သားသတ်သမား
Vol. 4 Ch. 57
သွေးစက်များသည် များစွာသော ရုပ်တုများပေါ် ပက်ဖြန်းသွားသည်။ အဘွားရှန်း၏ ခေါင်းမဲ့ခန္ဓာကိုယ်သည် အဆောင်များအလယ်တွင် လဲပြိုကျသွားသည်။
"ဒါက ငါ့ကံကြမ္မာမဟုတ်ဘူးဆိုရင် အဲ့ဒါကို ငါ့ဘာသာ ဖမ်းဆုပ်မယ် "
စီတုအန်းသည် အဘွားရှန်း၏အလောင်းရှေ့ ရပ်လိုက်ရာ ရုပ်တုများက သူ့အားစိုက်ကြည့်နေကြသည်။ စီတုအန်းသည် ဓားပေါ်ရှိသွေးများကို သုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် စာလုံးနက်များ ထွက်ပေါ်လာကြသည်။
"အရှေ့ပိုင်းမြို့တော်က စုံစမ်းရေးမှူးခြောက်ယောက်အတွက် သူတို့အသားကို စားပြီးနောက်ပိုင်း ၁၇နာရီပျမ်းမျှကြာတယ် ၊ သူတို့ ပိုစိတ်ဓာတ်သန်မာလေ သူတို့ပိုကြာကြာနေနိုင်လေပဲ "
"မင်းသေသွားရင် မင်းခန္ဓာကိုယ်က ငါ့ဟာပဲ "
လူထူးဆန်း၏အသံက ပြောလိုက်သည်။
"ငါ မြေအောက်ခန်းက ထွက်လာကတည်းက မင်းငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ခုနှစ်ကြိမ်ကြိုးစားခဲ့တယ် ၊ မင်း တစ်ခါတောင် အောင်မြင်ခဲ့လို့လား "
စီတုအန်းသည် အဆောင်များကို နင်းဖြတ်သွားသည်။ သူသည် ကောင်းမင်နောက်လိုက်မသွားပဲ မြေအောက်ခန်းဆီ ပြန်လှည့်လိုက်သည်။ သူ့ပစ်မှတ်သည် ယန်ဟွာဖြစ်သည်။
.........
"အသားနှလုံးသားက ပုံမှန်အသားနဲ့ မတူဘူး "
အဆောက်အဦးအတွင်းရှိ အသားသည် လိုအင်ဆန္ဒဖြစ်သည်။ အသားကိုစားခြင်းသည် သားစားကြူးနတ်နှင့် အရောင်းအဝယ်လုပ်ခြင်းဖြင့် တူသည်။ သက်ရှိများက အရာအားလုံးကို ပေးချေနိုင်လျှင် သူတို့သည် သရဲများကိုတိုက်ခိုက်ရန် စွမ်းအားများကို အချိန်တိုရရှိမည်ဖြစ်သည်။ နှလုံးသားသည် နတ်ဘုရားသွေးကြောဖြစ်သည်။ ၎င်းကိုစားခြင်းသည် အရောင်းအဝယ်ပြုလုပ်ခြင်းကို မဆိုလိုပဲ သွေးကြောများကို အစားထိုးခြင်းနှင့် ပိုတူပေသည်။
ကောင်းမင်၏စိတ်ထဲတွင် အသံမျိုးစုံထွက်ပေါ်နေကြသည်။ ယင်းတို့သည် ဆုတောင်းသံများ ၊ ချီးကျူးသံများနှင့် စစ်မှန်သောအော်ဟစ်သံများဖြစ်ကြသည်။ အသံများသည် စီစွေ့အိမ်ရာတဝိုက်နှင့်သူ့စိတ်ထဲ ပဲ့တင်ထပ်နေသည်။ ထိုအချင်းအရာကား သူ့ဦးနှောက်သည် အဆောက်အဦးနှင့်ပေါင်းစည်းနေသကဲ့သို့ဖြစ်နေ၏။
"ရွှမ်ဝမ်ပြောတာ ငါမှတ်မိတယ် ၊ သူမွေးဖွားလာတုန်းက သူလည်းပဲ အသံတွေအများကြီး ကြားခဲ့ရတယ်တဲ့....."
အပိုင်းပိုင်းအစစဖြစ်နေသောအသံများသည် ကောင်းမင်၏စိတ်ကို တူးဆွနေကြသည်။ ထိုအရာသည် သားစားကြူးနတ်၏ အတုမရှိဆုံးစွမ်းရည် ဖြစ်သည်။ ယင်းသည် မှတ်ဉာဏ်များကို သွေးထဲသို့ပျော်ဝင်စေနိုင်ပြီး အသွင်ပြောင်းသွေးမှတဆင့် လူတစ်ယောက်၏ ဖုံးကွယ်ထားသောအလိုဆန္ဒကို ထုတ်ဖော်နိုင်ပေသည်။
ကောင်းမင်သည် အပေါ်ယံတွင် ထူးမခြားနားပုံဖြစ်နေသော်လည်း သူ့နှလုံးသားသည် အရင်ကထက် အပြည့်အဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သေခြင်းတရားဖြင့်ဆက်စပ်နေသောအရာအားလုံးသည် သူနှင့်ဆက်သွယ်မှုရှိလာသည်။ သူ့နှလုံးသားသည် နတ်ဆိုးသရဲ၏ နှိပ်စက်ညှင်းပန်းသည့် အခန်းအဖြစ် ပြောင်းလဲနေခဲသည်။ နာကျင်ခြင်း၊ သေခြင်းတရား နှင့် သူကြုံတွေ့ခဲ့ရသော သရဲများသည် နှိပ်စက်ညှင်းပန်းသည့် ကိရိယာများဖြစ်လာကြသည်။
ကောင်းမင်သည် အဆောက်အဦးအေဘက် ပြန်ရောက်လာ၏။ သူသည် လေးလွှာတွင် ကျောက်ရှီနှင့်ကုန်းစီတို့၏နာမည်ကို အော်ခေါ်လိုက်သော်လည်း တုန့်ပြန်မှုမရှိပေ။ သို့သော်လည်း မီးအိမ်များအားလုံးသည် အနီရောင်အဖြစ် ပြောင်းလဲနေခဲ့သည်။
"မင်္ဂလာပွဲကနေ အသုဘပွဲပြောင်းသွားတာလား "
ကောင်းမင်တွင် လူသေဓာတ်ပုံများကုန်ဆုံးနေပြီဖြစ်သည်။ သူတို့သည် စတင်အက်ကွဲနေကြသည်။ သူသည် ဆက်မနေဝံ့ပဲ ကိုးလွှာသို့ အလျင်စလိုသွားလိုက်သည်။ အဆောက်အဦးအေ၏ ကိုးလွှာသည် သရဲဈေးဖြစ်သည်။ ထိုနေရာသည် အိမ်ငှားများစုဝေးသည့်နေရာဖြစ်သည်။ ၎င်းသည် သားစားကြူးနတ်က ပြုစုပျိုးထောင်ထားသော အသွင်ပြောင်းလူ့အဖွဲ့အစည်းတစ်ခုဖြစ်သည်။
အဖြူရောင်မီးအိမ်များကို ဝင်ပေါက်တွင် ချိတ်ဆွဲထား၏။ ပိုက်ဆံစက္ကူများက မြေပြင်တွင် ပျံဝဲနေသည်။ ဆိုင်ခန်းများသည် တွန်းဖြိုခံထားရသည်။ အိမ်တွင်းလက်မှုပစ္စည်းများသည် အပိုင်းအစများအဖြစ်ကွဲကြေနေ၏။ အသွင်ပြောင်းလူသားများအားလုံးသည် ပျောက်ကွယ်နေကြသည်။ လမ်းပေါ်တွင် ရယ်သံများလည်း မရှိပေ။ မသဲမကွဲ ရေရွက်သံကို ကြားရလေသည်။
"လူတွေအားလုံး ဘယ်ရောက်နေလဲ "
ကောင်းမင်သည် ဖျက်ဆီးခံထားရသောစားပွဲများကို တွန်းဖယ်၍ အသားဆိုင်အတွင်းရှိ မသဲမကွဲဆုတောင်းသံများနောက် လိုက်ပါသွားသည်။ ရင်းနှီးနေသော အသားနံ့သည် သူ့နှာသီးဝဆီ ဝေ့ဝဲလာသည်။ လူသားတိရိစ္ဆာန်များကို ထိန်းသိမ်းရန်အသုံးပြုသော လှောင်အိမ်များသည် ပျက်စီးနေကြသည်။ ကောင်းမင်သည် ချိန်းကြိုးများကို ကျော်ခွလိုက်ပြီး ဆိုင်အတွင်းပိုင်းသို့ ကြည့်လိုက်သည်။ ယူနီဖောင်းဝတ်ထားသော စုံစမ်းရေးမှူးများသည် ထိုင်လျက်ဖြစ်စေ လဲလျက်ဖြစ်စေ အကြီးဆုံးအခန်းအတွင်းတွင် ရှိနေကြသည်။ ထိုအခန်း၏မျက်နှာကျက်တွင် သစ်ပင်အိုကြီးတစ်ပင်၏အမြစ်များကဲ့သို့ သွေးကြောများ ဖုံးလွှမ်းနေသည်။ သွေးကြောများအားလုံးသည် အလယ်တွင်စုဝေးနေပြီး သူတို့အားတွဲလောင်းချထားသည်။
အခန်းအလယ်ရှိ ရေကန်ထဲသို့ သွေးများတစ်စက်စက်ကျဆင်းနေ၏။ ရေကန်သည် အောက်ထပ်အခန်းများနှင့် ဆက်သွယ်မှုရှိနေပုံရသည်။ ရေကန်သည် နက်ရှိုင်းသော်လည်း စုံစမ်းရေးမှူးများသည် ကြောက်ရွံ့ခြင်းမရှိပဲ ဒယိုင်းဒယိုင်ခြေလှမ်းများဖြင့် ရေကန်ထဲသို့ ခုန်ချနေကြသည်။ သူတို့ နာကျင်လာသောအခါ သူတို့သည် ဆုတောင်းခြင်းကို ရပ်ပြီး သွေးကန်ထဲသို့ဝင်ကာ စိတ်ကျေနပ်မှုဖြင့် လဲလှယ်ကြသည်။
သူတို့သည် ရေကန်ထဲမှ တွားထွက်လာသည့်အချိန်တွင် သူတို့၏အစိတ်အပိုင်းတစ်ခုသည် ပျောက်ဆုံးသွားလိမ့်မည်ဖြစ်သည်။ အပြန်တွင် သူတို့သည် ရေကန်အောက်ခြေ၌ အံ့ဖွယ်အသားတစ်ပိုင်းကို ငါးမျှားနိုင်ပေသည်။ သို့သော်လည်း သူတို့သည် အသားကြောင့် မပျော်ရွှင်သေးခင် ရေကန်ဘေးရှိ သားသတ်သမားသည် သူတို့လည်းပေါ် ဓားတင်လိုက်ပြီး အသားများကို အတင်းအကျပ် လုယူလိုက်လေသည်။
အသားကို သိမ်းဆည်းလိုက်ပြီးနောက် သားသတ်သမားသည် လက်တစ်ဖက်သာကျန်တော့သည့် စုံစမ်းရေးမှူးကို ကန်ထုတ်လိုက်သည်။ သူသည် အခန်းအပြင်ဘက်တွင် ရှိနေသော ကောင်းမင်ကို လှည့်ကြည့်လိုက်သည်။
"မင်းက လူသစ်လား ၊ အကြီးအကဲက ကူညီဖို့ မင်းကိုပို့လိုက်တာလား "
သားသတ်သမား၏မျက်နှာတွင် ကြောက်စရာအမာရွက်တစ်ခုရှိသည်။ သူက ကောင်းမင်ထံတွင် စာလုံးနက်များကို မြင်လိုက်ရသည်။
"ခင်ဗျားကရော "
"အရှေ့ပိုင်းမြို့တော်ဌာန ၊ ဟွိုက်မန်ဌာနရဲ့ ဒုကပ္ပတိန် လီပြောင် "
သားသတ်သမားသည် ဌာနယူနီဖောင်းကို ပြသရန် သူ့ဂျာကင်ကို ဆွဲတင်လိုက်သည်။
"ဒါပေမယ့် ငါက မကြာခင် အဓိက ကပ္ပတိန်ဖြစတော့မှာ ၊ ကပ္ပတိန်ဟောင်းက အသားတစ်ပိုင်းဖြစ်သွားပြီလေ "
"ခင်ဗျားလည်း ဌာနအဖွဲ့ဝင်ပဲလား ! "
"မင်းအံ့ဩနေတာလား! "
လီပြောင်သည် ကောင်းမင်ကို လေ့လာလိုက်သည်။
"ဒီဆိုင်ကို ဌာနက ပိုင်တာပဲ ၊ အကြီးအကဲက အရာရာတိုင်းကို အစီအစဉ်ဆွဲထားတာ ၊ မင်းနဲ့ငါလိုမျိုးက သူ့အမိန့်တွေကို နာခံဖို့ပဲလိုတယ် "
"ဒါက စီတုအန်းက အသားတွေကို ရတဲ့ပုံလား "
ကောင်းမင်သည် သရဲများက လူသားတိရိစ္ဆာန်များကို ဖမ်းဆီးထားသောကြောင့် သားသတ်ဆိုင်ကို သရဲများဖြင့် လည်ပတ်နေသည်ဟု ထင်ခဲ့သော်လည်း စီတုအန်းသည် အားလုံး၏ အစစ်အမှန်သူဌေးဖြစ်နေလေသည်!။
စီတုအန်းသည် အကြီးအကဲဖြစ်လာပြီးနောက် ဌာနက အတွင်းထိ ပုတ်သိုးလာခဲ့သည်။ သူ့အား မနာခံသူများကို အသားအဖြစ်ပြောင်းလဲပစ်ခဲ့သည်။
"သူက သားစားကြူးနတ်ဆီက စွမ်းအားကို လဲလှယ်ဖို့ လူတွေရဲ့ အသက်တွေကို သုံးခဲ့တယ် ၊ အသားတွေကို သူ ရပြီးနောက်တော့ အဆောက်အဦးဘီက အိမ်ငှားတွေကို ဖြေရှင်းဖို့ ကျန်တဲ့ သူ့လက်အောက်ငယ်သားတွေကို သူ့ဓားတွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်
ကောင်းမင်သည် စီတုအန်းအပေါ် နားလည်မှုအသစ်တစ်ခုရှိလာသည်။ ထိုလူသည် အောက်ခြေစည်းမရှိသောသူဖြစ်သည်။ သူသည် လူဟုပင် ဆို၍မရချေ။
"နတ်ဆိုးသရဲကို သတ်ပြီးနောက် အသားနှလုံးသားကို ရတယ် ၊ နတ်ဘုရားနှလုံးသားကိုရဖို့ စီတုအန်းက သားစားကြူးနတ်ဘက်ကို မြှားဦးလှည့်လိမ့်မယ် "
"ဖြစ်ရပ်ဆိုးကြီးက လာနေပြီ ၊ သူက ဒီအခွင့်အရေးကို သုံးပြီးတော့ ကမ္ဘာနှစ်ခုလုံးကို သိမ်းပိုက်ချင်နေတာပဲ! ဒီလူက ဖြစ်ရပ်ဆိုးထက် ပိုအန္တရာယ်များတယ်! "
ကောင်းမင်သည် နောက်ဆုံးတွင် အရှေ့ပိုင်းမြို့တော်မှစုံစမ်းရေးမှူးများသည် ဘယ်နေရာသို့ပျောက်ဆုံးသွားကြောင်း သိသွားသည်။
"မင်းလည်း သေသင့်တယ်! "
ကောင်းမင်က ချိန်းကြိုးကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။
"ဒီသေးငယ်တဲ့ စတေးခံလေးတွေက သရဲတွေကိုတိုက်ခိုက်ဖို့ စွမ်းအားရတော့လဲ ဘာဖြစ်သလဲ "
လီပြောင်က သားသတ်ဓားကို မြောက်လိုက်သည်။
"သူတို့က ဘယ်နည်းနဲ့ဖြစ်ဖြစ် သေမှာပဲ ၊ ဘာလို့ သူတို့သေခြင်းတရားကို ပိုတန်ဖိုးရှိအောင် မလုပ်ရမှာလဲ "
လီပြောင်က ကောင်းမင်ကို စတင်တိုက်ခိုက်လိုက်သည်။ လီပြောင်သည် လူကောင်ကြီးပြီး သန်မာသည်။ သူ၏ တစ်ခုတည်းသောအားနည်းချက်သည် သတ္တိကြောင်ခြင်းဖြစ်သည်။ ကောင်းမင်သည် လီပြောင်၏ပြိုင်ဘက်မဟုတ်မှန်းသိသော်လည်း သူသည် လီပြောင်အား မသတ်နိုင်ဟု မဆိုလိုပေ။ တိုက်ခိုက်နေစဉ်အတွင်း ကောင်းမင်က သူ့အနေအထားကို ချိန်ညှိလိုက်သည်။
"မင်း အသားကိုစားထားရုံနဲ့ အရာအားလုံးက မင်းကို မထိခိုက်စေဘူးလို့ ထင်နေလား "
လီပြောင်က ကောင်းမင်အား ထပ်မံခုတ်ပိုင်းလိုက်သည်။ သူကစားနေသည်မှာ ပြီးဆုံးသွားပြီဖြစ်သည်။ သူသည် အရင်ကထက် ပိုမြန်လာသော်လည်း ကောင်းမင်သည် မရှောင်တိမ်းခဲ့ပေ။ ဓားသွားသည် အသားထဲသို့ ခုတ်ပိုင်းသွားသည်။ ကောင်းမင်က ချိန်းကြိုးကို သုံး၍ လီပြောင်၏လည်ပင်းကို ပတ်လိုက်သည်။ ကောင်းမင်သည် သူ့အားဓားခုတ်ပိုင်းသွားသည်နှင့် လီပြောင့်ထံ ပစ်ဝင်လိုက်သည်။ အစမှနေ၍ ကောင်းမင်သည် တစ်စုံတစ်ခုကို စီစဉ်နေခြင်းဖြစ်သည်။
ချိန်းကြိုးများက နှစ်ဦးလုံးကို ချည်နှောင်သွားပြီး သူတို့သည် သွေးရေကန်ထဲ ပြုတ်ကျသွားကြသည်။
လီပြောင်က လွတ်မြောက်ချင်သော်လည်း ကောင်းမင်က သူ့အားဆွဲချလိုက်သည်။
သားစားကြူးနတ်၏အသံသည် သူတို့စိတ်ထဲတွင် ပဲ့တင်ထွက်ပေါ်လာသည်။ အသားနံ့သည် ရေထဲမှ ထွက်ပေါ်လာ၏။ ရေကန်သည် သိပ်မနက်ပဲ သူတို့ခန္ဓာကိုယ်များသည် မကြာမီအောက်ခြေဖြင့် တိုက်မိသွား၏။ သူတို့၏ အသိစိတ်သည် ဆက်လက်နစ်မြှပ်နေလေသည်။ ကောင်းမင်၏နှလုံးသားသည် ခုန်ပေါက်လာသည်။ သူက တစ်ဖက်တည်းရှိသော ညာမျက်လုံးကို ဖွင့်လိုက်သည်။ ရေကန်အလယ်တွင် ရုပ်တုရှစ်ခုရှိနေ၏။ ရုပ်တုတစ်ခုချင်းစီသည် သွေးကြောများဖုံးလွှမ်းနေသည့် ကျောက်တုံးတစ်ခုစီကို ကိုင်ထားသည်။
သိပ်သည်းသောအရိပ်များသည် ရုပ်တုရှစ်ခုအလယ်တွင် စုဝေးနေကြသည်။ အရိပ်အတွင်းတွင် အသွင်ပြောင်းအမျိုးသမီးတစ်ယောက်ရှိနေသည်။ သူမသည် သားစားကြူးနတ်၏အသိစိတ်နှင့် တိုက်ခိုက်နေခြင်းဖြစ်သည်။ အရုပ်ရှစ်ခုပတ်လည်ရှိ သွေးများသည် လှပသောမျက်နှာရှစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့သည် သူမ၏ခန္ဓာကိုယ်မှ တိုးထွက်နေကြသည်။
"ရွှမ်ဝမ်လား "