← Chapters

အသားက သရဲတွေကို စားသည်

Vol. 4 Ch. 52

အသားက သရဲတွေကို စားသည်

Vol. 4 Ch. 52

သူတို့ထဲမှ တချို့သည် စီတုအန်း၏နာမည်ကို အရင်က ကြားဖူးကြသည်။ လူအများက တွေဝေနေကြစဉ် လူငယ်စုံစမ်းရေးမှူးတစ်ယောက်သည် ရှေ့တက်လာပြီး အသားပိုင်းကို ကောက်လိုက်သည်။ အသားနံ့သည် သွေးနံ့နှင့် ရောနှောနေလေသည်။ ထိုစုံစမ်းရေးမှူးသည် ကိုက်ရာကို ကြည့်ရှူလိုက်ပြီး ချီတုံချီချဖြစ်နေ၏။ အသတ်ခံခဲ့ရသော စုံစမ်းရေးမှူးသည် အသားကိုစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် သရဲများကို တိုက်ခိုက်ရန် စွမ်းအားမရရှိပဲ ကျရှုံးခဲ့သည်။

ထိုလူငယ်အား လူတိုင်းက အာရုံစိုက်နေကြသည်။ သူ့မျက်လုံးသည် နီရဲလာပြီး အသားကို ကိုက်ချလိုက်သည်။ အသားရည်များသည် နေရာအနှံ့လွှင့်စင်ကုန်သည်။ သူသည် ယင်းကဲသို့ အရသာရှိလှသော တစ်စုံတစ်ရာကို မစားဖူးခဲ့ချေ။ စက္ကန့်အနည်းငယ်ကြာပြီးနောက် လူငယ်စုံစမ်းရေးမှူးသည် အသားတစ်ပိုင်းလုံးကို မျိုချလိုက်သည်။ သူသည် ၎င်းအချင်းအရာကိုပင် သဘောမပေါက်သေးပေ။

သူ့မျက်လုံးထဲတွင် သွေးများစုဖွဲ့လာသည်။ လူငယ်သည် သူ့နှလုံးခုန်သံကို ခံစားရသည်။ သူ့နားထဲတွင် အသံတစ်ခုကို ကြားရသည်။ သူက နားများကို အုပ်လိုက်ပြီး မြေပြင်ပေါ်ဒူးထောက်ချလိုက်သည်။

"သူတို့ကို သတ် ! သူတို့ကို သတ် ! "

အခြားလူတစ်ယောက်၏အသံသည် ထိုလူငယ်၏ နူတ်မှ ထွက်ပေါ်လာ၏။ စာလုံးနက်များသည် သူ့နှလုံးသားဆီမှ တွားသွားထွက်လာကြသည်။ အခြားစုံစမ်းရေးမှူးများသည် သူ့ကို ကူညီချင်သော်လည်း သူက ပြန်တိုက်ခိုက်နေ၏။

ထိုလူငယ်သည် သတ်ဖြတ်ရန်သာ ရည်ရွယ်နေ၏။ ထိုဖြစ်ရပ်သည် သုံးမိနစ်ကြာသည်။ လူငယ်စုံစမ်းရေးမှူးသည် ကြမ်းပြင်ပေါ်ပြိုလဲကျသွားသည်။ ထိုအရာထက် သူ့ရင်ဘတ်ပေါ်ရှိ စာလုံးများကြောင့် သူသည် အရင်ကနှင့် ခြားနားသွားပေသည်။ လူငယ်စုံစမ်းရေးမှူးသည် ဖြည်းညင်းစွာထရပ်လိုက်သည်။ သူသည် သူ့မျက်နှာပေါ်ရှိချွေးများကိုသုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။

"ကျုပ်အောင်မြင်သွားလား "

"မင်းအောင်တယ် "

ချင်ဂီက ထိုလူငယ်ကို သူ့နောက်တွင် ထားလိုက်သည်။

"သရဲတွေက လူတွေကိုစားတယ် ၊ လူတွေက အသားကိုစားတယ် ၊ ပြီးတော့ အသားက သရဲတွေကို စားတယ် ၊ မင်းက သရဲတစ်ကောင်မဖြစ်ခဲ့ဘူးဆိုပေမယ့် သေချာတာကတော့ မင်းက လူမဟုတ်တော့ဘူး "

"ဒါပေမယ့် ကျုပ်မှာ နာတာကလွှဲရင် တခြားဘာမှပြောင်းလဲသွားတာကို မခံစားမိဘူး"

"နာကျင်မှုက စွမ်းအားပဲ "

ချင်ဂီက ဓားတစ်ချောင်းထုတ်လိုက်ပြီး ထိုလူငယ်၏လက်ဖဝါးကို ထိုးစိုက်လိုက်သည်။ ထို့ကြောင့် လူများက ထိတ်လန့်သွားကြသည်။ ချင်ဂီက ဓားကို သူ့ရှေ့တွင် ချလိုက်သည်။

"ကော်ရစ်ဒါကို သွား ၊ အဆောက်အဦး ဘီရဲ့ ငါးလွှာရဲ့ဝင်ပေါက်အနီးက အခန်းမှာ အသွင်ပြောင်းသရဲမတစ်ကောင် နေနေတယ် ၊ ဒီဓားနဲ့ သူ့ကို သတ်လိုက်ပါ "

အသက်ရှင်ကျန်ရစ်ခဲ့သော ထိုလူများသည် အများစုထက် စိတ်ပိုင်းဆိုင်ရာ ပိုသန်မာကြသည်။ လူငယ်စုံစမ်းရေးမှူးသည် ဒဏ်ရာရနေသော လက်ကို သုံး၍ ကော်ရစ်ဒါဆီသို့ ဒယိမ်းဒယိုင်ထွက်သွားသည်။ အခြားစုံစမ်းရေးမှူးများက နောက်မှ လိုက်သွားကြ၏။

နာကျင်မှုသည် ထိုလူငယ်၏အပြုအမှုများကို ရိုင်းစိုင်းခက်ထန်ခြင်းအဖြစ် ပြောင်းလဲလိုက်သည်။ သူ့မျက်လုံးများသည် သွေးဆာခြင်းအပြည့်ပင်။

"ငါမသွားဘူးလို့ ငါပြောခဲ့တယ် ၊ တိုက်ခန်းမန်နေဂျာက ဘယ်လိုလုပ် ကြွက်တစ်ကောင်ဖြစ်နိုင်မှာလဲ "

အန်တီဖန်း၏အသံသည် အတွင်းမှထွက်ပေါ်လာသည်။ သူမက တံခါးကိုဖွင့်လိုက်ရာ မျှော်လင့်ထားသည့်လူထက် အခြားတစ်ယောက်ပင်။ လူငယ်စုံစမ်းရေးမှူးသည် ဓားကိုမြောက်၍ လွှဲခုတ်လိုက်သည်။ ဓားသွားသည် အန်တီဖန်း၏ အရေပြားကို ဖွင့်ထုတ်လိုက်၏။ နံစော်နေသော ရေဆိုးများသည် နေရာအနှံ့လွှင့်စင်သွားသော်လည်း အန်တီဖန်းက မနာပေ။ သူမသည် ဝမ်းဗိုက်ပေါ်ရှိဒဏ်ရာကို အုပ်ကိုင်လိုက်သည်။ သူမ၏ ဖြူရော်နေသောမျက်နှာသည် ရှုံ့မဲ့သွားသည်။ သူမသည် လူငယ်စုံစမ်းရေးမှူးကို ဆတ်ခနဲဖမ်းလိုက်ပြီး သူမအိမ်ထဲ ဆွဲခေါ်လိုက်သည်။

"မင်းရဲ့ ဒဏ်ရာနဲ့လက်ကို သုံးကွ! "

ချင်ဂီ၏အမိန့်ကို ကြားသောအခါ လူငယ်စုံစမ်းရေးမှုးက ချက်ချင်းပင် လက်ပြောင်းလိုက်သည်။ သွေးများသည် ဓားသွားပေါ်စီးဆင်းသွားပြီး သူ့လက်ဖဝါးတွင် စာလုံးနက်များ ပိုများလာသည်။ ဓားချက်သည် နောက်တစ်ဖန်ကျဆင်းသွားသည်။ ထိုအချိန်တွင် သူ့ကြောင့်ဒဏ်ရာရသွားသော အန်တီဖန်းသည် အလိုအလျောက်ပြန်မကောင်းတော့ချေ။ ဆိုရလျှင် ဒဏ်ရာတစ်ဝိုက်ရှိ အရေပြားသည် စတင်ဆွေးမြေ့လာခြင်းဖြစ်သည်။

"သူက သရဲကို ဒဏ်ရာရအောင် လုပ်လိုက်တယ်ဟ ! "

ဒဏ်ရာသည် အလွန်သေးငယ်ပါသော်လည်း ၎င်းသည် စုံစမ်းရေးမှူးများအတွက် အလွန်အဓိပ္ပါယ်ရှိလေသည်။

သူတို့သည် သရဲများကို ထိခိုက်စေနိုင်ပါက နောက်ဆုံးတွင် သူတို့ လက်စားချေနိုင်တော့မည်ဖြစ်သည်!။

လူငယ်စုံစမ်းရေးမှူးသည် သရဲတစ်ကောင်ထက် ကြောက်မက်ဖွယ်ကောင်းစွာ ကြည့်လိုက်ပြီး အန်တီဖန်းအား ရူးသွပ်စွာ အပြင်းအထန်တိုက်ခိုက်တော့သည်။

"သူကို့ တစ်ယောက်ယောက်ကများ ကူဖို့ စိတ်ရှိကြရဲ့လား "

စီတုအန်းသည် နောက်ထပ်အသားတစ်ပိုင်းကို ထုတ်လိုက်ပြီး အပြုံးတစ်စဖြင့် ယင်းအသားကို စုံစမ်းရေးမှူးများဆီ ပစ်ပေးလိုက်သည်။

အကျိုးသက်ရောက်မှုကို မြင်ပြီးသွားသောအခါ စုံစမ်းရေးမှူးများသည် အသားအတွက် အမဲလိုက်ခွေးများကဲ့သို့ တိုက်ခိုက်ကြတော့သည်။ မည်သူမှ သရဲမဖြစ်လိုပေ။ အသားကို စားပြီးသော စုံစမ်းရေးမှူးများသည် သူတို့၏နှလုံးခုန်သံပြောင်းလဲသွားသည်ကို ခံစားလိုက်ကြရသည်။ နာကျင်မှုကို အသားကျသွားပြီးသောအခါ သူတို့သည်အဆောက်အဦးအေဆီသို့ ပြေးသွားကြသည်။

"နင်...နင်တို့ ....နတ်ဆိုးတွေ! "

အန်တီဖန်းသည် အော်ဟစ်လိုက်သော်လည်း သူမအတွက် မည်သူမှ ရောက်မလာကြပေ။ သူမသည် ညစ်ပတ်သောရွှံ့အိုင်တစ်ခုအဖြစ်ပြိုကျသွားပြီးနောက် သူ့မ၏အသံသည် တိုးတိမ်သွားတော့သည်။ အသားကိုစားထားသော စုံစမ်းရေးမှူးများသည် စိတ်လှုပ်ရှားနေကြသော်လည်း ကောင်းမင်က လေအေးတစ်ချက် ရှူရှိုက်လိုက်သည်။

'အသား'ကြောင့် လူသားများနှင့်သရဲများ၏ အနေအထားသည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

"အသားကိုစားခဲ့တဲ့ စုံစမ်းရေးမှူးတွေက တစ်ယောက်မှ သရဲဖြစ်မသွားဘူး ၊ ဆိုလိုတာက စီတုအန်းက အရင်ကတည်းက လိမ်နေတာပဲ ၊ သူက ဟိုစုံစမ်းရေးမှူးကို တခြားအကြောင်းပြချက်တွေနဲ့ သတ်လိုက်တာပဲ "

သာမန်လျှံကာစကားလုံးသည် အခြားစုံစမ်းရေးမှူးများ၏နှလုံးတွင် သံသယမျိုးစေ့ကိုစိုက်ပျိုးခဲ့သည်။ စုံစမ်းရေးမှူးများကို အသားစားလျှင်သေမည်ဟုပြောခဲ့ပါက လူအများသည် တွေဝေနေကြမည်ဖြစ်သည်။ သို့သော် အခွင့်အရေးတစ်ဝက်ရှိပါက တစ်ချို့သည် အရဲစွန့်ကြမည်ဖြစ်သည်။

ကောင်းမင်စဉ်းစားနေချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ သူကြည့်လိုက်ရာ သူ့အားကြည့်ရှူနေသော စီတုအန်းကို မြင်လိုက်ရသည်။

"မင်းပုံစံက တခြားလူတွေနဲ့ မတူဘူးပဲ "

စီတုအန်းက စိတ်ဝင်စားဖွယ်တစ်ခုကို ရှာတွေ့သွားပုံရသည်။

"အဆင့်၃ မူမမှန်မှုကနေအသက်ရှင်ခဲ့တဲ့ အဖွဲ့ဝင်တိုင်းကိုငါသိတယ် ၊ ဒါပေမယ့် မင်းကိုတော့ ငါမမြင်ဖူးပါဘူး "

"ကျုပ်က ကောင်းမင်ပါ ၊ လီစန်းစုံစမ်းစစ်ဆေးရေးဌာန အဖွဲ့တစ်ရဲ့ယာယီခေါင်းဆောင်ပါ "

"ဒါက ပိုင်ရှောင်မဟုတ်လား "

စီတုအန်း၏မျက်လုံးများသည် အန္တရာယ်အရိပ်အယောင်ဖြင့်တောက်ပသွားသည်။

"ငါ ပိုင်ရှောင်ကို မြင်ဖူးတယ် ၊ သူက အရမ်းတော်တဲ့စုံစမ်းရေးမှူးတစ်ယောက်ပါပဲ ၊ ငါက သူ့ကို အရှေ့ပိုင်းမြို့တော်ဌာနကို ပြောင်းစေချင်ခဲ့တာ "

"သူပျောက်သွားတာကြောင့် ကျုပ်က ယာယီခေါင်းဆောင်ဖြစ်လာတာပါ "

"ငါတို့ ဒီနေရာက ထွက်သွားတဲ့အချိန်ကျ အဖွဲ့ယာယီခေါင်းဆောင်ကို ဖယ်ထုတ်ပြီးလောက်ပါပြီ"

စီတုအန်းက သူ့အကြည့်ကို ပြောင်းလိုက်သည်။ သူသည်ကောင်းမင်ကို မဟုတ်ပဲ သူ့ကိုယ်သူစကားပြောနေပုံရသည်။ စီတုအန်းသည် ကော်ရစ်ဒါအောက်သို့ ခြေလှမ်းကျဲကျဲလျှောက်သွားလိုက်သည်။ သူသည် ခေါင်းဆောင်သဘာဝရှိလေသည်။ သူသည် ကောင်းမင်မှလွှဲ၍ အားလုံး၏ထောက်ခံမှုကို ရရှိထားသည်။ အရှေ့ပိုင်းမြို့တော်ဌာန၏ ယာယီအကြီးအကဲတစ်ယောက်အနေဖြင့် သူသည် မူမမှန်ဖြစ်ရပ်ထဲသို့ ဆန္ဒအလျောက်ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် သူ့အောက်တွင် ထောက်ခံသည့်လူများကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူသည် စားပွဲများကို ပြောင်းပြန်လှန်မည့် 'အသား'ကို တွေ့ရှိထားခဲ့သည်။

"အားလုံးပဲ ၊ ငါတို့ဟာ ဒါကို ကျော်ဖြတ်ပြီးရှင်သန်နိုင်ရမယ် ၊ ငါတို့က အသားရဲ့အချက်အလက်တွေကို ဘာပဲဖြစ်ဖြစ် အပြင်ကိုယူသွားဖို့လို့တယ် !"

စီတုအန်းက သူ့အိတ်ကို ဘေးသို့ပစ်လိုက်သည်။ သူသည် သူ့ငယ်သားတစ်ယောက်ဆီမှ ဓားတစ်ချောင်းယူလိုက်သည်။

"အခု မင်းတို့လုပ်ဆောင်ဖို့ ငါမျှော်လင့်တဲ့တာက တစ်ခုပဲရှိတော့တယ် ၊ သရဲတွေက ငါတို့ကိုဆက်ဆံခဲ့သလို ငါတို့ကလည်း ဆက်ဆံမယ် "

စီတုအန်းသည် ချမ်းသာသည်၊ နှစ်လိုဖွယ်ကောင်းသည်၊ ကြင်နာသည် ၊ လူထုကို ကာကွယ်ပေးသည်။ အဘယ်ကြောင့် လူထုက သူ့နောက်မလိုက်ရမည်နည်း။

စုံစမ်းရေးမှူးများ၏ စိတ်ခံစားချက်များသည် ထွက်ခွာသွားပြီဖြစ်သည်။ သူတို့သည် အဆောက်အဦးဘီကို တိုက်ခိုက်ကြတော့သည်။ သူတို့၏လူသားဆန်မှုသည် တိုက်စားခံလိုက်ရသည်။ မကြာမီအချိန်တွင် လူသားများသည် သရဲများကိုစားသည့် အသားများဖြစ်လာပေတော့မည်။

"ခေါင်းဆောင် ၊ ပထမထပ်က အဘွားရှန်းက တစ်ခုခုများဖြစ်နေမလား "

ချူးစီစီသည် စိုးရိမ်နေခဲ့သည်။

"စီတုအန်းက သူ့ကို လွှတ်ပေးမှာမဟုတ်ဘူး ၊ သူက စီတုအန်းရဲ့ တကယ့်မျက်နှာကို သိတယ် "

ကောင်းမင်သည် ရူးသွပ်နေသော လူအုပ်ကြီးကို ကြည့်လိုက်သည်။ သူတို့သည် အန်တီဖန်း၏ 'သွေး'များ‌ပေါ်တွင် နင်းဖြတ်ပြီး တံခါးများကို ထုရိုက်ဖျက်ဆီးနေကြသည်။

"စီတုအန်းရဲ့ ရည်ရွယ်ချက်က စီစွေ့အိမ်ရာမှာ အစုအပြုံလိုက် သတ်ဖြတ်ဖို့ပဲ ၊ လူသားတွေနဲ့သရဲတွေက သူ့မျက်စိထဲမှာ ကိရိယာသက်သက်ပဲ "

များစွာသောစုံစမ်းရေးမှူးများသည် အသားအဖြစ်ပြောင်းလဲသွားကြသည်။ အရှေ့ပိုင်းမြို့တော်စုံစမ်းစစ်ဆေးရေးဌာန၏စုံစမ်းရေးမှူးများ ပျောက်ကွယ်သွားကြသည့်အကြောင်းအရင်းကို ကောင်းမင်နားလည်သွားခဲ့သည်။ အော်ဟစ်ငိုကြွေးသံများ ပဲ့တင်ထပ်လာသော်လည်း ၎င်းတို့သည် လူသားများမဟုတ်ကြပဲ အိမ်ငှားများ၏အော်ဟစ်မြည်တမ်းသံများဖြစ်ကြပေသည်။ လူသားများသည် သရဲဖြစ်လာကြပြီး သရဲများသည် သေဆုံးသူများဖြစ်လာကြသည်။ ကမ္ဘာကြီးသည် ပို၍ပင် အဓိပ္ပါယ်မရှိဖြစ်လာ၏။

All Chapters