နောက်ဆုံးတွင် ရွှေလက်ချောင်းအား တွေ့မြင်နိုင်လာခြင်း
Vol. 24 Ch. 359
ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ခဲ့သည့် အမြန်နှုန်းမှာ လီရွှမ် မျှော်လင့်ထားသည်ထက် ပိုမို မြန်ဆန်၏။ ဒီအချိန်၌ သူ၏ စိတ်လှုပ်ရှားမှုအား ဖုံးကွယ်မထားနိုင်အောင် ဖြစ်နေပါသည်။
သူ၏ သိုင်းပညာ လမ်းစဉ်အတွက် ရှေ့ဆောင်တစ်ဦး ပီသလှပါသည်။ ယခုမျှ တိုတောင်းသည့် အချိန်လေးအတွင်းတွင် ဒီဗိုင်းဆန္ဒအဆင့်၏ ကျင့်စဉ်ကို လျှင်မြန်စွာ ဖမ်းဆုပ်နိုင်ခဲ့သည်။
“ဒီဗိုင်းဆန္ဒအဆင့်ရဲ့ နက်နဲမှုနဲ့ စွမ်းအားက ငါစိတ်ကူးထားတာထက်တောင် ပိုပြီး ကျော်လွန်တာပဲ။ ငါ့ရဲ့ ဒီဗိုင်းဆန္ဒ ရောက်နိုင်တဲ့ နေရာတိုင်းအတွက် ဘာအတားအဆီးမှ မရှိဘူး။ ပြီးတော့.. အဲ့ဒီ အကာအဝေးအတွင်းမှာ ငါက မတွန်းလှန်နိုင်တဲ့ ကံကြမ္မာတစ်ခုလိုပဲ”
ဒီအချိန်၌ ထောင်နှင့်ချီသည့် အထွတ်အထိပ် စစ်ဘုရင်များ ကျူးကျော်လာလျှင်တောင် လီရွှမ်အနေနှင့် ထိုင်နေရင်းဖြင့်ပင် ရိုးရှင်းသည့် အတွေးတစ်ချက်ကို အသုံးပြုကာ အားလုံးကို ဒူးထောက်ကျသွားစေနိုင်သည်။
ထိုကဲ့သို့သော အာဏာမျိုးအား ကောင်းကင်လူသား တစ်ယောက်၏ ဖိအားဖြင့် ဘယ်တော့မှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
“ငါ့ရဲ့ ရွှေလက်ချောင်းက ဘာပါလိမ့်”
ပြီးခဲ့တုန်းက သုံးသပ်ချက်များအရ နီဝမ်နန်းတော်ကို ဖွင့်လှစ်ကာ ဝိညာဉ်အခြေကို တည်ဆောက်ပြီး သိုင်းပညာ ဒီဗိုင်းဆန္ဒကို ကျင့်ကြံပြီးပါက ရွှေလက်ချောင်းကို တွေ့မြင်လာနိုင်လောက်၏။
ချက်ချင်းပင် ဝမ်းသာလာခဲ့သည်။ ချန်းလန်ကျွန်းအား လွှမ်းခြုံထားသည့် သူ၏ ဒီဗိုင်းဆန္ဒကို ရုတ်သိမ်းကာ အသိစိတ်အတွင်းရှိ နီဝမ်နန်းတော်(တရုတ်ဆေးပညာနှင့် ဒဏ္ဍာရီများအရ ဦးခေါင်းထိပ်ရှိ အမှတ်တစ်ခု)နှင့် ဝိညာဉ်အခြေတို့ဆီသို့ ဝင်ရောက်စေလိုက်သည်။
ဒီအချိန်၌ စိတ်လှုပ်ရှားစွာဖြင့် ၎င်းကို သူတွေ့လိုက်ရ၏။ ရွှေရောင်အလင်း ထုတ်လွှတ်နေသည့် အရာ၏ စစ်မှန်သည့် တည်ရှိမှုအား ဖြစ်သည်။
နီဝမ်နန်းတော် အတွင်းတွင်… ဝိညာဉ်အခြေနှင့် ထိပ်ပေါ်နှင့် ဒီဗိုင်းဆန္ဒ အသွင်သဏ္ဍာန်၏ အထက်တွင် ရွှေရောင်အလင်းနှင့် တောက်ပနေသည့် တာအိုရွှေစာအုပ်တစ်ခု ရှိနေ၏။
ဒီဗိုင်းဆန္ဒ အသွင်က ရုတ်တရက် ရွေ့လျားသွားကာ ၎င်း၏ မျက်လုံးများကို ဖွင့်လှစ်လိုက်သည့်အလား ရွှေစာအုပ်ကို ကြည့်သည်။ ထိုအခိုက်အတန့်တွင် လီရွှမ်၏ စိတ်ထဲ၌ ဉာဏ်အလင်းပွင့်မှုတစ်ခု မြင့်တက်လာခဲ့၏။
“တာအိုရွှေစာအုပ်”
ဤသည်မှာ သူ၏ ရွှေလက်ချောင်းဖြစ်သည်။
ဒီဗိုင်းဆန္ဒက ရွှေစာအုပ်အတွင်းသို့ စီးဝင်ကာ ရွှေရောင်အလင်းက မြင့်တက်လာခဲ့သည်။ ရွှေစာအုပ်၏ စာမျက်နှာတစ်ခု ပွင့်လန်းလာခဲ့၏။
သူ၏ လက်ရှိ ဒီဗိုင်းဆန္ဒနှင့် စာအုပ်ကို လှန်ခြင်းမှာ အနည်းငယ် ခက်ခဲပေမယ့် သူ့အနေနှင့် လှန်လိုက်နိုင်ဆဲ ရှိသည်။
တာအိုရွှေစာအုပ် ပွင့်လာသည်နှင့် စာအုပ်နှင့်ပက်သက်သည့် အချက်အလက်များလည်း ထွက်ပေါ်လာ၏။
“ကောင်းတယ်..နောက်ဆုံးတော့ သိုင်းပညာတွေ ဖန်တီးရာမှာ အကူအညီအဖြစ် ရွှေလက်ချောင်းကို အသုံးပြုနိုင်ပြီ”
လီရွှမ်က ဝမ်းသာသွားသည်။
တာအိုရွှေစာအုပ်သည် သူ၏ သိုင်းပညာ တီထွင်မှုတွင် အမှန်တကယ်ကို ကူညီပေးနိုင်၏။ ဖန်တီးထားသည့် ကျင့်စဉ်ကို ထည့်သွင်းကာ ၎င်း၏ မည်မျှ ပြည့်စုံမှု၊ အဆင့်များအကြား မည်မျှ ချိတ်ဆက်နိုင်မှုနှင့် နားလည်သဘောပေါက်နိုင်ရန် ခက်ခဲမှု.. အစရှိသည်တို့ကို တွေ့မြင်နိုင်သည်။
တာအိုရွှေစာအုပ်၏ အကူအညီဖြင့် ဖန်တီးထားသည့် ကျင့်စဉ်ကို ထည့်သွင်းပြီးပါက သူသည် သက်ဆိုင်ရာ အချက်အလက်များကို တွေ့မြင်နိုင်မည် ဖြစ်၏။
ထို့နောက် နည်းနည်းချင်းစီ ပြည့်စုံအောင် မွမ်းမံလို့ရသည်။ ဤသည်က အောင်မြင်စွာ ကျင့်ကြံလာနိုင်စေမည် ဖြစ်၏။
တာအို ရွှေစာအုပ်အတွင်းတွင် သူဖန်တီးခဲ့သည့် သိုင်းပညာများကို မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ လီရွှမ်က သူကျပန်း ဖန်တီးခဲ့သည့် ကျင့်စဉ်များ၏ မလေ့ကျင့်ရသေးခင် အချိန်ရှိ အချက်အလက်များကို ကြည့်လိုက်သည်။
ချီနှင့်သွေးအဆင့်
ကျင့်စဉ်၏ ပြည့်စုံမှု- အလွန်နိမ့်ပါးသည်။
ကျင့်ကြံရန် ခက်ခဲမှု- အလွန်မြင့်မားသည်။
ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- အလွန်မြင့်မားသည်။
ကျင့်စဉ်အား ဉာဏ်အလင်းပွင့်ခဲ့သူ- ရွှီယန်
တာအိုရွှေစာအုပ် အတွင်းတွင် မှဝ်သားထားသည့် ချီနှင့်သွေးအဆင့် ကျင့်စဉ်၏ ပြည့်စုံမှု အလွန်နိမ့်ပါးပုံကို တွေ့ရပြီးနောက် လီရွှမ်၏ နှုတ်ခမ်းထောင့်များက မနေနိုင်ပဲ တွန့်ကွေးသွားသည်။
သို့ပေမယ့် ထိုအချက်ကို သူလက်ခံ၏။ ဘာပဲဖြစ်ဖြစ် ပထမဆုံး စတင်ချိန်တွင် သူသည် အမှန်တကယ် မျက်ကန်းကဲ့သို့ ကျပန်း လျှောက်ဖန်တီးခဲ့ခြင်း ဖြစ်၏။
ပြည့်စုံသည့် သီအိုရီဆိုင်ရာ ဖွဲ့စည်းပုံပင် မရှိပေ။
ကျင့်စဉ်၏ ပြည့်စုံမှု နိမ့်ပးခြင်းကြောင့် ကျင့်ကြံရန် ခက်ခဲမှုမှာ အလွန်မြင့်မား၏။ နားလည်သဘောပေါက်ရန် ခက်ခဲမှုမှာလည်း တူညီစွာပင် မြင့်မားလှသည်။ ထိုသို့ဆိုလျှင်တောင် ရွှီယန်အနေနှင့် နားလည်နိုင်ကာ ကျင့်ကြံနိုင်ဆဲ ရှိ၏။
“ငါ့တပည့်က တကယ့်ကို မကောင်းဆိုးရွား တစ်ကောင်ပဲ”
လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။
ကျင့်စဉ်ကို နားလည်သဘောပေါက်သူ ရှိလာပြီးနောက် ၎င်းသည် ပြည့်စုံလာခဲ့ပြီး ကျင့်ကြံရန် လိုအပ်ချက်တို့မှာ ကြီးစွာ နိမ့်ပါးသွားခဲ့သည်။ ထိုအကြောင်းကြောင့် ကျယ်ပြန့်လာခဲ့ခြင်း ဖြစ်၏။
မူလအဆင့်၏ ကျင့်စဉ်
ကျင့်စဉ်၏ ပြည့်စုံမှု- အလယ်အလတ်အဆင့်၏ အထက်
ကျင့်ကြံရန် ခက်ခဲမှု- မြင့်မားသည်။
ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- မြင့်မားသည်။
မူလအဆင့်ကို ကျင့်စဉ်ကို သူသည် ဂရုတစိုက် စတင်ဖန်တီးခဲ့၏။ အထူးသဖြင့် ချီနှင့်သွေးအဆင့်နှင့် ချောမွေ့စွာ ဆက်သွယ်နိုင်စေရန် ရည်ရယ်ချက်ဖြင့် အချိန်များစွာနှင့် အတွေးများစွာတို့ မြှုပ်နှံခဲ့သည်။
ရလဒ်အနေနှင့် တာအိုရွှေစာအုပ်က ပြည့်စုံမှုနှင့် ဆင့်များအကြား ဆက်သွယ်မှုတွက် အလယ်အလတ်အဆင့်၏ အထက်ဟူသည့် မှတ်ချက်ကို ပေးခဲ့သည်။ ထိုသို့ဆိုလျှင်တောင် ကျင့်ကြံရန် ခက်ခဲမှုမှာ မြင့်မားနေဆဲ ရှိသည်။
နောက်ဆက်တွဲ ကျင့်စဉ်များကို သူဆက်ကြည့်လိုက်သည်။ ထုံးရွှမ်အဆင့် ကျင့်စဉ်၏ ပြည့်စုံမှုအဆင့်၊ အဆင့်များအကြား ဆက်သွယ်မှု၊ ကျင့်ကြံရန် ခက်ခဲမှုနှင့် ဉာဏ်အလင်းပွင့်နိုင်မှုတို့မှာလည်း မူလအဆင့်နှင့် တူညီသည်။
သို့ရာတွင် နောက်ဆုံးဖြစ်သည့် ဒီဗိုင်းဆန္ဒအဆင့် ကျင့်စဉ်မှာတော့ အနည်းငယ် ခြားနား၏။
ဒီဗိုင်းဆန္ဒအဆင့်
ကျင့်စဉ်၏ ပြည့်စုံမှု- မြင့်မားသည်။
ကျင့်ကြံရန် ခက်ခဲမှု- မြင့်မားသည်။
ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- အလယ်အလတ်အဆင့်၏ အထက်
တာအိုရွှေစာအုပ်၏ ဒီဗိုင်းဆန္ဒအဆင့် ကျင့်စဉ်အား နားလည်သဘောပေါက်နိုင်မှုရှိ ခက်ခဲမှုကို အလယ်အလတ်၏ အထက်ဟု ဖော်ပြထားမှုမှာ လီရွှမ်ကို အနည်းငယ် အံ့ဩသွားစေသည်။
“ဒီဗိုင်းဆန္ဒအဆင့်ရဲ့ ကျင့်စဉ်က တကယ်ပဲ ဒီလောက် နားလည်ရ လွယ်ကူတာလား.. အဲ့ဒါကြောင့်မလို့ ရွှီယန်ကို ဒီလောက် အချိန်တိုလေးနဲ့ နားလည်နိုင်စေခဲ့တာလား”
“ဒါမှမဟုတ် တာအိုရွှေစာအုပ်ရဲ့ သတ်မှတ်ချက်တွေက ရွှီယန်ရဲ့ စံနှုန်းအပေါ် အခြေခံထားတာရော ဖြစ်နိုင်မလား”
လီရွှမ်က မနေနိုင်ပဲ စဉ်းစားသည်။ ဖြစ်နိုင်သည်မှာ ရွှီယန်၏ ဒီဗိုင်းဆန္ဒအဆင့်အား အလွန်လျှင်မြန်စွာ နားလည်မှု ရလာနိုင်မှုကြောင့် တာအိုရွှေစာအုပ်က ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုကို အလယ်အလတ်၏ အထက်ဟု ဖော်ပြခဲ့သည်လား။
ထိုသို့ဆိုပါက သူဆက်လက်ဖန်တီးမည့် ကျင့်စဉ်၏ ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုသာ အလယ်အလတ်၏အထက် ဖြစ်နိုင်ပါက ရွှီယန်အား သေချာပေါက် လျှင်မြန်စွာ နားလည်လာနိုင်စေမှာ ဖြစ်သည်။ လီရွှမ်က သုံးသပ်၏။
တာအို ရွှေစာအုပ်နှင့် သူ့တွင် ဖန်တီးထားသည့် ကျင့်စဉ်
အား ကျင့်ကြံနိုင်မှုအပေါ် ကိုးကားချက်တစ်ခု ထုတ်နိုင်၏။ ဤသည်က နောက်ဆက်တွဲ ကျင့်စဉ်များကို ဖန်တီးရာ၌ များစွာ ပိုမိုလွယ်ကူလာစေမှာ ဖြစ်သည်။
လိုချင်သည့် ကျင့်စဉ်ကို ရရှိနိုင်ရန်အတွက် ပိုမိုများပြားသည့် လိုအပ်ချက်များကို ရှာဖွေကာ ပြင်ဆင်နိုင်လာမှာ ဖြစ်၏။
ထို့နောက် လီရွှမ်သည် ခန္ဓာကျင့်ကြံမှု ကျင့်စဉ်များအား ကြည့်ရှုသည်။
ကြီးမြတ်သောနေ ရွှေခေါင်းလောင်းကျင့်စဉ်
ပြည့်စုံမှု- အဆင့်နိမ့်သည်။
ကျင့်ကြံရန် ခက်ခဲမှု- အဆင့်မြင့်သည်။
ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- အဆင့်မြင့်သည်။
ကျင့်စဉ်အား ဉာဏ်အလင်းပွင့်ခဲ့သူ- မုန့်ချုံ
ခန္ဓာကိုယ်ကျင့်ကြံခြင်း သိုင်းပညာစနစ်၏ စတင်မှုရှိ ကြီးမြတ်သောနေ ရွှေခေါင်းလောင်း ကျင့်စဉ်၏ ပြည့်စုံမှုအဆင့်မှာ အလွန်နိမ့်ပါးမနေပါ။ သို့ပေမယ့် တာအိုရွှေခေါင်းလောင်းက နိမ့်ပါးသည့် မှတ်ချက်ကို ပေးထား၏။
ကျင့်ကြံရန်နှင့် ဉာဏ်အလင်းပွင့်နိုင်ရန် နှစ်ခုလုံးကို မြင့်မားသည်ဟု ဆိုထားသည်။
“မုန့်ချုံကလည်း မကောင်းဆိုးရွား တစ်ကောင်ပဲ.. ဒါကို ဉာဏ်အလင်းရဖို့ဆိုတာ မလွယ်ခဲ့ဘူး”
လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ သူ၏ တပည့်များအတွက် ဂရုဏာသက်စွာ ခံစားလိုက်ရ၏။ သူတို့သည် ရအောင် ကျင့်ကြံခဲ့ကြလေသည်။
ကြီးမြတ်သောနေ ရွှေခန္ဓာကျင့်စဉ်
ပြည့်စုံမှု- အလယ်အလတ်၏ အထက်
ကျင့်ကြံရန် ခက်ခဲမှု- မြင့်မားသည်။
ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- မြင့်မားသည်။