← Chapters

မျက်နှာများ

Vol. 5 Ch. 74

မျက်နှာများ

Vol. 5 Ch. 74

သွေးကြောများသည် ကောင်းမင်၏ခန္ဓာကိုယ်အား ဖောက်ဝင်သွားသည်။သူ့မှတ်ဉာဏ်ထဲမှာ နာကျင်မှုကို ခံစားလိုက်ရပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ထို့နောက် သူ့ခန္ဓာကိုယ်သည် ရုပ်တုနောက်တွင် လဲပြိုကျသွား၏။သူ့သွေးများသည် ရုပ်တုထဲသို့တစ်စက်ပြီး တစ်စက်စီးဝင်သွားသလို ခံစားလိုက်ရသည်။ထိုမြင်ကွင်းသည် အိမ်နီးချင်းများကို ကြောက်ရွံ့သွားစေခဲ့သည်။

ထို့နောက် သူတို့အား ပိုမိုထိတ်လန့်စေသော တစ်စုံတစ်ရာသည် ပိုမိုဖြစ်ပွားလာခဲ့သည်။ထိုအခိုက်အတန့်တွင် ပါးစပ်လေးခုရှိသော အမျိုးသမီးတစ်ယောက်က ပါးစပ်များကို ဟလိုက်သည်။သူမသည် တံခါးဖွင့်၍ ကျောက်ရှီအား အဆောက်အဦး၂ အပြင်ဘက်ပို့လိုက်သည်။

"တစ်ယောက်စတေးရင် အဆောက်အဦးအပြင်ဘက်နောက်တစ်ယောက် ထွက်သွားနိုင်မှာလား ! "

ဝမ်ကွေ့ရှန်းသည် ထိုအချင်းအရာကြောင့် အံ့အားသင့်သွားသည်။ သူသည်တွေဝေခြင်းမရှိပဲ အန်းအန်းကို ကောက်ချီလိုက်ပြီး လှေကားထစ်များထံ ပြေးဆင်းလိုက်သည်။

"ကျုပ် ဒီကလေးကို ယဇ်ပူဇော်ချင်တယ်! ၊ ကျုပ်ကို လွှတ်ပေးပါ! "

အကြောက်ရောဂါသည် သူ့အာရုံကြောတိုင်းကို ဖိနှိပ်ထားသည်။ဖိအားသည် ဝမ်ကွေ့ရှန်း၏ ဒူးများကို ပျော့ခွေနေခဲ့သည်။သူက အန်းအန်းကို ရုပ်တုထံ ပစ်ပေးလိုက်သည်။

သွေးလက်များက အန်းအန်းကို ဖမ်းလိုက်သည်။ရှင်ခြင်းသဏ္ဍာန်ပါဝင်သော မျက်နှာသည် သူ့အားစိုက်ကြည့်နေ၏။ကုန်းစီ၏ချုပ်ခံထားရသောပါးစပ်သည် ဖြည်းညင်းစွာ ပွင့်ဟလာသည်။

"မင်း....သေ....သင့်....တယ် "

အခြားလက်များက ဝမ်ကွေ့ရှီကို ဖမ်းဆုပ်လိုက်သည်။သူ့ခန္ဓာကိုယ်မှ အသားသည် စတင်နွမ်းခြောက်လာသည်။သူ့အော်ဟစ်သံသည် အဆောက်အဦးတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။အိမ်နီးချင်းအားလုံး၏မျက်နှာများသည် ဖြူဖျော့သွားကြသည်။ကြမ်းပြင်ပေါ်ရှိနေသော ကောင်းမင်က ဖြည်းညင်းစွာ မျက်လုံးတစ်လုံးဖွင့်လိုက်၏။သူက ကုန်းစီကို ထိန်းချုပ်နေခြင်း မရှိပေ။သားစားကြူးနတ်သည် သူ့သဘောအတိုင်းသာ အရာအားလုံးလုပ်ဆောင်နေခြင်းဖြစ်သည်။

အရိုးများ ကွဲကြေသွားသည်။ဝမ်ကွေ့ရှီ၏ တွန့်ကြေနေသော အလောင်းသည် ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။အန်တီအလုပ်များသူသည် အန်းအန်းကို အပြင်ဘက်လွှတ်ပေးလိုက်ပြီး တံခါးပိတ်လိုက်ကာ လက်ခုပ်တီးလိုက်သည်။သူမသည် လမ်းလျှောက်လာရင်း ပါးစပ်လေးခုလုံးပြုံးနေ၏။

"နင်တို့တွေဟာ ယဇ်ပူဇော်တာကို နှစ်ခါတောင်လုပ်ခဲ့ပြီးပြီ ၊ အခုငါတို့မှာ အပိုစည်းမျဉ်းအသစ်တစ်ခု ရှိလာပြီ ၊ ကျောက်ရှီက လွှတ်မြောက်သွားပေမယ့် သူဝေးဝေးမရောက်သေးဘူး ၊ နင်တို့တွေ သူကို့ ဒုတိယထပ်လသာဆောင်က ခေါ်လို့ရတယ် ၊ ဘယ်နည်းလမ်းဖြစ်ဖြစ် သုံးလို့ရတယ် ၊ နင်တို့ထဲက ဘယ်သူဖြစ်ဖြစ် သူ့ကို ပြန်လာအောင် လုပ်နိုင်ရန် နင်တို့ဟာ သူ့နေရာကို အစားထိုးပြီး လွတ်မြောက်နိုင်မယ် ၊ ဒါပြီးရင်တော့ ယဇ်‌ပူဇော်တဲ့နောက်တစ်ကျော့ သွားကြတာပေါ့ "

အန်တီအလုပ်များသူသည် ကောင်းမင်ပေးခဲ့သောအလုပ်ကို အလွန်ကြိုက်နေလေသည်။အဘယ်ကြောင့်ဆိုသော် လူတိုင်းက သူမစကားနားထောင်နေကြသောကြောင့်ဖြစ်သည်။

"ကျောက်ရှီက သူပြန်လာရင် အသတ်ခံရလိမ့်မယ် ၊ သူ့ကို ပြန်ခေါ်ခဲ့တဲ့ လူက လူသတ်သမားဖြစ်လာလိမ့်မယ် ၊ ဒါကြောင့်မို့ အဲ့ဒါကို နင်တို့ စဉ်းစားတာ ပိုကောင်းမယ် "

စည်းကမ်းအသစ်ထွက်ပေါ်လာပြီးနောက် လီလီသည် ဒုတိယလသာဆောင်သို့ ပထမဆုံးပြေးတက်သွားသူဖြစ်သည်။သူမသည် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ကျောက်ရှီ၏နာမည်ကို အော်ခေါ်လိုက်သည်။အိမ်နီးချင်းများကလည်း ပြတင်းပေါက်နား စုဝေးနေကြသည်။သူတိုသည် သူတို့၏ လိမ်ညာမှုကိုတောင် စည်းလုံးလိုက်ကြပြီး အဆောက်အဦးအပြင်ဘက်တွင် ပိုကြောက်စရာကောင်းသည်သရဲရှိကြောင်းပြောခဲ့ကြသည်။သူတို့သည် ထွက်ပေါက်အစစ်မှာ အဆောက်အဦးထဲရှိကြောင်း ပြောကြသည်။

အပြင်ဘက်တွင် ရှိနေသောကျောက်ရှီသည် လီလီ့အသံကို ကြားလိုက်သောအခါ ရပ်တန့်လိုက်ပြီး နောက်လှည့်ကြည့်လိုက်သည်။

"အစ်ကိုကြီး ! မသွားပါနဲ့ ! နင်ထွက်သွားရင် နင့်အမေနဲ့ငါတို့ ဘာဖြစ်သွားလိမ့်မလဲ "

လီလီသည် လက်ထပ်ပြီး ထိုမိသားစုကို ရောက်လာကတည်းက ပထမဆုံးအကြိမ်အဖြစ် ကျောက်ရှီအား သူမ၏အစ်ကိုကြီးဟု ခေါ်လိုက်ခြင်းဖြစ်သည်။

အခြားအိမ်နီးချင်းများကလည်း လသာဆောင်အပြင်ဘက်ပြေးထွက်လာပြီး အဆက်မပြတ်အော်ဟစ်နေကြတော့သည်။

"ပြန်လာခဲ့ ၊ သရဲတွေက အပြင်ဘက်မှာ ! မင်းပြန်မလာရင် မင်းသေသွားလိမ့်မယ် ! "

"ကျောက်ရှီ ! "

အပြင်ဘက်တွင်ရပ်နေနေရင်း ကြည့်ရှုနေသော ကျောက်ရှီသည် ထိုမျှ ရုပ်ပေါက်လှသော သူ့အိမ်နီးနားချင်းများကို အရင်က မမြင်ဖူးခဲ့ချေ။သူသည် ရိုးသားသူဖြစ်သော်လည်း တုံးအနေသည် မဟုတ်ပေ။ သူ့နှင့်ကောင်းမင်အား လှေကားဆီတွန်းချခံလိုက်ရချိန်တွင် သူ့နှလုံးသားထဲမှ တစ်စုံတစ်ရာသည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။သူ့ခန္ဓာကိုယ်မှ ဒဏ်ရာသည် ကုသရနိုင်သော်လည်း သူ့နှလုံးသားထဲမှအရာသည် ထိုသို့မဟုတ်ပေ။ကျောက်ရှီသည် အဆောက်အဦးထဲမှ လွတ်လာသော အန်းအန်းကို မြင်လိုက်သည်။သူသည် အန်းအန်းလက်ကို ဆွဲလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

"ကျောက်ရှီ ! "

လီလီသည် လသာဆောင်လက်ရမ်းကို ဆုပ်ကိုင်လိုက်သည်။သူမ၏အသံသည် ခြောက်ခြားတုန်လှုပ်နေသော်လည်း သူမသည် မည်သည့်အရာမှ မပြောင်းလဲနိုင်ချေ။

"မင်းခယ်မနဲ့ မင်းအမေကို မစတေးစေချင်ဘူးဆိုရင် အခုပြန်လာခဲ့စမ်း ! "

တိတ်ဆိတ်နေသော ဖန်ရှုကျီသည် ရုတ်တရက် လီလီ၏ဆံပင်ကို ဆောင့်ဆွဲလိုက်သည်။သူက အော်ဟစ်လိုက်သည်။

"သူတို့နှစ်ယောက်လုံး သေတာထက်ဆိုးတဲ့ ကံကြမ္မာရှိလာလိမ့်မယ်နော် ! "

ကျောက်ရှီပြန်လာရန်အတွက် အိမ်နီးချင်းများသည် အသိစိတ်လွတ်ကုန်ကြတော့သည်။အိမ်နီးချင်းအချို့သည် ကျောက်ရှီ၏မိခင်အား လသာဆောင်သို့ တွန်းလိုက်ကြသည်။ကျောက်ရှီ၏အသက်ကို မည်သူမှ ဂရုမစိုက်ကြချေ။လူသားဆန်မှုအနည်းငယ်ရှိနေသောလူသည် ကျောက်ရှီ၏မိခင်သာဖြစ်သည်။သူမသည် ဘာတစ်ခွန်းမှ ပြောဆိုခဲ့ခြင်းမရှိပေ။အကြောက်ရောဂါကူးစက်ခံရမှုကြောင့် အိမ်နီးချင်းများသည် အသိစိတ်လွတ်နေကြပြီဖြစ်သည်။သရဲများသည် သူတို့အားထိခိုက်စေခြင်းမရှိသော်လည်း သူတို့သည် ကျောက်ရှီမိခင်နှင့်လီလီအား စတင်ထိခိုက်နေကြပြီဖြစ်သည်။

"ကျောက်ရှီ ပြန်လာခဲ့ ! "

အန်တီအလုပ်များသူသည် ကျောက်ရှီပြန်လာပြီးနောက်မှသာ ယဇ်ပူဇော်ခြင်းကို ဆက်လုပ်နိုင်မည်ဟုပြောခဲ့သည်။အိမ်နီးချင်းများသည် ကောင်းမင်နှင့်ဝမ်ကွေ့ရှန်းတို့ ဘယ်လိုသေသွားသည်ကို မြင်ခဲ့ကြသည်။သူတို့သည် ကျောက်ရှီအသက်ရှက်လျက်ထွက်သွားသည်ကိုလည်း မနာလိုဖြစ်နေကြခြင်းဖြစ်သည်။

ပြတင်းပေါက်သံဇကာတွင် သွေးများတစ်စက်စက်စီးကျလာသည်။ကျောက်ရှီသည် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ရပ်တန့်လိုက်သည်။သူက အန်းအန်းကို ပြုံးပြလိုက်သည်။သူသည် သူ့အိတ်ထဲမှ စက္ကူဖားလေးကို ထုတ်လိုက်ပြီး အန်းအန်းကို ပေးလိုက်၏။နောက်ဆုံး သူသည် ပြန်လှည့်သွားလေ၏။

"ရပ်လိုက်! "

ကျောက်ရှီသည် ‌အဆောက်အဦး ၂ ထံ လှည့်လိုက်သည်။

"ငါ ပြန်လာနေပြီ ! "

အဆောက်အဦးအပြင်ဘက်မှ ကျောက်ရှီ၏အသံကို ကြားလိုက်သောအခါ ကောင်းမင်က ခေါင်းသာယမ်းလိုက်သည်။ထိုအရာသည် အိမ်နီးချင်းများအတွက် သူပေးခဲ့သော ဒုတိယအခွင့်အရေးဖြစ်သည်။သူတို့သည် ကျောက်ရှီကိုလွတ်ပေးဖို့ ဆန္ဒရှိခဲ့လျှင် သူက သူတို့အား အသက်ရှင်ဖို့အခွင့်အရေးပေးလိုက်မည်ဖြစ်သည်။ကျောက်ရှီသည် အဆောက်အဦး ၂ ထံ ပြန်လှည့်လာခဲ့သည်။အိမ်နီးချင်းများ၏မျက်လုံးများသည် နီရဲနေကြသည်။

အခန်း၂၄၀၉မှ ဖန်ရှုကျီသည် ချွန်ထက်သော ဖန်ကွဲစတစ်ခုကို ဆုပ်ကိုင်လိုက်ပြီး အခြားသူများကို သတိပေးဟန်ဖြင့်ကြည့်လိုက်သည်။ အခန်း ၂၅၀၁ မှ ဟွမ်မင်မင်နှင့် အခန်း၂၆၀၇မှ ကျားကျီတို့သည် အတူတကွရပ်လိုက်ကြသည်။ သူတို့သည် အဖွဲ့ငယ်တစ်ခုပုံစံ ဖြစ်နေခဲ့သည်။အကြောက်ရောဂါသည် ပိုမိုပြင်းထန်လာ၏။ပုံရိပ်ယောင်များက သူတို့နောက် ဆက်လက်လိုက်ပါနေကြသည်။သူတို့သည် အရူးများကဲ့သို့ လွတ်မြောက်ချင်နေကြသည်။

"ကြည့်ရတာ နောက်ထပ်စတေးမှုအသစ်က အသက်ရှင်သွားတဲ့ အရင်ကစတေးခံပြန်လာမှပဲ စမယ်ထင်တယ် "

ဖန်ရှုကျီက မောဟိုက်စွာ ပြောလိုက်သည်။

"ဒီကိစ္စမှာ ငါတို့က စတေးမှုအားလုံးကို တစ်ကြိမ်တည်းပဲ ရွေးချယ်နိုင်တယ် ၊ ငါတို့ ဒုက္ခအများအပြား သက်သာသွားလိမ့်မယ် "

"တခြားစကားနဲ့ပြောရင် အိမ်ငှားတစ်ဝက်က ထွက်သွားနိုင်ပြီး ကျန်တစ်ဝက်က သေလိမ့်မယ် "

သန်မာသောအိမ်ငှားများက စတင်စုဝေးလိုက်ကြသည်။ကျောက်ရှီ၏မိခင်နှင့်လီလီကဲ့သို့ လူများသည် စွန့်ပစ်ခံလိုက်ရလေသည်။လူများသည် သဘာဝအားဖြင့် စတေးခံဖြစ်လိုခြင်းမရှိပေ။နှုတ်ဖြင့် ငြင်းခုံခြင်းသည် တိုက်ခိုက်ခြင်းအဖြစ် ရောက်လာ၏။ပူနွေးသော သွေးများက လှေကားထစ်များအပေါ်စီးကျလာကုန်သည်။သားစားကြူးနတ်၏ရှင်ခြင်းသဏ္ဍာန်သည် ပိုထင်ရှားလာသည်။သူနှင့် ကောင်းမင်သည် အဆောက်အဦးအတွင်းမှ မြင်ကွင်းကို ကြည့်ရှုနေကြသည်။

တစ်ချိန်က ကောင်းမင်အား သရဲတစ္ဆေများဆီ စတေးခဲ့သည့် လူများသည် အချင်းချင်း ရန်ဖြစ်ကြတော့သည်။သူတို့သည် အတိတ်ကလိုပင် သရဲများကို ခုခံရန် ဘယ်တော့မှ မတွေးခဲ့ကြပေ။

လူသေများသည် စတေးမခံရနိုင်ပေ။ထို့ကြောင့် တိုက်ခိုက်ခြင်းမှ ပုန်းလျှိုးကွယ်လျှိုးဖြစ်လာကြသည်။လူသားများသည် လူသားများကို အမဲလိုက်နေကြသည်။ကောင်းမင်က ကြားဝင်ခြင်းမရှိပေ။သူသည် ကျောက်ရှီအား ထိုလူများ၏အစစ်အမှန်မျက်နှာများကို မြင်စေချင်ပြီး နောင်အနာဂတ်တွင် ထိုက်တန်သည့်လူများကိုသာ ကူညီပေးစေရန် မျှော်လင့်ထားခဲ့သည်။

ကြင်နာသနားခြင်းသည် ကမ္ဘာကြီးကို မကယ်တင်နိုင်ပေ။ငရဲမှ တွားထွက်လာနိုင်သူများသာလျှင် သူတို့၏ကောင်းကင်ဘုံကို မှန်ကန်စွာ တည်ဆောက်ရမည်ဖြစ်သည်။ထိပ်ဆုံးထပ်တွင် အိမ်ငှားများသည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်လျက်ရှိသည်။အကြောက်ရောဂါ ကူးစက်မခံရသူတစ်ဦး ထွက်ပေါ်လာသည်။အခန်း ၂၇၀၇မှ ယောင်ယွမ်ဖြစ်သည်။အငြိမ်းစားရဲသင်တန်းကျောင်းဆရာဖြစ်သူသည် မတိုက်ခိုက်ချင်ခဲ့ပေ။ သူသည် အားနည်းပြီး ဒဏ်ရာရသူတွေကို ကူညီဖို့ သူ့ကလပ်ကို ခေါ်လာခဲ့သော်လည်း သူသည်လည်း သူတို့၏စတေးခံတစ်ယောက်ဖြစ်နေမှန်းမသိခဲ့ပေ။

"ဒါကို အဆုံးသတ်ဖို့ အချိန်ကျပြီ "

သေဆုံးသွားသော အိမ်ငှားများသည် အရိပ်များအဖြစ်ပြောင်းလဲသွားကြသည်။သူတို့၏အသက်သည် နတ်ဘုရား၏စုပ်ယူခြင်းခံလိုက်ရသည်။ကောင်းမင်သည် အများအပြားပင် မလုပ်ခဲ့ချေ။သူသည် ရူးနေသောလူအုပ်ထဲမှ ကျောက်ရှီ ၊ ယောင်ယွမ် နှင့် ကျောက်ရှီ၏အမေကို ကယ်တင်လိုက်သည်။ ကောင်းမင်သည် သူ၏ပထမဆုံးခြောက်ခြားဂိမ်းမှ အများအပြားသင်ယူလိုက်ရသည်။

သားစားကြူးနတ်သည် သူ့နှလုံးခန်းထဲ ပြန်လည်ဝင်ရောက်သွားသောအခါ သူ့ခန္ဓာကိုယ်သည် ပိုသန်မာလာခဲ့သည်။ကောင်းမင်သည် မျက်နှာလေးခု အလုပ်လုပ်ပုံကိုလည်း အဖြေရှာခဲ့သည်။

ရှင်ခြင်းသဏ္ဍာန်သည် လူများ၏အသက်စွမ်းအားကို စုပ်ယူနိုင်သည်။

သေခြင်းသဏ္ဍာန်သည် သတ်ဖြတ်ခြင်းမှ ပိုမိုသန်မာလာနိုင်သည်။

ဆန္ဒသဏ္ဍာန်သည် လူများ၏လိုအင်ဆန္ဒကို ထုတ်ဖော်နိုင်သည်။

ကျောက်ရှီ၏မိခင်သည် သားစားကြူးနတ်ကို အမှန်တကယ်ယုံခဲ့သည့် တစ်ဦးတည်းသောလူဖြစ်သည်။သူမသည် အသက်ကြီးပြီဖြစ်၍ အားကိုးစရာလူမရှိပေ။သူမ၏မျှော်လင့်ချက်ကို နတ်ဘု‌ရားပေါ်တွင်သာ ထားခဲ့သည်။သူမ၏ခန္ဓာကိုယ်သည် စတင်သန္ဓေပြောင်းလာပြီး သူမသည် အရိပ်ကမ္ဘာမှ ထပ်မံထွက်သွားနိုင်တော့မည် မဟုတ်ချေ။

နောက်ဆုံး အပြစ်သဏ္ဍာန်သည် မှုန်ဝါးနေ၏။၎င်းသည် သရဲတစ္ဆေများနှင့် ဆက်ဆံရာတွင် အသုံးပြုခြင်း ဖြစ်နိုင်လေသည်။

ထိုအရာအားလုံး သိပြီးနောက် ကောင်းမင်သည် စီတုအန်းနှင့်ရင်ဆိုင်မည့် ကိစ္စတွင် ပိုမိုယုံကြည်ချက်ရှိလာခဲ့သည်။

"အရာအားလုံး ပြောင်းလဲနေပြီ "

အရိပ်များသည် သူ့ကို ဝန်းရံနေကြသည်။ကောင်းမင်သည် အရိပ်များက သူ့ကို အရင်ကလောက် အများကြီး မငြင်းဆန်တော့ကြောင်း ခံစားမိသည်။အတိတ်တွင် သူသည် အရိပ်နှင့်အစစ်အမှန်ကြားတွင် ရပ်နေခဲ့ခြင်းဖြစ်သည်။သို့သော်လည်း သူသည် အရိပ်ကမ္ဘာက သူ့ကို ဆုလာဘ်တစ်ခုပေးခဲ့သောကြောင့် ရွေးချယ်မှုတစ်ခုပြုလုပ်မည်ဖြစ်သည်။

ဆရာယောင်ပျောက်ကွယ်သွားသည့်နေရာတွင် လူသေဓာတ်ပုံအသစ်တစ်ခုရှိနေပေသည်။အကြောင်းအရာများသည် ကောင်းမင်နောက်ဆုံးအကြိမ်မြင်ခဲ့ရသည်နှင့် ကွာခြားမှု မရှိပေ။

All Chapters