← Chapters

အဓိကဇာတ်ကောင်

Vol. 5 Ch. 62

အဓိကဇာတ်ကောင်

Vol. 5 Ch. 62

အရိပ်ထဲတွင် မွေးဖွားခဲ့သော မကောင်းဆိုးဝါးတိုင်းအတွက် အရိပ်ကမ္ဘာက ဇာတ်ညွှန်းရေးဆွဲထားပြီးဖြစ်သည်။သူတို့၏တည်ရှိမှုသည် အရိပ်ကမ္ဘာက အစစ်အမှန်ကမ္ဘာကို ထိုးဖောက်ဝင်ရောက်ရာတွင် ကူညီပေးရန်ဖြစ်သည်။အကယ်၍ သူတို့သည် ထိုဖြစ်စဉ်အတွင်း အခြားအတွေးများနှင့် ဇာတ်ညွှန်းကို မလိုက်နာပါက အရိပ်ကမ္ဘာသည် သူတို့အား အရိပ်ကမ္ဘာထဲ ပြန်ဆွဲခေါ်သွားမည်ဖြစ်သည်။ရွှမ်ဝမ်နှင့်ကောင်းမင်သည် အတူတူပင်ဖြစ်သည်။သူတို့မျက်လုံးကို ဖွင့်လိုက်သည့်အခိုက်တွင် ခုခံချင်ကြသည်။

သူမသည် ထိုကဲ့သို့ ထာဝရမနေထိုင်ချင်ခဲ့ပေ။ သူမသည် ထိုအရာကို ပြောင်းလဲပစ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။သူမသည် စခရင်တိုင်မ်းအနည်းဆုံးဖြင့် ဇာတ်ပို့တစ်ယောက်ဖြစ်သည်။သူမတွင် အလှပဆုံးမျက်နှာနှင့် အကောင်းဆုံးအရည်အသွေးများ မရှိပေ။သူမသည် ကောင်းမင်၏လွှမ်းမှုခံလိုက်ခြင်း သို့မဟုတ် သူမသည် ထိုကဲ့သို့ မွေးဖွားလာခြင်း ဖြစ်နိုင်ပေသည်။

သူမသည် အန္တရာယ်အများဆုံးနှင့် စိတ်ပျက်ဖွယ်ရာလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။သူမသည် အမျိုးသမီးဇာတ်ကောင်ရှစ်ယောက်၏ စွမ်းအားနှင့် ကံကြမ္မာတို့ကို ခိုးယူခဲ့သည်။

တစ်ချိန်တည်းတွင် ကုသမရနိုင်သော ဒဏ်ရာရှစ်ခုသည် နောက်ဘက်တွင် ကျန်ရစ်ခဲ့သည်။ရွှမ်ဝမ်သည် သားစားကြူးနတ်၏ ပင်မအသိစိတ်နှင့် စီတုအန်း၏ဝိဉာည်ကိုတားဆီးရန် စွမ်းအားမရှိတော့ချေ။သူမသည် ကောင်းမင်အတွက် အချိန်ပိုဝယ်ပေးချင်လျှင် အရိပ်ကမ္ဘာ၏စွမ်းအားကို ငှားယူရမည်ဖြစ်သည်။သူမသည် အရိပ်ကမ္ဘာထဲ ဆွဲသွင်းခံလိုက်ရချိန်တွင် စီတုအန်းနှင့်သားစားကြူးနတ်ကို သူမနှင့်အတူဆွဲခေါ်ရန် ကြိုးစားလိုက်သည်။

"နတ်ဘုရားနှလုံးသားနဲ့ ပေါင်းစပ်ဖို့ ဖြစ်စဉ်တစ်ခုရှိလိမ့်မယ်၊ ကျွန်မ နှလုံးသားကို ရရင်တောင်မှ ကျွန်မအတွက် သူတို့ကို ရှင်မတားနိုင်ဘူး ၊ ဒါကြောင့် အကောင်းဆုံးရွေးချယ်မှုက ကျွန်မအတွက် သူတို့ကိုတားဆီးဖို့ဖြစ်ပြီး ရှင်အတွက်ကတော့ အဲ့ဒီနှလုံးသားကို ယူဖို့ပဲ "

ရွှမ်ဝမ်သည် အမှန်တကယ် ဆင်ခြင်တတ်သူဖြစ်သည်။သူမအား မည်သည့်စိတ်ခံစားချက်မှ သက်ရောက်နေခြင်းမရှိပေ။သူမလုပ်နေသမျှအားလုံးသည် အကောင်းဆုံးအဆုံးသတ်အတွက် ဖြစ်သည်။အရိပ်များသည် ခန်းဆီးကဲ့သို့ ကျဆင်းလာ၏။ရွှမ်ဝမ်၏ခန္ဓာကိုယ်သည် ကမ္ဘာနှစ်ခုကြားဖြတ်တောက်နေသော အနာတစ်ခုကဲ့သို့ ဖြစ်နေလေသည်။လူသားမျက်နှာများသည် စီတုအန်းနှင့်ရုပ်တုကို ဖုံးလွှမ်းနိုင်ရန် အရိပ်ထဲမှ ပြေးထွက်လာကြသည်။

ထိုအချိန်တွင် ကောင်းမင်က နတ်ဘုရားနှလုံးသားကို ထိတွေ့လိုက်သည်။ကြည်လင်နေသော နှလုံးသားပေါ်တွင် ကောင်းမင်၏မှတ်ဉာဏ်များထွက်ပေါ်လာသည်။ သူ့အတိတ်သည် နှလုံးသားထဲသို့ အရောင်များစွန်းထင်းစေလိုက်သည်။အမှောင်ညများ ၊ အနီရောင်သွေး ၊ အပြာရောင်ကောင်းကင်များ နှင့် မီးခိုးရောင်မြို့တော်များက အပိုင်းများအဖြစ် ကွဲထွက်သွားကြသည်။အကွာအဝေးတစ်ခုမှ ရှေ့မီးထွန်းထားသော ကားတစ်စင်း။ကောင်းမင်က ကား၏ အပြင်ဘက်နှင့်အတွင်းဘက်တွင် ရှိနေသည်။နှလုံးသားအတွင်းမှ မှတ်ဉာဏ်သည် ကောင်းမင်ကို ကြည့်ရှူနေ၏။၎င်းသည် လက်ရှစ်ဖက်ဖြင့် ဖြာထွက်လာသည်။မျက်လုံးများက ပွင့်ဟသွားသည်။ထိုအချိန်တွင် နတ်ဘုရားနှလုံးသား၏ နှလုံးခုန်သံကြိမ်နူန်းသည် ကောင်းမင်၏ နှလုံးခုန်နူန်းနှင့် တစ်ထပ်တည်း ဖြစ်လာတော့သည်။

အန်ကယ်ဝူက အော်ဟစ်လိုက်သည်။ရုပ်တုအပေါ်ရှိ နှလုံးသားက ပျောက်ကွယ်သွားသည်။ကောင်းမင်၏ အစိတ်အပိုင်းတစ်ခုသည် သွေးထဲပျော်ဝင်သွား၏။သူ၏ ဝိဉာည်နှင့်မှတ်ဉာဏ်များသည် သွေးများကို ဝါးမြိုလိုက်သည်။သူ့တွင် နှလုံးနှစ်ခုရှိလာသည်။အသားနှလုံးသားသည် မီးဘောလုံးတစ်ခုနှင့်တူပြီး နတ်ဘုရားနှလုံးသားသည် မီးပြတိုက်တစ်ခုနှင့်တူသည်။နှလုံးသားနှစ်ခုက ပေါင်းစပ်သွားခဲ့သည်။

ကောင်းမင်၏ သန္ဓေပြောင်း နှလုံးနှင့်စိတ်သည် ကမ္ဘာနှစ်ခုအပြင်ဘက်တွင် ပျော်ဝင်နေသော 'နှလုံးခန်း' တစ်ခုပုံစံဖြစ်ပေါ်ရန် ‌ချည်နှောင်သွားခဲ့သည်။နာကျင်မှု၊ စိတ်ပျက်အားငယ်မှုများဖြင့် ထိုအခန်းကို တန်ဆာတင်ထား၏။သွေးရေကန်ထဲတွင် သေဆုံးခဲ့သော သားကောင်များသည် နှလုံးခန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်လာကြသည်။သဏ္ဍာန်လေးခု၏ မျက်လုံးများသည် ကောင်းမင်ကို ကြည့်ရှူနေကြသည်။သူတို့ ရုပ်တုထိပ်မှ သွေးရေကန်ထဲသို့ ပြုတ်ကျသွားသော ကောင်းမင်ကို ကြည့်ရှုနေခြင်းဖြစ်သည်။

နှလုံးသားများသည် အပြင်းအထန် ခုန်ပေါက်လာ၏။သူ့နှလုံးသားသည် စီစွေ့အိမ်ရာနှင့် ဆက်သွယ်မှုတစ်ခုရှိလာကြောင်း ကောင်းမင်ခံစားလိုက်ရသည်။သွေးများက မည်သည့်နေရာသို့ စီးဆင်းသည်ဖြစ်စေ သူက ထိန်းချုပ်နိုင်နေသည်။

ကုန်းစီ ၊ အသားစားခဲ့သော စုံစမ်းရေးမှူးများ ၊ အိမ်ငှားများ ၊ ယန်ဟွာ့အလောင်း နှင့် လွန်ခဲ့သည့်ဆယ်စုနှစ်များက သေဆုံးသူများသည် ကောင်းမင်၏နှလုံးခန်းတွင် ရုပ်တုအသစ်တစ်ခုဖြစ်လာ၏။ယန်ဟွာ၏ အသားကို ဖောင်ဒေးရှင်းအဖြစ် အသုံးပြု၍ လက်ရှစ်ဖက်သည် ဆန့်ထွက်လာလေသည်။

ရုပ်တုအသစ်ပေါ်ပေါက်လာချိန်တွင် ဘိုးဘေးခန်းထဲရှိရုပ်တုသည် စတင်ပြိုကျလာသည်။အန်ကယ်ဝူရင်ဘတ်မှ ဒဏ်ရာသည် ပိုမိုဆိုးဝါးလာ၏။သူက ကောင်းမင်ကို ကြည့်လိုက်သည်။သူ့အကြည့်သည် ရှုပ်ထွေးနေခဲ့သည်။သူသည် မုန်းတီးခြင်း သို့မဟုတ် နာကျင်ခြင်းများမရှိပေ။အလွန်ကြီးမားသော စိတ်ပျက်အားငယ်မှုတစ်ခုသာ ရှိနေခဲ့သည်။မြေအောက်ထပ်ရှိ အရိပ်သည်ထိန်းချုပ်မှုလွတ်သွားခဲ့သည်။

ရွှမ်ဝမ်သည် သွေးရေကန်ထဲရှိ ရေဝဲအလယ်တွင် ရှိနေ၏။သူမသည် ခုခံရန် အရှုံးပေးလိုက်လေသည်။သူမက အရိပ်ကိုလက်ခံလိုက်သည်။သူမလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ စီတုအန်းကို ပိတ်လှောင်ထားရန်ဖြစ်သည်။

"ကောင်းမင် ! "

စီတုအန်းက ဟိန်းဟောက်လိုက်သည်။သူသည် ထိုအရာအတွက် နှစ်နှစ်ဆယ် ပြင်ဆင်ခဲ့ရသည်။များစွာသော အပြစ်မဲ့အသက်များဖြင့် သူဖန်တီးထားသော နှလုံးသည် ကောင်းမင်၏ခိုးယူခြင်းခံလိုက်ရသည်။ဝိဉာည်ပေါ်ရှိ သွေးများသည် ပိုမိုများပြားလာ၏။အမုန်းတရားသည် အကောင်အထည်ဖြစ်လုနီးပါးဖြစ်နေသော်လည်း သူသည် အရိပ်မှ မလွှတ်မြောက်နိုင်တော့ချေ။

"အားလုံး အသက်ရှင်နေတုန်းပဲလား ၊ ကောင်းမင်! ကောင်းမင်! "

အော်ဟစ်သံသည် အရိပ်များထဲတွင် ပဲ့တင်လျက်ကျန်ခဲ့သည်။သွေးများသည် ကောင်းမင်၏နှလုံးခန်းသို့ တိုးဝင်လာကြပြီး အရိပ်သည် ရွှမ်ဝမ်၏ဒဏ်ရာများထဲ ဆုတ်ခွာသွားသည်။သို့သော်လည်း ခြောက်သွေ့နေပြီဖြစ်သော သွေးကန်ထဲတွင် ကောင်းမင်တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ရုပ်တု ၊ ရွှမ်ဝမ်နှင့် စီတုအန်းသည် အရိပ်နှင့်အတူ ပျောက်ကွယ်သွားကြလေသည်။

ကောင်းမင်သည် ဘယ်ဘက်မျက်လုံးကို ဆုံးရှုံးထားရပြီး သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာအမြောက်အများကို ခံစားနေရသည်။သူ့ဝမ်းဗိုက်သည် အဆောင်ကြောင့် ထိုးဖောက်ခံထားရသည်။သူ့ခန္ဓာကိုယ်သည် အနက်ရောင်စာလုံးများနှင့်အတူ တွားသွားနေခဲ့ရသည်။

"ဒါက အဆင့် ၄ မူမမှန်ဖြစ်ရပ်ဆိုတာလား ၊ ဒါက လူလုပ်ကပ်ဆိုးလား ဒါမှမဟုတ် သဘာဝဖြစ်ရပ်လား "

ကောင်းမင်ကို လက်တစ်စုံက ကောက်ချီလိုက်သည်။ဝမ်ကျီသည် ငိုယိုနေသော ယွမ်ယွမ်နှင့် ကောင်းမင်ကို သယ်ဆောင်လိုက်ပြီး ရေကန်အပြင်ထွက်လိုက်သည်။ ဒဏ်ရာအပြင်းအထန်ရနေသော ချင်ဂီသည် စုံစမ်းရေးမှူးနှစ်ယောက်နှင့်အတူ လွှတ်မြောက်လာခဲ့သည်။အိမ်ငှားများသည်လည်း အများအပြား မကျန် ရစ်တော့ပေ။

"ကျွန်....ကျွန်တော် ဒီမှာနေချင်တယ် "

ဝမ်ကျီက ယွမ်ယွမ်၏ခေါင်းကို ပွတ်သပ်လိုက်သည်။

"သူတို့အမေက ဆုံးသွားပြီ ၊ ကျွန် ...ကျွန်တော် သူတို့ကို စောင့်ရှောက်ဖို့ နေခဲ့မယ် "

ထောင်းမင်သည် ထောင့်တစ်ထောင့်တွင် သူ့နူတ်ခမ်းရှိသွေးများကို လျှာသပ်လိုက်ပြီး

"ကောင်းပြီလေ "

"ခြောက်ခြားဇာတ်လမ်းက ပြီးဆုံးသွားပြီ ၊ အရိပ်တွေလည်း ပြန်ဆုတ်ခွာသွားပြီ ၊ အနာဂတ်မှာ သားစားကြူးနတ်က ကမ္ဘာနှစ်ခုမှာ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး "

ဝမ်ကျီက ချူးစီစီကို ကောင်းမင်ဆီသယ်လာပြီး

"သူမကို အရေးပေါ်ကုသပေးဖို့ လိုအပ်နေတယ် "

ချူးစီစီသည် အခြေအနေဆိုးနေခဲ့သည်။ချူးစီစီသည် သတ်ဖြတ်သူအဆောင်နှစ်ခုကို သုံးခဲ့ပြီးနောက် သူမ၏ဘဝသက်တမ်း အများအပြား ဆုံးရှုံးခဲ့ရသည်။အသားနံ့သည် မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။အပူချိန်က တဖြေးဖြေး မြင့်မားလာ၏။ဆိုလိုသည်ကား ခြောက်ခြားဇာတ်လမ်းသည် ပြီးဆုံးခဲ့ပြီဖြစ်သည်။

သူ့ဝမ်းဗိုက်ရှိ ဒဏ်ရာကို အုပ်ထားရင်း ကောင်းမင်သည် အဝေးသို့ ထွက်ခွာသွားသော ဝမ်ကျီကို ကြည့်နေခဲ့သည်။သူက ပါးစပ်ဟလိုက်သော်လည်း အဆုံးတွင် ဘာမှ မပြောလိုက်တော့ပေ။သူသည် ဝမ်ကျီ၏ကံကြမ္မာကို သိခဲ့ပြီး ကူညီချင်သော်လည်း ထိုအရာသည် ဝမ်ကျီအတွက် ဆိုးဝါးသောအဆုံးသတ်တစ်ခုမဟုတ်ပါပေ။ သူ့ခွန်အားအများအပြားကို အသုံးပြုလိုက်ပြီးနောက် ကောင်းမင်က မြေကြီးပေါ်တွင် တွားသွားလိုက်သည်။သူ့ဒဏ်ရာများသည် သူထင်ထားသည်ထက် ပိုဆိုးရွားနေခဲ့လေသည်။

"အဆောက်အဦးထဲမှာ ဒဏ်ရာရနေတဲ့ တခြားလူတွေရှိနေသေးတယ် ၊ စုံစမ်းရေးမှူးတွေရောပဲ "

ကောင်းမင်သည် မြေအောက်ထပ်မှ အပေါ်သို့ တက်လာလိုက်သည်။သူ့ခြေလှမ်းတစ်လှမ်းတိုင်းတွင် သိသာထင်ရှားသော သွေးခြေရာများ ကျန်နေရစ်ခဲ့သည်။လှေကားလက်ရမ်းကို ကိုင်ထားရင်း ကောင်းမင်က နောက်ဆုံးခြေလှမ်းကို လှမ်းလိုက်သည်။သူသည် မှောင်မဲနေသော ကော်ရစ်ဒါမှ လမ်းလျှောက်ထွက်လိုက်သည်။

အသားနံ့သည် ပျောက်ကွယ်သွားချေပြီ။ နံနက်ခင်းလေပြေသည် ကောင်းမင်၏ သွေးစွန်းနေသောဆံပင်များကို ဖြတ်၍ တိုက်ခတ်သွားသည်။သူက အဆောက်အဦးအေ၏ ရှေ့တံခါးသို့ ရောက်လာခဲ့သည်။ကောင်းမင်က သူ့လက်များကို လက်ကိုင်ပေါ်တင်၍ ခက်ခက်ခဲခဲ တွန်းလိုက်လေသည်။

ဒီနေ့သည် ကောင်းကင်လား ငရဲလားဆိုတာ ဘယ်သူမှ မသိတော့ပါ။

တံခါးအိုကြီးက ပွင့်ဟသွားသည်။တံခါးအဟကြားမှတဆင့် အားနည်းသောအလင်းရောင်က ဖြာကျလာ၏။နောက်ဆုံးတွင် မုန်တိုင်းရပ်တန့်သွားချေပြီ။ကောင်းမင်က စားပွဲကို ခလုပ်တိုက်မိခဲ့သည်။သူက အနက်ရောင်ဆက်သွယ်ရေးစက်ကို မြောက်လိုက်ပြီး နေမင်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။အရိပ်သည် အဝေးသို့ မောင်းထုတ်ခံလိုက်ရသည်။မြို့တော်၏ စုံစမ်းရေးမှူးတစ်ဝက်ခန့်က အပြင်ဘက်တွင် စောင့်ဆိုင်းနေကြ၏။သူတို့အားလုံး ကောင်းမင်ကို မြင်လိုက်ကြရသည်။

"အရိပ်တွေ မရှိတော့ဘူး ၊ မူမမှန်မှုကို ဖြေရှင်းပြီးသွားပြီကွ! "

"ကြည့်ဦး ! လူတစ်ယောက်ထွက်လာနေတယ် ! "

နေရောင်သည် သွေးစွန်းကွက်များအပေါ် ဖြာကျနေ၏။ကောင်းမင်သည် သူ၏တစ်ဖက်တည်းသော မျက်လုံးဖြင့် စိတ်လှုပ်ရှားနေသော မျက်နှာများကို ကြည့်လိုက်သည်။အကယ်၍ သူသည် အဆောက်အဦးထဲ သေဆုံးခဲ့လျှင် ထိုလူများသည် အဆောက်အဦးထဲ ပို့ခံရမည့် နောက်တစ်သုတ်ဖြစ်ပေလိမ့်မည်။သူတို့တွင် အကြောက်တရားမရှိပေ။သူတို့အား သေခြင်းတရားက စောင့်ကြိုနေမည်ကို သိကြသော်လည်း သူတို့က အမှောင်ထုထဲလျှောက်လှမ်းကြဦးပေမည်။လူအုပ်ကြီးက ကောင်းမင်ထံပြေးလာကြသည်။လီစန်းဌာနမှ တခြားစုံစမ်းရေးမှူးများကလည်း ကောင်းမင်ကို မြင်သွားကြသည်။

"ကောင်းမင်လား ၊ သူက ကောင်းမင်ပဲ ! "

"သူက လီစန်းဌာန အဖွဲ့တစ်ရဲ့ ယာယီခေါင်းဆောင် ကောင်းမင်ပဲ! "

သူ့မျက်နှာတွင် စာလုံးနက်များ ပြန့်နှံ့နေ၏။ကောင်းမင်သည် ချီးကျူးသြဘာသံများကို ကြားနေရသော်လည်း ၎င်းတို့သည် အဝေးသို့ လွှင့်ပြယ်သွားသည်။သူက သူ့ကိုယ်သူ ထပ်မံကြည့်လိုက်သည်။သူ့လက်ဖဝါးရှိ 'မင်' စာလုံးသည် သူ့အား တစ်ခုခုပြောပြနေပုံရလေသည်။

သူ့အသိစိတ်သည် မှုန်ဝါးလာ၏။သူ့နှလုံးတစ်ချက်ခုန်ချိန်တိုင်းတွင် နာကျင်မှုဝေဒနာကို သူခံစားနေရသည်။ကောင်းမင်သည် လက်သီးဆုပ်လိုက်လိုက်ပြီး အရိပ်နှင့်နေရောင်ကြား ဆုံမှတ်တွင် လဲပြိုကျသွားတော့သည်။

All Chapters