← Chapters

ချင်းယွင်ကျိ၏ ပုံစံအမှန်

Vol. 2 Ch. 23

ချင်းယွင်ကျိ၏ ပုံစံအမှန်

Vol. 2 Ch. 23

တစ်ယောက်ယောက်တွင် ကြည့်ကောင်းသော ခန္ဓာကိုယ်ရှိသော်လည်း မျက်နှာက ရုပ်ဆိုးနေလျှင် အတော်လေး နှမြောစရာကောင်းသော အရာသာ ဖြစ်သည်။

အရင်ကတော့ ၀မ့်မင်ယွဲ့သည်အတော်လေးကံဆိုးသည်ဟု ကျန်းယန်ထင်ခဲ့မိ၏။ သူမတွင် ကြည့်ကောင်းသော ခန္ဓာကိုယ်သွင်ပြင်ရှိသော်လည်း သူမမျက်နှာက လိုအပ်နေခဲ့သည်။

အခုတော့ စစ်ထူမင်ယွဲ့သည် ရုပ်ဖျက်ထားခြင်းသာဖြစ်မှန်း သူသိသွားခဲ့၏။

စစ်ထူမင်ယွဲ့သည် သူ့အတိတ်ဘ၀က ထိပ်တန်းနာမည်ကြီးအမျိုးသမီးများလို လှပတာကိုတော့ ကျန်းယန် ၀န်ခံရပေမည်။ သို့သော်လည်း သူက အတွေ့အကြံုနည်းကာကမ္ဘာကြီးကိုမမြင်ဖူးသောသူတစ်ယောက်မဟုတ်ခဲ့ပေ။ စစ်ထူမင်ယွဲ့က အသက်ရှူမှားလောက်အောင်လှသည်ကို သူတွေ့လိုက်ရသော်လည်း အလျင်အမြန်ပင် သူ့အမူအရာက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

သူ့အတိတ်ဘ၀တုန်းက သူသည်အောင်မြင်သောသူတစ်ယောက်ဖြစ်ခဲ့ဖူးပြီး သရုပ်ဆောင်များ မော်ဒယ်များအပါအ၀င် အချောအလှများစွာနှင့် တွဲခဲ့ဖူး၏။

သူမိန်းမများနောက်သို့ လိုက်ဖူးခဲ့‌ပြီးချေပြီ။

အခုတော့ သူအမတလမ်းစဉ်ကိုသာ လျှောက်လှမ်းလိုပြီး မိန်းမများက သူ့လမ်းစဉ်ကို နှောင့်နှေးစေမည့်အရာများသာ ဖြစ်ပေသည်။

(စာစစ်သူမှတ်ချက် - Gay?)

“မဆိုးပါဘူး” ကျန်းယန်ခေါင်းညိတ်ပြလိုက်၏။

“ယွင်ထန့်ကုန်သွယ်သမဂ္ဂဆိုတာ ဘယ်လိုကုန်သွယ်သမဂ္ဂမျိုးလဲ ဘာလို့မင်းက တိမ်တောင်အင်ပါယာကိုရောက်လာတာလဲ”

စစ်ထူမင်ယွဲ့ကျန်းယန်၏ အမူအရာကိုစောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ကျန်းယန်သူမအလှကြောင့် ငေးသွားသည်ကိုတွေ့သောအခါ သူမဂုဏ်ယူသွားခဲ့မိ၏။ သူမထိုကဲ့သို့သော လူပေါင်းများစွာကိုတွေ့ခဲ့ဖူးပြီး အချို့ဆိုလျှင် သူမအလှကြောင့် တုန်ပင်တုန်လှုပ်သွားခဲ့ကြဖူးသည်။

သို့သော် ကျန်းယန် တခဏအတွင်းပုံမှန်ပြန်ဖြစ်သွားသောအခါတွင်တော့ သူမအနည်းငယ် ပဟေဠိဖြစ်သွားခဲ့ရ၏။

သူမအဲ့လောက်အမြန်ကြီး ပုံမှန်ပြန်ဖြစ်သွားတာလား!

သူမမျက်နှာကိုမြင်ပြီး အတန်ကြာချိန်အထိ မျက်နှာနီသွားသော ဂိုဏ်းကြီးမှတပည့်များစွာကို သူမတွေ့ခဲ့ဖူးပေသည်။

ဤလူငယ်လေးကတော့ အဘယ်ကြောင့်ထိုမျှအသက်ကလေးနှင့် ဒီလောက်ထိန်းချုပ်နိုင်စွမ်း အားကောင်းနေရပါသနည်း။

နောက်ပြီး သူက မဆိုးပါဘူး ဟူ၍တောင်ပြောလိုက်သေးသည်။

သူမအေး‌စက်စက်ထေ့ငေါ့လိုက်ပြီး မကျေနပ်ဟန်ဖြင့် ပြောလိုက်၏။

“ရှင်က အဇူရာတိမ်ဂိုဏ်း ဂိုဏ်းချုပ်တာ၀န်ယူထားတဲ့သူဖြစ်ပြီးတော့ အဲ့လောက်တောင် ဗဟုသုတနည်းရလား ကျွန်မတို့ ယွင်ထန့်ကုန်သွယ်သမဂ္ဂက ယွင်ထန့်အင်ပါယာမှာ အကြီးဆုံး ကုန်သွယ်သမဂ္ဂပဲ တော်၀င်သမဂ္ဂနဲ့တောင်တူတယ် ကျွန်မတို့ စီးပွားရေး‌ေတွကို ယွင်ထန့်အင်ပါယာအနှံ့ဖြန့်ကျက်ထားပြီးတော့ လုပ်ငန်းတွေဆိုတာလည်း နေရာအနှံ့မှာရှိတယ်

ကျန်းယန်ခပ်ဟဟရယ်မောလိုက်ကာ

“ကျွန်တော်က ပုံမှန်ဆို အဇူရာတိမ်ဂိုဏ်းကနေ သိပ်မထွက်ဖြစ်တော့ အမြင်ကျဉ်းနေရတာက ပုံမှန်ပါပဲ ဒါပေမယ့် မင်းကရော ဒီလောက်အင်အားကြီးတဲ့ ယွင်ထန့်ကုန်သွယ်သမဂ္ဂကြီးရှိနေရဲ့သားနဲ့ ဘာလို့ အိမ်မှာမနေရတာလဲ”

စစ်ထူမင်ယွဲ့ ရင်၀ကိုဆောင့်ကန်ခံလိုက်ရသလို ခံသားလိုက်ရသည်။ သူမအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ကျန်းယန်နှင့်မငြင်းတော့ဖို့ ဆုံးဖြတ်လိုက်ပြီး အေးအေးဆေးဆေးပြောလိုက်၏။

“ကျွန်မမှာ ပြဿနာအချို့ရှိခဲ့ပြီးတော့ ယွင်ထန့်အင်ပါယာကနေ ထွက်ခွာလာခဲ့ရတာ ဒါပေမယ့် ပြဿနာကကျွန်မကိုပဲ ဦးတည်နေတာမလို့ ကျွန်မထွက်သွားသရွေ့ သူတို့ကျွန်မမိသားစုကိုအလွယ်တကူတော့ လာစော်ကားလို့ မရဘူး အခုကျွန်မပြဿနာကိုသိပြီဆိုတော့ ရှင်ကျွန်မကို အဇူရာတိမ်ဂိုဏ်းနဲ့ ပူးပေါင်းစေချင်သေးလား”

ကျန်းယန်တခဏစဉ်းစားပြီးနောက် မေးလိုက်သည်။

“မင်းက ယွင်ထန့်ကုန်သွယ်သမဂ္ဂရဲ့ အရင်းအမြစ်တွေကို ကိုင်တွယ်ပိုင်ခွင့်ရှိသေးလား နောက်ပြီး အနာဂတ်မှာ ယွင်ထန့်ကုန်သွယ်သမဂ္ဂနဲ့ အဇူရာတိမ်ဂိုဏ်း ပူးပေါင်းလုပ်ကိုင်ဖို့ ဖြစ်နိုင်ချေရှ်ိလာနိုင်လား”

စစ်ထူမင်ယွဲ့ကိုလိုက်နေသော ပြဿနာက ခပ်သေးသေးမဟုတ်နိုင်မှန်း ကျန်းယန် ကောင်းကောင်းကြီး သတိထားမိ၏။

သို့သော်လည်း ယွင်ထန့်ကုန်သွယ်သမဂ္ဂလို အင်ပါယာကြီးတစ်ခု၏ ကုန်သွယ်အဖွဲ့အစည်းကြီးနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်လျှင် သို့မဟုတ် လုပ်ဖော်ကိုင်ဖက်ဖြစ်လာနိုင်လျှင် အဇူရာတိမ်ဂိုဏ်းအတွက် အလွန်အကျိုးရှိလာနိုင်ပေလိမ့်မည်။

စစ်ထူမင်ယွဲ့မျက်မှောင်ကြုံ့ကာ ပြောလိုက်လေသည်။

“ကျွန်မပြောတာကို ရှင်နားမလည်ဘူးလား ကျွန်မကမပြန်ရဲလို့ ပြေးလာတာလေ တကယ်လို့ ကျွန်မက ယွင်ထန့်ကုန်သွယ်သမဂ္ဂနဲ့ ပြန်ဆက်သွယ်လိုက်ရင် ကျွန်မဘယ်မှာရှိနေလဲဆိုတာ ထုတ်ဖော်မိသွားမှာပေါ့ ကျွန်မတို့ ယွင်ထန့်ကုန်သွယ်သမဂ္ဂမှာက လူတွေအများကြီးရှိနေတာ တကယ်လို့ သတင်းသာပေါက်ကြားသွားခဲ့ရင် ကျွန်မအတွက်အန္တရာယ်ရှိလာနိုင်ပြီး‌ေတာ့ ယွင်ထန့်ကုန်သွယ်သမဂ္ဂရဲ့ အကျိုးစီးပွားကိုလည်း ထိခိုက်သွားစေနိုင်တယ်”

“မင်းလုပ်နိုင်လား မလုပ်နိုင်ဘူးလားပဲ ပြောပါ” ကျန်းယန် စစ်ထူမင်ယွဲ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။

စစ်ထူမင်ယွဲ့အေးစက်စက်ထေ့ငေါ့ကာ

“သေချာတာပေါ့ ကျွန်မလုပ်နိုင်တယ်”

ကျန်းယန်ရယ်မောလိုက်ပြီး

“ငါ့မှာ အကြံပေးစရာတစ်ခုရှိတယ် မင်းအဇူရာတိမ်ဂိုဏ်းကို၀င်နိုင်တယ် ငါ့ဆရာနဲ့ဆရာဦးလေး ၆ ယောက်လုံးမှာ သူတို့ကိုယ်ပိုင်တုနှိုင်းမဲ့ ကျွမ်းကျင်မှုတွေရှိကြတယ် အထူးသဖြင့် ဆရာဒေါ်လေး ၄ နဲ့ ဆရာဒေါ်လေး ၇ ကထိပ်တန်းအလှပဂေးလေးတွေပဲ မင်းအတွက် သူတို့ဆီက သင်ယူဖို့ ကွက်တိပဲ”

အကယ်၍များ ကုန်သွယ်သမဂ္ဂကြီးတစ်ခုမှ သမီးတစ်ယောက်ကိုသာ အဇူရာတိမ်ဂိုဏ်းထဲ ခေါ်ထည့်ထားနိုင်ခဲ့လျှင် သူတို့ဂိုဏ်း၏ စီးပွားရေးအတွက် စိတ်ချသွားရပေလိမ့်မည်။

ထို့အပြင် အစိမ်းရောင်၀တ်သက်လတ်ပိုင်းလူကလည်း ဆရာသခင်တစ်ယောက် ဖြစ်၏။ စစ်ထူမင်ယွဲ့ဂိုဏ်းထဲ၀င်လိုက်သည်နှင့် ဂိုဏ်းက နောက်ထပ်ကျွမ်းကျင်သူတစ်ယောက်ကိုလည်း ချက်ချင်းရလိုက်မည်ဖြစ်လေရာ ထိုအပေးအယူက တန်လွန်းလှသည်။

စစ်ထူမင်ယွဲ့ အေးစက်စက်ရယ်မောလိုက်ပြီး

“ရှင့်အစီအစဉ်က အတော်ကောင်းတာပဲ ကျွန်မရဲ့ယွင်ထန့်ကုန်သွယ်သမဂ္ဂကိုသုံးပြီး အဇူရာတိမ်ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ပေါ့လေ ဒါပေမယ့် ကျွန်မပြဿနာကရော”

ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“မင်းအဇူရာတိမ်ဂိုဏ်းကို၀င်တာနဲ့ မင်းကငါတို့ထဲကတစ်ယောက်ဖြစ်လာမှာ အဇူရာတိမ်ဂိုဏ်းက ကျဆင်းနေတယ်ဆိုပေမယ့် အဇူရာတိမ်ဂိုဏ်းသားတစ်ယောက်ယောက်သာ အနိုင်ကျင့်ခံနေရရင် ဂိုဏ်းကရပ်ကြည့်နေမှာ မဟုတ်ဘူ း ဟုတ်တယ်မလား ဆရာဦးလေးလင်းယွမ်”

“ဟုတ်တယ်” လင်းယွမ်ကျိ ပြန်ဖြေလိုက်သည်။

စစ်ထူမင်ယွဲ့တိတ်ဆိတ်သွားခဲ့ပြီး သူ့အမူအရာက တည်ငြိမ်နေသော်လည်း မတည်ငြိမ်သောမျက်လုံးသူငယ်အိမ်များက သူမစိတ်မတည်မငြိမ်ဖြစ်နေတာကို ညွှန်ပြနေခဲ့၏။

ထိုအခိုက်တွင် စစ်ထူမင်ယွဲ့စိတ်ထဲ၌ တွက်ချက်နေခဲ့ခြင်း ဖြစ်သည်။

အဇူရာတိမ်ဂိုဏ်းက ယုံရလောက်သော နောက်ခံဟုတ်မဟုတ် ၀င်ရန်သင့်မသင့်သူမတွက်ချက်နေခဲ့၏။

အတန်ကြာတွက်ချက်ပြီးနောက် သူမလင်းယွမ်ကျိကိုကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။

“စီနီယာ အဇူရာတိမ်ဂိုဏ်းက ကျွန်မကိုကာကွယ်ပေးနိုင်မလား သိပါရစေ”

လင်းယွမ်ကျိ ခပ်အေးအေးပြောလိုက်၏။

“ငါတို့အဇူရာတိမ်ဂိုဏ်းမှာ လူနည်းနည်းလေးပဲရှိပေမယ့် ဂိုဏ်းကို ကျူးကျော်လာတဲ့သူတွေကို တိုက်ခိုက်ဖို့ ဘယ်တုန်းကမှ သွေးမကြောင်ခဲ့ဖူးဘူး”

“တကယ်လို့ အဲ့တာက လန်ကျားအထွတ်အမြတ်မြေ လိုအင်အားစုတစ်ခုဆိုရင်ရော” စစ်ထူမင်ယွဲ့ ဖြည်းဖြည်းချင်းမေးလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းက သူတို့နဲ့ ရင်ဆိုင်နိုင်မှာလား”

လင်းယွမ်ကျိ ကျန်းယန်ဘက်လှည့်ကာ ခပ်အေးအေးပြောလိုက်၏။

“ငါတို့မင်းကို အရင်က ပြောခဲ့တဲ့သူနှစ်ယောက်ထဲက တစ်ယောက်က လန်ကျားအထွတ်အမြတ်မြေ ကို၀င်သွားတာ”

“အို့” ကျန်းယန် ဂိုဏ်းကထွက်ပြေးသွားခဲ့သော သူ့စီနီယာအစ်ကို ၂ယောက်ကို သတိရသွားခဲ့သည်။

“ကျွန်တော် မှတ်မိပြီ”

လင်းယွမ်ကျိ စစ်ထူမင်ယွဲ့ကို ဆက်ပြောလိုက်၏။

“လွန်ခဲ့တဲ့နှစ်၅၀တုန်းက အဇူရာတိမ်ဂိုဏ်းမှာ တိုက်ပွဲတစ်ခုဖြစ်ခဲ့တယ် တစ်ဖက်ကတော့ ငါ့စီနီယာအစ်ကိုကြီး ချင်းယွင်ကျိ အခြားတစ်ဖက်က‌ လန်ကျားအထွတ်အမြတ်မြေက ထန်ကျိုးရွှေပဲ”

“အကြီးအကဲထန်!” စစ်ထူမင်ယွဲ့ရေရွတ်လိုက်မိသည်။

သက်လတ်ပိုင်းလူလည်း မမေးဘဲ မနေနိုင်တော့ပေ။

“ညီကိုလင်းယွမ် တိုက်ပွဲကဘယ်လိုပြီးသွားလဲ”

လင်းယွမ်ကျိ ဂုဏ်ယူစွာ ပြောလိုက်၏။

“တိုက်ပွဲက ၁၀ကွက်အတွင်းပြီးသွားတယ် ထန်ချိုးရွှေကိုလည်း သူ့တစ်ဘ၀လုံး အဇူရာတိမ်ဂိုဏ်းရဲ့ မိုင်တစ်သောင်းပတ်လည်နယ်မြေအတွင်း ခြေတစ်လှမ်းမှ လှမ်းမလာဖို့ တားမြစ်လိုက်တယ် အို့ မိုင်တစ်သောင်းနယ်မြေဆိုတာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဂိုဏ်းကြီးတိုင်းသိကြတဲ့ အဇူရာတိမ်ဂိုဏ်းရဲ့ နယ်မြေပဲ”

စစ်ထူမင်ယွဲ့နှင့်သူ့အဖော်တို့ ကြက်သေသေသွားခဲ့ကြသည်။

ထန်ချိုးရွှေသည် လန်ကျားအထွတ်အမြတ်မြေတွင် နာမည်ကျော်ဖြစ်ရုံသာမက ကုန်းမြေတစ်ခုလုံးတွင်ပင် ကျော်ကြားသူ ဖြစ်၏။

သို့သော်လည်း သူသည် ဘယ်သူမှမသိလိုက်ရဘဲ အဇူရာတိမ်ဂိုဏ်းထဲတွင် ဆယ်ကွက်အတွင်း အပြတ်အသတ်ရှုံးနိမ့်ခဲ့ရဖူးသည်လော။

ထန်ချိုးရွှေ၏ နောက်ခံကိုမသိသော ကျန်းယန်ကတော့ လုံး၀အံ့ဩမသွားခဲ့ပေ။

“အဇူရာတိမ်ဂိုဏ်းသခင်က တကယ်ပဲ ကြောက်စရာကောင်းတာပဲ!” အစိမ်းရောင်၀တ်လူ ထပ်ခါထပ်ခါခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“ညီကိုလင်းယွမ် ကျွန်တော်ခင်ဗျားကို အထင်သေးတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ခင်ဗျားက ဝိညာဉ်အခြေတည်အဆင့်မှာပဲ ရှိသေးတာလေ…”

သူဆိုလိုချင်သည်မှာ ချင်းယွင်ကျိ၏ကျင့်ကြံခြင်းက သူ့ထက်မြင့်လျှင်တောင် ဘယ်လောက်မြင့်နိုင်မှာလဲဟု ဆိုလိုနေခြင်း ဖြစ်၏။

လင်းယွမ်ကျိခြောက်ကပ်ကပ်ပြုံးကာ ပြောလိုက်သည်။

“အပေါ်ယံမှာတော့ သူကငါတို့ရဲ့စီနီယာအစ်ကိုကြီးပေါ့ တကယ်တော့ ငါတို့တတ်ထားသမျှအကုန်လုံးကို သူပဲသင်ပေးခဲ့တာ အရင်က ငါတို့ဆရာက တပည့်ကိစ္စတွေကို မကိုင်တွယ်ခဲ့ဘူး အဲ့တာ‌ကြောင့် စီနီယာအစ်ကိုကြီးကပဲ ဆရာ့ကိုယ်စားငါတို့ကိုသင်ပေးခဲ့တာ ဒါပေမယ့် အကြောင်းပြချက်အချို့ကြောင့် စီနီယာအစ်ကိုကြီးက အဇူရာတိမ်ဂိုဏ်းထဲက ထွက်သွားလို့မရဘူး အဲ့တာကြောင့်သာ မဟုတ်ရင် ဂိုဏ်းကဒီအခြေအနေထိ ကျဆင်းသွားမှာ မဟုတ်ဘူး”

“ကျွန်မဆုံးဖြတ်ပြီးပြီ ကျွန်မဂိုဏ်းချုပ်ကို ဆရာအဖြစ်အသိအမှတ်ပြုမယ်” စစ်ထူမင်ယွဲ့ချက်ချင်းထပြောလိုက်၏။

“ကျွန်မအဇူရာတိမ်ဂိုဏ်းကို၀င်ဖို့ ဆုံးဖြတ်လိုက်ပြီ”

ထိုမျှစွမ်းအားကြီးသော ဆရာတစ်ယောက်ရှိနေလျှင် လန်ကျားအထွတ်အမြတ်မြေက သူမကိုပြဿနာရှာရဲဦးမလား သူမ သိချင်ပေသည်။

လင်းယွမ်ကျိ ခေါင်းယမ်းလိုက်ကာ

“စီနီယာအစ်ကိုကြီးက တပည့်တွေထပ်လက်မခံတော့ဘူး

…လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကျန်းယန်ရဲ့ ကောင်းလွန်းတဲ့ပါရမီကြောင့်သာ မဟုတ်ရင် စီနီယာအစ်ကိုကြီးက သူ့ကိုလည်းခြွင်းချက်ထားပေးခဲ့မှာ မဟုတ်ဘူး တကယ်လို့ မင်းအဇူရာတိမ်ဂိုဏ်းကို၀င်ချင်တယ်ဆိုရင် ဂျူနီယာညီမလေး ၄ နဲ့ ၇ တို့ကသင်ပေးနိုင်တယ် စိတ်ချပါ အဇူရာတိမ်ဂိုဏ်းမှာ အားလုံးက စည်းလုံးကြပါတယ်”

စစ်ထူမင်ယွဲ့ စိတ်ပျက်သွားခဲ့သည်။ အဘယ်ကြောင့် သူမအလှည့်ကျမှ တပည့်လက်မခံဘူး ဖြစ်သွားရပါသနည်း။

ကျန်းယန်ခပ်ဟဟရယ်မောလိုက်ကာ

“မင်းရဲ့ ယွင်ထန့်ကုန်သွယ်သမဂ္ဂက ချမ်းသာပြီး ငါတို့အဇူရာတိမ်ဂိုဏ်းကတော့ လတ်တ‌ေလာဆင်းရဲနေတယ် တကယ်လို့ မင်းငွေများများလှူမယ်ဆိုရင်တော့ ငါ့ဆရာက မင်းကိုတပည့်အဖြစ်လက်ခံမယ်လို့ ငါအာမခံတယ်”

သူ သူ့ဆရာကိုရောင်းစားဖို့ တွန့်ဆုတ်မနေခဲ့ပေ။

စစ်ထူမင်ယွဲ့ လှောင်ပြုံးပြုံးလိုက်ကာ

“အခုတော့ အဇူရာတိမ်ဂိုဏ်းရဲ့ အလားအလာတွေအကြောင်း မပြောတော့ဘူးလား ဂိုဏ်းကဘယ်လောက်အင်အားကြီးကြောင်းမပြောတော့ဘူးလား နင်ကငါ့ကိုအဇူရာတိမ်ဈေးဆီခေါ်လာပြီး အပျော့ပျော့ဆွဲ လှည့်စားဖို့ပဲတွေးနေတာကို ငါသတိမထားမိဘူး ထင်လို့လား ငါဆရာနဲ့တွေ့တဲ့အချိန်ထိစောင့်နေလိုက် ငါနင့်ကိုသေချာပေါက်ဆရာနဲ့တိုင်ပစ်မယ်”

သူမပြောနေသည်ကို တခဏရပ်လိုက်ပြီးနောက် ချက်ချင်းဆိုသလို သူမအမူအရာပြောင်းလဲသွားကာ တက်ကြွစွာ ပြောလိုက်၏။

“စီနီယာအစ်ကို ကျွန်မက စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းလှူချင်ပါတယ် အဲ့လောက်ဆို ဂိုဏ်းချုပ်က ကျွန်မကိုတပည့်အဖြစ်လက်ခံဖို့ လုံလောက်တယ်လို့ အစ်ကိုထင်လား”

“ယူလာခဲ့လိုက်”

ကျန်းယန်တစ်ချက်မှ တွန့်ဆုတ်မသွားဘဲ

“စိတ်မပူပါနဲ့ အားလုံးအစ်ကို့တာ၀န်သာထားလိုက်”

ထိုကဲ့သို့သော သူဌေးမမျိုးကို ဘယ်တော့မှ လက်လွှတ်မပေးသင့်ပေ!

All Chapters