← Chapters

ရက်သတ္တပတ်အတွက် အဓိကဇာတ်ကောင်

Vol. 5 Ch. 61

ရက်သတ္တပတ်အတွက် အဓိကဇာတ်ကောင်

Vol. 5 Ch. 61

ဝတ်ပြုဓလေ့၏ နောက်ဆုံး‌ခြေလှမ်းသည် ပြည့်စုံသွားပြီဖြစ်သည်။ပုံသဏ္ဍာန်လေးခုထဲမှ သုံးခုသည် အရင်ကတည်းက သွေး‌ရေအိုင်ကန်ထဲ အရည်ပျော်သွားခဲ့ပြီဖြစ်သည်။ရှင်ခြင်းသဏ္ဍာန်ကသာ ပြန်လာဖို့ ပိုခက်နေခြင်း ဖြစ်သည်။ရှင်ခြင်းသဏ္ဍာန်သည် အဆောက်အဦးထဲရှိ အသားနံ့ကြောင့် ကူးစက်ခြင်းမခံရပဲ လူသားဆန်မှုကို ထိန်းသိမ်းထားနိုင်ရမည်ဖြစ်သည်။အဆောက်အဦးတစ်ခုလုံးတွင် ကုန်းစီ၏အဘွားသာလျှင် ထိုလိုအပ်ချက်နှင့် ကိုက်ညီပေသည်။

ထိုအချိန်အထိ သူမအား ထားရှိရသည့်အကြောင်းရင်းမှာ သူမသည် သားစားကြူးနတ်အတွက် နောက်ဆုံး ယဇ်ပူဇော်ခြင်းဖြစ်နိုင်သောကြောင့်ဖြစ်သည်။သေချာတာကတော့ ကုန်းစီက ထိုအကြောင်းကို မသိပေ။သူ့အဘွားသည် သူ၏လျှို့ဝှက်ချက်ဟု တွေးထားခဲ့သည်။

သန္ဓေပြောင်းပါးစပ်ဖြင့် ကုန်းစီသည် သူ့အဘွားကို ကယ်တင်ရန် ရေကန်ထဲသို့ ငုတ်လျိုးသွားခဲ့သည်။အန်ကယ်ဝူသည် ကုန်းစီအား သနားကြည့်ဖြင့်ကြည့်လိုက်ပြီးနောက် ရုပ်ထုအပေါ်ရှိ နတ်ဘုရားနှလုံးသားဆီသို့ တွယ်တက်လိုက်သည်။

အန်ကယ်ဝူကို ဘယ်အချိန်တုန်းက အစားထိုးလိုက်တာလဲ။

ထိုအချင်းအရာသည် တစ်နာရီလောက်အကြာကလည်းဖြစ်နိုင်သည်။သို့မဟုတ် ဆယ်စုနှစ်များစွာကတည်းကလည်း ဖြစ်နိုင်သည်။ရုပ်တုသည် အန်ကယ်ဝူကို မခုခံခဲ့ပေ။ခြေတစ်လှမ်းစီတိုင်းတွင် သူသည် ရုပ်တုနှင့် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းလာသည်။နှလုံးသားကို ယူလိုက်သည့်အချိန်တွင် သူသည် ရုပ်တုနှင့်အပြည့်အဝပေါင်းစည်းသွားချေပြီ။

ရွှမ်ဝမ်နှင့်စီတုအန်း၏ ဝိဉာည်သည် မြန်ဆန်သော်လည်း သူတို့က အနည်းငယ်နှေးကွေးနေဆဲဖြစ်သည်။အန်ကယ်ဝူက ထိုရလာဒ်ကို ခန့်မှန်းထားခဲ့သည်။သားစားကြူးနတ်သည် အဆောက်အဦးအတွင်းရှိ အရာအားလုံးကို သိသော်လည်း သူ့တွက်ချက်မှုတွင် ဟာကွက်တစ်ကွက် ရှိနေ၏။

"အစ်ကိုကျောက် သူ့ကို ဖမ်း ! "

တွန့်လိမ်နေသည့် လက်တစ်ဖက်က အန်ကယ်ဝူ၏ခြေကျင်းဝက်ကို ဖမ်းဆွဲလိုက်သည်။ကျောက်ရှီက ဦးခေါင်းကို ဖြည်းညင်းစွာမော့လိုက်သည်။သူသည် သူ့ခန္ဓာကိုယ်ကို ထိန်းထားနိုင်ရုံသာဖြစ်သည် ။

"လွှတ်စမ်း ! "

အန်ကယ်ဝူက ကျောက်ရှီကို ကန်ထုတ်လိုက်သော်လည်း ကျောက်ရှီ၏ခန္ဓာကိုယ်သည် အန်ကယ်ဝူကို စတင်ဖုံးအုပ်လိုက်သည်။

"ဒါက ဘာကြီးလဲ "

အန်ကယ်ဝူသည် အဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး ကျောက်ရှီကို ပစ်ပေါက်လိုက်သည်။အဆောင်တွင် သေဆုံးသူ၏ဓာတ်ပုံများ ပါဝင်နေသည်။အဆောင်များသည် ကျောက်ရှီ၏ခန္ဓာကိုယ်ကို ထိသွားသောအခါ လောင်ကျွမ်းလာကြသည်။

နှစ်ယောက်သား တိုက်ခိုက်နေစဉ် စီတုအန်း၏ဝိဉာည်က လျင်မြန်စွာချဉ်းကပ်လာ၏။ဝိဉာည်၏ မျက်နှာနှစ်ခုသည် ဖန်သားကဲသို့ ကြည်လင်နေသည့်နှလုံးကို ကိုက်ရန် သူတို့ပါးစပ်ကို ဟလိုက်ကြသည်။

"လက်လျှော့လိုက်စမ်း "

ရွှမ်ဝမ်က ရန်လိုစွာ အော်ဟစ်လိုက်သည်။သူမ၏မျက်လုံးထဲတွင် ပျက်စီးနေသောမျက်နှာများ ဖြတ်ပြေးသွားသည်။လူစိမ်းများ၏ ခံစားချက်များက အရိပ်ကို နိူးဆွလိုက်သည်။ရွှမ်ဝမ်က သူမ၏သွေးများဖြင့် အရိပ်ပိုက်ကွန်တစ်ခု ပြုလုပ်လိုက်သည်။ရွှမ်ဝမ်သည် အရိပ်ကို ထိန်းချုပ်နိုင်သည်။၎င်းသည် အရိပ်ကမ္ဘာက သူမကို ပေးထားသော စွမ်းအားဖြစ်သည်။သို့သော် သူမက ထိုအရာကို အသုံးပြုလေလေ သူမက အလွယ်တကူဝါးမြိုခံရနိုင်လေလေဖြစ်သည်။

"တော်တော်ဒုက္ခများတာပဲ "

အန်ကယ်ဝူက ရွှမ်ဝမ်နှင့် စီတုအန်းကို မြင်ခဲ့သည်။သူက သူ့ရှပ်အင်္ကျီထဲမှ ဓားတစ်ချောင်းထုတ်လိုက်သည်။ဓားသံတစ်ချက်နှင့်အတူ သူ့ဘယ်လက်ကို ဖြတ်တောက်လိုက်သည်။ပုံမှန်ထက် ပိုသိပ်သည်းသောသွေးစက်များသည် ရုပ်တုပေါ်စီးကျသွားသည်။အန်ကယ်က ရုပ်တုထဲ အမြန်ဝင်လိုက်သည်။သူ့မျက်လုံးများက နောက်ပြန်လှန်သွားကြသည်။အန်ကန်ဝူတွင် ကျန်ရှိသော လူသားဆန်မှုများလျော့နည်းလာသည်နှင့် ရုပ်တုသည် ပိုမို အသက်ဝင်လာခဲ့သည်။

လူသားများ၏စိတ်ခံစားချက်များနှင့် အန်ကယ်ဝူ၏မှတ်ဉာဏ်များသည် ကြင်လင်နေသော နှလုံးသားထဲ ပြေးဝင်သွားကြသည်။ တည်ရှိခြင်းနှင့်မတည်ရှိခြင်းတပြိုင်နက်ဖြစ်နေသော နှလုံးသားသည် ပိုမိုထင်ရှားလာ၏။ သားစားကြူးနတ်၏ပင်မအသိစိတ်သည် ဆင်းသက်လာပြီဖြစ်သည်။

"နှလုံးက ငါ့အပိုင်ပဲ! "

စီတုအန်းသည် အရိပ်များကြောင့် ပိတ်မိနေခဲ့သည်။သူ့ဝိဉာည်သည် စတင်သွေးထွက်လာတော့သည်။

"မင်းရဲ့ နာကျည်းမှုတွေ ၊ မုန်းတီးမှုတွေနဲ့ နှိပ်စက်မှုတွေကို ငါ့ကိုပေးပါ ! မင်း လူတွေ ဘယ်လောက်သတ်ခဲ့တယ်ဆိုတာ ငါသိတယ် ! မင်း ဒီနေ့လို လူသတ်သမားဖြစ်လာအောင် ပြုစုပျိုးထောင်ခဲ့တာ ငါပဲကွ ! ငါမင်းကို စိတ်ပျက်အားငယ်မှုတွေ ကျွေးမွေးခဲ့တာ ! "

စီတုအန်းသည် မိသားစုနှစ်စုလူသတ်မှုနှင့် အလွန်ရင်းနှီးပေသည်။ လူသတ်သမားကို ရွေးချယ်ခဲ့သူသည် သူဖြစ်သည်။သူသည် ထိုလူကို ချောက်နက်ထဲရောက်အောင် တဖြည်းဖြည်းတွန်းပို့ခဲ့သည်။

ကောင်းမင် ရောက်မလာခဲ့လျှင် စီတုအန်းသည် သူ့‌ဆန္ဒအလျောက် ပျိုးထောင်ထားခဲ့သော နတ်ဆိုးသရဲကို သတ်ဖြတ်ရန် စုံစမ်းရေးမှူးများကို ဦးဆောင်လာမည်ဖြစ်သည်။ထို့နောက် သူသည် တရားမျှတမှု၏သူရဲကောင်းအဖြစ် ကျော်ကြားလာမည်ဖြစ်သည်။

"မင်း..."

နှစ်ယောက်သား ပေါင်းစပ်သွားကြသည်။စီတုအန်းသည် ဝိဉာည်ပေါ်တွင် သွေးစွန်းနာမည်များပေါ်လာသည်နှင့် နတ်ဆိုးသရဲကို နှိမ်နှင်းလိုက်သည်။စီတုအန်းသည် အရိပ်များကို ဖြတ်၍ အပေါက်တစ်ခု ဆွဲဆုတ်လိုက်သည်။ သူက နတ်ဘုရားနှလုံးသားကို မြင်သောအခါ အန်ကယ်ဝူထံသို့ ပစ်ဝင်လိုက်သည်။

"မင်းက ငါ့ရဲ့ နတ်ဘုရားပဲ ၊ ဘာလို့ ငါ့ဆုတောင်းသူရဲ့စကားကို နားမထောင်ရတာလဲ ၊ မင်းက ငါ့ကြောင့်မို့လို့ တည်ရှိနေတာကွ ! "

စီတုအန်းသည် နတ်ဘုရားကို မလေးစားချေ။သူက နတ်ဘုရားကို စားသောက်ချင်နေ၏။

"ငါက ကိုးကွယ်မှုကြောင့်ပေါ်ပေါက်လာတယ် ၊ ငါက ငါပဲ ၊ ငါ့မှာရှိသမျှအားလုံးကို ငါပိုင်တယ် ၊ မင်းက ငါ့ရှေ့မှာဦးညွှတ်နေတဲ့ အသားပိုင်းတစ်ခုပဲ "

အန်ကယ်ဝူ၏ လက်များသည် ရုပ်တုထဲ ပျော်ဝင်သွားခဲ့သည်။သူ့အမူအရာသည် အရင်နှင့် မတူတော့ပေ။ ရုပ်တု၏လက်များက သူ့ပတ်လည်တွင်နီးကပ်လာသောအခါ သူ့မျက်လုံးများက ပြောင်းလဲသွားသည်။သွေးရေကန်ကြီးသည် ပွက်ပွက်ဆူလာ၏။မျက်နှာကျက်သည် ပြိုကျသွားပြီး လှေကားထစ်များက တုန်ခါနေကြသည်။ရုပ်တုက ဖြည်းညင်းစွာ ရွေ့လျား‌လိုက်သည်။ပုံသဏ္ဍာန်လေးခုသည် မျက်လုံးများ ပွင့်လာကြ၏။မယုံနိုင်လောက်ဖွယ်ဖိအားက လူတိုင်းအပေါ်ကျဆင်းလာသည်။ ထိုနေရာတွင် သွေးများစုဝေးလာကြ၏။

"မင်းက ငါ့ကြောင့် ဖြစ်တည်လာတာ ၊ ငါမင်းကို ဖန်တီးနိုင်သလို ဖျက်ဆီးပစ်လို့လည်း ရတယ် "

စီတုအန်းက ရူးသွပ်သွားသည်။သူက နောက်ဆုံးသတ်ဖြတ်သူအဆောင်ကို အသုံးပြုလိုက်သည်။

"အပြစ်မဲ့သေဆုံးသူတွေရဲ့ အရေပြားနဲ့ သတ်ဖြတ်သူအဆောင်တွေကို ဘာလို့ ဖန်တီးနိုင်တယ်ဆိုတာ မင်းသိလား ၊ ဘာလို့လဲဆိုတော့ အပြစ်မဲ့သူတွေရဲ့ ဆုတောင်းသံတွေနဲ့ အော်ဟစ်သံတွေက မင်းတည်ရှိမှုနောက်ကွယ်က အကြောင်းပြချက်ပဲကွ ၊ မင်းကနတ်ဘုရားတစ်ပါးဆိုတဲ့အကြောင်းပြချက်က သူတို့ပဲ "

ဝိဉာည်က အဆောင်ကို ဆုပ်ကိုင်လိုက်သည်။အန်ကယ်ဝူသည် ရုပ်တုနှင့်ဆက်လက်မပေါင်းစပ်ခင် ဝိဉာည်၏လက်တစ်ဖက်က အန်ကယ်ဝူ၏ရင်ဘတ်ကို ထိုးဖောက်လိုက်သည်။

"ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်လုံးလုံး အဆောက်အဦးထဲမှာရှိတဲ့ သားစားကြူးနတ်ရဲ့ပင်မအသိစိတ်ကို ငါရှာနေခဲ့တာ၊ ဝတ်ပြုဓလေ့က မအောင်မြင်ခဲ့ဘူးလို့ ငါထင်ခဲ့တာ ၊ ရုပ်တုအားလုံးကို ငါစစ်ဆေးခဲ့တယ် ၊ ငါမမျှော်လင့်ထားတာက မင်းက အိမ်ရာအပြင်ဘက်က လူသားတစ်ယောက်ခန္ဓာကိုယ်ထဲမှာ ပုန်းနေခဲ့တာကိုပဲ !"

စီတုအန်းသည် အန်ကယ်ဝူကို ရုပ်တုထဲက ဆွဲထုတ်ဖို့ ကြိုးစားရင်း တဆတ်ဆတ် တုန်နေ၏။မည်သို့ပင်ဖြစ်စေ သူသည် အန်ကယ်ဝူအား ရုပ်တုနှင့်ပေါင်းစပ်ခွင့်မပြုနိုင်ချေ။

"မင်းက အတော်ခေါင်းမာတဲ့ကောင်ပဲ ၊ တစ်ချို့အရာတွေက တည်ရှိနေပြီးသားတွေပဲ ၊ မင်းရဲ့အကြံအစည်တွေကြောင့် သူတို့ဖြစ်လာတာမဟုတ်ဘူး "

လက်လေးဖက်က စီတုအန်းကို ဖမ်းလိုက်ပြီး နောက်လက်လေးဖက်သည် ရွှမ်ဝမ်ကို ဆုပ်ကိုင်ထားသည်။အန်ကယ်ဝူ၏ရင်ဘတ်တွင် ပုတ်ဟောင်နေသော အနက်ရောင်သွေးများစိမ့်ထွက်လာလေသည်။သတ်ဖြတ်သူအဆောင်များသည် သားစားကြူးနတ်၏ အပြစ်ဒုက္ခများဖြစ်သည်။သူတို့သည် နတ်ဘုရားကြောင့်သေဆုံးခဲ့ရပြီး နတ်ဘုရား၏ အကျဉ်းသားများအဖြစ် ဖန်တီးခံခဲ့ရသည်။

မြေပြင်သည် တုန်လှုပ်နေသည်။နံရံများတွင် အက်ကြောင်းများ ဖြာထွက်လာကြသည်။အဆုံးတွင် မည်သူအနိုင်ရသည် ဖြစ်ပါစေ ဤခြောက်ခြားဇာတ်လမ်းသည် ထိန်းချုပ်မှု လွှတ်သွားချေပြီ။

ကောင်းမင်သည် ကျောက်ရှီ၏ချိန်းကြိုးများကို ကိုင်ထားပြီး ချူးစီစီ၏ပုဆိန်ကို ကောက်လိုက်သည်။

"ငါ့ကို နောက်ဆုံးအဆောင်ပေးပါ "

ချူးစီစီသည် သူ့ဘဝ၏နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေရသည်။သူမသည် အဘွားရှန်း၏ အဆောင်ကို ထပ်မသုံးနိုင်တော့ပေ။

ကောင်းမင်က အဆောက်ကို ပုဆိန်တွင်ကပ်လိုက်ပြီး အသက်ဝဝရှူလိုက်သည်။

"အပြစ်ကင်းသူအများစုက နတ်ဘုရားကို သတ်ဖို့ ဓားတစ်ချောင်းဖြစ်လာနိုင်တယ် ၊ ဒါက သူတို့ရဲ့ နောက်ဆုံးဆန္ဒပဲ ဖြစ်မှာပါ "

ကောင်းမင်သည် ကော်ရစ်ဒါအောက် ပြေးဆင်းသွားသည်။‌ မြေအောက်ထပ်တစ်ထပ်လုံး အက်ကွဲနေ၏။သူက ရေကန်အစွန်းသို့ ပြေးသွားလိုက်ပြီး ချိန်းကြိုးများကို ရုပ်တုဆီသို့ ပစ်လိုက်သည်။ကျောက်ရှီသည် ချိန်းကြိုးကို အာရုံမိလိုက်သည်။သူက အန်ကယ်ဝူ၏ခြေထောက်ကို လွှတ်ပေးလိုက်သည်။သူ့ခန္ဓာကိုယ်အား ဒရွက်ဆွဲ၍ ချိန်းကြိုး၏အစွန်းတစ်ဖက်ကို ဖမ်းလိုက်သည်။

မှတ်ဉာဏ်များဖြင့် ဖန်တီးထားသောချိန်းကြိုးများသည် ရုပ်တု၏လက်များကို ချည်နှောင်လိုက်သည်။ကောင်းမင်က ရေထဲ ကူးခတ်သွားလိုက်သည်။အန်ကယ်ဝူ ၊စီတုအန်းနှင့်ရွှမ်တို့အကြားရှိ မျှခြေသည် ‌ကျိုးပျက်သွားသည်။ကောင်းမင်သည် ကြည်လင်နေသော နှလုံးသားဆီသို့ တွယ်တက်လိုက်သည်။

"မင်းရဲ့နှလုံးသားကို ငါမဟုတ်ပဲ သူ့ဆီ ပေးချင်တာလား "

စီတုအန်း၏ခန္ဓာကိုယ်ပေါ်ရှိ သွေးစာလုံးနက်များသည် ပိုမိုနက်ရှိုင်းလာသည်။ဝိဉာည်ကိုထိန်းချုပ်နေသူသည် စီတုအန်းလော နတ်ဆိုးသရဲလော ပြောရခက်ပေသည်။

အန်ကယ်ဝူသည် လက်နှစ်ဖက်ကိုသုံး၍ ကောင်းမင်ကို တားဆီးလိုက်သည်။သို့သော် ရွှမ်ဝမ်သည် ထိုအခွင့်အရေးကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။အရိပ်နှင့် နာကျည်းခါးသီးမှုက ပေါက်ကွဲထွက်လာလေသည်။သူတို့သည် အကျဉ်းချထားခြင်းအား ချိုးဖျက်လိုက်ပြီး ကောင်းမင်ကို အားဖြည့်ပေးလိုက်သည်။

ပုံမှန်အားဖြင့် စီတုအန်းက ပိုမြန်ဆန်သည်။ကောင်းမင်က ထိုအရာကို သိသောကြောင့် သူ့ပစ်မှတ်အား နတ်ဘုရားနှလုံးသားအပေါ် ထားခဲ့ခြင်းမရှိပေ။

သူ့လက်ဖြင့်ကိုင်ထားသော ချိန်းကြိုးကို လွှတ်လိုက်သည်။စီတုအန်းက နှလုံးသားဆီ ပြေးသွားသည်နှင့် ကောင်းမင်က သူ့အနေအထားကို ပြောင်းလဲလိုက်ပြီး စီတုအန်း၏ဦးခေါင်းကို ပုဆိန်ဖြင့်ခုတ်လိုက်သည်။

"ဒီအချိန်တော့ ငါမင်းကို သတ်ပစ်မယ် ! "

ကောင်းမင်၏အနက်ရောင်သွေးများကို အဆောင်က စုပ်ယူလိုက်သည်။သူ့ပုဆိန်က စီတုအန်း၏ပုခုံးဆီပျံဝဲသွားသည်။တစ်ချိန်တည်းတွင် ကောင်းမင်၏နောက်ကျောမှ အားတစ်ခုထွက်ပေါ်လာ၏။သူသည် နောက်ပြန်ဆွဲခံလိုက်ရသည်။လက်ရှစ်ဖက်သည် ကောင်းမင်ရှိနေခဲ့သည့်နေရာအား ရိုက်ချလိုက်ခြင်းဖြစ်သည်။ ရွှမ်ဝမ်သည် သူ့အား‌ပြန်မဆွဲခဲ့ပါက သူသည် အသားပြားဖြစ်နေလောက်ပြီဖြစ်သည်။

နတ်ဘုရားနှလုံးသားသည် သူတို့ရှေ့တွင်ရှိသော်လည်း မည်သူမှ ထိုအရာအတွက် မတိုက်ခိုက်ကြပေ။

"ကျွန်မ သူတို့ကို တားထားလိုက်မယ် ! အဲ့နှလုံးသားကို ရှင်သွားလုလိုက် "

ရွှမ်ဝမ်သည် ကောင်းမင်ကို ငြင်းဆိုရန် အခွင့်အရေးမပေးခဲ့ချေ။အရိပ်များသည် ရူးသွပ်စွာ တရိပ်ရိပ်လှုပ်ရှားလာကြသည်။သူမ၏ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ် အသားစများ ထွက်ပေါ်လာ၏။

ဒဏ်ရာရှစ်ခုသည် တစ်ခုချင်းစီ သိသာထင်ရှားလာသည်။ရွှမ်ဝမ်က အရိပ်ထဲ ဝင်လိုက်သည်။သူမ၏ ဒဏ်ရာများထဲမှာ လှပသောအသွင်အပြင်ရှိသည့် မကောင်းဆိုးဝါးရှစ်ကောင် တွားသွားထွက်လာကြသည်။သူမသည် အရိပ်ကမ္ဘာနှင့် ဆက်လက် မတိုက်ခိုက်နိုင်တော့မှန်းသိသည်။ထို့ကြောင့် သူမသည် သူမနှင့်အတူ စီတုအန်းနှင့် ရုပ်တုကို ဆွဲချသွားရန် ဆုံးဖြတ်လိုက်လေသည်။

"ငါ့ ကံကြမ္မာကို မပြောင်းလဲနိုင်တော့ဘူး ၊ ဒါပေမယ့် ရက်သတ္တပတ်လုံးအတွက် အဓိကဇာတ်ကောင်ဖြစ်ခဲ့ရတာကို ငါအရမ်းကျေနပ်တယ် "

ရွှမ်ဝမ်သည် မကူညီနိုင်တော့သော်လည်း ကောင်းမင်အား နောက်ဆုံးကြည့်လိုက်သည်။

"ဥမင်လှိုဏ်ခေါင်းထဲမှာ ရှင် ကျွန်မကိုပေးခဲ့တဲ့ ကတိကို ရှင်တကယ်မမှတ်မိနိုင်တော့ရင်လည်း အဲ့ဒီအကြောင်းကို စဉ်းစားဖို့ကြိုးစားရင်း ရှင့်အချိန်တွေကို မဖြုန်းလိုက်ပါနဲ့ "

All Chapters