သရဲ!
Vol. 5 Ch. 67
ချီယန်က နောက်ပြန်လှည့်လိုက်ပြီး ကောင်းမင်၏နီရဲနေသော မျက်စိများကို ကြည့်မိလိုက်သည်။
"ညီ....ကို "
ကောင်းမင်က သူ့လက်ထဲတွင်ရှိသော အုတ်ခဲဖြင့်သုံးချက်ဆင့် ထုချလိုက်သောကြောင့် ချီယန်မှာ တုံ့ပြန်ရင်အခွင့်အရေးပင် မရလိုက်ချေ။
ချီယန်သည် ကြမ်းပြင်ပေါ်လဲကျသွားသည်။သူသည် သူ့နောက်မှ လူတစ်ယောက်က သူ့အား သဲကြီးမဲကြီးတိုက်ခိုက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။သူသည် ရုန်းကန်ချင်နေသော်လည်း ကောင်းမင်က သူ့ပါးစပ်ထဲ ဆေးများထိုးထည့်လိုက်သည်။
"မင်း ..."
သူ့စိတ်သည် ဝေဝါးသွားသည်။၎င်းမှာ မူးယစ်ဆေးဝါးများလား သို့မဟုတ် သူ့ဦးခေါင်း ပေါက်ကွဲထွက်သွားခြင်းလား ပြောရခက်သည်။
"တော်တော် ခေါင်းမာတဲ့ကောင်ပဲ ! "
ကောင်းမင်သည် လေးကြိမ်မြောက် ထုလိုက်ချင်သော်လည်း ချီယန်အား သတ်ပြီးပြီ ဟုတ်မဟုတ် မသိသေးကြောင်း ရုတ်တရက် သတိရသွားသည် ။ သူ့အား မတော်တဆ သတ်လိုက်မိပါက သူဘယ်တော့မှ သိလိမ့်မည် မဟုတ်ပေ။
သူ့ဖုန်းကို ထုတ်လိုက်ပြီး ရဲစခန်းကို ဖုန်းဆက်လိုက်သည်။ထို့နောက်သူက ချီယန်ကို ဗီဒီယို မှတ်တမ်းတင်ထားလိုက်သည်။နောက်ဆုံးတွင် သူက အခန်းထဲမှ အမျိုးသမီးကို နိူးလိုက်သည်။ သူမသည် သူမအခန်းအပြင်ဘက်တွင် နှာဘူးတစ်ကောင်ကို တွေ့လိုက်ရသောအခါ ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။သူမသည် ကောင်းမင်အတွက် တံခါးဖွင့်မပေးဝံ့ပေ။သူမက သံဇကာမှတဆင့် ကြိုးတစ်ချောင်း ပစ်ပေးလိုက်သည်။ကောင်းမင်သည် ချီယန်အား ကျွမ်းကျင်စွာကြိုးတုပ်လိုက်သည်။ သူသည် အရင်ကြိုးချည်နည်းအတိုင်းပင် အသုံးပြုခဲ့သောကြောင့် ကောင်းမင်ထိတ်လန့်သွားခဲ့သည်။
"ငါအရိပ်ကမ္ဘာက စောစောထွက်လာပြီးနောက်ပိုင်း ချီယန်သတ်မယ့်လူတွေကို ငါသွယ်ဝိုက်ပြီး ကယ်တင်နိုင်ခဲ့တယ် ၊ အစတစ်ခုတိုင်းက မတူညီတဲ့ကမ္ဘာတွေ ဖြစ်လာတယ် ၊ ငါက လွှဲလို့ အရာအားလုံး ပြောင်းလဲသွားပြီ "
အနာဂတ်အား ဖွင့်လှစ်လိုက်ကတည်းက သူသည် အကြောက်တရားကင်းမဲ့စွာဖြင့် လောင်ကျွမ်းလိမ့်မည်ဖြစ်သည်။အမြင့်တစ်နေရာမှ လူအများပြုတ်ကျမည်ဖြစ်သော်လည်း ကောင်းမင်သည် သူ့ကိုယ်သူ ဖမ်းယူနိုင်သောကြောင့် ဘယ်တော့မှ ကြောက်ရွံ့တော့မည်မဟုတ်ပေ။ကောင်းမင်က အုတ်ခဲကို လွင့်ပစ်လိုက်သည်။သူသည် ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်လိုက်ပြီး အဆောက်အဦး၂ရှိ ကျောက်ရှီ၏အိမ်သို့ သွားလိုက်သည်။
ရင်းနှီးနေသည့် တံခါးဝတွင် မတ်တပ်ရပ်လိုက်ပြီး ကောင်းမင်က တွေဝေခြင်းမရှိပဲ တံခါးကို ထုလိုက်သည်။
"အစ်ကိုကျောက်! ကျုပ်က အဆောက်အဦး၄က ကောင်းမင်ပါဗျ ၊ ကျုပ် ခင်ဗျားကို အရေးတကြီးပြောစရာစကား ရှိလို့ပါ ! "
"တံခါး ဖွင့်ပါဦး ! အစ်ကိုကျောက် ! ကျောက်ရှီ ! "
ကောင်းမင်က ကျောက်ရှီသည် နာကျင်မှုနှင့် ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းတို့တွင် ပိတ်မိနေခဲ့ကြောင်း သိသည်။သူသည် ကမ္ဘာကြီး၏တစ်ထောင့်တစ်နေရာတွင် ပိတ်မိနေခဲ့ပြီး ပြန်ရုန်းမထွက်နိုင်ခဲ့ပေ။
"ကျောက်ရှီ! တံခါး ဖွင့် ! "
ကောင်းမင်က စပြေးရန် ခြေနှစ်လှမ်း နောက်ဆုတ်လိုက်သည်။
"ခင်ဗျားက အရမ်းအရေးကြီးတယ် ! လူတွေက ခင်ဗျားကို လိုအပ်နေကြတယ်! သူတို့က ခင်ဗျားကို စောင့်နေကြတာ ! "
ကောင်းမင်က တံခါးအိုကြီးကို ကန်ဖွင့်ရန် စပြေးလိုက်သည်။ကောင်းမင်သည် အရှေ့ကို ဒရွက်ဆွဲသွားပြီး အခန်းထဲ လွှင့်ပျံသွားသည်။သူသည် ညစာစားပွဲပေါ် လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
"ကောင်းမင်လား "
ကျောက်ရှီသည် အလွန်ပိန်ပါးသည်။ သူ့တွင် ရက်ပေါင်းများစွာ မအိပ်ခဲ့ရသကဲ့သို့ ထူပိန်းနေသည့် မျက်ခွံအိတ်များ ရှိနေလေသည်။ကောင်းမင်သည် ကြမ်းပြင်မှ ကုန်းထလိုက်သည်။သူ့မိုးကာအင်္ကျီမှ မိုးရေများတစ်စက်စက်ကျနေပြီး ကြမ်းပြင်ကို စိုရွှဲသွားစေသည်။ကောင်းမင်သည် ပြတင်းပေါက်ကို ပိတ်ရန် လသာဆောင်သို့ ပြေးသွားလိုက်သည်။ကျောက်ရှီ အသက်ရှင်လျက်ရှိနေကြောင်းမြင်လိုက်သောအခါ ကောင်းမင်သည် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။သူက ဧည့်ခန်းဘက် ပြန်လှည့်လိုက်သည်။
ဆွံ့အနေသော ကျောက်ရှီသည် ကျိုးပဲ့နေသောအလောင်းကောင်နှင့်အလွန်ကွာခြားလေသည်။ သို့သော်လည်း သူတို့ပုံရိပ်များသည် ကောင်းမင်စိတ်ထဲတွင် ထပ်နေပြီဖြစ်သည်။ကျောက်ရှီသည် ပိုင်ရှောင်အားတားဆီးရန် ကောင်းမင်ကို မကူညီခဲ့လျှင် ကောင်းမင်သည် အဆုံးကို ရောက်နိုင်လိမ့်မည်မဟုတ်ချေ။သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိပေသည်။
"ကျုပ်ခင်ဗျားကို စကားပြောဖို့ စောစောလာခဲ့သင့်တာပါ "
ကောင်းမင်သည် ဧည့်ခန်းဆီ တန်းတန်းမတ်မတ်လျှောက်လာပြီး ကျောက်ရှီအား ပွေ့ဖက်လိုက်သည်။
"ဒါပေမယ့် ခုလည်း အရမ်းနောက်မကျသေးပါဘူး ! "
"မကျပါဘူး....မင်းဘာတွေလုပ်နေတာလဲ "
ကျောက်ရှီသည် အထိတ်တလန့်ဖြစ်သွားပြီး သူကိုင်ထားသော စာရွက်က ကြမ်းပြင်ပေါ်လွှတ်ကျသွားသည်။ကောင်းမင်သည် ထိုလူကို လွှတ်ပေးလိုက်ပြီး စာရွက်ကို ကောက်ယူလိုက်သည်။ထိုအရာသည် ကျောက်ရှီ၏ သေတမ်းစာဖြစ်သည်။သူသည် သူ၏ သေးငယ်သော ပိုင်ဆိုင်မှုများကို သူ့မွေးစားမိခင်အိုကြီးထံ ချန်ထားခဲ့ခြင်းဖြစ်သည်။
"ငါ့ကို ပြန်ပေး "
ကျောက်ရှီက စာရွက်ကို ပြန်လုရန် ကြိုးစားလိုက်သည်။
"အစ်ကိုကျောက် ၊ ကျုပ်ဘာပြောပြော ခင်ဗျားစိတ်ကို ပြောင်းဖို့ခက်တယ်ဆိုတာ ကျုပ်သိပါတယ် ၊ ဒါက ခင်ဗျားရဲ့အမှား မဟုတ်ပါဘူး ၊ ခင်ဗျားရဲ့ဦးနှောက်က နဲနဲ နေမကောင်းဖြစ်နေတာပါ "
ကောင်းမင်သည် စိတ်ဆရာဝန်တစ်ယောက်ဖြစ်သည်။ သူသည် ပုံမှန်အားဖြင့် သူ့လူနာကို တွန်းအားပေးလိမ့်မည် မဟုတ်ပေ။
"ခင်ဗျားဟာ သေဖို့ အသင့်ဖြစ်နေတယ် ၊ ဒါက ခင်ဗျား နေ့ပေါင်းညပေါင်းများစွာ ဆင်ခြင်သုံးသပ်ပြီးမှ ရလာတဲ့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ် ၊ ကျုပ် ဒီကို ရောက်လာတာ ခင်ဗျားရဲ့စိတ်ကို ပြောင်းလဲဖို့မဟုတ်ဘူး ၊ ကျုပ်ရယ်၊ ခင်ဗျားပတ်ဝန်းကျင်နဲ့ ခင်ဗျားကိုယ်တိုင်အတွက် အချိန်နဲနဲပိုပေးတာကို ကျုပ်လိုချင်ရုံပဲ "
ကောင်းမင်က နောက်စာရွက်တစ်ရွက်ကို ယူလိုက်သည်။
"ကျုပ်တို့ဟာ သေမင်းနဲ့ ရင်ဆိုင်ရပြီဆိုရင် သေမင်းရောက်မလာခင် ကျုပ်တို့မှာ အတူတူပြီးမြောက်အောင်လုပ်နိုင်မယ့် တချို့ပန်းတိုင်လေးတွေ ရှိမယ်ထင်တယ် ၊ ကျုပ်တို့ သဘောကျတဲ့နေရာ သွားစားသောက်တာမျိုး ၊ ကျုပ်တို့နေထိုင်ခဲ့တဲ့ နေရာတစ်ခုကိုသွားတာမျိုးနဲ့ နောက်ဆုံးကျေးဇူးတင်စကားတစ်ခု ရတာမျိုးပေါ့ "
ကောင်းမင်သည် စာရင်းထဲတွင် ဥပမာအမြောက်အများကို ချရေးလိုက်သည်။သို့သော် ကျောက်ရှီက စိတ်မဝင်စားခဲ့ပေ။
"မင်းငါ့ကို ကူညီချင်တာ သိပါတယ်ကွာ ၊ ဒါပေမယ့် ငါဘာမှ မလုပ်ချင်တော့ဘူး ၊ ငါအရမ်းပင်ပန်းနေပြီ "
ကျောက်ရှီက တံခါးဖွင့်ရန် ထော့နင်းထော့နင်းသွားလိုက်သည်။
"ကျေးဇူးပြုပြီး ပြန်ပါတော့ "
"ဒီမိသားစုအတွက် ခင်ဗျားဟာ အရာအားလုံးကို စတေးပေးခဲ့တယ် ၊ ဒါပေမယ့် မလေးမစားလုပ်ခံရတာပဲ ပြန်ရခဲ့တယ် ၊ တကယ်တော့ ခင်ဗျားလုပ်ဖို့လိုအပ်နေတာက ဒီပတ်ဝန်းကျင်ကနေ ထွက်သွားဖို့နဲ့ ခင်ဗျားကိုယ်တိုင်အတွက် ဘဝအသစ်တစ်ခု စဖို့ပဲ "
ကောင်းမင်က လေးနက်စွာပြောလိုက်သည်။
"ခင်ဗျားရဲ့အမေက ခင်ဗျားကို ဆယ်နှစ်အထိ ကျွေးမွေးပြုစုခဲ့တယ် ၊ ခင်ဗျားကတော့ ဒီမိသားစုအတွက် နှစ်သုံးဆယ်တောင် လုပ်ကျွေးခဲ့ရတယ် ၊ ခင်ဗျား သူတို့အပေါ် ဘာကိုမှ အကြွေးတင်မနေဘူး ၊ ခင်ဗျားကိုယ် ခင်ဗျားပဲ အကြွေးတင်နေတာ ၊ ကျုပ်တို့မှာ ဘဝတစ်ခုပဲ ရှိတယ် ၊ ခင်ဗျား ပိုအဓိပ္ပါယ်ရှိတဲ့ အရာကိုပဲ လုပ်သင့်တယ် "
"ငါ ဘယ်တုန်းကမှ ကျောင်းမနေခဲ့ရဘူး ၊ ငါခြေထောက်ကလည်း ကျိုးနေတယ်လေ ၊ လူငယ်တွေ ဘာလုပ်ကြသလဲဆိုတာ ငါမသိဘူး ၊ အဓိပ္ပါယ်ရှိတဲ့ အရာတစ်ခုခုကို ငါလုပ်ချင်တာပေ့ါ ၊ ဒါပေမယ့် ငါ့မှာအဲ့လိုလုပ်ဖို့ စွမ်းအားမရှိပါဘူးလေ "
ကျောက်ရှီသည် သူ့သေတမ်းစာကို အိတ်ထဲပြန်ထည့်လိုက်သည်။
"မင်းက ငါမဟုတ်ဘူး ၊ အဲ့ဒါက ဘယ်လောက်ခက်ခဲတယ်ဆိုတာ မင်းနားမလည်ပါဘူးကွာ "
"အနာဂတ်ရဲ့တစ်နေ့မှာ ကျုပ်အပါအဝင် ခင်ဗျားဟာအားလုံးကို ကယ်တင်နိုင်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာမယ်လို့ ကျုပ်ပြောရင် ခင်ဗျားယုံမလား "
ကောင်းမင်က သူ့နှလုံးကို ထိတွေ့လိုက်သည်။သူ့မျက်လုံးထဲမှ သွေးများသည် သူ့နှလုံးခန်းဆီသို့ ပြေးဝင်သွားကြသည်။
"ငါလား ၊ သူရဲကောင်းတစ်ယောက်လား "
ကျောက်ရှီသည် ခါးသက်သက်ပြုံးလိုက်သည်။
"နောက်နေတာတွေ တော်ပါတော့ကွာ "
"ဒီကမ္ဘာကြီးက မတူညီတော့တာမို့ ဒါက အမှန်တကယ်ပါပဲ ၊ အဲ့ဒါက သေးငယ်ပေမယ့် သိသာထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခုရှိတယ် ၊ အားလုံးဟာ ထူးခြားတဲ့သူတွေ ဖြစ်နိုင်တယ် "
ကောင်းမင်သည် နောက်ထပ်ကုသရေးနည်းလမ်းကို ကြိုးစားလိုက်သည်။
သန္ဓေပြောင်းနှလုံးသားသည် နှလုံးခုန်လာ၏။နှလုံးခန်းသည် နှိပ်စက်ညှင်းပန်းသည့်အခန်းတစ်ခုဖြစ်လာပြီး ကမ္ဘာအစစ်နှင့်အရိပ်ကမ္ဘာကြားတွင် တည်ရှိနေလေသည်။
သွေးကြောများ စုဝေးသွားကြသည်။ကောင်းမင်နောက်မှ လက်ရှစ်ချောင်းထွက်လာပြီး မြေပြင်ပေါ် ဆောင့်ချလိုက်သည်။သွေးများ ပြန့်ကျဲသွားသည်။ရှင်ခြင်း ၊ သေခြင်း ၊ လိုအင်ဆန္ဒနှင့် အပြစ်တို့ပါဝင်သော မျက်နှာများသည် ကျောက်ရှီကို ကြည့်လိုက်ကြသည်။
အချိန်သည် အေးခဲသွားသည်။ကျောက်ရှီသည် ဧရာမသရဲကြီးကို ကြည့်ပြီး ကြမ်းပြင်ပေါ်လဲကျသွားသည်။သူ့နူတ်ခမ်းသည် တဆတ်ဆတ်တုန်နေ၏။သူ့စိတ်ထဲရှိ အတွေးများသည် ရှင်းလင်းသွား၏။
"သရဲ! "
ကောင်းမင်သည် သားစားကြူးနတ်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့စိတ်သည် ပျံ့လွှင့်သွားသည်။ထိုနတ်ဘုရားတွင် လူအများအပြား၏အရိပ်များကို သူမြင်လိုက်ရသည်။
စီတုအန်းသည် အသက်ပေါင်းများစွာကို စတေးပြီး ဤခြောက်ခြားဇာတ်လမ်းကို အချိန်မကျခင်စတင်ရန် အနှစ်နှစ်ဆယ်ကို အသုံးပြုခဲ့ပြီး ၎င်းသည် မဖြစ်သင့်သည့်အချိန်တွင် ပေါ်ပေါက်လာခဲ့သည်။ပုံမှန်အားဖြင့် ကောင်းမင်သည် သားစားကြူးနတ်ကို ဘယ်တော့မှ ရခဲ့လိမ့်မည်မဟုတ်ချေ။သူသည် သူ့အခြားအလောင်းများ၏ မှတ်ဉာဏ်များကို မြင်ခဲ့ရသည်။သူသည် စီစွေ့အိမ်ရာသို့ တစ်ကြိမ်ထက်မက ဝင်ရောက်ခဲ့သော်လည်း အသားနှလုံးသားနှင့်နတ်ဘုရားနှလုံးသားကို တစ်ခါမှ အပြည့်အစုံမရခဲ့ပေ။သူသည် သူ၏အနာဂတ်အပြောင်းအလဲများ၏ အဆုံးသတ်များကို မသိရှိခဲ့ခြင်းဖြစ်သည်။
"စွမ်းအားက ဒီအချိန်အတွက် စုဆောင်းထားတာပဲ ၊ သားစားကြူးနတ်က င့ါနှလုံးသားထဲမှာ ပြန်မွေးဖွားလာတယ် ၊ ငါ့နှလုံးသားက ကမ္ဘာနှစ်ခုအပြင်ဘက်မှာ ရှိနေတဲ့ ထောင်တစ်ခုဖြစ်လာတာပဲ "
"ဒီလိုဆိုရင်....ငါ့နှလုံးထဲက စတေးခံခဲ့ရတဲ့လူတွေနဲ့ ငါ့နှလုံးထဲမှာ ပိတ်မိနေတဲ့လူတွေက အချိန်စီးကြောင်းအားလုံးကနေ ထာဝရ ဖျက်ထားခံရတယ်လို့ ဆိုလိုတာလား ၊ သူတို့က ငါ့နှလုံးထဲမှာပဲ တည်ရှိနေနိုင်တာများလား "
ထိုနတ်ဘုရားအသစ်သည် ယန်ဟွာ၏ခန္ဓာကိုယ်ရှိသည်။သေခြင်း ၊ အပြစ်နှင့်လိုအင်ဆန္ဒတို့ပါဝင်သော မျက်နှာများက မရှင်းလင်းသေးသော်လည်း ရှင်ခြင်းသဏ္ဍန်ရှိသော မျက်နှာသည် ကုန်းစီနှင့် အတိအကျတူညီပေသည်။
ကောင်းမင်က ထိုအရာသည် ကုန်းစီ၏ အဖွားနှင့် သက်ဆိုင်သည်ဟု ယုံကြည်သည်။သူမသည် ယဇ်ပူဇော်ရန်နောက်ဆုံးလူဖြစ်ပြီး တစ်ဦးတည်းသော သက်ရှိလူသားဖြစ်သည်။ထိုအဘွားအိုသည် နတ်ဘုရား၏အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ သူမ၏ အနက်ရှိုင်းဆုံး စွဲလမ်းမှုကိုလည်း နတ်ဘုရားက အမွေဆက်ခံခဲ့သည်။
"စီစွေ့အိမ်ရာထဲမှာရှိတဲ့ လူအများအပြားက စတေးခံတွေဖြစ်လာကြတာ ၊ ဒါကို စစ်ဆေးဖို့ မခဲယဉ်းဘူး "
ကောင်းမင်က ဖုန်းကို ထုတ်လိုက်သည်။ သူသည် ကုန်းစီနှင့်သူ့အဘွားအကြောင်းကို မေးမြန်းရန် ပထမဆုံး ပရဟိတအဖွဲ့ကို ဖုန်းခေါ်လိုက်သည်။မှတ်တမ်းထဲတွင် သူတို့ရှိမနေပေ။ထို့နောက် ကောင်းမင်သည် နံပါတ် ၁၇ကို လောင်းကြေးထပ်ရန် အရှေ့ပိုင်းမြို့တော်၏ မြေအောက်လက်ဝှေ့ကွင်းကို ဖုန်းခေါ်လိုက်သည်။ ပြန်ဖြေသောပုဂ္ဂိုလ် သူ့အား နံပါတ်၁၇ မရှိကြောင်း ပြောခဲ့သည်။
ကောင်းမင်သည် ဖုန်းချလိုက်ပြီး သားစားကြူးနတ်ကို ကြည့်ရှုလိုက်သည်။ သူ့ယူဆချက်သည် မှန်ကန်နေပုံရသည်။
အချိန်အတော်ကြာပြီးနောက် ကောင်းမင်သည် နတ်ဘုရားရှေ့တွင် ထိုင်လိုက်သည်။
"အနာဂတ်မှာ ဘာတွေပဲဖြစ်ဖြစ် ငါတို့ရဲ့ သေခြင်းရှင်ခြင်းတွေက ဆက်နွယ်သွားခဲ့ပြီ"
ကုန်းစီပါဝင်သော မျက်နှာသည် ကောင်းမင်ဆီသို့ ပိုနီးကပ်လာ၏။ချုပ်ခံထားရသောပါးစပ်သည် တစ်ခုခုပြောချင်နေသည်။ကုန်းစီ၏ အသိစိတ်သည် ရုပ်တုအတွင်းထဲတွင် ကျန်ရှိနေခဲ့ပုံရလေသည်။