နှလုံးသား
Vol. 4 Ch. 55
ဘယ်ဘက်မျက်လုံးပျောက်ဆုံးနေသော ကောင်းမင်သည် ဖုန်းကို ကိုင်ထားခဲ့သည်။ သူသည် သူ၏နောက်ဆုံးမျှော်လင့်ချက်ကို သရဲမိဘများထံ ပုံအပ်ထားလိုက်သည်။ အရိပ်များသည် ရူးသွပ်စွာစုဝေးလာကြသည်။ ယခုအချိန်အခါသည် သူ့မွေးနေ့ကဲ့သို့ ကောင်းမင်က ဆုတောင်းလိုက်သည်။ ထိုအချိန်တွင် သူသည့် သူ့ဆန္ဒကို အသံမထွက်လိုက်ပေ။
အရိပ်များက နှိပ်စက်ညှင်းပန်းသည့်အခန်းကို ဝန်းရံလာစဉ် တစ်စုံတစ်ခုက ကောင်းမင်ရှေ့က အနက်ရောင်သံမဏိတံခါးကို ခေါက်လိုက်သည်။ တစ်ချိန်တည်းတွင် ဖုန်းထဲက ပြန်ဖြေသံထွက်ပေါ်လာသည်။ လေလှိုင်းမှတဆင့် ကောင်းမင်၏မိခင်က မေးလိုက်သည်။
"ကောင်းမင် ၊ သား အိမ်ကို ထပ်လွမ်းနေပြန်ပြီလား "
တံခါးခေါက်နေသံသည် အဆက်မပြတ် ပိုထွက်ပေါ်လာသည်။ ဓာတ်ပုံထဲမှ မိဘများသည် ပို၍ ပို၍ ပျောက်ကွယ်သွားကြသည်။ သံမဏိတံခါးကြီးသည် ဖြည်းညင်းစွာ ပွင့်ဟလာ၏။ သွေးနီရောင်ချည်မျှင်များသည် ကောင်းမင်၏ဒဏ်ရာများတဝိုက်တွင် ဝန်းရံလာကြသည်။ ဧရာမထိုင်ခုံကြီးသည် သူ့အား နောက်ပြန်ဆွဲခေါ်ချင်နေလေသည်။
ကောင်းမင်က သူ့လက်ချောင်းများကို မြေကြီးထဲ ထိုးစိုက်ထားလိုက်သည်။ ဓာတ်ပုံထဲမှ နောက်ဆုံးမိဘပျောက်ကွယ်သွားသောအခါ နောက်ဆုံးတွင် သွေးစွန်းနေသောသံမဏိတံခါးကြီးအား အရိပ်များအပြည့်အဝဖုံးလွှမ်းသွားသည်။ တံခါးဝင်ရိုးသည် ကျိုးကြေသွားပြီး တံခါးသည် အတင်းအကျပ်တွန်းဖွင့်ခံလိုက်ရသည်။
ထူးဆန်းသော မိဘများသည် ထူးဆန်းသောအပြုံးများရှိနေကြသည်။ သူတို့သည် ကောင်းမင်၏ အကြိုက်ဆုံးကိတ်မုန့်ကို သယ်လာကြသည်။ သူတို့ရဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်များက ကွေးကောက်နေသော်လည်း ကိတ်မုန့်များသည် ပြီးပြည့်စုံနေသည်။
"ဟက်ပီးဘာ့ဒေးပါ ! "
"ရက်စ် ၊ ဟက်ပီးဘာ့ဒေးပဲကွ! "
ကောင်းမင်က သွေးစွန်းနေသောလက်ဖြင့် သူ၏ထူးဆန်းသည့် မိသားစုကို ဆုပ်ကိုင်လိုက်သည်။
"ကျွန်တော်တို့ လွတ်မြောက်သွားရင် ကိတ်မုန့်တွေအကုန်လုံး ကျွန်တော် စားပစ်မယ် "
သူ့မိဘများသည် သူအိမ်ပြန်လာမည်ကို သိနေခဲ့ကြသောကြောင့် သူတို့သည် သူ၏ဖုန်းခေါ်ဆိုမှုကို စောင့်ဆိုင်းနေခဲ့ကြသည်။ ထိုင်ခုံသည် အိမ်တစ်လုံး၏နွေးထွေးမှုကို နားမလည်နိုင်ခဲ့ပေ။ ၎င်းသည် ပရိဘောဂအစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ၎င်းသည် များစွာသောလူ့နှလုံးသားများရှိသော်လည်း လူသားတို့၏ဆက်နွယ်ချက်ကို နားမလည်နိုင်ပေ။ သွေးများသည် ထိုင်ခုံအောက်မှ စိမ့်ထွက်လာပြီး သရဲမိဘများကို ထိုးဖောက်သွားသည်။ ၎င်းသည် သူတို့အား ထိုင်ခုံဆီသို့ ဖမ်းခေါ်ရန်ကြိုးစားလိုက်သော်လည်း သရဲမိဘများသည် ထိခိုက်သွားသောအခါ သူတို့သည် အရိပ်ထဲ ပျော်ဝင်သွားကြသည်။ သရဲမိဘများသည် တိုက်ခိုက်ရေးစွမ်းအားမရှိသော်လည်း သူတို့ကို အပြည့်အဝသတ်၍မရနိုင်ပေ။
ကောင်းမင်သည် ဓာတ်ပုံ အိတ်ထဲပြန်ထည့်လိုက်သည်။ သူသည် မတ်တပ်ထရပ်နိုင်ရန် အားတင်းလိုက်သည်။
နတ်ဆိုးသရဲသည် ညှဉ်းပန်းနှိပ်စက်ချိန်ကို ရှည်ကြာစေရန် နောက်ဆုံး တိုက်ခိုက်မှုကို ရှောင်ရှားခဲ့သည်။ နတ်ဆိုးသရဲပြန်လာသည့်အချိန်ကို ကောင်းမင်မသိပေ။ သူသည် မည်သည့်အပြောင်းအလဲမှ မလိုချင်ပေ။ သူသည် အရှေ့သို့ အလျင်စလို သွားလိုက်သည်။ သွေးနံ့သည် သိပ်သည်းလာသည်။ နံရံပေါ်တွင် ထူးဆန်းသည့် သွေးကြောများ ကြီးထွားလာကြသည်။
ကောင်းမင်က သူသည် အန္တရာယ်ထဲလမ်းလျှောက်နေခြင်းဖြစ်သည်ကို သိသော်လည်း သူ့တွင် အခြားရွေးချယ်စရာမရှိပေ။ ရေဆိုးများသည် သူ့ခြေကျင်းဝတ်အထိ မြင့်တက်လာသည်။ ကောင်းမင်သည် တစ်စုံတစ်ရာက သူ့အားခေါ်နေသည်ကို ကြားလိုက်ရသည်။ ၎င်းသည် သူ့နာမည်ကို ခေါ်နေခြင်းမဟုတ်ပဲ သူ့အသွေးအသားနှင့်အတူရှိနေသော နက်ရှိုင်းသည့် တစ်စုံတစ်ခုကို ခေါ်နေခြင်းဖြစ်သည်။
"ငါ ဒီခံစားချက်ကို ပထမဦး အဆောက်အဦးဘီထဲ ဝင်လာတုန်းကလဲ ခံစားခဲ့ရတယ် ၊ သူတို့ပြောတာက ငါက အရင်တုန်းက သားစားကြူးနတ်ကို ကိုးကွယ်ခဲ့တာဆိုပဲ ၊ ငါ့ကိုခေါ်နေတာ သူများလား "
တိုက်ခိုက်သံများသည် သူ့အပေါ်မှ ထွက်ပေါ်လာသည်။ စီတုအန်း၏ အော်ဟစ်သံများသည် ရပ်တန့်ခြင်းမရှိပေ။ ကောင်းမင်သည် ထိုအခွင့်အရေးကို အရှုံးမပေးလိုပေ။ သူ့နောက်တွင် သွေးအိုင်တစ်အိုင်ကျန်ရစ်ခဲ့သည်။ သူ့ဒဏ်ရာများက စုတ်ပြဲကာပွင့်ထွက်လာခဲ့သည်။ သူသည် သေမင်းနှင့်အပြေးပြိုင်နေသလို ခံစားနေရသည်။
"ငါ ရပ်တန့်လို့မဖြစ်ဘူး ၊ ငါမလုပ်ရင် မျှော်လင့်ချက်အားလုံး ဆုံးရှူံးသွားလိမ့်မယ် "
သူ၏ကြံ့ကြံ့ခံသော စိတ်ဓာတ်သည် ရှေ့ဆက်သွားရန် တွန်းအားပေးနေသော်လည်း သူ့ခန္ဓာကိုယ်က သူ့စကားကို မလိုက်နိုင်ခဲ့ပေ။ သူလဲကျခါနီးအချိန်တွင် သူ၏သရဲဖေဖေက သူ့အား ချီပိုးလိုက်သည်။
"မင်းဘယ်လောက် ညစ်ပတ်နေလဲ ကြည့်စမ်း ၊ မင်းဘယ်လောက်အသက်ကြီးကြီး အဖေတို့ကို စိုးရိမ်အောင်လုပ်နေတာ မရပ်တန့်ဘူးနော် "
လမ်းကြောင်းများသည် နှိပ်စက်ညှင်းပန်းသည့်အခန်းသို့ ဝင်္ကပါသဖွယ် ဆက်သွယ်နေကြသည်။ ထောင်ချောက်အများအပြားလည်း ရှိနေသည်။ ပုံမှန်လူများသည် ထိုနေရာတွင် ရှင်သန်လိမ့်မည်မဟုတ်ချေ။ သာမန်သရဲများဆိုရင်တောင်မှပေါ့။
သို့သော်လည်း သရဲမိဘများ၏ ကာကွယ်စောင့်ရှောက်ပေးမှုနှင့်အတူ ကောင်းမင်သည် လွတ်မြောက်လာခဲ့လေသည်!။
သရဲဖေဖေသည် သွေးနံ့များနောက်လိုက်ပါလာရင်း ကောင်းမင်အား နှိပ်စက်ညှင်းပန်းသည့်မြေအောက်ခန်းအလယ်ဗဟိုဆီသို့ သယ်ဆောင်လာခဲ့သည်။ အရွယ်အစားအမျိုးမျိုးရှိသော သွေးကြောများသည် ဤနေရာတွင် အဆုံးသတ်နေကြသည်။ ရေပိုက်များသည် ညစ်ပတ်သောသွေးများနှင့်ကံဆိုးခြင်းများကို သွန်ချနေကြ၏။ ထိုနေရာသည် အဆောက်အဦးဘီ၏ အနုတ်လက္ခဏာအရှိဆုံးနေရာဖြစ်ပေသည်။ သရဲများ၏ခန္ဓာကိုယ်များကို နေရာတကျစုပုံထားသည်။ သူတို့ထဲမှ တချို့သည် စုံစမ်းရေးမှူးများဖြစ်ပြီး တချို့သည် အရိပ်ကမ္ဘာမှ လာကြခြင်းဖြစ်သည်။ အလယ်တည့်တည့်တွင် သွေးရေကန်ကြီးတစ်ခု ရှိလေသည်။
စုပုံထားသောအလောင်းတောင်ကြီးပေါ်တွင် မျက်နှာလေးခုနှင့် လက်ရှစ်ဖက်ရှိသော ရုပ်တုတစ်ခုရှိနေသည်။ ယင်းရုပ်တုကို ရွှံ့ဖြင့်ပြုလုပ်ထားခြင်းဖြစ်သော်လည်း နှလုံးခုန်နေသည့် အသွေးအသားနှလုံးသားတစ်ခုရှိနေလေ၏။
"ဒီနေရာတစ်ခုလုံးကို ဒီဟာကြီးကျင့်ကြံဖို့အတွက် တည်ဆောက်ထားခဲ့တာလား "
နှလုံးသားသည် ကောင်းမင်အား ဆင့်ခေါ်နေခြင်းဖြစ်ပုံရသည်။ သရဲမိဘများသည် အလောင်းပုံကြီးနားချဉ်းကပ်လိုက်သည်နှင့် သူတို့သည် အရိပ်များထဲ ပျော်ဝင်သွားကြသည်။ ကောင်းမင်သည် ထိုအရာကို တစ်ကိုယ်တည်းလုပ်ဆောင်ရတော့မည်ဖြစ်သည်။
နတ်ဆိုးနတ်ဘုရားသည် တစ်စုံတစ်ခုကို အာရုံခံမိပြီး ရွှံ့ရုပ်သည် မျက်လုံးများပွင့်လာ၏။ ကောင်းမင်သည် အကြောက်တရားမရှိပေ။ သူသည် ဥမင်လှိုဏ်ခေါင်းအတွင်း၌ အဆိုးဝါးဆုံးကို မြင်တွေ့ခဲ့ရပြီးပုံရလေသည်။
သူ့အပေါ်ဘက်တွင် တိုက်ခိုက်သတ်ဖြတ်သံများသည် ပြင်းထန်လာသည်။ ဝင်္ကပါထဲမှ တစ်စုံတစ်ခုသည် လျင်မြန်စွာ နီးကပ်လာချေပြီ။ သရဲမိဘများသည် လူသေဓာတ်ပုံထဲ ပြန်ဝင်သွားကြသည်။ ကောင်းမင်၏ခန္ဓာကိုယ်သည် အနားယူရန်လိုအပ်နေပြီဖြစ်သည်။ သူသည် အလောင်းများပေါ်တွယ်တက်လိုက်ပြီး သူ့လက်ဖြင့်ရုပ်တုကို ဆွဲလိုက်သည်။ သူ့သွေးများသည် ရေပန်းသဖွယ် ပန်းထွက်လာသည်။ ကောင်းမင်က ဒါကို သူ့အိမ်မက်ထဲတွင် မြင်ဖူးသလိုဖြစ်နေ၏။
"ငါ အသားကိုစားလိုက်တာနဲ့ ငါ့ဘဝက ပြီးသွားပြီ "
"ငါ အသားကို မစားရင် ငါ လှုပ်တောင် လှုပ်နိုင်တော့မှာ မဟုတ်ဘူး "
အသားနှလုံးသားသည် ကောင်းမင်၏ နှလုံးခုန်သံ ကြိမ်နူန်းနှင့်အတူ ခုန်ပေါက်နေသည်။ ကောင်းမင်နောက် ပြေးလိုက်လာသော ပုဂ္ဂိုလ်သည် ထွက်ပေါ်လာသည်။ သွေးများစိုရွှဲနေသော စီတုအန်းသည် လမ်းကြောင်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူသည် အနက်ရောင်စာလုံးများစီးဆင်းနေသော သူ့မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ သူက ကောင်းမင်နှင့်အတူ အကြည့်တစ်ချက်သာ ဝေမျှလိုက်ပြီး နှစ်ဖက်လုံးပြိုင်တူလှုပ်ရှားလိုက်ကြသည်။
စီတုအန်းသည် သူ့ဓားနှင့်အတူ ရုပ်တုထံပြေးဝင်လာသည်။ သရဲမိဘများသည် အလွယ်တကူသတ်ဖြတ်ခံလိုက်ရသည်။
ကောင်းမင်သည် ရုပ်တု၏အသားနှလုံးသားကို ကိုက်ချလိုက်သည်။ နှစ်ဖက်လုံးသည် နောက်ဆုံးအခိုက်အတန့်တွင် တွေဝေနေခြင်းမရှိခဲ့ကြပေ။ နောက်ဆုံးသရဲမိဘသည် ဓာတ်ပုံထဲပြန်ဝင်သွားချိန်တွင် ကောင်းမင်သည် နှလုံးသားကို စားပြီးသွားပြီဖြစ်သည်။
အရင်ကထက် ဆယ်ဆပိုများသည့် နာကျင်မှုသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးပျံ့နှံ့သွားသည်။ ကောင်းမင်သည် သူ့သွေးကြောများမှတဆင့် စွမ်းအားများခုန်ပေါက်နေသည်ကို ခံစားလိုက်ရသည်။ သူ့နှလုံးသားသည် သန္ဓေပြောင်းသွားခဲ့ခြင်းဖြစ်သည်!။
တစ်ချိန်တည်းတွင် အနက်ရောင်စာလုံးများသည် သူ့ဒဏ်ရာများ၏အပြင်ဘက်သို့ တွားထွက်လာကြသည်။ ကောင်းမင်သည် နောက်ပြန်လှန်ကျသွားသည်။ သူက သူ့လက်ဖဝါးကို ကြည့်လိုက်သည်။ ထူးဆန်းသောစကားလုံးများသည် ကျိန်စာတစ်ခုနှင့်တူသလို သတင်းစကားတစ်ခုနဲ့လည်း တူနေပြန်သည်။
ကောင်းမင် သည် 'မင်'ဟူသောစကားလုံး ထွက်မလာခင်အထိ ပြောင်းလဲနေသော စကားလုံးများကို စိုက်ကြည့်နေခဲ့သည်။
စီတုအန်းက ဓားကို အောက်ချလိုက်သည်။ သူသည် သူ့ကိုယ်သူ စကားပြောနေပုံရသည်။
"ငါသာ သူ့ရင်ဘတ်ကိုခွဲပြီး သူ့နှလုံးသားကိုစားလိုက်ရင် သားစားကြူးနတ်ရဲ့စွမ်းအားကို ရမလား "
သူ့နူတ်ခမ်းက လှုပ်ခတ်သွားပြီး မရင်းနှီးသောအသံတစ်ခုက ပြန်ဖြေလိုက်သည်။
"မင်းကြိုးစားကြည့်လို့ရတယ် ၊ ဒါပေမယ့် ဘေးကင်းအောင် သူ့တစ်ကိုယ်လုံးကို စားလိုက်ဖို့ ငါအကြံပေးချင်တယ် "
ကောင်းမင်သည် ချိန်းကြိုးများကို ကိုင်ထားသည်။ စီတုအန်းဆီမှ အသံနှစ်ခုထွက်လာသည်ကို ကြားလိုက်သောအခါ သူကအကြမ်းဖျင်းခန့်မှန်းလိုက်သည်။
"ခင်ဗျားက နတ်ဆိုးသရဲကို ခန္ဓာကိုယ်ထဲ ဝင်ပူးခွင့်ပြုလိုက်တာလား "
"ငါမင်းကို ကျေးဇူးတင်ရမယ် ၊ မင်းသာ ဒီနေရာကို လမ်းရှာမတွေ့ဘူးဆိုရင် လူသားစားသရဲက စိုးရိမ်ပြီး ငါနဲ့အပေးအယူလုပ်မှာ မဟုတ်ဘူး "
စီတုအန်းသည် သူ့ခန္ဓာကိုယ်ရှိ သရဲသဘက်ဆန်လှသော ဒဏ်ရာများကိုကြည့်လိုက်ပြီး ကောင်းမင်ဘက်လှည့်လိုက်သည်။
"၁၉မိနစ် ၊ ငါဟာ သရဲရဲ့ နှိပ်စက်မှုမှာ ၁၉မိနစ်ကြာအောင် ရှင်သန်နိုင်ခဲ့တယ် ! မင်းပြိုလဲသွားမယ့်အချိန်ကို ငါစောင့်နေခဲ့တာ ၊ ငါသာအခွင့်အရေးရရင် ဖွက်ထားတဲ့ အသားတွေ အကုန်စားပစ်ခဲ့မှာ ၊ ဒါပေမယ့် ငါမမျှော်လင့်မိတာက မင်းက ငါ့ထက်ပိုကြာအောင် တောင့်ခံနိုင်ခဲ့တာကိုပဲ! "
"ခင်ဗျားကို နှိပ်စက်ခဲ့တာက လူသားစားသရဲပါ ၊ ဘာလို့ ခင်ဗျားလေသံက ကျုပ်ကို ပိုမုန်းတီးနေသလိုဖြစ်နေတာလဲ "
"မုန်းတီးတာလား "
စီတုအန်းက ခြောက်ကပ်ကပ်ရယ်လိုက်သည်။
"ငါက အမုန်းတရားကြောင့် ဘယ်တော့မှ မျက်ကန်းဖြစ်မှာ မဟုတ်ဘူး ၊ ငါ့ကို နှိပ်စက်ခဲ့တဲ့သူတောင် ငါနဲ့အကျိုးတူပူးပေါင်းတဲ့ပါတနာ ဖြစ်နိုင်တယ် ၊ လူသားခံစားချက်တွေကို ငါဂရုမစိုက်ဘူး ၊ ငါ့ရည်မှန်းချက်တွေ ပြီးမြောက်ဖို့ပဲလိုတယ် ၊ ကောင်းတာ ဆိုးတာမရှိဘူး ၊ မင်းသာ ငါ့ကို ကူညီဖို့စိတ်ရှိမယ်ဆိုရင် ငါတို့က မိတ်ဆွေတွေ ဖြစ်နိုင်တယ် ၊ မင်း ဆန္ဒမရှိဘူးဆိုရင်တော့ မင်းကို သတ်ပစ်ဖို့ အရာအားလုံး ငါလုပ်မယ် "