← Chapters

ဖီးနစ်မျိုးနွယ်သို့အပြန်

Vol. 42 Ch. 623

ဖီးနစ်မျိုးနွယ်သို့အပြန်

Vol. 42 Ch. 623

ကူးဖြတ်ခြင်ရှေးဘိုးဘေးသုံးယောက် ဘေးချင်းယှဉ်ထိုင်၍ မျက်နှာပျက်နေသည်။

အရှေ့ပင်လယ်အထောက်တော်အောင်းလီ နတ်ဆိုးမျိုးနွယ်ခေါင်းဆောင်များ၊ ဖီးနစ်ခေါင်းဆောင်များလည်းရှိသည်။ သို့သော် သူတို့သည် ထိုင်ဖို့အရည်အချင်းမမီကြ။

ထို့ပြင် မျိုးနွယ်နျှစ်ခုလုံး၏ အဖွဲ့ဝင်ဟောင်းများရှိသည်။ အားလုံးက နတ်ဆိုးနယ်မြေတွင် ထင်ရှားကျော်ကြားသူများဖြစ်သည်။

မျိုးဆက်သစ်များနေရာယူလာချိန်တွင် သူတို့အနားယူခဲ့ကြသည်။ မျိုးနွယ်ထဲတွင် သူတို့သည် အလွန်မြင့်မားသည့် ရာထူးများပိုင်ဆိုင်သည်။ မျိုးနွယ်ခေါင်းဆောင်များပင် သူတို့ကို လေးလေးစားစားဆက်ဆံရသည်။

သို့သော် ရှေးဘိုးဘေးသုံးယောက်ရှိနေသဖြင့် သူတို့အဆင့်အတန်းက အရေးမပါသလိုဖြစ်နေသည်။ မတ်တပ်သာရပ်နေရသည်။

နတ်ဆိုးနယ်မြေမှ နဂါးဘိုးဘေးက လေးလံသည့်လေထုကို ခံစားရသဖြင့် စကားပြောသည်။

"ဖီးနစ်ဘိုးဘေး ဘယ်တော့ရောက်လာမယ်ဆိုတာ မသေမချာဘူး"

မျိုးနွယ်နှစ်ခုလုံးမှလူများ စုစည်းခြင်းသည် ဖီးနစ်ဘိုးဘေးပြန်အလာကို မျှော်နေကြခြင်းဖြစ်သည်။

ကျန်းမင်ကျိက ကျိယုမိန်ကိုသတ်ပြီးနောက် ဖီးနစ်ဘိုးဘေးကိုတွေ့ရန် နတ်ဆိုးမြို့တော်သို့ ပြန်လာသည်။ သို့သော် ခြေတစ်လှမ်းနောက်ကျသွားသည်။ မသေမျိုးတစ်ဝက်တိုက်ပွဲပြီးဆုံး၍ လုယန်နှင့် ကျန်းလျန်ယိတို့ ထွက်သွားပြီးဖြစ်သည်။

ဖီးနစ်ဘိုးဘေးသည် သေချာပေါက်အိမ်ပြန်လာမည်ဟုတွေး၍ ဖီးနစ်မျိုးနွယ်ဆီ အမြန်ပြန်လာပြီး စောင့်နေသည်။

ကျိယုမိန်အလောင်းကိုပင် မသန့်စင်အားသေး။

နဂါးမျိုးနွယ်နှစ်ခုလည်း ထိုသို့ပင်တွေးသည်။ ဖီးနစ်မျိုးနွယ်ထံတွင် လာစုကြသည်။

ယခု ဖီးနစ်မျိုးနွယ်ပိုင်နက်ထဲ အဓိကမျိုးနွယ်မှ မဟာနတ်ဆိုးကြီးများ ကြပ်သိပ်နေသည်။ အားလုံးက ဖီးနစ်မျိုးနွယ်ကို မျက်နှာချိုသွေးရန် ကြိုးစားနေသည်။

ဖီးနစ်မျိုးနွယ်ကို နတ်ဆိုးနယ်မြေ၏ ပထမမျိုးနွယ်ကြီးအဖြစ် သတ်မှတ်ခဲ့သည်မှာ နက်ရှိုင်းသည့် သူတို့အမွေအနှစ်ကြောင့်ဖြစ်သည်။ စွမ်းအားကြီးသော်လည်း မျိုးနွယ်အားလုံး အညံ့ခံဖို့ အမိန့်ပေးနိုင်လောက်သည်အဆင့်သို့ မရောက်ခဲ့။

ယခု မတူတော့။ ဖီးနစ်ဘိုးဘေးပြန်လာပြီဖြစ်၍ ဖီးနစ်တို့ အင်အားမကြီးဟု ကြေညာလျှင်ပင် ဘယ်သူမှယုံမည်မဟုတ်။

"မင်းတို့အားလုံးကို ငါတကယ်အားကျတယ်။ ဖီးနစ်ဘိုးဘေးပြန်လာပြီ။ ဖီးနစ်မျိုးနွယ် တိုးတက်တော့မယ်"

နဂါးစွမ်းအားရှင်နှစ်ယောက်က ကျန်းမင်ကျိကို အားကျသည့်အကြည့်ဖြင့် ကြည့်နေသည်။

ကျန်းလျန်ယိပြန်ရောက်လာသဖြင့် ဖီးနစ်တို့ရင်ဆိုင်နေရသည့် အတွင်းအပြင်ဒုက္ခအားလုံး ဖြေရှင်းနိုင်တော့မည်။

သူတို့နဂါးမျိုးနွယ် ထိုမျှကံမကောင်း။

"မဟုတ်ပါဘူး၊ အဲလိုမဟုတ်ပါဘူး"

ကျန်းမင်ကျိ ပြုံးနေသည်။

"ကျွီ"

တံခါးစောင့်ဖီးနစ်များက တံခါးကိုတွန်းဖွင့်လာပြီး အပြင်ဘက်သို့လက်ညှိုးထိုး၍ ဝမ်းသာအားရပြောသည်။

"ဘိုးဘေး...ရှေးဘိုးဘေး ကောင်းကင်မှာရောက်နေပြီ"

"ဘယ်လို"

ကူးဖြတ်ခြင်းအဆင့်သုံးယောက် အမြန်ထရပ်၍ ကြိုဆိုရန်ထွက်သွားသည်။

နေဝင်ချိန်တိမ်သားနီက ကောင်းကင်တွင် လွင့်မြောနေသည်။ ကျန်းလျန်ယိ၏ ဝတ်ရုံနီကဲ့သို့ ထူးကဲထင်ရှားသည်။

ထိုတိမ်တိုက်ပေါ်တွင် ကောင်းကင်ရုံးတော်ဂိုဏ်းအဖွဲ့သားများရှိနေသည်။ ကျန်းလျန်ယိနှင့် လုယန်သာမဟုတ်။ ကန်ထန်၊ မုန်ကျင်းကျိုးနှင့် အကြီးအကဲငါးယောက်လည်းပါသည်။

အားလုံး ကောင်းကင်ရုံးတော်ဂိုဏ်းဝင်များအနေဖြင့် ရုပ်ဖျက်၍ရောက်လာခြင်းဖြစ်သည်။

ကန်ထန် အစကဟန်မဆောင်ချင်။ သို့သော် တစ်ခြားအားလုံးက ဖီးနစ်မျိုးနွယ်သို့သွားကြမည်ဖြစ်၍ သူတစ်ယောက်တည်းကျန်နေလျှင် နည်းနည်းအထီးကျန်သလိုခံစားရသည်။

"မင်းတို့ဒီကို ဘာလာလုပ်တာလဲ"

လုယန်က မုန်ကျင်းကျိုး သိစိတ်အာရုံမှမေးသည်။

"မကြာခင် ဂိုဏ်းကိုအတူပြန်ရတော့မှာပဲလေ။ စောစောလူစုတာမကောင်းဘူးလား"

မုန်ကျင်းကျိုးက ဟန်မပျက်ပြန်ပြောသည်။

"ဘိုးဘေး"

"ဖီးနစ်ဘိုးဘေး"

"ဖီးနစ်ဘိုးဘေးကို ကျုပ်တို့ ဂါရဝပြုပါတယ်"

ကျန်းလျန်ယိကိုမြင်သည်နှင့် နဂါးနှင့်ဖီးနစ်မျိုးနွယ်ဝင်များ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဒူးထောက်အရိုအသေပြုကြသည်။

"ကောင်းပြီ၊ ထကြပါ"

ကျန်းလျန်ယိ လက်ကိုမြှောက်သည်။

နှစ်သုံးသိန်းကြာမှ သူ့မျိုးနွယ်ဝင်များကို ပြန်မြင်ရခြင်းဖြစ်၍ သူလည်းဝမ်းသာသည်။

ယခုထိ သူ့မျိုးနွယ်ဝင်များကို အလျင်စလို သွားမတွေ့သေး။ မျိုးနွယ်က သူ့ပုံရိပ်ကိုများစွာမြှင့်တင်ထားသည်။ မီးမှပြန်မွေးဖွားသူဟု ပြောထားသည်။

အရိုးသားဆုံးပြောရလျှင် ထိုအဖြစ်ကို ငြင်းရမည်လည်းရှက်သည်။ မဟုတ်မမှန်ဝန်ခံရမည်လည်းရှက်သည်။

မျိုးနွယ်နှစ်ခုလုံးခြံရံလျက် ကျန်းလျန်ယိ ဖီးနစ်မျိုးနွယ်ဘိုးဘေးခန်းမသို့ဝင်သည်။

လုယန်တို့က တိမ်ပေါ်မှမဆင်းကြ။ ကျန်းလျန်ယိ သူ့မျိုးနွယ်ဝင်များနှင့် တွေ့သည့်ကိစ္စ သူတို့ဝင်ပါဖို့မလိုဟု ခံစားရသည်။

ဘိုးဘေးခန်းမက ဖီးနစ်မျိုးနွယ်၏ ဘိုးဘေးကမ္ဗည်းတိုင်များပြည့်နေသည်။ ထိပ်ဆုံးကမ္ဗည်းတိုင်က ကျန်းလျန်ယိကမ္ဗည်းတိုင်ဖြစ်သည်။ ထိုဘေးတွင် မကြာသေးခင်ကမှ ဖြည့်ထားသည့် ချီလင်မသေမျိုး၏ကမ္ဗည်းတိုင်ရှိသည်။

ကျန်းလျန်ယိ "..."

လှုပ်ရှားတာအတော်မြန်ကြပါလား...

"မင်းနာမည်ဘယ်လိုခေါ်လဲ"

ကျင့်စဉ်အမြင့်ဆုံးဖြစ်သည့် ကျန်းမင်ကျိကို ကျန်းလျန်ယိသတိထားမိသည်။

"ကျန်းလျန်ယိပါ ဘိုးဘေး"

"ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ပေါ့။ သိပ်ကောင်းတယ်။ ဒီလောက်နှစ်တွေအကြာကြီး ဖီးနစ်မျိုးနွယ် ရပ်တည်နိုင်ခဲ့တာ မင်းအကာအကွယ်မရှိရင် မဖြစ်နိုင်လောက်ဘူး။ မင်းအတော်ဒုက္ခခံခဲ့တာပဲ"

"ဒုက္ခလို့ လုံးဝမခံစားရပါဘူး"

ကျန်းမင်ကျိမျက်လုံးတွင် မျက်ရည်ဝေ့နေသည်။

"ပြီးတော့ မင်းတို့နှစ်ယောက်ကရော။ နာမည်ဘယ်လိုခေါ်လဲ"

နဂါးမျိုးနွယ်သည် နတ်ဆိုးနယ်မြေနှင့် အရှေ့ပင်လယ်အုပ်စု နှစ်စုကွဲနေကြောင်း သူကြားပြီးဖြစ်သည်။

"ကျုပ်က အောင်းချွန်ချိုးပါ"

နတ်ဆိုးနယ်မြေနဂါးက ပြောသည်။

"ကျုပ်က အောင်းဖန်ပါ"

အရှေ့ပင်လယ်ဘိုးဘေးက ပြောသည်။

"အောင်းလင်းရဲ့သတင်းကို ကြားမိသေးလား"

အောင်းဖန် ရင်နာသွားသည်။

"မကြားပါဘူး ဘိုးဘေး"

ဘိုးဘေးနှစ်ယောက်သည် မိတ်ဆွေရန်သူဖြစ်ကြောင်း သူကြားထားသည်။ ဖီးနစ်ဘိုးဘေးထံ သတင်းမေးဖို့ သူမျှော်လင့်ခဲ့သည်။

ယခု မျှော်လင့်ချက်ရှိတော့ပုံမပေါ်။

ကျန်းလျန်ယိ ခေါင်းငြိမ့်သည်။ သူမအံ့ဩမိ။

နောက်ကွယ်မှရန်သူ တွေ့သွားမည်စိုး၍ သူ့ယောက်ျားက အောင်းလင်းကို ကောင်းကောင်းဝှက်ထားခဲ့လိမ့်မည်ဟု သူယူဆသည်။

နဂါးမျိုးနွယ်တစ်ခုတည်း သဲလွန်စရှာနိုင်မည်မဟုတ်။

"အောင်းလင်းရဲ့ ဘေးကင်းလုံခြုံရေးကို မင်းတို့စိုးရိမ်စရာမလိုပါဘူး။ သူက လျှို့ဝှက်နည်းလမ်းတစ်မျိုးသုံးပြီး တစ်နေရာမှာအိပ်နေတာပါ။ ငါသူ့ကိုရှာဖို့ အကောင်းဆုံးကြိုးစားပါ့မယ်"

"ကျေးဇူးပါဘိုးဘေး"

အောင်းဖန်နှင့် အောင်းချွန်ချိုးတို့ ဝမ်းသာသွားကြသည်။

ဖီးနစ်ဘိုးဘေးကူညီမည်ဆိုလျှင် သူတို့ဘိုးဘေးကို ရှာတွေ့နိုင်ခြေ ပိုများသည်။

"ကျေးဇူးတင်စရာမလိုပါဘူး။ ဒါက လုပ်သင့်တဲ့အလုပ်ပါ။ ငါနဲ့ရှောင်လင်းရဲ့ဆက်ဆံရေးက မင်းတို့ထင်ထားတာထက် ပိုရင်းနှီးပါတယ်။ ငါတို့နှစ်ယောက်လုံး ချီလင်မသေမျိုးရဲ့ ဇနီးတွေပါ"

"အဲ"

ထိုသတင်းကြောင့် နဂါးနှင့်ဖီးနစ်မျိုးနွယ်ဝင်များ အံ့အားသင့်သွားကြသည်။

သို့သော် သေချာပြန်တွေးကြည့်လျှင် အဓိပ္ပါယ်ရှိပါသည်။

ချီလင်မသေမျိုးသည် စွမ်းအားကြီးသည်။ မိန်းမနှစ်ယောက်ရှိသည်မှာ ဘာမှမထူးဆန်း။

"နတ်ဆိုးနယ်မြေက ဖီးနစ်မျိုးနွယ်နဲ့ နဂါးမျိုးနွယ်တွေလည်း နတ်ဆိုးနိုင်ငံကို ဝင်သင့်တယ်။ နယ်မြေစုစည်းတာဟာ နတ်ဆိုးမျိုးနွယ်တိုးတက်ရေးအတွက် အကျိုးရှိတယ်။

ကျူးထန်ရည်မှန်းချက်လွန်ကဲပြီး လူသားမျိုးနွယ်ကို တိုက်ခိုက်မှာလည်းမစိုးရိမ်နဲ့။ ငါရှိနေရင် သူမလုပ်ရဲဘူး။

အရှေ့ပင်လယ်မျိုးနွယ်ကတော့ နတ်ဆိုးနိုင်ငံကိုဝင်ဖို့မလိုဘူး။ အရှေ့ပင်လယ်မှာလည်း နတ်ဆိုးနယ်မြေလိုပဲ အရှုပ်အထွေးတွေရှိတယ်လို့ကြားတယ်။

ရှောင်လင်းရှိနေရင် အရှေ့ပင်လယ်က သူ့ပိုင်နက်ဖြစ်လာမှာ။ ဒီတော့ ငါဝင်မစွက်ဘူး"

"ဟုတ်ကဲ့"

ကျန်းလျန်ယိစကားကြောင့် ဖီးနစ်မျိုးနွယ်နှင့် နဂါးမျိုးနွယ်တို့၏ စိုးရိမ်ပူပန်မှုများ ကင်းဝေးသွားသည်။

"မျိုးနွယ်ထဲမှာ ကျန်းရှီရှီဆိုတဲ့ ပါရမီရှင်လူငယ်တစ်ယောက်ရှိတယ်လို့ကြားတယ်။ သူ့ကိုခေါ်ခဲ့ပါ။ ငါကြည့်ချင်တယ်"

လုယန်ပြောသည့် ဖန်တီးခြင်းလျှို့ဝှက်မြေအကြောင်း သူပြန်သတိရလာသည်။

မသေမျိုးအမကလည်း ထိုမိန်းကလေး၏ပါရမီကို မဆိုးလှဟုပြောသည်။

မဆိုးလှဟု နတ်မယ်ပြောသည့်စကားသည် အဆင့်အတန်းမြင့်သည့်သဘောဖြစ်သည်။

သူ့သမီးအကြောင်းပြောနေခြင်းဖြစ်၍ မျိုးနွယ်ခေါင်းဆောင် ကျန်းရှစ် ဝမ်းသာသွားသည်။

ကျန်းရှီရှီလည်း ဘိုးဘေးကိုယ်တိုင် သူ့ကိုနာမည်တပ်ခေါ်မည်ဟု ထင်မထား။ ဘိုးဘေးခန်းမထဲသို့ရောက်ပြီး ရှေးဟောင်းဘိုးဘေးကိုမြင်ရချိန်တွင် သူလုံးဝမင်သက်မိနေသည်။

ကျန်ရှစ်က သိစိတ်အသံလှိုင်းမှတစ်ဆင့် ဒူးထောက်အရိုအသေပေးဖို့ လှမ်းသတိပေးရသည်။

ကျန်းလျန်ယိ ကျန်းရှီရှီကို စစ်ဆေးကြည့်သည်။ အားလုံး အတော်စိတ်ဖိအားများနေသည်။

"ပါရမီမဆိုးဘူး။ အတွေးအခေါ်နည်းနည်းလိုတယ်။ ဒါပေမယ့် ဒါကသိပ်ပြဿနာမရှိဘူး။ ငါကိုယ်တိုင်သူ့ကို လမ်းညွှန်ပေးမယ်"

ကျူးထန်လေ့ကျင့်ပေးထားသည့် ကျူးယွမ်ယူထက် ထူးခြားလာမည့်သူဖြစ်သည်။ ကျန်းရှီရှီ၏ပါရမီကို လျန်ယိ အတော်သဘောကျသည်။ သူ့အမွေခံဖြစ်နိုင်လောက်သည်ဟု ယူဆသည်။

ထို့နောက်တွင် အိပ်ပျော်နေချိန်နှစ်သုံးသိန်းအတွင်း ဖီးနစ်မျိုးနွယ်ဖြတ်သန်းခဲ့ပုံအကြောင်း ကျန်းမင်ကျိအစီရင်ခံသည်ကို သူနားထောင်သည်။

အခက်အခဲများ အန္တရာယ်များရှိခဲ့သည်။ ပါရမီရှင်များလည်း ပေါ်ခဲ့သည်။

ကျန်းမင်ကျိက စိတ်အားထက်သန်စွာ ပြန်ပြောပြနေသည်။ ကျန်းလျန်ယိက ငြိမ်သက်စွာနားထောင်သည်။ တစ်ခါတစ်ရံ နားလည်သည့်အပြုံးမျိုးပြုံးသည်။

"မဆိုးဘူး။ ဖီးနစ်မျိုးနွယ်က ကောင်းကောင်းဖွံ့ဖြိုးတိုးတက်ခဲ့တာပဲ။ ငါစိတ်ချလို့ရပါပြီ"

ကျန်းလျန်ယိထရပ်၍ ထွက်သွားရန်ပြင်သည်။ ကျန်းမင်ကျိ လန့်သွားသည်။ သူတို့ဘိုးဘေး ဖီးနစ်မျိုးနွယ်ကို မျက်နှာလွှဲသွားတော့မည်လားဟု တွေးလိုက်သည်။

"ဘိုးဘေး၊ ထွက်မသွားပါနဲ့"

ဖီးနစ်မျိုးနွယ်မှလူများလည်း ကျန်းလျန်ယိကို ဒူးထောက်တောင်းပန်ကြသည်။

ကျန်းလျန်ယိ စိတ်ပျက်လက်ပျက်လှည့်ကြည့်သည်။

"ငါအခုမှ နိုးထလာတာလေ။ ဒီလောကသစ်ကို ငါမကြည့်ရသေးဘူး။ အခု အပြင်ကို လမ်းလျှောက်ထွက်ရုံလောက်ပါပဲ"

"ဪ"

ကျန်းမင်ကျိ ရှက်ကိးရှက်ကန်းထရပ်သည်။

အကြောင်းပြစရာအချက်တစ်ခု တွေးမိခဲ့သဖြင့် ကျန်းလျန်ယိလည်း သက်ပြင်းချသည်။

နတ်မယ်၏ ဩဝါဒခံယူပြီး အမြဲအတူလှည့်လည်သွားလာခဲ့သူဖြစ်၍ နေရာတစ်ခုတည်းတွင် သူမနေချင်။

ဖီးနစ်မျိုးနွယ်တွင်သာနေဖို့ဆိုလျှင် သူ့အတွက် သေသည်ထက်ပင်ခက်ခဲသည်။

ဘိုးဘေးခန်းမမှထွက်ပြီး လေပေါ်ခုန်တက်၍ လုယန်တို့အဖွဲ့နှင့် ပူးပေါင်းလိုက်သည်။

"အကိုကြီး၊ တာအိုလမ်းစဉ်ဂိုဏ်းကို ပြန်ကြမှာလား။ မသေမျိုးအမကပြောတယ်။ ဂိုဏ်းမှာ သူနဲ့စွမ်းအားတူတဲ့ နတ်ဆိုးမကြီးတစ်ယောက် ရှိတယ်။

သူ့စွမ်းအားပြန်ရလာရင် တို့သုံးယောက် အဲဒီ့နတ်ဆိုးမကို အတူရင်ဆိုင်ကြမယ်တဲ့"

လုယန် "..."

အခုချိန် ထာဝရမျိုးဆက်မှ နှုတ်ထွက်စာတင်လျှင် ရနိုင်ဦးမလားမသိ...

*****************************

All Chapters