← Chapters

မင်းမှာငွေရှိတယ် ငါ့မှာသေနတ်ရှ်ိတယ်

Vol. 2 Ch. 19

မင်းမှာငွေရှိတယ် ငါ့မှာသေနတ်ရှ်ိတယ်

Vol. 2 Ch. 19

၀မ့်မင်ယွဲ့ ခုံတွင်ပြန်ထိုင်လိုက်ပြီး သူမမျက်လုံးထဲတွင်တော့ ကျန်းယန်ကိုကြည့်ရင်း မယုံနိုင်မှုများဖြင့် ပြည့်နေခဲ့သည်။

တခဏကြာသည်အထိ သူမအရှေ့တွင်ထိုင်နေသူက အဇူရာတိမ်ဂိုဏ်း၏ ဂိုဏ်းချုပ်တာ၀န်ယူထားသူဆိုတာ သူမမယုံကြည်နိုင်သေးပေ။

သူမအဇူရာတိမ်ဂိုဏ်းအကြောင်းအနည်းငယ်သိပြီး ထို့ကြောင့်လည်း ယခုလို သူမရှေ့ရှ်ိ သတင်းအချက်အလက်ကို မယုံကြည်နိုင်ဖြစ်နေခြင်း ဖြစ်၏။

အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် သူမပုံမှန်ပြန်ဖြစ်သွားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ရှင့်မှာ အရည်အချင်းတွေရှိမယ်ဆိုတာ ကျွန်မယုံပါတယ် ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းက လက်ရှိအခြေအနေကို အကြောင်းပြချက်တစ်ခုကြောင့် ရောက်သွားရတာလေ ရှင်တို့ ဂိုဏ်းက ကိုယ့်ပြဿနာကိုယ်တောင် မဖြေရှင်းနိုင်သေးဘဲ ကျွန်မကို လုံခြုံတဲ့အခြေချစရာတစ်နေရာပေးပါမယ်လို့ ကတိပေးရဲတယ်လား ကျွန်မမပြောလည်း ကျွန်မကိစ္စတွေကအဲ့လောက်မရိုးရှင်းမှန်း ရှင်ခန့်မှန်းမိမှာပါ”

ကျန်းယန်ခေါင်းညိတ်ပြလိုက်၏။

သူမ၏ ၀မ့်မင်ယွဲ့ဟူသောနာမည်က အတုဖြစ်နေရုံသာမက သူမဘေးတွင်လည်း အစွမ်းထက်အစေခံတစ်ယောက်ရှိနေကာ သူမက တိမ်တောင်အင်ပါယာတွင် အခြေခံစရာနေရာတစ်ခု ရှာဖွေနေခဲ့သည်။ ထိုအရာများအားလုံးက သူမပြဿနာက သူမဆီလိုက်လာနေတယ်ဆိုတာကို ညွှန်ပြနေခဲ့၏။

ကျန်းယန်မတုန့်ပြန်နိုင်ခင် ၀မ့်မင်ယွဲ့ ဆက်ပြောလိုက်သည်။

“နောက်ပြီး အဇူရာတိမ်ဈေးမှာအနာဂတ်ရှိလာနိုင်မယ်လို့ ကျွန်မတကယ်ပဲ မမြင်မိဘူး”

ကျန်းယန်အသာအယာပြုံးလိုက်ကာ မေးလိုက်၏။

“အဇူရာတိမ်ဂိုဏ်းမှာ နှစ်၅၀၀၀ သမိုင်းရှိခဲ့တယ် ဂိုဏ်းရဲ့ အထွတ်အထိပ်အခြေအနေတုန်းက ဘယ်လိုရှိခဲ့သလဲဆိုတာ မင်းသိလား”

“ကျွန်မနည်းနည်းကြားဖူးပါတယ်” ၀မ့်မင်ယွဲ့ ခေါင်းညိတ်ပြလိုက်သည်။

ကျန်းယန် ခပ်အေးအေးပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက ပြောင်းလဲမှုအချို့ကြောင့် ကျဆင်းသွားခဲ့ရတယ်ဆိုပေမယ့် အဓိကကတော့ အရင်ဂိုဏ်းချုပ်ရဲ့ ရှေးရိုးစွဲပြီး သီခြားနေလိုတဲ့စနစ်ကြောင့်သာ ဂိုဏ်းကဒီလောက်ထိဖြစ်သွားခဲ့ရတာ အဇူရာတိမ်ဂိုဏ်းရဲ့ အုတ်မြစ်ကတော့ ဒီအတိုင်းရှိနေတုန်းပဲ”

လင်းယွမ်ကျိ ကျန်းယန်ကို မျက်စောင်းတစ်ချက်ထိုးကာ ကြည့်လိုက်သည်။ သူသည် သူတို့အရင်ဂိုဏ်းချုပ်၏ အုပ်ချုပ်မှုပုံစံကို အပြစ်တင်နေခြင်းပေလော။

ကျန်းယန် လင်းယွမ်ကျိအမူအရာကိုသတိပြုမိသော်လည်း ဆက်ပြောလိုက်၏။

“တကယ်လို့ အဇူရာတိမ်ဂိုဏ်းရဲ့ အုတ်မြစ်သာမရှိတော့ဘူးဆိုရင် ဂိုဏ်းကဒီနေ့ထိ ဆက်တည်ရှိနေနိုင်ဦးမှာလား အခြားဂိုဏ်းတွေရဲ့ ဝိုင်းအမဲဖြတ်တာကို ခံလိုက်ရမှာ မဟုတ်လား

အဇူရာတိမ်ဂိုဏ်းလိုအပ်နေတာက ပြုပြင်ပြောင်းလဲဖို့ သတ္တိပါပဲ

ပြုပြင်ပြောင်းလဲဖို့ ယုံကြည်ချက်ရှိနေသ၍တော့ ဂိုဏ်းပြန်ပြီးတိုးတက်လာဖို့က မဖြစ်နိုင်တာမဟုတ်ဘူး

ဂိုဏ်းသာပြန်တိုးတက်လာရင် အရပ်ရှစ်မျက်နှာလုံးက လူတွေကို ဆွဲဆောင်သွားနိုင်မှာမဟုတ်လား အဲ့ဒီအခါကျ အဇူရာတိမ်ဈေးက ဈေးအသေးလေးပဲ ဖြစ်နေဦးမယ်လို့ မင်းထင်လား”

လင်းယွမ်ကျိ သက်ပြင်းခပ်ဖျော့ဖျော့ချလိုက်ကာ

“လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက အဇူရာတိမ်မြို့တော် ဆိုတာရှ်ိခဲ့တယ် အဲ့ဒီမြို့က လက်ရှ်ိအန်းချင်းမြို့ထက် အဆတစ်ရာလောက် ပိုကြီးတယ်”

အစိမ်းရောင်၀တ်စုံ၀တ် သက်လတ်ပိုင်းလူလည်း အသာအယာခေါင်းညိတ်ပြလိုက်ပြီး သူလည်း ထိုကဲ့သို့သော မြို့ကြီးကိုကြားခဲ့ဖူးမှန်း ထောက်ခံလိုက်လေသည်။

၀မ့်မင်ယွဲ့ကတော့ မတုန်မလှုပ်နှင့်သာ ခပ်အေးအေးပြောလိုက်၏။

“ရှင်ပြောတာအမှန်ဆိုရင်တောင် အခုအဇူရာတိမ်ဂိုဏ်းက မြို့ငယ်လေးတစ်ခုရဲ့မြို့စားဒုက္ခပေးတာကိုတောင် ခံနေရတာလေ လက်ရှ်ိ စိန်ခေါ်မှုတွေကို မကျော်လွှားနိုင်ရင် ရှင်တို့ပျံတက်သွားဖို့နေနေသာသာ ရွှံ့ထဲမှာပဲ လူးနေရလိမ့်မယ်”

ကျန်းယန် ခပ်ဟဟရယ်မောလိုက်ကာ

“ရေတိုပဲကြည့်တတ်တဲ့လူ‌ေတွအများကြီးက အဇူရာတိမ်ဂိုဏ်းကို မယုံတာကို ငါ၀န်ခံပါတယ် အဲ့တာက ဘာလို့လဲဆိုတော့ အဲ့ဒီလူတွေရဲ့သေးနုတ်တဲ့ တည်ရှိမှုက အခွင့်အရေးကြီးတစ်ခုလာနေတာကို မမြင်နိုင်လို့ပဲ စိတ်ကူးကြည့်လိုက်စမ်းပါ လူတိုင်းက အဇူရာတိမ်ဂိုဏ်းကို အသိအမှတ်ပြုလာတဲ့အချိန်ကျရင် ငါတို့က သူတို့လိုလူတွေကို ဂရုစိုက်ဖို့ လိုနေဦးမှာလား”

၀မ့်မင်ယွဲ့ ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ပြီး ထိုကောင်က တစ်ဖက်လှည့်နဲ့ သူ့ကို ရေတိုကိုပဲကြည့်တတ်တဲ့လူဟု ပြောနေသလားဟု တွေးလိုက်လေသည်။

သူမလေသံက ပိုအေးစက်လာကာ

“အပြောကတော့ ရွှေမန်းပဲ ဒါပေမယ့် ဒီလိုအဆောင်ရောင်းတဲ့ကိစ္စမျိုးကိုတောင် ရှင့်လိုဂိုဏ်းချုပ်တာ၀န်ယူထားတဲ့လူက ၀င်လုပ်နေရတယ်ဆိုတာက ဂိုဏ်းမှာ အရည်အချင်းရှိတဲ့သူ မရှိဘူးလို့ ညွှန်ပြနေတယ် လူတွေမရှိဘဲ အဇူရာတိမ်ဂိုဏ်းကို ပြန်အသက်သွင်းဖို့ ကြိုးစားနေတာက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ”

“မိန်းကလေး၀မ့်မင်ယွဲ့ နှစ်ရက်တည်းနဲ့ ချီစုဆောင်းနိုင်တဲ့ ပါရမီမျိုးကို မိန်းကလေးဘယ်လိုထင်လဲ” ကျန်းယန် ရုတ်တရက်မေးလိုက်၏။

ကျန်းယန် ဘာကိုဆိုလို‌ချင်နေမှန်းမသိသောကြောင့် သူမတခဏငေးကြောင်သွားသော်လည်း ထို့နောက်တွင်တော့ ရိုးရိုးသားသားသာဖြေလိုက်သည်။

“အဲ့တာက ပါရမီရှင်တစ်‌ေယာက်ရဲ့ ပါရမီမျိုးပဲ အရင်တုန်းက ကျွန်မက ချီစုဆောင်းခြင်းကိုအောင်မြင်ဖို့ သုံးရက်အချိန်ယူခဲ့ရတယ် အဲ့တာတောင် အကြီးအကဲတွေရဲ့ အကူအညီနဲ့မလို့ အဲ့လောက်မြန်ခဲ့တာ တကယ်လို့ တစ်ယောက်ယောက်ကသာ ၂ရက်တည်းနဲ့ ချီစုဆောင်းနိုင်တယ်ဆိုရင် သူတို့က ကျွန်မထက်ပိုတော်တာပဲ”

သူမတစ်ခုခုကို သဘောပေါက်သွားခဲ့ပြီး ကျန်းယန်ကိုကြည့်လိုက်၏။

“ရှင်က ၂ရက်တည်းနဲ့ ချီစုဆောင်းခြင်းကို အောင်မြင်ခဲ့တယ်ဆိုရင်တောင် ရှင်တစ်ယောက်တည်းနဲ့အဇူရာတိမ်ဂိုဏ်းရဲ့ အခြေအနေကို ပြောင်းချင်လည်း ဘာမှထူးသွားမှာမဟုတ်ဘူး”

ကျန်းယန် အားပါးတရပြုံးလိုက်ကာ

“ငါတို့အဇူရာဂိုဏ်းမှာ အဲ့ဒီလိုပါရမီရှင်တွေ ၈၇ ယောက်ရှိတယ်!”

“မဖြစ်နိုင်ဘူး!” ၀မ့်မင်ယွဲ့ အလိုလိုငြင်းလိုက်မိသည်။

သို့သော် ကျန်းယန် ကြွားဝါနေခြင်းမဟုတ်တာကိုလည်း သူမခံစားမိနေခဲ့၏။

ရုတ်တရက် သူမမျက်နှာပေါ် အေးစက်စက်အပြုံးတစ်ပွင့်ပေါ်လာကာ

“ကမ္ဘာပေါ်က ပါရမီရှင်တွေအားလုံးကို ရှင်တို့အဇူရာတိမ်ဂိုဏ်းက အပိုင်စီးထားတာလား”

ရှားပါးလှသော ပါရမီရှင်များက အဇူရာတိမ်ဂိုဏ်းတွင် စုဝေးနေခြင်းပေလော။

သက်လတ်ပိုင်းလူပင် လင်းယွမ်ကျိကိုဖြစ်နိုင်ပါ့မလားဟူသော အံ့အားသင့်သည့် အကြည့်ဖြင့် ကြည့်ရှုနေခဲ့မိသည်။

လင်းယွမ်ကျိကတော့ အမူအရာမဲ့ကာတိတ်ဆိတ်နေခဲ့သည်။

ကျန်းယန်လည်း ၀မ့်မင်ယွဲ့ကိုပြုံး၍သာ ကြည့်နေပြီး ဘာမှပြန်မပြောခဲ့ပေ။

၀မ့်မင်ယွဲ့သူ့အကြည့်အောက်တွင် အနည်းငယ်ရှက်ရွံသွားပြီး မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောလိုက်၏။

“ရှင်ဘာကြည့်နေတာလဲ”

“မင်းကအတော်လေးဉာဏ်ကောင်းပါတယ်” ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေမယ့်…မင်းပြန်လမ်းမဲ့လမ်းဆိုတာကို ကြားဖူးလား လေတိုးသံ ဆိုတာကိုရော ကြားဖူးလား အဇူရာတိမ်ဂိုဏ်းက ဒီအခြေအနေကနေဘယ်လိုရုန်းထွက်မလဲဆိုတာ မင်းကြည့်ချင်လား”

၀မ့်မင်ယွဲ့ စိတ်ရှုပ်ထွေးသွားခဲ့သည်။

လေတိုးသံနှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေခြင်းပေလော။

ပြန်လမ်းမဲ့လမ်းဆိုသည်မှာရော မည်သို့သော လမ်းမျိုး ဖြစ်ပါသနည်း။

ကျန်းယန်၏ ယုံကြည်ချက်ရှိသောအပြုံးကိုမြင်သောအခါ ၀မ့်မင်ယွဲ့ အဇူရာတိမ်ဈေးကို သွားကြည့်ချင်စိတ် ဖြစ်သွားခဲ့သည်။

သူနားမလည်သော်လည်း မကြာခင်တွင် အဇူရာတိမ်ဂိုဏ်း၌ ပြောင်းလဲမှုများဖြင့် ပြည့်လာတော့မယ်ဆိုတာ သူမစိတ်ကူးမိ၏။

အထူးသဖြင့် သူမရှေ့ကကောင်သည် ထိုအရာများအားလုံးကို နားလည်နေပုံပေါ်ကာ ယုံကြည်ချက်လည်း ရှိနေပုံပင်။ ထိုလူ အဇူရာတိမ်ဂိုဏ်းကို ဘယ်လိုပြန်ထွန်းတောက်အောင်လုပ်မလဲဆိုတာကို သူမအမှန်တကယ်ပင် ကြည့်ချင်နေခဲ့ပြီး အောင်မြင်သွားခဲ့လျှင်လည်း ထိုအရာက အတော်လေး အံ့အားသင့်စရာ ကောင်းနေပေလိမ့်မည်။

သို့သော် သူမဆင်ခြင်တုံတရားက သူမသွားချင်စိတ်ကို ထိန်းထားသောကြောင့် အလွယ်တကူတော့ သဘောမတူလိုက်နိုင်ပေ။

“ကျွန်မဆုံးဖြတ်ချက်မချခင် အဇူရာတိမ်ဈေးကို တစ်ချက်သွားကြည့်မယ်” ၀မ့်မင်ယွဲ့နောက်‌ဆုံးတွင် ပြောလိုက်၏။

“ကျွန်မဆုံးဖြတ်ပြီးတာနဲ့ အစီအစဉ်တွေချမယ်”

ကျန်းယန် ခပ်ဟဟရယ်မောလိုက်ကာ

“ကျွန်တော်ကတော့ အဇူရာတိမ်ဂိုဏ်းက ပူးပေါင်းဖို့ထိုက်တန်တဲ့ဂိုဏ်းဖြစ်မှန်း ပြသပြီးပြီ ဘာလို့ မင်းရဲ့ အစွမ်းအစနည်းနည်းလောက် ထုတ်မပြတာလဲ မိန်းကလေး၀မ့်မင်ယွဲ့”

“ကျွန်မမှာ ငွေရှ်ိတယ်!” ၀မ့်မင်ယွဲ့ဂုဏ်ယူစွာပြုံးလိုက်ကာ

“ရှင်စိတ်ကူးကြည့်နိုင်တာထက် ပိုများတဲ့ ငွေတွေ”

“ငွေရှိရင် ကောင်းတယ်!” ကျန်းယန် သူ့လက်ချောင်းများကို ခိုး၍ပွတ်နေခဲ့ကာ

“အဇူရာတိမ်ဈေးက မိန်းကလေး၀မ့်မင်ယွဲ့ကိုကြိုဆိုပါတယ်!”

သူမသည် သူဌေးမတစ်ယောက်ဖြစ်ပုံပင်။

သူမသည် နယ်နှင်ဒဏ်ပေးခံလိုက်ရသော မင်းသမီးတစ်ပါးပေလော သို့မဟုတ် မြင့်မြတ်မိသားစုတစ်ခုခု၏ ကလေးတစ်ယောက်ပေလော သို့မဟုတ် ပျက်ဆီးသွားသောဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဆက်ဆံသူပေလော။

သူမသရုပ်မှန်ကဘာပဲဖြစ်ဖြစ် ငွေရှိလျှင်တော့ ကိစ္စများကို ပိုလွယ်အောင်လုပ်၍ ရပေသည်။

“ခစ်ခစ်” ၀မ့်မင်ယွဲ့ တခစ်ခစ်ရယ်မောလိုက်ကာ

“အရမ်းလည်း စိတ်လှုပ်ရှားမနေပါနဲ့ဦး ကိစ္စတွေက ရှင်ဖြစ်‌ချင်သလို ဖြစ်လာချင်မှဖြစ်လာမှာပါ”

ပြောပြီးသည်နှင့် သူမထရပ်ကာ ထွက်ခွာသွားခဲ့၏။

၀မ့်မင်ယွဲ့ထွက်သွားပြီးနောက် နောက်ဆုံးတွင် လင်းယွမ်ကျိ လေးလေးနက်နက်ပြောလိုက်သည်။

“အဲ့ဒီမိန်းကလေးက မရိုးရှင်းဘူး သူ့အစေခံက ဆရာသခင်တစ်ယောက်ပဲ”

ကျန်းယန် စိတ်၀င်တစားမေးလိုက်၏။

“ဆရာဦးလေး သူ့ကိုဖောက်မမြင်ရဘူးလား ဆရာဦးလေးတို့ တိုက်ခိုက်ရင် သူ့ကိုနိုင်လောက်လား”

လင်းယွမ်ကျိ ဂုဏ်ယူစွာပြုံးလိုက်ကာ

“ငါ့ကိုအနိုင်ယူနိုင်တဲ့သူ အများကြီးမရှိဘူး”

တစ်ဖက်တွင် ၀မ့်မင်ယွဲ့ သူမတို့ခြံ၀န်းလေးထဲ ပြန်ရောက်လာခဲ့ပြီး သက်လတ်ပိုင်းလူကိုကြည့်ကာ မေးလိုက်သည်။

“ဦးလေးချင် သူပြောတဲ့စကားတွေက ဘယ်လောက်ယုံကြည်စိတ်ချရလောက်လဲ”

သက်လတ်ပိုင်းလူမပြောခင် တခဏတွေးတောလိုက်ပြီး

“ကျွန်တော်မသိဘူး! ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းက အရင်နဲ့မတူတော့တာတော့ သေချာတယ် နောက်ပြီး အဲ့ဒီကလေး သရုပ်မှန်ကလည်း သံသယ၀င်စရာတော့ မရှိဘူး လင်းယွမ်ကျိက သူ့ကိုကာကွယ်ပေးနေတယ်ဆိုရင် သူကအဇူရာတိမ်ဂိုဏ်းရဲ့ အရေးပါတဲ့လူတစ်ယောက်ပဲဖြစ်ရမယ်”

၀မ့်မင်ယွဲ့ စိတ်၀င်တစားမေးလိုက်၏။

“ဦးလေးချင် လင်းယွမ်ကျိကိုသိတယ်လား”

သက်လတ်ပိုင်းလူပြုံးကာ ခေါင်းယမ်းလိုက်ပြီး

“ကျွန်တော်သူ့ကိုမသိပါဘူး ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းမျိုးဆက်မှာ အဇူရာတိမ်မောင်နှမ ၇ ဖော်ပဲ ကျန်ခဲ့တော့တာ အဲ့ဒီလူရဲ့ အရှိန်အဝါက ဓားပညာလေ့ကျင့်ထားသလို ထက်ရှနေတယ် အဇူရာတိမ်မောင်နှမ ၇ ဖော်ထဲမှာ လင်းယွမ်ကျိပဲ ဓားသိုင်းလေ့ကျင့်တာဆိုတော့ အဲ့တာသူပဲဖြစ်ရမယ်”

“ဦးလေးချင်နဲ့သူနဲ့ဆို ဘယ်သူကပိုသန်မာလဲ”

သက်လတ်ပိုင်းလူ ခြောက်ကပ်ကပ်ပြုံးလိုက်ကာ

“သခင်မလေး အဇူရာတိမ်ဂိုဏ်းက နိမ့်ပါးနေတယ်ဆိုပေမယ့် သူတို့ကတစ်ချိန်က ဂိုဏ်းကြီးတစ်ခုဖြစ်ခဲ့တာ သူတို့မှာ ထိပ်တန်းအဆင့် ကျင့်စဉ်တွေ ထိပ်တန်းအဆင့် မှော်ရတနာတွေ နောက်ပြီး ထိပ်တန်းအဆင့် တာအိုနားလည်မှုတွေရောပဲ ရှိတယ် ကျွန်တော့်မှာကတော့….သေခြင်းရှင်ခြင်းတိုက်ပွဲဖြစ်မယ်ဆိုရင်တော့ ကျွန်တော်ကသူ့ပြိုင်ဘက်လုံး၀မဟုတ်ဘူး ဒါပေမယ့်လည်း ကျွန်တော်အကွက် ၁၀၀ လောက်တောင့်ခံနိုင်မယ်လို့တော့ ယုံကြည်ချက်ရှိတယ်”

“အဲ့လောက် သန်မာတယ်လား” ၀မ့်မင်ယွဲ့ တီးတိုးရေရွတ်လိုက်၏။

“ဦးလေးချင် ကျွန်မတို့ အဇူရာတိမ်ဂိုဏ်းနဲ့ ပူးပေါင်းသင့်တယ်လို့ ထင်လား”

သက်လတ်ပိုင်းလူ ခေါင်းယမ်းလိုက်ကာ

“ကျွန်တော့်တာ၀န်က သခင်မလေးကိုကာကွယ်ပေးဖို့ပါ အဲ့ဒီလို အဓိကဆုံးဖြတ်ချက်ကြီးတွေကိုတော့ သခင်မလေးကိုယ်တိုင်ပဲ ချသင့်ပါတယ်”

၀မ့်မင်ယွဲ့ အတန်ကြာအောင် စဉ်းစားနေခဲ့ပြီး သူမရင်ထဲ တဖြည်းဖြည်းနှင့် ဆုံးဖြတ်ချက်တစ်ခု ပေါ်လာခဲ့လေသည်။

All Chapters