← Chapters

ဥမင်လှိုဏ်ခေါင်း

Vol. 5 Ch. 63

ဥမင်လှိုဏ်ခေါင်း

Vol. 5 Ch. 63

နွေးထွေးသောအလင်းရောင်သည် သူ့မျက်နှာပေါ် ဖြာကျနေသည်။ ကောင်းမင်က ဆေးရုံကုတင်‌ပေါ်တွင် ထထိုင်လိုက်သည်။အခန်းထဲတွင် သူမသိသော ကုသရေးပစ္စည်းများစွာ ရှိသည်။တံခါးအပြင်ဘက်ကော်ရစ်ဒါတွင် အစောင့်အကြပ်များ စောင့်ကြပ်နေကြသည်။ခြင်တစ်ကောင်ပင် အခန်းထဲ ဝင်လာနိုင်လိမ့်မည် မဟုတ်ပေ။

"ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဆိုးဝါးတဲ့အခြေမှာရှိနေတယ်ဗျ ၊ ဒဏ်ရာ အကြီးအသေးတွေက ရေတွက်မရနိုင်အောင်ပဲ ၊ ဒဏ်ရာတွေက ခင်ဗျားရဲ့သေစေနိုင်တဲ့နေရာတွေကို တကယ်ကို ရှောင်ကွင်းထားတာ ၊ ဒါပေမယ့် အဓိကပြဿနာက ခင်ဗျားရဲ့ အတွင်းအင်္ဂါတွေက ပြန်မကောင်းနိုင်လောက်အောင် ထိခိုက်ထားတယ် ၊ ကျုပ်တို့ နည်းလမ်းအားလုံးနဲ့ ကြိုးစားခဲ့ပေမယ့် ခင်ဗျားရဲ့ သေဆုံးခြင်းကို နှောင့်နှေးအောင်ပဲ ကျုပ်တို့ တတ်နိုင်တော့တယ် "

သူနာပြုများနှင့် ဆရာဝန်များက သူ့ကုတင်အား ၂၄နာရီ စောင့်ဆိုင်းနေကြသည်။သူတို့က ကောင်းမင်၏ဘေးခန်းတွင် ပုံမှန်ပင် နေထိုင်နေကြသည်။

"ဒါ ဘယ်နေရာလဲ "

"အရှေ့ပိုင်းမြို့တော် ဆေးရုံပါ ၊ မူမမှန်ဖြစ်ရပ်တွေမှာ ထိခိုက်ခဲ့တဲ့လူတွေကို ဒီမှာ ကျုပ်တို့ ကုသပေးတာ"

ဆရာဝန်သည် ကုတင်ဘေးရှိ လူခေါ်ခလုပ်ကို နှိပ်လိုက်သည်။မိနစ်များစွာ ကြာပြီးနောက် ချန်းယွင်ထျန်းနှင့် အထက်အရာရှိအများအပြား အခန်းထဲ အပြေးအလွှား ဝင်လာကြသည်။ဆရာဝန်နှင့် သူနာပြုများက အလိုက်တသိဖြင့် ထွက်သွားကြပြီး အခန်းတံခါးကို ပိတ်ထားခဲ့သည်။

"စီစွေ့အိမ်ရာက မူမမှန်ဖြစ်ရပ်စုံစမ်းစစ်ဆေးမှု ရလာဒ် ထွက်လာပြီ ၊ မင်းက အများဆုံးအကျိုးဆောင်ခဲ့ပေမယ့် စီတုအန်းနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပေးဖို့ မျှော်လင့်ပါတယ် "

ချန်းယွင်ထျန်းက ကောင်းမင်ဘေးတွင် ထိုင်လိုက်သည်။

"ဌာနမှာ ဝန်ထမ်းအင်အား အရမ်းနည်းပါတယ်၊ တကယ်လို့ စီတုအန်းရဲ့ လှည့်ဖျားတာကို အခြားလူတွေကို သိသွားရင် ငါတို့လက်ထဲမှာ ပုန်ကန်မှုတစ်ခု ရှိလာနိုင်တယ် "

"မင်းတောင်းဆိုချင်တာ အားလုံး ငါတို့ကို ပြောပြနိုင်တယ် ၊ မင်းဘဝရဲ့ နောက်ဆုံးအချိန်အတွင်း မင်းလိုချင်တာအားလုံးကို ငါတို့ ကြိုးစားပေးပါ့မယ် "

အရှေ့ပိုင်းမြို့တော်၏အကြီးအကဲကို ရွေးချယ်ရခြင်း မရှိသေးပေ။အရှေ့ပိုင်းမြို့တော်ဌာနကို ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာနက ယာယီတာဝန်ယူထားသည်။စကား‌ပြောလိုက်သော ပုဂ္ဂိုလ်သည် ဌာနချုပ်တွင် အာဏာတချို့ ရှိသူဖြစ်သည်။

"ကျုပ်မှာ အချိန်ဘယ်လောက် ကျန်သေးလဲ "

ကောင်းမင်က သူ့လက်များကို ကြည့်လိုက်သည်။ကြောက်မက်ဖွယ်ဒဏ်ရာများကို ကုသပြီးပြီဖြစ်သော်လည်း အနက်ရောင် စကားလုံးများက သူ့အရေပြားပေါ်တွင် တွားသွားလျက် ရှိနေကြသည်။၎င်းတို့သည် ကျိန်စာများနှင့် တူသည်။

"သုံးရက် "

ချန်ယွင်ထျန်းက မချိတင်ကဲ ပြောလိုက်သည်။သူသည် ကောင်းမင်အား ဌာနထဲဝင်ရောက်ရန် ပြောခဲ့သူဖြစ်သော်လည်း နောက်ပိုင်း သူဘာမှ လုပ်မပေးနိုင်ခဲ့ချေ။

"မင်းခွင့်ပြုချက်ရရင် နေ့ခင်းဘက်မှာ ရှင်းလုက သုတေသနပညာရှင်တွေက မင်းအတွက် တချို့စမ်းသပ်မှုလေးတွေ လုပ်ပေးဖို့ လာကြလိမ့်မယ် ၊ သေချာတာကတော့ ...."

ဌာနချုပ်မှ အခြားပုဂ္ဂိုလ်တစ်ယောက်က ကုတင်ပေါ်တွင် စာရွက်စာတမ်းတစ်ချို့ကို တင်လိုက်သည်။

ကောင်းမင်က စာရွက်စာတမ်းများကို လျစ်လျူရှူလိုက်ပြီး ပြတင်းပေါက်အပြင်ဘက် လှမ်းကြည့်လိုက်သည်။

"ကျုပ် နေရာတစ်ခုကို သွားချင်တယ် ၊ ခင်ဗျားတို့ ကျုပ်ကို မတားဆီးဖို့ မျှော်လင့်ပါတယ် "

ကောင်းမင်သည် တစ်ယောက်တည်းဖြစ်နေခဲ့သည်။သူက ပြတင်းပေါက်အပြင်ဘက် ကြည့်လိုက်သည်။အရှေ့ပိုင်းမြို့တော်သည် ဟန်ဟိုင်း၏ အဖွံ့ဖြိုးဆုံးခရိုင်တစ်ခုဖြစ်သည်။ နေရာအနှံ့တွင် မိုးမျှော်တိုက်ကြီးများရှိသည်။ ယာဉ်ကြောများလည်း ရှုပ်ထွေး၏။သူသည် အလွန်အထီးကျန်မှု ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပေ။

ကောင်းမင်က သူ့အိတ်ကို ယူလိုက်ပြီး လူသေဓာတ်ပုံများကိုထုတ်ကြည့်လိုက်သည်။ ဌာနသည် ယင်းတို့ကို ကြည့်ရှူပြီးသား ဖြစ်လိမ့်မည်။ မည်သည့်လျှို့ဝှက်ချက်မှ ထပ်မရှိတော့ပေ။ကောင်းမင်က သူ့ဖုန်းကို ဖွင့်လိုက်သည်။ဌာနသည် သူ့ဖုန်းကို နားထောင်နေမည်သိသော်လည်း သူကဂရုမစိုက်ပဲ အိမ်ကို ဖုန်းခေါ်လိုက်သည်။သူက သူ့မိဘများ၏ လူသေဓာတ်ပုံကို ကြည့်လိုက်သည်။ထိုအချိန်တွင် သူ့မိသားစုသည် သူ့ကိုကြည့်ရန် လှည့်မလာခဲ့ပေ။၎င်းသည် ကြီးမားသော အပေါက်ကြီးနှင့်အတူ သာမန်ဓာတ်ပုံတစ်သာဖြစ်သွားခဲ့သည်။

"ဖုန်းပြန်မဖြေဘူး...."

ကောင်းမင်က ဖုန်း‌ဆက်ခေါ်လိုက်ပြီး ဖုန်းကို တွေ‌တွေငေးငေးစိုက်ကြည့်နေမိသည်။ပြန်မဖြေဖြစ်သည့် ဖုန်းအဝင်ကောသည် ဆယ်ကြိမ်မကဝင်ထားသည်။သူပင်ပန်းလာသည့်အချိန်တွင် သူသည် စကားပြောဂရုတစ်ခုထဲသို့ ထည့်ခံလိုက်ရသည်။ယခုအချိန်တွင် မုန်တိုင်းပြီးသွားပြီဖြစ်သောကြောင့် သူ့ကျောင်းနေဘက်သူငယ်ချင်းများသည် စကားပြောပွဲတစ်ခုလုပ်နေကြပြီး ဘဝအကြောင်းများနှင့် အတိတ်အကြောင်းများကို ပြောဆိုနေကြသည်။သူတို့ထဲမှ တချို့သည် ဆရာဝန်များဖြစ်လာကြပြီး တချို့သည် လက်ထပ်ပြီးကြပြီဖြစ်သည်။လူတိုင်းတွင် သူတို့ကိုယ်ပိုင်ဘဝများရှိနေကြပြီဖြစ်သည်။

လူနှစ်ယောက်ကြားရှိကွာခြားမှုသည် လူတစ်ယောက်နှင့်သရဲတစ်ကောင်ကြားရှိ ကွာခြားမှုထက် ပိုမိုကြီးမားနိုင်သည်။သူသည် စကားပြောဂရုများကို မကြည့်ခဲ့ပေ။သူ့ဘဝသည် သူ့သူငယ်ချင်းများနှင့် ဖုန်းစခရင်မှ ကွဲကွာနေရုံသာမက အခြားအရာများစွာလည်း ကွာခြားနေလေသည်။

ကောင်းမင်က သူ့အားဆယ်ကြိမ်အထက်ခေါ်ထားသည့် အမည်မသိဖုန်းနံပါတ်ကို ကြည့်လိုက်သည်။ကောင်းမင်က ဖုန်းပြန်ခေါ်ရန်စိတ်မပါပေ။ဆရာဝန်စကားသာ မှန်ခဲ့လျှင် သူသည် အချိန်သုံးရက်သာ ကျန်တော့သည် ဖြစ်သည်။သူ့ဖုန်းက တုန်ခါလာခဲ့သည်။ သူ့ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်က ကောင်းမင်ထံ တိုက်ရိုက်မက်ဆေ့ ပို့လိုက်ခြင်းဖြစ်သည်။

လျိုယီ "ကောင်းမင် ၊ ငါနင့်ကို လူချင်းတွေ့ချင်တယ် "

လျိုယီ "ငါ နင့်ဂိမ်းကို ကစားပြီးတော့ ထူးဆန်းတဲ့အရာတွေ အများကြီး စဖြစ်လာတယ် "

ကောင်းမင်က ဖုန်းကို ကုတင်ပေါ်ပစ်တင်လိုက်ပြီး ဌာနက ပြင်ဆင်ပေးထားသောအဝတ်များကို ဝတ်လိုက်သည်။သူလှုပ်ရှားလိုက်သည်နှင့် ပြင်းထန်သည့်ဒဏ်ရာများက တစ်ဖန်ပြန်ပွင့်လာလေသည်။ပတ်တီးအောက်မှ သွေးများ စိမ့်ထွက်လာ၏။ဖုန်းသည် ဆက်လက်တုန်ခါနေ‌ဆဲဖြစ်သော်လည်း ကောင်းမင်က လှည့်ထွက်သွားပြီဖြစ်သည်။သူလုပ်ဆောင်လိုအပ်သည့် အရာတစ်ခုရှိပေသည်။

"ငါ အဲ့ဒါကို နှောင့်နှေးလေလေ ငါ့ခန္ဓာကိုယ်က ပိုဆိုးလာလေလေပဲ ဖြစ်မှာ ၊ ငါ့ဗိုက်က ဒဏ်ရာက ပြန်ကောင်းလာမှာ မဟုတ်ဘူး ၊ပြီးတော့ ငါ့နှလုံးကလည်း အားနည်းနေပြီ "

သူနိုးထလာကတည်းက သူ့ဦးနှောက်ထဲရှိအသံတစ်ခုသည် သူ့အား လှိုဏ်ခေါင်းထဲသွားရန် တိုက်တွန်းနေသည်။သူသည် ဥမင်လှိုဏ်ခေါင်းနှင့်ပတ်သက်၍ အလွန်သိချင်နေသည်။ကောင်းမင်သည် စုံစမ်းရေးမှူးများနှင့် အစောင့်အကြပ်များကို ထား၍ ထွက်လာခဲ့သည်။သူသည် ဌာနမှ ကားတစ်စီးရလိုက်ပြီး မြို့သုံးမြို့ဆုံရာ ဖြစ်သော ဥမင်လှိုဏ်ခေါင်းဆီသို့ မောင်းနှင်စေလိုက်သည်။

သူသည် ဥမင်လှိုဏ်ခေါင်းအား တစ်ချက်သွားမကြည့်ခဲ့ရလျှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်လိမ့်မည် မဟုတ်ပေ။ကားပြတင်းပေါက်အပြင်ဘက်က ရှုခင်းများက ဖြတ်ကျော်သွားသည်။ကောင်းမင်က သူ့လက်များကို အတူထားလိုက်သည်။သူ့တွင် အချိန်သုံးရက်သာကျန်သည်ဟု ကြားရချိန်တွင် သူသည် နာကျင်ခြင်းနှင့် အထိတ်တလန့်ဖြစ်ခြင်းတို့ကို မခံစားရပေ။သူက သေခြင်းတရားကို မတွေးခဲ့ပေ။ထိုအစား 'ငါသေသွားရင် အရိပ်ကမ္ဘာက ငါ့နေရာကို အစားထိုးဖို့ တခြားလူတစ်ယောက်ကို ရွေးမှာလား '။

ဥမင်လှိုဏ်ခေါင်းဆီသွားသော ခရီးက ရှည်လျားသည်။ကောင်းမင်က အချိန်သည် အလွန်နှေးကွေးစွာ‌ ရွေ့လျားနေသည်ဟု ဘယ်တော့မှ မခံစားရချေ။မှောင်လုဆဲဆဲအချိန်တွင် ကားလေးက ကောင်းမင်၏ပန်းတိုင်ကို အရောက်ခေါ်လာခဲ့သည်။ အစောင့်များက သူ့အား ကားအပြင်ထွက်နိုင်ရန် ကူညီပေးလိုက်သည်။

"ခင်ဗျားတို့ ကျုပ်နဲ့ လိုက်မလို့လား "

ကောင်းမင်သည် ဥမင်ဝင်ပေါက်တွင် မတ်တပ်ရပ်လိုက်သည်။နက်မှောင်နေသော ဥမင်သည် မွန်းစတားတစ်ကောင်၏ပါးစပ်ဖြင့် တူနေ၏။

"ခင်ဗျား နားလည်ပေးဖို့ မျှော်လင့်ပါ‌တယ် ၊ ရဲတွေက ဥမင်ကို ခုထိ ဖွင့်မပေးသေးတော့ ကျုပ်တို့က ခင်ဗျားလုံခြုံရေးအတွက် စိုးရိမ်လို့ပါ "

အစောင့်များက ကောင်းမင်နောက် နီးနီးကပ်ကပ်စုလိုက်သည်။

"ကျုပ်တို့ ခင်ဗျားကို မနှောက်ယှက်ပါဘူး "

"ထားလိုက်ပါတော့ "

ကောင်းမင်က သူ့အိတ်ကို သယ်လိုက်ပြီး စတင်လမ်းလျှောက်လိုက်သည်။သူက မြန်မြန်မလျှောက်သော်လည်း အစောင့်များက သူ့ကို လိုက်မမှီကြပေ။

"အေးလာတယ်"

ကောင်းမင်က အရှိန်လျှော့လိုက်ပြီး လေအေးတစ်ချက် မှုတ်ထုတ်လိုက်သည်။သူက နံရံများကို ထိလိုက်ပြီး ထိုညက ဖြစ်ရပ်များကို မှတ်မိနိုင်ရန် ကြိုးစားလိုက်သည်။

ရွှမ်ဝမ်က သူ့ကို အိမ်ခေါ်လာပြီးနောက် သေရေးရှင်ရေးကိစ္စတချို့ကို မှတ်မိခဲ့သည်။သူသည် အလွန်ကြောက်စရာကောင်းသည့်အရာကို မြင်တွေ့ခဲ့သောကြောင့် သူက တချို့အရာများကို အတိတ်မေ့သွားခဲ့သည်ဟု ရွှမ်ဝမ်က ပြောခဲ့သည်။

သားစားကြူးနတ်က သူ့လိုအင်ဆန္ဒကို ကြည့်ချင်သည့်အချိန်တွင် ကောင်းမင်က သူမေ့နေသော ပုံရိပ်များကို ကြည့်ရန် ထိုအခိုက်အတန့်ကို အသုံးပြုခဲ့သည်။

"ငါရောက်တော့မယ် "

နေဝင်သွားချေပြီ။ဥမင်ထဲတွင် အလင်းရောင်မရှိတော့ပေ။ရေစက်များက သူ့အင်္ကျီပေါ်သို့ တစ်စက်စက်ကျဆင်းနေသည်။သူ့ဦးနှောက်ထဲရှိအသံတစ်သံသည် သူ့အား ရှေ့ဆက်သွားရန် ပြောနေသည်။ကံကြမ္မာက သူပြန်လာရမည်ဟု အမိန့်ပေးထားသည့်နှယ်။

"အရမ်းထူးဆန်းတယ် ၊ ငါ့ကိုခေါ်နေတာ ဘယ်သူလဲ "

ပုံမှန်အားဖြင့် သူသည် ဥမင်အပြင်ဘက်ရောက်သင့်နေပြီဖြစ်သည်။သို့သော် သူသည် အမှောင်ထဲတွင် ပိတ်မိနေဆဲဖြစ်သည်။လမ်းကြောင်းတိုင်းသည် အနာဂါတ်ဆီသို့ မပို့ဆောင်နိုင်သော အဆုံးသတ်များဖြစ်သည်။

ကောင်းမင်က ပြန်လှည့်လိုက်သည်။သူ့နောက်လိုက်နေသော အစောင့်များ၏ခြေသံများသည် ပျောက်ကွယ်သွားပြီဖြစ်သည်။သူတစ်ယောက်တည်း ကျန်ရစ်ခဲ့သော်လည်း ကောင်းမင်က ကြောက်ရွံ့မှုကို မခံစားရပေ။သူသည် ထိုအရာနှင့် နေသားတကျဖြစ်နေပေ၏။

သူ့ခေါင်းထဲမှ အသံသည် ပိုမိုရှင်းလင်းလာသည်။ကောင်းမင်က သူ၏တစ်ခုတည်းသော မျက်စိကို မှိတ်လိုက်သည်။သူသည် သူ့အစောင့်များကို ချန်ထားလိုက်ပြီး အသံ၏လမ်းညွှန်ချက်နောက် လိုက်ပါသွားသည်။သူ့ခြေထောက်အောက်ရှိ လမ်းမသည် ပိုမိုကြမ်းတမ်းလာသည်။ပိုမိုများပြားသောအသံများကို သူကြားလိုက်ရသည်။

ရုတ်တရက် ကောင်းမင်က သူ့လက်ဖဝါးကို ထိခတ်လာသော ရေစက်တစ်စက်ကို ခံစားမိလိုက်သည်။ရေစက်သည် မျက်နှာကျက်မှ ကျဆင်းလာခြင်းမဟုတ်ပဲ အုပ်စုထဲမှ ခုန်တက်လာခြင်းဖြစ်သည်။

သူ့လက်ချောင်းများကို နံရံဆီသို့ လှမ်းလိုက်သည်။နောက်ဆုံးတွင် သူက အသားကို ထိမိသွားသည်။ယင်းအသားသည် လူသားမျက်နှာတစ်ခု ဖြစ်ပုံရသည်။

ကောင်းမင်က သူ့မျက်လုံးကို ဖွင့်လိုက်သည်။ဥမင်၏ နံရံသည် မြောက်များစွာသောအလောင်းများဖြင့် ဖုံးလွှမ်းနေလေသည်။လူသေအလောင်းအားလုံးတွင် ကောင်းမင်၏ မျက်နှာများ ရှိနေကြသည်။

All Chapters