← Chapters

ပြန်စတင်ခြင်း

Vol. 5 Ch. 66

ပြန်စတင်ခြင်း

Vol. 5 Ch. 66

ရွှဲရွှဲစိုနေသော ရွှမ်ဝမ်သည် ကောင်းမင်ကို ချီပိုးလာခဲ့သည်။သူတို့သည် ရွှံ့ဗွက်များကို ဖြတ်၍ ညအမှောင်ထဲ တိုးဝင်လိုက်ကြသည်။

"ရှင့်ကို သယ်ပေးဖို့ လိုသေးလား "

"ကျွန်မတို့ ရောက်တော့မယ် "

မုန်တိုင်းက သူတို့ကို ဆေးကြောသွားသည်။အဆုံးမရှိသော အမှောင်ညများဖြင့်နှိုင်းယှဉ်ရလျှင်သည် သူတို့သည် အလွန်သေးငယ်နေပေသည်။သူတို့လက်ထဲက မီးရောင်သည် အချိန်မရွေး ငြိမ်းသွားလိမ့်မည်ဟု ခံစားရသည်။ အချိန်တချို့ကြာပြီးနောက် ရွှမ်ဝမ်က သစ်ပင်တစ်ပင်နောက်မှ လျှပ်စစ်ဆိုင်ကယ်တစ်စီးကို တွန်းထုတ်လာ၏။သူမက ဆိုင်ကယ်နောက်ထိုင်ခုံကို ပုတ်လိုက်သည်။

"သွားကြစို့ "

"ဒီနည်းလမ်းနဲ့ ငါ့ကို အိမ်ပြန်ပို့ခဲ့မယ်လို့ မမျှော်လင့်ထားခဲ့ဘူး "

ကောင်းမင်က ဆိုင်ကယ်ပေါ်တက်လိုက်ပြီး အနောက်လက်ကိုင် ကိုင်ထားလိုက်သည်။

"အရိပ်ကမ္ဘာက လူတွေလည်း မော်တော်ဆိုင်ကယ်ကို အားကိုးကြတာပဲလား "

"လမ်းတွေကို ပိတ်ထားတာ ၊ ဒီနေရာကို ကိုယ်

မမောင်းနိုင်ဘူး "

ရွှမ်ဝမ်က သူမပါးစပ်ထဲမှ မိုးရေများကိုထွေးထုတ်ပြီး ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။

"ကိစ္စမရှိဘူး ၊ ရှင့်မိုးကာ ကျွန်မကိုပေး ၊ ပြီးရင် နောက်ကိုကြွ "

"ကောင်းပြီ "

ကောင်းမင်သည် ကလေးတစ်ယောက်လို ဖြစ်နေသည်။ ကောင်းမင်က မိုးကာအစွန်းကို မလိုက်ပြီး သူ့ခေါင်းကို အုပ်လိုက်သည်။

"မင်းနောက်ကျောကို မိုးတွေစိုလိမ့်မယ်နော် "

"ကျွန်မ ခံစားရမိတယ်လေ ! "

ရွှမ်ဝမ်သည် ကောင်းမင်အား သယ်ဆောင်၍ အရိပ်များဖြင့်ဖုံးလွှမ်းနေသော ကျေးလက်ဒေသမှ အဝေးသို့ခေါ်သွားလိုက်ပြီး အလင်းရောင်ကင်းမဲ့နေသော မြို့ထဲသို့ မောင်းလာလိုက်သည်။မြို့တော်ကြီးသည် သေဆုံးနေသကဲ့သို့ ခံစားရသည်။ကမ္ဘာကြီးတွင် သူတို့နှစ်ယောက်သာ ရှိနေပေသည်။ သန်းခေါင်ယံအချိန်တွင် ရွှမ်ဝမ်က ကောင်းမင်အား လီကျင်းအိမ်ရာတွင် ချပေးလိုက်သည်။သူမသည် သေဆုံးတော့မည့် လူတစ်ယောက်ကဲ့သို့ အသက်ကို အမောတကောရှူရှိုက်နေလေသည်။

"မင်း အိမ်ထဲဝင်ချင်လား ၊ ကိုယ် မင်းကို သန့်ရှင်းတဲ့အဝတ်တွေ ပေးလို့ရတယ် "

ကောင်းမင်က ရွှမ်ဝမ်၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"ကိုယ်အိမ်မှာ အခုတော့ ဘယ်သူမှ မရှိဘူး ၊ ဒါပေမယ့် ကိုယ့်မိဘတွေက ကိတ်မုန့်တွေအများကြီးနဲ့ ပြန်လာကြမှာ ၊ ကိုယ်တို့ သူတို့ကို အဆုံးသတ်နိုင်မှာ မဟုတ်ဘူး "

"ဒါက ဆန့်ကျင်ဘက်လိင်တစ်ယောက်ကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ဖူးတဲ့ ရှင့်ရဲ့ ပထမဆုံးအကြိမ်လား ၊ ဘယ်လိုယုတ်မာတဲ့ အကြောင်းပြချက်နဲ့ ရှင်ရောက်လာတာလဲ "

ရွှမ်ဝမ်က ကောင်းမင်၏လက်ကို ခါချလိုက်သည်။သူမသည် ညစ်ပတ်နေသော မိုးကာအင်္ကျီကို ဝတ်လိုက်ပြီး ဆိုင်ကယ်ပေါ်ပြန်တက်လိုက်သည်။

ကောင်းမင်က ချက်ချင်းပြေးလိုက်သွားသည်။

"ရွှမ်ဝမ် ! "

"ဘာလဲ "

"တခြားအမျိုးသမီးဇာတ်ကောင်ရှစ်ယောက်ကို သွားမသတ်ပါနဲ့ "

ရွှမ်ဝမ်က သူမဦးခေါင်းကို ဖြည်းညင်းစွာလှည့်လိုက်သည်။ထိုအရာသည် သူမ၏လျှို့ဝှက်ချက်အား ပထမဆုံးအကြိမ် ဖြတ်မြင်ခံလိုက်ရခြင်းဖြစ်သည်။

"ကျွန်မ အိမ်ပဲ ပြန်မှာပါ "

ကောင်းမင်က ဆိုင်ကယ်ကို ဆုပ်ကိုင်လိုက်ပြီး ရွှမ်ဝမ်၏မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်သည်။

"သူတို့က ဘယ်တော့မှကုသမရတဲ့ ဒဏ်ရာတွေအဖြစ် မင်းရဲ့ခန္ဓာကိုယ်မှာ ပေါ်လာကြလိမ့်မယ် ၊ သူတို့က မင်းနောက်ကို ထာဝရလိုက်နေလိမ့်မယ် ၊ အဆုံးသတ်ကျရင် သူတို့ကြောင့် မင်းသေသွားလိမ့်မယ် "

ကောင်းမင်၏ မသွားစေချင်သော အမူအရာကို မြင်သောအခါ ရွှမ်ဝမ်၏အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

"ရှင်ဘာလို့ ဂရုစိုက်နေတာလဲ "

ကောင်းမင်က မိုးရေထဲတွင် မတ်တပ်ရပ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ဖြစ်နိုင်မယ်ဆိုရင် ကိုယ် မင်းကိုဂရုစိုက်ချင်ပါတယ်"

"...."

ရွှမ်ဝမ်သည်ဆိုင်ကယ်အား ညအမှောင်ထဲသို့ မောင်းထွက်သွားသည်နှင့် ရွှံ့ရေများက လေထဲလွှင့်စင်သွားသည်။ကောင်းမင်က သူမနောက်ပြေးလိုက်ရန် ကြိုးစားလိုက်သော်လည်း သူကလျင်မြန်စွာမောပန်းလာတော့သည်။သူ့ခန္ဓာကိုယ်သည် အလွန်အားနည်းနေဆဲဖြစ်သည်။

"မင်းရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ပါစေလို့ ကိုယ်မျှော်လင့်ပါတယ် ၊ မင်းက မင်းပိုင်တဲ့ အဓိက ဇာတ်ကောင်ပါပဲ "

ကောင်းမင်သည် လီကျင်းအိမ်ရာခြံဝင်းထဲသို့ ပြန်လှည့်လိုက်သည်။ သူလုပ်ရန် လိုအပ်သော အရေးတကြီးကိစ္စများ ရှိနေသေးသည်။ကောင်းမင်က သူ့အိမ်ထဲ ဝင်လိုက်သည်။ကောင်းမင်သည် အဝတ်လဲရန်ပင် အချိန်မရခဲ့ပေ။သူက ဆေးသေတ္တာကို ဖွင့်လိုက်သည်။မကြာမီတွင် တံခါးဘဲလ် မြည်လာ၏။ကောင်းမင်က တံခါးကို ပြေးဖွင့်လိုက်သည်။

"ဟက်ပီးဘာ့ဒေးပါ! "

ကောင်းမင်သည် သူ့မိဘများကို ထပ်တွေ့လိုက်ရချိန်တွင် ကြောက်ရွံ့ခြင်းကို မခံစားခဲ့ရပေ။သူသည် နတ်ဆိုးသရဲကြောင့် ထောင်ချောက်မိနေချိန်တွင် သူ့အား သူ့မိဘများက ကယ်တင်ခဲ့သည်ကို မှတ်မိနေဆဲဖြစ်သည်။သူတို့သည် သူ့မိဘများ၏နေရာတွင်အစားထိုးရန် အရိပ်ကမ္ဘာ၏ဖန်တီးခြင်းကို ခံထားရသော်လည်း သူတို့သည် သူ့မိဘအစစ်များကဲ့သို့ စတင်ခံစားလာခဲ့ရသည်။

"အရာအားလုံးက ဂိမ်းတစ်ခုမဟုတ်ပဲ ငါ့အတိတ်သာဖြစ်မယ်ဆိုရင် "

"အမေနဲ့အဖေက ငါ့ကြောင့် စိတ်ပျက်အားငယ်မှုထဲကို ဆွဲချခံခဲ့ရပြီးလောက်ပြီ ..."

သူ့ရင်ဘတ်ရှိနှလုံးသားက နှလုံးခုန်လာ၏။ကောင်းမင်သည် သူ့မိဘများ၏ဆူပူမှုကြောင့် သူ့အဝတ်များကို သွားလဲလိုက်သည်။သူသည် ထိုယာယီပျော်ရွှင်မှုကို နှစ်သက်နေမိသည်။ပူဖောင်းများသည် အလွန်လှပသော်လည်း အလွန်ပျက်စီးလွယ်လေသည်။

သူက သူ့မိဘများကို မေးခွန်းတချို့မေးရန်ပါးစပ်ဟလိုက်သော်လည်း သူ့မိဘများက ရုပ်သေးရုပ်များကဲ့သို့ တူညီသောလုပ်ဆောင်ချက်များကို ထပ်ခါထပ်ခါပြုလုပ်နေကြသည်။ လက်ဆေးခြင်း ၊ အဝတ်လဲခြင်း ၊ ကိတ်မု့န်ဘူးဖွင့်ခြင်း ၊ ကိတ်ပေါ်တွင် ဖယောင်းထွန်းခြင်း စသဖြင့်....။

အလင်းရောင်များက ပြေးထွက်သွားခဲ့သည်။သူ့မိဘများသည် အမှောင်ထဲတွင် နစ်မြှုပ်နေကြသည်။ဖယောင်းတိုင်မီးသည် ကခုန်နေပြီး သူတို့၏ရှုံ့တွနေသောမျက်နှာများသည် အလင်းပြန်နေကြသည်။

ကောင်းမင်က ဖယောင်းတိုင်မီးများကို မမှုတ်ခဲ့ပေ။သူသည် သူနှင့်နီးကပ်နေသော မိဘများကိုကြည့်၍ မေးလိုက်သည်။

"ကျွန်တော့် အဖေနဲ့အမေက ဘယ်သူလဲ ၊ ခင်ဗျားတို့က သူတို့အပေါ် အပေါ်ယံပဲ အခြေခံထားရင်တောင်မှ အရင်က ကျွန်တော်ဘာတွေပဲလုပ်ခဲ့ပါစေ ကျွန်တော်တောင်းပန်ပါတယ် ၊ ကျွန်တော် ခင်ဗျားတို့ရဲ့မိသားစုဖြစ်ဖို့ ဆန္ဒရှိပါတယ် ၊ ပြီးတော့ ကျွန်တော် ဒီမှာနေနိုင်တယ် ၊ ကျွန်တော်မျှော်လင့်တဲ့ တစ်ခုတည်းက ကျွန်တော့ကို အမှန်တရားပြောပြဖို့ပါပဲ "

ကြင်နာသော မျက်နှာများသည် ဖြည်းညင်းစွာတွန့်လိမ်သွားကြသည်။ကောင်းမင်၏ မေးခွန်းသည် သူတို့စိတ်၏ဘောင်ထက် ကျော်လွန်သွားခဲ့သည်။သူတို့၏အပြုံးများသည် ကြောက်မက်ဖွယ်ကောင်းလာလေသည်။ကောင်းမင်သည် ဇာတ်ညွှန်းအတိုင်း မလိုက်နာပါက သူတို့က ကောင်းမင်ကို တိုက်ခိုက်ကြမည်ဖြစ်သည်။

"အရိပ်ကမ္ဘာက ငါ့မိဘတွေကို မကောင်းဆိုးဝါးအဖြစ်ပြောင်းခဲ့တာလား ဒါမှမဟုတ် မကောင်းဆိုးဝါးတွေကို ငါ့မိဘအဖြစ်ပြောင်းခဲ့တာလား "

အန္တရာယ်ကို အာရုံခံမိသောကြောင့် ကောင်းမင်၏ နှလုံးသားက စတင်ခုန်ပေါက်လာခဲ့သည်။သူ၏ သန္ဓေပြောင်း နှလုံးသည် နှိပ်စက်ခန်းတစ်ခန်းနှင့်တူ၏။ နာကျင်မှုနှင့်သေခြင်းတရားအားလုံးတို့သည် ထိုနေရာတွင် ပုန်းကွယ်နေကြသည်။သူ့သွေးထဲရှိ မှတ်ဉာဏ်များကို ဆင့်ခေါ်လိုက်သည်။နှိပ်စက်ခန်းသည် ဖြည်းညင်းစွာပွင့်လာသည်။ကောင်းမင်၏ နောက်တွင် ဧရာမသရဲတစ်ကောင် ထွက်ပေါ်လာ၏။၎င်းသည် လက်ရှစ်ဖက်နှင့် မျက်နှာလေးခု ရှိသည်။၎င်းသည် အလွန်ရက်စက်ကြမ်းတမ်းသည်။၎င်းသည် သားစားကြူးနတ်ရုပ်တု ဖြစ်ပုံရသော်လည်း အလွန်ကွာခြားနေလေသည်။

"မဖြေနိုင်ဘူးလား "

ကောင်းမင်က သက်ပြင်းချလိုက်သည်။

"လူတိုင်း လူတိုင်းဘေးကင်းပြီး ပျော်ရွှင်ကြပါစေလို့ ကျွန်တော်မျှော်လင့်ပါတယ်"

အလင်းရောင်များ ပြန်ရောက်လာ၏။ သူ့မိဘများသည် ထမင်းစားပွဲဘေးတွင် ထိုင်နေပြီး ပုံမှန်ကဲ့သို့ ပြုမူနေကြသည်။

"မင်း အသံထွက်ပြောလိုက်ရင် ဆုတောင်းက အလုပ်မဖြစ်ဘူး ၊ နောက်တစ်ကြိမ်ကျ နှလုံးသားထဲမှာပဲ သိမ်းထားလိုက်ပါ "

သူ့မိဘများသည် စားပွဲပေါ်ရှိအစားအသောက်များကို စားသောက်နေကြသည်။ကောင်းမင်သည် ကိတ်ပေါ်မှ တစ်ချောင်းတည်းသော ဖယောင်းတိုင်ကို မြင်လိုက်ပြီး ဖြည်းညင်းစွာမတ်တပ်ရပ်လိုက်သည်။ စက္ကန့်များစွာ ကြာပြီးနောက် ကျောက်ရှီသည် သူ့ဘာသာ သတ်သေရန်ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။ ကောင်းမင်သည် ဖြစ်ရပ်ဆိုးဖြစ်ပွားခြင်းကို ကာကွယ်ရန် အရိပ်ကမ္ဘာမှ ထွက်ရပေမည်။

"ခင်ဗျားတို့ ကျွန်တော့်ကို ချစ်တယ်ဆိုတာ သိပါတယ် ၊ ဒါပေမယ့် ကျွန်တော်အလျင်လိုနေတယ်ဗျာ "

အမည်မသိတစ်နေရာတစ်ခုမှ မှေးမှိန်သော အသားနံ့တစ်ခုထွက်ပေါ်လာသည်။အလင်းရောင်သည် ပြေးထွက်သွား၏။ကောင်းမင်သည် သူ့မိဘများတွင် အထူးစွမ်းအားမရှိကြောင်း သိလေသည်။သူတို့သည် သတ်မရနိုင်ရုံသာဖြစ်သည်။

သူသည် သူ့မိဘများကို ကြိုးချည်လိုက်ပြီး အိပ်ခန်းထဲ ပို့လိုက်သည်။ထို့နောက် သူက ဧည့်ခန်းတံခါးကိုဖွင့်ကာ ဖြစ်စဉ်တစ်ခုလုံးကို ပြန်စတင်လိုက်သည်။

ကိတ်မုန့်ပေါ်ရှိ ဖယောင်းတိုင်များသည် ပိုပိုများလာလေသည်။ နောက်ဆုံးအချိန်က သူအချိန်သုံးရက်ယူခဲ့သော ထိုဂိမ်းကို သုံးနာရီဖြင့် အဆုံးသတ်လိုက်သည်။

အသံစနစ်ဖြင့် ထိန်းချုပ်ရသော မီးအလင်းရောင်သည် ကော်ရစ်ဒါတွင် ဖျတ်ခနဲ လင်းလာသည်။အရိပ်သည် ဆုတ်ခွာသွားသည်။အိပ်ခန်းတံခါးတွင် လူသေဓာတ်ပုံတစ်ခုသာ ကျန်ရစ်ခဲ့သည်။ရင်းနှီးနေသော ဓာတ်ပုံကို ကြည့်နေရင်း ကောင်းမင်သည် အိမ်မက်မက်ခဲ့သလို ခံစားနေရသည်။သူသည် ဓာတ်ပုံနောက်ကျောတွင် ရှိသော စာသားများကို ထပ်မံ ဖတ်ရှူလိုက်သည်။

"အမေတို့ရဲ့ ချစ်လှစွာသော ကလေးလေးရေ ၊ သားအသက် ဆယ့်ရှစ်နှစ်မှာ လူကြီးတစ်ယောက်ဖြစ်လာခဲ့ပြီ ၊ သားဟာ မိဘအသစ်တစ်ယောက်ပဲ ၊ သားမှာ မိသားစုအိမ်တံခါးကို ဖွင့်ဖို့ သော့တစ်ချောင်းရှိလိမ့်မယ် "

"အမေတို့ရဲ့ အိမ်က ရှိခြင်းနှင့်မရှိခြင်းကြားက နေရာတစ်ခုပဲ .....မိဘ အနေနဲ့ ...."

"စာသားများသည် ဥမင်ထဲမှ လူစိမ်းနှင့် တူညီနေသည်။သို့သော် သူတို့သည် အခြေအားဖြင့် မတူညီကြပေ။

ဥမင်ထဲက လူစိမ်းသည် ကံကြမ္မာဆီမှ လက်ဆောင်အကြောင်းကို ကောင်းမင်ထံ အရာအားလုံးပြောပြခဲ့သည်။သူသည် ကောင်းမင်အား မြို့စောင့်ခွေးတစ်ကောင်ဖြစ်စေချင်ပြီး ထွက်ပေါ်လာသော ခြောက်ခြားဇာတ်လမ်းများကို တားဆီးရန် အခြားသက်ရှိလူသားများကို ဦးဆောင်စေချင်နေ၏။

သို့သော်လည်း မိသားစုဓာတ်ပုံ၏နောက်ကျောမှ စာသားသည် ကောင်းမင်အား သူ့အိမ်၏တည်နေရာကိုသာ ပြောပြခဲ့သည်။ကောင်းမင်သည် မိဘအသစ်ဖြစ်ပြီး သူ့တွင် လွတ်လပ်မှုအပြည့်ရှိကြောင်း အလေးပေးဖော်ပြထားသည်။ နှိုင်းယှဉ်ရလျှင် ကောင်းမင်သည် ဓာတ်ပုံနောက်ကျောမှ စာများကိုသာ ယုံကြည်သည်။

နံရံကပ်နာရီသည် တချက်ချက်မြည်နေ၏။ကောင်းမင်က လူသေဓာတ်ပုံကို သူ့အိတ်ထဲ ထည့်သိမ်းလိုက်သည်။

"ငါ ဖြည်းဖြည်းလုပ်ရမယ် ၊ ကယ်တင်သင့်တဲ့လူကို ငါကယ်မယ် ၊ သတ်သင့်တဲ့လူကို ငါသတ်ပစ်ရမယ်! "

စီတုအန်း၏နာမည်သည် သူ့စိတ်ထဲပေါ်လာခဲ့သည်။ကောင်းမင်၏မျက်လုံးများက သွေးနီရောင်ပြောင်းလဲသွား၏။

"အရင်ဆုံး အန္တရာယ်အများဆုံးလူနဲ့ ငါဖြေရှင်းရမယ် "

ကောင်းမင်သည် မိုးကာအင်္ကျီကို ဝတ်လိုက်ပြီး အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။သူ့ဆေးအိတ်ကိုပါ တစ်ပါတည်း သယ်လာခဲ့သည်။

သူသည် မိုးရေထဲပြေးလွှားနေသည်။ သူသည် တိုက်ခန်းခြံဝင်းထဲတွင် ရင်းနှီးသောရုပ်သဏ္ဍာန်ကိုတွေ့သောအခါ ကျောက်ရှီကိုရှာရန် အဆောက်အဦး ၂ သို့ အမြန်သွားတော့သည်။

အဆောက်အဦး ၁၏ လသာဆောင်အပြင်ဘက်တွင် လူတစ်ယောက်သည် ခိုးကြောင်ခိုးဝှက်ရှိနေ၏။

မုန်တိုင်းသည် ထိုလူအပေါ် ကျဆင်းနေသည်။ သူသည် ပြတင်းပေါက်သံဇကာမှတဆင့် အခန်းထဲတွင် အိပ်နေသော အမျိုးသမီးတစ်ယောက်ကို ကြည့်နေလေသည်။

သူ့လည်ချောင်းက လှုပ်ရှားသွားပြီး တစ်ယောက်တည်းဖြစ်နေသော အမျိုးသမီးကို ကြည့်လိုက်သည်။သူ့လက်ချောင်းများသည် တုန်ယင်နေတော့သည်။

သူသည် အလွန်စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။သူက လုံခြုံရေးသံဇကာကို ဆွဲလိုက်သည်။သူသည် ထိုနေရာသို့ အကြိမ်များစွာရောက်ခဲ့ပြီးဖြစ်သည်။ မိုးရွာလိုက်သည်နှင့် သူသည် ထိုအခန်းသို့ဝင်ရန် မထိန်းချုပ်နိုင်တော့ပေ။ သူက အခန်းပတ်ဝန်းကျင်ကို မျက်စိကစားလိုက်သည်။ထိုလူသည် အရာအားလုံးကို ဖျက်ဆီးချင်နေလေသည်။

သူက တူးဘောက်ကို ခပ်ဖြည်းဖြည်းဖွင့်လိုက်သည်။

သူက ကိရိယာများကို ထုတ်ယူလိုက်သည်။မိုးသည် တချို့ဆူညံသံများကို ပယ်ဖျောက်ပေးထားသည်။သူသည် အမျိုးသမီးကို စိုက်ကြည့်လိုက်ပြီး သူ့အပြုံးက ပိုရက်စက်လာသည်။

"ကောင်းကောင်းအိပ်ပျော်ပါစေ ၊ ဒီညက မင်းရဲ့အတွက် နောက်ဆုံးနွေးထွေးတဲ့ညလေးဖြစ်မှာပါ "

"ချီယန်လား "

ထိုလူသည် သူ့နာမည်ကို လူတစ်ယောက်က ခေါ်လိုက်သံ ကြားလိုက်သည်။ထိုလူသည် သူ့နားရွက်နား ကပ်နေသကဲ့သို့ပင်။

All Chapters