ပန်းတစ်ပွင့်
Vol. 4 Ch. 58
ကောင်းမင်သည် အရင်က အဆောက်အဦးဘီ၏ မြေအောက်ထပ်စားသောက်ဆိုင်တွင် သားစားကြူးနတ်ရုပ်တုကို မြင်ဖူးခဲ့သော်လည်း ထိုနေရာတွင် ရုပ်တုတစ်ခုသာရှိသည်။ ယခု ထိုသွေးရေကန်တွင် ရုပ်တုရှစ်ခုရှိပြီး တစ်ခုချင်းစီသည် အသက်ဝင်လာတော့မည့်ဟန်ဖြစ်နေသော သွေးနှလုံးသားတစ်ခုစီကို ကိုင်ဆောင်ထားကြသည်။
"သားစားကြူးနတ်က ရွှမ်ဝမ်ရဲ့ မှတ်ဉာဏ်ကို မြင်ခဲ့တာပဲ ၊ ဦးခေါင်းရှစ်ခုက ချိန်းတွေ့ဂိမ်းထဲက အမျိုးသမီးဇာတ်ကောင် ရှစ်ယောက်ပဲ ! "
ရွှမ်ဝမ်သည် လူသေဓာတ်ပုံများနှင့်စွမ်းအားကို ထုတ်သုံးနေပြီး အရိပ်ကမ္ဘာသည် အခြားအမျိုးသမီးဇာတ်ကောင်ရှစ်ယောက်ကို ထောက်ပံ့ပေးနေသည်။ ယင်းသည် သူမ၏အားနည်းချက်လည်း ဖြစ်သည်။ ရွှမ်ဝမ်သည် သူမ၏ကံကြမ္မာကို ပြောင်းလဲခြင်းအား အရိပ်ကမ္ဘာက ခွင့်ပြုမည်မဟုတ်ပေ။ ရွှမ်ဝမ်သည် သားစားကြူးနတ်တိုက်ခိုက်နေရပြီး အခြားအမျိုးသမီးဇာတ်ကောင်ရှစ်ယောက်တို့ထံမှလည်း တိုက်ခိုက်ခြင်းခံနေရသည်။
နှလုံးသားသည် တဒုတ်ဒုတ်ခုန်နေလေသည်။ ကောင်းမင်သည် သူတို့နှင့်အနီးဆုံးဖြစ်သောရုပ်တုဆီသို့ ဆောင့်ချပစ်ရန် လီပြောင်ကို ဖမ်းဆွဲပြီး သူ့ခန္ဓာကိုယ်ကိုထိန်းချုပ်လိုက်သည်။ တပွက်ပွက်ထနေသော ရေကန်တွင် သွေးမြူများထွက်ပေါ်လာ၏။ သူတို့နှစ်ယောက်သည် ရုပ်တုများအပေါ်တွင် တိုက်ခိုက်နေကြသည်။ ကောင်းမင်သည် အသားစားထားသောကြောင့် လီပြောင်ထက် ပိုမိုမြန်ဆန်စွာ သတိဝင်လာသည်။ ထို့အပြင် လီပြောင်၏အသိစိတ်သည် သွေးရေများကြောင့် တဖြည်းဖြည်းတိုက်စားခံနေရသည်။ သူသည် သွေးများကို မျိုချလိုက်မိပြီး သူ့အကြည့်သည် ဝေဝါးလာခဲ့သည်။ သားသတ်သမားသည် သူသတ်ဖြတ်ခဲ့ဖူးသည့် တိရိစ္ဆာန်တစ်ကောင်ဖြစ်လာလေသည်။
ထိုလူအား ဖြေရှင်းပြီးနောက် ကောင်းမင်သည် အခြားရုပ်တုများထံ အပြေးကူးခတ်လိုက်သည်။ သူသည် သူ့ဒဏ်ရာများဖြင့် ကျောက်တုံးနှလုံးသားများကို ထိလိုက်ပြီးနောက် ရုပ်တုမျက်နှာပြင်ပေါ်ရှိသွေးကြောများသည် သူ့ခန္ဓာကိုယ်ထဲသို့စီးဝင်လာပြီး ရုပ်တုများက အက်ကွဲသွားလိမ့်မည်ဖြစ်ကြောင်း နားလည်လိုက်သည်။ ကောင်းမင်သည် ရုပ်တုများကို ဖျက်ဆီးရန် ထိုနည်းလမ်းကို သုံးလိုက်သော်လည်း အမျိုးသမီးဇာတ်ကောင်များသည် ရွှမ်ဝမ်အား လွှတ်ပေးရန် အစီအစဉ်မရှိချေ။ ထူထပ်လှသည့်မုန်းတီးမှုသည် ရွှမ်ဝမ်၏ခန္ဓာကိုယ်အား ဒဏ်ရာများအဖြစ် ထွင်းထုနေ၏။ သူမသည် အရိပ်ကမ္ဘာကြောင့် ဖမ်းဆီးခံထားရပြီး သူမ၏ကိုယ်ပိုင်စွမ်းအားဖြင့် လွှတ်မြောက်နိုင်စွမ်းမရှိတော့ချေ။ ကောင်းမင်သည် ရွှမ်ဝမ်ကို ပွေ့ချီလိုက်ပြီးနောက် သူသည်လည်းပဲ အမျိုးသမီးဇာတ်ကောင်များ၏ ပစ်မှတ်ဖြစ်လာတော့သည်။ သူ၏ ပြန်ကောင်းနေဆဲဒဏ်ရာများက ထပ်မံပွင့်ထွက်လာလေ၏။
"ကိုယ် မင်းကို ဒီနေရာက ခေါ်သွားပေးမယ် ! "
ကောင်းမင်သည် ရွှမ်ဝမ်အား ရေမျက်နှာပြင်ပေါ်သို့ တွန်းလွှတ်လိုက်သည်။ သူမသည် လတ်ဆတ်သောလေကို ရှူရှိူက်လိုက်ရသည့် အချိန်တွင် သူမမျက်စိများသည် ဖျတ်ခနဲပွင့်လာသည်။ သူမမျက်စိများထဲတွင် ပျက်စီးနေသော မျက်နှာများထွက်ပေါ်လာသည်။ ထိုအချိန်တွင် သားသတ်ဆိုင်ထဲရှိ စုံစမ်းရေးမှူးများသည် တစ်စုံတစ်ရာကို ကြားလိုက်ဟန်ရသည်။
သူတို့၏အကြည့်များသည် ဝေဝေဝါးဝါးဖြစ်သွားသည်။ သရဲတစ်ကောင်၏အရိပ်က သူတို့မျက်စိသူငယ်အိမ်အတွင်း ထွက်ပေါ်လာသည်။ သူတို့သည် သူတို့၏ကျိုးပဲ့နေသောခန္ဓာကိုယ်များကို သုံး၍ ရွှမ်ဝမ်အား ရေကန်ထဲပြန်ပြုတ်ကျစေရန် သူမထံ ဒိုင်ဗင်ပစ်ဝင်နေကြသည်။
ကောင်းမင်သည် လူသေအလောင်းတစ်ခုကြောင့် ဆွဲချလိုက်ရချိန်တွင် သူသည် ရေမျက်နှာပြင်ပေါ်ချိုးဖျက်နိူင်ရုံသာရှိသေးသည်။ အမျိုးသမီးရှစ်ယောက်သည် သူ့အားလွှတ်ပေးရန် အစီအစဉ်မရှိပေ။ သူသည် ရွှမ်ဝမ်ကဲ့သို့ လူသတ်သမားတစ်ယောက်ဖြစ်သည်။
"ရှင့်လက်ပေးလိုက် ! "
ကောင်းမင်သည် ရေကန်ထဲနစ်မြုပ်သွားသည်နှင့် လူတစ်ယောက်က သူ့ချိန်းကြိုးများကို ဆွဲလိုက်သည်။ ကောင်းမင်သည် ရွှမ်ဝမ်နှင့်အတူ လုပ်ဆောင်လိုက်ပြီး ရေကန်အစွန်းနား ရောက်ရုံမျှတတ်နိုင်ခဲ့သည်။ သူတို့သည် ရူးသွပ်နေသည့် စုံစမ်းရေးမှူးများ ဝန်းရံထားသော နံရံနှင့် နီးကပ်စွာ ပိတ်မိနေသည်။
"စီတုအန်းက ဒီမူမမှန်ဖြစ်ရပ်ကို အဆင့်လေးဖြစ်အောင် အတင်းအကျပ်ပြုစုထားတာပဲ ! "
ကောင်းမင်သည် အလွန်တရာပင်ပန်းနေသော်လည်း သူ့နှလုံးသားက သူ့ကို စွမ်းအားများဆက်လက်ထောက်ပံ့နေဆဲဖြစ်သည်။ သူသည် သူ့ရင်ဘတ်တွင် မီးတောက်ဘောလုံးတစ်လုံးလောင်ကျွမ်းနေသကဲ့သို့ ခံစားနေရသည်။ မီးကိုထုတ်ယူရန် နည်းလမ်းနှစ်ခုရှိသည်။ ရန်သူများကို လောင်ကျွမ်းပစ်ရန်နှင့် သူ့ကိုယ်သူလောင်ကျွမ်းပစ်ရန် ဖြစ်သည်။
"ကျွန်မတို့ ရေကန်ကနေ ထွက်ဖို့လိုတယ် ၊ သားစားကြူးနတ်က ကျွန်မစိတ်ကို သိမ်းပိုက်ချင်နေတာ ၊ ကျွန်မသာ ဒီခြောက်ခြားဇာတ်လမ်းကို မစားခဲ့ရင် အဲ့ဒါက ကျွန်မကို စားပစ်လိမ့်မယ် "
ရွှမ်ဝမ်က လျင်လျင်မြန်မြန်ပြောလိုက်သည်။
"သူတို့တွေက အများကြီးရှိတယ် ၊ ဒါပေမယ့် သူတို့မှာ စိတ်ပိုင်းဆိုင်ရာအခြေအနေ မရှိဘူး ကျွန်မတို့ ရေထဲမကျသွားသရွေ့...."
ထိုအချိန်တွင် ကောင်းမင်သည် သူ့ခြေထောက်ကို ကိုက်ထားသောဦးခေါင်းများကြောင့် ရေထဲဆွဲချခံလိုက်ရသည်။ ဦးခေါင်းရှစ်ခုသည် လှပသောအသားစားငါးများနှင့် တူပေသည်။
"ဝေတယိုက မင်းတို့ကို ဒီဇိုင်းဆွဲခဲ့တာပဲ ၊ ဘာလို့ ငါ့ကို တိုက်ခိုက်နေကြတာလဲ "
ကောင်းမင်က လှုံ့ဆော်လိုက်သည်။ သူက ဦးခေါင်းများကို ဖမ်းလိုက်သည်။
"သေလိုက်ကြ! "
"သူတို့ကို သားစားကြူးနတ်က ဖန်တီးထားတာ ၊ သူတို့ကို သတ်မရနိုင်ဘူး "
"ဒါဆို ငါအဲ့ဒါတွေကို စားပစ်မယ် "
ကောင်းမင်သည် ရေကူးနေသော ဦးခေါင်းတစ်လုံးကို ဖမ်းလိုက်သည်။ သူသည် ဦးခေါင်းကို နှလုံးမှထွက်လာသော သွေးများဖြင့် အစာခြေဖျက်ရန် ၎င်းကို သူ့ဒဏ်ရာထဲ ဖိသွင်းလိုက်သည်။
ရွှမ်ဝမ်က ကောင်းမင်သည် ထိုအရာကို သူ့ရှိသမျှအကုန်သုံးနေကြောင်းသိသည်။ သူမသည် ချိန်းကြိုးများကို ဆွဲ၍ ကောင်းမင်အား ရေကန်အပြင်ဘက်ဆွဲထုတ်လိုက်သည်။ ဆိုင်အတွင်းမှ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်သည် အာရုံတော်တော်များများကို ဆွဲဆောင်ခဲ့သည်။ ကော်ရစ်ဒါဘက်တွင် ခြေသံများကြားလိုက်သည့်အခါ ကောင်းမင်နှင့်ရွှမ်ဝမ်တို့၏မျက်နှာသည် ဖြူရော်သွားသည်။ ၎င်းအသံသည် စီတုအန်းနှင့်သူ့လူများ ဖြစ်ပုံရလေသည်။
"ပြေးတော့ ! ဒီလူခေါင်းတွေကို ထားလိုက်တော့ !"
ရွှမ်ဝမ်က ကောင်းမင်ကို တွန်းတင်ရန် ရေကန်ထဲ ခုန်ဆင်းလိုက်သည်။
"သားစားကြူးနတ်ရဲ့ အသိစိတ်က စီစွေ့အိမ်ရာတစ်ခုလုံးမှာရှိနေတယ် ၊ ဒါပေမယ့် ရုပ်တုတွေထဲမှာတော့ မရှိဘူး ၊ အဲ့ဒါက အိမ်ငှားတစ်ယောက်ယောက်ဆီမှာ ပုန်းနေတာ ဖြစ်နိုင်တယ် ၊ ကျွန်မတို့ အဲ့ဒါကို ရှာပြီး သတ်ပစ်ရမယ်! "
ရွှမ်ဝမ်သည် ထွက်ခွာရန် လက်လျှော့လိုက်သည်။ ခြေသံများသည် ဆိုင်အတွင်း ထွက်ပေါ်လာလေ၏။
စက္ကန့်များစွာကြာပြီးနောက် ဝက်မြှီးသဏ္ဍန် ကျစ်ဆံမြီးစည်းထားသည့် ချစ်စဖွယ်ကောင်မလေးတစ်ယောက်သည် အခန်းထောင့်ဘက်မှ ခေါင်းပြူကြည့်လိုက်သည်။
"ဝိုး ...."
"ယွမ်ယွမ် ၊ ပြေးပြေးမသွားနဲ့လို့ ! "
သူမနောက်တွင် သူမ၏အစ်မကြီးလိုက်ပါလာသည်။ မကြာမီတွင် အနက်ရောင်ဆံပင်ရှည်ကြီးများရှိသည့် သရဲမေမေသည် အန်တီအလုပ်များသူနှင့်အတူ ဆိုင်ထဲဝင်လာခဲ့ကြသည်။ ဝမ်ကျီနှင့်ကျိုးကျီးက နောက်ဆုံး ဝင်လာကြ၏။
"ဝမ်ကျီ ! "
ကောင်းမင်က ဝမ်ကျီသည် အသက်ရှင်နေဦးမည်ဟု မမျှော်လင့်ထားပေ။ အချက်အလက်များအရ သူသည် ဤနေရာတွင် အများစုထက် ပို၍အလိုက်သင့်နေခဲ့ပုံရသည်။
"ကြောက်စရာမလိုဘူး သူတို့က ကျွန်တော့်မိတ်ဆွေတွေပဲ "
ဝမ်ကျီက သားသတ်သမား၏ဓားကို ကောက်ယူရန်ကြိုးစားလိုက်သည်။
"ကျွန်တော် အစ်ကိုတို့ကို ကယ်ပေးမယ် "
"မင်းက အကူညီကောင်းပဲ "
အနက်ရောင်ဆက်သွယ်ရေးစက်များကို လက်မောင်းတွင်ချည်ထားသည့် လူငယ်တစ်ယောက်သည် လမ်းလျှောက်ဝင်လာသည်။ သူက ဓားကို ကောက်လိုက်သည်။
"ကျုပ်က သရဲလေးပဲ ၊ ကျုပ်တို့အရင်က ဆုံဖူးတယ်လေ "
သရဲလေးသည် ကျန်ရှိနေသော စုံစမ်းရေးမှူးများကို သတ်ဖြတ်ရန် တွေဝေမနေခဲ့ပေ။ သားစားကြူးနတ်ကို ကိုးကွယ်သော ထိုလူများသည် သနားညာတာခြင်းနှင့် မထိုက်တန်ချေ။ သွေးများက နေရာအနှံ့ပင်။ အရာအားလုံးဖျက်ဆီးခံလိုက်ရပြီးနောက် နံရံများကြားမှ သွေးများစိမ့်ထွက်လာသည်။ စီစွေ့အိမ်ရာသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါလာ၏။
သွေးရေကန်အား သားစားကြူးနတ်အတွက် လုံလောက်အစားအသောက်များ ထောက်ပံ့ရန် အသုံးပြုခဲ့သည်။ အခန်းတိုင်းရှိ ရုပ်တုများသည် အောက်ထပ်ရှိ သွေးများစုပုံလာသဖြင့် ကွဲအက်သွားတော့သည်။ ကောင်းမင်နှင့်ရွှမ်ဝမ်တို့သည် ဆိုင်ထဲမှ အသက်ရှင်လျက် ထွက်လာသည်နှင့် သားစားကြူးနတ်သည် အန္တရာယ်အစစ်အမှန်ကို ခံစားလိုက်ရသည်။
"အဆောက်အဦးအေရဲ့ မြေအောက်ထပ်ကို ကျွန်မတို့ သွားရမယ် ! သားစားကြူးနတ်ရဲ့ ဘိုးဘေးခန်းမက အဲ့ဒီမှာပဲ ၊ အဲ့ဒီမှာ သွေးတွေနဲ့ ယုံကြည်သက်ဝင်မှုတွေကို လုံလုံလောက်လောက်စုဆောင်းထားတယ် ၊ သူ့ရဲ့ ပင်မအသိစိတ်က ဆင်းသက်လာတော့မယ် ! "
ရွှမ်ဝမ်သည် သားစားကြူးနတ်ဖြင့် အရင်က တိုက်ခိုက်ခဲ့သည်။ သူမ၏အထူးစွမ်းရည်များဖြင့် ပေါင်းစပ်လိုက်သောအခါ သူမသည် သားစားကြူးနတ်၏ လျှို့ဝှက်ချက်များကို သိခဲ့ရသည်။
"အခုအချိန်မှာ သားစားကြူးနတ်ရဲ့အသိစိတ်က ဘယ်သူ့ဆီမှာပဲ ဖြစ်ဖြစ်၊ ဘိုးဘေးခန်းမကို အမြန်သွားမယ် "
"မရဘူး ! ငါတို့ ယန်ဟွာကို ကယ်ရမယ် !"
ကောင်းမင်က အခိုင်အမာ အော်ပြောလိုက်သည်။ သူတို့သည် အောက်ထပ်သို့ ပြေးဆင်းသွားကြသည်နှင့် ကျန်ရှိနေသော အိမ်ငှားများသည် ကောင်းမင်နှင့် ပူးပေါင်းလာကြသည်။ သူတို့သည် လေးလွှာကို ဖြတ်ကျော်လာသောအခါ ကောင်းမင်က အဖြူရောင်မီးအိမ်များသည် ငြိမ်းသေနေကြောင်း သတိပြုမိသည်။ ကုန်းစီ၏အခန်းသည် ရှင်းလင်းနေခဲ့သည်။ သူတို့သည် လှည့်ကြည့်ပြီး အဆောက်အဦးအေ ပထမထပ်ကို ဝင်လိုက်ကြသည်။
ထိုအချိန်တွင် စီတုအန်းနှင့် အသက်ရှင်ကျန်ရစ်သော စုံစမ်းရေးမှူးများသည် အဆောက်အဦးအေ၏ ရှေ့တံခါးကို ဖွင့်လိုက်ကြသည်။ သူတို့သည် အပြင်ဘက်မှ လမ်းလျှောက်ဝင်လာကြလေသည်။
"ငါတို့ ဆုံပြန်ပြီနော် ၊ ကိုးလွှာက သားသတ်ဆိုင်မှာ မင်းအသက်ရှင်ခဲ့တာကို ငါအံ့ဩမိတယ် "
စီတုအန်းသည် ကောင်းမင်ကို ချက်ချင်းမြင်လိုက်သည်။ သူက သူ့နောက်ကို လက်ယမ်းပြလိုက်သည်။ ချင်ဂီနှင့် စုံစမ်းရေးမှူးသုံးယောက်သည် အလောင်းတစ်လောင်းကို အတူတကွ သယ်ဆောင်လာကြလေသည်။ အလောင်းတွင် ဒဏ်ရာများနှင့် စာလုံးနက်များ ဖုံးလွှမ်းနေသည်။ သို့တောင်မှ သူ့ကြွက်သားများသည် တင်းမာနေဆဲဖြစ်သည်။ သူသည် တိုက်ပွဲအတွက် အသင့်ဖြစ်နေခဲ့သည်။
သူသည် သူငယ်စဉ်ကတည်းက ရဲရင့်ခဲ့သည်။ သူသည် အဆိုးရွားဆုံးပတ်ဝန်းကျင်တွင် ကြီးထွားလာခဲ့သော ပန်းတစ်ပွင့်ဖြစ်သည်။ သို့သော်လည်း သူသည် မည်သည့်အခါမှ နာကျင်ခြင်းနှင့် နှိပ်စက်ခြင်းတို့ကို မကြောက်ရွံ့ခဲ့ပေ။ သူသည် ကံကြမ္မာကို ဘယ်တော့မှ မယုံခဲ့ ။ အမှောင်မိုက်ဆုံးမြေဆီလွှာထဲတွင် သူ့အမြစ်များကို ထိုးစိုက်ထားခဲ့သည်။ သူသည် သူ့လက်သီးချက်များကို ကောင်းကင်ထံချိန်ရွယ်ခဲ့သည်။
နှင်းကျသည်ဖြစ်စေ မိုးကြီးသည်ဖြစ်စေ သူသည် ဂုဏ်ယူစွာပွင့်လန်းနေခဲ့သည်။ တစ်နေ့တွင် နေမင်းကြီး ငုတ်လျှိုးသွားခဲ့လျှင်ပင် သူ့ဦးခေါင်းကို ငုံ့လိမ့်မည် မဟုတ်ပါချေ။