ကြီးမြတ်သော အစတစ်ခု
Vol. 5 Ch. 65
အဆုံးမရှိစက်ဝိုင်းကြီးတွင် ဟာကွက်တစ်ခု ထွက်ပေါ်လာ၏။ယင်းသည် အဆုံးမရှိသော သေဆုံးခြင်းများကို အသုံးပြု၍ ကောင်းမင်ဖန်တီးခဲ့သော အက်ကွဲကြောင်းတစ်ခုဖြစ်သည်။သူက အလောင်း၏ လက်ကို ဆုပ်ကိုင်ထားခဲ့သည်။ 'မင်'ဟူသော အနက်ရောင်စာလုံးကို ထိုလူ၏ လက်ဖဝါးတွင် ထွင်းထုထားသည်။မှတ်ဉာဏ်များက ပြန်ရောက်လာနေကြသည်။ကောင်းမင်က ချက်ချင်းပင် လှည့်ထွက်လိုက်၏။
သူလမ်းလျှောက်လိုက်သည်နှင့် ရုတ်တရက် သူ့နောက်မှ ခြေသံများ ထွက်ပေါ်လာ၏။ကောင်းမင်၏ ခန္ဓာကိုယ်သည် သားရဲကြီးတစ်ကောင်၏ကိုက်ဖြတ်ခံခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။သူသည် ထိုအသံကို မှတ်မိလိုက်သည်။
"ငါမင်းကို စောင့်နေခဲ့တာ အတော်ကြာပြီ ၊ မင်းက မင်းမစီးသင့်တဲ့ ယာဉ်ကို စီးခဲ့တာပဲ "
ယင်းသည် ထိုလူ၏အသံဖြစ်သည်!။ကောင်းမင်၏ မျက်စိများ ကျဉ်းမြောင်းသွားသည်။ဥမင်လိုဏ်ခေါင်းထဲ သူ မဝင်ခဲ့ခင်ကတည်းက ထိုအသံပိုင်ရှင်သည် သူ့အား ထပ်ခါ ထပ်ခါ သတ်ဖြတ်ခဲ့သည်။
"မင်းက တစ်ခုခုနဲ့ ပေါင်းစပ်ထားတာပဲ ၊ ယာယီတော့ မင်းတို့ကို ငါခွဲမထုတ်နိုင်ဘူး ၊ မင်းက သေသင့်ပေမယ့် မင်းအသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ငါပေးမယ် "
မဖော်ပြနိုင်လောက်သောဖိအားသည် ကောင်းမင်အား မြေပြင်ပေါ်အထိ ဖိနှိပ်လိုက်သည်။သူသည် ထိုအသံရှေ့တွင် စွမ်းအားကင်းမဲ့ရသည်။ထိုအခိုက်အတန့်တွင် သူသည် ချို့ယွင်းချက်တစ်ခုပင် ဖော်ထုတ်ခံလိုက်ရမည်စိုးသောကြောင့် ခေါင်းတောင် မမော့ဝံ့ဘဲ သူသည် သူ့အရင်ပုံစံများနဲ့ မတူကြောင်း တစ်ဖက်လူကိုသိစေခဲ့သည်။နိုင်လောက်သောဖိအားသည် ကောင်းမင်အား မြေပြင်ပေါ်အထိ ဖိနှိပ်လိုက်သည်။သူသည် ထိုအသံရှေ့တွင် စွမ်းအားကင်းမဲ့ရသည်။ထိုအခိုက်အတန့်တွင် သူသည် ချို့ယွင်းချက်တစ်ခုပင် ဖော်ထုတ်ခံလိုက်ရမည်စိုးသောကြောင့် ခေါင်းတောင် မမော့ဝံ့ဘဲ သူသည် သူ့အရင်ပုံစံများနဲ့ မတူကြောင်း တစ်ဖက်လူကိုသိစေခဲ့သည်။
"လူတိုင်းလူတိုင်းရဲ့ကံကြမ္မာဆိုတာ မွေးဖွားလာကတည်းက ရေးသားထားပြီးသားပဲ ၊ စက်ဝန်းဟာ ဆက်လက်လည်ပတ်နေတယ် ၊ အရာအားလုံးဟာ သူ့ကိုယ်ပိုင်နေရာမှာပဲ ရှိနေကြတယ်"
"ဒါပေမယ့်လည်း အရာအားလုံးဟာ ထိန်းချုပ်မှု လွတ်နေကြတယ် ၊ သရဲတွေက လမ်းပေါ်မှာလမ်းလျှောက်နေကြပြီး မကောင်းဆိုးဝါးတွေက လူသားတွေကြားမှာ သွားလာနေကြတယ် ၊ လူသားနှလုံးသားတွေနဲ့ မိစ္ဆာက မြို့ကို အထက်အောက် ပြောင်းပြန်လှန်ပစ်လိမ့်မယ် ၊ မကြာခင် ခြောက်ခြားဇာတ်လမ်းတွေကို အခြေခံပြီး မင်းဖန်တီးခဲ့တဲ့ ဂိမ်းတွေက အမှန်တကယ်ဖြစ်လာလိမ့်မယ် ၊ သူတို့ဟာ မင်းရဲ့ ပုတ်သိုးနေတဲ့ မှတ်ဉာဏ်ထဲကနေ တွားသွားထွက်လာကြလိမ့်မယ် ၊ သူတို့ကို အားနည်းစေမယ့် နည်းက မင်းဂိမ်းတွေကို လူတွေပိုများများ ကစားလာအောင် လုပ်ဖို့ပဲ ၊ မင်းဂိမ်းတွေကို ရှင်းလင်းဖို့ သူတို့ကို မင်းကူညီနိုင်တယ် ဒါမှမဟုတ် မင်း သူတို့ကို သရဲဇာတ်လမ်းတွေဆီ အစာကျွေးဖို့ ရွေးချယ်နိုင်တယ် ၊ မတူညီတဲ့ ရွေးချယ်မှုတွေက မတူညီတဲ့ စတေးမှုတွေနဲ့ ဆုလာဘ်တွေ ရှိလာလိမ့်မယ် "
"ဒါက မင်းအတွက် ကံကြမ္မာရဲ့လက်ဆောင်ပဲ ၊ အဲဒါတွေကို ကောင်းကောင်းအသုံးချပါ ၊ သရဲဇာတ်လမ်းတွေ ထွက်ပေါ်မလာစေနဲ့ "
ဖိအားသည် ဖြည်းညင်းစွာပျောက်ကွယ်သွားသည်။လက်တစ်ဖက်က ကောင်းမင်၏ဦးခေါင်းကို ဖိလိုက်သည်။
"အခုကစပြီး မင်းနာမည်က ကောင်းမင်ပဲ "
နာမည်လား။သူက ငါ့ကို နာမည်ပေးခဲ့တဲ့လူလား ။
အသံသည် ပျောက်ကွယ်သွားသည်။သူတို့ လိမ်ညာနေကြောင်း ကောင်းမင် သိနေခဲ့သည်!။
"လူတိုင်း လူတိုင်းက သူတို့မွေးဖွားချိန်မှာ သူတို့ဇာတ်ညွှန်းကို ရေးထားခဲ့ပြီးပြီ ၊ ကမ္ဘာကြီးလည်ပတ်ဖို့ ဒီနည်းလမ်းကို သုံးနေပုံရပေမယ့် ဒါကမှန်ကန်ပါ့မလား "
သူ့မျက်နှာပေါ်သို့ မိုးရေများတစ်စက်စက် စီးကျလာသည်။အလောင်းကောင်များသည် အမှောင်ထုထဲ ဆုတ်ခွာသွားကြသည်။ကောင်းမင်က သူ့ရင်ဘတ်ကို ဆုပ်ကိုင်ပြီး မြေပြင်ပေါ်မှ မတ်တပ်ထရပ်လိုက်သည်။ သေဆုံးခြင်းအားလုံးကို သူမှတ်မိသည်။၎င်းသည် သူ၏ဆွေးမြေ့နေသော မှတ်ဉာဏ်ထဲမှ ထွက်လာသောဂိမ်းများမဟုတ်သော်လည်း သူ့အတိတ်အတွေ့အကြုံများဖြစ်သည်။အိမ်မက်ဆိုးသည် သူ့ကြောင့် ထွက်ပေါ်လာခဲ့ခြင်းမဟုတ်ပေ။ယင်းသည် ဤနေရာတွင် ရှိနေခဲ့ပြီးသား ဖြစ်ပေသည်။
ကောင်းမင်သည် ဥမင်ဝင်ပေါက်ထံ အလျင်အမြန်ပြေးလွှားလိုက်သည်။သူသည် သူ့ရည်ရွယ်ချက်နဲ့ပတ်သက်၍ ရှင်းလင်းမှုကို ဘယ်တုန်းကမှ မခံစားခဲ့ရဘူးချေ။ သူ့ပုခုံးပေါ်မှ အနှောင်အဖွဲ့များသည် ကျိုးပျက်သွားခဲ့ပြီဖြစ်သည်။သူ့ စိတ်ခံစားချက်များနဲ့ အာရုံခံစားချက်များသည် သူ့သွေးကြောထဲတွင် စီးဆင်းနေကြသည်။သူသည် ဥမင်ထဲတွင် အကြိမ်ပေါင်းများ လဲကျခဲ့သော်လည်း လေပြင်းတစ်ခုကဲ့သို့ ပြေးလွှားနေလေသည်။ ပွန်းပဲ့ဒဏ်ရာများက သူ့ခန္ဓာကိုယ်တွင် တစ်ခုပြီးတစ်ခု ပေါ်လာသော်လည်း ကောင်းမင်က ဂရုမစိုက်ပေ။သူသည် လှောင်အိမ်အပြင်ဘက်ထွက်လာနိုင်သည့် ငှက်တစ်ကောင်ကဲ့သို့ ဖြစ်သည်။သူသည် သူ့နောင်တအားလုံးကို ဖယ်ရှားပစ်ပေတော့မည်။
ဥမင်လိုဏ်ခေါင်းအဆုံးတွင် ဖျော့တော့တော့အလင်းရောင်တစ်ခု ပေါ်လာလေသည်။ကောင်းမင်က ၎င်းထံ ဦးတည်လိုက်သည်။ရင်းနှီးနေသော မျက်နှာတစ်ခု ထွက်ပေါ်လာသည်။ပုခုံးထိလျှောကျနေသောအနက်ရောင်ဆံပင်များနှင့် ရွှမ်ဝမ်သည် အနက်ရောင်မိုးကာအင်္ကျီကို ဝတ်ဆင်လျက် တဖြည်းဖြည်းချဉ်းကပ်လာ၏။အလင်းရောင်က ကောင်းမင်ကို ထိခတ်မိသွားသည်။ရွှမ်ဝမ်က ရပ်တန့်လိုက်သည်။သူတို့သည် အရင်က ဆုံဖူးကြပုံရသည်။ရင်းနှီးကျွမ်းဝင်မှုသည် ရှင်းပြရန် ခက်ခဲသည်။
မင်းကြောင့် ငါပေါ်လာခဲ့တယ် ၊ ပြီးတော့ ငါကြောင့် မင်းရောက်လာခဲ့တယ် ၊ အဆုံးသတ်ကို သတ်မှတ်ထားပေမယ့်လည်း ငါတို့ရဲ့ ခဏတာချစ်ခြင်းအတွက် ငါတို့ပြုံးနေရမယ်လေ။
"ရှင့်ကို တွေ့ပြီ "
ထိုအရာသည် သူတို့အတွက် ပထမဆုံးတွေ့ဆုံခြင်းဖြစ်သော်လည်း သူတို့သည် တစ်ဦးပေါ်တစ်ဦး လုံးလုံးလျားလျား ယုံကြည်ကြသည်။ရွှမ်ဝမ်သည် ထိုခံစားချက်ကို နားမလည်နိုင်ခဲ့ပေ။
"ရှင်ဒဏ်ရာရထားတာပဲ ၊ ကျွန်မရှင့်ကို သယ်သွားမယ် "
ရွှမ်ဝမ့်အသံသည် အေးစက်ပြီး ကြောက်စရာကောင်းနေသည်။သူမသည် ထိုနေရာသို့ တွေ့ဆုံရန် လာခဲ့ခြင်း မဟုတ်ပဲ သူမ၏စိတ်ကို စိုးမိုးခြယ်လှယ်နေသော ပိုးကောင်တစ်ကောင်ကို သတ်ဖြတ်ရန် ရောက်လာခြင်းဖြစ်သည်။ကောင်းမင်က သူမကို မငြင်းဆန်ခဲ့ပေ။သူက သူမကျောပေါ်တွင် လှဲလိုက်သည်။ယခုအကြိမ်သည် သူ့အတွက်ရွှမ်ဝမ်နှင့် ပထမဦးဆုံးအသားချင်း ထိတွေ့ဖူးခြင်းဖြစ်သည်။ဥမင်သည် ရှည်လျားသော်လည်း အဆုံးသတ်မရှိခြင်း မဟုတ်ပေ။
မြေပြင်ပေါ်သို့ ရိုက်ခတ်နေသော မုန်တိုင်းသံသည် ပိုမိုရှင်းလင်းလာသည်။ ရွှမ်ဝမ်သည် ကောင်းမင်အား ဥမင်နှင့် ညကောင်းကင်ကြီးဆုံတွေ့သော နေရာသို့ သယ်ဆောင်လာခဲ့သည်။သူမသည် အမှောင်ထဲတွင် ရပ်လိုက်ပြီး သူမမိုးကာအင်္ကျီထဲမှ ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။သူမသည် သူမအား ထိန်းချုပ်နေသော ထိုလူကို သတ်ဖြတ်ကို တွေဝေမနေခဲ့ပေ။ဘာပဲဖြစ်ဖြစ် သူမ သတ်ဖြတ်မည်ဖြစ်သည်။
"မင်း ဘာတွေးနေသလဲဆိုတာ ကိုယ်သိပါတယ် "
ကောင်းမင်သည် မြေပြင်ပေါ် ထိုင်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ကိုယ့်ရဲ့ဒီဇိုင်းကြောင့် မင်းပေါ်လာခဲ့တာ မဟုတ်ပါဘူး ၊ မင်းက ကိုယ့်ရှေ့မှာရှိနေပါတယ် ၊ မင်းရဲ့အတိတ်က မင်းကို ဖန်တီးခဲ့တာပါ "
"မဖြစ်နိုင်ဘူး ၊ ကျွန်မ မတွေ့ဖူးတဲ့လူတစ်ယောက်ကို ကျွန်မကြိုက်မှာ မဟုတ်ဘူး "
ရွှမ်ဝမ်က ဓားနှင့်အတူ လျှောက်လာ၏။
"ကျွန်မက အမှောင်ထဲမှာ မွေးဖွားခဲ့တဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ ၊ ကျွန်မက ရှင်နဲ့မတူဘူး "
"မင်းမျက်လုံးတွေကို ဖွင့်လိုက်တဲ့ အချိန်က မင်းဘေးမှာ အဖြူအမည်းဓာတ်ပုံတစ်ပုံ ရှိနေခဲ့တယ် ၊ အဲ့ဒါက ငါတို့ရဲ့ မင်္ဂလာဓာတ်ပုံပဲ ၊ ဟုတ်တယ်မလား -
ကောင်းမင်က ဓားထိပ်ဖျားနှင့် သူ့ရင်ဘတ် ထိသည်အထိ ရှေ့နှစ်လမ်းတိုးလိုက်သည်။
"ကိုယ်က အဲ့ဒီအကြောင်းကို စဉ်းစားနေခဲ့တာ ၊ ဘာကြောင့် လူသေဓာတ်ပုံတစ်ပုံ ရှိနေရသလဲပေါ့ ၊ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတိတ်မှာ ကိုယ်တို့ဟာ တစ်ကြိမ်ထက်မက သေဆုံးခဲ့ကြလို့ပဲ "
"တစ်ကြိမ်ထက်မက သေခဲ့ကြတာလား "
"အရိပ်ကမ္ဘာမှာ ဓာတ်ပုံပေါ်လာတာ ဘာကြောင့်လဲဆိုတာ ကိုယ်မသိဘူး ၊ ဒါပေမယ့် ကိုယ်မင်းကို အမှန်တရားရှာပေးမယ် "
စိတ်ထဲတွင် ရုန်းကန်မှုတစ်ခုပြုလုပ်လိုက်ပြီးနောက် ရွှမ်ဝမ်က ဓားကို သိမ်းလိုက်သည်။
"ကျွန်မ ရှင့်ကို လွတ်မြောက်အောင်ကူညီပေးနိုင်တယ် ၊ ပြီးရင် ရှင့်ကို အိမ်ခေါ်သွားပေးမယ် ဒါပေမယ့် ရှင် ကတိတစ်ခုပေးဖို့ လိုတယ် "
"ကတိတစ်ခုပေးရမှာလား "
ကောင်းမင်က သူဥမင်ထဲက ထွက်လာသည့်အချိန်တိုင်း ရွှမ်ဝမ်ကို ပေးခဲ့သည့်ကတိကို အမှတ်ရသော်လည်း ထိုကတိက ဘာလဲဆိုတာ သူဘယ်တော့မှ မမှတ်မိခဲ့ပေ။
"ကျွန်မ မထိန်းချုပ်နိုင်တဲ့ အကြောင်းပြချက်တချို့ကြောင့်မို့ ကျွန်မရှင့်ကို ချစ်နေရတယ် ၊ ကျွန်မဒါကို ပိတ်မပစ်နိုင်ဘူး ၊ အချိန်တိုင်း ရှင့်တည်နေရာကိုတောင် ကျွန်မအာရုံခံနိုင်ပေမယ့် ကျွန်မအဲ့လိုလုပ်ချင်တာ မဟုတ်ဘူး "
ရွှမ်ဝမ်က ကောင်းမင်ကို သူမ၏ မိုးကာအင်္ကျီပေးလိုက်သည်။
"ဒီရှုပ်ထွေးနေတဲ့ အချစ်က အချိန်နဲ့အမျှ ပိုဆိုးလာလိမ့်မယ် ၊ ဒါကြောင့်မို့ ကျွန်မဘာပဲလုပ်လုပ် ရှင်ကျွန်မကို ပြန်မချစ်ရဘူးလို့ ကတိပေးရမယ် ၊ ရှင် ဒီစွမ်းအားကို သုံးပြီး ကျွန်မကို မထိန်းချုပ်ရဘူး "
"ဒါက ကတိဆိုတာလား "
"ရှင်ကတိပေးမယ်ဆိုရင် မိုးကာအင်္ကျီကိုဝတ်လိုက် ၊ ပြီးရင် ကျွန်မရှင့်ကို အိမ်ခေါ်သွားမယ် ၊ မဟုတ်ရင်တော့ ..."
ရွှမ်ဝမ်သည် အတိတ်တွင် မည်သည့်အရာတွေ့ကြုံခဲ့သလဲဆိုတာကို ဘယ်သူမှ မသိပေ။ သူမ၏ကံကြမ္မာကို အခြားလူများက ထိန်းချုပ်ခြင်းအား ထပ်မလိုချင်တော့ပေ။ မုန်တိုင်းသည် ဥမင်ထဲအထိ တိုက်ခတ်နေသည်။အေးစက်စက်ညသည် မှတ်ဉာဏ်ထဲသို့ သွန်းဖြိုးလိုက်လေသည်။
"ကိုယ်မင်းကို ကတိပေးနိုင်တယ် ဒါပေမယ့် ကိုယ့်ဦးနှောက်က ထိခိုက်ထားလို့ အဆက်မပြတ်မှတ်ဉာဏ်ဆုံးရှုံးမှုတွေ ဖြစ်နေလိမ့်မယ် "
ကောင်းမင်က အမှန်တရားကို ပြောလိုက်သည်။
"ဒါဆို ကျွန်မရှင့်ကို သတိပေးမယ် "
ရွှမ်ဝမ်က ကောင်းမင်ကို ကျောပိုးလိုက်သည်။
"ကျေးဇူးတင်ပါတယ် "
"ရပါတယ် "
"ကျေးဇူးပါပဲ ရွှမ်ဝမ် "
ကောင်းမင်က စီစွေ့အိမ်ရာတွင် ရွှမ်ဝမ်ပြုလုပ်ခဲ့သော ရွေးချယ်မှုအတွက် သူမကို ထပ်မံကျေးဇူးတင်လိုက်သည်။
"အဆင်ပြေပါတယ် "
"ကျေးဇူး...."
"ရှင် ပြီးဦးမှာလား ! "
င်နိုင်သရွေ့ ငါဘာလုပ်လုပ် ကိစ္စမရှိဘူး! အရာအာလုံး အဆင်ပြေသွားလိမ့်မယ် "