← Chapters

သရုပ်ဆောင်တို့၏ အရှင်သခင် _ ပညာရှိပြိတ္တာဘုရင်

Vol. 5 Ch. 65

သရုပ်ဆောင်တို့၏ အရှင်သခင် _ ပညာရှိပြိတ္တာဘုရင်

Vol. 5 Ch. 65

ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင် ပြောသည်ကို ကြားလိုက်သည့် အခါတွင် အခြားသော ပြိတ္တာ ဘုရင်တို့သည် နှလုံးသားထဲမှနေ အေးစက်မှုများ ခံစားကြရသည်။

ဟုတ်သည်။ ဧကရာဇ်အရှင်နှင့် ပြိတ္တာဘုရင် ခြောက်ကောင် တို့သည်သာ ထိုအစီအစဉ်အား သိကြခြင်း ဖြစ်သည်။ ထိုကျင့်ကြံသူများသည် မည်သည့်နည်းနှင့်မျှ သိဖို့ရန် အကြောင်းမရှိကြချေ။

မဟုတ်မှလွဲ … သူတို့ထဲတွင် သစ္စာဖောက်ကောင် ရှိနေသည်လား။

ပြိတ္တာဘုရင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

အဆုံးတွင် သူတို့အားလုံး၏ အကြည့်များသည် ပညာရှင်ပြိတ္တာ ဘုရင်ထံသို့ ရွှေ့သွားကြသည်။

ပညာရှိပြိတ္တာ ဘုရင်သည် အေးစက်မှုကို ခံစားလိုက်ရသည်။ “ဘာလို့ငါ့လာကြည့် နေကြတာတုန်း …”

သောကဗျာပါဝေ ပြိတ္တာဘုရင်က နှာခေါင်းရှုံ့လိုက်ပြီး “ဒီစစ်ဆင်ရေး မစခင် ငါတို့ ပြိတ္တာဘုရင် ငါးယောက်က ဧကရာဇ် အရှင်နားမှာပဲ အမြဲရှိနေတာ … မင်းက ထောင်ခြောက်ဆင်ဖို့ အပြင်ထွက်သွားခဲ့တဲ့ တစ်ဦးတည်းသောသူပဲ … ပြောရမယ်ဆိုရင် ရန်သူကို သတင်းပို့နိုင်တာ မင်းတစ်ယောက်ပဲ ရှိတယ် …”

ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်သည် မျက်လုံးများ ပြူးကျယ်ကာ အော်ဟစ်လိုက်သည်။ “ပညာရှိ … မင်းမှာ ပြောစရာ ဘာရှိသေးလဲ …”

“မင်းတို့ကောင်တွေက ငါ့ကို တကယ်ကြီး သံသယဝင် နေကြတာလား … ငါက တာဝန်ကို ပြီးပြည့်စုံအောင် ထမ်းဆောင်ခဲ့တာပါကွ … ငါက ဧကရာဇ်အရှင်ကို ကျဆုံးခွင့် မပြုနိုင်ဘူး … ငါ့အနေနဲ့ အရှက်ရစရာ ဘာတစ်ခုမှ မလုပ်ထားဘူး …” ပညာရှိပြိတ္တာဘုရင်သည် ဒေါသတကြီး ပြန်အော်သည်။

သူ့တစ်ဘဝလုံး ဖြောင့်မတ်စွာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။ အခြားသော ပြိတ္တာ ဘုရင်များသည် သူ့အား သံသယဝင် လိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။ ထိုအကြောင်းအား သူ့အနေဖြင့် မည်သည့်နည်းနှင့်မျှ မျိုသိပ်ထားမည် မဟုတ်ပါ။

ပြိတ္တာဘုရင်များ အကြားတွင် စိတ်သဘောထား ကွဲပြားလျက် ရှိသည်ကို သိရှိသဖြင့် ကျင့်ကြံသူများသည် တိုက်ခိုက်ခြင်း မပြုကြပါ။

အန်လင်းသည် သူတို့၏ ပြောစကားများအား ကြားသည့်အခါတွင် မျက်လုံး လက်လာသည်။ “ဒီဟာက ပညာရှိ ပြိတ္တာဘုရင်နဲ့ မဆိုင်ပါဘူး … ခင်ဗျားတို့ရဲ့ အစီအစဉ်ကို နာမည်မသိတဲ့ ပြိတ္တာဘုရင် တစ်ကောင်က လာပြောသွားတာပါ …”

ထိုစကားအား ကြားသည့်အခါတွင် ပညာရှိပြိတ္တာဘုရင်သည် ပျော်ရွှင်မြူးထူး သွားလေသည်။ ထိုကျင့်ကြံသူသည် သူအတွက် ပြောပေးသည်ကို မယုံကြည်နိုင်အောင် ဖြစ်မိသည်။ “တွေ့လား … ဟိုကောင်လေးတောင် ပြောနေပြီရယ် … ငါ့ကိုဘာလို့ အပြစ်တင် နိုင်ကြသေးတာလဲ …” သူက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

သို့ပေမဲ့လည်း သူမျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပြင် ပြိတ္တာဘုရင် သုံးကောင်၏ အမူအရာသည် ပို၍ပင် မည်းမှောင် လာကြသည်။

သူတို့အားလုံးသည် သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒများကိုပင် ထုတ်လွှတ် ထားကြသည်။

“လူသားကျင့်ကြံ သူတွေတောင် မင်းအတွက် ပြောပေးနေတယ် ဆိုတော့ မင်းတို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းနေလို့ပေါ့ …”

ယုတ်မာရိုင်းစိုင်းသော ပြိတ္တာဘုရင်သည် ခံစားချက် ကင်းမဲ့စွာဖြင့် ပြုံးလိုက်သည်။ သူ၏ ဧရာမ ဓားကြီးပေါ်တွင် အနက်ရောင် အငွေ့အသက်များ ထွက်ပေါ်လာသည်။

အခြားသော ပြိတ္တာဘုရင် နှစ်ကောင်ထံမှလည်း သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ပေါ်ထွက်လာနေပြီ ဖြစ်သည်။ သူတို့က တိုက်ခိုက်ကြတော့မည်မှာ ထင်ရှား နေပေသည်။

သို့ပေမဲ့လည်းသူ တို့၏ ပစ်မှတ်သည် လူသားကျင့်ကြံသူများ မဟုတ်ဘဲ ပညာရှိပြိတ္တာ ဘုရင်သာလျှင် ဖြစ်သည်။

ပညာရှိပြိတ္တာဘုရင်သည် မျက်ရည်များ ဝဲတက်လာသည်။ သူ့အနေနှင့် တစ်ပတ်ရိုက်ခံ လိုက်ရသည့် ခံစားချက် ဖြစ်သည်။ ရှင်းပြနိုင်မည့် နည်းလမ်းလည်း မရှိချေ။

ထို့နောက်တွင် မီးလောင်နေသည့်အထဲ လောင်စာ ထပ်ထည့်သင့်သည်ဟု ယူဆလျက် ထျန်းလင်းလင်းသည် “ပညာရှိဦးဦး … သမီးတို့ရဲ့အကြံက ပေါ်သွားပြီဆိုတော့ ဘာလို့ဆက်ပြီး သရုပ်ဆောင် နေသေးတာလဲ … သမီးတို့ကို ကူပြီး အဲဒီသုံးကောင်ကို တိုက်ခိုက်ပေးလေ … စိုးရိမ်မနေနဲ့ … သူတို့မှာ လွတ်လမ်း မရှိဘူးရယ် …”

ထိုစကားအား ကြားသည့်အခါတွင် ပညာရှိပြိတ္တာ ဘုရင်သည် ရင်ဘတ်ထဲတွင် ပေါက်ကွဲတော့မတတ် ခံစားနေရသည်။ သားရဲအကောင် တစ်သောင်း၏ ဖိနင်းခြင်း ခံရသလိုပင်။

သရုပ်ဆောင်တာ ဟုတ်လား … နင့်မေကို သရုပ်ဆောင်နေလိုက် …

ပြီးတော့ ဘာ … ပညာရှိဦးဦး တဲ့လား …

ဒီဖေ … နင်က ငါနဲ့ အရမ်းကို ရင်းနှီးတဲ့ပုံ လုပ်ပြတော့ ငါက အခုတော့ အသတ်ခံရတော့မယ် …

“အရမ်းကောင်းတယ် ပညာရှိရေ … မင်းရဲ့ သရုပ်ဆောင်မှု ကတော့ ဩချရလောက်ပါတယ်ကွာ … မင်းက အခုထိတောင် အပြစ်ကင်းတဲ့ပုံနဲ့ ကြည့်နေတုန်းပါလား … အမူအရာ တွေကတော့ ကွက်တိပဲဟေ့ …” ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် ရယ်မောလိုက်ကာ သူ့ဓားအား မြှောက်ကိုင်လိုက်သည်။

“ငါတို့က မင်းကို လျှော့တွက်မိခဲ့တာပဲ … မင်းက အခုလို အပုန်းကောင်းလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ …” သောကဗျာပါပွေပြိတ္တာဘုရင် ကိုင်ထားသည့် သွေးအရိုးခေါင်းသည် အနီရောင် အလင်းများ ထုတ်လွှတ်လာသည်။

“မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကို အရမ်းကောင်းတာကို ငါလည်း ဝန်ခံရမှာပဲ … ငါတို့ သုံးယောက်လုံးကို ကောင်းကောင်းကြီး အရူးလုပ်နိုင်ခဲ့တယ် …” ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်၏ လက်သည်းနက်များတွင် စွမ်းအင်များ စုဝေးလာနေပြီ ဖြစ်သည်။

ပညာရှိပြိတ္တာဘုရင်သည် ငိုချင်လာလေပြီ။

ယခုအချိန်တွင် အခြားသူများ၏ အမြင်၌ သူ့သရုပ်ဆောင် စွမ်းရည်သည် အကောင်းဆုံး ဖြစ်နေလိမ့်မည်ဟု မည်သည့် အခါကမျှ မတွေးမိခဲ့ဖူးပေ။

“ငါကျိန်ဆိုတယ် … ငါဆိုတဲ့ ပညာရှိပြိတ္တာဘုရင်က သစ္စာဖောက် တစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် မိုးကြိုးပစ်ခံရပါစေ …”

သူ၏ ဖြူစင်မှုအား သက်သေပြရန် မည်သည့် နည်းလမ်းမှ မရှိတော့သည်ကြောင့် ပညာရှိ ပြိတ္တာဘုရင်သည် ကျမ်းကျိန်ကာ သူ့ကိုယ်သူ သက်သေပြနိုင်ရန် ကြိုးစားခြင်း ဖြစ်သည်။

ဂျိန်း …

အပြာရောင် မိုးကြိုးလျှပ်စီးသည် ကောင်းကင်မှ ဆင်းသက်လာပြီး ပညာရှိပြိတ္တာဘုရင်အား ပစ်ခတ်လိုက်သည်။ ပညာရှိပြိတ္တာဘုရင်သည် လောင်ကျွမ်း မည်းနက် သွားတော့သည်။

***

“လခွမ်း …”

ပြိတ္တာများသာမက လူသားကျင့်ကြံ သူများပင်လျှင် ထိတ်လန့်မှုကြောင့် ခဲတောင့် သွားကြသည်။

သောက်ကျိုးနည်း … သူက တကယ်ကြီး မိုးကြိုးပစ်ခံ လိုက်ရတယ်ဟ …

ပညာရှင်ပြိတ္တာ ဘုရင်အား တွင်းထဲသို့ ဆွဲချခဲ့သည့် ထျန်းလင်းလင်းပင်လျှင် အံ့ဩမှုကြောင့် မျက်လုံးများ ပြူးလျက်ရှိကာ ထိတ်လန့်မှုကြောင့် အသိပင် မကပ်တော့ချေ။

ပညာရှိပြိတ္တာ ဘုရင်သည် မည်းနက်သွားပြီး ပါးစပ်ထဲမှ မီးခိုးငွေ့များ ထွက်လာသည်။ သူသည် တစ်ခုသာလျှင် ဆိုချင်တော့သည်။ အေပေးကောင်းကင်ဘုံ …

သေချာတာပေါ့။ ထိုမိုးကြိုးလျှပ်စီးသည် မည်သည့်နေရာကမျှ ပေါ်လာခြင်းမဟုတ်။

ထိုမိုးကြိုးသည် အန်လင်း၏ တိုက်ခိုက်မှု ဖြစ်သည်။ သူသည် လျှပ်စီးကြောင်းအား လိုသလို အသုံးပြုနိုင်သည့် နည်းစနစ်ကို အတော်ကြာ ကတည်းက ပြင်ဆင်ထားခြင်း ဖြစ်ပြီး ဝှက်ဖဲသည် အသင့်ရှိနေပြီး ဖြစ်သည်။ ထိုဝှက်ဖဲအား ယခုအချိန်တွင် အသုံးပြုရန်အတွက် မမျှော်လင့်ထားခဲ့ပေ။

မိုးကြိုးလျှပ်စီး အနှစ်သာရ ကျင့်ကြံခြင်း နည်းစနစ်သည် လျှပ်စီးကြောင်း၏ အခြေခံ သဘောတရားကို အခြေခံထားသည့် နည်းစနစ်တစ်ခု ဖြစ်သည်။ ထိုနည်းစနစ်သည် ထိုမျှလောက် ရိုးရှင်းလိမ့်မည် မဟုတ်ပေ။

လျှပ်စီးကြောင်းအား လိုသလို အသုံးပြုနိုင်သည့် နည်းစနစ်သည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့် ကျင့်ကြံသူများအား ဖုံးကွယ်ကာ လျှပ်စီးကြောင်းများအား တိတ်တဆိတ် စုပ်ယူနိုင် သည်သာမက စွမ်းအင်များကိုပင် စုဆောင်း နိုင်သေးသည်။

ထိုပစ်ခတ်မှုသည် လျှပ်စီးကြောင်းအား လိုသလို အသုံးပြုနိုင်သည့် နည်းစနစ်၏ စွမ်းအားအပြည့် ဖြစ်သည်။

ပညာရှိပြိတ္တာ ဘုရင်သည် အလွန်ကြံ့ခိုင်သည့် အတွက်ကြောင့် မိုးကြိုး ပစ်ခံရသော်လည်း ဒဏ်ရာ အနည်းငယ်သာ ရရှိသည်။ ထို့ကြောင့် သက်ရောက်မှုသည် မြင်သာခြင်း မရှိ။

သို့ပေမဲ့လည်း နောက်ဆက်တွဲ ဆိုးကျိုးသည်တော့ လွန်စွာ ထင်ရှားပေသည်။

“ဒါက တိုက်ဆိုင်မှု တစ်ခုပါလို့ ပြောရင် မင်းတို့ယုံမလား … ယုံပေးနိုင်မလား …” ပညာရှိပြိတ္တာဘုရင်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလျက် မေးလာသည်။

သောက်ကျိုးနည်းဟေ့ …။ ဒီကောင်က သူ့ရဲ့ကျိန်ဆိုမှု အပြီးမှာတင် မိုးကြိုးပစ် ခံလိုက်ရတာလေ။ သူက ရူးသွားပြီလို့ မထင်ဘူးလား။

ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်သည် ကောင်းကင်သို့ ကြည့်လိုက်ပြီး “ဧကရာဇ် အရှင်ကပဲ ငါတို့ကို အသိပေးခြင်းမရှိဘဲ ရုတ်တရက် မိုးကြိုးပစ်နိုင်တာ … သူက ငါတို့ကို အချက်ပြနေပြီ … ပညာရှိ … မင်းသေရမယ် …”

ပညာရှိပြိတ္တာဘုရင်မှာ စကားပြောချင်ပေမဲ့လည်း ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ ဓားသည် သူ့ထံသို့ ပျံသန်းလာနေသည်။ သောကဗျာပါပွေပြိတ္တာ ဘုရင်၏ သွေးအရိုး ခေါင်းသည်လည်း ကိုက်ဖြတ်ရန် ရောက်ရှိလာပြီး ဒေါသကုမ္ဘာန် ပြိတ္တာဘုရင်၏ မကောင်းဆိုးဝါး လက်သည်းနက် များသည်လည်း ကုတ်ခြစ်ရန် ရောက်လာနေလေပြီ။

ချက်ချင်းဆိုသလိုပင် ပညာရှိပြိတ္တာ ဘုရင်သည် ဆိုးဝါးသည့် အခြေအနေတွင်းသို့ ရောက်ရှိသွားသည်။

ထိုအချိန်မှာပင် အန်လင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “သွားကြစို့ဟေ့ … အစ်ကိုကြီး ပညာရှိက အန္တရာယ်ရှိနေပြီ …”

လူသားကျင့်ကြံ သူများသည် အလွန်စည်းလုံးကြပြီး သူတို့၏ လက်နက်များအား ဆွဲထုတ်လိုက်ကြသည်။ “သတ်ဟေ့ … အစ်ကိုကြီး ပညာရှိကို ကာကွယ်ကြ …”

ပြိတ္တာများထံသို့ ဦးတည် လိုက်ကြသည်။

ပညာရှိပြိတ္တာဘုရင်သည် နှလုံးရောဂါပင် ရလုနီးနီး ဖြစ်သည်။ သူတကယ်ကို အော်ငိုချင် နေလေပြီ။

အစ်ကိုကြီး ပညာရှိတဲ့လား … ဘယ်သူက မင်းအစ်ကိုကြီးတုန်း …

ဒီသောက်လူသားကျင့်ကြံ သူတွေက အောစကာဆုရှင်တွေပဲ ဖြစ်ရမယ် …

ကောင်းပါပြီကွာ … ငါက မင်းတို့ကို ရွှေလူရုပ်လေးတွေ တစ်ရုပ်စီ ပေးပါ့မယ် … တောင်းပန်ပါတယ် … ငါ့ကို လွှတ်ပေးကြပါဟ …

လူသား ကျင့်ကြံသူများသည် ပညာရှိပြိတ္တာ ဘုရင်အား ကာကွယ်ရန် အတွက် စတင်တိုက်ခိုက်ကြခြင်းကို ပြိတ္တာဘုရင် သုံးကောင်သည် နားလည်သွားလေပြီ။ သူတို့က ဒေါသတကြီးဖြင့် သွားများကို ဖိကြိတ်လိုက်ကာ သူတို့၏ စွမ်းအား အပြင်းဆုံး တိုက်ကွက်များအား အသုံးပြုလိုက်ကြသည်။

မည်သို့ပင် ဖြစ်ပစေ သူတို့သည် ပညာရှိပြိတ္တာဘုရင်အား အနှေးနှင့်အမြန် သတ်ပစ်ကြရမည် ဖြစ်သည်။ မဟုတ်လျှင် သူတို့သည် ဒေါသ ထွက်လွန်းသဖြင့် နှလုံးသားများ ပေါက်ကွဲ သွားပေလိမ့်မည်။

တိုက်ပွဲအား ရှုံးနိမ့်နိုင်သည်။ သို့ပေမဲ့ သစ္စာဖောက်သည် သေကိုသေရမည်။

“မှုန်မှိုင်းမီးလျှံ နတ်ဆိုးခုတ်ချက် …” ယုတ်မာရိုင်းစိုင်းသည့် ပြိတ္တာဘုရင်၏ ဓားမှနေ ဒေါသမီးလျှံနက်များ ထွက်ပေါ်လာပြီး ထိုမီးလျှံများသည် ပညာရှိပြိတ္တာဘုရင်၏ အကာအကွယ် မန္တန်များအား ဖျက်ဆီး ပစ်လိုက်သည်။

“ဖူး …”

ပညာရှိပြိတ္တာဘုရင်သည် သွေးအန်ကာ အနောက်သို့ လွင့်ပျံသွားသည်။ ထို့နောက်တွင် ၁ပေခန့်ရှိမည့် ကြီးမားသည့် သွေးအရိုး ခေါင်းကြီးသည် သူ့အား ကိုက်ဖြတ်ရန် လာနေသည်ကို မြင်လိုက်ရသည်။

“နီရဲမျက်လုံးနတ်ဘုရားမန္တန် …” နီရဲနေသည့် အလင်းတန်းသည် ပညာရှိပြိတ္တာ ဘုရင်၏ နီရဲနေသော မျက်လုံးများ အတွင်းမှ ထွက်ပေါ်လာပြီး သွေးအရိုးခေါင်းအား အနောက်သို့ ပြန်ကန် ထွက်သွားစေသည်။

ထိုအချိန်မှာပင် ဒေါသကုမ္ဘာန်ပြိတ္တာဘုရင်သည် ပညာရှိပြိတ္တာဘုရင်၏ အနောက်သို့ ရောက်ရှိနေပြီ ဖြစသည်။ မြိနေသည့် ဓားများနှင့်တူသည့် သူ၏ လက်သည်းနက်များအား ပညာရှိပြိတ္တာဘုရင်၏ နောက်ကျောသို့ ထိုးသွင်းလိုက်သည်။

“သေလိုက်တော့ သစ္စာဖောက်ကောင် …”

ဒေါသကုမ္ဘာန်ပြိတ္တာဘုရင်သည် အော်ဟစ်လိုက်ကာ သူ့လက်များအား အပြင်သို့ ထိုးသွင်းလိုက်သည်။

ဗြိ …

ထိုသို့ဖြင့် ပညာရှိပြိတ္တာဘုရင်၏ ခန္ဓာကိုယ်သည် နှစ်ခြမ်း ကွဲထွက် သွားတော့သည်။

ကောင်းကင်တွင် သွေးနက်များ ပက်ဖြန်း သွားပြီးနောက် သူ၏ သနားစဖွယ် အသက်လေးမှာ ပျက်စီးသွားရလေပြီ။ နောက်ဆုံးတွင် ဒေါသကုမ္ဘာန် နတ်ဆိုးဘုရင်သည် ပညာရှိအား အပိုင်းပိုင်း ဆုတ်ဖြဲလိုက်တော့သည်။

သစ္စာဖောက်ကောင် သေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် ပြိတ္တာဘုရင်များသည် ကျေနပ်သွားကြသည်။ သူတို့က စိတ်သက်သာရာ ရလိုသဖြင့် စတင်ရယ်မော ကြလေသည်။

အစ်ကိုကြီးပညာရှိအား ကယ်တင်ရန် ခြေတစ်လှမ်း နောက်ကျသွားသဖြင့် သူ၏ သေဆုံးမှုအား မျက်မြင် တွေ့လိုက်ရသည့် အခါတွင် ကယ်တင်ရှင်နှင့် အခြားသော စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများသည် ရင်ထဲတွင် ဝမ်းနည်းမှုများ ပြည့်လာပြီး ပူဆွေးစွာဖြင့် ခြေကိုဆောင့်နင်း လိုက်ကြသည်။

သရုပ်ဆောင်တို့၏ အရှင်သခင်ဖြစ်သော ပညာရှိပြိတ္တာဘုရင်သည် ကျဆုံး သွားခဲ့လေပြီ။

သူ၏ အပေါင်းအပါ သရုပ်ဆောင်များသည် ဝမ်းနည်း ပူဆွေးလျက်ရှိကာ မျက်လုံးများသည် သွေးရောင် လွှမ်းလာကြသည်။ သူတို့သည် တိုက်ပွဲ ဆာနေကြလေပြီ။

ကြီးကျယ်သည့် တိုက်ပွဲကြီး ဖြစ်ပွားပေတော့မည် …။

***

All Chapters