← Chapters

နှိပ်စက်ခြင်းအခန်း

Vol. 4 Ch. 53

နှိပ်စက်ခြင်းအခန်း

Vol. 4 Ch. 53

စီစွေ့အိမ်ရာတွင် လူသတ်အများအပြားကို လေ့ကျင့်ပေးခဲ့သည်။ ယင်းသည် ဆယ်စုနှစ်များစွာက ဖြစ်ခဲ့ပြီး ယခုတွင်လည်း ထိုနည်း၎င်းပင်။ စီတုအန်းသည် အိမ်ငှားများနှင့် အတူရှိရန် အစီအစဉ်မရှိချေ။ သူသည် သူ့ငယ်သားများကို အိမ်တံခါးများတွင် အမှတ်အသားများချ‌ခိုင်းထားသည်။ သူသည် မည်သည့်အခန်းတွင် သရဲများရှိသည်၊ မည်သည့်အခန်းတွင်ထောင်ချောက်များရှိသည်၊ မည်သည့်အခန်းက အလွတ်ဖြစ်သည် တို့ကို သိပေသည်။

တံခါးများသည် ချိုးဖျက် ဖျက်ဆီးခံလိုက်ရပြီး သွေးများစီးဆင်းသွားကြသည်။ သတ်ဖြတ်နေသည့်အချိန် ကြာမြင့်လာသည်နှင့်အမျှ စုံစမ်းရေးမှူးများသည် ဖြည်းညင်းစွာ အသိစိတ်လွတ်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်တွင် ပိုမိုများပြားသော စာလုံးနက်များထွက်ပေါ်လာကြသည်။ သူတို့၏အကြည့်များသည် ဝေဝါးလာခဲ့ပြီဖြစ်သည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က စိုက်ပျိုးခဲ့တဲ့အစေ့တွေကို ရိတ်သိမ်းဖို့ အချိန်တန်ပြီ "

တစ်ရစ်ချင်းအသိစိတ်ဆုံးရှုံးလာသည့် စုံစမ်းရေးမှူးများကို ကြည့်ရင်း စီတုအန်းသည် မည်သည့်ကရုဏာမှ မပြခဲ့ပေ။ အရာအားလုံးသည် သူ့အစီအစဉ်အတိုင်းသာ ဖြစ်သည်။ အသားသည် အဆိပ်ဖြေဆေးမဟုတ်ပဲ အဆိပ်များသာဖြစ်သည်။ သို့သော်လည်း ကိုယ်စိတ်ကြံ့ခိုင်သော ထိုလူများသည် အဆိပ်ကို အချိန်ကြာကြာ ခံနိုင်ရည်ရှိကြသည်။ တိုက်ဆိုင်စွာပင် စုံစမ်းရေးမှူးတိုင်းသည် အဆင့်၃မူမမှန်မှုများတွင် အတွေ့အကြုံရှိကြပြီး စိတ်ဓာတ်ကြံ့ခိုင်သောလူများဖြစ်ကြသည်။

စီတုအန်းသည် သတ္တုလက်ရန်းကို ခပ်ပြင်းပြင်းရိုက်လိုက်သည်။

"နှစ်နှစ်ဆယ်တုန်းက စီစွေ့အိမ်ရာရဲ့အဆောက်အဦးအေမှာ ရူးလောက်စရာအမှုတစ်ခုဖြစ်ပွားခဲ့တယ် ၊ လူရှစ်ယောက်ရှိတဲ့မိသားစု နှစ်စု သတ်ဖြတ်ခံခဲ့ရတယ် ၊ လူသတ်သမားဟာ အနီရောင်ကုတ်အင်္ကျီဝတ်ဆင်ထားတယ် ၊ ရာဇဝတ်မှုကို ကျူးလွန်ပြီးတော့ လူသတ်သမားဟာ ကိုယ့်ဘာသာ သတ်သေသွားခဲ့တယ် ၊ နှစ်နှစ်ဆယ်ကြာပြီးတဲ့အခါ မူမမှန်ဖြစ်ရပ်က ဖြစ်ပျက်လာခဲ့ပြီ ၊ လူသတ်သမားက လူသားစားသရဲတစ်ကောင်ဖြစ်လာခဲ့တယ် ၊ပြီးတော့ သူက ဒီမှာရှိနေတယ် "

စာလုံးနက်များ များပြားလာလေလေ ကျိန်စာက ပိုပြင်းထန်လာလေလေဖြစ်သည်။ စုံစမ်းရေးမှူးများသည် အသိစိတ်လွတ်လာလေလေ စွမ်းအားများ ပိုရလာလေလေဖြစ်သည်။

စီတုအန်းသည် စုံစမ်းရေးမှူးများကို အစာကျွေးရန် သာမန်အိမ်ငှားများကို အသုံးပြုခဲ့သည်။ သူသည် ပထမထပ်သို့ အားလုံးကို ဦးဆောင်သွားလိုက်သည်။ သူသည် အဘွားရှန်း၏အခန်းဆီ တည့်တည့်ပင် လျှောက်သွားလိုက်သည်။ သူက အခန်းတံခါးကို အသာအယာခေါက်လိုက်သည်။

"ကျုပ်ကတိကို ဖြည့်ဆည်းဖို့ ကျုပ်ရောက်လာပြီ "

တံခါးက ခပ်ဟဟပွင့်သွားသည်။ သူမသည် အသားစားထားသော စုံစမ်းရေးမှူးများကို ကြည့်လိုက်သည်။ သူမက သက်ပြင်းချလိုက်သည်။

"နင်ရူးနေပြီပဲ "

တံခါးအဟကြားမှ တဆင့်အဘွားရှန်းသည် သတ်ဖြတ်သူအဆောင်သုံးခုကို ပစ်ပေးလိုက်သည်။

"ဒါ ငါ့မှာရှိတာအကုန်ပဲ "

"နတ်ဆိုးသရဲသေသွားပြီးရင် ခင်ဗျားကြောက်ကြောက်လန့်လန့်နဲ နေထိုင်နေစရာမလိုတော့ပါဘူး "

စီတုအန်းက အဘွားကို ကြည့်ရှူလိုက်သည်။

"ကျုပ်ခင်ဗျားကို ဒီနေရာကနေ ခေါ်သွားပေးမယ် "

"သုံးယောက်ပဲ ကျန်ရစ်မယ် "

အဘွားရှန်းသည် တံခါးကိုပိတ်လိုက်ပြီး သော့ခတ်လိုက်သည်။ စီတုအန်းသည် အဆောင်များကို ကောက်လိုက်ပြီး တံခါးအား စူးစူးဝါးဝါးကြည့်လိုက်သည်။

"သရဲတွေနှိပ်စက်ညှင်းပန်းလို့သေသွားတဲ့လူတိုင်းကို သွေးအဆောင်တွေလုပ်လို့ရတယ် ၊ ကျုပ်ခင်ဗျားကို လူ့အရေပြားတွေ အများကြီးပေးခဲ့တယ် ၊ ဒါတောင် ခင်ဗျားက အဆောင်သုံးခုပဲ လုပ်ခဲ့တာလား !"

ပြန်လည်တုံ့ပြန်သံ ထွက်မလာပေ။ စီတုအန်းက ဆက်ရပ်မနေပဲ အဆောင်များကို သိမ်းလိုက်ပြီး လှည့်ထွက်သွားသည်။ သူသည် လူအုပ်ကြီးကို ဦးဆောင်၍ မြေအောက်ပထမထပ်သို့ ဦးတည်လိုက်သည်။

"အဘွားရှန်းက နတ်ဆိုးသရဲကို မြေအောက်ခန်းမှာ စည်းပိတ်ထားတာလား "

ကောင်းမင်သည် ပတ်ဝန်းကျင်အား ဂရုတစိုက်ကြည့်ရှူနေသည်။ စီတုအန်းတွင် တိုက်ရိုက်ရည်ရွယ်ချက်တစ်ခုရှိသည်။ သူသည် အိမ်ငှားများကို ကူညီရန် နတ်ဆိုးသရဲကို မသတ်ခဲ့ပေ။

"စီတုအန်းသာ တကယ်အောင်မြင်သွားရင် သူ့ဦးနှောက် ၊ သူ့ဩဇာနဲ့ဆို ငါတော့ အကြီးအကျယ် ငါးပါးမှောက်မှာပဲ "

ကောင်းမင်က သူ၏တစ်ဖက်တည်းသော မျက်လုံးကိုဖွင့်ထားသည်။ သူ့မျက်လုံးသည် ရူးသွပ်မှုဖြင့်တောက်လောင်နေသည်။ အဆောင်များသည် စုတ်ပြဲကုန်သည်။ အေးစက်သော လေကြမ်းများတိုက်ခတ်လာ၏။ ကြောက်မက်ဖွယ် အက်ရှရှရယ်သံတစ်ခုသည် သံရှည်ဆွဲထွက်ပေါ်လာသည်။

သူတို့သည် သံတံခါးကြီးကို တွန်းဖွင့်လိုက်ကြသည်။ စီတုအန်းသည် အရှေ့ကို မသွားပေ။ သူက စုံစမ်းရေးမှူးများကို အရင်သွားစေလိုက်သည်။ သွေးဆာမှုကြောင့် အမြင်ကန်းနေ‌သည့် စုံစမ်းရေးမှူးများသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိမပြုမိကြပေ။ စီတုအန်းကို သူတို့၏ အကြွင်းမဲ့ ယုံကြည်ချက်ကြောင့် သူတို့သည် သူ့အမိန့်နောက်သို့ မျက်ကန်းသဖွယ်လိုက်နေကြသည်။

အဆောက်အဦးအေ၏ မြေအောက်ထပ်သည် စားသောက်ဆိုင်များဖြစ်သည်။ အဆောက်အဦးဘီ၏ မြေအောက်ထပ်သည် ထောင်တစ်ခုဖြစ်သည်။ မည်သည့် သက်ရှိလက္ခဏာမှ မရှိချေ။

"ဟုမင် ၊ ဟုလင်း ၊ ဟူရှောင်းရှောင်း ၊ ယွမ်ချန်း ...."

စီတုအန်းက နာမည်များကို ရေရွက်လိုက်သည့်အချိန်တိုင်း ရယ်သံကြီးသည် ပိုခြောက်ခြားဖွယ်ကောင်းလာသည်။ နာမည်များသည် နတ်ဆိုးသရဲအား စိတ်လှုပ်ရှားအောင် ပြုလုပ်နေသည်။

"အပြစ်မဲ့တဲ့သေဆုံးသူတွေဟာ သွေးအိုင်ထဲမှာ လဲလျောင်းနေကြတယ် ၊ သူတို့က မင်းနဲ့မင်းကိုင်ထားတဲ့ဓားကို မယုံကြည်နိုင်ပဲ စိုက်ကြည့်နေကြတယ် ၊ သူ့တို့ဘာကြောင့် အသတ်ခံခဲ့ရတယ်ဆိုတာ သူတို့မသိခဲ့ဘူး ၊ သူတို့ရဲ့ ပျော်ရွှင်မှုကို မင်းကငြူစူနေတယ်ဆိုတာ သူတို့ မသိခဲ့ဘူး "

အော်ဟစ်သံတစ်ခုထွက်ပေါ်လာသည်။ အရှေ့တွင်ရှိနေသော စုံစမ်းရေးမှူးအား သွေးစွန်းလက်တစ်စုံက အခန်းထဲဖမ်းဆွဲသွား၏။ အခြားလူများက သူ့အားကူညီရန် ပြေးသွားကြသော်လည်း သူတို့တံခါးကို ဖျက်ဆီးလိုက်သောအခါ ထိုစုံစမ်းရေးမှူးသည် ပျောက်ကွယ်သွားပြီဖြစ်သည်။

"သူ ဘယ်မှာလဲ "

အခန်းသည် ထောင်ချောက်များဖြင့် ပြည့်နှက်နေသည်။ ရေဘူးခွံအလွတ်များသည် တောင်ပို့ငယ်များပုံစံပေါက်နေကြသည်။ အချို့ဘူးခွံများတွင် အဝါရောင်အရည်များရှိနေသည်။ ခေါက်ဆွဲဘူးအလွတ်များနှင့် စက္ကူချပ်ဖာပုံးများသည် အိပ်ရာပေါ်တွင် ပျံ့ကျဲနေ၏။ တယ်လီဗေးရှင်းသည် ဖွင့်လျက်ရှိနေသည်။ ၎င်းသည် ညစ်ညမ်းရုပ်ရှင်များပြသနေသည်။ ကြောက်မက်ဖွယ်အရာအနံ့နှင့် ညည်းညူသံများက ရောနှောနေသည်။

စုံစမ်းရေးမှူးတစ်ယောက်က ခြေအိတ်အောက်တွင် ရီမုတ်ကို ရှာတွေ့သွားသည်။ သူသည် တယ်လီဗေးရှင်းကို ပိတ်ချင်သော်လည်း ခလုပ်ကိုသူနှိပ်လိုက်သောအခါ မျက်နှာကျက်တွင် လည်နေသောပန်ကာက သူ့အပေါ်ပြုတ်ကျလာသည်။ သူ့အရေပြားသည် စုတ်ပြတ်သတ်သွားသည်။ သူသာ အသားစားမထားခဲ့ပါက သူသေနေလောက်ပြီဖြစ်သည်။

"ဂရုစိုက်ကြ ၊ ငါတို့က လူသားစားသရဲရဲ့ အမဲလိုက်ကွင်းထဲ‌ရောက်နေကြတာ ၊ အားလုံးက အန္တရာယ်တွေချည်းပဲ "

ချင်ဂီက ကပ်ပြောလိုက်သည်။

"အသားစားမထားတဲ့ လူတွေက အတူတူနေကြပါ ၊ အခန်းတွေထဲ မဝင်ကြနဲ့ "

တစ်ချိန်တည်းမှာပင် မြေအောက်ခန်းသံတံခါးကြီးသည် ပိတ်သွားသည်။ တစ်ခုတည်းသောထွက်ပေါက်သည် ဖြတ်တောက်ခံလိုက်ရလေသည်။

"မကြောက်ကြနဲ့ ၊ ဒီနေရာက သရဲရဲ့ ကစားကွင်းပဲ ဒါပေမယ့် ငါတို့က ဒါကို သူ့သင်္ချိုင်းအဖြစ် ပြောင်းပစ်မယ်"

စီတုအန်းသည် အုပ်စုအလယ်တွင် မတ်တပ်ရပ်နေသည်။ သူသည် အနီရောင်အဆောင်တစ်ခုကို သူ့ဓားတွင် ကပ်လိုက်သည်။

"သရဲက အရမ်းကောက်ကျစ်တယ် ၊ သူက ကြောက်စရာလေထုအနေအထားကိုဖန်တီးထားတဲ့နေရာမှာ လူတွေရဲ့စိတ်ကို ပြိုလဲသွားအောင် လုပ်တာ ကျွမ်းကျင်သူတစ်ယောက်ပဲ ၊ သူ့စွမ်းရည်တွေကနေ ဘယ်လိုအသက်ရှင်နိုင်ဖို့ကို မင်းတို့ကို ငါပြောမယ် ၊ မင်းတို့အဖမ်းခံရရင် ဘာပဲဖြစ်ဖြစ် သူ့ကို ခုခံတာကို မရပ်တန့်လိုက်နဲ့ ၊ သနားညာတာဖို့ မတောင်းပန်ရဘူး ၊ မင်းကြာကြာနေနိုင်သရွေ့ မျှော်လင့်ချက်ရှိတယ် ၊ သရဲက မင်းကို ချက်ချင်းသတ်မှာမဟုတ်ဘူး ၊ မင်းတို့က လာအကယ်ခံရနိုင်တုန်းပဲ "

"အကြီးအကဲ ! ကျုပ်တို့ လျှို့ဝှက်တံခါးတစ်ခုတွေ့ပြီ ! "

မြောက်ပိုင်းမြို့တော်မှ စုံစမ်းရေးမှူးတစ်ယောက်သည် အိပ်ရာသံဘောင်ကို ဆွဲမလိုက်သည်။ သူက နံစော်နေသော အဝတ်များအောက်မှ လျှို့ဝှက်တံခါးကို တွေ့ခဲ့ခြင်းဖြစ်သည်။ လျှို့ဝှက်တံခါးကြောင့် လူတိုင်း၏အာရုံ ရှုပ်ထွေးနေစဉ် ‌ကောင်းမင်နှင့်စီတုအန်းသာ မူမမှန်မှုကို သတိပြုမိသည်။ ပထမစုံစမ်းရေးမှူးပျောက်သွားပြီးနောက် သွေးနံ့က ပိုသိပ်သည်းလာသည်။

ကောင်းမင်သည် သတိကိုအမြင့်ဆုံးထားလိုက်သည်။ သူက အားလုံးကို အနီးကပ်လေ့လာလိုက်သည်။ စုံစမ်းရေးမှူးတစ်ယောက်သည် သက်ရှိလူသားတစ်‌ယောက်နှင့်မတူညီကြောင်း သူသတိပြုမိသည်။ ၎င်းသည် တောင့်တင်းနေပြီး အရုပ်တစ်ရုပ်လိုဖြစ်နေသည်။

စီတုအန်းသည် လူတိုင်း၏တည်ရှိမှုကို မှတ်မိသည်။ သူ့သည် စုံစမ်းရေးမှူးတစ်ယောက်ကို ဆုံးရှုံးထားရသည်။ သူက ဦးခေါင်းများကို ရေတွက်လိုက်သောအခါ အရေအတွက်မှန်ကန်နေ၏။

"တစ်ယောက်တော့ လူစားထိုးခံထားရပြီ!"

သွေးစွန်းလက်နှစ်ဖက်သည် သတိပေးချက်မပါပဲ ပြေးထွက်လာသည်။ စီတုအန်းနှင့်ကောင်းမင်က ထိုအရာကို ကြိုတင်ခန့်မှန်းမိထားသည်။ တစ်ယောက်က ဓားနှင့်ခုတ်လိုက်ပြီး တစ်ယောက်က ဘေးသို့ ရှောင်လိုက်သည်။ သို့သော်လည်း နှစ်ယောက်လုံးသည် ဖမ်းဆွဲခံလိုက်ရသည်။

နတ်ဆိုးသရဲသည် အလွန်ကောက်ကျစ်ပေသည်။ သူ့ပစ်မှတ်သည် စီတုအန်းနှင့် ကောင်းမင်သာဖြစ်သည်။ သူ့အတွက် သူတို့ကသာ ခြိမ်းခြောက်နိုင်ခြင်းဖြစ်သည်။

လူတစ်ယောက်က အော်ဟစ်လိုက်သည်။ ထောင်တံခါးများသည် ပွင့်သွားခဲ့သည်။ ကောင်းမင်နှင့်စီတုအန်းတို့ မမြင်နိုင်သောအားတစ်ခုကြောင့် အခန်းများထဲသို့ ဆွဲခေါ်ခံလိုက်ရလေသည်။ သူတို့အား မတူညီသောလျှို့ဝှက်တံခါးများမှတဆင့် လွှင့်ပစ်ခံလိုက်ရသည်။ သူတို့သည် မှောင်မိုက်နေသော ဥမင်များထဲသို့ ပြုတ်ကျသွား၏။ စီတုအန်းနှင့် ကောင်းမင်သည် မတူညီသောနေရာနှစ်ခုသို့ ပို့ဆောင်ခြင်းခံလိုက်ရသည်။

ပွန်းပဲ့ဒဏ်ရာများကြောင့် သွေးများစိမ့်ထွက်လာလေသည်။ ကောင်းမင်သည် ချက်ချင်းမြေပြင်မှ ခုန်ထလိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

"ဒီနေရာက နတ်ဆိုးသရဲက လူသေအလောင်းတွေကို ကိုင်တွယ်တဲ့နေရာလား "

ကောင်းမင်သည် သူ့ဖုန်းကို ထုတ်၍ မီးဖွင့်လိုက်သည်။ အခန်းထဲတွင် နှိပ်စက်ညှင်းပန်းသည့် အမျိုးမျိုးသောကိရိယာများကို သူတွေ့လိုက်ရသည်။ အစောပိုင်းက ဖမ်းဆီးခံခဲ့ရသော စုံစမ်းရေးမှူးသည် ထိုင်ခုံတစ်ခုတွင် ထိုင်နေ၏။ သူသည် သူ့အားကယ်တင်ရန် ကောင်းမင်အား ‌တောင်းပန်နေခဲ့သည်။

All Chapters