← Chapters

မျက်စိများ

Vol. 4 Ch. 60

မျက်စိများ

Vol. 4 Ch. 60

"အသိစိတ်ရှစ်ခုနဲ့ ခန္ဓာကိုယ်တစ်ခု ၊ မျက်စိတွေမရှိတဲ့ မျက်နှာလေးခု "

စီတုအန်သည် ရုပ်တုကို မြင်သည့်အချိန်တွင် သူ့မျက်လုံးများ တောက်ပလာသည်။

"နှစ်နှစ်ဆယ် ယဇ်ပူဇော်ခဲ့တာ နောက်ဆုံး အောင်မြင်ခဲ့ပြီ "

"အဲ့ဒါကြီးက ကျုပ်တို့ကို သတ်‌ချက်နေတာ ၊ ကောင်းမင် ကျုပ်အဖွားကို ကယ်ပါဦး ! "

သွေးကန်သည် ရုပ်တုကို ဝန်းရံထားသည်။ ကုန်းစီသည် ကောင်းမင်အပေါ်အားကိုးသော်လည်း ကောင်းမင်၏မျက်လုံးထဲတွင် စီတုအန်းသာရှိသည်။ အသားနံ့သည် သူ့နှာသီးဝထဲ တိုးဝင်နေသည်။ ကောင်းမင်၏ သန္ဓေပြောင်းနှလုံးသားသည် သူ့စွမ်းအားများကို ခြောက်ကပ်သွားအောင်စုပ်ယူနေသည်။ သူ့နှလုံးသည် နှိပ်စက်ညှင်းပန်းသည့်အခန်းအဖြစ် ပြောင်းလဲသွားသည်။ ကံဆိုးခြင်းများဖြင့် ပြည့်နှက်နေသောစာလုံးနက်များသည် ဝတ်ပြုဆုတောင်းသူများကဲ့သို့ ဆင်းသက်လာကြသည်။ ကောင်းမင်သည်လည်း သားစားကြူးနတ်၏ သက်ရောက်ခြင်းခံနေရလေသည်။

သွေးချည်မျှင်များသည် မျက်လုံးမှတဆင့် တိုးထွက်လာကြသည်။ ကောင်းမင်သည် အနားယူရန်လျစ်လျူရှူလိုက်ပြီး ချိန်းကြိုးများကို ဆုပ်ကိုင်လိုက်သည်။ သွေးကြောများက အရိပ်များထဲမှ တွားထွက်လာပြီး ရုပ်ထုထဲဝင်သွားကြသည်။ ၎င်းတို့သည် ရုပ်တုထဲတွင် တရွရွကူးခတ်နေပြီး လက်ရှစ်ဖက်အလယ်တွင် စုဝေးလာကြသည်။ စီတုအန်းသည် ထိုအခိုက်အတန့်အတွက် နှစ်နှစ်ဆယ်လုံးလုံး အသုံးပြု၍ လူအများအပြားကို သတ်ဖြတ်ခဲ့သည်။

ရုပ်တုအောက်ခြေရှိ အသက်ဝင်နေသော လူ့နှလုံးသားသည် စတင် နွမ်း‌ခြောက်လာလေသည်။ သွေးများကို ထိုးသွင်းလိုက်ရာ ကြည်လင်နေသောနှလုံးသားတစ်ခုက လက်ရှစ်ဘက်အလယ်တွင် ပေါ်ပေါက်လာသည်။ ၎င်းသည် အစစ်အမှန်ရော အတုအယောင်ရော နှစ်မျိုးလုံးဖြစ်နေပုံရသည်။ ထိုနှလုံးသားသည် လောကတွင် မရှိသင့်သောအရာတစ်ခုဖြစ်သည်။ အရိပ်ကမ္ဘာနှင့် အစစ်အမှန်ကမ္ဘာသည် ရောယှက်မနေတော့ပေ။ စီတုအန်းသည် ဤထိတ်လန့်ဖွယ်ဇာတ်လမ်းကို ကျွေးမွေးပြီး သူ့ရှေ့မှောက်တွင် လက်တွေ့ဖြစ်လာစေရန် သွေးစတေးမှုနှင့် စုံစမ်း‌ရေးမှူးအများအပြားကို အသုံးပြုခဲ့သည်။

"ဒါက နတ်ဘုရားနှလုံးသားလား "

လူအုပ်ထဲတွင် ရွှမ်ဝမ်နှင့်စီတုအန်းသည် ဘိုးဘေးခန်းမသို့ တပြိုင်တည်း ပြေးလိုက်ကြသည်။ သူတို့၏ ရည်ရွယ်သည် ရှင်းလင်းသည်။ ကြည်လင်နေသောနှလုံးသားကို အလစ်သုတ်ရန်ဖြစ်သည်။

"မင်းသူ့ကို မသတ်ချင်ဘူးလား "

ကောင်းမင်၏အရိပ်ထဲတွင် ချိန်းကြိုးသံတချွင်ချွင် ထွက်ပေါ်လာသည်။ သူသည် စီတုအန်းကို မည်သို့ ထွက်သွားခွင့်ပြုနိုင်မည်နည်း။ တိုက်ခိုက်ခြင်းသည် ဆရာဝန်တစ်ယောက်၏သန်မာသောဝတ်စုံ‌ မဟုတ်သော်လည်း ဆရာဝန်များသည် မော်ဒန်ခေတ်တွင် သေခြင်းတရားနှင့်အရင်းနှီးဆုံး လူများဖြစ်သည်။

ကောင်းမင်သည် သေခြင်းတရားအတွက် ပြင်ဆင်ထားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူသည် စီတုအန်းကို ထွက်သွားခွင့်မပြုနိုင်ပေ။ သူသည် မည်သို့ တိုက်ခိုက်ရမှန်းမသိသော်လည်း အသားနှလုံးသား၏ လွှမ်းမိုးမှုအောက်တွင် သူ၏ရုပ်ပိုင်းဆိုင်ရာသည် အဆက်မပြတ်တိုးတက်နေသည်။ သူက စီတုအန်းကို မြေပေါ်လှဲသိပ်လိုက်သည်။ ကောင်းမင်သည် စီတုအန်းဆီမှဓားကို အဝေးသို့လွှင့်သွားစေချင်နေသည်။ ကောင်းမင်၏လုပ်ဆောင်ချက်များသည် အရာအားလုံးသူ့ခန့်မှန်းချက်အတွင်းရှိနေသကဲ့သို့ ထိုအရူး၏မျက်နှာတွင် အပြုံးတစ်ခု ရှိနေခဲ့သည်။

စီတုအန်းသည် ဓားကို လွှတ်ပေးလိုက်ပြီး သူ့ညာလက်အား ရှေ့သို့ လွှဲယမ်းလိုက်သည်။ သူ့အင်္ကျီလက်အိုးထဲတွင် ဝှက်ထား‌သောခွဲစိတ်ဓားတစ်ချောင်း ရှိနေလေသည်။ ထိုဓားတွင် သတ်ဖြတ်သူအဆောင်တစ်ခုရှိသည်။

"ငါအသက်နှစ်ဆယ်ကျော်တုန်းက မင်းလိုပဲ ကမူးရူးထိုးဖြစ်ခဲ့တယ် ၊ ငါ့သင်ခန်းစာတွေကနေ ငါပြန်သင်ယူတယ်လေ "

ဓားသွားသည် ကောင်းမင်၏ဝမ်းဗိုက်ကို ထိုးခွဲသွားလေသည်။ အဆောင်သည် အပိုင်းပိုင်းဖြစ်သွားသည်။ ကောင်းမင်သည် သူ့အတွင်းမှ သားရဲကြီးတစ်ကောင်က သူ့အစာအိမ်အား ကိုက်ဖြတ်ရန် တွားသွားထွက်လာကဲ့သို့ ခံစားလိုက်ရသည်။ အဆောင်ကြောင့်ဖြစ်သော ဒဏ်ရာသည် အလိုအလျောက်ပြန်မကောင်းနိုင်ပေ။ စီးကျလာသောသွေးများသည် အနီရောင်မဟုတ်ပဲ အနက်ရောင်စက္ကူပြာများဖြင့် ရောနှောနေ၏။ နှလုံးခုန်သံက နှေးကွေးသွားသည်။ စိမ့်ထွက်နေသော သွေးများသည် ကောင်းမင်၏ အသက်စွမ်းအားကို နူတ်ယူသွားသည်။ ကောင်းမင်က နောက်မဆုတ်ခဲ့ပေ။ သူက မတ်တပ်ရပ်နိုင်ရန် ကြိုးစားလိုက်ပြီး စီတုအန်းကို နံရံသို့ တွန်းလိုက်သည်။ ထို့နောက် သူနှင့်အတူ စီတုအန်းကို ချိန်းကြိုးများဖြင့် ချည်နှောင်လိုက်သည်။

"မင်းငါ့ကို မသတ်နိုင်ပေမယ့် ငါမင်းကို သတ်နိုင်တယ် "

စီတုအန်းသည် ကောင်းမင်၏နှလုံးကို မတိုက်ခိုက်‌ခဲ့ပေ။ အဘယ်‌ကြောင့်ဆိုသော် နတ်ဆိုးသရဲက ‌အသားနှလုံးသားကို ထိခိုက်မည်စိုးသောကြောင့်ဖြစ်သည်။ နှစ်ယောက်သား၏အသိစိတ်များသည် တိုက်ခိုက်နေကြသော်လည်း စီတုအန်းက ထပ်မံအသာစီးရသွားသည်။ သူက ဒုတိယမြောက်ဓားကို ထုတ်လိုက်ပြီး သတ်ဖြတ်သူအဆောင် ကပ်လိုက်သည်။ အဘွားရှန်းက သတ်ဖြတ်သူအဆောင်သုံးခု ပြုလုပ်ပေးခဲ့သည်။ စီတုအန်းသည် ပထမတစ်ခုကို ယန်ဟွာအတွက်သုံးခဲ့ပြီး ကျန်သည့်နှစ်ခုကို ကောင်းမင်အတွက်သုံးလိုက်ခြင်းဖြစ်သည်။ ကောင်းမင်သည် သူ့အမှားကို သင်ခန်းစာယူ၍ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ထိုနည်းအားဖြင့် စီတုအန်းသည် နတ်ဘုရားနှလုံးသားအတွက် ပြေးထွက်လိုက်နိုင်သည်။

သို့သော်လည်း ကောင်းမင်သည် တိုက်ခိုက်မှုကို မြင်လိုက်သောအခါ ချိန်းကြိုးများကို သုံး၍ စီတုအန်းကို ထိန်းထားလိုက်သည်။

"ချူးစီစီ! "

သူသည် စီတုအန်းကို ထပ်မြင်သည့်အချိန်တွင် စုံစမ်းရေးမှူးများနှင့်အတူရှိနေသော ချူးစီစီကို သတိပြုမိလိုက်သည်။ သူမမျက်နှာသည် ဖြူဖျော့နေသည်။ သူမသည် ဒဏ်ရာရမထားသော်လည်း သူမသည် ‌နာကျင်နေသကဲ့သို့ဖြစ်နေသည်။ အခြားစုံစမ်းရေးမှူးများက အိမ်ငှားများကို တိုက်ခိုက်နေချိန်တွင် သူမက မပူးပေါင်းပေ။ သူမသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး စည်းမျဉ်းအားလုံးကို သိသည်။ သူမသည် သူမအရာရှိ၏ အမိန့်ကို မည်သည့်မေးခွန်းမှ မမေးပဲ နာခံသင့်သည်။ သို့သော် သူမ၏ ပုဆိန်ကို မကောင်းဆိုးဝါးများထံ မချိန်ရွယ်နိုင်ခဲ့ပေ။

ဘယ်သူက မကောင်းဆိုးဝါးလဲ။

"စီတုအန်းကို သတ်! "

ချူးစီစီတွင် အဘွားရှန်းပေးခဲ့သော အဆောင်များရှိသေးကြောင်း ကောင်းမင်သိသည်။

စီတုအန်းသည် တစ်စုံတစ်ခုကို အာရုံပြုမိသွားသည်။ သူက ချက်ချင်းပင် အော်ဟစ်လိုက်သည်။

"မင်းရဲ့ ခင်ပွန်းနဲ့ကလေးကို သရဲတွေ သတ်ခဲ့တာနော် ၊ မင်း သူတို့ကို ကူညီချင်နေတာလား ၊ ဌာနက အသားတွေ ရဖို့ လူအမြောက်အများ စတေးခဲ့ရတာ ! သူ့ကို မယုံနဲ့! ငါတို့မှာ အသားတွေရှိတဲ့အချိန်ကျရင် ငါတို့ တစ်မြို့လုံးကို ကယ်တင်နိုင်ပြီကွ ! "

"ချူးစီစီ ၊ သူ့ကို သတ်လိုက်! "

ကောင်းမင်၏ဝမ်းဗိုက်ရှိ ဒဏ်ရာသည် ပိုဆိုးဝါးလာခဲ့သည်။

"အသားတွေက အဆိပ်တွေပဲ! မင်းအသားကို စားမယ်ဆိုရင် သရဲတောင် ဖြစ်နိုင်မှာ မဟုတ်တော့ဘူး !"

"အသားမရှိပဲ သရဲတွေကို တိုက်ခိုက်ဖို့ဆိုရင် အဆုံးမရှိတဲ့စုံစမ်းရေးမှူးတွေရဲ့အသက်ကို သုံးဖို့ လိုနေတုန်းပဲကွ! ငါက မင်းရဲ့ အရာရှိပဲ ! "

ချူးစီစီက အဆောင်တစ်ခုကို ထုတ်လိုက်ပြီး ပုဆိန်တွင်ကပ်လိုက်သည်ကို မြင်သောအခါ စီတုအန်းက စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။

ချူးစီစီ၏ မျက်စိများသည် ကြည်လင်နေခဲ့သည်။ သူမစိတ်ထဲတွင် သူမမိသားစု၏ပုံရိပ်များသည် တဖျတ်ဖျတ်ပြေးလွှားသွားသည်။ သတ်ဖြတ်သူဆောင်က ချူးစီစီ၏သွေးများကို စုပ်ယူလိုက်သည်။ သူမသည် ပုဆိန်ကို ခပ်မြင့်မြင့်မြောက်လိုက်ပြီး စီတုအန်း၏လည်ပင်းကို ချိန်ရွယ်လိုက်သည်။

"သေလိုက်! လူတွေကို အချင်းချင်းစားခိုင်းတဲ့ သောက်ရူးရဲ့ "

ချိန်းကြိုးများကြောင့် စီတုအန်းသည် နေရာတွင် လှုပ်ရှားမရပေ။ သူက အော်ဟစ်လိုက်သည်။ စီတုအန်း၏ ခန္ဓာကိုယ်မှ နတ်ဆိုးဝိဉာည်နှစ်ခု ထွက်ပြေးလွတ်မြောက်လာလေသည်။ ဝိဉာည်များသည် အတင်းအကျပ်ပေါင်းစည်းသွားသည်။ မျက်နှာတစ်ဝက်သည် စီတုအန်းဖြစ်ပြီး နောက်တစ်ဝက်သည် အဆောက်အဦး ဘီမှ နတ်ဆိုးသရဲမျက်နှာ ဖြစ်သည်။

ပုဆိန်သည် စီတုအန်း၏ ဦးခေါင်းကို ဖြတ်တောက်လိုက်သည်။ သတ်ဖြတ်သူအဆောင်သည်လည်း ပေါက်ကွဲသွားသည်။ ချူးစီစီက မြေပြင်ပေါ်သို့ လဲပြိုကျသွားခဲ့သည်။ သတ်ဖြတ်သူအဆောင်က ချူးစီစီ၏အသက်စွမ်းအား အများစုကို ယူဆောင်သွားခဲ့ပြီး သူမသည် တစ်ညတည်းဖြင့် အိုမင်းသွားလေသည်။

"သေစမ်း ! "

နတ်ဆိုးသရဲက အော်ဟစ်လိုက်သည်။ စီတုအန်းက ချက်ချင်းပင် နောက်ဆုံးသတ်ဖြတ်သူအဆောင်ကို ဆတ်ခနဲ ဆွဲယူလိုက်သည်။ သူက ဝိဉာည်အား ရုပ်တုထိပ်ဖျားသို့ သွားရန် တွန်းအားပေးလိုက်သည်။ ရွှမ်ဝမ်နှင့် ထိုဝိဉာည်တို့သည် ရေကန်ထဲရှိအလောင်းများကို ခြေနင်းကျောက်တုံးသဖွယ်အသုံးပြု၍ ရုပ်တုဆီသို့ ပြေးနေကြသည်။

ရုတ်တရက် ရုပ်တုနောက်မှ လက်တစ်စုံထွက်လာပြီး ကုန်းစီနှင့် သူ့အဖွားကို ရေကန်ထဲတွန်းချလိုက်သည်။ ၎င်းသည် အန်ကယ်ဝူဖြစ်နေခဲ့သည်။

"အဘွား ! "

ကုန်းစီက ချက်ချင်းပင် သူ့အဘွားကို ရေမျက်နှာပြင်ပေါ်သို့ တွန်းတင်လိုက်သည်။ သို့သော်လည်း ရေကန်ထဲရှိ သရဲများက သူတို့အား လွတ်ပေးလိမ့်မည် မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်း ကုန်းစီ၏အဘွားသည် သွေးရေကန်ကြောင့် အရည်ပျော်သွားခဲ့သည်။ ကုန်းစီက ရေအောက်ငုတ်ပြီး ရှာဖွေ‌ခဲ့သော်လည်း သူ့အဘွားကို ရှာမတွေ့နိုင်တော့ပေ။

ပြီးနောက် ရုပ်တု၏မျက်နှာလေးခုထဲမှ တစ်ခုသည် သွင်ပြင်လက္ခဏာများ ကြီးထွားလာပြီး ၎င်း၏မျက်လုံးများကို ဖွင့်လိုက်လေသည်။

မျက်လုံးများထဲတွင် ဘဝ၏ကံကြမ္မာအပြောင်းအလဲများကို မြင်နေရသည်။ ၎င်းတို့သည် ကြင်နာပြီး အသက်ဓာတ်များ ပြည့်နှက်နေသည်။ ရှင်ခြင်းသဏ္ဍာန်ပါဝင်သော မျက်နှာသည် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီဖြစ်သည်။ ထို့နောက် သေခြင်းသဏ္ဍာန် ၊ ဆန္ဒသဏ္ဍာန် နှင့် အပြစ်သဏ္ဍာန်မျက်နှာများသည်လည်း သူတို့မျက်လုံးများကို ဖွင့်လိုက်ကြသည်။

အန်ကယ်ဝူသည် သူ့ကုတ်အင်္ကျီထူကြီးကို ချွတ်ချလိုက်သည်။ သူက ရုပ်တုဘေးတွင် မတ်တပ်ရပ်လိုက်သည်။ သူသည် ပူးကပ်ခံထားရပုံ ပေါ်သည်။

"မင်းတို့ ငါ့ကို ကိုးကွယ်ယုံကြည်ခဲ့စဉ်က မင်းတို့ဟာ မြေကြီးမှာ ဒူးထောက်ပြီး အလွန်ယုံကြည်သက်ဝင်ခဲ့ကြတယ်၊ အသားတွေ အဆင်သင့်ဖြစ်လာတော့ မင်းတို့ဟာ သားရဲတိရိစ္ဆာန်တွေထက် ရက်စက်ကြမ်းတမ်းနေကြတယ် ၊ မင်း ကိုးကွယ်ယုံကြည်တာက ဘာကိုလဲ "

All Chapters