အခန်း (၂၃၇)
Vol. 18 Ch. 237
ခဏလောက်ကြာပြီးသည့်နောက် မီးဖိုချောင်လုပ်သား ရှုရှုသည် ချောင်ယောင်းအာ၏ ရှေ့ဆီသို့ လာရောက်ကာ ဒူးထောက်၏။ သူမသည် ယခုနှစ်တွင် ၃၆ နှစ်ရှိပြီ ဖြစ်သော်လည်း ဆွဲဆောင်မှု ရှိနေတုန်းပင်။ တကယ်တမ်းမှာတော့ သူမအား လှပသည်ဟုလည်း သုံးသပ်၍ မရနိုင်ချေ။ သို့ပေမည့် ကြင်နာထက်မြက်ပြီး ပညာတတ်ဆန်သည့် အရှိန်အဝါများသည် ခန္ဓာကိုယ်ကို ရစ်သိုင်းလျက် ရှိနေသောကြောင့် အနားပတ်ဝန်းကျင်တွင် ရှိနေသော မိန်းကလေးများနှင့် မတူညီသလို ခံစားရစေ၏။
သူမသည် ပညာတတ်မိသားစုဆီမှ မွေးဖွားလာခဲ့သူဖြစ်ပြီး ချောင်ထျန်းဝေ သူမကို ကြိုက်နှစ်သက်သည် ဆိုခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူမ၏ ဝမ်းဗိုက်သည် အနည်းငယ်ပင် စူထွက်လျက် ရှိနေသည်။
ချောင်ယောင်းအာသည် သူမ၏ မီးဖိုချောင်လုပ်သား ရှုရှု ကို လှမ်းကာ ကြည့်ရှုရင်း မေးလိုက်၏။ “မွေးစားအဖေ... မွေးစားအဖေက အဆိပ်ခတ်ထားတဲ့ ဆားနဲ့ ကျွန်မကို သတ်ချင်တယ်လို့ ပြောခဲ့တယ်။ ဟုတ်လား”
ရှုရှုက ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။ ရှင့်ကို သတ်ဖို့ စေခိုင်းခဲ့တာ ချောင်ထျန်းဝေပါပဲ။ သူက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ရှင် စားမယ့် ဆားနဲ့ အဆိပ်ရှိတဲ့ ဆားကို ပြောင်းလဲအသုံးပြုဖို့ ခိုင်းစေခဲ့တယ်”
အရာအားလုံး ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။
......
ထန်လွမ်သည် နိုးထလာခဲ့၏။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် အေးစက်သွားသလို ခံစားနေမိ၏။ သူသည် စောင်ထူထူနှင့် ပြန်လည်ကာ ရစ်ပတ်လိုက်၏။ သို့ပေမည့် အေးစက်လျက် ခံစားနေရတုန်းပင်။ ခန္ဓာကိုယ်၏ အတွင်းဘက်မှ အအေးဓာတ် ထွက်ပေါ်နေသကဲ့သို့ပင်။ သူသည် စောင်ကို ခပ်တင်းတင်းဖြင့် ထပ်ကာ ရစ်ပတ်လိုက်၏။
နာရီအနည်းငယ်သာ ကြာမြင့်သေးသည်ဆိုသော်လည်း သူသည် အသက် ၁၀ နှစ်လောက် ပိုမို အိုမင်း ရင့်ရော်သွားသကဲ့သို့ပင်။
“ညီအစ်ကို ထန်လွမ် နိုးလာပြီလား” ရွှမ်ဝူကျင်းကျိုးက မေးလိုက်သည်။
ထန်လွမ်သည် မျက်လုံးကို အသာဖွင့်ကာဖြင့် ကျင်းကျိုးကို ကြည့်လိုက်၏။ တစ်ဖက်လူသည် ကံကောင်း လွန်းသည့် လူတစ်ယောက် ဖြစ်၏။ အားကောင်းလွန်းသည့် သမက်တစ်ယောက်ကို ရရှိခဲ့ပြီးနောက် လောကအထက်၌ ခပ်မတ်မတ်နှင့် ရပ်တန့်နေနိုင်ခဲ့၏။
လောကကြီးသည် အဘယ့်ကြောင့် တရားမျှတမှု မရှိရသနည်း။
“ကျုပ်ကို သတ်လိုက်”
ထန်လွမ်သည် သက်ပြင်းချလိုက်သည်။ “အစ်ကိုတော် ကျင်းကျိုး.. ကျုပ်တို့က တော်ဝင် မျိုးနွယ်ဟောင်းတွေပါပဲ။ ကျုပ်ကို သတ်လိုက်ပါတော့။ ဒါ ဝမ်ကျားကျွန်းပဲ။ ခင်ဗျား ကျုပ်ကို သတ်မယ် ဆိုရင်တောင် ဘယ်သူမှ မသိပါဘူး။ ခင်ဗျား ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာတာဝန်မှ ယူရမှာ မဟုတ်ဘူး”
ကျင်းကျိုးက ပြောလိုက်၏။ “ကျုပ် ခင်ဗျားကို မသတ်ပါဘူး”
ထန်လွမ်က ပြောလိုက်သည်။ “ဒါဆိုရင်လည်း ကျုပ်ကို လွှတ်ပေး။ ကျုပ်ကို လွှတ်ပေးတော့လေ”
ချောင်ထျန်းဝေ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထန်မိသားစု၏ ကိုယ်ပိုင် သီးသန့်စစ်တပ်ကြီးတစ်ခုလုံးသည်လည်း သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သူ့အတွက် မည်သည့် မျှော်လင့်ချက်မှ မရှိတော့ချေ။ အိမ်သို့ ပြန်ပြီး သူ၏ လက်ကျန်ဘဝတစ်ခုလုံးကို အေးဆေးသက်သာစွာနှင့် ဖြတ်သန်းသွားရန်သာ မျှော်လင့်မိ၏။ ဘာပဲဖြစ်ဖြစ် မိန်းကလေးပေါင်းများစွာတို့နှင့် ဝိုင်ကောင်းကောင်းက တည်ရှိနေသေး၏။ သူ၏လက်ကျန်ဘဝတစ်ခုလုံး သက်တောင့်သက်သာဖြင့် နေထိုင်နိုင်စွမ်း ရှိ၏။
ကျင်းကျိုးက ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို လွှတ်ပေးပါ့မယ်။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို တစ်စုံတစ်ခု လုပ်ပေးဖို့ လိုသေးတယ်။ ခင်ဗျား ဒီကိစ္စကိုသာ လုပ်ပေးမယ်ဆိုရင် ကျုပ် ခင်ဗျားနဲ့ ခင်ဗျားရဲ့သားကို လက်လွှတ်ပေးမယ်”
ထန်လွမ်က ပြောလိုက်၏။ “ဘာလဲ”
ကျင်းကျိုးက ပြောလိုက်သည်။ “ပင်လယ်ပြင်မှာ ပင်လယ်ဓားပြအုပ်စုတွေ ရှိသေးတယ်။ ဒီလူတွေက အများကြီး မဟုတ်ဘူးဆိုပေမဲ့ ရွက်သင်္ဘောတွေကို မောင်းနှင်ပြီး လှည့်ပတ်နေတာ။ ကျုပ် သူတို့ကို ဖြေရှင်းဖို့ လိုအပ်နေသေးတယ်။ ဒီတော့ သူတို့ကို ကျွန်းပေါ်ကို တက်လာပြီးတော့ ဝေစုတွေ လာယူကြဆိုပြီး မြှားခေါ်ဖို့ ခင်ဗျား လုပ်ပေးရမယ်”
ပုံမှန်အားဖြင့် ပင်လယ်ဓားပြများသည် ထန်လွမ်၏စကားကို နားထောင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် သူတို့သည် ထန်လွမ်အား ယနေ့အချိန်တွင် အလွန်လေးစားသမှုဖြင့် မြှောက်ပင့်ကာ ချီးကျူး ပြောဆိုခဲ့ကြ၏။ ပြောရလျှင် ပင်လယ်ဓားပြဘုရင်ကို ဝေစုများပေးရန် ထန်လွမ်ကို သူတို့အစား ပြောဆိုစေချင်ခြင်းပင်။ အားလုံးသောသူတို့သည် ရွှေနှင့်ပတ်သက်သည့် ဝေစုများကို ရရှိခဲ့ကြ၏။ သို့ပေမည့် သူတို့မှာတော့ ပင်လယ်ပြင်၌ လှည့်လည်ကာ သွားလာနေရလေ၏။ အဘယ့်ကြောင့် ဖြစ်သနည်း။
ထန်လွမ်က ပြောလိုက်၏။ “အင်း... ဒီကျွန်းပေါ်ကို သူတို့ကို ဆင့်ခေါပြီး အားလုံးကို သတ်ဖြတ် ပစ်ချင်တာလား”
ကျင်းကျိုးက ပြောလိုက်သည်။ “ဟုတ်တယ်”
ထန်လွမ်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ”
သူ့အနေနှင့် အခြားဘာမှ ဂရုမစိုက်တော့ချေ။ ချောင်ထျန်းဝေက သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထို့အတွက် လက်ကျန်ပင်လယ်ဓားပြများသည် သူ့အတွက် ဘာအသုံးဝင်တော့မည်နည်း။
ကျင်းကျိုးက ပြောလိုက်သည်။ “ခင်ဗျား တစ်ယောက်တည်း သွားရမယ်။ ခင်ဗျားရဲ့သားနှစ်ယောက်ကို ဒီမှာ ထားခဲ့ရမယ်”
ထန်လွမ်က ပြောလိုက်၏။ “ကောင်းပြီ”
..........
နှစ်နာရီကျော် ကြာမြင့်ပြီးနောက် ပင်လယ်ပြင်တွင် လှည့်လည်သွားလာကာ ကင်းစောင့်လျက်ရှိနေသည့် ပင်လယ်ဓားပြ ၂၀၀၀ ကျော်တို့သည် ကျွန်းပေါ်သို့ အားတက်သရောဖြင့် ရောက်ရှိလာခဲ့၏ သူတို့သည် အလွန်ပျော်ရွှင်လျက် ရှိနေကြ၏။ နောက်ဆုံး၌ သူတို့ ပင်လယ်ပြင်ထဲ လှည့်လည်လျှောက်သွားစရာ မလိုအပ်တော့ချေ။ နေ့နေ့ညည ပင်လယ်ပြင်၌ ကင်းလှည့်နေရပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရချေ။ ပျင်းရိစရာ ကောင်းလွန်းလှ၏။ သူတို့၏ ဆရာကြီးသည် သတိကြီးလွန်းလှသည်။
“ကျေးဇူးပါပဲ ကျင်းဟိုင်မြို့စားကြီး”
“ကျင်းဟိုင်မြို့စားကြီးက အံ့အားသင့်စရာပဲ”
“ကျုပ်တို့ရဲ့ ဆရာကြီးက ခင်ဗျားရဲ့ စကားကို တကယ်နားထောင်ခဲ့တာပေါ့”
“ဒီနေ့ကစပြီး ကျင်းဟိုင်မြို့စားကြီးက ကျုပ်တို့အတွက် တကယ့်ကို မိတ်ရင်းဆွေရင်းတွေပဲ”
ပင်လယ်ဓားပြများသည် ထန်လွမ်ကို ချီးကျူးလျက်ရှိနေပြီး သူတို့၏ ရင်ဘတ်များကို ပုတ်ကာဖြင့် အနာဂတ်တွင် ထန်လွမ်အတွက် မည်သည့်အရာကိုမဆို ပြုလုပ်ပေးမည်ဖြစ်ကြောင်း အာမခံလျက် ရှိနေကြ၏။
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်သည်။ “နုရှောင့်နယ်စားကြီးက ခင်ဗျားတို့ရဲ့ ရည်မှန်းချက်ကို ကောင်းကောင်းသိတယ်။ ဒါကြောင့် ခင်ဗျားတို့အတွက် ရွှေတွေကို ဝေစုအဖြစ် ချန်ထားခဲ့တယ်။ ဒါတွေကို ယူပြီးရင် ခင်ဗျားတို့ ပင်လယ်ပြင်ကို ပြန်ထွက်ပြီး ကင်းစောင့်ဖို့ လိုအပ်လိမ့်မယ်”
“လုပ်ပေးရမှာပေါ့။ ကျိန်းသေပေါက် လုပ်ပေးရမှာပေါ့.. ဟား ဟား ဟား ဟား...”
ကျင်းဟိုင်မြို့စားကြီး ထန်လွမ်က ပြောလိုက်၏။ “နုရှောင့်နယ်စားကြီးက ခင်ဗျားတို့ အလုပ်ကောင်းကောင်း ကြိုးစားခဲ့တယ်ဆိုတာကို သိတာပေါ့။ ဒါကြောင့် တခြားသောသူတွေထက် ပိုပြီးတော့ ရွှေပမာဏကို တိုးပေးလိမ့်မယ်။ ဒီရွှေတွေက သန့်စင်ပြီးသား ရွှေတွေပဲ။ ဒါပေမဲ့ ရွှေဒင်္ဂါးတွေတော့ မဟုတ်ဘူး။ ရွှေတုံးရွှေခဲတွေပဲ”
“ဘာပဲဖြစ်ဖြစ် ရွှေဖြစ်ရင် ပြီးပြီပဲ။ ဘာရွှေပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ဟုတ်တယ် မဟုတ်လား”
“ရွှေတုံးရွှေခဲဆို ပိုတောင် ကောင်းသေးတယ်။ အမျိုးမျိုး လုပ်ကိုင်လို့ရတာပေါ့။ လက်စွပ်၊ လည်ဆွဲ၊ နားကပ်၊ ကြိုက်တာ လုပ်ကိုင်လို့ရတယ်။ ဘယ်လောက်ကောင်းလဲ”
ထန်လွမ်သည် ပင်လယ်ဓားပြ ၂၀၀၀ ကျော်တို့အား မိုင်းတွင်းကြီးဆီသို့ ခေါ်ဆောင်လာခဲ့၏။ ဤမိုင်းတွင်းတည်နေရာသည် ကျောက်များ တူးဖော်ထားသည့် တည်နေရာဖြစ်ပြီး အလွန်လည်း ကြီးမား၏။ ကျွန်းပေါ်တွင် ထိုအရာကို ပြန်လည်သန့်စင်သည့် အလုပ်ရုံဟူ၍ နှစ်ခုရှိပြီး ထိုအထဲမှ တစ်ခုက ဤအရာပင် ဖြစ်လေသည်။
သံမဏိကျောက်ရိုင်းများကို သန့်စင်သည့် တည်နေရာဖြစ်သောကြောင့် ဤနေရာတစ်ခုလုံးက တကယ့်ကို ကျယ်ပြန့်လွန်း၏။ ဤနေရာတွင် ပင်လယ်ဓားပြ အနည်းငယ်တို့က စောင့်ကြပ်လျက် ရှိနေ၏။
ထန်လွမ် ခေါ်ဆောင်လာခဲ့သည့် ပင်လယ်ဓားပြများသည် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ယခု အလုပ်ရုံကို စောင့်ကြပ်လျက် ရှိနေသည့် ပင်လယ်ဓားပြများအား သူတို့ မရင်းနှီးသလိုပင်။ သို့ပေမည့် ကိစ္စမရှိချေ။ လူအင်အား သုံးသောင်းကျော်တောင်ရှိသောကြောင့် အားလုံးကို သူတို့ အဘယ်သို့ မှတ်မိမည်နည်း။
ပင်လယ်ဓားပြခေါင်းဆောင်များထဲမှ တစ်ယောက်က ပြောလိုက်၏။ “မြို့စားကြီး ထန်လွမ်.. ကျုပ်တို့ ဆရာကြီးရဲ့ တပ်စခန်းကို ဘာလို့မသွားရတာလဲ။ ဘယ်လိုဖြစ်ပြီးတော့ ရွှေတွေရဖို့အတွက် ဒီနေရာကို တန်းလာရတာလဲ”
ထန်လွမ်က ပြောလိုက်သည်။ “ရွှေတွေက မိုင်းတွင်းကနေ တစ်ခါတည်း တူးထုတ်နေတာလေ။ ဒီနေရာကို လာမှ အဆင်ပြေမှာပေါ့”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်.. ကျုပ်တို့ရဲ့ ညီအစ်ကိုတွေက တကယ့်ကို အမြင်ကျဉ်းမြောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရှေ့မှာ ကျုပ်တို့က အရူးတွေလို ဖြစ်စေခဲ့တယ်။ ကျင်းဟိုင်မြို့စားကြီး …. တောင်းပန်ပါတယ်”
အလုပ်ရုံတံခါးက ပွင့်သွားခဲ့၏။
“ဝင်ကြ၊ ဝင်ကြ … လိုအပ်တဲ့ ဝေစုပမာဏကိုပဲ ယူကြ။ ပိုမယူကြနဲ့”
ထန်လွမ်က ပြောလိုက်သည်။ “ခင်ဗျားတို့က ပင်လယ်ပြင်တစ်ခုလုံးကို လှည့်လည်ပြီး ကင်းစောင့်နေခဲ့ရတာ ။ တကယ်လဘ်း အလုပ်ကြိုးစားခဲ့ရတယ်လေ။ ဒီတော့ တစ်ယောက်ကို နှစ်ပေါင်စီ ပိုယူကြ”
ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ ပင်လယ်ဓားပြ ၂၀၀၀ ကျော်တို့၏ မျက်လုံးများက စိမ်းပြာသွားခဲ့၏။ ၎င်းတို့၏ လောဘဇောများက တက်လာခဲ့၏။ သေချာပေ၏။ အထဲရှိ စားပွဲပေါ်တွင် တင်ထားသော ရွှေတုံးရွှေခဲများကို မြင်ရချိန်မှာတော့ လောဘဇောများက အတောမသတ်နိုင်တော့ချေ။ ဤရွှေတုံးများသည် အနည်းငယ် နီယောင်သန်းလျက် ရှိနေသည်ဆိုလျှင်တောင် ရွှေက ရွှေဖြစ်၏။
“အားလုံးပဲ၊ တစ်ယောက်နဲ့တစ်ယောက်နဲ့ မလုကြနဲ့။ မတိုက်ခိုက်ကြနဲ့”
သို့ပေမည့် ဤကဲ့သို့သော စကားကို ပြောဆို၍ ဘာအသုံးဝင်မည်နည်း။ ပင်လယ်ဓားပြ ၂၀၀၀ ကျော်တို့သည် အထဲသို့ လှမ်းဝင်ပြီးနောက် ရှိရှိသမျှသော ရွှေများကို လုယုကြတော့၏။ တစ်ယောက်က ဘယ်ဘက်လက်နှင့် လှမ်းကိုင်၏။ ညာဘက်လက်နှင့် လှမ်းသိမ်း၏။ တစ်ယောက်က ရင်ဘတ်ထဲကို ဆွဲထည့်၏။ တစ်ယောက်မှာတော့ ဘောင်းဘီခွကြားထဲသို့ပင် ထည့်လျက် ရှိနေ၏။ အနည်းငယ်သော နှေးကွေးမှုသည် ဝေစုရရှိနိုင်မှုတွင် နည်းပါးမှုများ ဖြစ်လာပေမည်။
ချက်ချင်းပဲ ပင်လယ်ဓားပြများသည် စတင်ကာ တိုက်ခိုက်ကြတော့သည်။
“ဆရာကြီးက ပြောထားတယ်။ ကိုယ့်ဝေစုအတိုင်း ကိုယ်ယူကြ။ လုပြီး မတိုက်ခိုက်ကြနဲ့”
“ဒီရွှေတုံးက ငါ့လက်ထဲ ရောက်နေပြီ။ ဘာကြောင့် ထုတ်ပေးရမှာလဲ”
“ဒါဆိုရင် ရိုက်မယ်ကွာ”
“သတ်... သတ်...”
ချက်ချင်းပင် ပင်လယ်ဓားပြ ၂၀၀၀ ကျော်တို့သည် အလုပ်ရုံကြီးထဲတွင် စတင်ကာ တိုက်ခိုက်ကြတော့၏။ သို့ပေမည့် ထိုအချိန်မှာပဲ …..
ဘန်း...
အလုပ်ရုံတံခါးကြီးက ပိတ်သွား၏။ တချို့သော ပင်လယ်ဓားပြများသည် သတိအပြည့်နှင့် ဖြစ်သွားခဲ့၏။
“ဘာဖြစ်လို့ တံခါးက ပိတ်သွားတာလဲ”
ပြီးနောက် သူတို့သည် အနားပတ်ဝန်းကျင်တွင် ထင်းချောင်းများ ရှိနေသည်ကို မြင်လိုက်ရ၏။ ခဏအတွင်းမှာပဲ တည်နေရာဆီသို့ ငါးဆီများ ကျဆင်းလာခဲ့သည်။
ပင်လယ်ဓားပြခေါင်းဆောင် အနည်းငယ်တို့သည် ချက်ချင်းပင် သတိအပြည့်နှင့် လှမ်းကာ အော်ဟစ်လိုက်၏။ “မတိုက်ခိုက်ကြနဲ့တော့။ မတိုက်ခိုက်ကြနဲ့တော့။ ဒါ ထောင်ချောက်ပဲ။ ပြေးကြ၊ ပြေးကြ”
အချို့သော ပင်လယ်ဓားပြများသည် အပြင်ဘက်သို့ ထွက်ပြေးချင်၏။ အချို့သော ပင်လယ်ဓားပြများမှာတော့ ရွှေကို ရယူလိုသောနှင့် ဆက်လက်ကာ တိုက်ခိုက်လျက် ရှိနေတုန်းပင်။ ထိုအချိန်မှာပင် မီးမြားပေါင်း ၁၀၀ ကျော်တို့သည် ပြတင်းပေါက်များဆီမှ အထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ချက်ချင်းပဲ မြှားများသည် ငါးဆီများပေါ်သို့ ကျဆင်းကာဖြင့် မီးထတောက်လောင်၏။ အလုပ်ရုံထဲတွင် ရှိနေသည့် ထင်းချောင်းအားလုံးတို့သည် မီးစွဲကုန်သည်။
ဘုန်း... ဘုန်း... ဘုန်း...
ချက်ချင်းပဲ အလုပ်ရုံကြီးတစ်ခုလုံးသည် မီးညွန့်မီးလျှံများနှင့် တောက်ပသွားခဲ့၏။
တစ်ချိန်တည်းမှာပဲ အပြင်ဘက်တွင် ရှိနေသည့် ကျင်းမိသားစုမှ စစ်သည်များသည် အပြင်သို့ ပြေးထွက်လာခဲ့သော သူများအားလုံးကို ခုတ်ပိုင်းသတ်ဖြတ်နေ၏။ အလုပ်ရုံတစ်ခုလုံးကလည်း မီးစွဲလောင်နေ၏။ ပင်လယ်ဓားပြ တစ်ယောက်၊ နှစ်ယောက်တို့သည်လည်း ရူးရူးမူးမူး အော်ဟစ်ကာဖြင့် အပြင်ဘက်သို့ ပြေးလာသည်ဆိုသော်လည်း ချက်ချင်းပင် ဓားနှင့် ခုတ်ပိုင်းကာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
၁၀ မိနစ်ခန့် ကြာမြင့်ပြီးနောက် မည်သည့်အော်သံ၊ မည်သည့်အသံမှ မကြားရတော့ချေ။ ပင်လယ်ဓားပြ ၂၀၀၀ ကျော်တို့အားလုံးသည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။
အပြင်ဘက်တွင်တော့ ကျင်းဟိုင်မြို့စားကြီးသည် ကောင်းကင်ယံထက်ဆီသို့ တလူလူနှင့် တက်လျက်ရှိနေသည့် မီးခိုးမည်းကြီးများကို ကြည့်ရှုရင်း ရွှမ်ဝူကို ပြောလိုက်သည်။
“အစ်ကိုတော် ကျင်းကျိုး.. ခင်ဗျားပြောတဲ့အတိုင်း ကျုပ် လုပ်ခဲ့ပြီးပြီ။ ဒီသင်္ဘောတွေ အကုန်လုံးက ခင်ဗျားတို့ ကျင်းမိသားစုပိုင်တဲ့အရာ ဖြစ်သွားခဲ့ပြီ။ ခင်ဗျားတို့က တကယ့်ကံကောင်းခြင်းကို ပိုင်ဆိုင်ခဲ့ပြီပဲ”
ဤအချိန်မှာတော့ ထန်လွမ်၏ နှလုံးသားတစ်ခုလုံးက သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သူသည် အလွန်အမင်း မနာလိုဖြစ်လျက် ရှိ၏။ ရွက်သင်္ဘော ၁၀၀ ကျော် …. ထိုအရာများကို ရောင်းချမည်ဆိုလျှင်တောင်မှ တကယ့်ကို ကြီးမားသည့် ငွေပမာဏကို ရရှိမှာ ဖြစ်၏။ ချောင်ထျန်းဝေ သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး ကျင်းမိသားစုတစ်ခုလုံးသည် အလုံးစုံ ပြည့်စုံသည့်အရာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ပြီးနောက် ထန်လွမ်က ပြောလိုက်သည်။ “အစ်ကိုတော်ကျင်းကျိုး.. ကျုပ်ကို ဘာလို့ အခု မလွှတ်သေးတာလဲ”
ကျင်းကျိုးက ပြောလိုက်၏။ “မလောပါနဲ့အုံး။ ခင်ဗျား ကျုပ်အတွက် တစ်ခု ထပ်လုပ်ပေးရအုံးမယ်။ နောက်ဆုံး တစ်ခုပဲ”
ထန်လွမ်က ပြောလိုက်သည်။ “ဘာလဲ”
ပြီးနောက် သူသည် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။ “ခင်ဗျား... ခင်ဗျား ကျုပ်ကို ချောင်ထျန်းဝေရဲ့ သီးသန့်စစ်တပ်ကြီးလို ဟန်ဆောင်ပြီး ကျင်းချန်ကျွန်းကို သွားစေချင်တယ်။ ပြီးတော့ ခင်ဗျားအစား ကျုပ်က ကျင်းချန်ကျွန်းကို ပြန်ယူပေးရမယ်ပေါ့”
ကျင်းကျိုးမြို့စားကြီးသည် ခေါင်းကို ညိတ်ကာဖြင့် ပြောလိုက်၏။ “အမှန်ပဲ”
ထန်လွမ်သည် ရွှမ်ဝူကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “အစ်ကိုတော် ကျင်းကျိုး.. ခင်ဗျားက ရိုးသားတတ်တဲ့ လူတစ်ယောက်လို့ အားလုံးက ပြောကြတယ်။ ခင်ဗျားက ဘယ်လိုများ ရိုးသားရတာလဲ။ ခင်ဗျားက တကယ့်ကို အထူးအပါး နားလည်တဲ့လူပဲ။ ရေရှည်ကြိုတင်ပြီး စဉ်းစားနိုင်တဲ့လူ။ ဒါပေမဲ့ အရမ်းစားလွန်းရင် ဗိုက်အင့်ပြီး သေတတ်တယ်ဆိုတာကို ခင်ဗျား မသိဘူးလား”
ရွှမ်ဝူက ပြောလိုက်၏။ “အစ်ကိုတော် ထန်လွမ်... ခင်ဗျား သဘောတူတာလား၊ သဘောမတူတာလား”
ထန်လွမ်သည် အံကို ကြိတ်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်ဆီမှာ ရွေးချယ်ခွင့်ရော ရှိသေးလို့လား”
.................
ရွှမ်ဝူအိမ်တော်၏ အတွင်းဘက်မှာတော့ ….
ယနေ့ရက်ပိုင်းသည် မူလန်အတွက် တကယ်ကို ပင်ပန်းသည့်နေ့ရက်မျိုးပင် ဖြစ်၏။ ရက် ၂၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ မြို့စားအိမ်တော်၏ အကာအကွယ်တစ်ခုလုံးသည် သူမ၏ ပုခုံးထက်ဆီသို့ ရောက်ရှိလျက် ရှိနေ၏။ သူမတွင် သီးသန့်စစ်သည် ၁၀၀၀ ကျော်သာလျှင် ရှိပြီး ထိုထဲမှ တစ်ဝက်သည် အသစ်ခေါ်ယူထားသည့် လူများ ဖြစ်၏။
ဟုတ်ပေ၏။ ရဲတိုက်ကြီး၏ မာကြောမှုကတော့ ဩချလောက်၏။ ထို့ကြောင့် ကျိန်းသေပေါက် အခြားသော သူများ ဝင်ရောက်တိုက်ခိုက်ခြင်းကို ကာကွယ်နိုင်မှာတော့ သေချာသည်။ ထို့အပြင် ချောင်ထျန်းဝေ သို့မဟုတ် ထန်လွမ်၊ မည်သူပဲဖြစ်ဖြစ် တိုက်ရိုက်ဆိုသလို သူမတို့ကို ဝင်ရောက်ကာ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။
သို့ပေမည့် မူလန်သည် ဤရက်ပိုင်းအတွင်း သုံးနာရီကျော်အောင်ပင် တစ်ခါမှ မအိပ်ခဲ့ရဖူးချေ။
ဟုတ်ပေ၏။ သူမသည် ရေမိုးချိုး၊ ခန္ဓာကိုယ် သန့်စင်ခြင်းအလုပ်ကိုတော့ နေ့စဉ်နေ့တိုင်း မပျက်မကွက် ပြုလုပ်၏။ နေ့စဉ်နေ့တိုင်း ဆိုသလို သူမသည် အိပ်ရာထက်တွင် မအိပ်ခဲ့ရချေ။ ရေချိုးစည်ထဲတွင်သာ ရေချိုးရင်း အိပ်ခဲ့ရ၏။ ရှောင်ပင်းသည် သူမကို ရေချိုးပေး၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူမက အိပ်စက်၏။ သူမ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာသည် အလွန်ပင်ပန်းလျက် ရှိနေ၏။ ထိုအရာက တော်သေးသည်။ ပြဿနာမှာ စိတ်ပိုင်းဆိုင်ရာ နွမ်းလျမောပန်းနေခြင်းပင်။
သူမ ယောက်ျား၏ အစီအစဉ်တစ်ခုလုံးသည် အံ့အားသင့်စရာ ဖြစ်သည်။ အဘယ့်ကြောင့် မူလန်က စိုးရိမ်ပူပန်နေရသနည်း။ သူမ၏အဖေသည် စစ်သည်ပေါင်း ၄၀၀၀ ကျော်ကို ဦးဆောင်ပြီး ဝမ်ကျားကျွန်းတွင် ချောင်ထျန်းဝေ၏ စစ်သည်ပေါင်း ၃၀၀၀၀ ကျော်နှင့် ရင်ဆိုင်ရပေလိမ့်မည်။
သူမ၏ ယောက်ျား ဘက်တွင်တော့ ပိုမိုကာ အန္တရာယ်ကြီးမား၏။ စစ်သည် ၂၀၀၀ ကျော်ကိုသာ ခေါ်ဆောင်သွားပြီး နုရှောင့်မြို့တစ်ခုလုံးကို သိမ်းဆည်းရန် ပြင်ဆင်လျက် ရှိ၏။
ထို့အတူ ယခုအချိန်အထိ မည်သည့် သတင်းအချက်အလက်ကိုမှ မရခဲ့ချေ။ ဟုတ်ပေ၏။ မည်သည့်သတင်းမှ မရရှိဘူးဆိုသည်မှာလည်း သတင်းများသာလျှင် ဖြစ်၏။ ဘာမှ မဖြစ်သေးဘူးဆိုသည့် အဓိပ္ပာယ်ကို ဖော်ဆောင်သည် မဟုတ်ပါလား။ သို့ပေမည့် သူမ စိတ်ပူပန်လျက် ရှိနေ၏။ သူမ၏ ယောက်ျား တစ်ခုခု ဖြစ်သွားမှာ စိုးလှသည်။
ထို့အပြင် ယောက်ျားသည် အားနည်းလွန်း၏။ ချောင်ယောင်းအာ၏ သိုင်းပညာစွမ်းရည်သည် ကြောက်မက်ဖွယ်ရာ အဆင့်အတန်းတစ်ခုထိ ရောက်ရှိနေ၏။ ထိုအရာကို တွေးပြီးနောက်မှာတော့ မူလန်၏ နှလုံးသားတစ်ခုလုံးသည် စိုးရိမ်ပူပန်မှုများနှင့် တောက်လောင်လျက် ရှိနေ၏။ သူမသည် အတောင်ပံပေါက်ကာဖြင့် နုရှောင့်မြို့ဆီသို့ ပျံသန်းသွားချင်စိတ်ပင် ပေါက်၏။
ဟုတ်ပေ၏။ သူမသည်သာ ချောင်ယောင်းအာဆီသို့ သွားပြီး ချောင်ယောင်းအာကို သတ်ဖြတ်နိုင်သည် ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဤအရှက်မဲ့သည့် မိန်းမကို သူမ တစ်ရက်ရက်တွင် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင် ပိုင်းဖြတ်ကာ သတ်ဖြတ်ရပေလိမ့်မည်။ သူမ၏ ယောက်ျားကို ခွကာဖြင့် လုပ်ချင်တိုင်း လုပ်ခဲ့၏။ ထို့အပြင် သူမယောက်ျား၏ ပထမဦးဆုံးအကြိမ်ကိုပင် ယူဆောင်သွားခဲ့၏။ အံကို ကြိတ်ပြီးနောက် မူလန်သည် မျက်လုံးကို မှိတ်ကာ အိပ်ပျော်သွားခဲ့သည်။