← Chapters

မသေမျိုးတစ်ဝက်တိုက်ပွဲ

Vol. 42 Ch. 619

မသေမျိုးတစ်ဝက်တိုက်ပွဲ

Vol. 42 Ch. 619

ပါရှားမျိုးနွယ်ခေါင်းဆောင်ကလည်း မှော်စက်လုံးဈေးနှုန်းကို ထပ်မြှင့်‌သည်။ ချုန်းချီခေါင်းဆောင် ဒေါသထါက်သွားပြီး အံတင်းတင်းကြိတိ်သည်။

သို့သော် တိုက်ပွဲက ခမ်းနားကြီးကျယ်လွန်းသည်။ ပီပီပြင်ပြင်ရုပ်လုံးပေါ်အော်ပြန်ပြောလိုလျှင် ပုံပြောဆရာတစ်ယောက် လိုပေလိမ့်မည်။

"ကောင်းပြီလေ။ ဒါပေမယ့် ဈေးကိုတော့ မင်းထပ်မမြှင့်နဲ့နော်"

ပါရှားခေါင်းဆောင်ကို သတိပေးသည့်အကြည်ဖြင့် သူကြည့်လိုက်သည်။

ချုန်းချီမျိုးနွယ်ကို လွယ်လွယ်အနိုင်ကျင့်လို့ရသည်ဟု ထင်နေကြသလားမသိ။

ငွေရှင်းပြီးနောက် သူပို၍ရင်နာသွားသည်။

"ငါအချိန်ယူပြီး ပုံပြောပညာသင်မှဖြစ်တော့မယ်ထင်တယ်"

သူပုံပြောပညာကျွမ်းကျင်လျှင် ယခုလိုငွေလိမ်ခံရမည်မဟုတ်။

...

ကျူးထန် ငါးကြင်းတစ်ကောင်လို ခုန်ထွက်ရန် ကြိုးစားသည်။ သို့သော် ကျန်းလန်ယိက အခွင့်အရေးမပေး။

ကောင်းကင်ပလ္လင်ပေါ်မှခုန်ချပြီး ကျူးထန်ရှိသည့် တွင်းနက်ထဲ ခြေဖြင့်ဆောင့်နင်းသည်။ ကျူးထန် အူအခွေလိုက်ထွက်မတတ်ဖြစ်သွားသည်။

"အဟွတ်.."

ကျန်းလျန်ယိ ကျူးထန်ကိုနင်းထားသည်။ ကျူးထန် အကြိမ်ကြိမ်ထရပ်ရန် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် ဒေါသထွက်လာသည်။

"နှစ်ကွက်လောက်အကြောပေးလိုက်တာနဲ့ မင်းကိုယ်မင်းဟုတ်လှပြီလို့ ထင်နေတယ်ပေါ့"

ဖီးနစ်တို့၏အမူအရာအရ ကျန်းလျန်ယိရှိနေသည့်အကြောင်း သိပုံမပေါ်။ သို့ဆိုလျှင် ကျန်းလျန်ယိသည် မကြာသေးခင်ကမှ နိုးထလာခြင်းဖြစ်မည်။

ထို့ကြောင့် မူလစွမ်းအားပြန်ရဖို့ အချိန်အတော်ယူရလိမ့်မည်။

သို့သော် ထိပ်တိုက်ရင်ဆိုင်ချိန်တွင် ကျန်းလျန်ယိက ရှေးဟောင်းခေတ်ကစွမ်းအားမျိုး အပြည့်အဝရှိနေသည်။

အားနည်းသည့်လက္ခဏာ လုံးဝမရှိ။ ထို့ကြောင့် သူအရေးနိမ့်ခဲ့သည်။

ဒေါသတကြီးအော်ဟစ်၍ သူ့မူလအသွင်သို့ ပြန်ပြောင်းသည်။ ခန္ဓာကိုယ်အရွယ်အစားကို မြှင့်သည်။ ကျန်းလျန်ယိ လွင့်ထွက်သွားသည်။

ကျန်းလျန်ယိက လေထဲတွင် ခြေနှစ်လှမ်းလှမ်း၍ တည်ငြိမ်စွာ ကိုယ်ရှိန်သပ်သည်။

လက်မောင်းနှစ်ဘက်ကို ဝှေ့ယမ်း၍ ရောင်စုံဖီးနစ်တစ်ကောင်အသွင် ပြောင်းလိုက်သည်။

ဖီးနစ်က တောင်ပံဖြန့်၍ ကောင်းကင်သို့ပျံတက်သွားသည်။ ရောင်စုံငှက်မွှေးများ တစ်ကိုယ်လုံးဖုံးလွှမ်းနေသည်။

နေရာင်က ထိုအမွှေးအတောင်များကို ထိုးဖောက်၍ သက်တန့်အလင်းအဖြစ် မြေပေါ်သို့ ထိုးကျလာသည်။

အတွင်းဒဏ်ရာရထားသည့် ကျင့်ကြံသူများ ထိုသက်တန့်အလင်းကောင်းချီးရပြီးနောက် ဒဏ်ရာများတဖြေးဖြေးပျောက်သွားသည်။

နတ်ဆိုးမျိုးနွယ်တို့သည် မူလပုံစံဖြင့်တိုက်ခိုက်လျှင် စွမ်းအားအကြီးဆုံးဖြစ်သည်။ ယခု မသေမျိုးတစ်ဝက်နှစ်ယောက် မူလအသွင်ပြောင်းထားသည်။ မီးကုန်ယမ်းကုန် တိုက်ခိုက်ကြသည်။

ကျူးထန်က ခြေထောက်ကိုအားပြု၍ သပ်ရပ်လှပစွာထွင်းထုထားသည့် ကျောက်စိမ်းကောင်းကင်ပလ္လင်ကို ပြောင်းပြန်လှန်လိုက်သည်။ ထိုအရာသည် ပလ္လပ်င်တစ်ခုသက်သက်မဟုတ်။ မှော်ရတနာလည်းဖြစ်သည်။

မီတာရာချီမြင့်သည့် ကောင်းကင်ပလ္လင်ဖြင့် ကျန်းလျန်ယိကို အရှိန်ပြင်းစွာ ပစ်ပေါက်လိုက်သည်။

ကျန်းလျန်ယိက တောင်ပံနှစ်ဘက်စု၍ ပလ္လင်ကိုဖမ်းသည်။ အားအရှိန်သပ်သည်။ ပလ္လင်တွင် လျှပ်စီးအလင်းတစ်ခုပေါင်းထည့်၍ ပြန်ပစ်လွှတ်သည်။

ကျူးထန် ပါးစပ်ဟ၍ မမြင်နိုင်သည့် အသံလှိုင်းတစ်ခု ထုတ်လွှတ်သည်။ ပလ္လင်ကို ရပ်တန့်သည်။

အသံစွမ်းအားတိုက်ခိုက်မှုကြောင့် ပလ္လင်အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် ကျန်းလျန်ယိထံ အရှိန်ပြင်းစွာ ပြန်လည်လွင့်ပျံသွားသည်။

ကျန်းလျန်ယိ ပထမတစ်ကြိမ်လို ပလ္လင်ကိုဖမ်းလျှင် ထပ်ပေါင်းထားသည့် လျှပ်စီးစွမ်းအားနှင့်အတူ ပေါက်ကွဲထွက်သွားလိမ့်မည်။

ကျန်းလျန်ယိက ကျူးထန်အကြံကို ရိပ်မိသည်။ လေဟာနယ်ကိုအမိန့်ပေး၍ ပလ္လင်ကို ထိန်းချုပ်သည်။

"နင့်ကိုပြန်ပေးမယ်"

မသေမျိုးတစ်ဝက်နှစ်ယောက်လက်တွင် ကောင်းကင်ပလ္လင်က ကစားစရာအရုပ်တစ်ခုလိုဖြစ်နေသည်။ အပြန်အလှန်ပစ်ပေါက်နေကြသည်။

ထိုပလ္လင်တွင် ကူးဖြတ်ခြင်းအဆင့်ဝါရင့်ပုဂ္ဂိုလ်များပင် ဒဏ်ရာအပြင်းအထန်ရနိုင်သည့် စွမ်းအားများ အလွှာလိုက်ပေါင်းစပ်ထားကြောင်း ကိုယ်တိုင်ကြည့်နေသည့် ကျင့်ကြံသူများသာသိကြသည်။

နောက်ဆုံးတွင် အထပ်ထပ်တိုးလာသည့်စွမ်းအားများကို မခံနိုင်တော့ဘဲ ကောင်းကင်ပလ္လင်က သူတို့နှစ်ယောက်ကြားတွင် ပေါက်ကွဲသွားသည်။

မသေမျိုးနှစ်ယောက်၊ မဟာနတ်ဆိုးခြောက်ယောက် စွမ်းအင်ကိုယ်စီထုတ်၍ နှစ်ယောက်ချင်းတိုက်ခိုက်နေသည်။ အလင်း‌ရောင်များ ပေါက်ကွဲထွက်နေသည်။ ကြည့်နေသူပရိတ်သတ်အားလုံး အပိုမျက်လုံးများ လိုချင်မိကြသည်။

ပရိတ်သတ်ထဲတွင် စုစည်းခြင်းအဆင့်များစွာရှိသည်။

ကူးဖြတ်ခြင်းအဆင့်များ၏ တိုက်ပွဲကိုသာ သူတို့ကြည့်နိုင်စွမ်းရှိသည်။ မသေမျိုးတစ်ဝက်များတိုက်ခိုက်ပုံကို သူတို့သေချာနားမလည်နိုင်။

သို့သော် မသေမျိုးတစ်ဝက်အဆင့်တိုက်ပွဲကိုသာ ကြည့်ဖို့ရွေးချယ်ကြသည်။

မိုင်တစ်ထောင်အတွင်း ဝိညာဉ်စွမ်းအင်များ ခမ်းခြောက်သွားသည်။ စွမ်းအားမြင့်မသေမျိုးတစ်ဝက်နတ်ဆိုးနှစ်ယောက်က ထိန်းချုပ်ထားသည်။

ကောင်းကင်တက်လိုက် မြေပြင်ဆင်းလိုက် အကြိမ်ကြိမ်တိုက်ခိုက်သည်။

လမ်းကြောင်းတလျှောက် လေဟာနယ်ကြေမွအက်ကွဲသည်။ အဖျက်စွမ်းအားသာ ကျန်ခဲ့သည်။ ကူးဖြတ်ခြင်းအဆင့်ခြောက်ယောက်က ထိုစက်ကွင်းထဲရောပါမသွားအောင် ခပ်ဝေးဝေးတွင် တိုက်ခိုက်ကြသည်။

ကောင်းကင်တွင် ရောင်စုံအလင်းနှင့် အံ့ဖွယ်မြင်ကွင်းများပြည့်နေသည်။

မိုးခြုန်းသံများ လျှပ်စီးများနှင့်အတူ တိမ်မုန်တိုင်းများနောက်ဘက်တွင် ကြီးမားသည့်အရိပ်နှစ်ခု တိုက်ခိုက်နေသည်။ လျှပ်စီးရောင်ပေါ်ချိန်မှသာ သူတို့တိုက်ပွဲကို ဖျတ်ခနဲကြည့်ခွင့်ရသည်။

ကျူးထန် လှပစွာ ကနေသည်။ ဝက်ပျံတစ်ကောင်ကနေသည်နှင့်တူသည်။ တည်ငြိမ်သည့်သီချင်းသံလည်း သူ့လှုပ်ရှားမှုနှင့်အတူ ထွက်ပေါ်နေသည်။

"ဆောင်းဦးချိန်ကို ကြွားလုံးထုတ်စရာမလိုပါ...ဆောင်းဦးလွန်ချိန် ဦးခေါင်းတွေ ဘယ်လိုလိမ့်ခဲ့သလဲ မေးကြည့်ပါ..."

ကျန်းလျန်ယိ အန္တရာယ်အငွေ့အသက်ကို ခံစားမိသဖြင့် ဖီးနစ်တောင်ပံကိုခတ်၍ ဘေးတိုက်ပျံသန်းသွားသည်။

ကိုယ်ပျောက်ဓားပျံများအောက်မှ ပွတ်ကာသီကာလွတ်သွားသည်။ ဖီးနစ်အမွှေးအတောင်တစ်ချို့ ပြတ်ကျသွားသည်။

"ရာသီလေးမျိုးသီချင်းထဲက ဆောင်းဦးသီချင်းလား"

ကျန်းလျန်ယိလည်း ဂီတကျွမ်းကျင်သူဖြစ်သည်။ တိုးညှင်းစွာ သီချင်းဆိုလိုက်သည်။ သူ့သီချင်းသံတွင် လူသတ်ရိပ်များ ပေါင်းစပ်ထားသည်။

တေးသွားနှစ်မျိုး ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။ လေဟာနယ်တုန်ခါနေသည်။ လူသတ်ရိပ်များ လွှမ်းခြုံနေသည်။ အားလှိုင်းများ နေရာစုံမှတင်လာသည်။

ရုတ်တရက် ကောင်းကင်မှ အမှုန်အမွှားများ စတင်ကျဆင်းလာသည်။ မြေပြင်ကို တဖျောက်ဖျောက် ရိုက်ခတ်သည်။

"အဲ...ဒါက မိုးစက်မဟုတ်ဘူးပဲ...သစ်စေ့တွေလား"

လုယန် မြေပြင်မှ သစ်စေ့တစ်စေ့ ကောက်ယူကြည့်သည်။ အမျိုးအစား မခွဲခြားနိုင်။

"ဒါက နဂါးချုပ်နွယ်သစ်စေ့တွေလေ။ နင်တို့ခေတ်မှာ မရှိလောက်ဘူး"

"နဂါးချုပ်နွယ်ပင်လား"

"နာမည်အတိုင်းပဲ။ တစ်ချိန်က အောင်းလင်းကို အဲဒီ့နွယ်ပင်က ဖမ်းချုပ်ဖူးတယ်"

ကျန်းလျန်ယိနှင့် အောင်းလင်းသည် စွမ်းအားသိပ်မကွာမှန်း နတ်မယ်ပြောပြ၍ လုယန်သိထားသည်။ ကျန်းလျန်ယိက လေးဆယ်ရာနှုန်းနိုင်ခြေရှိသည်။ အောင်းလင်းက ခြောက်ဆယ်ရာနှုန်းနိုင်ခြေရှိသည်။

နဂါးချုပ်နွယ်စေ့များက မြေကိုထိသည်နှင့် အညှောက်ပေါက်ပြီး လျင်မြန်စွာကြီးထွားလာသည်။ မျက်တောင်တစ်ခတ်အတွင်း နတ်ဆိုးမြို့တော်တစ်ခုလုံး နွယ်ပင်များပြန့်နှံ့သွားသည်။ လက်တံရှည်များပမာ ကောင်းကင်သို့ဆန့်ထွက်နေသည်။ နည်းနည်းခြောက်ခြားစရာကောင်းသည်။

နွယ်ပင်များက လျင်မြန်စွာဆန့်ထွက်၍ ကျူးထန်ကို ရစ်ပတ်သည်။ ကျူးထန်၏တောင်ပံလေးခုက ဓားနှင့်တူသည်။ မိုးမြေကိုခွဲနိုင်စွမ်းရှိသည်။

ဤတစ်ကြိမ်လည်း ထိုသို့ပင်ဖြစ်သည်။ တောင်ပံလေးခုမှ ဓားစွမ်းအင်များ ထုတ်လွှတ်သည်။ နဂါးချုပ်နွယ်ပင်များကို ဖြတ်တောက်သည်။

သို့သော် တစ်ခုခုမူမမှန်ကြောင်း ကျူးထန်ချက်ချင်းရိပ်မိသည်။ နွယ်ပင်ပြတ်သွားသည့်နေရာတွင် အားပြင်းသည့်မီးတောက်များ တောက်လောင်နေသည်။ နွယ်ပင်အတွင်းပိုင်းက အခေါင်းဖြစ်နေပြီး မီးဖြင့်ဖြည့်ထားသလို ဖြစ်နေသည်။

"အခြေအနေမကောင်းဘူး။ ဒါက ဖီးနစ်မီးတောက်စစ်ပဲ"

နဂါးချုပ်နွယ်ပင်များ ပြန်ပေါက်လာသည်။ ကျူးထန် တောင်ပံကိုဆက်တိုက်ခတ်၍ ဖြတ်ချသည်။

သူဘယ်လောက်ဖြတ်တော်သည်ဖြစ်စေ နွယ်ပင်များက ပြန်ပေါက်လာသည်။ အဆုံးမရှိ။ ကုန်ခမ်းသွားသည်မရှိ။

နတ်မယ်က လုယန်ကို ရှင်းပြသည်။

"နဂါးချုပ်နွယ်ပင်က လျန်ယိကျင့်ကြံထားတဲ့ မသေမျိုးနွယ်ပင်ပဲ။ ဖီးနစ်မီးတောက်စစ်နဲ့ အားဖြည့်ထားတာ။ မီးတောက်မျှင်တစ်စကို သစ်စေ့တွေထဲ ပေါင်းစပ်ထားတယ်။

ဒီတော့ သစ်ပင်စိုက်မှော်ပညာသုံးပြီး စိုက်လိုက်တဲ့အခါ နွယ်ပင်က ဖီးနစ်မီးတောက်စွမ်းအားနဲ့ အဆုံးမရှိကြီးထွားနိုင်တဲ့ မသေမျိုးနွယ်ပင်ဖြစ်လာတယ်။

အရိယဖလသန္ဓေနဲ့ ထိန်းချုပ်ထားတော့ နဂါးချုပ်နွယ်ပင်ကို လျန်ယိရဲ့ဆန္ဒအတိုင်း လိုသလိုလှုပ်ရှားနိုင်တယ်။ ခန့်မှန်းလို့မရဘူး။ ကာကွယ်ဖို့မဖြစ်နိုင်ဘူး။

တစ်ခါတုန်းက ရှောင်လင်း ဒီအကွက်မိသွားပြီး ချုပ်နှောင်ခံခဲ့ရတာ"

ကျူးထနန်လည်း နဂါးချုပ်နွယ်ပင်ဖြင့် ရစ်နှောင်ခံထားရသည်။ တောင်ပံလေးခုက သူ့ကိုယ်ပေါ်တွင် သစ်ရွက်များလိုလုံးထွေးနေသည်။

သူထိုသို့ချုပ်နှောင်မခံလို။ ဒေါသတကြီး သူအော်ဟစ်လိုက်သည်။

"မိုးမြေနိယာမစွမ်းအား"

မိုးမြေစွမ်းအားဖြင့် ကြီးမားသည့်သားရဲတစ်ကောင်အဖြစ်ပြောင်းလိုက်သည်။ သူ့ကြွက်သားများဖောင်းထလာသည်။ အတင်းရုန်းထွက်ရန် ကြိုးစားသည်။

အရွယ်အစားကြီးလာသော်လည်း ရုန်းထွက်မရ။ ထို့ကြောင့် လူအသွင်ပြန်ပြောင်း၍ နွယ်ပင်များကြားမှ စုံ့ထွက်ရန်ကြိုးစားသည်။

ကျန်းလျန်ယိက နွယ်ပင်များကို လိုသလိုချုံ့ချဲ့၍ ထိန်းချုပ်နိုင်သည်။ ကျူးထန်ဘယ်လိုပုံစံပြောင်းပြောင်း လုံးဝမလွတ်။

"မင်းငါ့ကိုအတင်းဖိအားပေးနေတာပဲ'

ကျူးထန်မျက်လုံးတွင် ဒေါသခိုးများဝေနေသည်။ ပါးစပ်ကိုကျယ်ကျယ်ဟလိုက်သည်။ မရေမတွက်နိုင်သည့် သရဲအရိပ်များ ထွေးထုတ်လိုက်သည်။ သရဲတပ်ဖွဲ့တစ်ခု ဖြစ်လာသည်။

သရဲများက ပုံစံမျိုးစုံရှိသည်။ လူသားအသွင်၊ နတ်ဆိုးအသွင်၊ ထူးဆန်းသည့်ဝိညာဉ်အသွင် ရှိကြသည်။ အားလုံးက ရှေးဟောင်းစစ်ပွဲတစ်ခုတွင် ရှုံးနိမ့်ပြီး ကျူးထန် ဝါးမျိုခံခဲ့ရသူများဖြစ်သည်။

အရိယဖလသန္ဓေစွမ်းအားဖြင့် သရဲဝိညာဉ်အဖြစ် သန့်စင်ခဲ့သည်။

"သရဲတပ်ဖွဲ့စစ်ချီလာရင် နတ်ဆိုးအားလုံးနောက်ဆုတ်ရတယ်ဆိုတဲ့ ဒဏ္ဍာရီကျင့်စဉ်ပညာပဲ"

ဗဟုသုတနှံ့စပ်သည့် ကူးဖြတ်ခြင်းနတ်ဆိုးတစ်ယောက်က ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်သည်။ သရဲတပ်ဖွဲ့ဖြတ်သွားရာတစ်လျှောက် မိုင်ထောင်ချီ၍ မြက်မပေါက်။ ကျစ်တီးကုန်းမြေဖြစ်သွားသည်ဟူသည့် ဒဏ္ဍာရီရှိသည်။

ထိုဒဏ္ဍာရီသည် နတ်ဆိုးမျိုးနွယ်များအတွက် တားမြစ်ချက်ဖြစ်သည်။ ကလေးများကို ခြောက်လှန့်ဖို့ သုံးလေ့ရှိသည်။

ယခု ထိုဒဏ္ဍာရီ၏ မူလဇစ်မြစ်က အရှင်ကျူးထန်ဖြစ်ကြောင်း သိလာကြသည်။

ထိုပညာမျိုးကို ရင်းနှီးနေသလို လုယန်ခံစားရသည်။

"ရင်းနှီးသလိုဖြစ်မှာပေါ့။ ကျားမျိုးနွယ်က ဒီပညာကိုသင်ပြီးတော့ သရဲထိန်းပညာအဖြစ် ပြောင်းလိုက်တယ်။ အဲလိုနဲ့ 'ကျားနောက်က ကျွန်လိုလိုက်'ဆိုတဲ့စကားပေါ်ခဲ့တာ"

နတ်မယ်က ပုံမှန်လေသံဖြင့် ပြောသည်။

ကျန်းလျန်ယိ မီးလုံးတစ်ခု မှုတ်ထုတ်လိုက်သည်။ နေထက်ပူပြင်းသည်။ ဖီးနစ်မီးတောက်စစ်၏မူလသန္ဓေဖြစ်သည်။

လျှာထိပ်ကိုကိုက်၍ ဖီးနစ်သန္ဓေသွေးတစ်စက်ကို မီးတောက်ထဲ ပေါင်းထည့်လိုက်သည်။ ဖီးနစ်အော်သံတစ်ခု ထွက်လာပြီး သူနှင့်ပုံစံတူဖီးနစ်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည်။

မီးတောက်စစ်ဖီးနစ်ဖြစ်သည်။

ဖီးနစ်မီးတောက်သည် အကြမ်းတမ်းဆုံးယန်ဓာတ်ဖြစ်သည်။ သရဲများ မကောင်းဆိုးဝါးဝိညာဉ်များကို ထိန်းချုပ်ရာတွင် အကောင်းဆုံးဖြစ်သည်။

*********************************

All Chapters