← Chapters

လေးပတ်

Vol. 5 Ch. 75

လေးပတ်

Vol. 5 Ch. 75

ဓာတ်ပုံကောက်ယူလိုက်ပြီးနောက် အရိပ်သည် ကောင်းမင်၏နောက်ကျောတဝိုက်တွင် တွန့်လိမ်လျက်ရှိသည်။သူ့မှတ်ဉာဏ်ထဲတွင် ဆရာယောင်၏လူသေဓာတ်ပုံသည် အလွန်ပင်သာမန်ဖြစ်သည်။သို့ရာတွင် ယခုအခါ ဆရာယောင်၏ ဓာတ်ပုံသည် အက်ရာများဖြင့် ဖုံးလွှမ်းနေ၏။ဓာတ်ပုံသည် ဆရာယောင်အား နှစ်ခြမ်းခွဲထားသည်။ဘယ်ဘက်တစ်ခြမ်းတွင် ဆရာယောင်၏ခန္ဓာကိုယ်သည် အားနည်းပြီး ပိန်ပါးသည်။သူ့မျက်များသည် မှိန်ဖျော့နေသည်။သူသည် သေတော့မည့်လူကဲ့သို့ ဖြစ်နေလေသည်။ညာဘက်ခြမ်းတွင်မူ ဆရာယောင်၏ခန္ဓာကိုယ်သည် အရိပ်များဖုံးလွှမ်းနေ၏။သူသည် အရပ်ရှည်ပြီး ကြွက်သားများဖြင့် ပြည့်နေသည်။သူ့မျက်လုံးများသည် တောက်ပနေပြီး ကျန်းမာသန်စွမ်းနေလေသည်။

နောက်ကျောတွင်ရှိသော ကလေးလက်ရေးသည်လည်း ပြောင်းလဲနေလေသည်။

"အမှတ်ရခြင်း ဓာတ်ပုံ -

ဒီညမှာ ငါတို့ ပြန်လည်မွေးခြင်းကို ကြိုဆိုခဲ့တယ် ၊ ငါတို့ဟာ နာကျင်မှု ၊ စိတ်ပျက်အားငယ်မှုနှင့် သေခြင်းတရားတို့ဆီကနေ ဝေးကွာခဲ့ပြီး ငါတို့ရဲ့ ဘဝအသစ်တစ်ခု ဖြစ်လာခဲ့တယ် "

ထိုအရာသည် အမှတ်ရခြင်းဓာတ်ပုံကို ကြုံတွေ့သော ကောင်းမင်၏ ပထမဆုံးအကြိမ်ဖြစ်သည်။သူသည် ယင်းကို မည်သို့ အသုံးပြုရမည်မှန်း မသိပေ။သူ့တွင် များစွာသော သေခြင်းမှတ်ဉာဏ်များရှိသော်လည်း ထိုမှတ်ဉာဏ်များသည် သူအသတ်ခံခဲ့ရသည့် အခိုက်အတန့်များကိုသာ ကွက်၍ ပြသခြင်းဖြစ်သည်။သူတို့ကို အမှတ်ရသည့်အချိန်တိုင်း ဝေဒနာများသည် ပြန်လည်ရှင်သန်လာကြလေသည်။

"ဒီဓာတ်ပုံကို ငါသိမ်းထားဖို့လိုတယ် "

အရိပ်သည် ပြန့်ကျဲသွားလုနီးပါး ဖြစ်နေခဲ့သည်။ကောင်းမင်တွင် လုပ်စရာများ ရှိနေသေးသည်။သူသည် ကျောက်ရှီနှင့်အန်းအန်းကို သူ့နောက်လိုက်ရန် မမေးရသေးချေ။အဆောက်အဦး ၂ မှ လူအများအပြားပျောက်ဆုံးသွားခဲ့ကြသည်။ဌာနသည် သူ့လူများ ပို့လွှတ်လိမ့်မည်ဖြစ်သည်။သူတို့သည် စစ်ဆေးမေးမြန်းခြင်းကို မကိုင်တွယ်နိုင်သေးပေ။

"ဖြစ်ရပ်ဆိုးကို ကိုင်တွယ်ဖို့အတွက် ငါလီစန်းကို အခြေစိုက်စခန်းအဖြစ်ပြောင်းလဲချင်တယ် ၊ နောက်ကျရင် အဲ့ဒီနေရာကို လူတွေ ပိုရောက်လာကြလိမ့်မယ် ၊ ခင်ဗျား ဒီနေရာကို အရင်လေ့လာနိုင်တယ် ၊ သတိရပါ ၊ လီကျင်းအိမ်ရာက ထွက်မသွားနဲ့ "

ကောင်းမင်သည် အရိပ်ကမ္ဘာမှ တစ်ယောက်ထဲ ထွက်လာခဲ့သည်။သူသည် သူ့ခြေရာလက်ရာများကို ဂရုတစိုက်ဖယ်ရှားပြီး သူ့အိမ်သို့ပြန်လာခဲ့သည်။

"ငါ ဌာနနဲ့ မဖြေရှင်းချင်သေးဘူးပဲ "

ကောင်းမင်သည် ပထမဆုံးအကြိမ်အဖြစ် မျက်လုံးများ မှိတ်ပြီး အိပ်စက်လိုက်လေသည်။

........

ခြောက်နာရီတွင် ကောင်းမင်သည် သူ့အိပ်ခန်းအပြင်ဘက်မှ ဆူညံသံများကြောင့် နိုးလာခဲ့သည်။အိပ်ခန်းအပြင်ဘက် စစ်ဆေးရန် သူဆုံးဖြတ်လိုက်သည်။ဝမ်ကျီသည် ယန်ဟွာ၏ ရူးသွပ်သောလေ့ကျင့်ခန်းများအတိုင်း ထိုင်ထလုပ်နေသည်ကို သူတွေ့လိုက်ရသည်။ဝမ်ကျီတွင် နာမကျန်းသောဦးနှောက်တစ်ခု ၊ သရဲများကို မြင်နိုင်သော မျက်လုံးတစ်စုံ ၊ မိမိကိုယ်တိုင်အပေါ် တင်းကြပ်သည့်စည်းမျဉ်းများနှင့် စိတ်ကူးမယဉ်နိုင်လောက်သည့် နာကျင်နှိပ်စက်မှုများ အတွေ့အကြုံရှိလေသည်။၎င်းတို့သည် သူ့အတွက် အနာဂတ်တွင်စူပါရာဇဝတ်သား မဖြစ်လာနိုင်သည့် အကြောင်းအရင်းများ မဟုတ်ပေ။ကောင်းမင်သည် ဝမ်ကျီကို မနှောက်ယှက်ပဲ သူနှင့်ပူးပေါင်းလိုက်သည်။

ခန္ဓာကိုယ်သန်စွမ်းမှုသည် ကောင်းမင်၏နာကျင်စေသော ခြေဖနောင့်ဖြစ်သည်။စီတုအန်းနှင့် တိုက်ခိုက်ရချိန်တွင်သည် သူသည် အလိုအလျောက်တုန့်ပြန်မှုကိုသာ အားကိုးခဲ့ရသည်။အကယ်၍ ချင်ဂီသာ သူ့ရန်သူဖြစ်ခဲ့ပါက ကောင်းမင်သည် ချက်ချင်းပင် အပိုင်းပိုင်းခုတ်ထစ်ခံလိုက်ရမည်ဖြစ်သည်။

"ငါ ချင်ဂီကို အလွတ်မပေးနိုင်ဘူး ၊ သူက အသားတွေကို အချိန်အတော်ကြာကတည်းက စားနေခဲ့တာ ၊ ဒါပေမယ့် အဆုံးကျတော့ သူက သားစားကြူးနတ်ရဲ့ သက်ရောက်မှု မခံခဲ့ရဘူး ၊ သူ့ရဲ့ ကိုယ်စိတ်အခြေအနေက လူမဟုတ်တော့ဘူး "

ကောင်းမင်သည် စီတုအန်းက အရိပ်ကမ္ဘာထဲ ဆွဲခေါ်ခံသည့်အချိန်တွင်ပင် ချင်ဂီသည် သွေးခင်းလမ်း‌တစ်ခုဖောက်၍ သူ့အပေါင်းအဖော်များနှင့် လွတ်မြောက်သွားနိုင်ဆဲဟူသည်ကို အမှတ်ရလိုက်သည်။

"ချင်ဂီကို သတ်လိုက်တာက စီတုအန်းရဲ့ လက်သည်းတစ်ချောင်းကို ဆွဲဖြုတ်လိုက်တာနဲ့ အတူတူပဲ ..."

သူ့စိတ်ထဲရှိ အစီအစဉ်များနှင့်အတူ ကောင်းမင်သည် သူလုံးဝမမောပန်းကြောင်း သတိထားမိလိုက်သည်။အသားနှလုံးသားသည် သူ့အား စွမ်းအင်များဆက်လက်ထောက်ပံ့နေလေသည်။ဖြည်းညင်းစွာဖြင့် ကောင်းမင်သည် ထိုခံစားချက်ကို နှစ်သက်လာသည်။နှလုံးခုန်သံတစ်ချက်စီနှင့်အတူ သူသည် ပိုမိုသန်မာလာတော့သည်။

"ငါ ငါ့ကိုယ်ငါ အားကိုးရမယ် "

ကောင်းမင်သည် ယန်ဟွာ၏လေ့ကျင့်ခန်းများအတိုင်း လုပ်ဆောင်ရင်း နံနက်ရှစ်နာရီမှသာ ရပ်တန့်လိုက်သည်။သူသည် နှစ်ယောက်စာအတွက် နံနက်စာပြင်ဆင်လိုက်ပြီး တက္ကစီခေါ်လိုက်သည်။

"ဝမ်ကျီ ၊ မိုးရွာနေတယ်နော် ၊ မင်း ပင်လယ်ကို သွားကြည့်ချင်သေးလား "

"ဟုတ် "

"ဒါဆို မိုးကာအင်္ကျီဝတ်လိုက် ၊ အစ်ကိုတို့ အခုသွားကြမယ် "

ဟန်ဟိုင်းသည် ပင်လယ်ကမ်းခြေမြို့ဖြစ်သည်။ကောင်းမင်သည် ဝမ်ကျီအား ကိုယ်ပိုင်ကမ်းခြေကို ပို့နိုင်လောက်သည်အထိ မချမ်းသာပေ။သူသည် ဝမ်ကျီအား မြို့ဟောင်းနှင့်ကပ်လျက် တောင်ဘက်သင်္ဘောဆိပ်သို့ ခေါ်လာခဲ့သည်။သူတို့ စွန့်ပစ်သင်္ဘောဆိပ်ကို ဖြတ်၍ လမ်းလျှောက်လာခဲ့ကြသည်။သူတို့သည် တားမြစ်ထားသောစည်းပေါ်မှ ဖြတ်ကျော်လာခဲ့၏။သူတို့သည် မုန်တိုင်းထဲတွင် ရပ်လိုက်ပြီး အဆုံးမရှိသော ပင်လယ်ကြီးကို ကြည့်လိုက်ကြသည်။

အလွှာလိုက်ဖြစ်နေသော တိမ်မည်းများသည် အောက်သို့ နိမ့်ဆင်းနေ၏။မုန်တိုင်းသည် သူတို့အမြင်ကို ဝေးဝါးနေစေခဲ့သည်။မှုန်မှိုင်းနေသော ရေလှိုင်းလုံးများသည် အရာအားလုံးကို ဝါးမြိုတော့မည်ဟန်ပင်။

"မင်းကြောက်နေလား "

ကောင်းမင်က ဝမ်ကျီ၏မိုးကာအင်္ကျီဦးထုပ်ကို ပြင်ဆင်ပေးလိုက်သည်။

"မ မကြောက်ပါဘူး "

ဝမ်ကျီက ထစ်ငေါ့ ထစ်ငေါ့ ပြောလိုက်သည်။

"မင်းမကြောက်ရင် မင်းနှလုံးသားထဲမှာ သိမ်းထားသမျှကို အော်ပစ်လိုက်ကွာ ! မင်း ဘာမှ မကြောက်ဘူးလို့ ရေလှိုင်းတွေနဲ့ မိုးရေတွေကို ပြောလိုက် ! "

ကောင်းမင်က ဝမ်ကျီကို စိုက်ကြည့်လိုက်သည်။ဧရာမလှိုင်းလုံးကြီးရောက်လာသောအခါ‌ ကောင်းမင်က ချက်ချင်းပင် ဝမ်ကျီကို နောက်ပြန်ဆွဲလိုက်သည်။

"ငါ...."

ဝမ်ကျီက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။သူ့မျက်နှာတွင် မိုးရေများစိုရွှဲနေလေသည်။သူသည် မျက်လုံးပင် မဖွင့်နိုင်ချေ။

"မင်းလုပ်နိုင်ပါတယ်ကွ "

ကောင်းမင်သည် ဝမ်ကျီအား မတွေ့ဆုံခင်က သူသည် ဝမ်ကျီအား အရိပ်ကမ္ဘာမှ မွန်းစတားတစ်ကောင်အဖြစ်သာဆက်ဆံခဲ့သည်။သူ့ယုံကြည်မှုကို ရရှိရန် ငယ်ရွယ်သောဝမ်ကျီ‌လေးကို မွေးစားခဲ့စဥ်က လူသတ်သမားပြောခဲ့သည့် စကားများကိုပင်ထပ်ခါထပ်ခါ ပြောခဲ့ရသည်။

ဝမ်ကျီသည် သူမျက်လုံးများကို အတင်းဖွင့်လိုက်ပြီး မီးခိုးရောင်ဖြစ်နေသော ကမ္ဘာကြီး ၊ ပင်လယ်နှင့် ကောင်းကင်ကြီးကို ကြည့်လိုက်သည်။အရာအားလုံးသည် သူ့ကို ဟိန်းဟောက်နေကြသည်။သူက မသိစိတ်ဖြင့်ခြေတစ်လှမ်းနောက်ဆုတ်ပြီး ကောင်းမင်၏လက်ကို တိုက်မိသွားသည်။

"မင်းဟာ ပြောင်းလဲမှုတွေ အများကြီးလုပ်ခဲ့တယ် ၊ မင်းဟာ ပရဟိတ အဖွဲ့ကထွက်ပြေးလာပြီး ယွမ်ယွမ်နဲ့ ရှန်ရှန်အတွက် ချက်ပြုတ်ပေးခဲ့တယ် ၊ မင်းဟာ သူတို့ရဲ့ အနီးကပ်ဆုံးအစ်ကိုဖြစ်ပြီး သူတို့အယုံကြည်ရဆုံး လူတစ်ယောက်ပဲ "

ကောင်းမင်က ဝမ်ကျီ့ပုခုံးကိုပုတ်ပြီး ရှေ့တစ်လှမ်းတွန်းပို့လိုက်သည်။

"မင်းက တစ်ယောက်တည်း မဟုတ်တော့ပါဘူးကွ"

"နာကျင်မှုတွေအားလုံး မင်းဆုပ်ကိုင်ထားမယ်ဆိုရင် မင်းရူးသွပ်သွားလိမ့်မယ် ၊ နဲနဲလောက် အဆုံးရှုံးခံလိုက်ပါ "

ကောင်းမင်က ‌နောက်တစ်လှမ်းတိုးပေးလိုက်သည်။သူက မီးခိုးရောင်ကောင်းကင်နှင့်ပင်လယ်ကြီးကို အော်ဟစ်လိုက်သည်။

"ကံကြမ္မာဆိုတဲ့ကောင် ဖာခ့်ယူပဲ ၊ ငါ့ကံကြမ္မာကို ငါ့လက်နဲ့ပဲ ဆုပ်ကိုင်ထားမှာကွ "

မုန်တိုင်းက အသံကို ဝါးမြိုသွားသည်။‌ ကောင်းမင်သည် တော်တော်ရှက်သွားသော်လည်း ထိုသည်က အလွန်စိတ်လှုပ်ရှားဖို့ကောင်းပေသည်။

"ဘဝဆိုတာ တစ်ခုပဲရှိတယ် ၊ မင်း ဘယ်လို ရှင်သန်ချင်သလဲ "

ကောင်းမင်က ဝမ်ကျီကို နောက်လှည့်ကြည့်လိုက်သည်။ကလေးက သူ့နောက်လိုက်၍ အော်ဟစ်ရန် သူ့ပါးစပ်ကိုကြိုးစားဟလိုက်သည်။ထိုအချိန်တွင် ဧရာမလှိုင်းလုံးကြီးရောက်လာ၏။ကောင်းမင်က ချက်ချင်းပင် ဝမ်ကျီအား နောက်ပြန်ဆွဲလိုက်သည်။ဝမ်ကျီသည် ပင်လယ်ရေများကို မြိုချလိုက်ရပြီး မြေကြီးပေါ်လဲကျသွားသည်။

သူတို့နှစ်ယောက်လုံး ကြွက်စုတ်ရေမွန်းဖြစ်သွား၏။ဝမ်ကျီက မြေကြီးပေါ်မှ ကုန်းထလိုက်သည်။ကောင်းမင်ကို ကြည့်နေရင်း သူက မကူညီနိုင်သော်လည်း ပြုံးလိုက်လေသည်။

"ဒါက မင်းပြုံးတာကို အစ်ကို ပထမဆုံးမြင်ဖူးတာပဲ "

ကောင်းမင်သည် ဝမ်ကျီကို သင်္ဘောဆိပ်နှင့် ဝေးဝေးနေရန်ပြောလိုက်သည်။

"ဒါ ...ဒါက ပုံမှန်ပဲလေ ၊ ကျွန်တော်တို့ သိတာ တစ်ရက်ပဲရှိသေးတာကို "

ဝမ်ကျီသည် စကားများ စတင်ပိုပြောလာသည်။

"မင်းက အစ်ကို့ကိုသိတာ တစ်ရက်ပဲ ရှိသေးတာပေါ့ ဒါပေမယ့် အစ်ကိုကတော့....."

ကောင်းမင်က ခေါင်းခါလိုက်သည်။

"ရာသီဥတုကောင်းမှပဲ အစ်ကိုတို့ ဒီကို ပြန်လာကြတာပေါ့ "

"ဟုတ်ကဲ့ "

ဝမ်ကျီ၏ဆန္ဒကို ဖြည့်ဆည်းပေးပြီးနောက် ကောင်းမင်က အချိန်ကို ကြည့်လိုက်ပြီး အရှေ့ပိုင်းမြို့တော်သို့ အငှားကားတစ်စီးခေါ်လိုက်သည်။

ခဏကြာတော့ သူသတိရသွားသည်။ ဟန်ဟိုင်းကို ဉာဏ်ပညာမြို့‌တော်အဖြစ် အသိအမှတ်ပြုခံရသည့်သတင်းက ထွက်ပေါ်လာတော့မည်ဖြစ်သည်။နေ့လည်ပိုင်းတွင် စီတုအန်းသည် ဟန်ဟိုင်းပရဟိတအဖွဲ့၏ ကိုယ်စားလှယ်အဖြစ် လူထုအင်တာဗျူးတစ်ခုကို လက်ခံလိမ့်မည်ဖြစ်သည်။ကောင်းမင်၏စိတ်ထဲတွင် ထိုအရာသည် စီတုအန်း၏ အရှေ့ပိုင်း‌မြို့တော် စုံစမ်းစစ်‌ဆေးရေးဌာန အကြီးအကဲဖြစ်မလာခင် လူထုရှေ့ထွက်လာခြင်းသာဖြစ်သည်။အခြေအနေပေးပါက ကောင်းမင်သည် သူ့လှုပ်ရှားမှုကို ပြုလုပ်ချင်နေလေသည်။

"မီဒီယာအားလုံး အဲ့ဒီကို ရောက်နေလိမ့်မယ် ၊ အန္တရာယ်တော့ များတယ် "

"ငါ့မှာ အကျိုးကျေးဇူး နှစ်ခုရှိတယ် ၊ ငါက အမှောင်ထဲမှာ ပြီးတော့ ငါက သူ့ထက်ပိုသိတယ် "

"ငါလှုပ်ရှားလိုက်တာနဲ့ ငါက တစ်ကမ္ဘာလုံးကို ရင်ဆိုင်ဖို့ ပြင်ထားရတော့မယ် "

လူထုသည် စီတုအန်း၏ မကောင်းဆိုးဝါးဘက်ခြမ်းကို မသိကြပေ။သူတို့သိခဲ့လျှင်ပင် ကောင်းမင်သည် တရားမျှတမှုကို ယူဆောင်ပေးရန် တာဝန်မရှိပေ။သို့သော်လည်း ကောင်းမင်သည် စီတုအန်းကို သတ်ဖြတ်ရန် ကိုယ်ပိုင်အကြောင်းပြချက်များရှိပေသည်။သူသည် စီတုအန်းကို သူ့နှလုံးခန်းအတွင်း ပိတ်လှောင်ထားချင်သည်။ထိုနည်းလမ်းဖြင့် အနာဂတ်တွင် သူသေဆုံးခဲ့လျှင်ပင် စီတုအန်းကို ထပ်မံဖြေရှင်းရန် မလိုအပ်တော့ပေ။

"စွမ်းအားနဲ့နာမည်က သူ့ရဲ့အကြီးမားဆုံး အကာအကွယ်ပဲ ၊ ငါသူ့ကို တိုက်ခိုက်လိုက်တာနဲ့ ဟန်ဟိုင်းက တခြားအင်အားကြီးမားတဲ့ အဖွဲ့အစည်းတွေက ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး "

မုန်တိုင်းထဲတွင် လျှောက်လာရင်း ကောင်းမင်သည် စိုးရိမ်ကြောင့်ကြမှုများ ရှိမနေပေ။

"ဒါပေမယ့် အဲ့ဒါက အရေးမကြီးဘူး ၊ ငါမြင်ခဲ့တဲ့ အနာဂတ်မှာ ခြောက်ခြားဇာတ်လမ်းအမျိုးမျိုးက နောက်လေးပတ်အတွင်း ထိန်းချုပ်မှုလွတ်သွားကြလိမ့်မယ် ! နောက်လေးပတ်အတွင်း ငါအသက်ရှ

All Chapters