ချောက်နက်
Vol. 5 Ch. 73
"အနာဂတ် အနာဂတ်တိုင်းဟာ မတူညီပေမယ့် သူတို့အားလုံးက ငါ့အတွက် စိတ်ပျက်အားငယ်မှုတွေကနေ စိတ်ပျက်အားငယ်မှုဆီ တွန်းပို့နေတဲ့ နာကျင်စရာတွေပဲ ၊ အဆုံးသတ်ကို ဆုံးဖြတ်ထားကတည်းက ငါ့ပန်းတိုင်မရောက်ခင် ဘယ်သူတွေက ငါ့ကို ချောက်နက်ကြီးထဲ တွန်းပို့ချင်နေသလဲဆိုတာကို ငါဂရုစိုက်မှ ရမယ် "
ကောင်းမင်သည် ဂိမ်းဒီဇိုင်းမူကြမ်းကို ဝေတယိုထံ လွှဲပေးလိုက်သည်။သူသည် အနောက်ဘက်သို့ဝင်သွားသော နေမင်းကြီးကို ကြည့်လိုက်သည်။ညရောက်လာချေပြီ။ကောင်းမင်သည် ဝမ်ကျီကို အကြောင်းအရာအနည်းငယ်ပြောဆိုလိုက်ပြီး အနက်ရောင်ထီးတစ်ချောင်းဖြင့်ထွက်လာခဲ့သည်။ဟောင်နွမ်းနေသည့် စောင့်ကြည့်ကင်မရာများကို ရှောင်ရှား၍ ကောင်းမင်သည် အဆောက်အဦး ၂ ထဲဝင်လာခဲ့သည်။
သူသည် ဝင်ပေါက်တွင် ရပ်လိုက်ပြီး ရုပ်ဆိုးဆိုးအရုပ်ပုံရှိသည့် လူသေဓာတ်ပုံကို ထုတ်လိုက်သည်။ကောင်းမင်သည် အန်းအန်းထံမှ ဓာတ်ပုံကို မည်သို့နိူးဆွရမည်ကို သိခဲ့သည်။သူသည် ဓာတ်ပုံကို ကြည့်လိုက်ပြီး ဓာတ်ပုံထဲမှာ ရုပ်ဆိုးဆိုးအရုပ်ထွက်လာသည်အထိ သူ့ကိုယ်သူ အကြောက်တရားများခံစားမိစေရန် ခံစားသက်ဝင်လိုက်သည်။
အရိပ်သည် တအိအိလှိုင်းထလာ၏။ကောင်းမင်၏ ပထမဆုံးဂိမ်းသည် စတင်ခဲ့ပြီဖြစ်သည်။အလင်းရောင်များ ထွက်ခွာသွားကြသည်။တံခါးရွက်များသည် သွေးများစိမ့်ထွက်လာပုံရသည်။အရာရာတိုင်းသည် အကြောက်တရားကို နိုးဆွနိုင်လေသည်။အခြားကမ္ဘာမှ အရိပ်သည် နေရာအနှံ့တွားသွားထွက်လာသည်။၎င်းသည် အဆောက်အဦး၂ ထဲမှ အိမ်ငှားများ၏အခန်းထဲ တွားဝင်သွားခဲ့သည်။
"ဒီအကြောက်ရောဂါဓာတ်ပုံထဲက အရိပ်က အကန့်အသန့်ရှိတယ် ၊ အခုတော့ အရိပ်ကလေးလွှာလောက်ပဲ ဖုံးလွှမ်းနိုင်သေးတယ်..."
ပုံတစ်ပုံချင်းစီကို ယဇ်ပူဇော်ခြင်းအားဖြင့် သန်မာစေနိုင်သော်လည်း ကောင်းမင်တွင် ထိုသို့လုပ်ရန် အစီအစဉ်မရှိချေ။ကောင်းမင်သည် လှေကားထစ်များပေါ်တက်လာခဲ့သည်။အရာအားလုံး တိတ်ဆိတ်နေပေသည်။သူက စီစွေ့အိမ်ရာ ဓာတ်ပုံကို ထုတ်လိုက်သည်။သူသည် ဓာတ်ပုံတွင်းမှ အဘွားရှန်းနှင့်ဆက်သွယ်ရန်ကြိုးစားလိုက်သော်လည်း တုန့်ပြန်မှုမရှိချေ။အဆုံးတွင် သားစားကြူးနတ်၏တည်ရှိမှုကို ဓာတ်ပုံထဲသွင်းလိုက်သည့်အခါ တုန့်ပြန်မှုရလာ၏။
ဓာတ်ပုံထဲမှ အန်တီအလုပ်များသူတစ်ယောက်တည်း ထွက်လာ၏။သူမသည် ဆင့်ခေါ်ခံရသည်ဟု ပြောမည့်အစား သူမသည် တစ်ချက်ထွက်လာပြီး စပ်စုချင်နေသည့်ဟန် ရှိသည်။အရိပ်သည် ဆက်လက်ပြန့်နှံ့နေသည်။ကောင်းမင်သည် လူသေဓာတ်ပုံနှစ်ပုံကို သုံး၍ အဆောက်အဦး ၂ တစ်ခုလုံးကို အရိပ်လောကထဲ ဆွဲသွင်းလိုက်သည်။
"အစ်မကြီး ၊ ကျုပ်အကူအညီတစ်ခု လိုနေတယ် "
ကောင်းမင်က ချိုချိုသာသာပြောလိုက်သည်။
"ခင်ဗျား ဒီမှာ သွားလာချင်ရုံပဲလား ၊ ခင်ဗျား အိမ်နီးချင်းတွေနဲ့ တွေ့ချင်လား ၊ခင်ဗျား တချို့မိဘတွေကို မပြင်ဆင်ပေးသင့်ဘူးလား "
အန်တီအလုပ်များသူသည် လှည့်ပတ်နေ၏။သူမသည် အရာအားလုံးကို စပ်စုတတ်သော်လည်း လူဆိုးတစ်ယောက်မဟုတ်ပေ။
"အခုတော့ ခင်ဗျားကို ကျုပ် ပထမအလွှာမှာ နေစေချင်တယ် ၊ နောက်မှ ကျုပ်ပြောတဲ့အတိုင်း လိုက်ပေါ့ "
ကောင်းမင်သည် သူ့အစီအစဉ်တစ်ခုလုံးကို မရှင်းပြနိုင်မှီ အန်တီအလုပ်များသူနှင့်ဆက်သွယ်ရန် အချိန်အတော်ကြာကြာယူလိုက်ရသည်။အမှားအယွင်းမရှိကြောင်း သေချာပြီးနောက် ကောင်းမင်သည် သူ့နှလုံးကို ထိလိုက်သည်။ထိုအရာသည် သားစားကြူးနတ်အား သူ့နှလုံးခန်းမှထွက်လာစေရန် ကောင်းမင်အတွက် ပထမဆုံးကြိုးစားခြင်းဖြစ်သည်။
ဧရာမခန္ဓာကိုယ်ကြီးသည် ကြောက်မက်ဖွယ်ရာဖြစ်တည်မှုတစ်ခုကို သယ်ဆောင်ထားသည်။လူအများသည် သူ့ဖြစ်တည်မှုကို ကြောက်ရွံ့ကြလိမ့်မည်ဖြစ်သည်။ကောင်းမင်ထံမှ သားစားကြူးနတ်ထွက်သွားသည်နှင့် သူ့နှလုံးသည် ဗလာဖြစ်သွားသလိုခံစားလိုက်ရသည်။
မောပန်းခြင်း ၊ နာကျင်ခြင်းနှင့် အမျိုးမျိုးမျိုးသော အဆိုးမြင်ခံစားချက်များသည် သူ့စိတ်ထဲ ထွက်ပေါ်လာကြသည်။
"ငါတို့က တစ်ယောက်ထဲပဲ ၊ အကြာကြီးခွဲနေဖို့က သိပ်မကောင်းဘူး "
များပြားလာသော အဆိုးမြင်ခံစားချက်များကို လျစ်လျူပြီး ကောင်းမင်က ငါးလွှာသို့ ပြေးသွားလိုက်သည်။သူက အန်းအန်း ကိုရှာတွေ့ပြီး သူနဲ့အတူ ဇာတ်လိုက်ဂိမ်းတစ်ခု ကစားချင်ခဲ့သည်။ဆယ်မိနစ်ခန့်ကြာပြီးနောက် အဆောက်အဦးအတွင်းမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ တံခါးပွင့်သွားပြီး လူတစ်ယောက်က ကော်ရစ်ဒါအောက်ပြေးဆင်းလာ၏။ တိတ်ဆိတ်နေမှုသည် ပျက်စီးသွားသည်။ခြေသံများ ၊ တံခါးခေါက်သံများနှင့် အော်ဟစ်သံများသည် အဆောက်အဦးတစ်ခုလုံး ပဲ့တင်ထပ်နေသည်။
"ကြည့်ရတာ တစ်ယောက်ယောက်တော့ အကြောက်ရောဂါ ကူးသွားပြီထင်တယ် "
မကြာမီတွင် ကျောက်ရှီ၏အခန်းတံခါးကို လူတစ်ယောက် လာခေါက်သည်။လူရိုးကြီး ကျောက်ရှီက တံခါးဖွင့်ပေးလိုက်သည်။သူ့ခယ်မ လီလီသည် သူမကလေးကိုချီလျက် ကျောက်ရှီ၏မွေးစားမိခင် ကျောက်ယွမ်နှင့်အတူ တံခါးဝတွင် ရပ်နေလေသည်။သူတို့သည် သရဲတစ်ကောင်တွေ့ခဲ့ရပုံပေါ်သည်။
"ကျောက်ရှီ ! အဆောက်အဦးက သရဲခြောက်နေတယ်! "
ကျောက်ယွမ်၏နူတ်ခမ်းများက ဖြူဖျော့နေ၏။
"ငါ နင့်ညီလေးကို မြင်ခဲ့တယ် ၊ ဒါပေမယ့် သူ့ခန္ဓာကိုယ်က လမ်းလျှောက်လိုက်ရင် သွေးတွေထွက်နေတာ ၊ သူက သူ့ကို ဘာလို့ မကယ်ခဲ့တာလဲလို့ မေးနေတာ ပြီးတော့ သူ့မျက်နှာကနေ အသားတွေ ကွာကျလာတယ် "
ကျောက်ရှီသည်လည်း ကြောက်ရွံ့သွားလေ၏။သူ့ဘေးတွင်ရှိသော ကောင်းမင်သည် အလွန်တည်ငြိမ်နေသည်။အကြောက်ရောဂါသည် လူတစ်ယောက်၏ အကြောက်ရွံ့ဆုံးအရာကိုသာ ပြသလိမ့်မည်ဖြစ်သည်။
"နင့်အမေရဲ့ စကားကို နားမထောင်နဲ့ ! နင့်ညီက အသိစိတ်လွတ်နေတာ ၊ သူက ထောင်ကနေ ဓားတစ်ချောင်းနဲ့ ထွက်ပြေးလာတာ ၊ သူက အခု ကော်ရစ်ဒါမှာပဲ ၊ သူက ငါနဲ့ ငါ့ကလေးကို သတ်မယ်လို့ ပြောနေတာ! "
လီလီက အော်ဟစ်ပြောဆိုလိုက်သည်။
အကြောက်ရောဂါသည် ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။အိမ်ငှားများသည် ကူးစက်ခံလိုက်ရသည်။အပေါ်ထပ်တွင် လူများပြေးလွှားနေကြ၏။သူတို့သည် ငါးလွှာတွင် စုဝေးလာကြလေသည်။
"ပထမထပ်မှာ ဘာတွေဖြစ်နေတာလဲ ၊ ငါ့တံခါးဝမှာ သုံးမီတာလောက်ရှိတဲ့ သရဲတစ်ကောင် ရပ်နေတာကွ ! "
အခန်း ၂၁၀၁မှ ဝမ်ကွေ့ရှန်းက ကျိန်ဆဲလိုက်သည်။
"ငါသာ ထွက်မပြေးခဲ့ရင် အခုသေနေလောက်ပြီ ! "
"ကားအက်ဆီးဒင့်နဲ့ဆုံးသွားတဲ့ ငါ့ကောင်မလေးလည်း ရုတ်တရက်ပြန်ရောက်လာတယ်ကွ ၊ သူက မီးဖိုချောင်ထဲမှာ သူ့ဆံပင်တွေကို ချက်နေတာ ! "
အခန်း ၂၄၀၈မှ ဖန်ရှုကျီက အော်ဟစ်လိုက်သည်။
"သေသွားတဲ့ ငါ့မိသားစုကလည်း သူတို့အတွက် ပိုက်ဆံစက္ကူတွေ မီးမရှို့ပေးလို့ဆိုပြီး ငါ့တံခါးကိုခေါက်ပြီး ငါ့ကို အော်ခေါ်နေကြတယ် "
အခန်း ၂၂၀၃မှ ရှောင်ချိုးသည် တုန်ယင်နေ၏။
"ဆာလောင်တစ္ဆေပွဲတော်က ပြီးသွားပြီလေ! ဘာလို့ သူတို့ ပြန်လာနေသေးတာလဲ "
"မင်းသာ ဘာမှမလုပ်ခဲ့ရင် မင်းတအား ကြောက်စရာမလိုဘူး "
အန်းအန်းက သူ့အသက်ရှူသံအောက်တွင် ခပ်တိုးတိုးပြောလိုက်သော်လည်း လူကြီးများက ကြားလိုက်ရသည်။
"မင်းဘယ်သူလဲ ၊ မင်း ဒီမှာ မနေပါဘူး ! "
ဝမ်ကွေ့ရှန်းက ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။
"ပထမထပ်က ဧရာမသရဲက မင်းနဲ့ ပတ်သက်နေတာလား "
"ကျုပ်က စိတ်ဆရာဝန်ပဲ ၊ အစ်ကိုကျောက်ကို ကူညီပေးဖို့ ဒီကိုရောက်နေတာ "
ကောင်းမင်က အန်းအန်းကို ချီလိုက်သည်။
"ဘာသရဲကိုမှ ကျုပ်တို့မသိဘူး ၊ ခင်ဗျား ရူးနေတာလား "
"နင့်မှာ စိတ်ဆရာဝန်ငှားဖို့တောင် ပိုက်ဆံရှိတယ်ပေါ့ ! "
လီလီက ကျောက်ရှီကို မုန်းတီးစွာကြည့်လိုက်ပြီး
"ဘယ်လောက်တောင် ဖြုန်းတီးလိုက်လဲ! "
ကျောက်ရှီသည် ကျိန်ဆဲခံရခြင်းကို အသားကျနေပြီဖြစ်သည်။
"ဒါက မင်းတို့နှစ်ယောက်ရောက်လာပြီးမှ ဖြစ်တာလား ! "
ဝမ်ကွေ့ရှန်းသည် ကျောက်ရှီနှင့်ကောင်းမင်မပါပဲ အိမ်နီးချင်းများကို ဘေးခေါ်၍ တစ်ခုခုကို ဆွေးနွေးနေကြလေသည်။ဝမ်ကွေ့ရှန်းသည် သူနှင့်အန်းအန်းကို ပစ်မှတ်ထားနေကြောင်း သူသိနေခဲ့၏။ထိုအရာသည် ဂိမ်း၏အစိတ်အပိုင်းများဖြစ်သည်။သူက သားစားကြူးနတ်ကို လွှတ်ပေးပြီးနောက် ပထမထပ်နှင့်ဒုတိယထပ်ကြားရှိ လှေကားထစ်နံရံတွင် သွေးမက်ဆေ့တစ်ခု ချန်ထားခဲ့သည်။
"သက်ရှိလူတစ်ယောက်ကို ငါ့ဆီယဇ်ပူဇော်ပါ ၊ သက်ရှိလူတစ်ယောက် ထွက်သွားနိုင်မယ် "
ပထမထပ်တွင်နေသော ဝမ်ကွေ့ရှီနှင့် ဒုတိယထပ်တွင်နေသော ရှောင်ချိုးတို့သည် ထိုစာကို မြင်ခဲ့ကြရသည်။သူတို့သည် ကောင်းမင်နှင့်အန်းအန်းကို ယဇ်ကောင်များအဖြစ်သုံးချင်နေလေသည်။အကြောက်ရောဂါ၏ လွှမ်းမိုးမှုအောက်တွင် လူတိုင်းသည် သူတို့၏သဘာဝအစစ်များကိူ ထုတ်ပြလာကြသည်။
အသက်ရှင်ချင်သော ဝမ်ကွေ့ရှန်းသည် ကောင်းမင်နှင့်အန်းအန်းတို့၏အသက်ကို ဂရုမစိုက်ပေ။ ကောင်းမင်ကြောင့် ကျောက်ရှီသည်လည်း အလိုတူအလိုပါသတ်မှတ်ခံနေရသည်။ကြောက်စရာအကောင်းဆုံးအရာမှာ သူ့မွေးစားမိခင်နှင့် သူခယ်မသည် သူ့အား ဘာတစ်ခုမှ မပြောပြခြင်းပင်။
ဆွေးနွေးပွဲပြီးသည့်နောက် ဝမ်ကွေ့ရှန်းသည် ကိုယ်စားလှယ်အဖြစ် ကောင်းမင်နှင့်ကျောက်ရှီထံ လျှောက်လာ၏။
"ငါတို့ဒီမှာနေခဲ့တာ ဆယ်စုနှစ်ကျော်ပြီ ၊ ဘာတစ်ခုမှ မဖြစ်ပျက်ခဲ့ဘူး ၊ မင်းတို့ရောက်လာမှသာ ဒါက ဖြစ်သွားတာပဲ ၊ မင်းသာ သူနဲ့ဘာမှ ပတ်သက်မှုမရှိဘူးဆိုရင် ဧရာမသရဲကြီးကို တိုက်ခိုက်ဖို့ ငါတို့နဲ့ လိုက်လာလိုက် "
"မင်းကြောက်နေလို့လား "
ကောင်းမင်သည် အမှန်တကယ်တည်ငြိမ်နေ၏။သူသည် ထိုလူများကို အခွင့်အရေးတစ်ခု ပေးချင်ခဲ့သည်။သူတို့သည် ကောင်းမင်နှင့်အတူ ရပ်တည်ရန်ဆန္ဒရှိပါက သူတို့အားလုံး အသက်ချမ်းသာရမည်ဖြစ်သည်။
"ဘာကို ကြောက်ရမှာလဲ ၊ ငါတို့ လွတ်မြောက်ရမယ် "
ဝမ်ကွေ့ရှန်း၏ မျက်လုံးများက ပြူးကျယ်လာသည်။
"သရဲတွေက မင်းကြောင့်ရောက်လာတာဆိုတော့ မင်းရှေ့ကသွား "
ကျောက်ရှီက သူသည် ကောင်းမင်နှင့်ငြိစွန်းနေကြောင်း ခံစားမိသဖြင့် တစ်ခုခုပြောရင်ပြင်လိုက်သော်လည်း သူ့အား ကောင်းမင်က တားဆီးလိုက်သည်။ကောင်းမင်က ကျောက်ရှီဘက် လှည့်လိုက်ပြီး
"ကျုပ်ကတော့ ကိစ္စမရှိပါဘူး ၊ ဒါပေမယ့် ကျောက်ရှီက ဒီမှာနေနေတာ အရမ်းကြာနေပြီလေ ၊ သူက ခင်ဗျားကိုတောင် မကြာခဏကူညီပေးတတ်သေးတယ် ၊ ခင်ဗျား ကျုပ်ကို မယုံတာဖြစ်သင့်ပေမယ့် ကျောက်ရှီကိုတော့ သံသယမထားသင့်ဘူးမလား "
အခြားအိမ်နီးချင်းများက ဘာမှ မပြောကြပေ။သို့သော် ကျောက်ရှီမိသားစု၏ တိတ်ဆိတ်နေမှုက အသံကျယ်ကျယ်ပြောလာသည်။
"ကောင်းပြီ ၊ ကျုပ်တို့ရှေ့က သွားမယ် "
ကောင်းမင်က ကျောက်ရှီပုခုံးကို ပုတ်လိုက်သည်။ကျောက်ရှီပေါ်ရှိ သူ့အကြည့်သည် မဲမှောင်နေ၏။သရဲများထွက်ပေါ်လာသောအခါ တစ်ချိန်က သူကူညီခဲ့ဖူးသူများသည် သူ့အားပြန်မကူညီခဲ့ကြပေ။
အန်းအန်း၏လက်ကို ဆုပ်ကိုင်ရင်း ကောင်းမင်က ရှေ့ထွက်သွားသည်။ကျောက်ရှီက သူ့နောက်လိုက်လာသည်။ကျန်လူများက လုံခြုံရေးအတွက် သူတို့နှင့်အကွာအဝေးတစ်ခုခြား၍ လိုက်ပါလာကြသည်။ကောင်းမင်နှင့်ကျောက်ရှီသည် မကြာခင် ဒုတိယထပ်ထောင့်သို့ ရောက်လာကြသည်။သူတို့ရှေ့ဆက်သွားလိုက်ပြီးနောက်ဆုံးတွင် နံရံပေါ်ရှိ သွေးမက်ဆေ့ကို မြင်လိုက်ကြ၏။
ကျောက်ရှီသည် ချက်ချက်ပင် တစ်ခုခုမှားနေမှန်း သဘောပေါက်သွားသည်။သူက ကောင်းမင်ကို သတိပေးချင်သော်လည်း ထိုအချိန်တွင် သူတို့နောက်မှ လူတစ်ယောက်ပြေးဝင်လာလေ၏။
အိမ်နီးချင်းအမျိုးသားများသည် သူတို့ကို စောင့်နေခြင်းဖြစ်သည်။သူတို့သည် ကောင်းမင်နှင့်ကျောက်ရှီကို လှေကားထစ်များထံ တွန်းချရန် အတူတကွလုပ်ဆောင်လိုက်ကြသည်။သူတို့နှစ်ယောက်သည် ရုပ်တုကို ဝင်တိုက်မိသွားသည်။
"သူတို့က သင့်ရဲ့ယဇ်ကောင်တွေပဲ ! "
ဝမ်ကွေ့ရှန်းသည် ခုခံရန် ဘယ်တုန်းကမှ မစဉ်းစားခဲ့ပေ။သူသည် ရုပ်တုကို ကျော်၍ ပြေးလွှားလိုက်သည်။လူသားတွေက သရဲတွေကို ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ ။
ကောင်းမင်ထံ ယခင်ကသေခြင်းမှတ်ဉာဏ်က တစ်ဖန်ပေါ်ပေါက်လာ၏။သို့သော် သူသည် ယခုအကြိမ်တွင် နာကျင်ခြင်းကို မခံစားခဲ့ရပေ။
"မင်းတို့အသက်ရှင်ဖို့ အခွင့်အရေးနောက်တစ်ခု ငါပေးခဲ့တယ် ၊ မင်းတို့က ချောက်နက်ထဲကိုပဲ သဲသဲမဲမဲ ခုန်ချနေကြတာပဲ "