တစ်လောကလုံးတုန်
Vol. 42 Ch. 616
ကျန်လျန်ယိ ကိုယ့်ကိုယ်ကို မိတ်ဆက်သည့်စကားသံက တိုးညှင်းညင်သာသည်။ သို့သော် ခေါင်းစွပ်ကိုဖယ်လိုက်ကတည်းက ပတ်ဝန်းကျင်းတစ်ခုလုံး ငြိမ်သက်နေသည်။ ထို့ကြောင့် သူ့စကားသံကို အားလုံးကြားရသည်။
"ဖီးနစ်မျိုးနွယ်ရဲ့ ဘိုးဘေးပေါ့"
"ငါအာရုံမှားနေတာများလား။ ဒါမှမဟုတ် တကယ်အစစ်လား။ နတ်ဆိုးမျိုးနွယ်ရဲ့ ဘိုးဘေးကြီးနှစ်ယောက်ထဲက သခင်မကျန်းလျန်ယိလား"
"သူသေသွားပြီလို့ ပြောကြတယ်မဟုတ်လား။ ဘယ်လိုအသက်ရှင်နေသေးတာလဲ"
မူပိုင်ယိနှင့်ကျောက်ရို စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ ကျောက်ရိုးက
"ဂိုဏ်းသခင်လုကို ငါတွေ့ဖူးပါတယ်လို့ ပြောခဲ့သားပဲ။ သူ့ကို ရှေးဟောင်းလျှို့ဝှက်ချက်တွေအကြောင်း စမ်းသပ်စစ်ဆေးခဲ့တယ်။ သူ့သရုပ်မှန်ကို မုသားဖော်ထုတ်ပညာနဲ့ အတည်ပြုခဲ့တာ။ သူ့ဇစ်မြစ်က အစစ်အမှန််ပါ"
"အရှင်ကျူးထန်က ရှုံးတာကိုမကျေနပ်လို့ တမင်လျှောက်ပြောခဲ့တာဖြစ်မယ်"
ပရိတ်သတ်လည်း အံ့ဩနေသည်။ အဆင့်နိမ့်ကျင့်ကြံသူများသာမဟုတ်။ နာမည်ကြီးစွမ်းအားရှင်များပါ ထိုင်ခုံမှထရပ်လာသည်။ ကျန်းလျန်ယိကို စိုက်ကြည့်နေကြသည်။
ထိုရုပ်သွင်က သူတို့စိတ်ထဲတွင် စွဲထင်နေသည်။
ဗုဒ္ဓနိုင်ငံနှင့် ရှားနိုင်ငံမှကျင့်ကြံသူများ ကျန်းလျန်ယိရုပ်သွင်ကို မြင်ဖူးချင်မှ မြင်ဖူးမည်။ နာမည်တော့ ကြားဖူးကြသည်။
ကျူးထန်ထက် များစွာပိုနာမည်ကျော်ခဲ့သည့် ရှေးဟောင်းခေတ်အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သမိုင်းနှစ်သုံးသိန်းကြာခဲ့သဖြင့် သူ့ဖြစ်တည်မှုက နတ်ဆိုးမျိုးနွယ်အတွက် နတ်ဘုရားမတစ်ပါးလိုဖြစ်လာသည်။
နတ်ဆိုးမျိုးနွယ်သည် နတ်ဆိုးမသေမျိုးကို ယုံကြည်ကိုးကွယ်သည်။ သို့သော် နတ်ဆိုးမသေမျိုး၏ ရုပ်သွင်ကိုမသိမမြင်ဖူးကြ။ ထို့ကြောင့် ကျန်းလျန်ယိသည် နတ်ဆိုးမျိုးနွယ်တစ်ခုလုံး၏ အဓိပဓိဖြစ်လာသည်။
ယခု လူသားမျိုးနွယ်ထက် နတ်ဆိုးမျိုးနွယ်များက ပို၍စိတ်လှုပ်ရှားနေသည်။ ဦးနှောက်များ ဆူပွက်နေသည်။ စကားကောင်းကောင်းမပြောနိုင်ကြ။
အများစုက မျက်ရည်စက်လက်ဖြင့် ဝမ်းမြောက်ဝမ်းသာ မြေပေါ်တွင်ဒူးထောက်၍ ကျန်းလျန်ယိကို အရိုအသေပေးကြသည်။
မဟာနတ်ဆိုးဘုရင်များပင် အရိုအသေပြုကြသည်။ ဒူးထောက်ကြသည်။ ကျန်းလျန်ယိ၏ကောင်းချီးကို တောင်းဆိုကြသည်။
ရှေးဟောင်းဒဏ္ဍာရီ ပြန်လည်အသက်ဝင်လာသလို ဖြစ်နေသည်။
ကျူးထန်သည် အရိယဖလအားကိုး၍ နတ်ဆိုးမျိုးနွယ်ကိုသိမ်းသွင်းခဲ့သည်။ သို့သော် ကျန်းလျန်ယိပေါ်လာသည်နှင့် နတ်ဆိုးမျိုးနွယ်များက သူ့ကိုကျောခိုင်းသွားသည်။
နတ်ဆိုးမဟာမိတ်အဖွဲ့ဝင်များလည်း စိတ်လွန်ဆွဲနေသည်။ ဘယ်ဘက်ယိမ်းရမည်ကို မသိကြ။
အရှေ့ပင်လယ်နဂါးမျိးနွယ်မှ ကူးဖြတ်ခြင်းအဆင့်များ မျက်လုံးကိုပွတ်၍ ပြန်ကြည့်ကြသည်။ အာရုံမှားသလားဟုထင်ကြသည်။ မြင်နေရနသည့်မြင်ကွင်းကို မယုံနိုင်ကြသေး။
ဖီးနစ်မျိုးနွယ်အန္တရာယ်ကျမည်ကို ရိပ်စားမိသဖြင့် နဂါးအိုအင်ပါယာက သူတို့ကို အကူလွှတ်ခဲ့သည်။
ယခု သူတို့အကူအညီလိုမည်မထင်။
ဖီးနစ်ဘိုးဘေးရှိနေသည်။ ဖီးနစ်မျိုးနွယ် ဘာအန္တရာယ်ဖြစ်နိုင်မည်နည်း။
ဖီးနစ်ဘိုးဘေးသည် သူတို့နဂါးဘိုးဘေးနှင့် တန်းတူအဆင့်ရှိသည်။
မသေမျိုးတစ်ယောက်ယောက်ပေါ်မလာလျှင် ယှဉ်နိုင်မည့်သူမရှိ။
နတ်ဆိုးနယ်မြေနှင့်အရှေ့ပင်လယ်နဂါးမျိုးနွယ်မှ ကူးဖြတ်ခြင်းအဆင့်နှစ်ယောက် ကျန်းမင်ကျိနှင့် ဖီးနစ်မျိုးနွယ်ဆီ လှမ်းကြည့်ကြသည်။ ကျန်းလျန်ယိရှိနေသည်ကို ကျန်းမင်ကျိသိမသိနှင့် ဝှက်ဖဲအဖြစ်ထားခြင်းဟုတ်မဟုတ် ခန့်မှန်းနေသည်။
ကျန်းမင်ကျိက မျက်ရည်နှင့်နှပ်အချွဲများ လက်ဖြင့်သုတ်၍ ကလေးတစ်ယောက်လို ငိုနေသည်။
ဖီးနစ်မျိုးနွယ်တွင် သူသည်ကျင့်စဉ်အဆင့်အမြင့်ဆုံးဖြစ်ခဲ့သည်။ မျိုးနွယ်၏ ဒေါက်တိုင်ကျောရိုးဖြစ်သည်။ အရေးကြီးကိစ္စမှန်သမျှ သူဆုံးဖြတ်ချက်ချရသည်။
နတ်ဆိုးမျိုးနွယ်ဝင်အများစုက ဖီးနစ်မျိုးနွယ်၏ အမွေအနှစ်များကို မျက်စိကျသည်။ ခြေတစ်လှမ်းမှားသည်နှင့် မျိုးနွယ်ဒုက္ခရောက်မည်။ သူယူထားရသည့်တာဝန်က တကယ်ကြီးလေးသည်။
ကျူးထန်ဖိအားပေးလာချိန်တွင် သူတောင့်မခံနိုင်တော့လောက်အောင် ဖြစ်ခဲ့သည်။
ယခု ဘိုးဘေးပြန်ရောက်လာသည်။ သူ့ထက်အဆင့်မြင့်သူ ပေါ်လာသည်။ ထို့ကြောင့် သူဝန်ထုပ်ဝန်ပိုး များစွာသက်သာသွားသည်။
ကျန်သည့်ဖီးနစ်မျိုးနွယ်ဝင်များက ကျန်းမင်ကျိလောက်ပင် မချုပ်တည်းနိုင်ကြ။ ဆူညံစွာငိုကြွေးနေသည်။ လူသားအသွင်ကို ထိန်းမထားနိုင်ကြတော့ဘဲ ဖီးနစ်အသွင်ပြောင်းကြသည်။ ဖီးနစ်အော်သံများ နတ်ဆိုးမြို့တော်တစ်ခုလံး ပဲ့တင်ထပ်နေသည်။
လူငယ်ပါရမီရှင်များက ကျန်းလျန်ယိကိုမြင်သည်နှင့် ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားသည်။ အပြင်လောကကို အာရုံစိုက်နိုင်ကြတော့။
ကျန်းလျန်ယိကို မြင်ဖူးပြီးဖြစ်သည့် မုန်ကျင်းကျိုးသာ တည်တည်ငြိမ်ငြိမ်ရှိသည်။
"သောက်လခွမ်းကွာ၊ ကောင်းကင်ပလ္လင်ပေါ်မှာရပ်နေတဲ့လူက ဘာလို့ငါမဖြစ်ရတာလဲ။ ငါလည်း ကျူးယွမ်ဝူလိုလူကို နိုင်အောင်တိုက်နိုင်ပါတယ်"
ဂိုဏ်းသို့ပြန်ရောက်မှ နတ်ဝိညာဉ်အဆင့်တက်ကြဖို့ သူတို့နှစ်ယောက် သဘောတူထားသည်။ သို့သော် ခွေးသူတောင်းစားလုယန်သည် လုံးဝယုံကြည်၍မရ။
စင်ပေါ်တွင် အဆင့်တက်၍ နာမည်ကောင်းယူသွားသည်။
ခုန်ဟော်ကိုယ်ထဲမှ ထောင်ကျူးကျိရှုံးလည်း မင်သက်မိနေသည်။
နတ်ဆိုးမြို့တော်အပြောင်းအလဲက သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေသည်။
နိုင်ငံတည်ပွဲကိုကြည့်ဖို့သာ လာခဲ့ခြင်းဖြစ်သည်။ မထင်မှန်ဘဲ သူ့ရန်သူများ ဘယ်လောက်များကြောင်း မြင်လိုက်ရသည်။
ဘာကြောင့် ထိုသို့ဖြစ်လာသည်မသိ။
ဖီးနစ်ဘိုးဘေးလိုပုဂ္ဂိုလ်သည်ပင် ကောင်းကင်ရုံးတော်ဂိုဏ်း၏ တော်ဝင်ကာကွယ်သူလေးယောက်ထဲမှ တစ်ယောက်သာဖြစ်သည်။
ရှေးဟောင်းကောင်းကင်ရုံးတော်၏စွမ်းအားက ဘယ်လောက်ကြောက်စရာကောင်းနေသည်မသိ။
အားလုံး၏အမူအရာကိုကြည့်၍ အကြီးအကဲငါးယောက် စိတ်သက်သာရာရသွားသည်။ ကျန်းလျန်ယိကို စတွေ့စဉ်က သူတို့လည်း ထိုသို့ပင်ဖြစ်သည်။
ကောင်းကင်ပလ္လင်ထိပ်တွင် တိတ်ဆိတ်နေသည်။
နတ်ဆိုးအင်ပါယာဆယ်ယောက်ထဲမှ တစ်ချို့က ကျူးထန်အပေါ် တကယ်သစ္စာရှိကြသည်။ တစ်ချို့က အရိယဖလဖြင့် ထိန်းချုပ်ခံထားရခြင်းဖြစ်သည်။
ဘယ်လိုအခြေအနေဖြစ်စေ သူတို့လည်း ကျန်းလျန်ယိကိုမြင်သည်နှင့် အကြီးအကဲများရှေ့ရောက်နေသည့် မျိုးဆက်သစ်များလို ထိတ်လန့်ခြောက်ခြားမှုကို ခံစားရသည်။
ကျူးထန် ချွေးပျံနေသည်။
ယနေ့ခေတ် နတ်ဆိုးမျိုးနွယ်သည် ကျန်းလျန်ယိအကြောင်း သိမည်မဟုတ်။ ရှေးဟောင်းမဟာနတ်ဆိုးဖြစ်သည့် သူ့လိုလူအနေဖြင့် ကျန်းလျန်ယိကို မသိစရာမရှိ။
ချီလင်မသေမျိုး၏မိန်းမ။
ထိုစကားတစ်ခွန်းသည် ကျန်းလျန်ယိအရှိန်အဝါကို နောက်တစ်ဆင့်မြှင့်တင်ပေးသည်။
...သောက်ရေးထဲကါာ။ ဒီလိုလောက်အရေးကြီးတဲ့အချိန်မှာ ကျန်းလျန်ယိက ဘာလို့ပေါ်လာတာလဲ။
တစ်ယောက်ချင်းတိုက်ခိုက်ရလျှင် ကျူးထန်မကြောက်။
ကျန်းလျန်ယိ စွမ်းအားကြီးကြောင်း သူသိသည်။ မသေမျိုးတစ်ဝက်များထဲတွင် ထိပ်ဆုံးဖြစ်သည်။ သို့သော် သူ့လက်အောက်တွင် နတ်ဆိုးမျိုးနွယ်များစွာ ထိန်းချုပ်ထားသည်။ အရိယဖလသန္ဓေကလည်း 'အနှစ်တည်'ခါနီးဖြစ်နေသည်။ သူ့စွမ်းအားက များစွာတိုးတက်နေသည်။
..စိတ်အေးအေးထားစမ်း...စိတ်အေးအေးထားစမ်း...။
ကျူးထန် အသက်နှစ်ကြိမ်ရှူထုတ်၍ စိတ်ငြိမ်အောင်ထိန်းသည်။ အခြေအနေကို သေချာသုံးသပ်သည်။ အတွေးများကို စုစည်းသည်။
အတည်ပြုနိုင်စရာတစ်ချက်ရှိသည်။
ချီလင်မသေမျိုး၏ အရိယဖလဖိအားကို သူမခံစားရ။ သို့ဆိုလျှင် ချီလင်မသေမျိုး သေသွားပြီးသည့်သဘောဖြစ်သည်။
နတ်ဆိုးနိုင်ငံတည်ထောင်ထားသည်။ နောက်လိုက်အင်အားစုစည်းထားသည်။ ကျန်းလျန်ယိလိုလူတစ်ယောက် ပြဿနာရှာမည်ကို သူစိုးရိမ်စရာမလို။
ထိုအကြောင်းများသာမရှိခဲ့လျှင် နိုင်ငံတည်အခမ်းအနားတွင် ချီလင်မသေမျိုးနာမည်သုံး၍ သူ့ရာထူးကို အတည်ပြုရဲမည်မဟုတ်။
"ဘာလဲ၊ ငါ့ကိုမမှတ်မိတော့ဘူးလား"
အတွေးလျန်နေသည့်ကျူးထန်ကိုကြည့်၍ ကျန်းလျန်ယိ လှောင်သံပါပါဖြင့်ပြောသည်။
ဤအခြေအနေတွင် ကျူးထန် ကျန်းလျန်ယိနှင့် ထိပ်တိုက်ရင်မဆိုင်ချင်။
လူသားအသွင်ပြောင်းလိုက်သည်။ ပြုံး၍ လက်နှစ်ဘက်ဆုပ်အရိုအသေပြုသည်။
"တာအိုရှင်ကျန်းကို ကျုပ်သိတာပေါ့။ မတွေ့ရတာ နှစ်သုံးသိန်းတောင်ကြာခဲ့ပြီ။ တာအိုရှင်ကျန်းက အရင်လို ကျက်သရေရှိနေတုန်းပဲ။
ဒါပေမယ့် ကောင်းကင်ရုံးတော်ကို ခင်ဗျားဝင်လိုက်တယ်လို့ ကျုပ်မကြားခဲ့မိပါလား"
နတ်ဆိုးမျိုးနွယ်ကိုထိန်းချုပ်၍ နယ်ရုပ်များလို ကျူးထန်ကစားချင်ခဲ့သည်။ ကျန်းလျန်ယိချန်ခဲ့သည့် ရတနာများကို သူမျက်စိကျခဲ့ခြင်းဖြစ်သည်။
ဤအခြေအနေမျိုးတွင် ကျန်းလျန်ယိ ကျူးထန်ကို မျက်နှာသာမပေးနိုင်။
"ငါနဲ့ကောင်းကင်ရုံးတော်ကိစ္စတွေကို နင့်ဆီအစီရင်ခံရမှာလား။ နင့်လိုလူမပြောနဲ့။ ချီလင်မသေမျိုးတောင်း ငါ့ကိစ္စတွေမှာ ဒီလိုဝင်မရှုပ်ရဲဘူး"
သူ့စကားကြောင့် အောက်ဘက်မှလူအုပ်ကြီး ဆူညံပွက်လောရိုက်သွားပြန်သည်။ စိတ်လှုပ်ရှားသည့် အမူအရာများပေါ်လာသည်။ ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခုကို သိလိုက်ရသည်။
"ရှေးဟောင်းခေတ်ကောင်းကင်ရုံးတော်ဆိုတာ တကယ်ရှိတယ်ပေါ့။ တစ်ခါမှမကြားဖူးပါလား။ စာအုပ်တွေထဲမှာပြောထားတဲ့ ကောင်းကင်ရုံးတော်ဆိုတာ ရှေးဟောင်းမသေမျိုးတွေ အပျော်ဖန်တီးထားတဲ့ ဇာတ်လမ်းလို့ပဲ ထင်ခဲ့တာ"
"မင်းဘာမှမသိပါဘူး အရူးကောင်။ မသေမျိုးတွေရဲ့ အစီအမံတွေဟာ နက်နဲ့သိမ်မွေ့တယ်။ အပျော်ဖန်တီးထားတာမဟုတ်ဘူး"
"ဒီဂိုဏ်းသခင်လေးလုက ရှေးဟောင်းခေတ်ရဲ့ နံပတ်တစ်ပါရမီရှင်အစစ်ပဲ။ ကျူးယွမ်ဝူကို နိုင်သွားတာ မဆန်းပါဘူး။
"သခင်မကျန်းပြောသွားတာ မင်းကြားလိုက်လား။ သူက ကောင်းကင်ရုံးတော်ရဲ့ တော်ဝင်ကာကွယ်သူလေးယောက်ထဲကတစ်ယောက်တဲ့။ သူ့အထက်မှာ ကောင်းကင်ရုံးတော်သခင်တို့ ကောင်းကင်ပဲဝါအရှင်တို့လိုလူတွေ ရှိလောက်သေးတယ်"
"ဂိုဏ်းသခင်လေးလုက ကောင်းကင်ပဲဝါအရှင်ရဲ့ တပည့်ပါ။ မသေမျိုးတပည့်ပဲ"
ဂိုဏ်းသခင်လု၏ ပါရမီနှင့်ကံကောင်းမှုကို အားလုံးတအံ့တဩဖြစ်နေကြသည်။
ဆရာကောင်းရှိခြင်းသည် အကျိုးကျေးဇူးများသည်။
ကျူးထန် မျက်မှောင်ကျုံ့သွားသည်။
"ဒီကောင်းကောင်ရုံးတော်ဆိုတာက ဘာလဲ"
ကျန်းလျန်ယိ နှုတ်ခမ်းတွန့်၍ လှောင်ပြုံးပြုံးသည်။
"ကောင်းကင်ရုံးတော်ဆိုတာ မသေမျိုးတွေပဲသိကြတဲ့ မသေမျိုးလျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတဲ့ ဖြစ်တည်မှုတစ်ခုပါ။
ငါသာချီလင်ရဲ့ဇနီးမဟုတ်ခဲ့ရင် ငါလည်းသိခွင့်ရခဲ့မှာမဟုတ်ဘူး။ နင့်လိုလူက သိဖိုထိုက်တန်တယ်ထင်နေလား"
*******************************