← Chapters

အခန်း (၂၄၇)

Vol. 18 Ch. 247

အခန်း (၂၄၇)

Vol. 18 Ch. 247

လေ့ကျိုးကျွန်းစု၏ ဒုတိယအကြီးဆုံးကျွန်းတစ်ခုဖြစ်သော ကောင်းကင်လေကျွန်းတွင်တော့ ရွက်သင်္ဘော တစ်စင်း ရပ်ထား၏။

ဤကျွန်းပေါ်တွင် ရဲတိုက်ငယ်လေး တည်ရှိပြီး တောင်စောင်း၏ ထိပ်တည်နေရာတွင် တည်ဆောက်ထား၏။ ကျွန်းသည် ၁၇၀၀ စတုရန်း ကီလိုမီတာခန့် ရှိပြီး ကျွန်း၏အရှေ့တွင် ကြီးမားလွန်းသည့် သစ်တောကြီး တည်ရှိနေ၏။ ထို့အပြင် ကြီးမားလွန်းသည့် သင်္ဘော တည်ဆောက်ခြင်း လုပ်ငန်းခွင် တစ်ခုလည်း ရှိသည်။

ရဲတိုက်၏အတွင်းဘက်မှာတော့ .....

ကျန်းချုံးသည် ပထမထပ်တွင် ရှိနေပြီး လက်ထဲတွင် စစ်တုရင်အရုပ်ကို ကိုင်ကာဖြင့် ကစားလျက် ရှိနေ၏။ သူတစ်ယောက်တည်း စစ်တုရင်ကို ကစားနေခြင်း ဖြစ်၏။ သူသည် ဤနေရာတွင် နာရီ ၂၀ ကျော်ကြာ စောင့်မျှော်နေခဲ့သည်။ သို့ပေမည့် မည်သည့်သတင်းမှ ရောက်ရှိမလာခဲ့ချေ။ သတင်းကောင်း မလာသလို သတင်းဆိုးလည်း မလာခဲ့ချေ။

ကျန်းချုံးသည် စစ်တုရင်အရုပ်ကို အသာကိုင်ထား၏။ မျက်ရည်များက သူ၏မျက်နှာထက်မှ ကျဆင်းနေခဲ့၏။ “ထိပ်ဆုံးကို ရောက်ဖို့ အစီအစဉ်တွေကလည်း အောက်ဆုံးကို ရောက်သွားနိုင်တယ်”

……

“ကျန်းချုံးရဲ့ အစီအစဉ်က အံ့အားသင့်စရာပဲ။ ကျန်းချုံးရဲ့ အစီအစဉ်က အံ့အားသင့်စရာပဲ”

ရှမ့်လန်သည် ဤစကားကို အထပ်ထပ် ရွတ်ဆိုလျက်ရှိနေ၏။ သူသည် အထပ်ထပ် သက်ပြင်းချလျက် ရှိနေသေးသည်။

ကျင်းဟွေ့နှင့် ရှမ့်ဆယ့်သုံးတို့သည် နားမလည်နိုင်ကြချေ။ သူတို့သည် အနိုင်ရရှိခဲ့ပြီဖြစ်၏။ အဘယ့်ကြောင့် သမက်တော်သည် ထိုကဲ့သို့ တတွတ်တွတ်နှင့် ရွတ်ဆိုနေရသနည်း။ ကြည့်ရှုရသည်မှာ နောင်တအပြည့်နှင့် ပြောဆိုနေသည့်ပုံစံလည်း ပေါ်လို့နေ၏။ သို့ပေမည့် ရှမ့်လန်သည် မကြာခင်မှာပင် စိတ်သက်သာရာ ရသလို ခံစားလိုက်မိ၏။ သူသည် အောင်ပွဲ၏ ပျော်ရွှင်မှုကို စတင်ကာ ခံစားလာမိ၏။

...............

နုရှောင့်မြို့ထဲတွင်ရှိနေသည့် ကုန်သည်များသည် တကယ်ကို ရည်မှန်းချက် ကြီးမားလွန်း၏။ ၎င်းတို့သည် စစ်ပွဲပြီးဆုံးသွားသည်နှင့်တပြိုင်နက် တံခါးဖွင့်ကာ စီးပွားရေး ပြန်လည်ပြုလုပ်ရန် မစောင့်နိုင်တော့ချေ။

ထို့အပြင် ရှမ့်လန်သည် ဖိတ်စာပေါင်း တစ်ထောင်ကျော်ကို လက်ခံရရှိခဲ့၏။ ထိုဖိတ်စာများနှင့်အတူ လက်ဆောင် ပစ္စည်းပေါင်းများစွာတို့ကလည်း ပါဝင်လျက် ရှိနေသေး၏။ ရှမ့်လန်သည် မည်သည့် လက်ဆောင်ပစ္စည်းကိုမှ ငြင်းပယ်ခဲ့ခြင်း မရှိချေ။

သူ၏ အသိအမြင်များသည် အလုံးစုံ ပြောင်းလဲသွားခဲ့၏။ လောကတွင် သူမသိသေးသော ရှားပါးလွန်းသည့် ရတနာများ တည်ရှိနေခဲ့၏။ သို့ပေမည့် ဆိုးရွားသည်မှာ မည်သူမှသည် သူ့ဆီသို့ မိန်းမလှလေးများ မပေးပို့ခြင်းပင်။ သူ ... ရှမ့်လန်အား အလွန် သန့်ရှင်းစင်ကြယ်သည့် လူတစ်ယောက်ဟု တစ်ဖက်လူများက ထင်မှတ်နေသည်လား။

ရှုရှုသည် ရှမ့်လန်အား ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်၏။ သူမသည် ပျော်ရွှင်မှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ ဤအသက်အရွယ်တွင် ကိုယ်ဝန်ဆောင်နိုင်ခဲ့၏။ ထိုအရာက တကယ့်ကို သာယာပျော်ရွှင်မှုများနှင့် ပြည့်နှက်စေသည့်အရာပင်။

ဟုတ်ပေ၏။ ရှမ့်လန်၏ အမြင်အရဆိုလျှင် ၃၆ နှစ်၊ ၃၇ နှစ် ဆိုသည်မှာ အိုမင်းသည် မဟုတ်ချေ။ အမျိုးသမီးများအတွက် အကောင်းမွန်ဆုံးသော အသက်အရွယ်ပင် ဖြစ်၏။ ရှမ့်လန်သည် အခွင့်အရေးကို အရယူပြီး သူမ၏ ဝမ်းဗိုက်ထဲရှိနေသည့် သန္ဓေသားကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤကလေးသည် တကယ့်ကို ကျန်းမာ သန်စွမ်းလျက် ရှိနေ၏။ အန်းစိုက်ထျန်းတစ်ယောက် ပျော်ရွှင်နေလိမ့်မည်ဟု သူက ယုံကြည်မိ၏။

လွယ်ကူသည့် အရာမျိုး မဟုတ်ချေ။ အလွန်ခက်ခဲသည့် သူလျှိုတာဝန်ကို ပြုလုပ်ပြီး ရန်သူ၏ လက်ထဲတွင် နေထိုင်ခဲ့ရ၏။ ဆယ်နှစ်ကျော်ပင် ကြာမြင့်ခဲ့၏။ ဤနှစ်များအတွင်း အန်းစိုက်ထျန်းသည် တကယ်ပင် လက်စားချေရန် မျှော်လင့်ချက်ဟူ၍ တစ်ချက်ကလေးမှ မရှိတော့သည့် အခြေအနေမျိုးဆီသို့ပင် ရောက်ရှိခဲ့ဖူးသည်။

အောင်မြင်မည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိလာမလား မသေချာသည့် အခြေအနေမျိုးတွင် သူသည် တစ်ဖက်လူ၏ ရဲတိုက်အောက်တွင် ဆယ်နှစ်ကျော်ကြာ ပုန်းကွယ်နေထိုင်ခဲ့၏။ ဤရဲတိုက်ကြီးသည် သူ၏ အိမ်ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

ဤသမားတော်ကြီး အန်းစိုက်ထျန်း၏ မျက်နှာတွင် မျက်ရည်များဖြင့် ရွှဲစိုလျက်ပင် ရှိနေသေး၏။ သူသည် ပြောပြောဆိုဆို ရယ်ရယ်မောမောဖြင့် ရှိလိုနေခဲ့၏။ ထို့အတူ တစ်ခါတစ်ရံတွင် ပြောနေရင်းမှ ဝမ်းနည်းစွာဖြင့် ထကာ အော်ငိုတတ်သေး၏။

“သခင်ကြီး.. ကောင်းကင်ကနေ မြင်ရဲ့လား။ သမက်တော်က ခင်ဗျားအတွက် လက်စားချေပေးခဲ့ပြီ။ အဖေ.... ကောင်းကင်ကနေ မြင်ရဲ့လား။ ကျုပ်တို့ အဖေ့အတွက် လက်စားချေနိုင်ခဲ့ပြီ”

ရှမ့်လန်က ပြုံးလိုက်သည်။ “ဦးလေးထျန်း.... ခင်ဗျားရဲ့ မျက်နှာက ဟွမ်ဖန်ထက်တောင် ပိုပြီးတော့ ရုပ်ဆိုးနေ သေးတယ်။ ခင်ဗျား ဘယ်လိုဖြစ်ပြီးတော့ ရှုရှုလို လှပတဲ့ မိန်းကလေးတစ်ယောက်ကို ရှာနိုင်ရတာလဲ”

ဟွမ်ဖန်သည် ဘေးတစ်ဖက်တွင် ခံစားချက်ကင်းမဲ့စွာဖြင့် မတ်မတ်ရပ်လျက် ရှိနေလေ၏။ သိုင်းပညာကို ကျင့်ကြံခဲ့သည့် လူများသည် တကယ့်ကို စိတ်တည်ငြိမ်ရသည်။ မည်သည့် အရာကိုမှ တုန်လှုပ်နေ၍ မဖြစ်ချေ။ မဟုတ်ပါကလည်း သူမ ရှမ့်လန်ကို သတ်ပစ်မိသည်မှာ ဆယ်ကြိမ်ကျော် နေလောက်ပေပြီ။

ရှမ့်လန်က သက်ပြင်းချကာ ပြောလိုက်၏။ “ဒါ မမျှတဘူး။ ကျုပ်ဆီမှာ အဲလို သူငယ်ချင်းတစ်ယောက် ရှိတယ်။ ဒါပေမဲ့ သူ့ခမျာ ရုပ်ဆိုးတယ် ဆိုရင်တောင်မှ တစ်ဘဝလုံး မိန်းမမရခဲ့ဘူး”

အန်းစိုက်ထျန်းက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ သူငယ်ချင်းက တကယ့်ကို ဆိုးဝါးတဲ့ အခြေအနေကို မကြုံတွေ့ခဲ့ရလို့ပဲ။ တကယ့်ကို ဆိုးဝါးတဲ့ အခြေအနေကပဲ လူသားတစ်ယောက်ရဲ့ နှလုံးသားကို ပိုပြီး တန်ဖိုးကြီးမားတယ်လို့ ထင်မြင်မိစေတာ”

ဤအရာက အဓိပ္ပာယ်ရှိလွန်းလှ၏။

ရှုရှုက ပြောလိုက်သည်။ “ချောင်ထျန်းဝေက တကယ့်နှာဘူးကောင်ကြီး။ ကျွန်မ ကိုယ်ဝန်မဆောင်ခင်တုန်းက သူ ကျွန်မကို ရံဖန်ရံခါဆိုသလို နှိပ်စက်တတ်တယ်။ အချိန်တိုင်း ကျွန်မရဲ့ ရောဂါတွေကို ကုသပေးခဲ့တာ ဒီသမားတော်ကြီး ပေါ့။ သူက လူကောင်းတစ်ယောက်လို့ ကျွန်မ ထင်ခဲ့တယ်”

ရှမ့်လန်သည် ဤစကားစု၏ နောက်ကွယ်၌ ဖုံးကွယ်ထားသည့် အဓိပ္ပာယ်ကို နားလည်လိုက်၏။ ဟုတ်ပေ၏။ ဤရှုရှုသည် သနားကြင်နာတတ်သည့် စိတ်အခံကို ပိုင်ဆိုင်သည့် ဤသမားတော်ကြီးနှင့် အိပ်စက်ခဲ့ခြင်းပင် ဖြစ်၏။ အံ့အားသင့်စရာပင်။

ရှမ့်လန်က ပြောလိုက်၏။ “ချောင်ထျန်းဝေက တစ်ချက်ကလေးမှ သတိမပြုမိဘူးလား”

ရှုရှုက ပြောလိုက်သည်။ “သူက တကယ့်ကို မောက်မာဝင့်ကြွားတဲ့ လူတစ်ယောက်လေ။ သူ့ကိုယ်သူ အရမ်း ချောမောတဲ့ လူတစ်ယောက်လိုလည်း ထင်နေတယ်။ သမားတော်ကြီးက အရမ်းကို ရုပ်ဆိုးပြီး ကပိုကရိုနဲ့ စုတ်စုတ်ပြတ်ပြတ် နေထိုင်တာ မဟုတ်လား။ မြို့တော်ဝန်အိမ်ရာမှာရှိတဲ့ မိန်းမပေါင်းများစွာက သူ့ကို တစ်ချက်ကလေးမှ ဂရုမစိုက်ခဲ့ဘူး။ ဒါကြောင့် ချောင်ထျန်းဝေက ကျွန်မ သူ့ကို မကြိုက်နိုင်ဘူးလို့ ထင်ခဲ့တာပေါ့”

ရှမ့်လန်သည် အန်းစိုက်ထျန်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ တကယ်ပင် ဝတ်ပုံစားပုံမှာ စုတ်စုတ်ပြတ်ပြတ်နှင့် ကပိုကရိုပင် ဖြစ်၏။ မုတ်ဆိတ်မွေးများက ရှည်လွန်း၏။ ကျိန်းသေပေါက် အမျိုးသမီးများသည် မတူညီသည့် အရသာခံစားမှု ရှိနေလေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “အဒေါ်ကြီး... ရှုမိသားစုက ကျောင်းတော်သား မိသားစုတစ်ခုပဲ။ ခင်ဗျား တကယ် အိမ်မပြန်တော့ဘူးလား”

ရှုရှုသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “မပြန်တော့ဘူး။ ကျွန်မက မိသားစုရဲ့ အရှက်သိက္ခာတရား ပဲလေ။ ကျောင်းတော်သား မိသားစုထဲမှာ မိန်းကလေးတွေသာ ဒီလို ကိစ္စမျိုးတွေဖြစ်သွားရင် မိမိကိုယ်ကိုယ် သတ်သေရမယ်။ ကျွန်မလိုမိန်းမမျိုးကတော့ သတ်မသေဘဲ အခုထိ အသက်ရှင်နေထိုင်ခဲ့တယ်လေ။ ဒါက ရှက်စရာပဲ”

ရှမ့်လန်သည် သူမကို နှစ်သိမ့်ရန် မည်သည့်စကားမှ မဆိုနိုင်တော့ချေ။ အလုံးစုံသော အတွေ့အကြုံများကို ခံစားပြီးသည့် မိန်းမတစ်ယောက်သည် သူ၏နှစ်သိမ့်မှုကို လိုအပ်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် သူမ၌ သားနှင့်သမီး ရှိနေသေးကြောင်း ရှမ့်လန်က သိရှိ၏။ အဘယ့်ကြောင့် မိမိကိုယ်ကို သတ်သေရမည်နည်း။

ရှမ့်လန်သည် ရေနွေးအိုးလေးကို အသာကောက်ယူပြီး အန်းစိုက်ထျန်းနှင့်အတူ ကြီးမားသည့် ရဲတိုက်ကြီးထဲသို့ လှည့်လည်သွားလာ ကြည့်ရှု၏။ ဤရဲတိုက်ကြီးကို တည်ဆောက်ရန်အလို့ငှာ ချောင်ထျန်းဝေသည် ဆယ်နှစ်ကျော်ကြာ အသုံးပြုခဲ့ရပြီး လူပေါင်းတစ်သိန်းကျော်ကို အသုံးပြုခဲ့ရ၏။ တကယ့်ကို ဖောက်ထွင်း၍ မရနိုင်သည့် ရဲတိုက်ကြီးတစ်ခုကဲ့သို့ပင်။ မြင့်မားပြီး ထူထဲသည့် ရဲတိုက်နံရံကြီးကလည်း တည်ရှိ၏။ ရွှမ်ဝူအိမ်တော်ထက်ပင် ပိုမိုကာ ကောင်းမွန်၏။

ချောင်ထျန်းဝေသည် ချောင်မိသားစု၏ ရာစုနှစ်ကြာ အခြေခံများကို အသုံးပြု၍ ဤရဲတိုက်ကြီးကို တည်ဆောက် ခဲ့ခြင်း ဖြစ်၏။ သူတို့၏ မိသားစု နောင်အစဉ်အဆက် တည်ရှိနေထိုင်သွားရန် ကြိုးစားခဲ့၏။ သို့ပေမည့် ထိုကဲ့သို့ အရာအားလုံးတို့သည် ရှမ့်လန်နှင့် ကျင်းမိသားစုအတွက် ပြုလုပ်ခဲ့ခြင်းနှင့်ပင် ဆင်တူခဲ့သည်။

“သမက်တော်... ဒီရဲတိုက်ကြီးက ကျုပ်တို့ မိသားစုအပိုင် ဖြစ်လာလိမ့်မယ်လို့ ကျုပ် တစ်ခါမှ မထင်ဖူးခဲ့ဘူး။ ဒါက အိပ်မက်တစ်ခုလိုပဲ” အန်းစိုက်ထျန်းသည် လှမ်းလျှောက်ရင်း လေထဲသို့ လွင့်မျောနေသလိုပင် ခံစားနေမိ၏။ သူသည် ရဲတိုက်ကြီး၏ တစ်လက်မ ပတ်လည် နေရာတိုင်းကို အလွန် မုန်းတီးသည့်လူ ဖြစ်ခဲ့သော်လည်း လက်ရှိအခြေအနေမှာတော့ ခြေလှမ်း ချသမျှအရာအားလုံးက ချစ်စဖွယ်ကောင်းနေသည်ဟုပင် ခံစားနေမိ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီ ရဲတိုက်ကြီးက အရမ်းကို မာကျောတယ်။ ဒါပေမဲ့ ချောင်ထျန်းဝေရဲ့ အလှအပနဲ့ ပတ်သက်တဲ့ ခံစားမှုက တကယ့်ကို နိမ့်ပါးလွန်းတယ်။ ရွှမ်ဝူအိမ်တော်လောက် နေရထိုင်ရ သက်သာမှု မရှိဘူး”

အန်းစိုက်ထျန်းက ပြောလိုက်၏။ “သူက ပင်လယ်ဓားပြပဲလေ။ သူ့ရဲ့ စိတ်ခံစားချက်တစ်ခုလုံးက အကာအကွယ် အတွက်ပဲ အာရုံစိုက်ထားတာ။ ကျုပ်တို့လို တော်ဝင်မျိုးနွယ်တွေနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ။ ကျုပ်တို့က စစ်တပ်အတွက် ခုခံကာကွယ်မှုကိုလည်း ဦးစားပေးထားသလို အလှအပအတွက်လည်း ဦးစားပေးထားတယ်။ ဒီနှစ်ခုကို ယှဉ်ထားတဲ့အချိန်မှာ ကျုပ်တို့က မာကျောပြီး လှပတဲ့ အရာမျိုး ဖြစ်လာခဲ့တာပေါ့”

ပြီးနောက် သူသည် တစ်စုံတစ်ခုကို ထပ်မံကာ ပြောချင်၏။ သို့ပေမည့် တွန့်ဆုတ်သွားခဲ့၏။ နုရှောင့်မြို့ကို သိမ်းပိုက်ပြီး ရှမ့်လန်သည် မြို့၏ အကာအကွယ်တစ်ခုလုံးအား ကျင်းရှိယန်ဆီသို့ လွှဲပေးလိုက်ပြီး စီးပွားရေး ကိစ္စအရပ်ရပ်အားလုံးကိုမူ ဟွမ်တုံဆီသို့ လွှဲပေးလိုက်၏။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အရာအားလုံးကို တစ်ချက်ကလေးမှ သူ ဂရုမစိုက်တော့ချေ။

အန်းစိုက်ထျန်းသည် ကျင်းရှိယန်နှင့် ပတ်သက်၍ စိတ်အေးချမ်းသာမှု ရှိ၏။ ထို့အပြင် ဤကလေးသည် မြို့စားအိမ်တော်၏ မွေးစားသားပင် ဖြစ်၏။ ရှမ့်လန်နှင့်ပတ်သက်၍ နှလုံးသားထဲတွင် အကြိတ်အခဲများ တည်ရှိနေသည်ဆိုလျှင်တောင်မှ မြို့စားကြီးကို အလုံးစုံသစ္စာရှိသူတစ်ယောက် ဖြစ်သည်။ သို့ပေမည့် ဟွမ်တုံမှာတော့ အပြင်လူတစ်ယောက် ဖြစ်၏။

သို့ပေမည့် ရှမ့်လန်သည် နုရှောင့်မြို့၏ အခြေအနေအရပ်ရပ်သည် အခြားသောတည်နေရာများနှင့် ခြားနားလျက် ရှိနေကြောင်း ကောင်းကောင်း သိရှိပြီး ဖြစ်၏။ အဓိကအားဖြင့် ဤမြို့သည် ကုန်သွယ်ရေးဇုန်ကြီးတစ်ခုပင် ဖြစ်၏။ အလွန် ကျွမ်းကျင်သည့် လူများမှသာလျှင် စီမံခန့်ခွဲနိုင်စွမ်း ရှိပေလိမ့်မည်။

ကျင်းမိသားစုသည် နုရှောင့်မြို့ကို သိမ်းဆည်းရယူပြီး စီမံခန့်ခွဲမည်ဆိုပါက လစ်ဟင်းမှုပေါင်းများစွာ ပေါ်ပေါက်မှာ သေချာ၏။ မြေနေရာ၊ အခွန်အခ၊ သင်္ဘောဆိပ်ကမ်းများ၊ စစ်တပ်အကာအကွယ်၊ သင်္ဘောလမ်းကြောင်းများ၊ အရာအားလုံးကို စီမံခန့်ခွဲဖို့ဆိုသည်မှာ လွယ်ကူသော အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် စီးပွားရေး ကိစ္စအရပ်ရပ် အားလုံးကို ကောင်းကင်တာအိုအဖွဲ့အစည်းဆီသို့ လွှဲပြောင်းပေးခဲ့ခြင်းပင် ဖြစ်၏။

ကျင်းမိသားစုနှင့် ကောင်းကင်တာအိုအဖွဲ့အစည်းတို့သည် မဟာဗျူဟာမြောက် မဟာမိတ်များပင် ဖြစ်၏။ ပိုက်ဆံထက် ပိုမိုကာ အရေးကြီးသည့် မိတ်ဖက်များ ဖြစ်လာခဲ့၏။ ထို့အပြင် ဟွမ်တုံသည် တကယ့်ကို ဉာဏ်ကောင်းလွန်း၏။ ရှမ့်လန် ဉာဏ်ကောင်းကြောင်းကိုလည်း ကောင်းကောင်းသိသူ တစ်ယောက်ပင်။ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်မှုတွင် ပျော်ရွှင်စရာကောင်းလှ၏။ အနည်းဆုံး ယင်ယွမ်အဖွဲ့အစည်း ရှုံးနိမ့်သည့် အချိန်အထိ သူတို့ နှစ်ဖွဲ့သည် အလွန်ရင်းနှီးစွာဖြင့် ဆက်ဆံနေထိုင် ပူးပေါင်းသွားရမှာ ဖြစ်သည်။

................

ဟွမ်တုံသည် ပိုမိုကာ စိတ်လှုပ်ရှားလျက် ရှိနေ၏။ အန်းစိုက်ထျန်းထက်ပင် ပိုမိုကာ စိတ်လှုပ်ရှားနေ၏။ လက်ရှိ အခြေအနေမှာတော့ သူသည် အရေးအကြောင်း အခြေအနေမျိုးတွင် ရှမ့်လန်ပေးသည့် အခွင့်အရေးကို ကောင်းကောင်း ဆုပ်ကိုင်နိုင်ခဲ့၏။ ထို့ကြောင့်ပင် သူက ပျော်ရွှင်နေမိ၏။ သူသည် ကောင်းကင်ယံအပေါ်သို့ လွင့်တက်သွားသလိုပင် ခံစားနေမိ၏။

ယနေ့ခေတ်၏ အရှေ့ဘက်လောကကြီးတွင် ကောင်းကင်တာအိုအဖွဲ့အစည်းသည် ယင်ယွမ်အဖွဲ့အစည်း၏ ဖိနှိပ်ခြင်းကို ခံထားရပြီး အန္တရာယ် ကျရောက်နေခဲ့၏။ မှန်စီးပွားရေးလုပ်ငန်း လုပ်ငန်းသည် ယင်ယွမ်အဖွဲ့အစည်း ၏ စီးပွားရေး လက်ဝါးကြီးအုပ်မှုကို ဖယ်ရှားနိုင်ပြီး သူတို့ကို အသက်ရှူချောင်စေခဲ့၏။ အနည်းဆုံး သူတို့သည် ဤတည်နေရာတွင် ဖျက်ဆီးခြင်း ခံရတော့မည် မဟုတ်ချေ။

သို့ပေမည့် ယခု နုရှောင့်မြို့တိုက်ပွဲမှာတော့ ပိုမိုကာ ကြီးမားခဲ့၏။ ဆိုလိုသည်မှာ ရွှဲ့ပြည်နယ်၏ အရှေ့ဘက်ပိုင်းတွင် ရှိနေသည့် ပင်လယ်ပြင် ကုန်သွယ်ရေးဇုန် တစ်ခုလုံးသည် ကောင်းကင်တာအိုအဖွဲ့အစည်း၏ လက်ထဲသို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။ ဤအောင်ပွဲကိုဖော်ညွှန်းရန် စကားလုံးများကို ထုတ်ဖော် အသုံးပြုရန်ပင် ခက်ခဲပေလိမ့်မည်။ ထိုမျှ ကြီးကျယ်ခမ်းနားလှသည်။

ဤနေရာကို တိုက်ခိုက်ရန် ရှမ့်လန် စီစဉ်ခဲ့သည့်အချိန်က ကောင်းကင်တာအိုအဖွဲ့အစည်းသည် ရှမ့်လန်၏ နောက်ဆီသို့ ကျွမ်းကျင်သူ ၁၀၀ ကျော်ကို စေလွှတ်ခဲ့၏။ အဆုံးသတ်မှာတော့ ထိုကျွမ်းကျင်သူ ၁၀၀၀ ကျော်ကို သုံးပင် မသုံးခဲ့ရချေ။

ချောင်ယောင်းအာ တစ်ယောက်တည်းကသာလျှင် အရာအားလုံးကို ရဲရဲဆိုင်ဆိုင် ဖြေရှင်းသွားခဲ့၏။ မိန်းမ တစ်ယောက်သည် လောကကြီးတစ်ခုလုံးကို အနိုင်ယူနိုင်စွမ်း ရှိနေသည်မှာ အမှန်ပင် ဖြစ်မည်။ သို့ပေမည့် ရှမ့်လန်က ထိုမိန်းမကို အနိုင်ယူခဲ့၏။ ချောမောခြင်းဆိုသည်မှာ မိမိ လုပ်ချင်ရာကို ပြုလုပ်နိုင်သည့် အဓိပ္ပာယ်ပင် ဖြစ်နေလေသည်လား။

ကံဆိုးစွာဖြင့် အစ်ကိုဟွမ်တုံသည် ဆရာလန်ကို အထင်အမြင်သေးခဲ့မိ၏။ ဆရာလန်ကိုသာ အထင်ကြီးသည်ဆိုပါက မည်သည့် စစ်သည်များကိုမှ ထည့်ပေးလိမ့်မည်မဟုတ်ချေ။ သို့ပေမည့် သူ၏ စိတ်စေသနာကိုတော့ ပြသနိုင်ခဲ့သည်။

နုရှောင့်မြို့ကို သိမ်းပိုက်ပြီး နာရီအနည်းငယ်အတွင်းမှာပဲ ဟွမ်တုံသည် များပြားလွန်းသည့် ကိုယ်စားလှယ်များ၊ မြို့ရှိ အဓိက ရပ်မိရပ်ဖများနှင့် စတင်ကာ တွေ့ဆုံခဲ့၏။

တစ်ဖက်လူများ၏ အဆင်မပြေသည့် မြှောက်ပင့်ပြောဆိုမှုများကို နားထောင်ပြီးသည့်နောက် ဟွမ်တုံသည် ထိုသူတို့အား ထပ်တလဲလဲ နှစ်သိမ့်လျက် ရှိနေ၏။ တချို့အရာများက မပြောင်းလဲသော်လည်း တချို့သော စည်းမျဉ်းများမှာတော့ ပြောင်းလဲသွားပေလိမ့်မည်။ သို့ပေမည့် အားလုံးသော သူတို့ ရရှိနိုင်သည့် အကျိုးခံစားခွင့်သည် ကျိန်းသေပေါက် ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။ နည်းခြင်း၊ များခြင်း အနည်းငယ်လောက်တော့ ရှိပေလိမ့်မည်။

တကယ့် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် နာရီအနည်းငယ်ကြာ တွေ့ဆုံပြီးသည့်နောက် ဟွမ်တုံသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ အစည်းအဝေးပြီးသည့်နောက် သူသည် မှတ်တမ်း မှတ်ရာများကို ယူဆောင်ကာဖြင့် ရှမ့်လန်ဆီသို့ သတင်းပေးပို့၏။

ရှမ့်လန်သည် ထိုအရာကို တစ်ချက်သာလျှင် ကြည့်ရှု၏။ အစည်းအဝေးခန်း၏ စည်းမျဉ်းစည်းကမ်းများက တကယ့်ကို အရေးကြီးမား၏။ ထိုအရာသည် စီးပွားရေးဆိုင်ရာ ပြုမူဆောင်ရွက်စရာများနှင့် ပတ်သက်လျက် ရှိနေပြီး နုရှောင့်မြို့၏ စည်းမျဉ်းစည်းကမ်းများနှင့်လည်း သက်ဆိုင်နေသည်။

သို့ပေမည့် သူသည် ထိုအရာကို တစ်ချက်သာ လှမ်းကြည့်ပြီး ဘေးတစ်ဖက်ဆီသို့ အသာပစ်ထားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ဤသဘောတူညီမှုဆိုသည်မှာ ရေရှည်တည်ရှိနိုင်သည့် အရာမျိုး မဟုတ်သော ကြောင့်ပင်။ နုရှောင့်မြို့ကို သူတို့ သိမ်းဆည်းထားခဲ့ပြီ ဖြစ်၏။ သို့ပေမည့် လက်ရှိအခြေအနေတွင် ကျင်းမိသားစု အလုံးစုံ ပိုင်ဆိုင်သည့်အရာမျိုး မဟုတ်သေးချေ။ နိုင်ငံရေးအရ လွန်ဆွဲမှုများ တည်ရှိနိုင်သေး၏။ နောက်ပိုင်းတွင် နိုင်ငံရေး ကစားပွဲထဲတွင်လည်း ဝင်ရောက် ဆော့ကစားရပေဦးမည်။

နုရှောင့်မြို့နှင့် လေ့ကျိုးကျွန်း တစ်ခုလုံးအား ကျင်းမိသားစုကို ပေးအပ်ပါသည်ဆိုသည့် ဘုရင်မင်းမြတ်၏ အမိန့်တော် ထွက်ပေါ်လာမှသာလျှင် အရာအားလုံးက အခြေကျသွားမှာ ဖြစ်၏။ မထင်မှတ်ထားသည့် ကိစ္စရပ်များသာ ဖြစ်ပေါ်မလာပါက နှစ်ရက်အတွင်း ကျန်းချုံးသည် လာရောက် ညှိနှိုင်းပေလိမ့်မည်။ မည်သည့်အရာများကို ပြောဆိုမည်ဆိုသော် ရှေ့ဆက်ဖြစ်မည့်အကြောင်းအရာများကို အနှစ်ချုပ်ကာဖြင့် လာရောက် တိုင်ပင်ခြင်း ဖြစ်ပေလိမ့်မည်။

ရှမ့်လန်သည် လက်ဆောင်စာရင်းများတွင် ရှိနေသည့် အကြီးဆုံးသော လက်ဆောင်သေတ္တာကြီးကို လှမ်းကာ ယူပြီး ကြည့်ရှုလိုက်၏။ “သဘောတူညီမှုတွေကို ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒီစီးပွားရေးသမားတွေ ကျုပ်ကို လက်ဆောင်ပေးဖို့ မမေ့တာကိုတော့ မှတ်ထားရမယ်”

သူသည် သူ့ကို ဒုက္ခပေးသည့် လူများကို အရေခွံ ခွာတတ်သည့် လူတစ်ယောက် ဖြစ်၏။ သို့ပေမည့် သူ့အပေါ် ကောင်းမွန်သည့် လူများကိုတော့ အဆုံးစွန်ထိ ပြန်လည်ကာ ပေးဆပ်သွားရန် ပြင်ဆင်ထားခဲ့၏။ သူသည် လက်ဆောင်စာရင်းကို ထုတ်ယူပြီး သေသေချာချာ တိုက်စစ်လျက် ရှိနေ၏။

သံသယရှိစရာ မလိုဘဲ ရှမ့်လန်သည် တကယ့်ကို ချမ်းသာပြီဖြစ်သည်။

“ဒါနဲ့ မိန်းမလှလေးတွေ ဘာလို့ မရှိရတာလဲ”

ရှမ့်လန်က မေးလိုက်၏။ “ကျုပ် စောင့်နေတာ တော်တော်ကြာပြီ။ ကျုပ်က အရမ်းကြီး သန့်ရှင်းစင်ကြယ်ပြီး ရိုးသားလွန်းတဲ့ လူတစ်ယောက်ရဲ့ ပုံစံမျိုးများ ပေါက်နေသလား”

All Chapters