သေခြင်း ၊ ရှင်ခြင်း
Vol. 5 Ch. 64
အေးစက်သောနံရံပေါ်တွင် သွေးများက ပျစ်ခဲနေသည်။သေဆုံးနေသောကောင်းမင်တစ်ယောက်စီသည် မတူညီကြပေ။သူ့မျက်နှာများက သူ့အားစိုက်ကြည့်လိုက်ချိန်တွင် သူ့စိတ်သည် မူးဝေသွားရသည်။သူ့ခန္ဓာကိုယ်က နံရံကို ထိတွေ့လိုက်သည်။အသားများကို ထိတွေ့လိုက်ချိန်တွင် အလောင်းပုံကြီး၏ မှတ်ဉာဏ်များကို သူမြင်လိုက်ရလေသည်။
"ဒေါက်တာ ၊ ကျုပ်ဖန်တီးထားတဲ့ဂိမ်းတွေက အမှန်တကယ်ဖြစ်လာတယ်လို့ ထင်တယ်ဗျ "
"အဲ့ဒါ မကောင်းဘူးလား ၊ ဒီနေ့ခတ်မှာ လူတွေကဘဝဖိအားတွေအောက် ရုန်းကန်နေကြရတာ၊ မင်းက ဒါတွေအားလုံးက လွတ်မြောက်နိုင်ပြီးတော့ မင်းပုံဖော်ထားတဲ့ဂိမ်းကမ္ဘာထဲမှာ မင်းဘဝကို ရှင်သန်လိုက်လေ "
" ဒါပေမယ့် ကျုပ်က သရဲဂိမ်းဒီဇိုင်နာလေ၊ လူသတ်မှု တစ်ရာနဲ့နှစ်ဆယ့်ခြောက်ခုထိ ကျုပ်တည် ဆောက်ထားပြီး လူသတ်မှုဒါဇင်ပေါင်းများစွာကို တစ်ယောက်ချင်းစီနေရာကနေ သရုပ်ဆောင်ကြည့်ခဲ့ပြီးပြီ၊ ကုန်ကြမ်းအတွက် စိတ္တဇလူသတ်ကား ကိုးဆယ့်ငါးကားကြည့်ခဲ့ရတယ် ပြီးတော့ သရဲရုပ်ပြလေးရာကျော်နဲ့ မြို့ထဲကဆိုးရွားတဲ့သရဲဇတ်လမ်းနှစ်ထောင်ကျော်လဲ ကျုပ်စုဆောင်းခဲ့သေးတယ်၊ ခုတော့ ဒါတွေအားလုံးက အမှန်တကယ်ဖြစ်လာခဲ့ပြီထင်တယ် !"
"ဒါဆို...မင်း ငါ့ကိုရင်းနှီးနေတာ တွေ့လား"
ဓားသွားက သူ့လည်ပင်းကို ထိုးစိုက်သွားသည်။သွေးစက်များက လူနာစာရင်းကို စွန်းထင်းသွားခဲ့သည်။ထိုမှတ်ဉာဏ်က အလွန်အစစ်အမှန်ဆန်သည်ကို ခံစားရသည်။ကောင်းမင်သည် သူ့လည်ပင်းကို ဆုပ်ကိုင်၍ လူနာဝတ်စုံအောက်ရှိ ခန္ဓာကိုယ်မှ အဝေးသို့ လျှောက်ထွက်သွားသည်။သို့သော် သူ့စိတ်နှင့် သတိသည် များစွာသော လက်များ၏ဖမ်းယူခြင်း ခံလိုက်ရသည်။
"အမေ! ပြေးတော့ ! အိမ်ထဲမှာ သရဲရှိတယ် ! ကျွန်တော် မရူးဘူး ! ကျွန်တော် မြင်လိုက်တယ်! ငါ့ကို လွှတ်ပေး! သရဲတွေလာနေပြီ ၊ သူတို့က ဒီမြို့ကို ဖျက်ဆီးချင်နေတာ ! "
"ကလေးရယ် ၊ သားနေမကောင်းတာပဲ အာရုံစိုက်ပါ ၊ ကျန်တာကို အမေတို့နဲ့ ထားလိုက်နော် "
"ကျွန်တော် အမေ့ကို မလိမ်ဘူး ၊ အိမ်မှာ မနေနဲ့ ၊ ထွက်သွားတော့ ! "
"သားမလိမ်မှန်း အမေသိပါတယ် ၊ အမေ့မှာ သူ့ရဲ့မျက်နှာနဲ့ အသံရှိပေမယ့် အမေက သားရဲ့အမေမဟုတ်ဘူးလေ "
သူ့လည်ပင်းကို ခါးပတ်ဖြင့်ရစ်ပတ်ခြင်းခံလိုက်ရသည်။သူ့လက်များကို အပေါ်အောက်ဝေ့ယမ်းလိုက်သော်လည်း သူ့အားကယ်တင်ရန် တစ်ယောက်မှ ရောက်မလာကြပေ။ သေဆုံးခြင်းမှတ်ဉာဏ်များသည် ကောင်းမင်ထံသို့ ပိုမိုရောက်ရှိလာပြီး သူ၏ဝိညာဉ်ကို ကွဲကြေစေခဲ့သည်။
"ကျုပ် စုံစမ်းစစ်ဆေးရေးဌာနကို ဝင်ဖို့ ဆန္ဒရှိတယ် ၊ ကျုပ်အသက်နဲ့ လူတွေကို ကာကွယ်ပေးချင်တယ် "
"အရမ်းကောင်းတယ် ၊ ဒီနေ့က စပြီး မင်းငါ့နောက်လိုက်နိုင်တယ် ၊ ကောင်းမင် ! "
"ခေါင်းဆောင် ၊ ကျုပ်တို့ညီအစ်ကိုတွေကို သတ်သွားတာ သရဲတွေမဟုတ်ဘူး ၊ လူတွေပဲ ! "
"ငါသိတယ် ၊ ငါက လူသတ်သမားပဲလေ ! "
ဓားတစ်ချောင်းက သူ့လည်ပင်းကို ဖြတ်တောက်သွားသည်။ကောင်းမင်၏ ဦးခေါင်းသည် ပြုတ်ကျသွားပြီး အထက်အောက်ပြောင်းပြန်ဖြစ်နေသော ကမ္ဘာကြီးကို မြင်လိုက်ရသည်။သေဆုံးခြင်းမှတ်ဉာဏ်များနှင့် မတူညီသောရွေးချယ်မှုများသည် သူဥမင်လိုဏ်ခေါင်းထဲပြေးဝင်သွားသည်နှင့် ကောင်းမင်နောက်လိုက်ပါလာကြသည်။
"ဘယ်သူမှ ယုံလို့မရဘူး ၊ လူတိုင်းက ဟန်ဆောင်ထားတဲ့ သရဲတစ်ကောင်ဖြစ်နေနိုင်တယ် ၊ ငါ ဂိမ်းတွေအားလုံးကို ရှင်းလင်းပစ်မယ် ပြီးရင် သရဲတွေကို တိုက်ခိုက်ဖို့ သရဲစွမ်းအား ရလာလိမ့်မယ် "
"ကောင်းမင် မြို့ထဲက ကစားသမားတိုင်းက မင်းကို သိတယ် ၊ လူတိုင်းက တစ်ခုခုလုပ်ဖို့ စုစည်းသွားကြပြီ"
"မင်း ဘာလို့ သရဲတွေကို သွားပြီး အမဲမလိုက်တာလဲ ၊ ဘာလို့ ငါ့နောက်လိုက်နေတာလဲ "
"ဘာကြောင့်လဲဆိုတော့ မင်းကိုသတ်တာက သရဲတွေကို သတ်တာထက် ပိုအကျိုးရှိမယ်လို့ ငါတို့အားလုံးသဘောတူထားကြလို့လေ ! "
သူ့ခန္ဓာကိုယ်သည် သွေးအိုင်ထဲ လဲပြိုကျသွားသည်။သူ့အသားသည် နွမ်းခြောက်သွားခဲ့သည်။ သူ့မျက်လုံးများထဲတွင် အခြားကစားသမားများ၏ အရိပ်များက ရောင်ပြန်ဟပ်နေခဲ့သည်။
"ဖြစ်ရပ်ဆိုးကြီး လာနေပြီ ၊ ကျုပ်တို့ဒါကို စောင့်ကြပ်ဖို့ ဒီရပ်ကွက်ထဲမှာနေကြရမယ် ၊ ပြီးမှ လုံခြုံတဲ့နယ်မြေတစ်ခုကို ဖြေးဖြေးချင်း ရှင်းလင်းကြတာပေါ့ "
"ခင်ဗျား ကြောက်နေတာ ကျုပ်သိပါတယ် ၊ ကျုပ်လည်း ကြောက်တာပဲဗျ ၊ ခြောက်ခြားဇာတ်လမ်းတွေ ထိန်းချုပ်မှုမလွှတ်ခင် တစ်ယောက်ယောက်ကတော့ ရှေ့ထွက်ပေးရမယ်လေ "
"ခင်ဗျား ကျုပ်နောက်လိုက်နိုင်ဖို့ မျှော်လင့်ပါတယ် ! "
သူ့ခန္ဓာကိုယ်သည် သရဲများကြောင့်ဆုတ်ဖြဲခံလိုက်ရသည်။ကောင်းမင်က နောက်လှည့်ကြည့်လိုက်သည်။အရိပ်မှလွှဲ၍ သူ့နောက်တွင် တစ်ယောက်မှ ရှိမနေပေ။
"ကပ္ပတိန်ကောင်း ၊ ခင်ဗျားတာဝန်ယူလိုက်ကတည်းက လီစန်းခရိုင်မှာ အဆင့်၃ မူမမှန်မှုတစ်ခုတောင် မရှိတော့ဘူး ၊ ဒါပေမယ့် တချို့စုံစမ်းရေးမှူးတွေက ခင်ဗျားဟာ သရဲတွေနဲ့ လမ်းလျှောက်နေတာ မြင်တယ်လို့ ပြောကြတယ် "
"ခင်ဗျားတို့ ဘာပြောချင်တာလဲ "
"ကျုပ်တို့နဲ့ လိုက်ခဲ့ပါ၊ ကြီးကြပ်သူတချို့က ခင်ဗျားကို တွေ့ချင်နေကြတယ် "
အရှေ့ပိုင်းမြို့တော်သို့သွားသော ထိုခရီးတွင် ကားသည် တိုက်ခိုက်ခံလိုက်ရသည်။ကောင်းမင်က မီးပင်လယ်ထဲမှ ထွက်လိုက်သည်နှင့် ချွန်ထက်သော ဓားတစ်ချောင်းက သူ့ရင်ဘတ်ကို ထိုးစိုက်သွားသည်။
"တော်လောက်ပြီ ! ငါ့ကို သတ်နေတာတွေ ရပ်လိုက်တော့! "
သေဆုံးခြင်းမှတ်ဉာဏ်တစ်ခုတိုင်းသည် ခြောက်ခြားဖွယ်အတိဖြစ်သည်။ကောင်းမင်က သူ့ဆံပင်များကို ဆွဲဆုပ်ပြီး အော်ဟစ်လိုက်သည်။သူသည် ထိန်းချုပ်မှုလွှတ်သွားတော့သည်။ကောင်းမင်က သူသည် အဘယ်ကြောင့် သေခြင်းတရားနဲ့အလွန်ကွဲထွက်နေကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ပြီးနောက် သူ၏စိတ်ခံစားချက်များက ဖျက်ဆီးခံလိုက်ရသည်။
ဥမင်လိုဏ်ခေါင်းတွင် ဖြူရော်ရော်မျက်နှာနှင့်ရူးကြောင်ကြောင်မျက်လုံးများရှိသည့် များစွာသော အလောင်းများရှိသည်။ကောင်းမင်၏ ဘယ်မျက်လုံးသည် သွေးများယိုစီးလာပြီး ညာမျက်လုံးသည် မျက်ရည်များစီးကျလာလေ၏။သားစားကြူးနတ်၏စွမ်းအားကြောင့် သူသည် အခြားလူတစ်ယောက်ကို ထိလိုက်သည်နှင့် ထိုလူ၏မှတ်ဉာဏ်များကို မြင်နိုင်လေသည်။
လတ်လတ်ဆတ်ဆတ်စည်းနှောင်ထားသည့် ပတ်တီးက ထပ်မံပွင့်ထွက်လာသည်။သူက သူ့ခေါင်းကို ထုရိုက်နေသော်လည်း မျက်နှာများသည် အဝေးထွက်သွားလိမ့်မည်မဟုတ်ပေ။
"ဘာကြောင့် ဒီနေရာမှာ အများကြီးသေဆုံးနေကြတာလဲ ၊ ဘာလို့ အလောင်းတွေအားလုံးကို ဒီနေရာကို ပို့လိုက်တာလဲ "
အရာအားလုံးသည် အဆုံးမရှိသောစက်ဝိုင်းတစ်ခုကဲ့သို့ ဖြစ်နေလေသည်။ကောင်းမင်က ထွက်ပေါက်ကို မရှာနိုင်တော့ပေ။
"ငါ့ဘဝမှာ အချိန်သုံးရက်ပဲ ကျန်တော့တာ ၊ ထပ်ပြီး မပြောင်းလဲနိုင်တော့ဘူး ၊ ငါလည်းပဲ ဒီဥမင်ထဲမှာ မြှုပ်နှံခံရတော့မှာလား "
သေခြင်းမှတ်ဉာဏ်များသည် ကောင်းမင်၏ ဆင်ခြင်တုံတရားကို အက်ကွဲသွားစေခဲ့သည်။သူ့ဦးနှောက်တွင် နာကျင်မှုမှတ်ဉာဏ်များနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေလေသည်။သူ့စိတ်ကို ဆုံးရှုံးလုဆဲဆဲတွင် ဥမင်ထဲ၌ ခြေသံများ ထွက်ပေါ်လာ၏။
"ဘယ်သူလဲ ၊ အဲ့ဒီက ဘယ်သူလဲ "
သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှူလိုက်သည်။သို့သော်လည်း ခြေသံများ၏ဦးတည်ချကိသည် အမြတမ်းပြောင်းလဲနေ၏။ခြေသံများသည် သူ့နောက်မှသာ ထွက်ပေါ်လာသည်ဖြစ်ကြောင်း ကောင်းမင်သတိထားမိသည်။ထိုခြေသံသည် သူ့အတိတ်မှ ထွက်ပေါ်လာပုံရသည်။ထိုလူသည် နီးကပ်လာသော်လည်း သူတို့၏မျက်နှာကို သူမမြင်နိုင်ပေ။
"ဥမင်ထဲမှာ ဘယ်သူလဲ "
လူတစ်ယောက်က သူတို့၏လက်ဖြင့် ကောင်းမင်၏ ဦးခေါင်းကို ဖိလိုက်သည်။သူ့ခန္ဓာကိုယ်သည် နံရံထဲသို့ ဆောင့်တွန်းခံလိုက်ရသည်။သူ့နောက်တွင် မရင်းနှီးသော အသံတစ်ခုထွက်ပေါ်လာသည်။
"လူတိုင်းရဲ့ ကံကြမ္မာဆိုတာ သူတို့မွေးဖွားလာကတည်းက ရေးသားထားပြီးသားပဲ ၊ ကံကြမ္မာဟာ သူ့ဘာသာ ထပ်ခါထပ်ခါ လည်ပတ်တယ် ၊ အရာအရာတိုင်းက သူ့ကိုယ်ပိုင်နေရာမှာပဲ ရှိကြတယ် "
"မင်း ဘယ်သူလဲ "
" မင်းက ငါ့ကြောင့် ထပ်ခါ ထပ်ခါသတ်ဖြတ်ခံနေရပေမယ့် ငါဘာလဲဆိုတာ မင်းခုထိ မသိသေးဘူးပဲ ၊ ဒါပေမယ့် အနာဂတ်မှာ မင်းဒီကိုပြန်လာနေဆဲဖြစ်ပြီး ဒီကံကြမ္မာကို ပြန်ကျော့ဦးမှာပဲ "
ကောင်းမင်က နောက်ပြန်လှည့်ချင်သော်လည်း မဖြစ်နိုင်လောက်သောနာကျင်ခြင်းကို ခံစားနေရသည်။တစ်စုံတစ်ခုက သူ့မှတ်ဉာဏ်ကို မွှေနှောက်ရန် သူ့ဦးခေါင်းခွံထဲ တိုးဝင်လာ၏။
"မင်းဘယ်လောက်ပဲ ရုန်းကန်သည်ဖြစ်စေ ဒါကို မင်းမပြောင်းလဲနိုင်ဘူး ၊ ဘာလို့လဲဆိုတော့ အဆုံးသတ်ကို ဆုံးဖြတ်ထားပြီးသား မို့လို့ပဲ ၊ မင်းလုပ်ဆောင်သမျှအားလုံးက မင်းကိုယ်တိုင်အတွက် နာကျင်မှုတွေ ထပ်ပေါင်းထည့်နေရုံပါပဲ ၊ ငါမင်းကို အဆုံးသတ်မှာ အမြဲတမ်းစောင့်နေမယ် ၊ အကြိမ်တိုင်း ငါမင်းကို သတ်ပစ်နိုင်အောင်တဲ့ အထိပေါ့ "
သူ့အတိတ်သည် မှေးမှိန်လွှင့်ပြယ်လာသည်။အမည်နာမများသည် တဖြည်းဖြည်း ပျောက်ကွယ်လာကြသည်။ သူ့ကိုယ်သူ ဆုံးရှုံးနေရသော ခံစားချက်သည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလေသည်။
"မင်း ဘယ်သူလဲ "
"သူတို့ရဲ့ လွတ်မြောက်ခြင်းကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး ၊ လမ်းချော်သွားတဲ့ ကံကြမ္မာဟာ ပြုပြင်ခံရလိမ့်မယ် ၊ ဒါကြောင့်မို့ ကျေးဇူးပြုပြီး ဒီစိတ်ပျက်အားငယ်ခြင်း ချောက်နက်ကြီးထဲမှာ မင်းရဲ့နိုးထမှုကို ဆက်လက် လုပ်ဆောင်ပါလော့ "
သူ့ဦးခေါင်းသည် ထိုးဖောက်ခံလိုက်ရသည်။နောက်ဆုံးအခိုက်အတန့်တွင် ကောင်းမင်၏ နှလုံးသားက တစ်ချက်ခုန်သွားသည်။နတ်ဘုရားနှလုံးသားနှင့် အသားသည် ပေါင်းစည်းသွားခဲ့သည်။သူ့မှတ်ဉာဏ်အစိတ်အပိုင်းသည် သူ့နှလုံးခန်းအတွင်း ဝှက်ထားခံလိုက်ရသည်။သူ့သွေးများက လောင်ကျွမ်းသွားသည်။ကောင်းမင်သည် သူ့နောက်ကျောကို ကြည့်ရန် သူ့စွမ်းအား၏ နောက်ဆုံးအစိတ်အပိုင်းကို အသုံးပြုလိုက်လေသည်!။
ဘတ်စ်ကားရှေ့မီးသည် သူ့အပေါ်ဖြာကျလာ၏။မုန်တိုင်းထဲရှိ ဘတ်စ်ကားတစ်စီးသည် ကြီးမားလာခဲ့သည်။
"ဒါ ...ဒါက ..."
ကောင်းမင်၏ တစ်ဖက်တည်းသော မျက်စိက ဘတ်စ်ကားပြတင်းပေါက်ကို ကြည့်လိုက်မိသည်။ဘတ်စ်ကားအတွင်းတွင် သူသည် နားကြပ်တစ်စုံကို တပ်လျက် ထိုင်နေ၏။တစ်ယောက်သည် ဘတ်စ်ကားအတွင်း ရှိပြီး နောက်တစ်ယောက်သည် ဘတ်စ်ကားအပြင်ဘက်တွင် ရှိနေလေသည်။တောက်ပနေသော ရှေ့မီးရောင်သည် ကောင်းမင်ကို ဖုံးလွှမ်းသွားသည်။ ပြင်းထန်သော ယာဉ်တိုက်မှုတွင် ကောင်းမင်သည် သူ့အရိုးများ ကျိုးကြေသွားသည်ကို ခံစားလိုက်ရသည်။သူ့ကမ္ဘာကြီးသည် လည်ထွက်သွားသည်။
.......
ကောင်းမင်သည် မြေကြီးပေါ်တွင် လဲလျောင်းနေပြီးသူ့မျက်လုံးများကို ဖွင့်လိုက်သည်။သူက ဘတ်စ်ကားပေါ်တွင် ရှိနေခဲ့သည်။မှန်ကွဲစများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့သည်။ မိသားစုချစ်ကြည်ရေးကို ရည်ရွယ်ချက်ထားသည့် ဂိမ်းအသေးစားလေးတစ်ခုသည် လက်တော့ပေါ်တွင် လုပ်ဆောင်နေဆဲဖြစ်သည်။
"အက်ဆီးဒင့် ဖြစ်သွားတာလား "
ဘတ်စ်ကားထဲတွင် လူတစ်ယောက်မှ မရှိပေ။သူက နားကြပ်ကို ဖြုတ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကြည့်လိုက်သည်။ပြတင်းပေါက်အပြင်ဘက်တွင် လုံးဝမှောင်မဲနေ၏။ သူသည် ပြတင်းပေါက်တွင် အလင်းပြန်နေသော သူ့ပုံရိပ်သာ မြင်နိုင်လေသည်။
သူ့နှလုံးက ပြင်းထန်စွာ ခုန်ပေါက်လာ၏။ကောင်းမင်က လက်တော့ကို ကိုင်လိုက်ပြီး ဘတ်စ်ကားအပြင်ဘက်ထွက်လိုက်သည်။
"တခြားခရီးသည်တွေ အကုန်လုံး ဘယ်ရောက်ကုန်ကြတာလဲ ၊ ဆာလောင်တစ္ဆေပွဲတော်မှာ ဘာကြောင့် ဒီလိုဖြစ်တာလဲ "
ကောင်းမင်က ဘတ်စ်ကားရှေ့သို့ လျှောက်သွားလိုက်သည်။ သူ့ဖုန်းကို ထုတ်လိုက်သည်။ ဖုန်းမီးအလင်းရောင်သည် ပတ်ဝန်းကျင်ကို အလင်းပေးလိုက်သည်။ ဘတ်စ်ကားရှေ့တွင် ရပ်နေသော ကောင်းမင်က လှမ်းကြည့်လိုက်သည်။မှောင်မိုက်နေသော ဥမင်လိုဏ်ခေါင်းသည် သူကိုယ်တိုင်၏ အလောင်းများဖြင့် ပြည့်နှက်နေလေသည်။သူ့ဦးနှောက်သည် နိူးဆွခံလိုက်ရသည်။ဖျက်ထားခြင်းခံရသော မှတ်ဉာဏ်များသည် သူ့နှလုံးခန်းတွင်းမှ ရုတ်တရက် ပန်းထွက်လာကြသည်။နှလုံးခုန်သံတစ်ချက်တိုင်းတွင် သေခြင်းမှတ်ဉာဏ်တစ်ခုကို သူမြင်လိုက်ရလေ၏။
"ရွှမ်ဝမ် ၊ ချင်ထျန်း ၊ ယန်ဟွာ ပြီးတော့ ....စီတုအန်း ! "
သွေးကြောများသည် သူ့မျက်နှာပေါ်တွင် တဖျောက်ဖျောက် မြည်နေသည်။ကောင်းမင်၏ ဦးနှောက်သည် ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။သူ့ခန္ဓာကိုယ်က လဲကျသွားပြီး အလောင်းနံရံပေါ်တွင် မှီလိုက်မိသည်။အလောင်းသည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်။သူ့တွင် မျက်လုံးတစ်ဖက်သာ ကျန်တော့သည်။သူ့ဦးနှောက်သည် ထိုးဖောက်ခံလိုက်ရသော်လည်း သူ့ခေါင်းကို နောက်ပြန်လှည့်လိုက်သည်။ကောင်းမင်သည် အလောင်းကောင်၏ နွေးနေသော လက်ကို ဖမ်းဆုပ်ရန် လက်ဆန့်လိုက်သည်။
မမြင်နိုင်သောသွေးချည်မျှင်များသည် အလောင်းများထံသို့ တွားသွားဝင်သွားကြသည်။ဥမင်ထဲရှိ နှလုံးသားများသည် တပြိုင်နက်တည်း ခုန်ပေါက်နေကြသည်။သားစားကြူးနတ်၏ စွမ်းအားကို အသုံးပြု၍ သူတို့၏မှတ်ဉာဏ်ကို ထိန်းသိမ်းထားချင်ခဲ့သော အလောင်းများသည် တစ်ခုထက်မကရှိပေသည်။ သူတို့တွင် ပြည့်စုံသည့်နှလုံးသားမရှိခဲ့သော်လည်း နှလုံးသားတစ်ခုချင်းစီတိုင်းသည် သူတို့၏ကံကြမ္မာမှ လွတ်မြောက်ရန် အကောင်းဆုံးကြိုးစားခဲ့ကြသော ကောင်းမင်၏ကိုယ်ပွားဗားရှင်းများဖြစ်ကြပေသည်။
သွေးထဲတွင် ကွယ်ဝှက်ထားခဲ့သော မှတ်ဉာဏ်များက ပြန်ရောက်လာကြသည်။ကောင်းမင်သည် သူ့လက်သည်းများက သူ့အရေပြားထဲစိုက်ဝင်သည်အထိ သူ့လက်သီးကို တင်းကြပ်စွာဆုပ်ထားခဲ့သည်။သူသည် သူ၏ကိုယ်ပွားဗားရှင်း အလောင်းများကို မျက်ရည်များစီးကျလျက် ကြည့်ရှူနေခဲ့သည်။နောက်ဆုံးတွင် သူက တစ်စုံတစ်ခုကို နားလည်လိုက်သည်။
"ငါဟာ သေခြင်းတရားကို ထပ်ခါ ထပ်ခါ မကြုံတွေ့ခဲ့ရပေမယ့် အစစ်အမှန်အစတစ်ခုအတွက် လဲလှယ်ဖို့ ဒီများစွာသော သေခြင်းတရားတွေကို ငါသုံးမယ် "
အကြိမ်တိုင်းတွင် သူသည် ကံကြမ္မာကို အော်ဟစ်ခဲ့သည်!။အကြိမ်တိုင်းတွင် သူသည် သေခြင်းတရားဖြင့် စီရင်ခံခဲ့ရသော်လည်း ဘယ်တော့မှ နောက်ပြန်မဆုတ်ခဲ့ပေ။ဂိမ်းအားလုံးသည် အရိပ်အမြွက်တစ်ခုဖြစ်သည်။သူ့တွင် မယုံနိုင်ဖွယ်ကံကောင်းမှုနှင့်စွမ်းရည်တို့ မရှိပေ။သူ့တွင် သူကိုယ်တိုင်သာရှိပေသည်။သူသည် ကံကြမ္မာပိုက်ကွန်ကို ထိုးဖောက်ချင်နေသော သာမန်လူသားတစ်ယောက်သာ ဖြစ်သည်။
"သာမန်လူတစ်ယောက်က ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပေမယ့် သူက သူ့ကိုယ်သူ ထပ်ခါထပ်ခါ သတ်သေနေရတယ် "
"သူဟာ သေခြင်းမှ လွတ်ကင်းလာပြီး လူသားတွေအပေါ် ယုံကြည်မှု ပျောက်ဆုံးလာခဲ့တယ် ၊ သူဟာ အလွန်ဂရုစိုက်တတ်လာပြီး အရာရာတိုင်းအပေါ် ရန်လိုနေခဲ့တယ် ၊ သူက အစစ်အမှန်ပျော်ရွှင်မှုတွေကို ဆုံးရှုံးလိုက်ရပြီ ၊ သူက သူ့အတိတ်ကို ဖျက်ဆီးလိုက်တော့တယ် "
"သူက ကံကြမ္မာကို အရှုံးပေးလိုတဲ့ဆန္ဒမရှိတာကြောင့် နာကျင်မှုတွေနဲ့ ရှင်သန်နေခဲ့တယ် "
မှတ်ဉာဏ်များသည် သွေးများမှတဆင့် စီးဆင်းသွားသည်။ကောင်းမင်၏ မျက်နှာသည် မျက်ရည်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။သူ့သေခြင်းတရားများသည် အစတစ်ခုအတွက် ပေးချေရခြင်းဖြစ်သည်။သူသည် မည်သည့်အရာမှ မမေ့နိုင်ခဲ့ပေ။သူသည် ပထမဆုံးအကြိမ်အဖြစ် သူ့နှလုံးသားက အလွန်စစ်မှန်စွာ နှလုံးခုန်နေကြောင်း ခံစားခဲ့ရသည်။
သွေးကြောများအားလုံးသည် သူ့အပေါ်စုဝေးလာကြသည်။သူ့နှလုံးခန်းသည် ပွင့်လန်းနေသော ပန်းတစ်ပွင့် သို့မဟုတ် လောင်ကျွမ်းနေသော မီးတောက်တစ်ခုဖြင့် တူနေလေ၏။