၀မ့်မင်ယွဲ့
Vol. 2 Ch. 18
ဟွမ်ချောင်း၏ ရုတ်တရက်ဖြစ်သွားေသာ အပြုအမူက လူတိုင်းကို သို့လောသို့လော ဖြစ်သွားစေခဲ့သည်။
လူကြီးတစ်ယောက် အားရပါးရရယ်မောလိုက်ကာ စနောက်လိုက်၏။
“အဖိုးကြီးဟွမ်မှာ မိန်းမတစ်ယောက်တောင်မရှိဘူး သူလှည့်စားသွားတာပဲ သူ့ကြောင့်အလုပ်ရှုပ်ခံမနေနဲ့ ငါတို့ဆွေးနွေးမှုကိုပဲ ဆက်လိုက်ကြတာပေါ့”
အခြားသူများလည်း ခေါင်းညိတ်ပြကာ ပြုံးပြလိုက်လေသည်။ ဟွမ်ချောင်းထွက်သွားခြင်းက ပြိုင်ဘက်တစ်ယောက်လျော့သွားခြင်းဖြစ်ပြီး ထိုပြိုင်ဘက်ကလည်း အားကောင်းသောပြိုင်ဘက်ဖြစ်နေခဲ့၏။
ကျန်းယန်လူအုပ်ကြီးကိုကြည့်ကာ ပြုံးတုံ့တုံ့ဖြင့် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“နည်းနည်းလောက် ထပ်စောင့်ရအောင် မကြာခင်ဘယ်သူ့အငယ်အနှောင်းမွေးဦးမလဲ ဘယ်သူသိမှာလဲ”
ခုနက အသံက ခပ်တိုးတိုးသာပြောခြင်းဖြစ်သော်လည်း လင်းယွမ်ကျိအာရုံမှ မည်သို့လွတ်မြောက်နိုင်ပါမည်နည်း။
“မြို့စားမင်းက အန်းရှင်းမြို့ထဲက ဘယ်အဖွဲ့အစည်းကိုမှ အဇူရာတိမ်ဂိုဏ်းနဲ့ ပူးပေါင်းခွင့်မပြုဘူး ကုန်သွယ်တဲ့လူက မြို့ထဲကနှင်ထုတ်ခံရလိမ့်မယ်!”
ဤစကားမှာ ခုနကလူငယ်လေးလာပေးသွားသော သတင်းစကားသာ ဖြစ်ပေသည်။
အခြားသူများ စိတ်ရှုပ်သွားခဲ့ကြ၏။ သူတို့အငယ်အနှောင်းများ မွေးဖွားခါနီးဖြစ်နေလျှင် သူတို့ အဘယ်သို့ မသိဘဲနေပါမည်နည်း။
သို့သော် အမတကပြောနေသောကြောင့် သူတို့စောင့်ရန်သာ တတ်နိုင်ခဲ့သည်။
အသက်ရှူကြိမ်နှစ်ကြိမ်လောက်အကြာတွင် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်၀င်လာခဲ့ပြီး ကုန်သည်များထဲမှ လူတစ်ယောက်ကို ခပ်တိုးတိုးကပ်ပြောလိုက်ရာ ထိုလူ့မျက်နှာပြောင်းလဲသွားပြီး ထရပ်လိုက်၏။
“လူတိုင်းပဲ ငါ့…ငါ့မိန်းမဆုံးသွားလို့ ငါပြန်မှဖြစ်မယ်”
အဖြစ်အပျက်နှစ်ခုက တစ်ဆက်တည်းဖြစ်သွားသောကြောင့် အခြားသူများလည်း တစ်ခုခုထူးဆန်းနေသည်ကို သတိထားမိသွားခဲ့ကြသည်။
မကြာခင်တွင် လူများတစ်ယောက်ပြီးတစ်ယောက်ရောက်လာကာ အခန်းထဲမှလူများလည်းတစ်ယောက်ပြီးတစ်ယောက် ထွက်သွားခဲ့ကြ၏။
တစ်ယောက်ချင်းစီတိုင်းက အီလည်လည်အမူအရာကြီးများဖြင့် ထွက်ခွာသွားခဲ့ကြသည်။ အရင်လူများက အကြောင်းပြချက်ပေးခဲ့သေးသော်လည်း နောက်လူများကတော့ လက်သီးဆုပ်နှုတ်ဆက်ပြီးသာ ထွက်ခွာသွားခဲ့ကြ၏။
ချက်ချင်းဆိုသလို ဟုန်ချင်းမျှော်စင် ထိပ်ဆုံးထပ်က တ်တ်ဆိတ်သွားပြီး ကျန်းယန်နှင့်လင်းယွမ်ကျိတို့သာ ကျန်ရစ်ခဲ့လေသည်။
“သူတို့ ငါတို့အဇူရာတိမ်ဂိုဏ်းကို ဒီလိုညစ်ပတ်ရဲတယ်ပေါ့”
လင်းယွမ်ကျိဒေါသထွက်နေဟန်ဖြင့် ကျိန်းမောင်းလိုက်၏။
“ဒီမြို့စားဘယ်လောက်ရှိသလဲဆိုတာ ငါသွားကြည့်မယ်”
လူများစွာ သူတို့နှင့်ဆွေးနွေးဖို့ လာနေခဲ့သောကြောင့် ကျန်းယန် သူတို့ဂိုဏ်းအတွက် ကံကြမ္မာကောင်းတစ်ခုယူလာပေးနိုင်တော့မည်ဟုသူထင်ထားခဲ့သော်လည်း ရုတ်ချည်းဆိုသလို သူတို့စီးပွားရေးက မြို့စား၏ ဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။
စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်ကျော်ကို ဘာမှမအောင်မြင်လိုက်ဘဲ ဖြုန်းလိုက်ရသလိုဖြစ်သွားသောကြောင့် လင်းယွမ်ကျိ ဒေါသထွက်နေခဲ့၏။
အဇူရာတိမ်ဂိုဏ်းသည် ဤနှစ်များအတွင်း သိုသိုသိပ်သိပ်သာ နေခဲ့ကြသော်လည်း သူတို့သည် အနိုင်ကျင့်ခံမည့်သူများတော့ မဟုတ်ကြပေ။
သူတို့နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြခြင်းမှာ အနိုင်ကျင့်ခံဖို့ မဟုတ်ပေ။
“ဆရာဦးလေး နေပါဦး!” ကျန်းယန် သူ့ကိုအမြန်တားလိုက်သည်။
“ကျွန်တော်တို့ အခုမြို့စားနဲ့စာရင်းသွားရှင်းရင် ကျွန်တော်တို့အတွက်အရေးမသာနိုင်ဘူး တကယ်လို့လူတွေကသာ အဇူရာတိမ်ဂိုဏ်းက အကြောင်းအကျိုးမသင့်ဘူး မောက်မာတယ်လို့ တွေးသွားကြရင် ဘယ်သူမှ ကျွန်တော်တို့နဲ့ ပူးပေါင်းတော့မှာ မဟုတ်ဘူး”
လင်းယွမ်ကျိဒေါသကိုမထိန်းနိုင်သေးဘဲ မေးလိုက်၏။
“အဲ့တော့ ငါတို့ကဒီလိုပဲ သည်းခံလိုက်ရမှာလား”
ကျန်းယန်ခေါင်းယမ်းလိုက်ကာ
“ဘယ်ဟုတ်ပါ့မလဲ ဒါပေမယ့် ကျွန်တော်တို့ မြို့စားကိုပြဿနာရှာချင်ရင်တောင် ဒီနည်းလမ်းနဲ့တော့ မဟုတ်ဘူး ဆရာဦးလေးစိတ်အေးအေးထားပါ ဆရာဦးလေးဒေါသထွက်ဖို့ မတန်ပါဘူး”
လင်းယွမ်ကျိ လေးပင်စွာထိုင်ချလိုက်ပြီး ဝိုင်တစ်ခွက်ကို တစ်ကျိုက်တည်း သောက်ပစ်လိုက်သည်။
“ငါတို့ ဘာအဆောင်မှတောင်မရောင်းရသေးဘူး”
လင်းယွမ်ကျိသက်ပြင်းချလိုက်ကာ
“ငါတို့ဘာလုပ်သင့်လဲ”
ကျန်းယန်လည်း ဤကိစ္စကိုဘယ်လိုဖြေရှင်းရမလဲ စဉ်းစားနေခဲ့၏။
အန်းချင်းမြို့၏မြို့အရှင်က ယခုလိုလုပ်ရပ်မျိုးလုပ်လိမ့်မည်ဟု သူလည်းလုံး၀င်ထင်မထားမိခဲ့ပေ။
အဆောင်တွေကိုရောင်းဖို့က ခက်တော့ မခက်လှပေ။ သူတို့ စင်တစ်ခုလုပ်၍ ထိုနေရာတွင် ရောင်းလို့ရသလို ဟုန်ချင်းမျှော်စင်တွင်ပင် ရောင်းလို့လည်း ရသေးသည်။ သို့သော် ထိုအရာက ရှက်စရာကောင်းလှပြီး ရေရှည်အတွက်လည်း မသင့်တော်ပေ။
ကျန်းယန် တွေးနေစဉ်တွင် တံခါးပွင့်သွားပြီး လူများ၀င်လာခဲ့ကြ၏။
ထိုသူများကိုမြင်သောအခါ ကျန်းယန် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
ရောက်လာသေးသည့်သူများ ရှိနေသေးခြင်းပေလော။
ရောက်လာသည်မှာ လူသုံးယောက်ပါသည့်အဖွဲ့တစ်ခုဖြစ်၏။ ထိုအဖွဲ့ကို အနက်ရောင်ဂါ၀န်၀တ် အမျိုးသမီးတစ်ယောက်က ဦးဆောင်လာခြင်းဖြစ်ပြီး ထိုအမျိုးသမီး၏အသားအရေကဖြူဖွေးနေခဲ့ကာ သူ့ခန္ဓာကိုယ်ကလည်း ဆွဲဆောင်မှုရှိသည့် အသွင်အပြင်မျိုး ရှိပေသည်။ သို့သော် သူ့မျက်နှာကတော့ တစ်နည်းနည်းဖြင့် သာမန်ဆန်နေခဲ့၏။ အစေခံတစ်ယောက်နှင့်အိမ်စေတစ်ယောက်အဖော်ပြုလာသောကြောင့် သူတို့က ချမ်းသာသည့်မိသားစုတစ်ခုမှ ဖြစ်ပုံပေါ်သည်။
ဒီမျက်နှာနဲ့ဒီအသွင်အပြင်က လုံး၀လိုက်ဖက်မနေဘူး!
“မင်္ဂလာပါ မိတ်ဆွေတို့နေရာမှားရောက်လာတာလား”
ကျန်းယန်အနည်းငယ်ပဟေဠိဖြစ်နေဟန်ဖြင့် မေးလိုက်၏။
အနက်ရောင်ဂါ၀န်၀တ်အမျိုးသမီး ပြုံးလိုက်လေသည်။
“တကယ်လို့ ဒါက အဇူရာတိမ်ဂိုဏ်းက လေလံပွဲအတွက် ချိန်းထားတဲ့နေရာဆိုရင်တော့ ကျွန်မတို့ နေရာမှန်ပါတယ်”
“အို့ ကျေးဇူးပြုပြီး ထိုင်ပါဦးမိန်းကလေး မိန်းကလေးနာမည်ကို သိပါရစေ” ကျန်းယန် ထရပ်ကာ သူမကိုဖိတ်ခေါ်လိုက်၏။
“၀မ့်မင်ယွဲ့”
“အိမ်အကြောင်းတွေးခြင်းလား” ကျန်းယန် ပါးစပ်က အလိုလိုထွက်သွားခဲ့မိသည်။
၀မ့်မင်ယွဲ့ကြောင်သွားပြီး အစေခံက ပြောစရာစကားမဲ့သွားခဲ့ကာ သက်လတ်ပိုင်းလူကတော့ မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
ကျန်းယန်ချက်ချင်းသူ့အမှားကို သတိထားမိသွားပြီး အမြန်ပြုံးကာ တောင်းပန်လိုက်လေသည်။
“ကျွန်တော်တောင်းပန်ပါတယ် မိန်းကလေးနာမည်က ကဗျာတစ်ပုဒ်ကိုသတိရသွားစေလို့ပါ ကျွန်တော်နည်းနည်းအဆင်အခြင်မဲ့သွားတယ် ခွင့်လွှတ်ပါ”
သူအမှန်တကယ်ပင် တစ်ယောက်ယောက်၌ ထိုကိ့သို့သောနာမည်ရှိနေမည်ဟု ထင်မထားခဲ့မိပေ။ ထိုအရာက အမည်လိမ်တစ်ခုသာဖြစ်မည်ဟု သူအလိုလိုတွေးလိုက်မိသည်။
၀မ့်မင်ယွဲ့ ကျန်းယန်စကားလုံးများကို မတုန့်ပြန်ခဲ့ဘဲ ထိုအစား စားပွဲပေါ်ရှိအခြေအနေကိုသာ တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်၏။
“ရှင်တို့ရဲ့ လေလံပွဲက အတော်လေးတမူထူးတဲ့ပုံပဲ ဧည့်သည်တွေမရောက်ကြသေးပေမယ့် ဝိုင်တွေကိုတော့ ငှဲ့ထားပြီးနေပြီ”
ကျန်းယန် ရယ်မောလိုက်ကာ တည့်တည့်သာပြောလိုက်သည်။
“တကယ်တော့ သူတို့အစကဒီနေရာမှာ ရှိနေခဲ့ကြပါတယ် ဒါပေမယ့် ကျွန်တော်တို့က မြို့စားမင်းကို အပြစ်ပြုမိခဲ့ကြပုံပဲ သူကဒီပူးပေါင်းမှုကိုခွင့်မပြုတော့ သူတို့လည်း ပြန်သွားကြရတာပေါ့ မိန်းကလေး မင်းလည်းထွက်သွားသင့်တယ် နောက်ဆုံးကျ မင်းလည်းထွက်သွားရမှာပါ”
၀မ့်မင်ယွဲ့ ကျန်းယန်နှင့် တစ်ဖက်တစ်ချက်တွင်ထိုင်လိုက်ကာ မေးလိုက်၏။
“ကျွန်မကိုပြောပါဦး ရှင်ကဒီလိုေပြာလုိက်ေတာ့ ရှင့်အဆောင်တွေမရောင်းရမှာ မကြောက်ဘူးလား”
ကျန်းယန် ဂုဏ်ယူစွာပြုံးလိုက်ကာ
“ပစ္စည်းကောင်းတွေက ဘယ်တော့မှရောင်းရမခက်ဘူး နောက်ပြီး ဒီကိစ္စက ဖုံးကွယ်ထားလို့ရတဲ့ကိစ္စမှမဟုတ်တာ အနှေးနဲ့အမြန်မိန်းကလေးလည်း သိသွားမှာပဲ”
သက်လတ်ပိုင်းလူ ၀မ့်မင်ယွဲ့ကို ခပ်တိုးတိုးပြောလိုက်သည်။
“သခင်မလေး ကျွန်တော်တို့ မြို့စားကိုအပြစ်ပြုလို့ မဖြစ်ဘူး အထူးသဖြင့် ကျွန်တော်တို့က အန်းချင်းမြို့မှာအခြေချဖို့ လိုနေတဲ့အချိန်မှာပေါ့ မြို့စားကိုသွားအပြစ်ပြုမိရင် ပြဿနာတွေဖြစ်လာနိုင်တယ်”
အဇူရာတိမ်ဂိုဏ်းနှင့်ပူးပေါင်းခြင်းက အကျိုးကျေးဇူးများ ရစေနိုင်သော်လည်း မြို့စားမင်းကတော့ ပိုနီးသည့်ဓားသာ ဖြစ်နေခဲ့သည်။
၀မ့်မင်ယွဲ့ဘာမှမပြောဘဲ တိတ်တဆိတ်တွေးတောနေခဲ့ဧ ်။
ကျန်းယန် သက်လတ်ပိုင်းလူ၏စကားမှ တစ်ခုခုကိုနားလည်သွားခဲ့ပြီး မေးလိုက်သည်။
“မင်းတို့က ဒီအန်းချင်းမြို့က မဟုတ်ဘူးလား”
သက်လတ်ပိုင်းလူ လင်းယွမ်ကျိကိုတစ်ချက်ကြည့်လိုက်၏။
၀မ့်မင်ယွဲ့ ကျန်းယန်ကိုကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်လေသည်။
“ကျွန်မတို့က တကယ်ပဲ အန်းချင်းမြို့ကမဟုတ်ပါဘူး နောက်ပြီး တိမ်တောင်အင်ပါယာကလည်းမဟုတ်ဘူး အဲ့တာကြောင့် မြို့စားမင်းကို အပြစ်ပြုဖို့ မစွမ်းသာဘူး ကျွန်မတို့ အဆောင်တွေကို လိုချင်ရင်တောင် အဲ့တာတွေက ကျွန်မတို့အတွက် ငွေရပေါက်ဖြစ်နေရင်တောင် ကျွန်မတို့ လက်လျှော့ရတော့မယ်”
ပြောပြီးသည်နှင့် သူမထရပ်ကာ ထွက်ခွာသွားခဲ့၏။
ကျန်းယန်လည်း ထရပ်လိုက်ပြီး ပြုံးလိုက်ကာ
“တကယ်လို့ မင်းတို့က နေစရာနေရာတစ်ခုလိုနေတာဆိုရင် လွယ်ပါတယ်”
“အို့” ၀မ့်မင်ယွဲ့ နောက်ပြန်လှည့်ကြည့်လိုက်ပြီး ကျန်းယန် ရှင်းပြချက်ကို စောင့်နေခဲ့သည်။
ကျန်းယန် အဇူရာတိမ်ဂိုဏ်းရှိရာဘက် လက်ညှိုးထိုးပြလိုက်ကာ
“မိုင်သုံးရာဝေးတဲ့နေရာမှာ အဇူရာတိမ်ဈေးရှ်ိတယ် အဲ့ဒီဈေးက ငါတို့ဂိုဏ်းရဲ့အုပ်ချုပ်မှုအောက်ကပဲ ငါမင်းတို့ကို အဲ့ဒီမှာအခြေချဖို့ ခွင့်ပြုပေးနိုင်ပြီး အဆောင်ရောင်းတဲ့နေရာမှာလည်း ပူးပေါင်းဆောင်ရွက်ပေးနိုင်တယ်”
“ဈေးလား” ၀မ့်မင်ယွဲ့ နောက်ကလိုက်ရွတ်လိုက်၏။
ရှင်းလင်းစွာပင် သူမဈေးအကြောင်းအများကြီး မတွေ့ခဲ့ပေ။ သူမဘယ်လောက်ပဲ နိမ့်ကျနေပါစေ ဈေးတစ်ခုတွင်တော့ မနေနိုင်ပေ။
ကျန်းယန် ဂုဏ်ယူစွာပြုံးလိုက်ကာ
“မိန်းကလေး၀မ့်မင်ယွဲ့ မင်းအခုတော့ အဇူရာတိမ်ဈေးအကြောင်းအများကြီး တွေးထားမိမှာမဟုတ်ဘူး ဒါပေမယ့် ငါအာမခံနိုင်တာက မဝေးတော့တဲ့အနာဂတ်မှာ အဇူရာတိမ်ဈေးမှာ အခြေချချင်ရင်တောင် အခြေချရဖို့က ကောင်းကင်ကိုတက်ရတာထက် ခက်လာလိမ့်မယ် ငါသာမင်းဆိုရင် ဒီအခွင့်အရေးကိုယူပြီး အဇူရာတိမ်ဈေးမှာ အခြေချထားမှာပဲ အဲ့ဒီဈေးရဲ့နယ်မြေတစ်စိတ်တစ်ပိုင်းကို ၀ယ်ထားတာက အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲ မင်းက နိုင်ငံရပ်ခြားကလာတာဆိုတော့ မင်းမှာ အကြောင်းပြချက်တွေရှ်ိနေမှာပဲ မင်းရဲ့လုံခြုံရေးကိုလည်း အာမခံနိုင်ပုံမရဘူး ဒါပေမယ့် အဇူရာတိမ်ဈေးမှာဆိုရင်ဝောာ့ မင်းလုံခြုံတာ သေချာတယ်”
၀မ့်မင်ယွဲ့အသာအယာပြုံးလိုက်ကာ
“ရှင်တို့ အဇူရာတိမ်ဂိုဏ်းကအကြီးဆုံးခြိမ်းခြောက်မှုကြီးပဲမဟုတ်ဘူးလား နောက်ပြီး ရှင့်မှာ အဇူရာတိမ်ဂိုဏ်းအတွက် အာမခံနိုင်ဖို့ ဘယ်လိုလုပ်ပိုင်ခွင့်တွေရှိနေလို့လဲ အဇူရာတိမ်ဈေးလို ဈေးလေးတစ်ခုကို ချဲ့ထွင်ဖို့ရော လုပ်ပိုင်ခွင့်ဘယ်လောက်ရှိလို့လဲ”
လင်းယွမ်ကျိ သက်လတ်ပိုင်းလူကို အဓိပ္ပာယ်ပါပါတစ်ချက်ကြည့်လိုက်ကာ ၀မ့်မင်ယွဲ့ကိုပြောလိုက်သည်။
“သူအဲ့တာကို အာမခံနိုင်တယ် ဘာလို့လဲဆိုတော့ သူက အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တာ၀န်ကိုယူထားတဲ့သူမလို့ပဲ!”
“ဘယ်လို!” ၀မ့်မင်ယွဲ့ ကျန်းယန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်၏။
သက်လတ်ပိုင်းလူလည်း ကျန်းယန်ကိုကြည့်ကာ တုန်လှုပ်သွားခဲ့သည်။
ထိုမျှငယ်ရွယ်ကာ အားနည်းသော ကောင်လေးက အဇူရာတိမ်ဂိုဏ်း ဂိုဏ်းချုပ်တာ၀န်ကို ယူထားခြင်း!
အဇူရာတိမ်ဂိုဏ်းသည် ရူးသွားခဲ့ခြင်းပေလော။