← Chapters

အခန်း (၂၄၄)

Vol. 18 Ch. 244

အခန်း (၂၄၄)

Vol. 18 Ch. 244

အစားအစာပေါင်း ၅၀၀၀ ကျင်းကို ကျင်းချန်ကျွန်း ဆိပ်ကမ်း၌ ချခဲ့၏။ ပြီးနောက် ရွက်သင်္ဘောအားလုံးသည် အမြန်ဆန်ဆုံးသော နှုန်းထားဖြင့် နုရှောင့်မြို့ဆီသို့ ဦးတည်ကြ၏။ ထိုကဲ့သို့ပင် ရှမ့်လန်၏ လုံခြုံရေးအတွက် ကျင်းကျိုးသည် ကျင်းချန်ကျွန်းကိုပင် လက်လျှော့ပေးခဲ့၏။

ထန်လွမ်က တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ ဤကဲ့သို့ လေးနက်သည့် မေတ္တာတရားဆိုတာ လောကကြီးထဲတွင် တည်ရှိနေသေးသည်လား။

မြို့စားကြီးကျင်းကျိုး၏ နှလုံးသားထဲတွင်တော့ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ ချောင်ဟောင်၏ ပင်လယ်ဓားပြ ၄၀၀၀ သည် နုရှောင့်မြို့ဆီသို့ သွားလျက် ရှိ၏။ ဤအရာသည် ရှမ့်လန်အတွက် ကြီးမားသည့် ဘေးဒုက္ခကြီး ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဆိုလိုသည်မှာ ဤရန်သူများသည် ရှမ့်လန်၏ အစီအစဉ်ကို ကြိုတင်ကာ မသိရှိနေခြင်းပင်။ “လန်အာ... မင်း အသက်ရှင်နေမှဖြစ်မယ်။ တောင့်ခံထား.. အဖေလာပြီ”

......

နုရှောင့်မြို့၏ အတွင်းမှာတော့ ကျန်းကျင်းသည် လက်ရွေးစင် စစ်သည်ပေါင်း ၆၀၀၀ ကျော်ကို ဦးစီးပြီး မြို့တော်ဝန်၏ အိမ်တော် တည်ရှိရာဆီသို့ လှိုင်းလုံးကြီးများကဲ့သို့ပင် အရှိန်အဟုန် ကောင်းကောင်းနှင့် ရောက်ရှိလာ၏။ ကောင်းကင်က ကြည့်ရှုမည်ဆိုလျှင် သံချပ်ဝတ်များကို ဝတ်ဆင်ထားခဲ့သည့် စစ်သည်များသည် ဂဏန်းများကဲ့သို့ အုပ်လိုက်ကြီး ရွေ့လျားလာခြင်းပင်။

ဤစစ်သည်များသည် နုကျန့်မြို့၏ တရားဝင် စစ်တပ်ကြီးမှ ဖြစ်၏။ တော်ဝင်မျိုးနွယ်များ၏ ကိုယ်ပိုင်စစ်သည်များထက် ပိုမို၍ တိုက်ရည်ခိုက်ရည် မြင့်မားသည်။

ကျန်းကျင်းသည် သူ၏ စစ်မြင်းကြီးကို စီးနင်းပြီး သွေးများ ဆူပွက်ပွက်လာခဲ့၏။ “အဖေ... မြင်ပြီလား။ အဖေ့ရဲ့သား အောင်မြင်မှုတွေ ရရှိတော့မယ်။ ကျုပ်အောင်မြင်တော့မယ်။ အဖေ့ရဲ့သားက ရှမ့်လန်ကို သုတ်သင်ပစ်မယ်။ ပြီးတော့ ပင်လယ်ဓားပြအားလုံးကိုလည်း သုတ်သင်ပစ်မယ်။ အဖေ့ရဲ့သားက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာအတွင်းမှာ မြင်ရခဲတဲ့ အောင်မြင်မှုမျိုးကို ရအောင် လုပ်ပေးနိုင်တယ်”

“လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ကျင်းမိသားစုရဲ့ ဘိုးဘေးကြီး ဘာတွေ လုပ်နိုင်တာလဲ။ ကျုပ် အဲ့ဒါတွေ အကုန်လုံးကို လုပ်နိုင်တယ်။ အဖေ့ရဲ့သားက တိုက်ပွဲမှာ အနိုင်ယူပြီးတော့ အဖေ့ကို ယန်ကျိုးစီရင်စုရဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ထိုင်ခုံဆီ ပို့ပေးမယ်”

“ရှမ့်လန် ဘယ်လောက် ထူးချွန်တယ်ဆိုတဲ့ အကြောင်း အဖေ အမြဲတမ်း ပြောတယ်နော်။ ဒါပေမဲ့ အဖေ့ရဲ့သားက ပိုပြီးတော့ ထူးချွန်ကြောင်း အဖေ့ကို သက်သေပြမယ်။ သားသုံးယောက်ထဲမှာ ကျုပ် ကျန်းကျင်းက အထူးချွန်ဆုံးပဲ။ ရှမ့်လန်ဆိုတာ လူပြက်သာသာပဲ။ ကျုပ်နဲ့ နှိုင်းယှဉ်လို့ မရဘူး”

လက်ရွေးစင်စစ်သည်ပေါင်း ၆၀၀၀ ကျော်ကို ဦးစီးပြီးနောက် သူသည် ရှေ့ဆီသို့ လှမ်းတက်လျက် ရှိ၏။ မြေပြင်တစ်ခုလုံးပင်လျှင် တဝုန်းဝုန်းနှင့် တုန်ခါနေ၏။ နုရှောင့်မြို့အတွင်းတွင် ရှိနေသည့် အိမ်နှင့် ဆိုင်ခန်းများ အားလုံးတို့သည် တံခါးများပိတ်သွား၏။ ပြတင်းပေါက်တံခါးများကိုပင် တင်းတင်းကျပ်ကျပ် ပိတ်လိုက်ကြ၏။

လောကကြီး တစ်ခုလုံး ပြောင်းလဲတော့မည်လား။ နုရှောင့်မြို့သည် ရွှဲ့ပြည်နယ်၏ နယ်မြေတစ်ခု ဖြစ်လာတော့ မည်လား။ ကျေးဇူးပြုပြီး မလုပ်ပါနှင့်။ ဤနေရာသည် မကောင်းမှုမြို့တော် မဟုတ်ပါလား။ လွတ်လပ်သည့် မြို့တော်အဖြစ်မှ အဘယ့်ကြောင့် စည်းစနစ်ကျသည့် မြို့တော်အဖြစ်သို့ ပြောင်းလဲရမည်နည်း။

.........

မြို့တော်ဝန်အိမ်ရာ၏ ရဲတိုက်အတွင်းမှာတော့ တိုက်ခိုက်သည့် အသံများနှင့် သတ်ဖြတ်ခြင်းအသံများကို ကြားနေရ၏။ တိုက်ခိုက်သတ်ဖြတ်ခြင်း၏ အသံသည် ကောင်းကင်ယံ တစ်ခုလုံးကိုပင် တုန်ခါစေခဲ့ပြီး ဆိုးဆိုးဝါးဝါး နာကျည်းစွာ အော်ဟစ်သည့် အသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေ၏။

သို့ပေမည့် အစစ်အမှန်တရားမှာတော့ ရှမ့်လန်နှင့် ချောင်ယောင်းအာ၏ စစ်သည်များသည် လျှောက်ကာ အော်ဟစ်နေကြခြင်း ဖြစ်၏။ လက်နက်များကို မြှောက်ကာဖြင့် လက်နက် အချင်းချင်း တဝုန်းဝုန်းနှင့် ထိခိုက်သံများအဖြစ် ပြုလုပ်ကြ၏။ ထိုအချိန်မှာပဲ လူတစ်ယောက်က ပြေးဝင်လာခဲ့၏။ သူမသည် ရှမ့်လန်၏ သက်တော်စောင့်ဖြစ်သော ဟွမ်ဖန်ပင် ဖြစ်သည်။

ဤတစ်ကြိမ်မှာ ရှမ့်လန် နုရှောင့်မြို့ကို ဝင်ရောက်တိုက်ခိုက်သည့်အချိန်တွင် သူမသည် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်ကို ခေါ်ဆောင်ပြီး လိုက်ပါလာခဲ့၏။ ထိုလူများသည် ကောင်းကင်တာအို အဖွဲ့အစည်းဆီမှ ဖြစ်၏။ ရှမ့်လန်သည် နုရှောင့်မြို့ကို အချိန်အတိုဆုံး နှုန်းဖြင့် သိမ်းပိုက်နိုင်ခဲ့၏။

“ကျန်းကျင်းက သူ့ရဲ့ စစ်သည်တွေကို ခေါ်လာခဲ့ပြီ။ လက်ရွေးစင် စစ်သည်ပေါင်း ၆၀၀၀ ကျော်က လမ်းပေါ် ရောက်နေပြီ”

ရှမ့်လန်က ပျော်ရွှင်သွားခဲ့၏။ နောက်ဆုံးတွင် ရောက်လာခဲ့ပြီ ဖြစ်၏။ ဤအချိန်မှာတော့ ချောင်ယောင်းအာ သည် မည်သည့် စကားကိုမှ မဆိုချေ။ သူမ၏ ဓားကြီးနှစ်လက်ကို အသာကောက်ကိုင်ပြီး ရုတ်တရက် ထွက်ခွာသွားရန် ပြင်လိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား ဘာလုပ်မလို့လဲ”

ချောင်ယောင်းအာက ပြောလိုက်သည်။ “လမ်းမှာ ရှိတဲ့ လူတွေကို အကုန်သတ်ရမှာပေါ့”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား ရူးနေလား။ ခင်ဗျားရဲ့ ရဲတိုက်ကြီးကို ခင်ဗျား မကာကွယ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အရင်သွားတိုက်ခိုက်မှာလဲ”

ချောင်ယောင်းအာသည် တစ်လုံးချင်းဆီ ပြောလိုက်သည်။ “ကျွန်မ သရုပ်ဆောင်တာကို မကြိုက်ဘူး။ ပြီးတော့ ကျွန်မက ခုခံကာကွယ်ရတယ် ဆိုတာကို မကြိုက်ဘူး။ တိုက်ခိုက်တဲ့ အလုပ်ကိုပဲ လုပ်တယ်”

သူနားလည်၏။ သူကိုယ်တိုင်ပင် ဆိုးဆိုးဝါးဝါးနှင့် အောက်သို့ ရောက်ရှိခဲ့ဖူးသည်မဟုတ်ပါလား။ ချောင်ယောင်းအာသည် တကယ့်ကို တိုက်ခိုက်သူ တစ်ယောက်ဖြစ်၏။

ချောင်ယောင်းအာသည် ရှစ်ချင်းချင်းကို လှမ်းကြည့်ပြီး ရှားရှားပါးပါး ကြင်နာသော လေသံဖြင့် ပြောလိုက်သည်။ “ရှစ်ချင်းချင်း... ရှင့်ရဲ့ ရန်သူက ကျန်းကျင်း မဟုတ်လား။ ကျွန်မအခု ရှင့်အတွက် လက်စားချေပေးမယ်။ ရှမ့်လန်.. ဒီရဲတိုက်ကြီးကို ရှင့်အတွက် ထားခဲ့ပြီ။ ကျွန်မ ဒီကို ပြန်လာတော့မှာ မဟုတ်ဘူး”

ပြီးနောက် နတ်ဆိုးမသည် လက်ရွေးစင် စစ်သည်ပေါင်း ၂၀၀၀ ကို ဦးဆောင်ပြီး တွေ့သမျှ လူအားလုံးကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ သူမ၏ အလွန်ရှည်လျားလွန်းသည့် ခြေတံများသည် စစ်မြင်းတစ်ကောင်ထက်ပင် ပိုမိုကာ မြန်ဆန်စွာ ပြေးနိုင်၏။

သူမ အဘယ့်ကြောင့် မြင်း မစီးရသနည်း။ ဟုတ်ပေ၏။ သူမသည် မြင်းထက် မြန်ဆန်လွန်းနေခဲ့၏။ သူမ၏ ကြီးမားသည့် ဓားကြီးနှစ်လက်သည် ကီလိုဂရမ် ၂၀၀ ကျော် လေးလံ၏။ ထို့ကြောင့် မြင်းစီးမည်ဆိုပါက မြင်းသည် ပြေးနိုင်လိမ့်မည် မဟုတ်ချေ။

ရှမ့်လန်သည် ရှစ်ချင်းချင်းကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ဒီမိန်းမရဲ့ ဦးခေါင်းထဲမှာ တစ်ခုခုများ လွဲမှားနေတာလား”

ရှစ်ချင်းချင်း၏ မျက်လုံးများက နီမြန်းသွားခဲ့သည်။ “ရှင့်ရဲ့ ခေါင်းထဲမှာပဲ တစ်ခုခု လွဲမှားနေတာ။ လောကမှာ သူမက တကယ်ကို အံ့အားသင့်စရာ လူတစ်ယောက်ပဲ။ ဘယ်လို ယောက်ျားမျိုးနဲ့မှ သူမ မထိုက်တန်ဘူး။ ရှင်ဆို ပိုလို့တောင် မထိုက်တန်သေးတယ်”

ပြီးနောက် သူမသည် ရဲတိုက်ရှေ့ဆီသို့ ပြေးသွား၏။ သူမသည် အမြင်ဆုံးနေရာတွင် ရပ်ပြီး ချောင်ယောင်းအာ တိုက်ခိုက်သည်အား ကြည့်ချင်မိသည်။

...........

ကျန်းကျင်း၏ လက်ရွေးစင် စစ်သည်ပေါင်း ၂၀၀၀ တို့သည် တဖြည်းဖြည်း နီးကပ်လာခဲ့၏။ သူသည် စိတ်လှုပ်ရှားလျက် ရှိနေ၏။ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးများအားလုံးသည် ဆူဝေလျက် ရှိနေ၏။

မီတာတစ်ရာအနီးနားတွင် အဓိက ရဲတိုက်ကြီးကို မြင်ရချိန်မှာတော့ သူက အော်ဟစ်လိုက်သည်။

“ရှမ့်လန်... ခွေးကောင်၊ မင်းထွက်ခဲ့ပြီး သေစမ်း။ ရှမ့်လန် မင်းအသက်ကို ငါ့ကို ပေးစမ်း။ ရှမ့်လန် မင်းက လောကကြီးတစ်ခုလုံး အေးချမ်းစေဖို့ ကောင်းမွန်တဲ့အစီအမံတွေ လုပ်ဆောင်နိုင်တယ်လို့ ထင်နေတယ် မဟုတ်လား။

ဒါပေမဲ့ မင်းမထင်တာက မင်းရဲ့ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းကို ငါ့အဖေက ကြိုပြီး တွက်ချက်ထားတာပဲ။ မင်းဒီနေရာမှာ သေရမယ်။ ဒီနေရာက မင်းသေရမဲ့နေရာပဲ။ ဒီနေ့က မင်းသေရမဲ့နေ့ပဲ။ ရွှမ်ဝူအိမ်တော်နဲ့ ကျင်းမိသားစုက လောကကြီးကနေ ပျောက်ကွယ်သွားရမယ်။ ကျန်းမိသားစုရဲ့ တိုးတက်လာမှုကို ဒီနေ့ကစပြီး မြင်ရလိမ့်မယ်။ တက်စမ်း၊ တက်ကြ” ကျန်းကျင်းက အော်ဟစ်လိုက်၏။

သူ၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် အရှိန်အဟုန်ပြင်းပြင်းနှင့် ပေါ်ပေါက်လာ၏။ ပြီးနောက် သူသည် ပင်လယ်ဓားပြဘုရင်၏ ရဲတိုက်ဂိတ်တံခါးဆီမှ လူတစ်ယောက် ပြေးထွက်လာသည်ကို မြင်လိုက်ရ၏။ ထိုသူသည် အလွန်မြန်ဆန်လွန်း၏။ အသွင်အပြင် အမူအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း မရှိချေ။

သို့ပေမည့် ရုတ်တရက် ထွက်ပေါ်လာခဲ့သည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ဤဆန်းကြယ်သည့် ခန္ဓာကိုယ်သွင်ပြင်နှင့်အတူ အလွန်ရှည်လျားသည့် ခြေတံနှစ်ခု၊ အထူးသဖြင့် ထိုသူ သယ်ပိုးလာခဲ့သော ကြီးမားလွန်းသည့် ဓားကြီးနှစ်စင်းသည် ကြောက်စရာကောင်းလွန်းလှ၏။ ကျိန်းသေပေါက် ထိုသူသည် နတ်ဆိုးမပင် ဖြစ်ရပေလိမ့်မည်။

အရာအားလုံးကို တိုက်ခိုက်အနိုင်ယူနိုင်စွမ်းရှိနေသည့် ရဲရင့်လွန်းသော ချောင်ယောင်းအာ... အဘယ့်ကြောင့် သူမ ဖြစ်နေရသနည်း။ သူမ သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။ သူမ သေဆုံးသွားခဲ့သည်ကို သူ၏ နောက်လိုက်များက မျက်လုံးနှင့် ကိုယ်တိုင် မြင်ခဲ့သည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် သူမက သရုပ်ဆောင်ခဲ့သည်လား။

‘ခင်ဗျားလို ပြိုင်ဘက်ကင်းတပ်မှူး တစ်ယောက်ကတောင်မှ ဒီလို သရုပ်ဆောင်မှုကို ပြုလုပ်တယ် ဟုတ်လား။ ဘာလို့ ရှမ့်လန်နဲ့ ပူးပေါင်းလိုက်ရတာလဲ။ ဖြစ်နိုင်တာ၊ ဖြစ်နိုင်တာ.. သူ ရှမ့်လန်နဲ့ အိပ်ခဲ့တာလား’

ကျန်းကျင်းသည် ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားခဲ့၏။ သို့ပေမည့် အလွန်လျင်မြန်စွာပဲ သူ၏ တိုက်ခိုက်လိုခြင်း ဆန္ဒများသည် ကောင်းကင်ယံဆီသို့ လွင့်တက်လာခဲ့၏။ အားလုံးသော သူတို့သည် ချောင်ယောင်းအာမှာ ပြိုင်ဘက်ကင်းသည်ဟု ပြောဆိုကြ၏။ မည်သူပို၍ အားကောင်းကြောင်းကို သူ သိချင်၏။

သူ ... ကျန်းကျင်းသည် ကျိန်းသေပေါက် တိုက်ခိုက်ရပေလိမ့်မည်။ သို့ပေမည့် သူရှေ့ဆီသို့ သွား၍ မရသေးချေ။ ပတ်ဝန်းကျင်တွင် ရှိနေသည့် သစ္စာရှိ စစ်သည်အားလုံးတို့သည် အနောက်ဆီမှ ရှေ့သို့ လှမ်းတက်ကာ သူ့ကို ကာကွယ်တားဆီးထားခဲ့သည်။

“တပ်မှူးကို ကာကွယ်ထားကြ”

“ဒုတိယသခင်လေးကို ကာကွယ်ထားကြ” စစ်သည်ပေါင်း ၁၀၀ ကျော်တို့သည် ချက်ချင်းပဲ ကျန်းကျင်းကို ဝိုင်းရံပြီး ကာကွယ်ပေးလိုက်ကြ၏။

ချောင်ယောင်းအာ ရှေ့ဆီသို့ ပြေးလာသည့် အမြန်နှုန်းသည် အလွန်မြန်ဆန်၏။ သူမ၏ နောက်လိုက် နောက်ပါအားလုံးတို့သည် မြင်းများကို စီးနင်းပြီး ပြေးတက်လာသည်။ သို့ပေမည့် သူမသည် ထိုမြင်းများထက် ပိုမိုမြန်ဆန်ကာ ပြေးနိုင်နေသည်။

ရုတ်တရက် ဆိုသလိုပဲ သူမသည် ကျန်းကျင်း၏ စစ်သည်ပေါင်း ၆၀၀၀ ရှိသည့် စစ်တပ်ထဲသို့ ပြေးဝင်သွားခဲ့၏။ ဤအရှိန်အဟုန်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူမသည် စစ်သည်ပေါင်း ၆၀၀၀ ကျော်တို့၏ ကြားထဲသို့ ရဲရဲဝံ့ဝံ့ တိုးဝင်သွားခဲ့၏။ အလွန်ကြမ်းတမ်းလွန်းသည့် ဒိုင်နိုဆောကြီးတစ်ကောင် ဝံပုလွေအုပ်ထဲသို့ ပြေးဝင်သွားခြင်းနှင့် ဆင်တူ၏။

ဆွစ်

ကြီးမားလွန်းသည့် ဓားကြီးနှစ်လက်သည် လေထဲ၌ ဝှေ့ယမ်းလျက်ရှိနေ၏။ မည်သည့် တိုက်ကွက်ကိုမှ ထုတ်ဖော် တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ ဤကဲ့သို့ တိုက်ခိုက်ခြင်းကိုလည်း မည်သူမှ မပြုလုပ်နိုင်ချေ။ ဓားနှစ်လက်ကို ဝှေ့ယမ်း၍ ဝင်ရောက်သွားခြင်းသည် ပန်ကာတစ်ခုထက်ပင် ပိုမိုကာ မြန်ဆန်လျက် ရှိ၏။ ကောင်းကင်က ငြင်းပယ်ရလောက်သည့် လက်နက်တစ်ခုကဲ့သို့ပင်။

ချောင်ယောင်းအာသည် တစ်ယောက်တည်း ရှေ့ဆီသို့ လှမ်းတက်သွားခဲ့၏။ သူမသည် အလွန်မြန်ဆန်ပြီး သူမ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ လူပေါင်းများစွာတို့သည် သေဆုံးကုန်ကြ၏။ မည်သူမှသည် သူမအနားဆီသို့ အနီးမကပ်ရဲချေ။ ကပ်သွားသည်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခု မဟုတ် တစ်ခုက ပြတ်တောက်ကာ လွင့်စင်သွားခဲ့သည်။ မည်သူမှသည် သူမနှင့် မယှဉ်ပြိုင်နိုင်ခဲ့ချေ။ အားလုံးသောသူတို့သည် သေဆုံးခြင်းအဖြစ်သို့သာ ရောက်ရှိသွားကုန်ကြသည်။

သူမသည် သတ်ဖြတ်ခြင်း .... သတ်ဖြတ်ခြင်း ... သတ်ဖြတ်ခြင်းကိုသာ ပြုမူနေ၏။ သူမသည် ပြိုင်ဘက်ကင်း တပ်မှူးတစ်ယောက် မဟုတ်ချေ။ လူသတ်စက်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်၏။ အားလုံးသောသူတို့ဆီသို့ ဝင်ရောက်ပြီး သတ်ဖြတ်ခြင်းကိုသာ ပြုလုပ်နေ၏။ တစ်ဖက်လူများသည် ချပ်ဝတ်၊ ဒိုင်းကာ မည်သည့်အရာကိုပဲ ကိုင်ဆောင်ထား ... ကိုင်ဆောင်ထား အသုံးမဝင်ချေ။ သူမသည် ဓားသွားကို အသာဝှေ့ယမ်းပြီး သတ်ဖြတ်လျက် ရှိနေ၏။ သူမ၏ ဓားသွားအောက်တွင် အသက်ရှင်ကျန်ရစ်သူဟူ၍ မရှိချေ။ အရာအားလုံးတို့သည် ပြိုလဲပြီး အလောင်းကောင်အဖြစ်သို့ ပြောင်းလဲနေ၏။

ရှစ်ချင်းချင်းနှင့် ရှမ့်လန်တို့သည် ထိုမြင်ကွင်းကို ကြည့်ရှုရင်း အလုံးစုံ ဆွံ့အလျက် ရှိနေ၏။ သူတို့၏ ဒူးများပင် ခွေယိုင်လုမတတ် ဖြစ်နေ၏။ အထူးသဖြင့် ရှစ်ချင်းချင်းပင် ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်ထဲတွင် စိတ်လှုပ်ရှားမှု များနှင့် ပြည့်နှက်လာခဲ့၏။ လောကကြီးတွင် ကောင်းကင်ကိုပင် ငြင်းပယ်နိုင်စွမ်းရှိသည့် လူတစ်ယောက် ရှိနေသည်လား။ ထို့အပြင် ဤလူသည် အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။

ရှမ့်လန်သည်လည်း ကျောက်တုံးတစ်ခုကဲ့သို့ပင် တောင့်တောင့်ကြီး ကြည့်ရှုနေမိ၏။

‘ချီးတဲ့မှ... ဒီလို မိန်းမမျိုးနဲ့ ငါတကယ် အိပ်ခဲ့တာလား။ ငါဂုဏ်ယူရမှာလား။ ် အသက်ရှင်လျက် ရှိနေသေးတာပဲ ကံကောင်းနေပြီ’

ကျင်းရှိယန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်နေခဲ့၏။ ချောင်ယောင်းအာသည် ကျော်ကြားလွန်း၏။ ထိုအရာကို သူ သိရှိပြီး ဖြစ်၏။ သို့ပေမည့် သူ ချောင်ယောင်းအာကို တိုက်ခိုက်နိုင်လိမ့်မည်ဟု တွေးထင်ခဲ့၏။ တကယ်တမ်းမှာတော့ တစ်ဖက်လူ၏ တိုက်ခိုက်ချက်တစ်ခုကိုတောင် သူ ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။

သမက်တော်၏ စီမံဆောင်ရွက်မှုကောင်းသောကြောင့်သာလျှင် သူတို့ နုရှောင့်မြို့ကို သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်၏။ မဟုတ်ပါက ကျင်းမိသားစုမှ လူ ၂၀၀၀ လုံးသည်သာ သေဆုံးသွားပေလိမ့်မည်။ ချောင်ယောင်းအာကို ဘာတစ်ခုမှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ချောင်ယောင်းအာ ဆိုသည့် အမျိုးသမီးသည် ရန်သူမည်သူလဲ ဆိုသည်ကို မေးမြန်းလိမ့်မည် မဟုတ်ချေ။ ဓားနှစ်လက်ကို ကိုင်ဆွဲပြီး မည်သည့် ရန်သူကိုပဲဖြစ်ဖြစ် ရှေ့ဆီသို့ တိုးကာ သတ်ဖြတ်မှာ သေချာ၏။

ချောင်ယောင်းအာ၏ တိုက်ရိုက်စစ်သည်များကလည်း ရှေ့ဆီသို့ လှမ်းတက်သွားခဲ့၏။ သူမ၏ လက်အောက်တွင် ရှိနေသည့် စစ်သည်အားလုံးတို့သည် အမျိုးသမီးအများစု ဖြစ်၏။ သို့ပေမည့် တိုက်ခိုက်သည့် အချိန်တိုင်းတွင် အင်ပြည့်အားပြည့် တိုက်ခိုက်ကြ၏။ ဤအမျိုးသမီးများ၏ သိုင်းပညာသည် အဆင့်အတန်း မမြင့်မားချေ။ သို့ပေမည့် ချောင်ယောင်းအာ၏ လွှမ်းမိုးမှုခံထားရသောကြောင့် ကောင်းကင်ယံတစ်ခုလုံး၌ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အရှိန်အဟုန်ကောင်းကောင်းနှင့် ဖြစ်တည်နေခဲ့၏။ ဤလူများအားလုံးတို့သည် ချောင်ယောင်းအာ၏ အဆင့်နိမ့် ကိုယ်ခွဲ အမျိုးသမီးများကဲ့သို့ပင် ပြောင်းလဲသွားခဲ့ကြသည်။

ဘေးတစ်ဖက်တွင်ရှိနေသည့် ကျင်းဟွေ့က ပြောလိုက်၏။ “သမက်တော်.... ကျုပ်တို့ ... ကျုပ်တို့ ဝင်ပြီး တိုက်ခိုက်ရမှာလား”

ဆိုလိုသည်မှာ သူတို့ ရွှမ်ဝူအိမ်တော်မှ စစ်သည်များသည် ရှေ့ဆီသို့ လှမ်းတက်ပြီး ချောင်ယောင်းအာကို ကူညီကာ တိုက်ခိုက်ရမည်လား။

ရှမ့်လန်သည် ခဏလောက် တွေးတောလိုက်၏။ ပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ထားလိုက်တော့ ... ထားလိုက်ပါတော့။ ဒီမိန်းမက ရူးသွပ်နေတာပဲ။ ငါတို့ လူတွေကိုပါ ရောပြီး အသတ်ခံနေရအုံးမယ်”

ပြင်းထန်သည့်တိုက်ပွဲကြားတွင် ချောင်ယောင်းအာသည် သူ့ဘက်၊ကိုယ့်ဘက် သိပ်ပြီး ခွဲခြားနိုင်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ရွှမ်ဝူအိမ်တော်ဆီမှ စစ်သည်များ၏ မျက်နှာကို ချောင်ယောင်းအာက မှတ်မိလိမ့်မည် မဟုတ်သောကြောင့်ပင်။ တွေ့သမျှ၊ မြင်သမျှ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မှာ သေချာလေ၏။

..............

ယုံကြည်စိတ်ချရသည့် စစ်သည်တော် ၁၀၀ ကျော်တို့သည် ကျန်းကျင်းကို ကာကွယ်ထားခဲ့၏။ တစ်ယောက်ပြီး တစ်ယောက် ဆိုသလိုပဲ ကျန်းကျင်း၏ ရှေ့၌ ပိတ်ဆို့ကာ တားဆီးထား၏။ သို့ပေမည့် အားလုံးသော အရာများသည် သဲထဲရေသွန်သကဲ့သို့ပင်။

အားလုံးသောသူတို့သည် ချောင်ယောင်းအာ၏ လွယ်လွယ်ကူကူ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ကျန်းကျင်း၏ ရှေ့၌ပိတ်ဆို့ကာ ကာကွယ်ပေးနေသည့် လူများသည် တဖြည်းဖြည်း နည်းပါးလာခဲ့၏။ အလွန် လျင်မြန်စွာပဲ ချောင်ယောင်းအာသည် ကျန်းကျင်း၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သူမ၏ ခြေထောက်အောက်တွင် အလောင်းပေါင်းများစွာ ရေတွက်၍ မရနိုင်အောင် ပြန့်ကျဲနေ၏။

ကျန်းကျင်းသည် မြင်းကို စီးနင်းကာ ရှေ့သို့ တိုးလာ၏။ သူ၏ နှလုံးခုန်သံများက မြန်ဆန်လျက်ရှိနေသလို သူ၏ ကျောရိုးမကြီးကလည်း စိမ့်တက်နေ၏။ သို့ပေမည့် သူနောက်ကို ဆုတ်၍ မဖြစ်ချေ။ ကျိန်းသေပေါက် နောက်ကို ဆုတ်လိမ့်မည်လည်း မဟုတ်ပေ။ ငကြောက်များသာလျှင် နောက်ကို ဆုတ်ပေလိမ့်မည်။

ချောင်ယောင်းအာသည် ခဏရပ်တန့်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ ဘာကို ဆိုလိုသနည်း။ သူမသည် ကျန်းကျင်းဆီသို့ အရှိန်အဟုန်ကောင်းကောင်းဖြင့် ပြေးဝင်လာတော့မည် ဖြစ်၏။ ဤနတ်ဆိုးမ သည် ကြောက်မက်စရာကောင်းလွန်းသလို မောက်မာလွန်းလှ၏။ ကျန်းကျင်းသည် အရှက်ခွဲခံရသလိုပင် ခံစားနေမိ၏။

“ချောင်ယောင်းအာ... ခင်ဗျားက အားကောင်းတယ်ဆိုရင်တောင်မှ ကျုပ် ... ကျန်းကျင်းကလည်း အားမနည်းဘူး။ ဘယ်လိုဖြစ်ပြီး ဒီလို မောက်မာနေရတာလဲ။ ကျုပ်ကို မမျှမတ တိုက်ခိုက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

သူ၏ မြင်းအရှိန်အဟုန်သည် အလွန်ပြင်းထန်ပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မည်ဆိုပါက တစ်ဖက်လူသည် တစ်ခါတည်း လွင့်စင်သွားပေမည်။ တစ်ဖက်လူ မည်မျှ အားကောင်းသည်ဆိုဆို အရိုးနှင့်အရည် တခြားစီပင် ဖြစ်သွားနိုင်၏။ တစ်ဖက်လူ သူ၏ မြင်းကို တားဆီးနိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။ ထို့ကြောင့် ကျန်းကျင်းသည် မြင်းနှင့် အရှေ့ဆီသို့ လှမ်းတက်လိုက်သည်။

တိုက်ခိုက်ရေး တည်နေရာတစ်ခုလုံးက ရပ်တန့်သွားခဲ့၏။ ဤနေရာသည် ကွင်းပြင်ကြီးကဲ့သို့ပင် ဖြစ်သွားခဲ့၏။ အလယ်တွင် ကျန်းကျင်းနှင့် ချောင်ယောင်းအာတို့ တိုက်ခိုက်ဖို့ မြေနေရာထင်းထင်းကြီး ကျန်ရစ်ခဲ့၏။

“သွားစမ်း... ဟေး”

ကျန်းကျင်းသည် အလွန်လျင်မြန်စွာဖြင့် မြင်းကို မောင်းနှင်လိုက်၏။ သူသည် အကန့်အသတ်တစ်ခုဆီသို့ ရောက်သည်အထိ မြင်းကို အရှိန်နှင့် မောင်းနှင်ခဲ့သည်။ သူ၏ အမြန်နှုန်းသည် တစ်စက္ကန့် မိုင် ၂၀ နီးပါးဆီသို့ပင် ရောက်ရှိသွားခဲ့၏။ ဤမြင်းသည် လီတစ်ထောင်ပြေးသည့် မြင်းဖြစ်သည်။

မြင်းနှင့် ကျန်းကျင်းတို့၏ အရှိန်သည် တကယ့်ကို အရှိန်အဟုန် ကြီးမားလွန်း၏။ အမြန်နှုန်းကလည်း ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

“သတ်၊ သတ်စမ်း”

ကျန်းကျင်းသည် သူ၏ဓားမော့ကြီးကို မြှောက်ကာဖြင့် မြင်းကြီးနှင့်အတူ ရှေ့ဆီသို့ ပြေးတက်လာခဲ့သည်။

ထိုအချိန်မှာတော့ အားလုံးသောသူတို့သည် အသက်ကိုပင် ရဲရဲမရှုရဲကြချေ။ ဤသို့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုသည် ကြောက်ခမန်းလိလိ အရှိန်အဟုန်ကို ဖြစ်စေပေမည်။

ချောင်ယောင်းအာသည် ရှောင်ဖို့ မကြိုးစားပေဘူးလား။ ချောင်ယောင်းအာသည် နေရာမရွှေ့ဘဲ ရပ်တန့်လျက်ရှိနေပြီး ကျန်းကျင်း သူမဆီသို့ အရှိန်အဟုန်ပြင်းပြင်းနှင့် ဝင်လာသည်ကို စောင့်ကြည့်နေ၏။

၁၀ မီတာ ...

၅ မီတာ ...

၁ မီတာ ....

တည့်တည့်ဆီသို့ ရောက်ရှိလာခဲ့၏။ ချောင်ယောင်းအာသည် သူမ၏ ဓားကို မသုံးချေ။ ထိုအစား လက်သီးနှင့်သာ ထိုးလွှတ်လိုက်သည်။

“ဘန်း”

ကျယ်လောင်လွန်းသည့် အသံကြီး ထွက်ပေါ်လာခဲ့သည်။ လီတစ်ထောင်ပြေးသော မြင်းသည် နာကျင်စွာ အော်ဟစ်လိုက်၏။ ခန္ဓာကိုယ်တစ်ခုလုံးက နောက်သို့ လွင့်စင်သွားခဲ့၏။

ပြီးနောက် မြင်းသည် ပါးစပ်မှ သွေးများ အန်ထွက်လာခဲ့၏။ မြင်း၏ ဦးခေါင်းရှိအရိုးများက ကျိုးကြေပြီး သေဆုံးသွားခဲ့သည်။

မြင်း၏ ကျောပေါ်တွင် ရှိနေသည့် ကျန်းကျင်းသည်လည်း နောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ သူသည် မြေပေါ်သို့ မကျခင်မှာပဲ ချောင်ယောင်းအာ၏ ဆွဲဖမ်းခြင်းကို ခံခဲ့ရ၏။ ကျန်းကျင်းက အားကောင်း၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ပင် လေထဲ၌ ဖမ်းဆီးခြင်း ခံခဲ့ရ၏။

ကျန်းကျင်းသည် တိုက်ခိုက်ရေးစွမ်းရည်မြင့်မားသည်။ သို့ပေမည့် ချောင်ယောင်းအာ၏ မျက်လုံးထဲမှာတော့ ရှမ့်လန်နှင့် ဘာမှ မခြားနားချေ။ အားလုံးသောသူတို့သည် အားနည်းလွန်းသည့် ကြက်ပေါက်များပင်။ မည်သည့် တိုက်ပွဲဟူ၍မှ မဖြစ်ခဲ့ချေ။ တစ်ခါတည်း ချက်ချင်း တိုက်ခိုက်အနိုင်ယူခဲ့ခြင်းပင်။

၁၅ မိနစ်ခန့်ကြာပြီးနောက် တိုက်ပွဲတစ်ခုလုံးသည် ပြီးဆုံးသွားခဲ့၏။ နုရှောင့်မြို့တိုက်ပွဲသည် အဆုံးသတ် သွားခဲ့၏။ ရှမ့်လန်နှင့် သူ၏စစ်သည်များသည် တိုက်ပွဲအဆုံးသတ်သွားသည်အထိ တစ်ချက်ကလေးမှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ တိုက်ခိုက်ဖို့လည်း အခွင့်အရေး မရခဲ့ပေ။

ဤသို့ပင် ပြီးဆုံးသွားခဲ့၏။

All Chapters