← Chapters

အခန်း (၂၄၀)

Vol. 18 Ch. 240

အခန်း (၂၄၀)

Vol. 18 Ch. 240

ရွှမ်ဝူအိမ်တော်မှလူများသည် လက်နက်အပြည့်အစုံ …. ချပ်ဝတ်အကောင်းစားကို ဝတ်ဆင်ပြီး ကောင်းမွန်လွန်းသည့် ဓားမော့များကိုလည်း ကိုင်စွဲကာ တိုက်ခိုက်၏။ ထန်မိသားစုသည် ထိပ်တန်း ကျွမ်းကျင်သူများကို ခေါ်ဆောင်လာခဲ့သည်ဆိုသော်လည်း နှစ်ဖက်ကြားသည် လက်ရည်တူညီလျက် ရှိနေသည်။

အချက်အလက်အရ မူလန်၏ အမိန့်အောက်တွင် ရှိနေသည့် စစ်သည်တော်များသည် အစွမ်းထက်လွန်းသည်တော့ မဟုတ်ချေ။ သို့ပေမည့် အားလုံးသောသူတို့သည် သစ္စာသမာဓိကို ကိုင်စွဲထားသည့် စစ်သည်တော်များ ဖြစ်သည်မို့ သေဆုံးရမည်ကို ကြောက်လန့်ခြင်း မရှိကြချေ။

အနောက်တိုင်းမှ ကျွမ်းကျင်သူ ၅၀ ကျော်တို့မှာတော့ တကယ့်ကို လူသတ်စက်များကဲ့သို့ပင် ဖြစ်၏။ ထို့ကြောင့် မူလန်၏ဘေးတစ်ဖက်တွင် စစ်သည်တော် ၃၀၀ကျော် ပါဝင်လာခဲ့ပြီး ရန်သူ့ဘက်၌ ၂၅၀ ကျော်သာရှိသည်ဆိုသော်လည်း ရွှမ်ဝူအိမ်တော်သည် အောက်စည်းသို့ ရောက်ရှိလာခဲ့၏။

အနောက်တိုင်းဆီမှ ကျွမ်းကျင်သူ ၅၀ ကျော်တို့သည် တကယ့်ကို အားကောင်းလွန်း၏။ ရွှမ်ဝူအိမ်တော်မှ စစ်သည်တော်များသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပြီး တစ်ယောက်ပြီးတစ်ယောက် မြင်းပေါ်မှ ပြုတ်ကျကာ သေဆုံးခဲ့ကြသည်။

ထန်မိသားစုဆီမှ သခင်လေးသုံးယောက်တို့သည် အတူတူ ပူးပေါင်းပြီး မူလန်ကို အသက်ရှင်လျက် ဖမ်းဆီးရန် ကြိုးစားလျက်ရှိ၏။

မနီးမဝေးတွင် ရှိနေသည့် ရွာသားများသည် ထိုမြင်ကွင်းကို မြင်ရ၏။ ၎င်းတို့၏ မျက်လုံးများသည် နီရဲလျက် ရှိနေပြီး စိတ်နှလုံးသားတစ်ခုလုံးသည်လည်း စိုးရိမ်ပူပန်မှုများနှင့် လောင်ကျွမ်းလာခဲ့သည်။

“လူကြီးလူငယ် အားလုံး.. ငါတို့အတွက် ရွှမ်ဝူအိမ်တော်က တိုက်ခိုက်ပေးနေတယ်။ ငါတို့က ဒီအတိုင်း ထိုင်ပြီးကြည့်နေကြတော့မှာလား။ ရှေ့ကိုဝင်ပြီးတော့ တိုက်ခိုက်ကြမယ်။ အားလုံးပဲ ဝင်ပြီးတိုက်ခိုက်ကြမယ်”

ပြီးနောက် အလွန်ရဲရင့်သည့် လူငယ်တစ်ယောက်သည် လက်နက်တစ်ခုကို ဆွဲကိုင်ကာဖြင့် ရှေ့ဆီသို့ ပြေးဝင်သွားခဲ့၏။ သူသည် မူလန်ကို ဝင်ရောက်ကူညီတိုက်ခိုက်ရန် ပြင်ဆင်ခဲ့ခြင်းပင်။

မူလန်သည် စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်၏။ “နောက်ကိုဆုတ်ကြ။ နောက်ကိုဆုတ်ကြ”

ဤလက်ရွေးစင် မြင်းသည်တော်များ၏ ရှေ့တွင်တော့ သာမန်လူများသည် ပြန်လည်တိုက်ခိုက်ရန် အင်အားဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။ ပိုမိုဆိုးဝါးသည့် အခြေအနေဆီသို့ပင် ရောက်ရှိသွားပေလိမ့်မည်။

သေချာပေ၏။ အချိန်အတိုင်းအတာတစ်ခုအတွင်း ရဲရင့်သည့် ရွာသားတစ်ဒါဇင်ကျော်တို့သည် တည်နေရာမှာပင် သေဆုံးသွားခဲ့ကြ၏။

မူလန်သည် အလွန်ပင် ဝမ်းနည်းသွားခဲ့သည်။

“ခွေးကောင်တွေ၊ တိရစ္ဆာန်ကောင်တွေ အပြစ်ကင်းစင်တဲ့ လူတွေကို ဒီလိုမျိုး တိုက်ခိုက်ရဲတယ်ပေါ့” ခဏလောက်ကြာပြီးသည့်နောက် သူမ၏လက်ထဲတွင် ရှိနေသည့် ထက်ရှသည့်ဓားသွားသည် ပိုမိုကာ ကြမ်းတမ်းလာခဲ့၏။

ဆွစ်

ထန်မိသားစုဝင်တစ်ယောက်၏ ရင်ဘတ်သည် ပိုင်းဖြတ်ခြင်းခံလိုက်ရပြီး အနောက်ဆီသို့ လွင့်စင်သွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ မူလန်၏နောက်ကျောသည် ပြင်းပြင်းထန်ထန် ထုနှက်ခြင်း ခံခဲ့ရ၏။ တူနှင့် ထုနှက် ခံလိုက်ရခြင်းပင်။

အနောက်တိုင်းမှ ကျွမ်းကျင်သူတစ်ယောက်သည် ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ သူသည် စုကျန့်ထင်၏ လူပင်ဖြစ်၏။ ကျင်းမူလန်အား မြွေပွေးတစ်ကောင်၏အကြည့်မျိုးဖြင့် စူးစိုက်ကာ ကြည့်ရှုပြီး အခွင့်အရေး ရသည်နှင့် အချိန်မရွေး အလစ်ချောင်း တိုက်ခိုက်ရန် ပြင်ဆင်ခဲ့၏။ “ဒီမိန်းမကို အရင်ဆုံး တိုက်ခိုက်ကြ”

ရုတ်တရက် အနောက်တိုင်းဆီမှ ကျွမ်းကျင်သူတစ်ဒါဇင်ကျော်တို့သည် မူလန်အား ဝိုင်းပတ်ကာ ပိတ်ဆို့လျက် ရှိနေသည်။

“သခင်မလေးကို ကာကွယ်ကြ” ကျင်းကျန့်နန်နှင့် လက်ရွေးစင် စစ်သည်များသည် အလယ်တွင် ကျင်းမူလန်ကို ထားကာဖြင့် ကာကွယ်ပေးရန် ပြင်ဆင်၏။

စုကျန့်ထင်၏ အနောက်တိုင်းမှ ကျွမ်းကျင်သူ ၅၀ ကျော်တို့သည် မြွေနဂါးကဲ့သို့ပင် အလွန်လျင်မြန်စွာ လှုပ်ရှားလျက်ရှိနေ၏။ ထိုသူတို့ သွားရာနေရာတိုင်းတွင် အလောင်းများဖြင့် ပြည့်နှက်ကုန်သည်။

ကျန်းယွမ်မြို့စားအိမ်တော်ဆီမှ စုနန်သည် အဘယ်သို့သော အရာကို ပြုလုပ်နေသနည်း။ အဘယ့်ကြောင့် အနောက်တိုင်းမှ ကျွမ်းကျင်သူပေါင်းများစွာတို့ကို မွေးမြူထားရသနည်း။ ဤကိစ္စက သေးသေးကွေးကွေး မဟုတ်ချေ။

ဤလူ ၅၀ ကျော်တို့၏ တိုက်ခိုက်မှုသည် အားလုံးသောသူတို့၏ တိုက်ခိုက်မှုထက် သာလွန်လျက် ရှိ၏။ ရွှမ်ဝူအိမ်တော်၏ အသက်ဘေးသည် တဖြည်းဖြည်းနှင့် ပိုမိုကာ တိုးတက်လာခဲ့ပြီ ဖြစ်၏။ အနောက်တိုင်းမှ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့သည် ကျင်းမူလန်တစ်ယောက်တည်းကိုသာ ဦးစားပေး တိုက်ခိုက်ရန် ပြင်ဆင်လာခဲ့၏။

ကျင်းမူလန်သည် တစ်ချက်ကလေးမှ မကြောက်ရွံ့ချေ။ လူပေါင်းများစွာတို့ကို တစ်ယောက်တည်း ယှဉ်ပြိုင် တိုက်ခိုက်နေသည်။

သို့ပေမည့် ရွှမ်ဝူအိမ်တော်မှ မြင်းသည်တော်များ၏ အခြေအနေမှာတော့ တဖြည်းဖြည်း ပိုမိုကာ အန္တရာယ် များလာခဲ့၏။ အနောက်တိုင်းမှ ကျွမ်းကျင်သူများသည် ထိုသူများအားလုံးကို သတ်ဖြတ်လျက်ရှိနေ၏။ စုမိသားစုသည် အားလုံးသောသူတို့ကို အစိတ်စိတ်အပိုင်းပိုင်း ခုတ်ဖြတ်လျက်ရှိနေခြင်းပင်။

ဤအချိန်မှာတော့ တခြားသော မြင်းခွာသံများ ထွက်ပေါ်လာခဲ့၏။ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့သည် ထက်ရှသည့် ဓားများကို ကိုင်ဆောင်ကာဖြင့် အမှောင်ထဲမှ ထွက်လာခဲ့၏။ ဤမြင်းသည်တော်များသည် ဓားပြကြီးနာကြည်းမှု၏ အလံကို ချိတ်ဆွဲလာခဲ့ကြ၏။ ခေါင်းဆောင်သည် ငွေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထား၏။ ထိုမျက်နှာဖုံးပေါ်တွင် နာကြည်းမှုဟူသည့် စာလုံးကို ရေးသားထား၏။

ဤမြင်းသည်တော် အဖွဲ့သည် တကယ့်ကို အားကောင်းလွန်း၏။ အထူးသဖြင့် မျက်နှာဖုံးကို ဝတ်ဆင်ထား ခဲ့သည့် ခေါင်းဆောင်ပင် ဖြစ်၏။ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ပင်။ ထိုသူတို့သည် မည်သည့် စကားကိုမှ မဆိုချေ။ တိုက်ခိုက်ရေး အစီအစဉ်များနှင့်အတူ အဖွဲ့လိုက်ကြီး အထဲဆီသို့ ရောက်ရှိလာခဲ့၏။ သူ၏ဓားသည် လျှပ်စီးကဲ့သို့ပင် မြန်ဆန်၏။ မည်သူမှသည် သူ့နှင့်ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ချေ။ တစ်ဒါဇင်ကျော်ကိုသာ ခေါ်ဆောင်လာခဲ့သည်ဆိုသော်လည်း ထိုသူတို့သည် အားလုံးသောသူတို့အား တို့ဖူးအား လှီးဖြတ်သကဲ့သို့ပင် လွယ်လွယ်ကူကူ လှီးဖြတ်လျက်ရှိနေသည်။

ချက်ချင်းပင် တိုက်ပွဲ၏ အခြေအနေက ပြောင်းပြန်လန်သွားခဲ့၏။ အရှေ့တွင် ရှိနေသည့် ထန်မိသားစုမှ စစ်သည်များသည် စဉ်းတီတုံးပေါ်သို့ ရောက်နေသည့် ငါးများကဲ့သို့ပင် တဗိုင်းဗိုင်းနှင့် ခုတ်ဖြတ်ခြင်းကို ခံနေရ၏။

စုကျန့်ထင် ထောက်ပံ့ပေးခဲ့သည့် အနောက်တိုင်းကျွမ်းကျင်သူများသည် ဤအဖွဲ့နှင့် ယှဉ်ပြိုင်နိုင်ခဲ့၏။ သို့ပေမည့် မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် သိုင်းပညာရှင်မှာတော့ တကယ့်ကို အဆင့်မြင့်မားလွန်းလှ၏။ တစ်ယောက်တည်းနှင့်ပင် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်စွမ်းရှိနေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လူတော်တော်များများကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။

“ပြေး ပြေး”

ထန်မိသားစုဆီမှ လေးယောက်မြောက် သခင်လေးသည် မည်သို့မှ တောင့်ခံမထားနိုင်တော့ချေ။ ထို့ကြောင့် ထွက်ပြေးရန် အမိန့်ပေးလိုက်၏။

ပတ်ဝန်းကျင်တွင် ရှိနေသည့် အသက်ရှင်လျက်ကျန်ခဲ့သော ထန်မိသားစုမှ စစ်သည်တစ်ရာကျော်တို့သည် တစ်ယောက်ပြီးတစ်ယောက် ကြုံရာလမ်းကို ပြေးကြ၏။ အနောက်တိုင်းမှ ကျွမ်းကျင်သူ ၃၀ ကျော်သာလျှင် အသက်ရှင်ကျန်ရှိပြီး ၎င်းတို့သည်လည်း ညီညီညာညာဖြင့် နောက်သို့ ဆုတ်လိုက်ကြသည်။

မျက်နှာဖုံးနှင့်လူသည် တကယ့်ကို အားကောင်းလွန်း၏။ ပြေးရမည်လား။ သူတို့မည်သည့်နေရာကို ပြေးရမည်နည်း။

မျက်နှာဖုံးနှင့်လူသည် လျှပ်စီးကဲ့သို့ပင် မြန်ဆန်လွန်း၏။ သူသည် ချက်ချင်းပင် ထန်မိသားစု၏ လေးယောက်မြောက်သခင်လေးရှေ့ဆီသို့ ရောက်ရှိသွားခဲ့၏။ ပြီးနောက် ဦးခေါင်းကို ဓားဖြင့် ခုတ်ပိုင်းလိုက်၏။ ပြီးနောက် ငါးယောက်မြောက် သခင်လေးနှင့် ခုနစ်ယောက်မြောက် သခင်လေးတို့၏ ရှေ့၌ ပေါ်ပေါက်လာခဲ့ပြန်၏။

ဆွစ် ဆွစ်

ဓားသုံးချက်ကို ခုတ်ပိုင်းပြီးနောက် ထန်မိသားစု၏ သခင်လေးသုံးယောက်တို့သည် အစိတ်ပိုင်းရှစ်ပိုင်း အဖြစ်သို့ ခုတ်ပိုင်းသတ်ဖြတ်ခြင်း ခံခဲ့ရပြီဖြစ်၏။ တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီ။

မြင်း၏ကျောပေါ်တွင် ရှိနေသည့် မူလန်သည် လက်သီးကို ဆုပ်ကိုင်ကာ ပြောလိုက်၏။ “ရှင်က ဘယ်သူပါလဲ ဆရာကြီး။ ရွှမ်ဝူအိမ်တော်က ရှင့်ရဲ့အကူအညီအတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်”

မျက်နှာဖုံးနှင့်လူက ပြောလိုက်သည်။ “နာကြည်းမှု”

သူသည် အားလုံးသောသူတို့ ထိတ်လန့်ကြောက်ရွံ့ကြသည့် ဓားပြကြီးနာကြည်းမှုပင် ဖြစ်၏။

မူလန်က ပြောလိုက်သည်။ “လူကြီးမင်း နာကြည်းမှု... ရွှမ်ဝူအိမ်တော်က ရှင့်ရဲ့ ကျေးဇူးတရားကို မှတ်ထား ပါ့မယ်။ တကယ်လို့ လိုအပ်တာရှိရင် တစ်စုံတစ်ယောက်စေလွှတ်ပြီး သတင်းပေး ပေးပါ”

နာကြည်းမှုသည် မည်သည့်စကားမှ မဆိုချေ။ ဤကဲ့သို့ သူ့အစား အယောင်ဆောင်၍ အပြစ်ကင်းစင်သည့် လူများကို သတ်ဖြတ်ခြင်း၊ အပြစ်ကင်းစင်သည့် အမျိုးသမီးများကို စော်ကားအနိုင်အထက်ပြုခြင်းကို ပြုလုပ် နေသောကြောင့် သူ ထွက်လာခဲ့ခြင်းဖြစ်၏။ ဤအရာသည် သူ၏ ဂုဏ်သိက္ခာကို ပျက်စီးစေသည် မဟုတ်ပါလား။

သူသည် ဆိုးဝါးလွန်းသည့် လူများကိုသာ သတ်ဖြတ်တတ်၏။ ထို့အပြင် အဆင့်မြင့် ရာထူးရာခံနှင့်လူများကိုသာ သတ်ဖြတ်ပစ်၏။ အဆင့်နိမ့်ပါး အပြစ်ကင်းစင်သည့် လူများကို တစ်ချက်ကလေးမှ သတ်ဖြတ်ခဲ့သူ မဟုတ်ချေ။

“အဆင့်နိမ့်တဲ့သူတွေက အဆင့်မြင့်အကြီးအကဲတွေနဲ့ စကားပြောဆိုရမှာကို စိုးရွံ့ကြတယ်။ ရွှမ်ဝူအိမ်တော်လို အားကောင်းတဲ့ မိသားစုတစ်ခုကို ကျုပ် ဘယ်တော့မှ ထပ်မတွေ့ချင်ပါဘူး”

ပြီးနောက် ဓားပြကြီးနာကြည်းမှုသည် ညအချိန်မှာပဲ ပြန်လည်ကာ ထွက်ခွာပျောက်ကွယ်သွားခဲ့၏။

.......

နုရှောင့်မြို့၏ မြို့တော်ဝန်အိမ်ယာအတွင်းမှာတော့ …

“ကျုပ်တို့ ဘယ်တော့မှ ထပ်မတွေ့ဘူး ဟုတ်လား”

ရှမ့်လန်က ကြောင်သွားခဲ့၏။ ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ ကျုပ်လည်း ခင်ဗျားကို မတွေ့ချင်ပါဘူး။ ဒါပေမဲ့ ကလေးကရော”

ချောင်ယောင်းအာက ပြောလိုက်၏။ “အင်း.. ရှင်မွေးနိုင်ရင် မွေးပေါ့။ ဒါပေမဲ့ ကျွန်မဘေးနားမှာ မိန်းမပေါင်းများစွာ ရှိတယ်။ ဒီတော့ ကလေးတစ်ယောက်ကို မွေးမြူဖို့ဆိုတာက လုံလောက်တာထက်တောင် ပိုနေပြီ”

ဟုတ်ပေ၏။ ရှမ့်လန်သည် ကလေး၏အနာဂတ်အတွက် စိုးရိမ်ပူပန်နေခြင်းသာဖြစ်၏။ ထို့အပြင် သူသည် မနာလိုသလိုလည်း ခံစားနေမိ၏။

ပထမဦးဆုံး ချောင်ယောင်းအာဟာသည် အရည်အသွေး မပြည့်မီသည့် မိခင် တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ဤကလေးသည် အရည်အသွေး ပြည့်မီလွန်းသည့် မိန်းကလေးပေါင်းများစွာတို့၏ အောက်တွင် မွေးဖွားလာမည် ဖြစ်၏။ အဘယ်ကြောင့်ဆိုတော့ ချောင်ယောင်းအာ၏ စစ်သည်တော်များသည် မိန်းမများ ဖြစ်သောကြောင့်ပင်။

တချို့သော မိန်းမများသည် သိုင်းပညာကို မည်သို့ အသုံးပြုရမည်ဖြစ်ကြောင်း မသိဘူးဆိုလျှင်တောင်မှ ချက်ပြုတ်ခြင်းကို သိရှိ၏။ လက်ဖက်ရည် မည်သို့ဖျော်ရမည်ကို သိရှိ၏။ အဝတ်မည်သို့ လျှော်ရမည်ကို သိရှိ၏။ ကလေးသည် ဤကဲ့သို့သော မိန်းမများကြားထဲတွင် ကြီးပျင်းလာသည်ဆိုပါက အခြောက်ဖြစ်သွားနိုင်သည် မဟုတ်ပါလား။ ဤကလေး မိန်းကလေးဖြစ်ဖို့သာ သူမျှော်လင့်မိ၏။

“အင်း.. ခင်ဗျားကိုယ်ထဲမှာ ရှိနေတဲ့အရာကို ကျုပ်ပြန်ပြီး ထုတ်ပေးမယ်”

ရှမ့်လန်က ပြောလိုက်သည် “မဟုတ်ရင် ခင်ဗျား အတွင်းအား ထုတ်သုံးတာနဲ့ ခင်ဗျားရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ပွင့်ထွက်ပြီး သေသွားနိုင်တယ်။ ခင်ဗျားသေသွားတာ ကိစ္စမရှိဘူး။ ကျုပ်ကလေးပါ သေသွားအုံးမယ်”

ပြီးနောက် အခန်းထဲမှာတော့ ရှမ့်လန်သည် ဓားတစ်စင်းကို အသုံးပြုကာဖြင့် ချောင်ယောင်းအာ၏ ခန္ဓာကိုယ် ထဲတွင် ရှိနေသော သူထည့်ထားသည့် ဓာတ်သဘာဝ ပစ္စည်း သံလုံးငါးလုံးကို ပြန်လည် ထုတ်ယူလိုက်၏။ လေးခုသည် သူမ၏ ဘယ်ညာလက်ထဲတွင် ရှိနေပြီး တစ်ခုမှာတော့ သူမ၏ ဦးရေပြားထဲတွင် ရှိ၏။

ဤအရာများသည် တကယ့်ကို သေစေလောက်သည့် အရာမျိုးဖြစ်၏။ အနည်းငယ်လေးလှီးပြီး အထဲတွင် ရှိနေသည့် အရာများကို ထုတ်လိုက်ရုံအဖြစ် လွယ်ကူစွာ ထည့်သွင်းထားခြင်းဖြစ်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ထိုအရာအားလုံးကို ထုတ်ပြီး ဖြစ်သည်။

ချောင်ယောင်းအာသည် ရှမ့်လန်ကို ပထမဦးဆုံးအကြိမ်အဖြစ် သေသေချာချာ ကြည့်ရှုလိုက်၏။ “ရှင့်လို စိတ်ကောင်းရှိတဲ့လူတစ်ယောက်ကို တွေ့ရဖို့ဆိုတာ တကယ့်ကို ရှားရှားပါးပါးပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ချီးကျူးတဲ့အတွက် ကျေးဇူးပါပဲ”

“သွားကြစို့” ချောင်ယောင်းအာက ပြောလိုက်၏။

“မဟုတ်ဘူး။ ခင်ဗျား သွားလို့မရသေးဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ကျန်းကျင်းက စစ်သည်အပေါင်း ၆၀၀၀ ကျော်နဲ့ ရှိနေတယ်။ ကျုပ်သူ့ကို အနိုင်မယူနိုင်ဘူးလေ”

ချောင်ယောင်းအာက ပြောလိုက်၏။ “အဲဒါ ကျွန်မနဲ့ ဘာဆိုင်လို့လဲ”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား ကျုပ်နဲ့အတူ သရုပ်ဆောင်ပေးဖို့ လိုအပ်သေးတယ်။ ပထမဦးဆုံးအနေနဲ့ ကျုပ်ကို ဒီနေရာကနေ အောက်ပြန်ချပေး။ ပြီးတော့ ကျုပ်တို့က တိုက်ပွဲအဖြစ် တိုက်ခိုက်ရလိမ့်မယ်။ ကျုပ်တို့ရဲ့ လက်နက်တွေအကုန်လုံးက ခင်ဗျားတို့ကို ချိန်ပြီးသွားပြီ။ ကျုပ် လက်နက်တွေနဲ့ လှမ်းပြီး ပစ်မယ်”

“ခင်ဗျားက အတွင်းအား ထုတ်ပြီး ကျုပ်ပစ်လိုက်တဲ့ ခဲတွေကို ရိုက်ဖယ်လိုက်။ ပြီးရင် ခန္ဓာကိုယ်တစ်ခုလုံး ပွင့်ထွက်သွားသလို ဟန်ဆောင် ၊ လှဲချ … ပြီးရင် သေချင်ယောင်ဆောင်လိုက်တော့။ အန်းစိုက်ထျန်းက ဂိတ်တံခါးကို ဖွင့်ပေး။ ဒါဆိုရင် ကျုပ် အထဲကိုဝင်ပြီး ခင်ဗျားတို့ စစ်တပ်ကြီးနဲ့ တိုက်ခိုက်လို့ရပြီ”

“ဒါဆိုရင် ကျန်းကျင်းက အနောက်ကနေပြီး ကျုပ်တို့ကို တိုက်ခိုက်လာတော့မယ်။ သူက အနောက်ကနေပြီးတော့ အသာလေး နောက်ကျောကို ဓားနဲ့ထိုးချင်တာ မဟုတ်လား။ ဒီအတွက် ကျုပ်တို့ အတူတူပူးပေါင်းပြီးတော့ သူ့ကို သတ်ပစ်ရမယ်”

ရှမ့်လန်၏ တောင်းဆိုမှုကို ကြားသည့်အချိန်မှာတော့ ချောင်ယောင်းအာသည် နင်မလိုပင် ဖြစ်သွားခဲ့၏။ ဤအရာက များပြားလွန်း၏။ သူမ … ချောင်ယောင်းအာသည် ဘယ်တော့မှ သရုပ်မဆောင်ခဲ့ချေ။ ဘယ်တော့မှ သေချင်ယောင်ဆောင်တတ်သည့် လူတစ်ယောက် မဟုတ်ချေ။

“အမ် ဘာကြောင့် ကျွန်မက ဒါကို လုပ်ရမှာလဲ” ချောင်ယောင်းအာက ပြောလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျား ကျုပ်ကို အကြွေးတင်နေလို့ပေါ့။ ပြီးတော့ ခင်ဗျားကို ကုသပေးခဲ့တာ ကျုပ်။ ခင်ဗျားရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာ ကျုပ်။ ခင်ဗျား ဘာလို့ ကျုပ်ကို ကျေးဇူးကြွေး ပြန်မဆပ်တာလဲ။ ပြီးတော့ ခင်ဗျား ကျုပ်ကို အဓမ္မ ပြုကျင့်ခဲ့သေးတယ်။ ဒီကိစ္စအတွက် ခင်ဗျားကျုပ်ကို ဘာတွေ လျော်ကြေးပေးပြီးပြီလဲ”

ချောင်ယောင်းအာသည် အံကို ကြိတ်လိုက်၏။ အံသွားများကို ကြိတ်လိုက်ခြင်းကြောင့် တကျွတ်ကျွတ် အသံများပင် ထွက်ပေါ်လာခဲ့၏။ သူမသည် ဓားနှစ်စင်းကို ကောက်ကိုင်ကာ ပြောလိုက်၏။ “ကျွန်မ သေချင်ယောင် မဆောင်ချင်ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ခင်ဗျားအသက်ကို ကယ်တင်တဲ့အတွက် ကျုပ်ကို ကျေးဇူးကြွေး ပြန်ဆပ်ဖို့ အစီအစဉ်မရှိဘူးပေါ့။ ဟမ့်... လူတွေ အကျင့်စာရိတ္တတွေ ပျက်ယွင်းလာခဲ့ပြီပဲ”

ချောင်ယောင်းအာက ဒေါသတကြီး ပြောလိုက်၏။ “ကျွန်မ စစ်သည်တွေကိုခေါ်ပြီး ကျန်းကျင်းကို သွားတိုက်ခိုက်လိုက်မယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ကျန်းကျင်းက အခု ချောင်ရှောင်းရဲ့ ရဲတိုက်ထဲမှာ ရှိနေတယ်။ သူက အဲဒီနေရာကို အသာလေး ရယူထားခဲ့တာပဲ။ စစ်သည်ပေါင်း ၃၀၀၀ လောက်နဲ့ သွားတိုက်မယ်ဆိုရင်တောင် အနိုင်ရနိုင်မယ် မထင်ဘူး”

ချောင်ယောင်းအာက ပြောလိုက်၏။ “ကျွန်မ အနိုင်မယူနိုင်တဲ့ ရဲတိုက်ဆိုတာ လောကကြီးမှာ မရှိဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို ယုံပါတယ်။ ဒါပေမဲ့ လူဘယ်လောက်လောက် သေမလဲ။ ပြီးတော့ ခင်ဗျားရဲ့ အမိန့်ပေးမှုအောက်မှာ ရှိနေတဲ့ စစ်သည်တွေက ဘာအသက်တန်ဖိုးမှ မရှိဘူးလို့တော့ ကျုပ်ကို မပြောနဲ့နော်။ သူတို့ရဲ့ အသက်က ခင်ဗျားရဲ့ ဂုဏ်သိက္ခာလောက် အရေးကြီးနေလို့လား”

ချောင်ယောင်းအာက မျက်လုံးကို မှိတ်လိုက်၏။ သူမ လက်ရှိအခြေအနေတွင် ဤနေရာမှ ထွက်ခွာသွားချင်၏။ သို့ပေမည့် သူမ၏ခန္ဓာကိုယ်က နှေးကွေးလျက်ရှိနေ၏။ တကယ်တမ်းသာ ဆိုပါက ဓားကို ကောက်ကိုင်ကာ ရှေ့တွင် ရှိနေသည့်လူကို ခုတ်ပိုင်းချင်မိ၏။ ထိုသို့ဆိုလျှင် လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အေးချမ်းသွားမည် မဟုတ်ပါလား။

ချောင်ယောင်းအာသည် မည်သည့်စကားမှ မဆိုတော့ချေ။ ရှမ့်လန်၏ လည်ဂုတ်ကို ဆွဲကိုင်ကာဖြင့် အပြင်ဘက်သို့ လှမ်းထွက်လာခဲ့၏။ ပြီးနောက် ရဲတိုက်၏ ထိပ်ဝနေရာဆီသို့ ရောက်သည့်အချိန်မှာတော့ တိုက်ရိုက်ဆိုသလိုပဲ အောက်သို့ ပစ်ချလိုက်၏။

“စောက်တလွဲဟ”

ဤမိန်းမသည် တကယ့်ပင် မြင့်မားလွန်းသည့် ရဲတိုက်ကြီးအထက်ဆီမှသည် ရှမ့်လန်အား ခွေးလေး၊ ကြောင်လေးတစ်ကောင်ကဲ့သို့ အောက်သို့ ပစ်ချခဲ့၏။ တကယ်တမ်း အမိကမ္ဘာမြေနှင့် နှိုင်းယှဉ်မည်ဆိုပါက ဤရဲတိုက်ကြီးသည် ငါးထပ်တိုက်အဆောက်အအုံကဲ့သို့ မြင့်မားသည်။

ရှမ့်လန်သည် မျက်ပြူးဆန်ပြာ ဖြစ်သွားခဲ့၏။

ချက်ချင်းပင် ကျင်းဟွေ့၊ ရှမ့်ဆယ့်သုံး၊ ကျင်းရှိယန်နှင့် တခြားသောသူများသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ပြီးသည့်နောက် ရှမ့်လန်ကို ဝိုင်းကာ ဆီးဖမ်းလိုက်သည်။

ဤအချိန်မှာတော့ ရှမ့်လန်သည် ဘောင်းဘီထဲ သေးထွက်ကျလုမတတ် ဖြစ်ခဲ့၏။

“ချီးတဲ့မှ.. ဒီဟာမက ကြောက်စရာပဲ။ ငါ့မိန်းမ ပြောတာ အမှန်ပဲ။ ချောင်ယောင်းအာက တကယ့်ကို နတ်ဆိုးမပဲ။ သူက အပိုင်းတစ်ထောင်ကျော်လောက် ခုတ်သတ်ခြင်းကို ခံသင့်တဲ့ မိန်းမပဲ”

All Chapters