← Chapters

နှိပ်စက်ညှင်းပန်းခြင်း

Vol. 4 Ch. 54

နှိပ်စက်ညှင်းပန်းခြင်း

Vol. 4 Ch. 54

ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီးနောက် ကောင်းမင်က ဤအခန်းထဲတွင် သူနှင့်ထိုစုံစမ်းရေးမှူးမှ လွှဲ၍ ဘယ်သူမှမရှိကြောင်း အတည်ပြုလိုက်သည်။

"နတ်ဆိုးသရဲက ဒီမှာမရှိပါဘူး ၊ ဘာလို့ စုံစမ်းရေးမှူးက ထွက်မပြေးတာလဲ "

သူသည် ခုံပေါ်တွင် ထိုင်နေခြင်းဖြစ်ပြီး သူ့ခြေလက်များကိုပင် ချည်နှောင်မထားချေ။ သူသည် အလွယ်တကူထွက်သွားနိုင်သည်။

ထိုင်ခုံအား သတ္တုဖြင့်ပြုလုပ်ထားပြီး သားရေဖြင့်အချောကိုင်ထားသည်။ ထိုင်ခုံနှင့် ကူရှင်သည် သွေးများစွန်းပေနေသည်။

"ကျေးဇူးပြုပြီး ကယ်ပါဦး !"

စုံစမ်းရေးမှူးသည် ထိုင်ခုံပေါ်တွင် တောင့်တင်းစွာထိုင်နေ၏။ သူသည် အကူအညီအတွက် အော်ဟစ်နေသော်လည်း သူ့ခန္ဓာကိုယ်အား အနည်းငယ်မှပင် လှုပ်ရှားရန် မဝံ့ရဲ့ချေ။ သူသည် ကောင်းမင်အား ဖျားယောင်းနေသလို ခံစားရသည်။ သို့သော်လည်း သူ့အမူအရာအရ သူသည် လိမ်နေပုံမရပေ။

"ခင်ဗျား ဘာကို ကြောက်နေတာလဲ ၊ ဒီမှာ ဘာပုန်းနေလို့လဲ "

ကောင်းမင်က မေးလိုက်သည်။

စုံစမ်းရေးမှူးသည် ဦးခေါင်းကို ခပ်ဖြည်းဖြည်းသာ ယမ်းပြသည်။ ထိုအချင်းအရာ သူမသိသည့် မရှင်းလင်းသောအရာ သို့မဟုတ် သူမပြောရဲခြင်းဖြစ်နိုင်၏။

"ဒီမှာ ကျုပ်မမြင်နိုင်တဲ့ သရဲတစ်ကောင်ရှိနေတာလား "

ကောင်းမင်က ဆက်လက်အတည်ပြုလိုသည်။ စုံစမ်းရေးမှူးက ခေါင်းထပ်ခါပြန်သည်။ သူ့အကြည့်သည် ကောင်းမင်အား နှိပ်စက်ညှင်းပန်းသည့်ကိရိယာများကို ဂရုစိုက်စေချင်သကဲ့သို့ ဘေးဘီကိုသာ ဝေ့ဝဲကြည့်ရှုနေသည်။ ထိုကဲသို့ သူပြုလုပ်လိုက်သည်နှင့် သာမန်ပုံစံ‌ဖြစ်နေသော ထိုင်ခုံသည် ရုတ်တရက် စုံစမ်းရေးမှူး၏ လက်ကောက်ဝက်ကို တုပ်နှောင်လိုက်သည်။ နှိပ်စက်ညှင်းပန်းသည့် ကိရိယာများသည် မူလနေရာသို့ ရွေ့လျားလာကြသည်။

"ကယ်ပါ ! ကယ်ပါဦး! "

စုံစမ်းရေးမှူး၏ ခန္ဓာကိုယ်သည် နှိပ်စက်ညှင်းပန်းခံထားရသည်။ သူသည် အသားကိုစားခဲ့သော်လည်း နာကျင်ခြင်းကို မခံစားဟု မဆိုလိုပေ။ အော်ဟစ်သံကိုကြားသောအခါ အခြားကိရိယာများသည် သွေးနံ့ရသော ငါးမန်းများသဖွယ်ဖြစ်လာကြသည်။ ၎င်းတို့ကို သွေးနီရောင်ချည်မျှင်များဖြင့် ဆွဲထားပြီး အလယ်တွင်ရှိသော စုံစမ်းရေးမှူးထံသို့ ပြေးဝင်လာကြသည်။ ထိုမြင်ကွင်းသည် အလွန့်အလွန်ပင် ခြောက်ခြားဖွယ်ကောင်းသည့်အတွက် ကောင်းမင်သည် သူ့မျက်နှာအား အခြားတစ်ဖက်ကိုသာ လွှဲထားရသည်။

ငါးမိနစ်အချိန်အတွင်း စုံစမ်းရေးမှူးသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် ကွယ်ပျောက်သွားခဲ့သည်။ ထိုင်ခုံပေါ်တွင် စာလုံးနက်များဖြင့် ဖုံးလွှမ်းထားသည့် တဆတ်ဆတ်ခုန်နေသော နှလုံးသားတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ထိုင်ခုံအလယ်ရှိ ဘုတ်ပြားသည် အောက်ပြုတ်ကျသွားသည်။ နှလုံးသည် ထိုင်ခုံပေါ်သို့ ပြုတ်ကျ၏။

ထို့နောက် ထိုင်ခုံသည် ကောင်းမင်ထံသို့ ဖြည်းညှင်းစွာ ရွေ့လျားလာလေသည်။ အခန်းသည် ကျဉ်းမြောင်းသည်။ မကြာမီတွင် ကောင်းမင်၏ခန္ဓာကိုယ်သည် သေးငယ်သော သွေးနီရောင်ချည်မျှင်များဖြင့် ချည်နှောင်ခြင်းခံလိုက်ရသည်။ သူသည် ထိုင်ခုံနှင့်ပေါင်းစပ်သွားခဲ့သည်။ အခန်းထဲတွင်မည်သည့် သရဲမှမရှိချေ။ သို့သော် ၎င်းသည် ကောင်းမင်ကြုံတွေ့ဖူးသည့် မည်သည့်သရဲထက်မဆို ပိုကြောက်မက်ဖွယ်ကောင်းလေသည်။

ထိုအရာသည် နတ်ဆိုးသရဲ၏ တစ်ခုတည်းသောရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသည့် ပျော်စရာပန်းခြံတစ်ခု ဖြစ်လေသည်။ နာကျင်မှုနှင့် ထိခိုက်ဒဏ်ရာများသည် အစစ်အမှန်ပင်ဖြစ်သည်။ သတ္တုများသည် အတူတကွ ထိခတ်ကာ တချွင်ချွင်မြည်နေသည်။ ချိန်းကြိုးများသည် မြေကြီးပေါ်တွင် မြွေများကဲ့သို့ တွန့်လိမ်သွားလာနေကြသည်။ ချိန်းကြိုးများသည် သေဆုံးသူများ၏ အတိတ်ဖြင့် ရေးဆွဲထားခြင်းဖြစ်သည်။ သူတို့ကို အခြားသူများက လွတ်လပ်စွာ အသုံးပြုစေရန် သူတို့အား နင်းဖြတ်စေသည်။

တုတ်ခိုင်သော ချိန်းကြိုးများသည် သူ့အရေပြားကို ဖြတ်တောက်နေကြသည်။ ကောင်းမင်သည် ထိုင်ခုံပေါ်တွင် ချည်တုပ်ခြင်းခံလိုက်ရသည်။ သူသည် စီတုအန်းပြောခဲ့သည့်စကားကို အမှတ်ရနေဆဲဖြစ်သည်။

နတ်ဆိုးသရဲသည် သူ့သားကောင်များကို နှိပ်စက်ရခြင်းအား နှစ်သက်သည်။ သားကောင်များ၏ စိတ်ခွန်အားက ပိုသန်မာလေလေ နတ်ဆိုးသရဲက သူတို့အားနှိပ်စက်ရခြင်းအပေါ် ပိုနှစ်ခြိုက်လေလေဖြစ်သည်။

"အသက်ရှင်ဖို့ မျှော်လင့်ချက်ကို ငါလက်မလွတ်နိုင်ဘူး "

ကိစ္စများသည် လုပ်ရသည်ထက် ပြောရသည်က ပိုလွယ်ပေသည်။ တစ်ခါတစ်ရံတွင် သေခြင်းတရားသည် ရှင်သန်ခြင်းထက် ပိုလွယ်ကူ၏။ သွေးနီရောင်စားပွဲသည် ထိုင်ခုံဆီသို့ ရွေ့လျားလာသည်။ စားပွဲပေါ်ရှိ အရာများကို မြင်လိုက်ပြီး ကောင်းမင်၏မျက်ဆံက ကျဉ်းမြောင်းသွားသည်။ အရိုးခွဲဓားများ၊ တက်တူးဓားများ၊ ‌ဗွီပုံသဏ္ဍာန်ဓားများ ၊ ယူပုံသဏ္ဍာန်ဓားများ ၊ အရေပြားခွဲဓားများ ၊ ဓားကွေးများ ၊ ဆောက်သွားများ ....စသည့် အမျိုးမျိုးသော ဓားများကို စားပွဲပေါ်တွင် နီးကပ်စွာ တင်ထား၏။

သွေးနီရောင်ချည်မျှင်များက ပိုတင်းကျပ်လာသည်။ စားပွဲပေါ်ရှိဓားများသည် သူတို့အား မမြင်နိုင်သောကြိုးတစ်ချောင်းက ထိန်းချုပ်နေသကဲ့သို့ စတင်ကခုန်လာကြသည်။ ၎င်းတို့သည် ကောင်းမင်၏အရေပြားပေါ်တွင် တစ်လွှာချင်းတိုက်စားနေသည်။ ကောင်းမင်၏ ဒဏ်ရာရနေသော ဘယ်ဘက်မျက်လုံးသည် ထပ်မံ၍သွေးများစီးကျလာသည်။

ဓားသွားတစ်ခုချင်းစီတိုင်းသည် သူတို့၏ ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်နေကြသည်။ သူတို့သည် မီးဖိုချောင်ထဲမှ စားဖိုမှူးအတွက် ဓားများဖြစ်ကြသကဲ့သို့ အမဲလိုက်ရန်အတွက် ကိရိယာများလည်းဖြစ်သည်။ မတူသော ဓားသွားများသည် မတူညီသော ဝေဒနာများကို ပေးစွမ်းနေသည်။ ကောင်းမင်၏မျက်နှာသည် ဖြူဖျော့နေသည်။ သူသည် သွားများကျိုးကြေသွားတော့မတတ် အံကြိတ်ထားရသည်။

"တောင့်ခံထားစမ်း ! "

အကြောက်တရားသည် အားနည်းမှုကို ပြသပြီး ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်စေသည်။ စိတ်ပျက်အားငယ်မှုသည် ပြိုလဲစေရန် တွန်းချနေသည်။ သူခြေထောက်နှစ်ဖက်သည် သွေးများရွှဲနစ်နေသည်။ ဓားသွားထိပ်ဖျားသည် သူ့အရိုးများကို ထိတွေ့လာချေပြီ။ ပိုများလာ‌သော ဒဏ်ရာဒဏ်ချက်များသည် ရက်စက်သောပန်းချီကားတစ်ချပ် သဏ္ဍာန်ပေါ်လာတော့သည်။ ကောင်းမင်သည် သူ့ကို လူတွေ ဘယ်အချိန် လာကယ်မည်ကို မသိချေ။ သူသည် ထိုအပေါ်တွင် မနေဝံ့တော့ပေ။ အကူအညီရောက်လာလိမ့်မည်ဟု သူ့ကိုယ်သူသာ ပြောနိုင်တော့သည်။

တစ်စက္ကန့် ...နှစ်စက္ကန့် ....

အချိန်သည် မည်သည့်အခါတွင်မှ နှေးကွေးစွာ မရွေ့လျားဘူးချေ။ ဓားခုတ်လိုက်သော အရှိန်သည် နာရီပေါ်ရှိ ဒုတိယလက်တံ၏ ရွေ့လျားမှုနှင့်အတူ သူ့အရေပြားကို ပွင့်သွားစေသည်။ များစွာသော ကြောက်ရွံ့ဖွယ် ရယ်မောသံများသည် တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။ ပုလဲလုံးသဖွယ်သွေးစက်များသည် မြေကြီးပေါ် တစ်စက်စက်ကျဆင်းနေလေသည်။

နှိပ်စက်ညှင်းပန်းသည့် ကိရိယာများသည် ဆာလောင်နေသည့် ဝံပုလွေများနှင့်တူသည်။ သူတို့သည် ထိုင်ခုံဆီသို့ ဖြည်းညင်းစွာ ပျံဝဲလာကြသည်။ အခန်းတွင် ကြောက်စရာအရာအမျိုးအစားအားလုံး ရှိနေလေသည်။

မြေအောက်ခန်းတွင် ထောင်ချောက်မိနေသော ငှက်တစ်ကောင်သည် သူ့တောင်ပံများအား မဆန့်ထုတ်နိုင်ပေ။ သူ့အမွှေးအတောင်များသည် တစ်ချောင်းပြီးတစ်ချောင်းဆွဲနူတ်ခံနေရသည်။ သူ့နူတ်သီးသည် ကွဲကြေနေခဲ့သည်။ သူ့လက်သည်းများသည် ဆွဲနူတ်ခြင်းခံထားရသည်။ နတ်ဆိုးသရဲ အလိုရှိသောအရာသည် ငှက်တစ်ကောင်ပျံသန်းခြင်းကို ရပ်တန့် စေရန်မဟုတ်ပေ။ သူလိုချင်သည့်အရာသည် ငှက်တစ်ကောင်အတွက် ပျံသန်းရန် အတွေးကို ကြောက်ရွံ့စေလိုခြင်းဖြစ်သည်။ နတ်ဆိုးသရဲသည် ငှက်တစ်ကောင်က သူ့အတောင်ပံများကို ဖြတ်ပေးရန် တောင်းပန်သည်ကို ကြားချင်လေသည်။ ယင်းကို သူအလွန်နှစ်ခြိုက်၏။

နံရံပေါ်ရှိနာရီသည် နှိပ်စက်ညှင်းပန်းခြင်းနှင့် မသက်ဆိုင်သည့် တစ်ခုတည်းသောပစ္စည်းဖြစ်သည်။ သို့သော် ၎င်းသည် မည်သည့် ညှင်းပန်းသည့်ကိရိယာထက်မဆို ပိုရက်စက်လေသည်။ အချိန်သည် စိတ်ပျက်အားငယ်ခြင်း၏ အသန်မာဆုံး အပေါင်းအဖော်ဖြစ်သည်။ အချိန်သည် အလွန်နှေးကွေးနေသလို သေခြင်းသည်လည်း နှေးကွေးစွာ ရောက်လာနေပြီဖြစ်သည်။

သူ့ခြေထောက်နှင့်လက်များသည် သွေးများ စိုရွှဲနေလေပြီ။ ကောင်းမင်၏ စိတ်သည် ဝေဝါးနေသည်။ ဓားများသည် သူ့အရေပြားကိုလှီးဖြတ်နေသည်လော သူ့အဝတ်ကိုလှီးဖြတ်နေသည်လော သူမပြောနိုင်တေ့ာချေ။ သူပြောနိုင်သည့် တစ်ခုတည်းသောအခါမှာ သူ့နှလုံးသားသည် နှလုံးခုန်နေဆဲဖြစ်သည်။ သူအသက်ရှင်နေသေးပြီး မျှော်လင့်ချက်ရှိသေးသည်။

၁၉မိနစ်မြောက်တွင် ....

စီတုအန်း၏ ချုပ်တည်းထားဟန်ရသောအသံသည် တံခါးတစ်ဖက်ရှိ အခန်းထဲမှ ထွက်ပေါ်လာသည်။ ကောင်းမင်ထက်ယှဥ်လျှင် စီတုအန်း၏ နှလုံးသားသည် စတင်ကွဲအက်လာပြီဖြစ်သည်။ ကိရိယာများသည် 'စိတ်လှုပ်ရှား' လာကြသည်။ သူတို့သည် ကောင်းမင်အား ခတ္တလျစ်လျူရှူထားလိုက်ပြီး အမှောင်ထဲမှ တစ်ဆင့် တစ်ဖက်ခန်းသို့ ပျောက်ကွယ်သွားကြသည်။

နှိပ်စက်ညှင်းပန်းခြင်းသည် ဆက်လက်ဖြစ်ပျက်နေပြီး စီတုအန်း၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည် ပို၍ အက်ကွဲလာသည်။ သူက အော်ဟစ်နေ‌သည်။ ကောင်းမင်သည်လည်း သူ့အကန့်အသတ်ကို ရောက်ရှိနေပြီဖြစ်သည်။ စုံ‌စမ်းရေးမှူးသည် သူ့အတွက် အချိန်ကို ဝယ်မပေးခဲ့လျှင် ပထမဆုံးပြိုလဲသွားမည်သူမှာ သူဖြစ်မည်ကို သိသည်။

"စီတုအန်းကို သေတဲ့အထိ နှိပ်စက်ညှင်းပန်းပြီးရင် ကိရိယာတွေက ငါ့ဆီပြန်လာကြလိမ့်မယ် ၊ အခုအချိန်က ငါ့အတွက် ထွက်ပြေးဖို့အခွင့်အရေးပဲ ! "

နတ်ဆိုးသရဲက ဤနေရာတွင် မရှိချေ။ ထိုညှင်းပန်းသည့် ကိရိယာများသည် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများသာ ဖြစ်ကြသည်။

"ဒီအခန်းမှာ အနည်းဆုံးလမ်းကြောင်းသုံးခုရှိတယ် ၊ တစ်ခုက ငါပြုတ်ကျလာခဲ့တဲ့ ဥမင်လိုဏ်ခေါင်းပဲ ၊ အဲ့ထဲမှာ ဖန်ကွဲစတွေပြည့်နေတယ် ၊ ဒုတိယလမ်းက တံခါးတစ်ဖက်က စီတုအန်းရဲ့အခန်းဆီ ဦးတည်နေတယ် ၊ တတိယလမ်းကတော့ ထိုင်ခုံနောက်မှာပဲ ....."

ကောင်းမင်သည် နှိပ်စက်ညှင်းပန်းခံနေရသည့်အချိန်တွင်ပင် သူ့ပတ်ဝန်းကျင်အား အာရုံစိုက်ထားနိုင်ဆဲဖြစ်သည်။

"ငါ ထပ်စောင့်လို့ မရတော့ဘူး ! "

နှိပ်စက်ညှင်းပန်းသည့်ကိရိယာများက စီတုအန်းနှင့်အလုပ်ရှုပ်နေစဉ် ကောင်းမင်က သွေးနီရောင်ချဉ်မျှင်များကို ဆွဲခွာလိုက်သည်။ သူသည် လျှို့ဝှက်ဥမင်ထဲသို့ ပြေးသွားချင်သော်လည်း သူခြေလှမ်းချလိုက်သည်နှင့် သူလဲကျသွားသည်။ ၉၀ ဒီဂရီထောင်မတ်နေသော လျှို့ဝှက်ဥမင်အား တွယ်တက်ရန်အတွက် သူသည် အလွန်ကြီးကြီးမားမား ဒဏ်ရာရနေခဲ့သည်။

လျှို့ဝှက်ဥမင်သည် မဖြစ်နိုင်ပေ၊ တံခါးတစ်ဖက်တွင် ကိရိယာများက အလုပ်များနေကြသည်။ ထို့ကြောင့် ထိုင်ခုံနောက်ရှိ လမ်းသာ ကျန်တော့သည်။ ကောင်းမင်သည် ထိုင်ခုံနောက်သို့ တွားသွားလိုက်သည်။ သူသည် ကော်ရစ်ဒါအဆုံးတွင် အနက်ရောင်သံမဏိတံခါးကြီးကို မြင်လိုက်ရသည်။ သူသည် တံခါးကို လေးလံစွာတွန်းလိုက်သော်လည်း ၎င်းက မလှုပ်ပေ။

အရာအားလုံးသည် နတ်ဆိုးသရဲက ဖန်တီးထားခြင်းဖြစ်သည်။ သားကောင်များသည် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားမည်ဆိုလျှင်ပင် ၎င်းသည် မျှော်လင့်ချက်မဟုတ်ပဲ စိတ်ပျက်စရာသာ ကြိုဆိုနေမည်ဖြစ်သည်။

သူတို့ဘယ်ကို ပြေးကြမလဲ ။

တစ်စုံတစ်ယောက်သည် သံမဏိတံခါးသော့ပေါ်တွင် အပြုံးမျက်နှာတစ်ခုကို ရေးဆွဲထားသည်။ ယင်းသည် ထွက်ပြေးရန် ကြိုးစားသူတိုင်းကို ပျက်ရယ်ပြုနေပုံရသည်။

ကောင်းမင်က လှည့်ကြည့်လိုက်ရာ ထိုင်ခုံသည် ရွေ့လျားလာ၏။ ၎င်းသည် ကောင်းမင်ကို ကုလားထိုင်ပေါ် ပြန်တက်စေချင်နေသည်။

"ငါ ပြန်မသွားနိုင်ဘူး !"

သံမဏိတံခါးပေါ်တွင် သွေးများစိုစွတ်နေဆဲဖြစ်သည်။ ကောင်းမင်သည် ‌သူ့အိတ်ကိုဖွင့်လိုက်ပြီး သူမိဘများ၏ဓာတ်ပုံကို ထုတ်လိုက်သည်။ သူ၏ သွေးစွန်းနေသော လက်ချောင်းများသည် သူမိသားစု၏နံပါတ်ကို ခေါ်ဆိုလိုက်သည်။ ထိုမူမမှန်ဖြစ်ရပ်တွင် ဆက်သွယ်ရေးအားလုံးသည် ပြတ်တောက်နေသော်လည်း ကောင်းမင်၏ဖုန်းသည် အလုပ်ဖြစ်သွားခဲ့သည်။ ဖုန်းဝင်သွားခဲ့သည်။ အရိပ်များသည် သိပ်သည်းလာလေသည်။ ဓာတ်ပုံထဲမှ သူ့မိဘများသည် ကောင်းမင်၏အသံကို ကြားပုံရသည်။ သူတို့သည် ဓာတ်ပုံအပြင်ဘက်တွင် ရှိနေသောကောင်းမင်ကိုကြည့်၍ သူတို့၏ထူးဆန်း‌သောအပြုံးမျက်နှာများသည် လှုပ်ရှားလာကြလေသည်။

All Chapters