← Chapters

နဂါးပျံအစောင့်တပ်လိုက်ခြင်း

Vol. 2 Ch. 20

နဂါးပျံအစောင့်တပ်လိုက်ခြင်း

Vol. 2 Ch. 20

မြို့စားစံအိမ်တွင် မြို့စားမင်း ဟုန်ချင်းမျှော်စင်ဘက်သို့ လှောင်ပြောင်သောအကြည့်ဖြင့်ကြည့်ရှုနေခဲ့သည်။

သူ့ဘေးရှ်ိ အိမ်တော်ထိန်းဘက်လှည့်ကာ မေးလိုက်၏။

“ဘယ်သူမှ အမိန့်ကိုဆန့်ကျင်ပြီး အဇူရာတိမ်ဂိုဏ်းနဲ့ မပူးပေါင်းရဲဘူးမလား”

အိမ်တော်ထိန်းခပ်ဟဟရယ်မောလိုက်ကာ

“ကျွန်တော်တို့ သူလျှိုတွေက ဟုန်ချင်းမျှော်စင်ကို စောင့်ကြည့်နေကြတာပါ အစကတော့ ဟွမ်ချောင်းနဲ့အခြားသူတွေရောက်လာကြပေမယ့် ချက်ချင်းပဲ ပြန်သွားကြပါတယ် အန်းချင်းမြို့ထဲမှာ မြို့စားမင်းအမိန့်ကို ဆန့်ကျင်ရဲသူ မရှိသေးပါဘူး အရှင်”

သူပြောပြီးသည်နှင့် အခြားသူလျှိုတစ်ယောက်ရောက်လာကာ သတင်းပို့လိုက်၏။

“မြို့စားမင်း တစ်ယောက်ယောက်ဟုန်ချင်းမျှော်စင်ထဲ ၀င်သွားပြီး အခုထိထွက်မလာသေးပါဘူး” အိမ်တော်ထိန်းမျက်နှာ မည်းမှောင်သွားခဲ့သည်။

သူကအခုပဲ ဘယ်သူမှအာခံရဲသူမရှိဘူးဟု ပြောနေချိန်တွင် တစ်ယောက်ယောက်က သူ့မျက်နှာကို ဖြတ်ရိုက်သွားခြင်းပေလော။

မြို့စားမင်းမျက်ခုံးကိုပင့်လိုက်ကာ ခပ်ဟဟရယ်မောလိုက်ပြီး

“အန်းချင်းမြို့ထဲမှာ ဘယ်သူက ငါ့အမိန့်ကိုလျစ်လျူရှုရဲလဲ သိချင်မိတယ်”

“အဲ့တာက အစေခံတစ်ယောက်နဲ့ အိမ်စေတစ်ယောက်ပါတဲ့ အနက်ရောင်၀တ်မိန်းကလေးတစ်ယောက်ပါ သူတို့သရုပ်မှန်ကို‌တော့ အခုထိ မသိရသေးပါဘူး ကျွန်တော်တို့ အန်းရှင်းမြို့က အရေးကြီးအင်အားစုကြီးတွေဆီ စုံစမ်းကြည့်ခဲ့ပေမယ့် သူတို့က ဘယ်ကမှဖြစ်ပုံမရပါဘူး”

အိမ်တော်ထိန်းမျက်မှောင်ကြုံ့လိုက်ကာ

“ဒီလိုကိစ္စမျိုးက သာမန်လူတွေ ဆုံးဖြတ်နိုင်တာမျိုးမဟုတ်ဘူး ဒီသုံးယောက်က အတော်လေးထူးဆန်းတယ်”

“သူတို့ဘယ်ကလာသလဲဆိုတာ စုံစမ်း” မြို့စားမင်းအသံအေးစက်သွားခဲ့သည်။

“ဟုတ်ကဲ့ပါ!” အိမ်တော်ထိန်း အမြန်ထွက်ခွာသွားခဲ့၏။

မြို့အရှင်ကတော့ မျက်မှောင်ကြုံ့နေပြီး စိတ်မ‌ကျေနပ်ဖြစ်နေခဲ့သည်။

ထိုစဉ် ကျန်းယန်နှင့်လင်းယွမ်ကျိတို့ ဟုန်ချင်းမျှော်စင်ပေါ် လက်ဖက်ရည်အိုးကို အကုန်သောက်လိုက်ပြီး လက်ကျန် ဝိုင်အိုးတစ်အိုးကိုတော့ အိမ်ပြန်ယူသွားဖို့ သိမ်းလိုက်၏။

လက်ကျန်ဝိုင်က ဂိုဏ်းတွင်ကျန်ခဲ့သော ဂိုဏ်းသားများအတွက် ဖြစ်ပေသည်။

လင်းယွမ်ကျိ ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် စားပွဲပေါ်ရှ်ိ မထိရသေးသော ဝိုင်ခွက်များအားလုံးကို တစ်ခွက်ချင်း တစ်မော့တည်းဖြင့် သောက်ချပစ်လိုက်၏။

ကျန်းယန် မျက်ခုံးများတွန့်ကွေးသွားကာ

“ဆရာဦးလေး အဲ့လောက်မလိုပါဘူး”

“မဖြုန်းတီးရဘူး” လင်းယွမ်ကျိ ခပ်တည်တည်ပြန်ပြောလိုက်သည်။

ကျန်းယန်ကတော့ ပြောစရာမဲ့သွားပြီး စိတ်ထဲအနည်းငယ်ချဉ်သွားခဲ့ရသည်။

“ဆရာဦးလေး လိုတာတွေ အရင်၀ယ်ကြရအောင် ပြီးမှ နှစ်ရက်လောက်တရားထိုင်ဖို့ တည်းခိုခန်းတစ်ခုရှာရမယ် နောက်ဆုံးမှ ရှောင်မိသားစုကိုသွားကြတာပေါ့”

ကျန်းယန်စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်ကျော်ကိုထားခဲ့ပြီး ဟုန်ချင်း မျှော်စင်မှ ထွက်ခွာလာခဲ့၏။

ထို့နောက်တွင်တော့ သူတို့ ကုန်သည်အဖွဲ့အစည်းမျိုးစုံသို့ သွားကာ အားရပါးရ၀ယ်ခြမ်းလေတော့သည်။

ယခုအခါ အဇူရာတိမ်ဂိုဏ်းတွင် မသုံးရသေးသော စိတ်ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းကျန်သေးပြီး ထိုအရာများကို အရင်းအမြစ်များနှင့်လဲလှယ်ထားခြင်းက ပိုကောင်းပေသည်။ အထူးသဖြင့် ဆေးရွက်များနှင့် အဆောင်စာရွက်ကြမ်းများ ၀ယ်ထားသင့်ပေသည်။

ရှောင်မိသားစုက မကြာခင်သူတို့ကို လျော်ကြေးအဖြစ် တွင်းထွက်တစ်သုတ်ပေးတော့မည်ဖြစ်သောကြောင့် ကျန်းယန် မှော်ပစ္စည်းများထုလုပ်ဖို့ သတ္တုများတော့ မ၀ယ်ခဲ့ပေ။

ဈေး၀ယ်တစ်ခါထွက်ပြီးသည့်နောက်တွင် ကျန်းယန်၌ စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀ သာကျန်ရှိတော့၏။ သူစိတ်ဝိညာဉ်ကျောက်တုံးများအားလုံးကို အဆောင်စာရွက်ကြမ်းများ ဆေးရွက်များ၀ယ်ပစ်လိုက်ခြင်းဖြစ်ပြီး ဟော်လင်းကျိအတွက် ဝိညာဉ်အခြေတည်အဆင့်သားရဲတစ်ကောင်၏ သွေးတစ်ပုလင်းနှင့် သားရဲသားရေတစ်ပိုင်းပင် ၀ယ်လာခဲ့သေးသည်။

ဈေး၀ယ်ခြင်းပြီးဆုံးသွားသောအခါ သူတို့နှစ်ယောက်တည်းခိုခန်းတစ်ခုရှာကာ တည်းခဲ့ပြီး အခန်းကိုစည်းချပြီးနောက် စတင်တရားထိုင်လေတော့သည်။

သူတို့ခုနကသောက်ခဲ့သော စိတ်ဝိညာဉ်လက်ဖက်ရည်နှင့်ဝိုင်ကို ကောင်းကောင်းမသန့်စင်ရသေးသောကြောင့် သူတို့ထိုအရာကို သန့်စင်ကာ စုပ်ယူနေခဲ့၏။

မျက်စိတစ်မှိတ်အတွင်း အချိန်၂ရက်ကုန်ဆုံးသွားခဲ့သည်။

ကျန်းယန်နှင့်လင်းယွမ်ကျိတို့ တည်းခိုခန်းမှထွက်လာကာ ရှောင်မိသားစုဆီ ဦးတည်လာခဲ့သည်။

ရှောင်မိသားစုက သူတို့ကိုကြိုဆိုဖို့ သေချာပြင်ထားခဲ့ပြီး ရောက်ရှိလာသောအခါ နွေးထွေးစွာကြိုဆိုခဲ့ကြ၏။

“ဒါကတော့ ပြင်ဆင်ထားတဲ့ ကြေးနီရိုင်း သန့်စင်ပြီးကြေးနီ ခရမ်းကြေးနီနဲ့….ကြေးနီအနှစ်သာရနည်းနည်းပါ ကျွန်တော်တို့ ကျန်တာကိုတော့ ရှာလို့မရတော့လို့ပါ လက်ကျန်ပမာဏအတွက် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ အစားယူကြမလား” ရှောင်ကျန့်ချွန် လေးလေးစားစား မေးလိုက်လေသည်။

ကျန်းယန် ပစ္စည်းများအားလုံးကိုသိမ်းလိုက်ပြီးနောက် ရှောင်ကျန့်ချွန်ကိုကြည့်ကာ မေးလိုက်၏။

“စိတ်ဝိညာဉ်ကျောက်တုံးနဲ့ အဆင်ပြေပါတယ် ခင်ဗျားတို့က သုံးပုံတစ်ပုံလောက်သုံးထားတာဆိုတော့ အတော်ကုန်မှာနော် ရှောင်မိသားစုမှာ အဲ့လောက်များတဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိလို့လား”

ကျန်းယန် လက်ခံသည်ကိုမြင်မှသာ ရှောင့်ကျန့်ချွန်စိတ်အေးသွားခဲ့သည်။

စိတ်ဝိညာဉ်ကျောက်တုံးနှင့်ပတ်သက်ရင်တော့ သူယုံကြည်မှုအတော်ရှိသောကြောင့် ပြုံး၍ပြောလိုက်၏။

“ကျွန်တော်တို့ ရှောင်မိသားစုက အန်းချင်းမြို့အဓိကမိသားစုကြီး ၃ စုထဲက တစ်စုပါ အဲ့တာကြောင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကတော့ရှ်ိပါတယ် ဒီလျော်ကြေးအတွက် စိတ်ဝိညာဉ်ကျောက်တုံး ၃သိန်းပေးမယ်ဆို အမတတို့ဘယ်လိုထင်ပါသလဲ”

“ပြဿနာမရှိဘူး” ကျန်းယန် သဘောတူလိုက်သည်။

စိတ်ဝိညာဉ်ကျောက်တုံးက လတ်တလောအဇူရာတိမ်ဂိုဏ်းလစ်လပ်နေသောအရာဖြစ်ပြီး သူအခုသုံးလိုက်သော အသုတ်က နောက်ဆုံးအသုတ်ဖြစ်၏။

ရှောင့်ကျန့်ချွန် စိတ်ဝိညာဉ်ကျောက်တုံးများ ကျန်းယန်ဆီလွှဲပေးပြီးနောက် အသံကိုနှိမ့်၍ ပြောလိုက်သည်။

“ကျွန်တော် မြို့စားစံအိမ်ကအခြေအနေတွေကို ကြားမိပါတယ် ကျွန်တော်တို့

က အန်းချင်းမြို့ထဲပဲ နေနေရတာဆိုတော့ မြို့စားအမိန့်ကိုတော့ ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ရဲပါဘူး ဒါပေမယ့် အမတတို့က အဆောင်တွေရောင်းချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ တစ်ခုကို စိတ်ဝိညာဉ်ကျောက်တုံး ငါးရာနဲ့ယူထားပေးလို့ ရပါတယ်”

သူထိုအဆောင်များကို အဇူရာတိမ်ဂိုဏ်းကို ဖားချင်သည့်သဘောဖြင့် ၀ယ်ထားလိုခြင်း ဖြစ်၏။

အဇူရာတိမ်ဂိုဏ်းထွက်သွားသောအခါမှ ထိုအဆောင်များကို မြို့စားစံအိမ်ဆီ ဈေးနည်းနည်းဖြင့် ပြန်ရောင်းပေးလိုက်လျှင် သူနှစ်ဖက်စလုံးမှ နှစ်သက်ခြင်းကို ခံရပေလိမ့်မည်။

နောက်ဆုံးတွင် ရှောင်မိသားစုက အဇူရာတိမ်ဂိုဏ်းနှင့် မိုင်းတွင်းကိစ္စပူးပေါင်းထားခြင်းဖြစ်သောကြောင့် မြို့စားစံအိမ်ကလည်း ဤချဉ်းကပ်မှုကို နားလည်ပေးသင့်ပေသည်။

မြို့စားစံအိမ်က ပြဿနာရှာလာလျှင်လည်း….ရှောင်မိသားစုတွင် မြို့တော်မှ နောက်ခံရှိနေသေး၏။

ကျန်းယန် အသာအယာခေါင်းယမ်းလိုက်ကာ

“ကျွန်တော်အဆောင်တွေကို ရောင်းချင်စိတ်မရှ်ိပါဘူး ကျွန်တော့်ရည်ရွယ်ချက်က ဒီအဆောင်တွေရောင်းပြီး ရေရှည်လက်တွဲလုပ်မယ့် ကုန်သွယ်မိတ်ဖက်မျိုးရှာချင်တာ ရှောင်မိသားစုကလည်း မြို့စားစံအိမ်ကို မလွန်ဆန်ရဲမှတော့ ထားလိုက်ပါတော့ အဲ့ဒီလို ပစ္စည်းကောင်းတွေက သူတို့ကိုတကယ်ကြိုက်တဲ့သူနဲ့ပဲ ထိုက်တန်တယ် ကျွန်တော် ရှောင်မိသားစုကိုဒုက္ခပေးမနေတော့ပါဘူး-

သူသည် ထိုအဆောင်များကို ပေါ်ပေါ်ထင်ထင်လည်းမရောင်းချနိုင်သလို အခုလည်း စိတ်ဝိညာဉ်ကျောက်တုံးလိုအပ်မနေရာ အဘယ်ကြောင့် ရောင်းနေရပါမည်နည်း။

ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀ ဆိုတာကလည်း အတော်လေး ဈေးနည်းလွန်းလှသည်။

ကျန်းယန်မရောင်းလိုသောအခါ ရှောင်ကျန့်ချွန်လည်း ဆက်မပြောတော့ပေ။

သူတို့ကိစ္စများပြီးဆုံးသွားသောအခါ ကျန်းယန်နှင့်လင်းယွမ်ကျိတို့ ရှောင်မိသားစုမှ ထွက်လာခဲ့ပြီး အဇူရာတိမ်ဂိုဏ်းဆီ ပြန်ဖို့ ပြင်လိုက်၏။

သူတို့ရှောင်မိသားစုမှ ထွက်လာသည်နှင့် အပြင်တွင် သူတို့ကိုစောင့်နေသော ၀မ့်မင်ယွဲ့နှင့်အဖော်နှစ်ယောက်ကို တွေ့လိုက်ရသည်။

“အဇူရာတိမ်ဈေးဆီအရင်သွားပြီး အဲ့ဒီကအခြေအနေတွေကို တစ်ချက်စစ်ကြည့်ကြတာပေါ့” ၀မ့်မင်ယွဲ့ အကြံပေးလိုက်၏။

ကျန်းယန်ခေါင်းညိတ်ပြလိုက်ပြီး ၀မ့်မင်ယွဲ့ အိမ်စေဘက်သို့ လှည့်ကြည့်လိုက်ရာ

“သူကမပျံနိုင်ဘူးမလား”

“ကျွန်မတို့မှာ ပျံသန်းနိုင်တဲ့မှော်ရတနာတစ်ခုရှိပါတယ်!” ၀မ့်မင်ယွဲ့ သူမလက်ကိုမြှောက်လိုက်ပြီး လှေပုံသဏ္ဍာန်မှော်ရတနာတစ်ခုကို ထုတ်လိုက်လေသည်။ လက်တစ်ချက်ဝေ့ယမ်းလိုက်သောအခါ ထိုမှော်ရတနာက ကြီးမားကျယ်ပြန့်သွားပြီး သုံးယောက်လုံး ထိုမှော်ရတနာထဲ ၀င်သွားခဲ့ကြ၏။

ကျန်းယန်ကတော့ ၀မ့်မင်ယွဲ့ကိုကြည့်ကာ တခဏငေးကြောင်သွားခဲ့သည်။ ခရီးသွားလာရန်အတွက် ကိုယ်ပိုင်ပျံသန်းနိုင်သည့်လှေတစ်စင်းရှိနေခြင်း…ဤအရာက သာမန်ကြွယ်၀မှုမျိုးတော့ မဟုတ်ပေ။

မြို့စားစံအိမ်တွင် အိမ်တော်ထိန်း အမြန်ရောက်လာခဲ့ပြီး မည်းမှောင်နေသာ အမူအရာဖြင့် ပြောလိုက်သည်။

“ကျွန်တော်တို့ အဲ့ဒီမိန်းကလေးဘယ်ကလာသလဲဆိုတာ ရှာမတွေ့ခဲ့ပါဘူး သူက ယွမ်ထန့်အင်ပါယာကလာတယ်ဆိုတာလောက်ပဲ သိခဲ့ရပါတယ်”

ယွမ်ထန့်အင်ပါယာသည် တိမ်တောင်အင်ပါယာနှင့်နယ်နိမိတ်ခြင်းထိစပ်နေသော အင်ပါယာဖြစ်ပြီး သူတို့ကြား ဆက်ဆံရေးက ဆိုးသည်ဟုပြော၍ရသလို ကောင်းသည်ဟုလည်း ပြော၍ ရ၏။ သူတို့ကြားထဲတွင် မကြာခဏဆိုသလို အငြင်းပွားမှုများ ဖြစ်တတ်သော်လည်း ကြီးကြီးမားမ ပဋိပက္ခမျိုးတော့ မရှိပေ။

“နိုင်ငံခြားသားတွေလား” မြို့စားမျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။

“သူတို့ကို ဖမ်းလိုက်!”

သူသည် အဇူရာတိမ်ဂိုဏ်းကိုပင် မကြောက်လေရာ နိုင်ငံခြားသားများကိုတော့ ပြောစရာပင် မလိုပေ။

အိမ်တော်ထိန်းနောက်ပြန်လှည့်ကာ အမိန့်ပြန်ဖို့ပြင်လိုက်ချိန်တွင် သူတို့ခေါင်းပေါ်မှ ဖြတ်သန်းသွားသော လှေတစ်စီးကိုမြင်လိုက်ရပြီး အမြန်ပြောလိုက်လေသည်။

“မကောင်းတော့ဘူး သူတို့လွတ်သွားပြီ အဲ့တာအဇူရာတိမ်ဂိုဏ်းဆီ ဉီးတည်သွားနေကြတာပဲ ကြည့်ရတာ သူတို့ဟုန်ချင်းမျှော်စင်မှာ သဘောတူညီမှုတစ်ခုခုရသွားခဲ့ပုံပဲ မဟုတ်ရင် အဇူရာတိမ်ဂိုဏ်းဆီ ဘာလို့သွားမှာလဲ မြို့စားမင်း ကျွန်တော်တို့ နောက်ကလိုက်ဖမ်းသင့်လား ကျွန်တော်တို့ လိုက်မယ်ဆိုရင် အဇူရာတိမ်ဂိုဏ်းကို ပေါ်ပေါ်ထင်ထင် အပြစ်ပြုမိသလို ဖြစ်သွားလိမ့်မယ် အဲ့တာက ကောင်းတဲ့အရာတော့မဟုတ်ဘူး”

မြို့စားမင်းတခဏတွန့်ဆုတ်သွားသော်လည်း ဆက်ညွှန်ကြားလိုက်၏။

“နဂါးပျံအစောင့်တွေကို အခြေအနေတစ်ချက်စမ်းကြည့်ဖို့ အမိန့်ပေးလိုက် အဇူရာတိမ်ဂိုဏ်းရဲ့ သဘောထားက အားကောင်းလွန်းနေရင် ပြန်လာခဲ့”

နဂါးပျံအစောင့်တပ်သည် ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသည့် စစ်တပ်တစ်ခုဖြစ်ပြီး အခြား ကျင့်ကြံသူများရင်ဆိုင်ရန် လုံလောက်အောင် အားကောင်းကြသည်။

“ဟုတ်ကဲ့ပါ”

ချက်ချင်းဆိုသလို အန်းချင်းမြို့မှ လှေပျံတစ်စင်း ထပ်ထွက်ခွာသွားပြီး ကျန်းယန်တို့နောက် လိုက်သွားခဲ့၏။

“ဟမ်” ၀မ့်မင်ယွဲ့ အခြေအနေကို သတိပြုမိသွားသည်။

“တိမ်တောင်အင်ပါယာရဲ့ နဂါးပျံအစောင့်တွေ တပ်ဖြန့်နေပြီ ကြည့်ရတာ အန်းချင်းမြို့ကလုံး၀ အသုံးမ၀င်နေတာတော့ မဟုတ်ဘူးပဲ သူတို့က ကျွန်မတို့ကို ခြေရာခံနေကြတာ”

“အဲ့ဒီလို ဖြစ်ပုံပါပဲ” သက်လတ်ပိုင်းလူလည်း လှေပျံနောက်က လိုက်လာသော အခြားလေပျံတစ်စင်းကို ကြည့်လိုက်ပြီးနောက် ကျန်းယန်နှင့်လင်းယွမ်ကျိကို တစ်ချက်ကြည့်လိုက်၏။

အဇူရာတိမ်ဂိုဏ်းက သူတို့ကို ကာကွယ်ပေးမည်ဟု ကတိပေးထားခြင်းဖြစ်ပြီး ယခုလို နဂါးပျံအစောင့်တွေလိုက်လာသောအခါ အဇူရာတိမ်ဂိုဏ်းဘယ်လိုတုန့်ပြန်မလဲ သူတို့ သိချင်နေခဲ့သည်။

လင်းယွမ်ကျိ သူ့အစောင့်များရောင်းခွင့်ကို ပိတ်လိုက်ကတည်းက အန်းချင်းမြို့ကို မကျေမနပ်ဖြစ်နေခြင်းဖြစ်ပြီး ယခုလို နဂါးပျံအစောင့်တပ်နှင့်ကြုံရသောအခါ သူ့ဒေါသကို မထိန်းနိုင်တော့ပေ။

သူလှုပ်ရှာဖို့ ပြင်လိုက်ချိန်တွင် ကျန်းယန် သူ့ကိုတားလိုက်၏။

“ဆရာဦးလေး ကျွန်တော်ကိုင်တွယ်ပါရစေ!” ကျန်းယန် အသာအယာပြုံးလိုက်ကာ ဒါက ကျွန်တော်တို့ဂိုဏ်းရဲ့ ရပ်တည်မှုနဲ့ အလားအလာကို မိန်းကလေး၀မ့်မင်ယွဲ့ကိုပြဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ တကယ်ပဲ ကျွန်တော်တို့က ကျွန်တော်တို့အိပ်မက်တွေနဲ့ ကိုက်ညီသလားဆိုတာပေါ့ ဦးလေးလင်းယွမ်လုပ်ရင် မိန်းကလေး၀မ့်မင်ယွဲ့ကို သိမ်းသွင်းလို့ ရချင်မှရမယ် ကျွန်တော်လုပ်တော့ ပိုကောင်းသွားတာပေါ့”

၀မ့်မင်ယွဲ့ကျန်းယန်ကို မျက်စောင်းတစ်ချက်ထိုးလိုက်၏။ နဂါးပျံအစောင့်တပ်ခေါင်းဆောင်က ရွှေအမြုတေအဆင့်ဖြစ်ပြီး အဖွဲ့၀င်များကလည်း ပျမ်းမျှအားဖြင့် ဝိညာဉ်ပင်လယ်ဖွင့်လှစ်ခြင်းအဆင့်များဖြစ်ကြရာ သူတို့အင်အားက ရွှေအမြုတေအဆင့်ထက် အများကြီး ကျော်လွန်နေခဲ့သည်။

ကျန်းယန်လို ရွှေအမြုတေအဆင့်လေးတစ်ယောက်က ထိုအခြေအနေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ သူမစိတ်၀င်စားနေခဲ့မိ၏။

All Chapters