← Chapters

ဝေတယို

Vol. 5 Ch. 69

ဝေတယို

Vol. 5 Ch. 69

ကောင်းမင်သည် အကြောက်ရောဂါ၏ အရင်းအမြစ်ကို ထိန်းချုပ်ရမည်ဖြစ်သည်။သူသည် အကြောက်ရောဂါကို အလွယ်တကူမပျံ့နှံ့စေရန် ထိန်းသိမ်းရမည်။သူ့တွင် အကြောက်ရောဂါရှိသည်နှင့် ရန်သူအရေအတွက် ဘယ်လောက်များများ ကြောက်စရာမလိုတော့ချေ။ရန်သူအရေအတွက်များလေလေ ကူးစက်မှုပျံ့နှံ့ရန် ပိုလွယ်လာလေလေဖြစ်သည်။ကောင်လေးသည် ကောင်းမင်တွေးနေသည်ကို မသိပေ။သူသည် ကိတ်မုန့်၏ချိုမြိန်သောအရာကို စဉ်းစားရင်း သူ့နူတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

ထိုအချင်းအရာကို မြင်လိုက်ပြီး ကောင်းမင်သည် သူ့ဖုန်းနှင့် မိသားစုဓာတ်ပုံကို ထုတ်လိုက်သည်။သူက အိမ်ကို ဖုန်းခေါ်လိုက်သည်။

"အော်ဒါမှာဖို့အတွက် ဘာလို့ လူသေဓာတ်ပုံကြီး ထုတ်ရတာလဲ "

ကျောက်ရှီသည် ကောင်လေးကြောက်ရွံ့သွားမည်စိုးသောကြောင့် ကောင်လေး၏မျက်လုံးများကို အုပ်ထားလိုက်သည်။

"ဒီလူသေဓာတ်ပုံက တော်တော်ကြောက်ဖို့ ကောင်းတယ် "

ထိုအချိန်တွင် လူတစ်ယောက်သည် ဧည့်ခန်းတံခါးကို လာခေါက်လေသည်။သရဲဖေဖေနဲ့ သရဲမေမေသည် မွေးနေ့ကိတ်နှင့်အတူ တံခါးဝတွင် ပေါ်လာကြသည်။အမှောင်ထုကို မောင်းထုတ်ရန် မီးသီးများကိုဖွင့်လိုက်ကြသည်။ကောင်းမင်က စားပွဲနှင့် ထိုင်ခုံများကောက်ကိုင်လိုက်သည်။ထို့နောက် အခန်းကို သန့်ရှင်းရေးစတော့သည်။

"အစ်ကိုကျောက် ကူပါဦးဗျ ၊ အနာဂတ်မှာ ကျုပ်တို့ ဒီ‌ နေရာကို ခဏခဏလာရလိမ့်မယ် "

ကျောက်ရှီသည် သားစားကြူးနတ်ကြောင့် ထိတ်လန့်နေခဲ့သည်။ကမ္ဘာကြီးသည် အဆုံးသတ်တော့မည်လားဟု သူတွေးခဲ့သော်လည်း သူသည် သန့်ရှင်းရေးသမားတစ်ယောက်သာ ဖြစ်နေခဲ့သည်။သရဲမိဘများသည် သူတို့ကို ကြင်နာစွာ နူတ်ဆက်ကြသည်။သူတို့သည် တည်ရှိမှုတစ်ခုသာဖြစ်သော်လည်း သာမန်လူများနှင့် ခြားနားပုံမရပေ။အပြင်လူများရှိနေချိန်တွင် သရဲမိဘများသည် ကြင်ကြင်နာနာနွေးနွေးထွေးထွေးဖြစ်နေလေသည်။

သွားရေစာမုန့်များနှင့် အရုပ်များကို စားပွဲပေါ်တင်လိုက်သည်။ဖုန်းဖြင့် သီချင်းဖွင့်ထားလိုက်သည်။အပြင်ဘက်တွင် မုန်တိုင်းထန်နေသော်လည်းတွင် နွေးထွေးနေပေသည်။သူတို့သည် အခန်းကို အလှဆင်လိုက်ကြသည်။အရိပ်ကမ္ဘာမှ လူစိမ်းတစ်ချို့သည် ကောင်လေး၏မွေးနေ့ပွဲကျင်းပရန် စုဝေးလာကြသည်။

ကျောက်ရှီသည် သရဲမိဘများ၏ အထောက်အထားအမှန်ကို မသိခဲ့ချေ။သူသည် သူတို့နှင့် စကားစမြည်ပြောဆိုနေလေသည်။ကောင်လေးသည် ကောင်းမင်ချက်ပြုတ်ထားသော ဟင်းပွဲများကို မီးဖိုချောင်အပြင်ဘက်သယ်သွားသည်။ ကောင်လေးသည် အတော်အလုပ်များနေလည်း ပျော်ရွှင်နေ၏။နောက်ဆုံးဟင်းပွဲကို ချက်ပြုတ်ပြီးနောက် ကောင်းမင်က ပြတင်းပေါက်အပြင်ဘက်ရှိ ညအမှောင်ထဲကို ကြည့်လိုက်သည်။

"လီစန်းခရိုင်မှာ ပုန်းကွယ်နေတဲ့ ခြောက်ခြားဇာတ်လမ်းတွေ အများကြီးရှိတယ် ၊ ဒီနေရာကို အခြေစိုက်စခန်းလုပ်ဖို့ ငါအစီအစဉ်ဆွဲခဲ့ဖူးတယ် "

မြေနေရာအနေအထားနှင့် လူဦးရေသိပ်သည်းမှုတို့ကြောင့် မြို့ဟောင်းသည် ဟန်ဟိုင်း၏ပထမဖြစ်လာခဲ့သည်။ယင်းသည် ကောင်းမင်လိုအပ်သောအရာဖြစ်သည်။

"ဌာနက ရန်သူတစ်ယောက်ကို တစ်ခုခုလုပ်မယ်ဆိုရင် တကယ့်ကမ္ဘာမှာ ငါဘယ်မှ သွားစရာမရှိဘူး ၊ ဒါပေမယ့် အရိပ်ကမ္ဘာထဲက လီစန်းခရိုင်ဟာ ငါ့ရဲ့အကောင်းဆုံး ပုန်းတဲ့နေရာဖြစ်လာလိမ့်မယ် ၊ လူသေဓာတ်ပုံတွေက လက်မှတ်တွေပဲ ၊ ပြီးတော့ ငါ့မှာ ဥမင်ရှိတယ် ၊ ဘယ်သူမှ ငါ့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး "

ကောင်းမင်သည် သူ့အကျင့်အရ စီးကရက်တစ်လိပ်ထုတ်လိုက်သည်။ဥမင်ထဲရှိ သူ့‌အလောင်းပုံကြီးကို တွေးမိလိုက်သောအခါ သူက မီးခြစ်နှင့်စီးကရက်များကို လွင့်ပစ်လိုက်သည်။နောက်ဆုံးတွင် ကောင်လေးသည် မီးဖိုချောင်ထဲမှ ထွက်လာရင်း ပြုံးနေခဲ့သည်။ ကောင်လေးသည် လူတိုင်းက သူ့ကို ထားခဲ့မည်ကို စိုးရိမ်နေသကဲ့သို့ အလွန်နာခံနေလေသည်။အကြောက်ရောဂါနှင့်အတူရှိနေသော အရိပ်များက ပျောက်ကွယ်သွားသော်လည်း သရဲမိဘများရှိနေသောကြောင့် အရိပ်သည် ပြန်ဆွဲခေါ်ခံထားရသည်။

"ဒီလိုအံ့ဩဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက်ကို သူ့မိဘတွေက ဘာကြောင့်များ မချစ်ကြတာလဲကွာ ၊ ဒါက တော်တော်ဆိုးဆိုးဝါးဝါးပဲ "

ကျောက်ရှိသည် လက်မထပ်ဖူးချေ။သို့သော် သူသည် အမြဲတမ်းကလေးတစ်ယောက် လိုချင်နေခဲ့သည်။

"ကလေးတွေက ဒီလောက်နာခံချင်စိတ် မရှိကြဘူး။ မင်းမိဘတွေအနားမှာတောင် မင်းမစွမ်းဆောင်နိုင်ရင် ဒါဟာ ဝမ်းနည်းစရာဘဝပါပဲ "

ကောင်းမင်သည် ကောင်လေးမျက်လုံးထဲရှိ အကြောက်တရားများ ပျောက်ကွယ်သွားကြောင်း သတိပြုမိသည်။သူက လက်ခုပ်တီးလိုက်သည်။

"ကဲ ကိတ်မုန့်စားကြစို့ !"

သရဲမိဘများသည် ကိတ်ဘူးကို ဖွင့်လိုက်ပြီး ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်တစ်ချောင်း ထွန်းလိုက်သည်။ကောင်းမင်က ကောင်လေးကို ပြောလိုက်သည်။

"သား လွှတ်သွားခဲ့တဲ့ မွေးနေ့အားလုံးပြန်ကျင်းပဖို့ ဦးဦးကူညီပေးမယ် "

ကောင်လေးသည် ကောင်းမင်ဘာပြောနေကြောင်း နားမလည်ပေ။သူသည် ဖယောင်းတိုင်ကို မျှော်လင့်ကြီးစွာဖြင့် ကြည့်နေ၏။မီးများကို ပိတ်လိုက်ချိန်တွင် ကောင်းမင်သည် ကောင်လေး၏မျက်လုံးများကို ပိတ်လိုက်ပြီး ဆုတစ်ခုတောင်းစေလိုက်သည်။

"ဦးဦးတို့ အခုစားလို့ရပြီ "

ကိတ်သည် သေးနေ၏။ကောင်လေးက အများကြီး မစားဝံ့ပေ။သူသည် သရဲမိဘများအား အကြီးဆုံးကိတ်မုန့်ပိုင်းများပေးလိုက်သည်။

"ရပါတယ်ကွာ ၊ သားစားချင်သလောက်စား ၊ ဦးဦးမှာ အများကြီး ရှိတယ် "

ကောင်းမင်က အိမ်ကို ဆက်လက် ဖုန်းခေါ်လိုက်သည်။ကြောက်စရာလူသေဓာတ်ပုံထဲ လူများပျောက်ကွယ်သွားကြသည်။ကော်ရစ်ဒါမှ ခြေသံများထွက်ပေါ်လာလေသည်။သရဲမိဘများက ဧည့်ခန်းထဲ ပြည့်နှက်သွားရာ ကျောက်ရှီ၏ခက်ရင်းသည် ပြုတ်ကျသွားပြီး ကောင်လေးက ရုပ်ဆိုးဆိုးအရုပ်ကို ခပ်တင်းတင်းဖက်လိုက်သည်။

"ငါ ဒါတွေကို ဘယ်လိုသိမ်းသင့်လဲ "

ကောင်းမင်က လည်ချောင်းရှင်းလိုက်သည်။

"ဒီနေ့က စပြီး ကျုပ်တို့က မိသားစုတွေပဲ ၊မိဘတစ်ယောက်က ဘယ်လိုလဲဆိုတာ ကျုပ်မသိဘူး ၊ ဒါပေမယ့် လူတိုင်းဆီ ပျော်ရွှင်မှုတွေယူလာနိုင်အောင် ကျုပ်အကောင်းဆုံးကြိုးစားမယ်"

ကောင်းမင်သည် ပတ်ဝန်းကျင်တွင် စမ်းသပ်ကြည့်လိုက်သည်။သူသည် အဝေးမသွားသရွေ့ သူ့မိဘများသည် ပုံမှန်လှုပ်ဆောင်နေကြမည်ဖြစ်သည်။သူသည် သရဲမိဘများထံမှ အဝေးသွားလိုက်ပါက သူတို့သည် သူ့ဆီပြန်မလာနိုင်ပေ။သရဲမိဘများသည် အရိပ်များထဲပျောက်ကွယ်သွားပြီး ဓာတ်ပုံထဲ ပြန်ရောက်လာကြမည်ဖြစ်သည်။ထိုလက္ခဏာကို အသုံးပြု၍ ကောင်းမင်သည် ပြဿနာအများအပြားကို ဖြေရှင်းနိူင်ပေလိမ့်မည်။

မွေးနေ့ပွဲကျင်းပပြီးနောက် ကောင်းမင်သည် ကလေးနှင့် နီးနီးကပ်ကပ်ရှိသွားသည်။သူသည် ကောင်လေးနာမည်ကို သိလိုက်ရသည်။သူ့မိဘများက သူ့ကို အန်းအန်းဟုခေါ်လေသည်။ထိုနာမည်သည် သူတို့မိသားစု၏ အိမ်မွေးခွေးနာမည်ဖြစ်သည်။သူ့မိဘများသည် ဒေါသကြီးပြီး တာဝန်မယူတတ်သူများဖြစ်ကြသည်။သူမွေးဖွားခဲ့စဉ်ကတည်းက သူသည် ကြောက်ရွံ့မှု ၊စိုးရိမ်မှုတို့ဖြင့် နေထိုင်ခဲ့ရသည်။သူသည် သဘာဝအားဖြင့် သိမ်မွေ့ပြီး နုနယ်ပေသည်။သူသည် နာကျင်ခြင်းနှင့်ကြောက်ရွံ့ခြင်းတို့ကို ဟန်ချက်ညီစေရန် ပုံများ ရေးဆွဲခဲ့သည်။သူ့ပုံများထဲတွင် သူသည် အကြောက်အရွံ့ကင်းသော စစ်သည်တော်တစ်ယောက်ဖြစ်သည်။ထို့နောက် သူသည် ထိုမျှော်လင့်ချက်ကို လက်ဖြစ်အရုပ်ဆီသို့ ညွှန်ပြခဲ့သည်။အရုပ်ပေါ်ရှိ ကြုံရာခြယ်ထားသော ဆေးသားများသည် သေးငယ်သော စာလုံးများဖြစ်ကြသည်။၎င်းတို့သည် တစ်ခုနှင့်တစ်ခု ထပ်နေကြသည်။အရဲ့ရင့်ဆုံးမျှော်လင့်ချက်သည် အကြောက်ရောဂါ၏အရင်းအမြစ်ဖြစ်လာခဲ့သည်။ထိုသည်မှာ ကောင်းမင် မမျှော်လင့်ထားခဲ့သော အရာတစ်ခုဖြစ်သည်။

"အန်းအန်းက ဂိမ်းကိုရှင်းလင်းခဲ့တာ မဟုတ်ဘူး ၊ သူက ဂိမ်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ "

အရိပ်ကမ္ဘာထဲမှ ထွက်လာကြပြီးနောက် အန်းအန်း၏အရုပ်သည် လူသေဓာတ်ပုံတစ်ခု ဖြစ်သွားခဲ့သည်။ကောင်းမင်က ‌ဓာတ်ပုံနောက်ကျောရှိစာသားများကို မြင်လိုက်ရသည်။

"ဟောင်းနွမ်းနေသောအရာများ၏ဓာတ်ပုံ-

ကြောက်ရွံ့ခြင်းကို မင်းခံစားရတဲ့အခါ ငါ့ကိုကြောက်တာလား ဒါမှမဟုတ် မင်းကိုယ်မင်းကြောက်တာလားဆို မင်းအဖြေရှာဖို့ လိုမယ် "

ကောင်းမင်က ဓာတ်ပုံကို ငှားလိုက်ပြီး ကျောက်ရှီနှင့် အန်းအန်းကို အတူတူရှိနိုင်ရန် ထားရစ်ခဲ့သည်။ကျောက်ရှီသည် အစစ်အမှန်မိသားစုမရှိသလို မည်သည့်အခါကမှ ကျေးဇူးတင် မခံခဲ့ရပေ။အန်းအန်းသည် ‌ကြောက်ရွံ့ခြင်း စိုးရိမ်ခြင်းတို့ဖြင့် နေထိုင်ခဲ့ရသည်။သူသည် သူ့မိဘအစစ်များဆီမှစွန့်ပစ်ခံခဲ့ရပြီး အစစ်အမှန်အိမ်တစ်လုံးကို လိုချင်နေခဲ့သည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦးအတွက် ပြည့်စုံနေပေသည်။အ‌ကြောက်ရောဂါအရင်းအမြစ်ကို ရရှိပြီးနောက် ကောင်းမင်က သက်ပြင်းချလိုက်သည်။သူသည် ကျောက်ရှီနှင့် အန်းအန်းထံမှ ထွက်လာလိုက်သည်။သူက တက္ကစီတစ်စီးပေါ်တက်ပြီး ညအလင်းရောင်စတူဒီယိုသို့ ဦးတည်လိုက်သည်။

ဂိမ်းမူကြမ်းစာရွက်များသည် စတူဒီယိုတွင်ရှိသည်။စီတုအန်းသည် ၎င်းတို့ကို ရသွားခဲ့လျှင် ရလဒ်သည် ပျက်စီးသွားနိုင်သည်။မုန်တိုင်းသည် ဆက်လက်တိုက်ခတ်နေလေသည်။တိမ်မည်းများသည် မြို့ပေါ်တွင် အခြေချနေကြ၏။ကောင်းမင်က အာရုံမတက်မီ စတူဒီယိုထဲ ဝင်‌လိုက်သည်။အလွန်စောနေသေးသော်လည်း ကောင်းမင်က တစ်ခုခုမှားနေသည်ကို သတိပြုမိသည်။ရုံးခန်းဆီသို့သွားသောတံခါးသည် ဟလျက်ရှိပြီး ကြမ်းပြင်တွင်သွေးများစွန်းပေနေသည်။

"စတူဒီမှာ ပုန်းနေတဲ့ လူသတ်သမားတစ်ယောက်ရှိနေတာလား"

ကောင်းမင်က အရှိန်လျော့လိုက်ပြီး စတူဒီယိုအတွင်းချောင်းကြည့်ရန် နံရံကို မှီလိုက်သည်။ဂိမ်းမူကြမ်းဖိုင်များကို သိမ်းဆည်းထားသောအခန်းသည် ပွင့်လျက်ရှိသည်။ဂိမ်းအိုင်ဒီယာများအားလုံးသည် အပြင်ထုတ်ခံထားရသည်။ဖျော့တော့တော့ အလင်းရောင်က ယိမ်းယိုင်နေလေသည်။ဝေတယိုသည် ကောင်းမင်၏ ဂိမ်းဒီဇိုင်းများကို ရူးသွပ်စွာ လေ့လာနေခြင်းဖြစ်သည်။

"အကုန် တူနေတာပဲ ! ဂိမ်းတွေက အစစ်တွေပဲ ! "

ကောင်းမင်သည် သူ့အနေအထားကို ချိန်ညှိလိုက်သည်။သူသည် ဖိုင်များစွာ၏အလယ်တွင် မတ်တပ်ရပ်နေသည့် ဒဏ်ရာရနေသော ဝေတယိုကို မြင်လိုက်ရသည်။သူသည် ပြိုပျက်နေသည့် အလယ်မှာ ရှိနေပုံရသည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ ၊ ဒီအရာတွေက ဘယ်လိုအစစ်အမှန်ဖြစ်လာနိုင်မှာလဲ "

ဝေတယိုသည် ထိုအရာကို မယုံကြည်နိုင်ဖြစ်နေသည်။သူက ဖုန်းကို ထုတ်လိုက်သည်။

"ကောင်းမင်ဖုန်းက အဆက်အသွယ်မရဘူး ၊ သူက လူသတ်သမားတွေရဲ့ တည်ရှိမှုကို ဘာကြောင့်ကြိုပြောနိုင်တာလဲ ၊ ပြီးတော့ သူတို့ရဲ့လူသတ်နည်းတွေကိုတောင် သိနေတယ် ၊ သူက လူသတ်သမားများလား "

"မဟုတ်ဘူး! ငါ ဒါကို အဖြေရှာရမယ် ! သူက ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပဲ ၊ ငါသူ့ကို သိတယ် ၊ သူက ဒီလိုလူမျိုးမဟုတ်ဘူး ! "

ဝေတယိုသည် ထိုစကားကို အကြိမ်ကြိမ်ရေရွက်နေ၏။သူသည် ကောင်းမင်၏နံပါတ်ကို ထပ်ဖုန်းခေါ်လိုက်သည်။

ကြောင်တစ်ကောင်က မြောင်ဟုအော်လိုက်သည်။

ဖကိုင်သည် ကောင်းမင်ကို နမ်းရှုပ်လိုက်ပြီး ကောင်းမင်၏ ခြေထောက်ကို ပွတ်တိုက်ရန် လိမ်ဖယ်လိမ်ဖယ်လျှောက်လာလေသည်။

ထိုအသံကိုကြားသောအခါ ဝေတယိုက တံခါးဆီလျှောက်လာ၏။သူက ကောင်းမင်၏ မျက်လုံးများကို စိုက်ကြည့်မိလျက်သား ဖြစ်သွားခဲ့၏။

All Chapters