နောက်ဆုံးတွင် ရွှေလက်ချောင်းအား တွေ့လာနိုင်ခြင်း(၂)
Vol. 24 Ch. 360
ကြီးမြတ်သောနေ ရွှေခန္ဓာ ကျင့်စဉ်၏ ပြည့်စုံမှုမှာ အလယ်အလတ်၏ အထက်ဟူသည့် သုံးသပ်ချက်အား ရရှိခဲ့သည်။
“ပြည့်စုံမှု အလယ်အလတ်ရဲ့ အထက်မှာ ဉာဏ်အလင်းပွင့်နိုင်ဖို့က သေချာတယ်”
လီရွှမ်က စဉ်းစားသည်။
ထို့နောက် သူသည် ဒန်ဆေးသိုင်းပညာ စနစ်အား ဆက်လက်စစ်ဆေး၏။
ရရှိလာသည့် သုံးသပ်ချက်တို့မှာ ခန္ဓာကိုယ် ကျင့်ကြံမှု သိုင်းပညာစနစ်နှင့် နှိုင်းယှဉ်နိုင်ပါသည်။ သို့ပေမယ့် ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုအား အလွန်မြင့်မားဟု မှတ်ချက်မပေးပေမယ့် မြင့်မားသည်ဟု ဆိုထားဆဲ ရှိ၏။
လီရွှမ်တွင် တာအိုရွှေစာအုပ်၏ သိုင်းးပညာ ကျင့်စဉ်များအား သုံးသပ်ချက်အပေါ် ယေဘုယျ နားလည်မှု ရလာခဲ့သည်။ ၎င်းတို့ကို အလွန်နိမ့်ပါးသည်၊ နိမ့်ပါးသည်၊ အဆင့်နိမ့်၏အထက်၊ အလယ်အလတ်၏ အထက်၊ မြင့်မားသည်၊ အဆင့်မြင့်၏အထက်နှင့် အလွန်မြင့်မားသည် ဟူ၍ ခွဲခြားထား၏။
လီရွှမ်သည် ဓါးတာအို၊ ဆေဘာတာအို၊ သဘာဝတရားရှစ်ပါး ပုံကြမ်းတို့၏ သုံးသပ်ချက်များကိုလည်း စစ်ဆေးကြည့်ခဲ့၏။ ဖတ်ကြည့်ပြီးနောက် မနေနိုင်ပဲ အသိအမှတ်ပြုစွာ သက်ပြင်းချမိသည်။
“ငါ့ရဲ့ အကြီးဆုံးတပည့်က တကယ့်ကို မကောင်းဆိုးရွား ပါရမီရှင်ပဲ”
“မင်းဆရာ ငါ့ရဲ့ သိုင်းပညာလမ်းစဉ်အတွက် စစ်မှန်တဲ့ ရှေ့ဆောင်တစ်ယောက် တကယ်ပီသတယ်”
ဝိညာဉ်အခြေပေါ်ရှိ တာအိုရွှေစာအုပ်ကို ကြည့်ကာ လီရွှမ်သည် ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်၏ နောက်တစ်ဆင့်အား မည်ကဲ့သို့ ဖန်တီးရမည်ကို စတင် စဉ်းစား၏။
မုန့်ချုံမှာ ထုံးရွှမ်အဆင့်သို့ ရောက်ရှိပြီး ဖြစ်သည်။ ဒီအချိန်သည် ကြီးမြတ်သောနေ ရွှေခန္ဓာ၏ ပိုမိုအဆင့်မြင့်မားသည့် ကျင့်စဉ်ကို ဖန်တီးရန် အချိန်ကျပါပြီ။
မုန့်ချုံလည်းပဲ ၎င်းကို နားလည်သဘောပေါက်မှု ရလာပါက သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်မှာ ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်သွားမှာ ဖြစ်သည်။ ဤသည်က ခွန်အားကို ကြီးစွာ တိုးမြင့်လာစေနိုင်၏။
“မဟာနတ်ဆိုးရဲ့ ကျင့်စဉ်ကရော ဘယ်လိုရှိလဲ မသိဘူး”
ရုတ်တရက် သူဖန်တီးခဲ့သည့် မဟာနတ်ဆိုး ကျင့်စဉ်ကို အမှတ်ရလိုက်သည်။ လက်ရှိအချိန်၌ ကြောင်နီသည် ကြီးမားသည့် ပြောင်းလဲမှုအတွင်းတွင် ကျရောက်နေ၏။
အတွေးတစ်ချက်နှင့်အတူ တာအိုရွှေစာအုပ်က ပွင့်လာပြန်ပြီး အတွင်းရှိ အချက်အလက်များကို တွေ့မြင်ရသည်။
ဇယား၏ ခေါင်းစည်းအဖြစ် သန့်စင်သည့် သိုင်းပညာစနစ်၊ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်၊ ဒန်ဆေးသိုင်းပညာ စနစ်၊ ဓါးတာအို၊ ဆေဘာတာအို… အစရှိသဖြင့် ခွဲထား၏။
“မဟာနတ်ဆိုး ကျင့်စဉ် မပါဘူးလား.. ဖြစ်နိုင်တာက သားရဲ(သို့) နတ်ဆိုးသားရဲအတွက် တန်ပြန်အကျိုးပြုမှု မရနိုင်ဘူးလား”
လီရွှမ်က မျက်မှောင်ကြုတ်သွားသည်။ တာအိုရွှေစာအုပ်တွင် မဟာနတ်ဆိုး သိုင်းပညာအား မှတ်တမ်းမတင်ထားမှုကို မှတ်သားထား၏။
“မဟုတ်သေးဘူး.. စာအုပ်က ဇယားမှာ မှတ်တမ်းတင်
ထားတာက နားလည်သဘောပေါက်မှု ရပြီးတဲ့ ကျင့်စဉ်တွေကိုပဲ ဖြစ်နေရင်ရော.. ကြောင်နီက လက်ရှိအချိန်မှာ အသွင်ပြောင်းလဲ နေပေမယ့် နောက်ဆုံးခြေလှမ်းကို မပြီးမြောက်သေးပဲကို”
ထိုအတွေးနှင့်အတူ လီရွှမ်တစ်ယောက် တာအိုရွှေစာအုပ်၏ စာမျက်နှာတစ်ရွက်ကို လှန်ကာ စာရွက်အလွတ်ပေါ်တွင် မဟာနတ်ဆိုး ကျင့်စဉ်အား ချရေးလိုက်သည်။ သူက ချရေးလိုက်သည်နှင့် တာအိုရွှေစာအုပ်က သုံးသပ်ချက်တို့ကို ပေး၏။
မဟာနတ်ဆိုး သိုင်းပညာ
ကျင့်စဉ်၏ ပြည့်စုံမှု- မြင့်မားသည်။
ကျင့်ကြံရန် ခက်ခဲမှု- အလယ်အလတ်၏ အထက်။
ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- အလယ်အလတ်၏ အထက်။
လီရွှမ်ကို အံ့ဩစေသည်မှာ မဟာနတ်ဆိုး ကျင့်စဉ်၏ ပြည့်စုံမှုကို မြင့်မားသည်ဟု ဆိုထားခြင်း ဖြစ်သည်။
“ဖြစ်နိုင်တာက သွေးကြောမှတ်တွေကြောင့် များလား.. ကြောင်နီရဲ့ သွေးကြောမှတ်တွေအားလုံးကို ငါညွှန်ပြပေးခဲ့လို့ ဖြစ်မယ်”
သူသည် သွေးကြောမှတ်များကို ဂရုတစိုက် ထောက်ပြကာ ကြီးမြတ်သောနေ ရွှေခန္ဓာ ကျင့်စဉ်၏ သဘောတရားများနှင့် ပေါင်းစပ်ခဲ့၏။ ထို့ကြောင့် မဟာနတ်ဆိုး ကျင့်စဉ်၏ ပြည့်စုံမှုတွင် မြင့်မားသည်ဟု မှတ်ချက်ရခဲ့သည်။
“ကျင့်ကြံဖို့နဲ့ ဉာဏ်အလင်းပွင့်ဖို့အတွက် ခက်ခဲမှုက အလယ်အလတ်ရဲ့ အထက်မှာ ရှိတယ်။ ကြောင်နီအတွက် ဒါကို ကျင့်ကြံဖို့က လွယ်ကူမနေဘူး.. ဒီကောင့်ကို စမြင်ကတည်းက အသိဉာဏ်မြင့်မားတယ်လို့ ငါထင်မိတာ အံ့ဩစရာ မရှိဘူး”
လီရွှမ်က ဝမ်းသာသွားသည်။ တာအိုရွှေစာအုပ်… ဒီရွှေလက်ချောင်းမှာ အမှန်တကယ်ကို အသုံးဝင်လှ၏။ သိုင်းပညာကျင့်စဉ်များအား ဖန်တီးရန်အတွက် လက်စောင်းထက်သည့် ဓါးတစ်လက်ဖြစ်သည်။
“သိုင်းပညာကျင့်စဉ် အသစ်တစ်ခုကို ဖန်တီးရဦးမယ်”
လီရွှမ်တွင် စိတ်ကူးအချို့ ရလာ၏။
ကျင့်စဉ်အတွက် စိတ်ကူးစိတ်သန်းများကို တာအိုရွှေစာအုပ် အတွင်းသို့ ချရေးကာ ၎င်းမှ တန်ပြန်ပေးလာမည့် သုံးသပ်ချက်ကို အသုံးပြုပြီး စိတ်ကျေနပ်မည့် ကျင့်စဉ်တစ်ခု ရမလာမချင်း မွမ်းမှန်ပြင်ဆင်မည် ဖြစ်သည်။
“ငါဖန်တီးလိုက်တဲ့ သိုင်းပညာတွေကို ကိုယ့်ဘာသာ ကျင့်ကြံနိုင်ရင်တောင် ကြိုးစားအားထုတ်မှုတွေ အများကြီး လိုအပ်နေဦးမှာ.. ဒါက ပင်ပန်းလွန်းတယ်။ ဒါ့ကြောင့် တပည့်တွေကို ကျင့်ခိုင်းတာပဲ ပိုကောင်းပါတယ်.. တန်ပြန်အကျိုးပြုကနေ ကျင့်ကြံမှုအဆင့်တွေကို ရလာနိုင်တယ်.. ဒါကမှ မှန်ကန်တဲ့ နည်းလမ်းပဲ”
လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုမှာ တပည့်များလောက် အကျိုးဖြစ်ထွန်းမည် မဟုတ်ကြောင်းအား နားလည်လိုက်၏။
ထို့ကြောင့် ကျင့်စဉ်အား ဖန်တီးခြင်းကိုသာ လုပ်ဆောင်ပြီး ကြိုးစားအားထုတ်ကာ လေ့လာပြီး ကျင့်ကြံရမည့် အပိုင်းကို တပည့်များဆီသို့သာ လုံးဝ လက်လွှဲထားမည် ဖြစ်သည်။
သူက စာအုပ်၏ သုံးသပ်ချက်များကို စမ်းသပ်ကြည့်ရန် ကျင့်စဉ်အချို့အား ချရေးရန် စဉ်းစားနေချိန်၌ အသိစိတ်၌ လေးလံမှုကို ရုတ်တရက် ခံစားလိုက်ရ၏။
ပင်ပန်းလွန်သည့် ခံစားချက် ဖြစ်သည်။ သူ၏ ဒီဗိုင်းဆန္ဒ ကုန်ဆုံးမှုမှာ သိသာလှ၏။
ထို့ကြောင့် တာအိုရွှေစာအုပ်အား ကြည့်ရှုမှုကို အမြန်ရပ်တန့်ကာ အသိစိတ်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ မျက်လုံးများမှေးကာ ဒီဗိုင်းဆန္ဒအဆင့်ရှိ ကျင့်စဉ်ကို လှည့်လည်ပြီး ကုန်ဆုံးသွားသည့် ဒီဗိုင်းစိတ်ဝိညာဉ်တို့ကို ပြန်လည် အားဖြည့်သည်။
“ရွှေစာအုပ်ကို လှန်လောဖို့က ဒီဗိုင်းဆန္ဒ ကုန်ဆုံးတာပဲ.. ငါ့ရဲ့ လက်ရှိခွန်အားနဲ့ တစ်ကြိမ် တစ်ကြိမ် အကြာကြီး အသုံးမပြုနိုင်ဘူး”
လီရွှမ်က လေပူများကို မှုတ်ထုတ်သည်။ တာအို ရွှေစာအုပ် ရွှေလက်ချောင်းတွင် ကျင့်စဉ်များအား သုံးသပ်ချက် ပေးမှုအပြင် အခြား အသုံးဝင်မှုများလည်း ရှိနေလောက်မှာပါ။ သို့ပေမယ့် သူ၏ ခွန်အားအဆင့်မှာ နိမ့်ပါးနေရာ ၎င်းတို့ကို သိရှိနိုင်ခြင်း(သို့) အသုံးပြုနိုင်ခြင်း မရှိသေးပေ။
သူ၏ လက်ရှိခွန်အားနှင့် စာအုပ်ကိုပင် အချိန်ကြာရှည်စွာ လှန်လောနိုင်ခြင်း မရှိပေ။ အခြား အသုံးဝင်မှုများကို စူးစမ်းရှာဖွေရန်ဆို ပို၍ပင် ဝေးသေး၏။ ဒီဗိုင်းဆန္ဒ ကုန်ဆုံးမှုက သိသာလှပြီး သူ၏ မျက်လုံးများထဲတွင်ပင် ရှားပါးသည့် ပင်ပန်းနုံးချိမှုကို တွေ့မြင်နိုင်သည်။
တိမ်မြူစိတ်ဝိညာဉ် လက်ဖက်ရည် တစ်ခွက်ကို သောက်သုံးပြီးနောက် ကုလားထိုင်ပေါ်တွင် လဲလျောင်းကာ အနားယူ၏။
“ဒီဗိုင်းဆန္ဒအဆင့်ကို ရောက်ပြီးပြီဆိုတော့ ဒီဗိုင်းဆန္ဒနဲ့ မူလစိတ်ဝိညာဉ်ကို ပြန်လည်အားဖြည့်ပေးနိုင်တဲ့ ဒန်ဆေးလုံးတစ်မျိုးကို ဖန်တီးဦးမှပဲ”
လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
သူသည် ကျောက်တုံးတစ္ဆေမြက်အား တွေးမိလိုက်၏။ ၎င်းတွင် ထိုကဲ့သို့သော အာနိသင်မျိုးအား ပိုင်ဆိုင်ထားသည်။ သို့ပေမယ့် ယခု သူ့ဆီတွင် တစ်ခုသာလျှင် ရှိသည်။
“အတွင်းဘက်နယ်မြေက တကယ့်ကို ကျတ်တီးမြေပဲ.. အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင်တွေ ရှားပါးလွန်းတယ်”
လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ လင်းနယ်မြေကို တွေးမိလိုက်၏။ လက်ရှိ သူ၏ခွန်အားနှင့် လင်းနယ်မြေတွင် မည်သည့်အဆင့်၌ ရှိနိုင်မည်နည်းဟု စဉ်းစားသည်။ လူတစ်ယောက်၏ ခွန်အားသာ အလွန် အားနည်းနေပါက လင်းနယ်မြေတွင် မည်သည့် လုံခြုံရေး အာမခံချက်မှ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ခွန်အားတိုးတက်မှုအတွက် အနည်းငယ် ထပ်မံစောင့်စားတာ ပိုမိုကောင်းလိမ့်မည်ဟု တွေးမိသည်။
ဒီဗိုင်းဆန္ဒ၏ များပြားသည် ကုန်ဆုံးမှုများနှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကြောင့် ကုလားထိုင်ပေါ်တွင် လျှင်မြန်စွာ အိပ်ပျော်သွားခဲ့၏။ သိုင်းသမားတစ်ယောက် ဖြစ်လာပြီးကတည်းက လီရွှမ်တွင် ယခုကဲ့သို့ အိပ်စက်မှုမျိုး မရှိခဲ့တာ ကြာပြီဖြစ်သည်။
နိုးထလာပြိးနောက် လီရွှမ်တစ်ယောက် လန်းဆန်းစွာ ခံစားလိုက်ရသည်။ သူ၏ ဒီဗိုင်းဆန္ဒက အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိကာ တာအိုရွှေစာအုပ်ကို ထပ်မံ အသုံးပြုနိုင်နေပြီ ဖြစ်၏။
“အရမ်းကြီး သုံးလို့တော့ မဖြစ်ဘူး.. နည်းနည်းလောက်တော့ အားချန်ချန်ထားရမယ်”
လီရွှမ်က စဉ်းစားသည်။ ဒီဗိုင်းဆန္ဒ ကုန်ဆုံးမှုသာ အလွန် များပြားပါက အားနည်းမှုတို့ ပေါ်လာမှာ ဖြစ်သည်။ ထိုအခါ အခွင့်မသာသည့် အခြေအနေများသို့ ကျရောက်သွားနိုင်သည်။
“ဘယ်လို သိုင်းကျင့်စဉ် အသစ်ကို ဖန်တီးသင့်လဲ… ဘယ်နေရာကနေ စတင်သင့်လဲ”
လီရွှမ်က စဉ်းစား၏။
“အခုအတွက်တော့… သိုင်းစနစ်အသစ်အတွက် ကျင့်စဉ်ကို ထားလိုက်ဦး.. မုန့်ချုံ ဆက်ပြီး ကျင့်ကြံရမယ့် သိုင်းအဆင့်ကိုပဲ ဖန်တီးတာပေါ့”
သူက တာအိုရွှေစာအုပ်ကို ဖွင့်လှစ်ကာ ကြီးမြတ်သောနေ ရွှေခန္ဓာ၏ နောက်တစ်ဆင့်အား စတင်ဖန်တီးတော့မည့် အချိန်၌ ရုတ်တရက် စာအုပ်က ပွင့်လာခဲ့သည်။
ရွှေရောင်အလင်းတစ်ခု တောက်ပနေ၏။ တစ်ချိန်တည်းတွင် မျက်နှာပြင်ပေါ်တွင် အချက်အလက်များ ပေါ်လာပြီး သူ့ဆီသို့ ကူးပြောင်းလာခဲ့သည်။