ဘိုးဘေးခန်းမ
Vol. 4 Ch. 59
ကောင်းမင်သည် ရုပ်အလောင်းကို ကော်ရစ်ဒါမှတဆင့် မြင်လိုက်ရသည်။ ရင်ဘတ်ပေါ်တွင် သေစေလောက်သည့် ဒဏ်ရာကြီးရှိနေသည်။ နှလုံးသားကို ထိုးစိုက်နေသောဓားပေါ်တွင် သတ်ဖြတ်သူအဆောင်တစ်ခုရှိပေသည်။ စီတုအန်းသည် အဆောင်ကိုအဘွားရှန်းထံမှ ရရှိထားခြင်းဖြစ်သည်။ သူသည် နတ်ဆိုးသရဲကို သတ်ဖြတ်ရန် သတ်ဖြတ်သူအဆောင်ကို မသုံးခဲ့သော်လည်း ယန်ဟွာအပေါ်တွင်သုံးခဲ့သည်။ ကောင်းမင်ကို ကယ်တင်ခဲ့သော လူသည် သူ့အသက်ကို ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။ တစ်ချိန်က ကောင်းမင်၏လက်သည် အပူချိန်မရှိတော့ပေ။ ကောင်းမင်၏ ပုခုံးသည် လှေကားထစ်တစ်ခုအဖြစ်သို့ ပြောင်းသွားပြီး အနောက်တွင်ရှိနေခဲ့သည်။
"မင်း သူ့ကို ရှာနေတာ ဟုတ်တယ်မလား "
စီတုအန်းသည် ယန်ဟွာ၏နှလုံးမှ ဓားကို ဆွဲနူတ်လိုက်သည်။ အဆောင်သည် ဖုန်မှုန့်ဖြစ်သွားသည်။
"သူ့ကို သတ်ရတာက နတ်ဆိုးသရဲကိုသတ်ရတာထက် ခက်တယ် ၊ ငါ့လူတွေအများကြီး ဆုံးရှုံးခဲ့တာ "
ဓားသည် ယန်ဟွာ၏အရေပြားကို အကွင်းလိုက် လှီးဖြတ်နေသည်။ စီတုအန်းက သူ၏သရဲတက်တူးကို ဖယ်ရှားပစ်လိုက်သည်။
"ငါသူကို့ အရှုံးပေးပြီး ငါ့ဆီမှာ အလုပ်လုပ်ဖို့ အခွင့်ရေးပေးခဲ့တယ် ၊ ဒါပေမယ့် သူက ငြင်းလိုက်တယ်လေ "
စီတုအန်းက သူ့လက်ထဲရှိ သရဲတက်တူးကို ကြည့်လိုက်သည်။
"ငါ သိချင်မိတယ် ၊ ငွေကြေးနဲ့ အာဏာကို မကြိုက်တဲ့သူတစ်ယောက်က မင်းကို ဘာကြောင့် ဒီလောက်ကူညီပေးနေတာလဲ "
ကောင်းမင်က စကားမပြောပဲ သူ့လက်ထဲရှိ ချိန်းကြိုးများကို ကြည့်နေလေသည်။ သူသည် ချင်ထျန်းသေဆုံးခြင်းကို သိရသောအခါ တကယ်မဟုတ်သလို ခံစားခဲ့ရသည်။ သူသည် လီစန်းစုံစမ်းစစ်ဆေးရေးဌာနကို ဝင်ရောက်ပြီးနောက် ချင်ထျန်း၏စားပွဲတွင် ထိုင်ခဲ့သည်။ ချင်ထျန်း၏ ခြေရာလက်ရာများသည် နေရာအနှံ့ရှိသည်။ ချင်ထျန်း၏ဓာတ်ပုံများနှင့် အလုပ်မှတ်တမ်းများမှ တဆင့် သူသည် သူ့ကိုဖြည်းညင်းစွာသိလာသော်လည်း ချင်ထျန်းသည် ထွက်သွားခဲ့ပြီးဖြစ်သည်။
ထို့နောက် သူသည် အဖွဲ့သားများကို သူ့စိတ်ကြိုက်ရွေးချယ်ခဲ့သည်။ ထိုဖြစ်ရပ်သည် အလွန်အန္တရာယ်များမှန်း သူသိသော်လည်း ထိုအကြောင်းကို အများကြီးမတွေးခဲ့ပေ။
ဖြစ်ရပ်ဆိုးက သူ့စိတ်ထဲမှာ ရှိပေမယ့် သူသည် သူ့ဘေးနားရှိလူများသေဆုံးသည်ကို မြင်ရရန် တစ်ခါမှပြင်ဆင်မထားမိပေ။ သို့မဟုတ် သူသည် နူတ်ဆက်ရန်လိုအပ်သည်ဟု ဘယ်တော့မှ မတွေးခဲ့မိခြင်းဖြစ်သည်။
သူ့နှလုံးသားခပ်နက်နက်ထဲတွင် သေခြင်းတရားနှင့်ပတ်သက်သည့် အယူအဆတစ်ခုပျောက်ဆုံးနေသည်။ ယင်းသည် ဖျားနာမှုတစ်မျိုးဖြစ်ပုံရသည်။
ချိန်းကြိုးများကို ကိုင်ထားသည့်လက်နှစ်ဖက်ကို မြောက်လိုက်သည်။ ကောင်းမင်က စီတုအန်း၏ မျက်နှာကို ချိန်ရွယ်လိုက်သည်။
"ငါမင်းကို သတ်ချင်တယ် ၊ မင်းကို ပထမဆုံးစတွေ့တဲ့အချိန်ကပဲ ဒီပြင်းပြတဲ့ ဆန္ဒက ရှိနေခဲ့တာ "
"အဲ့လိုလား "
စီတုအန်းသည် သရဲတက်တူးကို ပေါ့ပေါ့တန်တန်ပစ်ထုတ်လိုက်သည်။
"ငါမင်းကို ပထမဆုံးတွေ့တုန်းက မင်းကအခြားလူတွေနဲ့ ဘယ်လိုကွာခြားနေတယ်ဆိုတာ ငါသတိထားမိတယ် ၊ ငါမင်းကို အများကြီးလေးစားပါတယ် နတ်ဆိုးသရဲအတွက်မဟုတ်ရင် အဆောက်အဦးဘီရဲ့ မြေအောက်ခန်းမှာ မင်းသေခဲ့မှာ "
"ရှင့်စိတ်ကို တည်ငြိမ်အောင်ထား! အရင်ဆုံး မြေအောက်ခန်းကို ဆင်းတော့! အသားနှလုံးသားကို ရှင်ရပြီးပြီ ၊ သားစားကြူးနတ်ရဲ့ ပင်မအသိစိတ်ကို ရှင်သတ်လိုက်ရင် သူ့စွမ်းအားကို ရှင်ရပြီး ဒီအိမ်ရာပိုင်ရှင်ဖြစ်လာမှာ "
ရွှမ်ဝမ်သည် အမှန်တကယ် ကျိုးကြောင်းဆင်ခြင်နိုင်၏။
"မှန်ကန်တဲ့အရာကို ရှင်လုပ်ရမယ် မဟုတ်ရင် လူတွေ ပိုသေလိမ့်မယ် "
"မင်းဘာကို ရွေးချယ် ရွေးချယ် ကိစ္စမရှိဘူး ၊လူတိုင်းက သေကြမှာမို့လို့ပဲလေ "
စီတုအန်းသည် ယန်ဟွာ့အလောင်းကို ကျော်ပြီး လျှောက်လာသည်။
"အဲ့ဒါကို ငါတို့နဲ့အတူ ယူလာခဲ့ ၊ ငါတို့ သားစားကြူးနတ်ကို သွားရှာကြမယ် "
အသားနံ့သည် ပတ်ဝန်းကျင်တွင် ပျံ့နှံနေလေသည်။ နှစ်ဖွဲ့လုံးသည် အဆောက်အဦးအေ၏ မြေအောက်ခန်းသို့ သွားနေကြသည်။ ထိုနေရာသည် အကြီးအကျယ်ပြောင်းလဲနေခဲ့ပြီဖြစ်သည်။ အက်ကွဲကြောင်းများသည် မျက်နှာကျက်နှင့် နံရံများပေါ်တွင် ပျံ့နှံ့နေသည်။
မြေကြီးပေါ်တွင် ဆိုင်းဘုတ်များ ပြုတ်ကျနေ၏။ ကြမ်းပြင်ပေါ်တွင် တွင်းပေါက်များဖြစ်ပေါ်နေသည်။ ဘိုးဘေးခန်းမပင်လျှင် သက်ရောက်ခံနေရသည်။ ဘိုးဘေးခန်းမ၏မျက်နှာကျက်သည် တွန့်လိမ်နေသောရေပိုက်များဖြင့် ထိုးဖောက်ခံထားရသည်။ ဘိုးဘေးခန်းမအတွင်း လူသားအရေပြားဖြင့်ပြုလုပ်ထားသော လူသေဓာတ်ပုံများသည် နေရာအနှံ့ပြုတ်ကျနေကြသည်။ ဖြူရော်နေသော မျက်နှာများသည် လူသားနှင့်သရဲများကို သူတို့နှင့်လာပူးပေါင်းရန် စောင့်ဆိုင်းနေသကဲ့သို့ ကြည့်ရှူနေကြသည်။
"ဒီနေရာမှာ လူတစ်ယောက် ရောက်နှင့်နေပြီ "
ရွှမ်ဝမ်က နူးညံ့စွာ သတိပေးလိုက်သည်။
"သားစားကြူးနတ်ရဲ့ ပင်မအသိစိတ်က ဒီမှာရှိနေတုန်းပဲ ၊ ဒါက သူ့နယ်မြေပဲ ၊ ဂရုစိုက်ပါ "
"ငါတို့ စီတုအန်းကို သတ်လိုက်ရင် တခြားအရာတွေကို ပူစရာမလိုတော့ဘူး ၊ ဒီလူက အရမ်းအန္တရာယ်များတယ် "
ကောင်းမင်နှင့်စီတုအန်းသည် ကော်ရစ်ဒါက အစွန်းတစ်ဖက်စီတွင် ရပ်လိုက်ကြသည်။ အဘွားရှန်း မှန်ပေသည်။ သူတို့ထဲမှ တစ်ယောက်သည် ဒီညတွင် သေရလိမ့်မည်ဖြစ်သည်။ နှစ်ယောက်လုံးက ထိုအရာကို သိသည်။ ထူထဲသောအသားနံ့က ဘိုးဘေးခန်းမအတွင်းမှ ထွက်လာနေသည်။
အသားစားသူများ၊ အသွင်ပြောင်း သရဲများ ၊ လိုအင်ဆန္ဒများကစိုးမိုးခြယ်လှယ်ထားသော သက်ရှိများသည် ဘိုးဘေးခန်းမအတွင်း တိုက်ခိုက်ရန် အသားကြောင့် တွန်းအားပေးလှုံ့ဆော်ခံလိုက်ရသည်။
နည်းဗျူဟာနှင့် အစီအစဉ်များမရှိပေ။ ထိုအရာသည် သေဆုံးသည်အထိ အခြေခံအကျဆုံးတိုက်ခိုက်နေကြသည်။ အော့အန်လောက်ဖွယ်သွေးနံ့နှင့် ယစ်မူးတက်ကြွစေသောအသားနံ့သည် ရောယှက်နေကြသည်။ ရှင်ကျန်ရစ်သောစုံစမ်းရေးမှူးများသည် ဆန်းကြယ်သောအသား၏စွမ်းအားကြောင့် ပြည့်စုံနေကြသည်။
အကောင်းဆုံးဥပမာသည် ချင်ဂီဖြစ်သည်။ သူသည် သတ်ဖြတ်ရန်မွေးဖွားလာခြင်းဖြစ်သည်။ စီတုအန်း၏ လေ့ကျင့်ပေးမှုကြောင့် သူသည် လူသတ်ရာတွင် ဆရာတစ်ဆူဖြစ်လာခဲ့သည်။ သူသည် သရဲလေးနှင့်တိုက်ခိုက်နေသော်လည်း လူသားက အသာစီးရနေ၏။
"မင်းမှာ ပြန်တိုက်ဖို့စွမ်းအားမရှိရင် ကြောက်ရွံ့တာကိုခံစားရုံပဲ တတ်နိုင်လိမ့်မယ် "
စီတုအန်းက ကောင်းမင်ကို ပြုံးပြလိုက်သည်။
"ငါ့မှာတော့ အကြောက်တရားကို မခံစားရတာ အတော်ကြာနေပြီ "
"ငါက မင်းနဲ့မတူဘူး ၊ ငါက နေ့တိုင်းအကြောက်တရားနဲ့ ရှင်သန်နေတာ ၊ ဒါပေမယ့် ငါရှေ့ဆက်သွားချင်နေတုန်းပဲ "
ကောင်းမင်က ချိန်းကြိုးများကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး တိုက်ခိုက်လိုက်သည်။
"ဒီအခွင့်အရေးအတွက် အနှစ်နှစ်ဆယ်လုံးလုံး ငါပြင်ဆင်ခဲ့ရတာကွ ၊ မင်းက ဒါကို ငါ့ဆီက ခိုးချင်နေတာလား ၊ ပြီးတော့ ငါပဲမှားနေတဲ့လူလို့ မင်းထင်နေတာလား "
စီတုအန်းက တိုက်ခိုက်မှုကို ခုခံလိုက်သည်။ သူနှင့်ကောင်းမင်တို့နှစ်ယောက်လုံး အသားကိုစားထားကြသည်။ သူသည် ကောင်းမင်က သူ့ကိုမသတ်နိုင်မှန်းသိသော်လည်း သူ့တွင် သတ်ဖြတ်သူအဆောင်တစ်ခုကျန်သေး၏။
"နှစ်နှစ်ဆယ် ပြင်ဆင်မှုလား "
စီတုအန်းသည် အချက်အလက်တစ်ချို့ကို ထုတ်ဖော်ခဲ့သည်။ တချို့အရာများသည် တည်ရှိနေပြီးသားဖြစ်သည်။ ထိုအရာသည် ကောင်းမင်၏ အစောပိုင်းခန့်မှန်းချက်နှင့် ကွာခြားနေ၏။
နှစ်ဖွဲ့လုံးသည် တစ်ယောက်နှင့်တစ်ယောက်သတ်ဖြတ်နိုင်ရန် ရှိသမျှလောင်းကြေးထပ်နေကြသည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်သည် မြင့်တက်လာသည်။ အချို့စုံစမ်းရေးမှူးများသည် အသက်ရှူရပ်သွားပြီးနောက် အသား၏ဝါးမြိုခြင်းခံလိုက်ရသည်။ အိမ်ငှားများသည် သူတို့၏ထိခိုက်ထားသောခန္ဓာကိုယ်များဖြင့် စုံစမ်းရေးမှူးများကို ရင်ဆိုင်နေကြသည်။ အချို့သည် သေဆုံးသွားကြသည်။
လူအနည်းငယ်သည် ကော်ရစ်ဒါတွင် အုပ်စုဖွဲ့လိုက်သည်။ သေခြင်းတရား၏ သွေးစက်များ ၊ အသားများ ၊ ခါးသီးမှုများနှင့် အသိစိတ်များသည် မြေအောက်ထဲ စိမ့်ဝင်သွားကြသည်။
ဘိုးဘေးခန်းမ၏ ကော်ရစ်ဒါနှင့်နံရံများသည် ပျက်စီးသွားခဲ့သည်။ စီစွေ့အိမ်ရာ၏ အောက်တွင် ဧရာမသွေးကန်ကြီးတစ်ကန်ရှိသည်။ နှစ်နှစ်ကာလပတ်လုံး ထိုသွေးကန်ကြီးတွင် နာကျည်းခါးသီးမှုများ၊ နာကျင်မှုများ ၊ ဆုတောင်းသူများကိုစုဆောင်းထားခဲ့ခြင်းဖြစ်သည်။
အချိန်မှီမပြေးလိုက်နိုင်သော အချို့စုံစမ်းရေးမှူးများနှင့်အိမ်ငှားများသည် သွေးကန်ထဲပြုတ်ကျသွားကြသည်။ သူတို့သည် မည်မျှရုန်းကန်စေကာမူ ထွက်မလာနိုင်တော့ပေ။
"ကောင်းမင် ! "
ဘိုးဘေးခန်းမအတွင်းမှ ရင်းနှီးသောအသံတစ်ခုထွက်ပေါ်လာသည်။ နံရံများပြိုကျသွားပြီးနောက် အနက်ရှိုင်းဆုံးအခန်းသည် ထုတ်ဖော်ခံလိုက်ရသည်။ လူသားအရေခွံများဖြင့် ရစ်ပတ်ထားသော လျှို့ဝှက်ခန်းတွင် မကောင်းဆိုးဝါးဆန်သော သားစားကြူးနတ်ရုပ်တုတစ်ခု ရှိနေလေသည်။
ရုပ်တုသည် လူတစ်ယောက်ထက် အရပ်ရှည်သည်။ ရုပ်တု၏အရေပြားသည် သာမန်လူတစ်ယောက်၏အရေပြားနှင့် မကွာခြားပေ။ လက်ရှစ်ချောင်းသည် အမှောင်ထုထဲ ရောက်ရှိနေသည်။ လက်တစ်ချောင်းစီသည် လူစက္ကူရုပ်တစ်ရုပ်ကို ကိုင်ဆောင်ထားသည်။ လွန်ခဲ့သည့်နှစ်နှစ်ဆယ်က လူသတ်မှု၏သေဆုံးသူများသည် ရုပ်တုနှင့်အတင်းအကျပ်ပေါင်းစည်းခံထားရသည်။ သူတို့၏ နာကျည်းမှုနှင့် မုန်းတီးမှုများသည် ရုပ်တုကို လူသားခံစားချက်များရရှိစေခဲ့သည်။ ရုပ်တု၏လက်ဖဝါးတွင် မျက်လုံး၊ နှာခေါင်းနှင့်ပါးစပ်ကဲ့သို့သောအစိတ်အပိုင်းများ ကြီးထွားနေကြသည်။ လက်ရှစ်ချောင်းအောက်တွင် ဗလာဖြစ်နေသော မျက်နှာလေးခုရှိသည်။ သူတို့သည် အဆောက်အဦးအတွင်းရှိ ပုံသဏ္ဍာန်လေးခုဖြင့် ဆင်တူနေလေ၏။
ရုပ်တု၏အောက်ပိုင်းခန္ဓာကိုယ်သည် သစ်မြစ်များကဲ့သို့ သွေးကန်ထဲ နစ်ဝင်နေသည်။ ကုန်းစီသည် ရုပ်တုနောက်တွင် သူ့အဘွားနှင့်အတူ ငုတ်တုတ်ထိုင်နေ၏။ ကျိူးကြေနေသည့်ခန္ဓာကိုယ်နှင့်ကျောက်ရှီသည် သူ့ဘေးတွင်လဲလျောင်းနေသည်။ သူတို့နှင့်အတူ ရှိနေသင့်သည့် အန်ကယ်ဝူကား ပျောက်ဆုံးနေခဲ့သည်။