← Chapters

အဆောက်အဦး ၂

Vol. 5 Ch. 72

အဆောက်အဦး ၂

Vol. 5 Ch. 72

ကောင်းမင်သည် အဘွားရှန်းကို သူမကို ငြင်းလို့မရသည့် တောင်းဆိုချက်ကို ပေးခဲ့ခြင်းဖြစ်သည်။သူတို့သည် စီတုအန်းကို သတ်လိုက်လျှင် ပြဿနာအားလုံးဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်ဖြစ်သည်။အဘွားရှန်သည် အဆောင်တစ်ခုထုတ်လိုက်ပြီး ယင်းအပေါ်တွင် ဆွဲလိုက်သည်။ထူးဆန်းသည့်အရာကား အဆောင်သည် ရေနှင့်ထိတွေ့သွားပြီးနောက် ၎င်းသည် လောင်ကျွမ်းသွားပြီး ပြာများသည် ရေထဲတွင် တည်ရှိနေခြင်းဖြစ်သည်။

"ဒါက ထူးဆန်းတယ် "

အဘွားရှန်းက ဆုတောင်းလိုက်ပြီး စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။

"ငါ နင့်ကို တချို့ကိစ္စတွေမှာ ကူညီပေးနိုင်တယ် ၊ ဒါပေမယ့် ငါမပူးပေါင်းနိုင်ဘူး ၊ နင်တို့နှစ်ယောက်နဲ့ နီးစပ်လာရင် ငါဟာ ပြန်လည်မွေးဖွားဖို့တောင် အခွင့်အရေးမရှိပဲ သေဆုံးရလိမ့်မယ် "

"ခင်ဗျား ဘယ်သူ့ကိုမှ သတ်စရာမလိုပါဘူး ၊ အချိန်ကျလာရင် စီတုအန်းကို ဒီကို ခေါ်လာဖို့ပဲ လိုတာပါ "

ကောင်းမင်သည် စီတုအန်းကို သူ့ဘာသာသူသတ်ဖြတ်ချင်နေ၏။

"အဲ့ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး ၊ စီတုအန်းက ဘယ်သူ့ကိုမှ မယုံဘူး "

အဘွားရှန်းသည် သားစားကြူးနတ်ရုပ်တုအကျိုးအပဲ့များကို သစ်သားသေတ္တာတစ်ခုထဲတွင် သိမ်းလိုက်သည်။

"သွေးယဇ်ပူဇော်တာတွေက အရင်ကတည်းကမအောင်မြင်ခဲ့ဘူး၊ သူက သားစားကြူးနတ်ကို စပြီးမယုံတော့ဘူး ၊ စီစွေ့အိမ်ရာနဲ့ယှဉ်ရင် စီတုအန်းက တခြားနေရာတွေကို ပိုသွားဖို့များတယ် ၊ သူက အရှေ့မြို့တော်မှာ အခြေစိုက်စခန်းတွေ အများကြီးရှိတယ် ၊ သူဘာလုပ်မယ်မှန်း ငါမသိဘူး "

ကောင်းမင်ထံတွင် ပြည့်စုံသည့် သားစားကြူးနတ်ရှိနေခဲ့ခြင်းကြောင့် အချို့သောအရာများသည် ပြောင်းလဲသွားခဲ့သည်။

"ဒီပုဂ္ဂိုလ် တော်တော် သတ်ရခက်တာပဲ "

"ငါ တိုက်ရိုက်မစွက်ဖက်နိုင်ပေမယ့် မင်းရဲ့ပစ္စည်းတွေကို ငါပြန်ပေးနိုင်ပါတယ် "

‌အဘွားရှန်းသည် ရုပ်တုများအားလုံးကို ဦးချလိုက်ပြီး သူတို့ထဲမှ ရုပ်တုသုံးခုကို ထုခွဲလိုက်သည်။သူမက သွေးနီဆောင် အဆောင်သုံးခုကို ထုတ်ယူလိုက်သည်။

"ဒီအဆောင်တွေက နင့်ကို ထိခိုက်စေနိုင်တယ် ၊ ယူလိုက်ပါ "

"သုံးခုတည်းလား "

"အရမ်းများတယ် ၊ ပြီးတော့ အဲ့တာက အရမ်း အရမ်းများနေပြီ "

အဘွားရှန်းတွင် တချို့သံသယစိတ်များ ရှိနေခဲ့သည်။သူမသည် နံရံပေါ်မှ သော့တွဲကို ‌ဖြုတ်ယူလိုက်သည်။သူမသည် ကောင်းမင်နှင့်အတူ အဆောက်အဦ

အေ၏ မြေတိုက်ခန်းသို့ ရောက်ရှိလာသည်။အရင်ကနှင့်ယှဉ်လျင် အဆောက်အဦးအေသည် ကြီးကြီးမားမားပြောင်းလဲနေခဲ့သည်။အတိတ်က အိမ်ငှားတိုင်းသည် သားစားကြူးနတ်ကို ကိုးကွယ်ကြပြီး မြေအောက်ခန်းသည် စားသောက်ဆိုင်များဖြင့် ပြည့်နှက်နေ၏။သို့သော်လည်း ယခုအချိန်တွင် မြေအောက်ခန်းသည် စတိုခန်းတစ်ခုသာ ဖြစ်နေခဲ့သည်။

အဘွားရှန်းသည် လမ်းပေါ်ရှိအမှိုက်ပုံးကို ဘေးသို့တွန်းထုတ်လိုက်သည်။သူမသည် သံမဏိတံခါးဟောင်းကြီးကို တွန်းဖွင့်လိုက်သည်။သံချေးများ ကွာကျသွားပြီး သူတို့ရှေ့တွင် ဘိုးဘေးခန်းမတစ်ခု ပေါ်ထွက်လာသည်။

"သားစားကြူးနတ်ရဲ့ ဝတ်ပြုခန်းမက ဒီနေရာမှာ လျှို့ဝှက်ထားတာ ၊ နှစ်နှစ်ဆယ်အတွင်း စီတုအန်းက ရာဇဝတ်မှုအများအပြားကိုကျူးလွန်ခဲ့ပေမယ့် သူဟာ သားစားကြူးနတ်ကို နိူးထစေနိုင်စွမ်းမရှိခဲ့ဘူး "

အဘွားရှန်းက ဖယောင်းများ ထွန်းလိုက်ရာ မျက်နှာလေးခု ၊ လက်ရှစ်ဖက်ရှိသော ရုပ်တုပေါ်သို့အလင်းရောင်များ ဖြာကျသွားသည်။

"ဒါပေမယ့် သူက သွေးအစာတွေ အများအပြားစုဆောင်းထားခဲ့တယ် "

အဘွားရှန်းက အခြားတစ်ဖက်ကို ဆုတ်သွားသည်။ကောင်းမင်သည် အဘွားရှန်း၏ရှင်းပြချက်မပါပဲ ရုပ်တုအနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။ပတ်ဝန်ကျင်ရှိအရိပ်များက နိူးဆွခံလိုက်ရဟန်တူသည်။သွေးကြောများသည် ကောင်းမင်နောက်တွင် ဧရာမပန်းပွင့်ကြီးများကဲ့သို့ ပွင့်လန်းလာကြသည်။တုတ်ခိုင်သည့် လက်ရှစ်ဖက်က ကောင်းမင်ကို ဆုပ်ကိုင်လိုက်သည်။ရုပ်ထဲထဲမှ သွေးများသည် သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာကြ၏။

သူ့နှလုံးသားထဲရှိ သားစားကြူးနတ်သည် ပြောင်းလဲသွားခဲ့သည်။အပြစ်ဒုက္ခသဏ္ဍာန်ရှိသောမျက်နှာသည် ပိုမိုရှင်းလင်းလာလေသည်။ထိုဖြစ်စဉ်အတွင်း ကောင်းမင်မျက်လုံးထဲရှိ ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားခဲ့သည်။သူ မအိပ်စက်ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း သူ့စိတ်ဝိဉာည်သည် အလွန်းလန်းဆန်းနေလေသည်။

"သရဲက အဲ့ဒီအရာတွေကို စုပ်ယူတဲ့အချိန်မှာ ငါလည်း အကျိုးအမြတ်တချို့ ရလိမ့်မယ် ၊ ဒါက ကောင်းမွန်တဲ့ ရှာဖွေတွေ့ရှိမှုပဲ "

ကောင်းမင်၏လက်ရှိ ရည်ရွယ်ချက်သည် စီတုအန်းကိုသတ်ဖြတ်ပြီး အရှေ့ပိုင်းမြို့တော်စုံစမ်းစစ်ဆေးရေးဌာနကို ဖြေရှင်းရန်ဖြစ်ပေသည်။သို့သော်လည်း သူ့တွင် ပိုကြာရှည်နိုင်မည့် ပန်းတိုင်ရှိသည်။ဥမင်ထဲမှ ထိုလူစိမ်း၏မျက်နှာကို မြင်နိုင်ရန်နှင့် အဆုံးမရှိစက်ဝန်းကို အဆုံးသတ်ရန်ဖြစ်သည်။

‌ထိုသေဆုံးခြင်းမှတ်ဉာဏ်အားလုံးကို သယ်ဆောင်ထားရခြင်းသည် အလွန်နာကျင်စေသော အရာဖြစ်သည်။ကောင်းမင် မျက်လုံးများကို မှိတ်လိုက်ပြီး သေဆုံးနေသော သူ့ကိုယ်တိုင်များကို ပြန်မြင်နေရသည်။ဒါဟာ သူ မမြင်နိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်သည်။သယ်ဆောင်ထားရခြင်းသည် အလွန်နာကျင်စေသော အရာဖြစ်သည်။ကောင်းမင် မျက်လုံးများကို မှိတ်လိုက်ပြီး သေဆုံးနေသော သူ့ကိုယ်တိုင်များကို ပြန်မြင်နေရသည်။ဒါဟာ သူ မမြင်နိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်သည်။

နောက်ဆုံးသွေးစက် စီးဝင်ပြီးနောက် ပုလ္လင်ပေါ်ရှိရုပ်တုသည် အပိုင်းပိုင်းကွဲကြေသွားသည်။အရိပ်ရိပ်များသည်ကောင်းမင်ကို ငြင်းဆန်ရန် စုဝေးလာကြပြီး သူ့ကို မောင်းထုတ်ချင်နေကြသည်။အရိပ်များသည် ရေလှိုင်းများကဲ့သို့ လျော့ပါးသွားကြပြန်သည်။အချိန်တစ်ချို့ကြာပြီးနောက် ကောင်းမင်၊ ဝမ်ကျီနှင့် တမြောင်မြောင်အော်နေသော ဖကိုင်တို့သာ ဘိုးဘေးခန်းမထဲမှ ထွက်ခွာလာကြသည်။အစောပိုင်းတွင် ကောင်းမင်၏နှလုံးထဲမှ လက်ရှစ်ချောင်း တွားသွားသောအခါ ဖကိုင်သည် အကောင်းဆုံးအနေအထားကို တွေ့ရှိခဲ့ပြီး ထိုအချိန်အထိ သေဆုံးနေသည့်ဟန်ဖြစ်နေခဲ့သည်။

"မင်းပဲ ငါ့နောက်လိုက်ချင်နေတာလေ ၊ အခုတော့ နောင်တရနေပြီလား "

ကောင်းမင်က ဖကိုင်၏ခေါင်းကို ပွတ်လိုက်သည်။အနှီကြောင်သည် ကြောက်ရွံ့‌ခြင်းကြောင့် ‌အလေးချိန်မရှိတော့သည်ဟန် ဖြစ်နေ၏။နောက်ဆုံးအရိပ်ပျောက်ကွယ်သွားသောအခါ ပုလ္လင်ပေါ်တွင် လူသေဓာတ်ပုံတစ်ပုံ ကျန်ရစ်ခဲ့သည်။ပြတင်းပေါက်မှတဆင့် တစ်ယောက်ယောက်က အခန်းထဲတွင်ကစားနေကြသော ယွမ်ယွမ်၊ရှန်ရှန်၊ ခိုးကြောင်ခိုးဝှက်လုပ်နေသောအန်တီအလုပ်များသူ၊ ကလေးများကို ချီပိုးထားသောကျိုးကျီ နှင့် အခြားအရိပ်နက်အနည်းငယ်ကို မြင်နိုင်ပေသည်။

"အဘွားရှန်းက ငါ့ကို မကူညီနိုင်ဘူးလို့ မပြောခဲ့တာလား "

ကောင်းမင်က ဓာတ်ပုံလှည့်ကြည့်လိုက်သည်။ ထပ်တူညီစွာပင် နောက်ကျော၌ ကလေးလက်ရေးတစ်ခု ရှိလေသည်။

"အဘွားရှန်း၏ဓာတ်ပုံ -

အဘွားရှန်းက သူနဲ့ငါအပါအဝင် ဒီအဆောက်အဦးထဲက ဘယ်သူမှကမှ သာမန်မဟုတ်ဘူးလို့ပြောခဲ့တယ် "

အကယ်၍ လူတစ်ယောက်သည် စီစွေ့အိမ်ရာကိုလေ့ကျင့်ပေးလိုက်ပါက လွယ်ကူစွာပင် အဆင့်၄ မူမမှန်ဖြစ်ရပ်တစ်ခု ဖြစ်လာလိမ့်မည်။သေချာသည်က ထိုသို့ အလွန်ရူးသွပ်သောအရာတစ်ခုကို ကောင်းမင်လုပ်လိမ့်မည် မဟုတ်ချေ။

"ငါအခု လွယ်ကူတဲ့ခြောက်ခြားဂိမ်းတွေကို လုပ်နိုင်နေပြီ "

ကောင်းမင်သည် ဥမင်လိုဏ်ခေါင်းမှ ထွက်ခဲ့ပြီးနောက် ၎င်းကို စမ်းကြည့်ရန် ရည်ရွယ်ထားခဲ့သည်။သူသည် အရင်က သာမန်လူတစ်ယောက်အား ခြောက်ခြားဂိမ်းထဲသို့ ဆွဲမထည့်ဖူးခဲ့ချေ။သူက ထိုအရာကို ရှောင်ကျဉ်ခဲ့လေသည်။သို့သော် များစွာသောသူ့သေဆုံးခြင်းများကိုမြင်ခဲ့ရပြီးနောက် ထပ်မံ၍ တစ်သီးတစ်သန့်ဆန်တော့မည် မဟုတ်ပေ။

"သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ "

စီစွေ့အိမ်ရာမှ ထွက်ခွာလာပြီးနောက် ကောင်းမင်သည် မြေအောက်လက်ဝှေ့ကွင်းသို့ ထပ်မံရောက်လာခဲ့သည်။သူက တာဝန်ခံနှင့်တွေ့ဆုံ၍ သူ့ဖုန်းနံပါတ်ကို ပေးထားခဲ့သည်။သူသည် ယန်ဟွာနှင့် သူ့အစ်မကို ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ယန်ဟွာသည် ထပ်မံမတည်ရှိတော့သော်လည်း ကောင်းမင်က ယန်ဟွာအပေါ်ပေးထားခဲ့သောကတိကို ဘယ်တော့မှ မေ့လိမ်မည်မဟုတ်ချေ။သူသည် သူ့အစ်မကိုရှာတွေ့ရန် ကူညီမည်ဖြစ်သည်။

ကောင်းမင်က တက္ကစီတစ်စီး တားလိုက်သည်။သူက ဘောပင်နှင့်စာရွက်ထုတ်ပြီး ဝမ်ကျီကို ပေးလိုက်သည်။

"အစ်ကိုတို့မှာ ဘဝတစ်ခုပဲရှိတယ် ၊ မင်းလိုချင်တာ အားလုံးချရေးလိုက်ပါ ၊ အစ်ကို ဒါတွေလုပ်ဖို့ မင်းကို ကူညီပေးမယ် "

ဝမ်ကျီက ကောင်းမင်ကို ကြည့်လိုက်ပြီး ဘောပင်ကို ကောက်ကိုင်လိုက်သည်။အချိန်တစ်ချို့ကြာပြီးနောက် ဆန္ဒတစ်ခုကို သူရေးလိုက်သည်။

"ကျွန်တော် ရေခဲမုန့်စားချင်တယ် "

"အိုကေ ၊ အခု အစ်ကိုတို့ ရေခဲမုန့်နှစ်ခုသွားဝယ်ကြမယ် ! "

(ဒီလောက်မိုးရွာနေတာကို )

ကောင်းမင်က သဘောထားကြီးစွာဖြင့် ဝမ်ကျီအားဆယ်ယွမ်ပေးလိုက်သည်။

"တခြား မင်းလိုချင်တာတွေ ချရေးပါဦး ၊ အစ်ကိုတို့မှာ ပျော်စရာဘဝတစ်ခုရှိနေပြီလေ! "

"ကျွန်တော် ပင်လယ်ကြီးကို မြင်ချင်တယ်! "

"မနက်ဖြန် ပင်လယ်ကြီးကို ကြည့်ဖို့သွားကြမယ်! ၊ တောင်ပိုင်းသင်္ဘောဆိပ်က ဒီနေရာနဲ့ နီးနီးလေးပဲ ! "

ကောင်းမင်က ဝမ်ကျီ့ ပုခုံးကို ပုတ်လိုက်သည်။

"တုန့်ဆိုင်းမနေနဲ့ ၊ အကုန်သာ ချရေးပစ်လိုက် ! ပြီးရင် အစ်ကိုတို့ အဲ့တာတွေ သွားလုပ်ကြမယ် ! "

"ကျွန်တော် အနိုင်ကျင့်ခံရတာ မလိုချင်တော့ဘူး ! "

"ပြဿနာမရှိဘူး ! ယန်ဟွာရဲ့ လေ့ကျင့်ခန်းနည်းစနစ်တွေကို အစ်ကိုပြင်ဆင်ပေးမယ် ပြီးရင် အတူတူလေ့ကျင့်ကြမယ် ! "

"ကျွန် ...ကျွန်တော် ချစ်ကြည့်ချင်တယ် "

ဝမ်ကျီသည် ကောင်းမင်နှင့် အချိန်ကောင်းတစ်ခု ရနေလေသည်။သူသည် စကားပင် သိပ်မထစ်တော့ချေ။

"မင်းက လူမှန်ဆီရောက်လာတာပဲကွ ၊ ဒိတ်တင်းဆင်းတွေကို အစ်ကိုစလုပ်နေပြီ ၊ ရက်အနည်းငယ်အတွင်း အစ်ကို မင်းအတွက် ရိုမန့်ဂိမ်းတစ်ခု လုပ်ပေးမယ် "

ကောင်းမင်သည် ဝမ်ကျီအား သူလုပ်နိုင်သလောက် ကူညီပေးချင်သည်။သူ့မှတ်ဉာဏ်များတွင် ဝမ်ကျီသည် အလွန်ခံစားခဲ့ရသူဖြစ်သည်။

သူတို့သည် ဘာဘီကြူး ညစာစားလိုက်ကြပြီးနောက် လီကျင်းအိမ်ရာသို့ ပြန်လာကြသည်။

ကောင်းမင်က ကျောက်ရှီကို ခေါ်လိုက်သည်။သူသည် ကျောက်ရှီအား အဆောက်အဦး ၂ ကိုစစ်ဆေးရန် ပြောလိုက်သည်။

ကောင်းမင်သည် လက်တော့နှင့်အတူ လသာဆောင်တွင် ထိုင်လိုက်သည်။ကောင်းမင်သည် ရွှမ်ဝမ်အတွက် ခြောက်ခြားဂိမ်းတစ်ခု စတင်ဒီဇိုင်း လုပ်တော့သည်။သူ၏ များစွာသော သေခြင်းများကို အခြေခံ၍ ရွှမ်ဝမ်သည် အရံဇာတ်ကောင်မဟုတ်တော့ပါ။ သူမသည် လူတစ်ယောက်ကို စောင့်ဆိုင်းနေသကဲ့သို့ အမြဲတမ်းပင် ဥမင်ထဲသို့ ပထမဆုံးရောက်လာသူဖြစ်သည်။နေဝင်ပြီးခါစ အချိန်တွင် ကောင်းမင်သည် ကျောက်ရှီထံမှ မက်ဆေ့ရလိုက်သည်။အရာအားလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

"ခြောက်ခြားဇာတ်လမ်းကို စီတုအန်းအတွက် ပြီးပြည့်စုံဖို့ ရည်မှန်းထားတာ ၊ အစမ်းကိုတော့ မင်းတို့ကောင်တွေနဲ့ပဲ စလိုက်တာပေါ့ "

ကောင်းမင်က လက်တော့ကို ပိတ်လိုက်သည်။သူ့ပြတင်းပေါက်အပြင်ဘက်မှ အဆောက်အဦး ၂ ကိုကြည့်လိုက်သည်။သူ့မျက်လုံးထဲတွင် သနားကရုဏာများ ရှိမနေချေ။

ဥမင်ထဲတွင် ကျိုးပဲ့နေသော အလောင်းတစ်လောင်းရှိလေသည်။ကောင်းမင်သည် သူ့သေခြင်းမှတ်ဉာဏ်ကို ကြည့်ရှုရန် သားစားကြူးနတ်၏စွမ်းအားကို အသုံးပြုခဲ့သည်။

ဥမင်ထဲကထွက်လာပြီး လေးပတ်မြောက်တွင် ဖြစ်ရပ်ဆိုးသည် ကျဆင်းလာခဲ့သည်။ကောင်းမင်သည် လူတိုင်းလူတိုင်းကို စုစည်းခဲ့ပြီး အိမ်ငှားအားလုံးကို ကူညီရန်ကြိုးစားခဲ့သည်။အဆုံးသတ်တွင် သူသည် လီကျင်းအိမ်ရာ အဆောက်အဦး၂ မှ အိမ်ငှားများ၏ သစ္စာဖောက်ခြင်းခံခဲ့ရသည်။သူတို့သည် ကောင်းမင်အား သရဲများထံ ရောင်းစားလိုက်ကြသည်။

"ခန္ဓာကိုယ်ကို အပိုင်းပိုင်းဆွဲဆုတ်ခံရတဲ့ နာကျင်မှုကို ငါလည်း မေ့ပစ်ချင်ပါတယ် ၊ ဒါပေမယ့် ငါဒါကို မမေ့နိုင်ဘူးကွ ! "

All Chapters