသားရှိပေသည်။
"ခင်ဗျားအဖွဲ့ကနေ လမ်းကွဲလာတာဆိုတော့ ခင်ဗျားကျုပ်တို့နဲ့ပဲ နေသင့်တယ် "
ကောင်းမင်အား ပတ်တီးစည်းပေးသည့် စုံစမ်းရေးမှူးက အားတင်းပြုံးလိုက်သည်။
"ကျုပ်နာမည်က ထန်းယွမ် ၊ တကျိုက် စုံစမ်းစစ်ဆေးရေးဌာနရဲ့ အဖွဲ့သုံးခေါင်းဆောင်ပဲ "
ထန်းယွမ်သည် ရိုးသားပြီး အကောင်းမြင်တတ်ဟန်ရှိသည်။
"ကျုပ်အသက်ရှင်ဖို့အတွက် ဘာမျှော်လင့်ချက်မှ မရှိခဲ့ဘူးလေ ၊ ကျေးဇူးတင်ရမှာက အရှေ့ပိုင်းမြို့တော်ဌာနက ညီအစ်ကိုတွေဆီ ကျုပ်ရောက်သွားခဲ့တာ ၊ သူတို့က ဒီမူမမှန်ဖြစ်ရပ်ကို ကောင်းကောင်းသိကြတယ် "
"အခုက ပြန်လည်တွေ့ဆုံပွဲလုပ်နေရမယ့် အချိန်မဟုတ်ဘူး "
ချင်ဂီက အေးစက်စက်ပြောလိုက်ပြီး ဘိုးဘေးခန်းမထဲမှ ထွက်ခွာလိုက်သည်။
"ငါတို့က ထုတ်ဖော်ခံလိုက်ရပြီ ၊ ငါ့တို့အတွက် ဒီနေရာမှာ ထပ်နေဖို့ အဓိပ္ပါယ်မရှိတော့ဘူး ၊ အားလုံးပဲ လူသားစားသရဲတွေကို အမဲလိုက်ပြီး အကြီးအကဲကို ကူညီဖို့ ကျုပ်နဲ့လိုက်ခဲ့ကြပါ !"
ထိုအရာက ချင်ဂီသည် ဌာနအပေါ်မည်သို့လွှမ်းမိုးမှုရှိသည်ကို ဖော်ပြနေသည်။ အခြားစုံစမ်းရေးမှူးများသည် သရဲများကို အမဲလိုက်နိုင်လိမ့်မည်ဟု အိမ်မက်ပင်မမက်ဖူးကြချေ။ သို့သော် သူ့စကားလုံးများတွင် အမှန်တကယ်ဖြစ်လာပြီဖြစ်သည်။
အခြားဌာနမှ စုံစမ်းရေးမှူးများသည် အသက်ရှင်မည့်မျှော်လင့်ချက်ကို မြင်လိုက်ကြသည်။ သူတို့သည် ချင်ဂီပတ်လည်တွင် စုဝေးနေကြသော်လည်း သူတို့က တစ်စုံတစ်ခုကို နားမလည်ခဲ့ကြပေ။ ကွင်းစ်စုံစမ်းစစ်ဆေးရေးဌာနတွင် ချင်ဂီမှလွှဲ၍ လူတိုင်း သေဆုံးသွားကြပြီဖြစ်သည်။
"ကျွန်မတို့ သူ့နောက်လိုက်သင့်တယ် "
ချူးစီစီက လူအုပ်ထဲသို့ မျက်ကန်းသဖွယ်လိုက်မသွားခဲ့ပေ။ သူမက ကောင်းမင်ကို စောင့်ဆိုင်းနေပေသည်။
"အရှေ့ပိုင်းမြို့တော်က စုံစမ်းရေးမှူးတွေကို သတိထားပါ "
ကောင်းမင်သည် ကျောက်ရှီကို သယ်ထားသောကုန်းစီအား သိုသိုသိပ်သိပ် ထွက်သွားစေလိုက်သည်။ ကောင်းမင်ထံတွင် ချင်ဂီအား မပြောခဲ့သည့် အရာတစ်ခုရှိသည်။ အန်ကယ်ဝူသည် သူ့အား အကုန်ပြောပြခဲ့သည်။ အန်ကယ်ဝူသည် ဘိုးဘေးခန်းမအကြောင်းကို သိနေသောကြောင့် သူသည် ယဇ်ပလ္လင်ပေါ်ရှိပစ္စည်းကို ယူဆောင်သွားသူတစ်ယောက် ဖြစ်ပုံရသည်။
"အန်ကယ်ဝူက ဒီနေရာမှာ အကြာကြီးရှင်သန်နိုင်ဖို့ မရိုးရှင်းဘူး "
နာကျင်ခြင်းကို သည်းခံပြီး ကောင်းမင်က အဖွဲ့နောက် လိုက်သွားလိုက်သည်။ အသားနံ့သည် မရှိသလောက်မှေးမှိန်နေခဲ့ပြီဖြစ်သည်။ ၎င်းအစား သွေးရနံ့က အစားဝင်သွားသည်။ အရိပ်များထဲတွင် သွေးများစီးဆင်းနေကြသည်။ ငါးလွှာ၏ကော်ရစ်ဒါတွင် အလွန် အမင်းအန္တရာယ်ရှိသော တည်ရှိမှုတစ်ခုပေါ်လာ၏။
ချွန်ထက်နေသောဓားဦးသည် စုံစမ်းရေးမှူး၏တစ်ယောက်၏ လည်ပင်းထဲစိုက်ဝင်သွားသည်။ သူသည် လက်ရန်းပေါ်မှ တွန်းချပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ ခန္ဓာကိုယ်သည် မြေပြင်နှင့်တိုက်မိသွားသောအခါ အဖွဲ့သည် ဘေးသို့ရှဲသွားကြသည်။ သူတို့သည် ထိတ်လန့်တကြားဖြင့် ရပ်တန့်လိုက်ပြီး ထိုလူအားကြည့်လိုက်ကြသည်။
ကြီးမားသော ကိုယ်လုံးကိုယ်ပေါက် ၊ ကြီးမြတ်သော အသွင်အပြင်ဖြင့် ထိုလူသည် ဘုရင်တစ်ပါး၏တည်ရှိမှုဖြင့် မွေးဖွားလာခဲ့သည်။ သူ့မျက်လုံးများသည် စူးရှနေသည်။ ကမ္ဘာပေါ်က မည်သည့်အရာမှ သူ့အားမယိမ်းယိုင်စေနိုင်မည့်ပုံပင်။
ကောင်းမင်သည် စီတုအန်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သို့သော် သူ့ဖြစ်တည်ခြင်း၏ဆဲလ်တစ်ခုချင်းစီတိုင်းသည် စီတုအန်းကို သတ်ပစ်ရန် ပြောနေလေသည်။
"အကြီးအကဲ ၊ သားစားကြူးနတ်ရုပ်တုက အခိုးခံလိုက်ရပါတယ် ၊ ကျုပ်တို့အရမ်းနောက်ကျသွားတယ် "
အခြားလူများရှေ့တွင် မာနကြီးတတ်သော ချင်ဂီသည် ထိုအခိုက်အတန့်တွင် ခေါင်းမော့ရန်ပင် မဝံ့ရဲချေ။
"ဒါက မင်းအပြစ်မဟုတ်ပါဘူး ၊ ရုပ်တုက အသိစိတ်ရနေခဲ့ပြီ "
ထိုလူသည် လေးလွှာနှင့် ငါးလွှာကြားထောင့်တွင် ပြွတ်သိပ်နေသော စုံစမ်းရေးမှူးများကို ကြည့်လိုက်သည်။
"မင်းတို့ထဲကတစ်ယောက်ကို သတ်လိုက်တာ မင်းတို့သက်သေရှိတယ် ၊ မင်းတို့ ကြောက်လား "
မည်သူမှ စကားမပြောဝံ့ပေ။ ထိုလူသည် အသားတစ်ပိုင်းကို ကောက်ယူလိုက်ပြီး လူအုပ်ကြီးဆီပစ်လိုက်သည်။
"မင်းတို့ထဲ တချို့က မင်းတို့မိသားစုတွေကို သရဲတွေက သတ်လိုက်လို့ဌာနထဲ ဝင်လာကြတယ် ၊ တချို့ ပျောက်ဆုံးနေတဲ့ မိတ်ဆွေတွေကို ရှာဖို့ဌာနထဲဝင်လာကြတယ် ၊ တချို့က တရားမျှတမှုအတွက် ဌာနထဲရောက်လာကြတယ် ၊ မင်းတို့အားလုံးမှာ အရဲရင့်ဆုံး စိတ်နှလုံးသားတွေရှိကြတယ်၊ မင်းတို့ ဌာနကို ဝင်ရောက်ပြီး နောက်မှာ မင်းတို့ဟာ ရက်စက်တဲ့အမှန်တရားတစ်ခုကို တွေ့ခဲ့ကြတယ် "
ထိုသူသည် စုံစမ်းရေးမှူးများကို ဝေ့ကြည့်လိုက်သည်။
"လူသားတွေမှာ သရဲတွေကို ဖြေရှင်းဖို့ ဘာနည်းလမ်းမှ မရှိဘူးဆိုတာပဲ၊ မင်းတို့က အရဲရင့်ဆုံး အမြောက်စာတွေဖြစ်နေတာပဲ "
ထိုလူသည် လိမ်ညာခဲ့ခြင်းမရှိပေ။
"ဒါပေမယ့် အခုတော့ အရာရာခြားနားသွားပြီ ၊ ငါမင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ် "
ထိုလူက အသားကို လက်ညိုးထိုးပြလိုက်သည်။
"မင်းတို့မှာ သရဲတွေကိုသတ်နိုင်တဲ့စွမ်းအားရဖို့ ငါးဆယ်ရာခိုင်နူန်းအခွင့်အရေးရှိတယ် ၊ ဒါမှမဟုတ် မင်းတို့မှာ သရဲဖြစ်သွားနိုင်မယ့် အခွင့်အရေးက ငါးဆယ်ရာခိုင်နူန်းရှိတယ် "
အားလုံးသော စုံစမ်းရေးမှူးများက တွေဝေသွားကြသည်။ သူတို့သည် စိတ်ပျက်အားငယ်နေပြီးသားဖြစ်သည်။ သူတို့သည် အားကြီးသောစွမ်းအားကို သိရှိကြပြီးဖြစ်သည်။
"ကျုပ်တို့က ဘာလို့ ခင်ဗျားကိုယုံရမှာလဲ ၊ ကျုပ်တို့မျက်စိရှေ့မှာတင် ခင်ဗျားက စုံစမ်းရေးမှူးတစ်ယောက်ကို သတ်ခဲ့တာလေ "
အချို့သည် စိုးရိမ်နေကြသည်။ အချို့သည် သံသယရှိနေကြသည်။
"ငါမင်းကို လိမ်စရာမလိုဘူး ၊ မင်းငါ့ကို ယုံစရာလည်းမလိုဘူး ၊ သေခြင်းတရားက မင်းဆီရောက်လာရင် မင်းရွေးချယ်ရတော့မှာပဲ "
ထိုလူသည် သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
"မင်း တစ်ခုကိုပဲ သတိရဖို့လိုတယ် ၊ မင်းကို ဒီရွေးချယ်မှုပေးခဲ့တဲ့ငါက ဟန်ဟိုင်း အရှေ့ပိုင်းမြို့တော်စုံစမ်းစစ်ဆေးရေးဌာနရဲ့ အကြီးအကဲ စီတုအန်းပဲ "