← Chapters

ထိုက်တန်သည့်ခရီး

Vol. 42 Ch. 618

ထိုက်တန်သည့်ခရီး

Vol. 42 Ch. 618

ဝိညာဉ်တံဆိပ်ပျောက်သွားသည်ကို သတိထားမိပြီးနောက် နတ်ဆိုးများ တိုက်ပွဲကွင်းမှ ချင်းချင်းနောက်ဆုတ်သွားသည်။

မသေမျိုးတစ်ဝက်အဆင့်တိုက်ပွဲထဲ သွားဝင်လျှင် ဘယ်လိုအသက်ပျောက်မှန်းပင် သိလိုက်မည်မဟုတ်။

ထို့ပြင် ကျန်းလျန်ယိကို သူတို့နိုင်ခဲ့သည်ထားဦး။ ချီလင်းမသေမျိုး လာစာရင်းရှင်းလျှင် ဘယ်လိုလုပ်မည်နည်း။

ကျူးထန်ဘယ်လောက်စွမ်းအားကြီးကြီး မသေမျိုးတစ်ယောက်ကို ယှဉ်နိုင်မည်မဟုတ်။

ကျူးထန်ကိုတကယ်သစ္စာရှိသည့် နတ်ဆိုးများရှိသည်။ သူတို့အနိုင်ရလျှင် ကျူးထန်က ကြိုးစားမှုကို အသိအမှတ်ပြုမည်။ အဆုံးစမဲ့ အနာဂတ်အလားအလာများ ရှိလာမည်။

ကျိကျန်းအကြီးအကဲကတော့ ထုံးစံအတိုင်း ကျူးထန်ကိုသာ သစ္စာရှိသည်။ ကျူးထန်သည် ရှေးဟောင်းဘိုးဘေးဖြစ်၍ သူတို့ကူညီသည်မှာ သဘာဝကျသည်။

ထို့ပြင် သူသည် ဝံပုလွေကို အိမ်ထဲခေါ်လာသူဖြစ်သည်။ နောက်ပိုင်းတွင် နောက်ဆက်တွဲကို သူတာဝန်ယူရမည်။

ယခု ထိုအပြစ်သက်သာအောင် ကြိုးစားချိန်ရှိသေးသည်။

တိကျန်းမျိုးနွယ်၏ ပထမဆုံးမဟာမိတ်များဖြစ်သည့် ကျိုးယင်မျိုးနွယ်ဘိုးဘေးနှင့် ထောင်ကျူူးဘိုးဘေးကလည်း ဤအခြေအနေကို အခွင့်ကောင်းဟု ယူဆသည်။ သူတို့သည် တစ်လှေတည်းစီးသူများဖြစ်သည်။

နတ်ဆိုးသုံးယောက် သိစိတ်အာရုံမှဆက်သွယ်၍ အချင်းချင်းတိုင်ပင်ကြသည်။ ကျူးထန်ကို အားဖြည့်ဖို့ ရှေ့တက်လာကြသည်။

ရုတ်တရက် သူတို့ဦးခေါင်းထက်တွင် အမှောင်ကျသွားသည်။ ကြီးမားသည့်အရိပ်သုံးခု သူတို့အပေါ်ဖုံးလွှမ်းသွားသည်။

"နင်တို့က ဘယ်သွားမလို့လဲ"

တိကျန်းအကြီးအကဲ အရိပ်သုံးခုကို မော့ကြည့်၍ အံတင်းတင်းကြိတ်လိုက်သည်။

"ကျန်းမင်ကျိ"

အရှေ့ပင်လယ်နဂါးမျိုးနွယ်၊ နတ်ဆိုးနယ်မြေနဂါးမျိုးနွယ်နှင့် ဖီးနစ်မျိုးနွယ်အကြီးအကဲများက သူတို့လမ်းကို ပိတ်ထားသည်။

တိကျန်းအကြီးအကဲ နောက်လှည့်ကြည့်သည်။ ကျန်သည့် ကူးဖြတ်ခြင်းမဟာနတ်ဆိုးခုနစ်ယောက်ကို အကူခေါ်သည်။ သို့သော် ခုနစ်ယောက်လုံးက မသိကျိုးကျွံပြုနေသည်။ ကြားနေဝါဒီအဖြစ် ရပ်တည်ကြသည်။

ဘယ်ဘက်က ရှုံးသည်ဖြစ်စေ ဥပဒေသည် လူထုကို အပြစ်မပေး။ တာဝန်မလွှဲချ။ သူတို့ကြားဝင်ပတ်သက်စရာမလို။

ထို့ပြင် သူတို့ကို ကျူးထန်က အတင်းအကြပ်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စကို စိတ်ထဲတွင် သိပ်အစာမကြေ။ ကျန်းလျန်ယိနိုင်ပါစေဟု ဆုတောင်းနေကြသည်။

"ခွေးသူတောင်းစားတွေ"

တိကျန်းအကြီးအကဲ ကျိတ်ဆဲလိုက်သည်။

"ဝေါင်း"

နတ်ဆိုးနယ်မြေနဂါးမျိုးနွယ်အကြီးအကဲ ပထမဆုံးလှုပ်ရှားသည်။ ကြီးမားသည့်အစိမ်းရောင်နဂါးအသွင်ပြောင်းလိုက်သည်။ တိမ်တိုက်များကို မိုးရေအဖြစ်ပြောင်းလဲပြီး တိကျန်းအကြီးအကဲကို တိုက်ခိုက်သည်။

အရှေ့ပင်လယ်အကြီးအကဲက ကျိုးယင်မျိုးနွယ်အကြီးအကဲကို မှော်လက်စွပ်ထဲမှ အဆုံးမရှိဟုထင်ရသည့် ပင်လယ်ဆားငံရေလှိုင်းဖြင့် တိုက်ခိုက်သည်။

ပင်လယ်ရေနှင့်ပေါင်းစပ်၍ သူပင်လယ်နဂါးတစ်ကောင်ဖြစ်လာသည်။ လက်သည်းတစ်ချက်ပုတ်ရုံဖြင့် တောင်တန်းများကို ချေမွနိုင်စွမ်းရှိသည်။

ကျိုးယင်မျိုးနွယ်သည် မြွေမျိုးနွယ်၏ အမြင့်ဆုံးသန္ဓေပြောင်းမျိုးနွယ်ဖြစ်သည်။ ရှေးခေတ်ကတည်းက မြွေနှင့်နဂါး ကမ်းခြေတွင် တိုက်ခိုက်ခဲ့ကြသည်။

ကျန်းမင်ကျိက အလံကြီးတစ်ခုကိုထုတ်ဖြန့်လိုက်သည်။ ဖီးနစ်များသီးချင်ဆိုနေသည့် ပန်းချီပုံတစ်ခုပေါ်လာသည်။

ရှေးဟောင်းဘိုးဘေး ချန်ထားခဲ့သည့် ရတနာများထဲမှ တစ်ခုဖြစ်သည်။ မြင့်မြတ်ခြင်းငါးမျိုးမဟာအလံဟုခေါ်သည်။

အရင်က တစ်ခြားလူများ မျက်စိကျလာမည်စိုး၍ ထိုအလံကို ထုတ်မသုံးရဲခဲ့။ ယခု သူတို့ဘိုးဘေးပြန်ရောက်လာသည်။ ရတနာကိုထုတ်သုံးချိန်ရောက်ပြီဖြစ်သည်။

"သောက်လခွမ်း"

ထောင်ကျူးမျိုးနွယ်ခေါင်းဆောင် လန့်ဖျတ်သွားသည်။ ကျန်းမင်ကျိစွမ်းအားကုန် ထုတ်သုံးပြီဖြစ်ကြောင်း သူရိပ်မိသည်။

သူသည် ကူးဖြတ်ခြင်းအဆင့်တက်စ ကျင့်ကြံသူဖြစ်သည်။ ကျန်းမင်ကျိက ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ဖြစ်သည်။

ရတနာမသုံးလျှင်ပင် သူတို့နှစ်ယောက်ကြား စွမ်းအားကွာဟချက်က အလွန်ကြီးသည်။

သို့သော် ယခုအခြေအနေတွင် တိုက်ခိုက်ရုံမှတစ်ပါး တစ်ခြားရွေးစရာမရှိ။

မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက် တိုက်ခိုက်တော့မည်ဖြစ်၍ ကောင်းကင်ပလ္လင်ပေါ်မှ လုယန်နှင့် ကျူးယွမ်ဝူတို့ ချက်ချင်းခုန်ဆင်းသွားသည်။

"မသေမျိုးအဆုံးသတ်ကမ္ဘာဖျက်ကကွက်"

ကျူးထန် ကသည်။ ခြေလှမ်းများက အဖျက်စွမ်းအားဖြင့်ဖွဲ့စည်းထားသည်။ ကမ္ဘာအဆုံးသတ် ရောက်လာသကဲ့သို့ နတ်ဆိုးမြို့တော်တစ်ခုလုံး တုန်ခါနေသည်။

ကျူးယွမ်ဝူထုတ်သုံးခဲ့သည့်စွမ်းအားနှင့် ကမ္ဘာတစ်ခုစာလောက် ကွာခြားသည်။

ရေလှိုင်းရှစ်ခုက ရေဆင်နှာမောင်းအသွင်ပြောင်းသည်။ ရှစ်မြှောင့်တြိဂံပုံစံအတိုင်း ထွက်ပြေးလမ်းအားလုံးကို ပိတ်ထားသည်။

ကျန်းလျန်ယိက ဖြူဖွေးသည့်လက်ကို နောက်ကျောဘက်သို့ ဆန့်ထုတ်၍ ကျောက်စိမ်းပလွေတစ်ချောင်း ယူလိုက်သည်။

ဖန်တီးခြင်းရှေးဟောင်းမြေ၏ လေးခုမြောက်အလွှာမှ နံရံတွင်ချိတ်ဆွဲထားသည့် ပလွေဖြစ်သည်။

ဖြူဖျော့သည့်နှုတ်ခမ်းများကို ပလွေပေါ် ညင်သာစွာတင်လိုက်သည်။ ပလွေပေါက်များပေါ် လက်ချောင်းများဖိသည်။ မျက်လုံးမှိတ်၍ အာရုံစုစည်းသည်။ ဆံနွယ်များက လေပြေထဲတွင် ကခုန်နေသည်။ အပြည့်အဝဈန်ဝင်နေသကဲ့သို့ တီးမှုတ်သည်။

ကြည်လင်စူးရှသည့်ပလွေသံက ရေဆင်နှာမောင်းရှစ်ခုအတားအဆီးကို ထိုးဖောက်သည်။ တစ်လောကလုံး အပ်ကျသံမကြားရအောင် ငြိမ်သက်သွားသည်။

ရေဆင်နှာမောင်းရှစ်ခုသည် အမြင့်ဆုံးလှုပ်ရှားမှုကို ကိုယ်စားပြုသည်။ ကြည်လင်သည့်ပလွေသံတွင် အဆုံးစွန်ငြိမ်သက်မှုမျိုး ပါဝင်သည်။

လှုပ်ရှားမှုနှင့်ငြိမ်သက်မှု တွေ့ဆုံသည်။

"ဖျောင်း"

အပူချိန် ထိုးကျသွားသည်။ ရေဆင်နှာမောင်းရှစ်ခု အောက်ခြေမှစ၍ အေးခဲလာသည်။ နတ်ဆိုးနယ်မြေမှအပူချိန်က အေးခဲမှတ်သို့ ရောက်သွားသည်။ ဘေးမှကြည့်နေသည့်ကျင့်ကြံသူများ ရေငွေ့များမှုတ်ထုတ်နေကြသည်။

"သွားတော့"

ကျန်းလျန်ယိ ကျောက်စိမ်းပလွေကိုချ၍ လက်ညှိုးကို အထက်သို့ကွေးလိုက်သည်။ ရေခဲတိုင်လုံးရှစ်ခု ‌ရေခဲတုံးများအဖြစ် ကြေမွ၍ နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းပြီး ကျူးထန်ဆီ တိုးဝင်သွားသည်။

"လေဟာနယ် ပိတ်ဆို့မယ်"

ကျူးထန် အော်ဟစ်လိုက်သည်။ သူ့ဦးခေါင်းထက်မှ လေဟာနယ် အဆက်မပြတ်ကျုံ့ဝင်သွားပြီး လေဟာနယ်အတားအတီးတစ်ခုဖြစ်လာသည်။ ရေခဲနဂါးတိုက်ခိုက်မှုကို ကာကွယ်သည်။

တိုက်ခိုက်သည့်စက်ဝန်းက ကောင်းကင်ပလ္လင်ကို ကျော်လွန်သွားသည်။ နောက်ဆက်တွဲအားလှိုင်းများက ပရိတ်သတ်ဆီ ရိုက်ခတ်လာသဖြင့် နတ်ဆိုးမြို့တော်ဂိတ်တံခါးဆီ အမြန်ဆုတ်ကြရသည်။

ပြင်းထန်သည့်တိုက်ပွဲကို လက်ထဲမှမှတ်တမ်းမှော်စက်လုံးများဖြင့် အစအဆုံးမှတ်တမ်းယူဖို့ ဆုံးဖြတ်ထားသည်။

နိုင်ငံတည်အခမ်းအနားစကတည်းက မှတ်တမ်းစက်လုံးများ အသက်သွင်းကြသဖြင့် ထူးခြားသည့် တိုက်ပွဲတစ်ခုလုံးကို မှတ်တမ်းယူထားနိုင်သည်။

မြို့တော်အထက်မှ ကြောက်ခမန်းလိလိတိုက်ပွဲကိုကြည့်၍ ကျိုးချင်အန်းမျက်ခုံးတွန့်သွားသည်။

"အစက တိကျန်းဘိုးဘေးရဲ့ နိုင်ငံတည်ပွဲကို အပျော်လာကြည့်တာ။ မျက်တောင်တစ်ခတ်အတွင်း ရှေးဟောင်းကောင်းကင်ရုံးတော်က နတ်ဆိုးမြို့တော်မှာ ပြဿနာရှာတဲ့အဖြစ်ကို ပြောင်းသွားတယ်။ ပြီးတော့ ကူးဖြတ်ခြင်းအဆင့်ခြောက်ယောက် မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက် တိုက်ခိုက်နေကြပါလား"

ဖြစ်စဉ်အပြောင်းအလဲများက မြန်လွန်းသဖြင့် သူအံ့ဩရသည်။

ချင်းကျိုးပွဲအဖြစ်အပျက်၊ ဟန်ရွှေမြို့တော်တိုက်ပွဲများအကြောင်း သူသတိရလာသည်။ ထိုအဖြစ်အပျက်နှစ်ခုတွင် တူညီသည့်အချက်တစ်ချက်ရှိသည်။

ချိုးကျန်အန်း ဘေးသို့လှည့်၍ မဟာအကြီးအကဲကို တီးတိုးမေးသည်။

"မင်းတို့ဂိုဏ်းကလုယန် ဘယ်မှာလဲ"

ထိုအဖြစ်အပျက်နှစ်ခုတွင် တူညီသည့်အချက်က လုယန်နှင့်မုန်ကျင်းကျိုး ရှိနေခြင်းဖြစ်သည်။

လုယန်ဘယ်ရောက်နေသည်ကို မဟာအကြီးအကဲ ထုတ်ပြော၍မရ။ ထို့ကြောင့် ဟန်မပျက်ပြန်ပြောသည်။

"တစ်ခြားကိစ္စတွေရှိနေလို့ သူမလာဘူး"

ချိုးကျင်အန်း ခေါင်းငြိမ့်သည်။ သို့ဆိုလျှင် ပြဿနာများကိုဆွဲတောင်နိုင်သည့်ဓာတ်ခံရှိသူသည် မုန်ကျင်းကျိုးဖြစ်ပေလိမ့်မည်။

တစ်ခြားလူများလည်း အတွေးကိုယ်စီရှိနေသည်။ မသေမျိုးတစ်ဝက်အဆင့်တိုက်ပွဲကို သူတို့တစ်သက် ကိုယ်တွေ့ကြုံရမည်ဟု တစ်ခါမှမတွေးခဲ့ကြ။

နတ်ဆိုးမြို့တော်ခရီးက တကယ်ထိုက်တန်သည်။ နတ်ဆိုးနိုင်ငံ နောက်တစ်ကြိမ်တည်ထောင်လျှင်လည်း သူတို့လာမည်သာဖြစ်သည်။

"ဒါက အားအကြီးဆုံးရှင်သန်မှုအရိယဖလသန္ဓေကို အသုံးချနည်းတွေထဲက တစ်ခုပါ"

နတ်မယ်က လုယန်ကို ရှင်းပြသည်။

သာမန်လူများက ရှိုးပွဲကိုသာခံစားသည်။ ပညာရှင်များက နည်းလမ်းကိုခွဲခြားသည်။

တကယ့်တိုက်ပွဲအ‌သေးစိတ်ကို နားလည်သူက နတ်မယ်တ်စယောက်သာရျိသည်။

"ဒီအရိယဖလသန္ဓေက လူတွေကိုထိန်းချုပ်ဖို့ပဲမဟုတ်ဘူး။ ဝိညာဉ်စွမ်းအင်၊ မှော်စွမ်းအင်နဲ့ ဝတ္ထုပစ္စည်းတွေအားလုံးကို ထိန်းချုပ်နိုင်တယ်။

လျန်ယိက ကျူးထန်ရဲ့ ရေဆင်နှာမောင်းကိုထိန်းချုပ်တယ်။ ကျူးထန်က လေဟာနယ်နကို ထိန်းချုပ်တယ်။ ဒီအရိယဖလကို ဒီလိုတွေသုံးနိုင်တယ်"

လုယန်မျက်နှာတွင် ထူးဆန်းသည့်အရိပ်တစ်ခုပေါ်လာသည်။ ရှေးစွမ်းအားရှင်တစ်ယောက်အကြောင်း သတိရလာသည်။

"ဒါဆို စကားလုံးမှော်ပညာနဲ့ တူသလိုလိုပါလား"

"မတူဘူး။ ဒီအရိယဖလသန္ဓေက ကိုယ့်ထက်အားနည်းတဲ့လူတွေကိုပဲ ထိန်းချုပ်နိုင်တာ။ စကားလုံးမှော်ပညာက ကိုယ့်ထက်အားကြီးတဲ့လူတွေကိုပါ ထိန်းချုပ်နိုင်တယ်။

တကယ်စိတ်မကောင်းစရာပဲ။ အဲဒီ့စွမ်းအားရှင်က မသေမျိုးဖြစ်ဖို့ တကယ်အလားအလာကောင်းခဲ့တာ။ စကားလုံးအရိယဖလလိုဟာမျိုး ကျွမ်းကျင်လာနိုင်တယ်။ အဲဒါက ချီလင်ရဲ့အရိယဖလနဲ့လည်း ဆန့်ကျင်ဘက်မဖြစ်ဘူး။

သူ့လျှာသူ မထိန်းနိုင်တာ စိတ်မကောင်းစရာပဲ"

နတ်မယ် သူ့ပြိုင်ဘက်အကြောင်း ပြန်သတိရလာဟန်ဖြင့် ခေါင်းခါနေသည်။

...

ချုန်းချီခေါင်း‌ဆောင် အတော်စိတ်မကောင်းဖြစ်နေသည်။

ထိုမျှစိတ်လှုပ်ရှာစရာတိုက်ပွဲကို ဘိုးဘေးငယ်ကျင်းချိုင်ဝေ ကြည့်ခွင့်မရ။ နောက်မှသာ သူပြန်ပြောပြရတော့မည်။

...အဲ...ပြန်ပြောဖို့။

သူရုတ်တရက် မျက်နှာပျက်သွားသည်။ ဘိုးဘေးငယ်က ပွဲတော်ကို မှော်စက်လုံးဖြင့် မှတ်တမ်းယူခဲ့ဖို့ ပြောထားသည်။

သူအလောတကြီး လာခဲ့ရသည်။ ရောက်ရောက်ချင်း မဟာအကြီးအကဲက သူ့ရှက်စရာအတိတ်အကြောင်း ဖွင့်ပြောနေသည်။ ဘိုးဘေးငယ်မှာလိုက်သည့်ကိစ္စကို သူမေ့သွားသည်။

ထိုကိစ္စ သူအမြန်ဖြေရှင်းသည်။ ပါရှားမျိုးနွယ်ခေါင်းဆောင်ကို မေးလိုက်သည်။

"ဒီမှော်စက်လုံးမိတ္တူတစ်ခု ငါ့ကိုပေးလို့ရမလား"

ပါးရှားမျိုးနွယ်ခေါင်းဆောင်က သူ့ကို ခြေဆုံးခေါင်းဆုံးရှိသည်။

"မင်းမှာပိုက်ဆံရှိလို့လား"

ချုန်းချီခေါင်း‌ဆောင် အံတစ်ချက်ကြိတ်လိုက်သည်။ မှော်စက်လုံးမိတ္တူသည် ဈေးမနည်းလှသဖြင့် သူနည်းနည်းစိတ်ဓာတ်ကျသွားသည်။

"တော်ပါပြီလေ။ ဘိုးဘေးကို ကိုယ်တိုင်ပဲ ပြန်ပြောပြလိုက်မယ်.."

သူတို့စကားပြောနေချိန်တွင် ဘုန်းခနဲ အသံတစ်ခု ကြားလိုက်ရသည်။ ကျူးထန် ကောင်းကင်ပလ္လင်ပေါ်မှ ပြုတ်ကျလာသည်။ မြေပေါ်တွင် ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားသည်။

ချုန်းချီခေါင်းဆောင် ကျူးထန်ဆီ တစ်ချက်လှမ်းကြည့်သည်။

"ငါဝယ်မယ်"

*****************************

All Chapters