← Chapters

တပည့်လက်ခံပွဲအခမ်းအနား

Vol. 2 Ch. 24

တပည့်လက်ခံပွဲအခမ်းအနား

Vol. 2 Ch. 24

စစ်ထူမင်ယွဲ့ ဂိုဏ်းထဲ၀င်ဖို့ ဆုံးဖြတ်ပြီးသောအခါ နှစ်ဖက်လုံး တစ်ယောက်နှင့်တစ်ယောက် သိသွားခဲ့ကြသည်။

ထိုအချိန်တွင် အစိမ်းရောင်၀တ်သက်လတ်ပိုင်းလူ၏ သရုပ်မှန်ကိုလည်းလူတိုင်းသိရှိသွားခဲ့ကြ၏။ သူသည် စစ်ထူမိသားစု၏ ဧည့်အကြီးအကဲတစ်ယောက်ဖြစ်ကာ အမည်မှာ ချင်ယူရှု ဖြစ်ပေသည်။ စစ်ထူမိသားစုက သူ့အသက်ကို ကယ်တင်ခဲ့သောကြောင့် သူက စစ်ထူမိသားစုတွင် နေထိုင်ကာ အမှုထမ်းနေခဲ့ခြင်း ဖြစ်၏။

ဤတစ်ကြိမ်တွင် ချင်ယူရှု၏တာ၀န်က စစ်ထူမင်ယွဲ့ကို ထွက်ပြေးရာ၌ ကာကွယ်ကာ လုံခြုံအောင်ထားဖို့ ဖြစ်သည်။

စစ်ထူမင်ယွဲ့၏ အစေခံမလေးနာမည်ကတော့ ချွန်းရှောင် ဖြစ်၏။

စစ်ထူမင်ယွဲ့ စိတ်ဝိညာဉ်ကျောက်တုံးများ ပေးသောအခါတွင်မူ ကတောက်ကဆတစ်ခု ဖြစ်သွားခဲ့ရသည်။

“စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းဆိုပြီး နည်းနည်းလေးပဲ ပေးတယ်လား ဒီဟာက တစ်သောင်းပဲရှိတယ်ဆိုတာ သေချာတယ်” ကျန်းယန် စစ်ထူမင်ယွဲ့ကိုကြည့်ကာ ပြောလိုက်၏။

စစ်ထူမင်ယွဲ့ပေးလိုက်သော စိတ်ဝိညာဉ်ကျောက်တုံးများက စိတ်ဝိညာဉ်ချီကြွယ်၀သည်ဆိုသော်ငြားလည်း ပမာကတော့ အတော်နည်းနေခဲ့သည်။

စစ်ထူမင်ယွဲ့မျက်လုံးလှန်ကြည့်လိုက်ကာ

“ဒါတွေက အလယ်အလတ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေလေ ငါနင့်ကို အလယ်အလတ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းပေးမယ်လို့ ကတိပေးခဲ့လို့လား အိပ်မက်မက်နေလိုက် ငါကရိုးရိုးစိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းကိုပြောတာ အလယ်အလတ်အဆင့်ကတော့ ယွင်ထန့်ကုန်သွယ်သမဂ္ဂကြီးတစ်ခုလုံးရောင်းတောင် အဲ့လောက်မရဘူး”

ကျန်းယန် အလယ်အလတ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးကို တစ်ခါမှပင် မမြင်ဖူးခဲ့ပေ။ သူတို့ဂိုဏ်းက ထိုမျှပင် ဆင်းရဲလွန်းလှ၏။

သူ့အမှားကို သိသွားသောအခါ သူခပ်ဟဟရယ်မောလိုက်ပြီး

“အစ်ကိုက ညီမလေးပြောတာကို အလယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေလို့ ထင်သွားလို့ပါ ဂျူနီယာညီမလေးရဲ့”

စစ်ထူမင်ယွဲ့ ပြောစရာစကားမဲ့သွားခဲ့ရပြီး သူ့စီနီယာအစ်ကိုက အဝောာ်လေးလောဘကြီးတာကိုလည်း သိသွားခဲ့ရသည်။

အဇူရာတိမ်ဈေးရှေ့တွင် တခဏနားပြီးနောက် သူတို့အဇူရာတိမ်ဂိုဏ်းသို့ဦးတည်လာခဲ့၏။

ချင်ယူရှုက အဇူရာတိမ်ဂိုဏ်းနှင့် ချည်နှောင်ထားတာမျိုး မရှိသောကြောင့် သူကတော့ အဇူရာတိမ်ဈေးတွင်သာ နေခဲ့ရသည်။ ချွန်းရှောင်ကလည်း အပြင်လူသာဖြစ်သော်လည်း စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းမျက်နှာကြောင့် စစ်ထူမင်ယွဲ့ကိုအဖော်ပြုဖို့ ဂိုဏ်းဆီလိုက်ခွင့်ရခဲ့၏။

ကျန်ယန်ပေါ်လာသောအခါ တန်ချန်ကျိနှင့်အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြသည်။

ကျန်းယန်နောက်ဆုံးအကြိမ်ပြန်လာတုန်းက စိတ်ဝိညာဉ်ကျောက်တုံးများ ပါလာကာ အားလုံးအတော်လေး အမြတ်ထွက်ခဲ့ကြရ၏။

ယခုအခေါက် ကျန်းယန်ပြန်လာချိန်တွင်တော့ ယခင်ထက်ပင် ပိုများများပါလာမည်ဟု သူတို့တွက်ချက်ထားခဲ့ကြသည်။

သို့သော် အပြင်လူများ ပါလာသည်ကိုတွေ့သောအခါ သူမအမူအရာများကို ပြင်လိုက်ကြပြီး အလောတကြီး မမေးတော့ပေ။

“ဒါက ငါ့ဆရာ ချင်းယွင်ကျိ လက်ရှ်ိိအဇူရာဂိုဏ်း ဂိုဏ်းချုပ်ပေါ့ ဒုတိယဆရာဦးလေး လင်းယွမ်ကျိကိုတော့ မင်းတွေ့ပြီးပြီပဲ နောက်ပြီး ဒါက ဆရာဦးလေး ၃…” ကျန်းယန် အဇူရာတိမ်မောင်နှမ ၇ ဖော်နှင့် စစ်ထူမင်ယွဲ့ကို မိတ်ဆက်ပေးခဲ့၏။

ချင်းယွင်ကျိကိုမြင်သောအခါ စစ်ယူမင်ယွဲ့မျက်လုံးများ တောက်ပသွားပြီး ရှေ့တက်ကာ အမြန်ဦးညွတ်အရိုအသေပေးလိုက်လေသည်။

“တပည့်စစ်ထူမင်ယွဲ့ဆရာ့ကိုဂါရ၀ပြုပါတယ်”

စစ်ထူမင်ယွဲ့မျက်လုံးထဲတွင် ထန်ချိုး‌ရွှေကပင် ဒဏ္ဍာရီလာပုံရိပ်တစ်ခုဖြစ်လေရာ ထန်ချိုးရွှေကို အလွယ်တကူအနိုင်ယူခဲ့သော ချင်းယွင်ကျိကတော့ ပြောနေစရာပင် မလိုတော့ပေ။ ယခုအခါ သူမတွင် ထိုကဲ့သို့သောပုဂ္ဂိုလ်မျိုးကို ဆရာတော်ရမည့် အခွင့်အရေးရှိနေပြီဖြစ်ရာ သူမအဘယ်သို့ ရှက်နေနိုင်ပါမည်နည်း။

ချင်းယွင်ကျိကတော့ ကြောင်သွားခဲ့၏။

ဒီကောင်မလေးက ဘာလုပ်နေတာလဲ ရုတ်တရက်ကြီး ဂါရ၀တွေလာပြုနေတယ်!

ကျန်းယန်ချောင်းဟန့်လိုက်ကာ ချင်းယွင်ကျိကိုပြုံးပြလိုက်ပြီး

“ဆရာ ဂျူနီယာညီမလေးက ပါရမီရှင်တစ်ယောက်ပါ ဆရာ့သင်ကြားမှုတွေကိုလည်း လိုက်နာမှာသေချာပါတယ်”

ချင်းယွင်ကျိ နားလည်သွားခဲ့သည်။

ဤကလေးသည် အရင်တစ်ခေါက်က သူ့အတွက်တပည့်တစ်ယောက်ခေါ်လာသလို အခုလည်း နောက်တစ်ယောက်ခေါ်လာပြန်ခဲ့ချေပြီ။ သူသည် တမင်ပင် သူ့အတွက်တပည့်တွေ ရွေးပေးနေခဲ့ခြင်းပေလော။

တပည့်တစ်ယောက်ပဲ လက်ခံထားမိလို့ တော်သေးတာပဲ ဒီလိုတပည့်‌ေတွ အများကြီးသာဆိုလို့ကတော့…

ကျန်းယန် မျက်လုံးမှိတ်ပြနေသည်ကိုတွေ့သောအခါ ချင်းယွင်ကျိ ကြိတ်၍ ထေ့ငေါ့လိုက်ပြီး ပြုံးကာပြောလိုက်သည်။

“ထပါ အခုကစပြီး မင်းကငါ့တပည့်ပါပဲ”

သူအခုလိုမျက်နှာသာပေးနေခြင်းမှာ အဓိကအားဖြင့် ကျန်းယန်၏ပြုပြင်ပြောင်းလဲရေးက အောင်မြင်နေပြီး မျှော်လင့်ချက်ရှိ‌လာသောကြောင့်သာ ဖြစ်၏။

စစ်ထူမင်ယွဲ့လည်း ချင်းယွင်ကျိလက်အောက်သို့ တရား၀င်ရောက်ရှိသွားသောအခါ စိတ်လှုပ်ရှားသွားခဲ့ပြီး တပည့်အခမ်းအနားကို ရိုးရိုးရှင်းရှင်းပင် ကျင်းပခဲ့ကြသည်။

အခုကစပြီး သူမသည် အဇူရာတိမ်ဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက် ဖြစ်သွားခဲ့ချေပြီ။

ချင်းယွင်ကျိ ပြုံးလိုက်ကာ

“မကြာခင် မင်းစီနီယာအစ်ကိုကို မင်းအတွက်သင့်တော်မယ့် ကျင့်စဉ်ကောင်းတစ်ခုရွေးခိုင်းပြီး ကြိုးကြိုးစားစားကျင့်ကြံ သူက ဆရာ့ရဲ့စစ်မှန်တဲ့သင်ပြမှုတွေကို ရထားတာ တကယ်လို့ မင်းမှာမေးခွန်းတွေရှိနေရင် သူ့ကိုမေး သူမဖြေရှင်းနိုင်မှသာ ဆရာ့ဆီလာခဲ့”

လင်းယွမ်ကျိနှင့်အခြားသူများ ထိုမြင်ကွင်းကို ရင်းနှီးနေသလို ခံစားလိုက်ရလေသည်။

သူတို့အလျင်အမြန်ပင် သူတို့ တပည့်အခမ်းအနားတုန်းကလည်း ထိုသို့ဖြစ်ခဲ့ဖူးမှန်း မှတ်မိသွားခဲ့ကြ၏။

စစ်ထူမင်ယွဲ့ကတော့ တခဏကြောင်အသွားပြီးနောက် ချက်ချင်းနားလည်သွားခဲ့သည်။

သူမ၏ လက်ရှိကျင့်ကြံခြင်းနှင့်ဆိုလျှင် သူမသည် အမှန်တကယ်ပင် ချင်းယွင်ကျိကိုယ်တိုင်သင်ကြားပေးဖို့ အဆင့်မမီသေးပေ။

သို့သော်လည်း သူမကြိုးကြိုးစားစားကျင့်ကြံဖို့ ဆုံးဖြတ်ထားခဲ့ပြီး အလျင်အမြန်ပင် ကျန်းယန်ကိုကျော်တက်ဖို့ တွေးထားခဲ့၏။ ထိုအချိန်ကျ ကျန်းယန်ကသူ့ကို သင်ပြပေးဖို့ အဆင့်မမီတော့လျှင် သူမသည် ဆရာနှင့် တိုက်ရိုက်သင်ကြားရပေလိမ့်မည်။

တပည့်အခမ်းအနားပြီးဆုံးသွားသည့်နောက် စစ်ထူမင်ယွဲ့ သူ့အစေခံလေးနှင့်အတူ နေစရာပြင်ဆင်ဖို့ ထွက်ခွာသွားခဲ့လေသည်။

သူတို့သည် အဇူရာတိမ်ဂိုဏ်းတွင်နေထိုင်ကာ ကျင့်ကြံမည်ဖြစ်သောကြောင့် နေစရာတစ်ခုတော့ လိုအပ်၏။

စစ်ထူမင်ယွဲ့ထွက်သွားပြီးနောက် ချင်းယွင်ကျိ ကျန်းယန်ကိုကြည့်ကာ ဆူငေါက်လိုက်သည်။

“တပည့်စုတ် မင်းကိုငါ့အတွက် တပည့်တွေလက်ခံလာဖို့ ဘယ်သူပြောထားလို့လဲ မင်းတစ်ယောက်တည်းနဲ့တောင် ငါခေါင်းကိုက်နေပြီ တပည့်တွေထပ်မလိုချင်တော့ဘူး”

“စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်း!”

ကျန်းယန် ပြုံးဖြဲဖြဲလုပ်ကာ မေးလိုက်၏။

“ဆရာ တပည့်တစ်ယောက်က စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းတန်လား”

“ဘာ စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းလား!”

လူတိုင်း တုန်လှုပ်သွားခဲ့ကြသည်။

ချင်းယွင်ကျိပင် မတည်ငြိမ်နိုင်တော့ဘဲ မေးလိုက်၏။

“ဘာတွေဖြစ်နေတာလဲ”

လင်းယွမ်ကျိ ကျန်းယန်ကိုတစ်ချက်ကြည့်ကာ ချင်းယွင်ကျိကို ပြောလိုက်သည်။

“စီနီယာအစ်ကိုကြီး သူကအစ်ကိုကြီးအတွက် စစ်ထူမင်ယွဲ့ကို တပည့်လက်ခံပေးခဲ့တာ စစ်ထူမင်ယွဲ့ကအဲ့အတွက် သူ့ကို စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းပေးခဲ့တယ် သူ့ဆီမှာ အခြားပစ္စည်းအချို့ရော ပါသေးတယ်”

“ဘယ်လို”

ဟော်လင်းကျိ ပျော်ရွှင်သွားခဲ့၏။

“မင်းမှာ အရည်အသွေးမြင့် အဆောင်စာရွက်တွေပါသေးလား စိတ်ဝိညာဉ်သားရဲသွေးရော ပါလား”

ပိလင်းကျိလည်း ရှေ့ထွက်လာပြီး လက်ဖြန့်ကာ တောင်းလိုက်လေသည်။

“အခုနင့်မှာငွေရှိနေပြီပဲ ငါ့ကိုနုပျိုဆေး၀ယ်ပေးတော့”

အဇူရာတိမ်ဂိုဏ်းအခုလို မချမ်းသာတာကြာပြီဖြစ်သောကြောင့် လူတိုင်းမျက်နှာ အပြုံးများဖြင့် တောက်ပနေခဲ့၏။

ချင်းယွင်ကျိပင် ပြုံးမိသွားသော်လည်း သူခပ်တည်တည်ဖြင့် ဟောက်လိုက်သည်။

“မင်းဆရာကို စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းနဲ့ ရောင်းစားခဲ့တယ်ပေါ့ ဘယ်လောက်အရှက်မဲ့လိုက်လဲ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါကဝေစုအများဆုံးယူသင့်တယ် ငါ့ကိုအနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး ၃သိန်းပေး”

ကျန်းယန်ပြန်ပြောလိုက်၏။

“ဆရာ ဒီဟာတွေအားလုံးက အဇူရာတိမ်ဂိုဏ်းဖွံ့ဖြိုးရေးအတွက်သုံးဖို့ပါ သုံးသိန်းယူတာကတော့ များလွန်းတယ် ကျွန်တော်ဆရာ့ကိုအဲ့လောက်အများကြီးတော့ မပေးနိုင်ဘူး”

“မရဘူး မင်းငါ့ကိုသုံးသိန်းပေးကိုပေးရမယ်!”

ချင်းယွင်ကျိ အတည်ကြီးပြောလိုက်သည်။

“ကောင်စုတ်လေး မင်းကိုသိုလှောင်လက်စွပ်၀ယ်ပေးခဲ့တာကိုမှတ်မိလား အဲ့တာငါ့ငွေနဲ့၀ယ်ပေးခဲ့တာကွ ငါမင်းကိုဒီနှစ်တွေအတွင်းဘယ်လိုဆက်ဆံခဲ့သလဲ တွေးကြည့်စမ်း အခုဝောာ့မင်းမှာစိတ်ဝိညာဉ်ကျောက်တုံးတွေရှိလာတာတောင် ငါ့ကိုမပေးချင်တော့ဘူးပေါ့လေ အဲ့တာက မျှတတယ်လို့ မင်းထင်လားကွ”

လင်းယွမ်ကျိ ခေါင်းညိတ်လိုက်၏။

“မင်းသူ့ကို အဲ့ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေပေးကိုပေးရမယ်”

တန်ချန်ကျိလည်း တစ်ခုခုကို မှတ်မိသွားကာ အကြိမ်ကြိမ်ခေါင်းညိတ်လိုက်ပြီး

“ကျန်းယန် စီနီယာအစ်ကိုကြီးမင်းကိုဘယ်လိုဆက်ဆံခဲ့သလဲ မင်းသိပါတယ် မင်းသူ့ကိုအဲ့ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးကိုပေးရမယ်”

“ဟုတ်တယ် ငါလည်းသဘောတူတယ် ပေးသင့်တယ်”

အဇူရာတိမ်မောင်နှမ ၇ဖော်လုံး သဘောတူနေကြသောကြောင့် ကျန်းယန် အံ့အားသင့်သွားခဲ့သည်။

သူတခဏတွေးလိုက်ပြီး ပြောလိုက်၏။

“ဆရာ ဆရာအရေးကြီးတာတစ်ခုခုသုံးဖို့စိတ်ဝိညာဉ်ကျောက်တုံးတွေလိုရင်လည်း ကျွန်တော့်ကိုပြောပါ ဒီလို ၀တ္တရားနဲ့အကြပ်ကိုင်တဲ့ကစားနည်းတွေ မကစားနေပါနဲ့တော့ ဂိုဏ်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေလိုတယ်ဆိုပေမယ့် အဲ့တာက ပြန်ရှာလို့ရပါတယ် စိတ်ဝိညာဉ်ကျောက်တုံးသုံးသိန်းက လောက်ချင်မှလောက်မှာ ကျွန်တော်ဆရာ့ကိုလေးသိန်းပေးလိုက်မယ် ပိုတာနဲ့ဆရာလုပ်ချင်တာလုပ်ပေါ့”

အဇူရာတိမ်မောင်နှမ ၇ဖော်လုံး စည်းစည်းလုံးလုံးသဘောတူနေကြလေရာ အရေးကြီးကိစ္စတစ်ခုခုတော့ ရှိမှာသေချာသောကြောင့် ကျန်းယန် တစ်သိန်းထပ်ပေးလိုက်ခြင်း ဖြစ်ပေသည်။

ချင်းယွင်ကျိ ခပ်ဟဟရယ်မောလိုက်ကာ

“ဒီ‌စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ဆိုရင် ငါကောင်းကောင်းအနားယူလို့ရတာပေါ့ ငါ့ကိုလာမရှာနဲ့ ငါခဏလောက် အပြင်သွားဖို့ လိုသေးတယ်”

“နေပါဦး” လင်းယွမ်ကျိ အမြန်ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး တိမ်တောင်အင်ပါယာရဲ့ သဘောထားက ဒီတစ်ခေါက်နည်းနည်းတော့မှားနေပြီ ကျွန်ဝောာ်တို့အိမ်ပြန်လမ်းမှာတောင် သူတို့နဲ့ရင်ဆိုင်ခဲ့ရသေးတယ်”

ထို့နောက်သူကျန်းယန်နှင့်နဂါးပျံအစောင့်များဖြစ်စဉ်ကိုပြန်ပြောပြလိုက်လေသည်။

သို့သော် လူတိုင်းက တိမ်တောင်အင်ပါယာအကြောင်းစိတ်မ၀င်စားဘဲ ကျန်းယန်ကိုသာ တုန်လှုပ်စွာ ကြည့်ရှုနေခဲ့ကြ၏။

“မင်းက အမြုတေဖွဲ့စည်းခြင်းအဆင့်မှာ စိတ်ဝိညာဉ်အဆင့်လက်နက်နှစ်မျိုးကို သုံးနိုင်တယ်ပေါ့”

ဟော်လင်းကျိ ကျန်းယန်ကိုစိတ်၀င်စားစွာ ကြည့်လိုက်ကာ

“မင်းတစ်ခုခုများ ဖုံးကွယ်ထားသေးလား ကောင်းတာလေးတွေကို မင်းအတွက်မင်းပဲ သိမ်းထားတာလား”

ချင်းယွင်ကျိလည်း ကျန်းယန်ကိုစိတ်၀င်တစားကြည့်လိုက်ကာ ရုတ်တရက်မေးလိုက်၏။

“မင်းရွှေအမြုတေထဲကိုကြည့်ရင် ဘာမြင်ရလဲ”

“အထဲမှာ ဘာမှမရှိဘူး” ကျန်းယန် လင်းယွင်ကျိကို ပဟေဠိဆန်စွာ ပြန်ကြည့်နေခဲ့သည်။

“ပြဿနာတစ်ခုခုရှိလို့လား ဆရာတို့ရွှေအမြုတေတွေကလည်း အဲ့လိုပဲမဟုတ်ဘူးလား”

အခြားသူများ၏ အမူအရာလည်းပြောင်းလဲသွားသော်လည်း ချက်ချင်းပုံမှန်ပြန်ဖြစ်သွားခဲ့ကြ၏။

ကျန်းယန်ကတော့ ချင်းယွင်ကျိကိုသာ အာရုံစိုက်နေသောကြောင့် သူတို့အမူအရာကိုမမြင်ခဲ့ရပေ။

ချင်းယွင်ကျိ အမူအရာတောင့်တင်းသွားပြီးနောက် အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ပြီး

“မင်းရွှေအမြုတေက….သာမန်ဆန်လွန်းတယ်

ငါတို့ ရွှေအမြုတေတွေမှာက ငါတို့ကျင့်ကြံတဲ့ မဟာလမ်းစဉ်တွေပါတယ် ဥပမာ မင်းဆရာဦးလေး လင်းယွမ်ဆို သူ့ရွှေအမြုတေထဲမှာ ဓားတစ်ချောင်းရှိလို့ သူကဓားလမ်းစဉ်ကို ကျင့်ကြံတယ်

နောက်ဆုံးတော့ မင်းဘာလို့ပြုပြင်ပြောင်းလဲခြင်းသလဲဆိုတာ ငါနားလည်သွားပြီ မင်းလိုရွှေအမြုတေမျိုးနဲ့ဆို မင်းကသာမန်ထက် အရင်းအမြစ်တွေပိုလိုမှာပဲ ဒါပေမယ့် အကျိုးကျေးဇူးတစ်ခုတော့ရှ်ိတယ် မင်းအမြုတေရဲ့ စိတ်ဝိညာဉ်စွမ်းအားက ငါတို့ထက်အများကြီး ပိုများလိမ့်မယ် အဲ့တာကလည်း မင်းက ငါတို့ထက် ပိုအရင်းအမြစ်သုံးရပြီး အကြာကြီးပိုကျင့်ကြံရလို့ဆိုတော့ သာမန်ပါပဲ”

ကျန်းယန် ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်ပြီး အကျိုးအကြောင်းသင့်သည်ဟု လက်ခံလိုက်၏။

သို့သော့် သူ့ပြုပြင်ပြောင်းလဲလိုသည့်ရည်ရွယ်ချက်ကို ရှာတွေ့သွားတာကိုတော့ သူ၀န်မခံခဲ့ပေ။

“ဆရာ ကျွန်တော်ကဂိုဏ်းကို ကျွန်တော့်အတွက် ပြုပြင်ပြောင်းလဲနေတာ မဟုတ်ပါဘူး”

“မင်းစိတ်ကျေနပ်သလိုလုပ်ပါ”

ချင်းယွင်ကျိ လက်ကာပြလိုက်ကာ

“တကယ်လို့ ကိစ္စမရှိတော့ရင် သွားကျင့်ကြံတော့….ငါဆိုတဲ့ ချင်းယွင်ကျိက ဒီလိုတပည့်တစ်ယောက်နဲ့ပဲ အဆုံးသတ်လိုက်ရမှာကို တွေ့ကြည့်မိရင်က…ဟူးးး…ဟူးးး…”

သူအတော်လေး စိတ်မကျေမနပ်ဖြစ်နေပုံပင်။

ကျန်းယန်ကတော့ သူ့ရွှေအမြုတေက တကယ်ပဲအဲ့လောက်ဆိုးဝါးနေရသလားဟုတွေးရင်း စိတ်မကြည်မလင်ဖြင့် ပြန်သွားခဲ့ရသည်။

သူပြန်သွားသွားချင်း ချင်းယွင်ကျိသည် ၀င်္ကပါစည်းတစ်ခုချလိုက်ကာ ကောင်းကင်ပေါ်မော့ပြီး အားရပါးရရယ်မောနေသည်ကိုတော့ သူမသိလိုက်ရပေ။

“ကောင်းကင်ကအဇူရာတိမ်ဂိုဏ်းကို ကောင်းချီးပေးလိုက်ပြီ နောက်ထပ် ရှေးဦးအပျက်အဆီးရွှေအမြုတေတစ်ခု ဖြစ်တည်လာပြီ ငါတို့ဘိုးဘေးတွေရဲ့ ကောင်းချီးတွေနဲ့အတူ အဇူရာတိမ်ဂိုဏ်းက နောက်ဆုံးတော့ ဒီမျိုးဆက်မှာ လွတ်မြောက်ကြတော့မယ်”

All Chapters