← Chapters

ရေခဲမျှော်စင်အား ဖျက်ဆီးခြင်း၊ ကောင်းကင်လူသား ထွက်ပေါ်လာခြင်း (၂)

Vol. 24 Ch. 356

ရေခဲမျှော်စင်အား ဖျက်ဆီးခြင်း၊ ကောင်းကင်လူသား ထွက်ပေါ်လာခြင်း (၂)

Vol. 24 Ch. 356

“နင်”

ရေခဲမိခင်၏ မျက်နှာက ကြီးစွာ ပြောင်းလဲသွားသည်။ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သူမကို ဗဟိုပြုပြီး အေးခဲသော နက်ပြာရောင် မုန်တိုင်းတစ်ခု ပတ်ဝန်းကျင်သို့ ဖြတ်သန်းသွား၏။

ဒီတိုက်ခိုက်မှုတွင် သူမ၏ စွမ်းအားအားလုံးကို အသုံးပြုလိုက်သည်နှင့်အမျှ နူးညံ့ဖြူဖွေးသော အသားအရေမှာ လျင်မြန်စွာ အိုမင်းသွားခဲ့သည်။

လှပသော ရေခဲမိခင်သည် ယခုအခါ အဘွားအိုအဖြစ်သို့ ပြောင်းလဲသွား၏။

“နင်က သေသင့်တယ်.. သေကိုသေရမယ်”

ရေခဲမိခင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဒီနုပျိုလှပမှုကို ထိန်းသိမ်းဖို့အတွက် မိန်းကလေး ထောင်ပေါင်းများစွာရဲ့ အဆီအနှစ်ကို ဝါးမြိုခဲ့ရတယ်.. အဲ့ဒါကို နင်အကုန် ဖျက်ဆီးပစ်လိုက်ပြီ။ ပြန်ရဖို့အတွက် နောက်ထပ် ထောင်ပေါင်းများစွာရဲ့ အဆီအနှစ်တွေကို ငါထပ်ဝါးမြိုရဦးမယ်”

ရေခဲမိခင်မှာ အမျက်ဒေါသများ ထွက်ပေါ်နေပြီး သတ်ဖြတ်လိုစိတ်က ထင်ရှားနေ၏။ ယခုအချိန်၌ အဘွားအိုအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ရာ မည်သည်ကိုမှ ထိန်းသိမ်းထားခြင်း မရှိတော့ပေ။

နက်ပြာရောင် အလင်းတစ်ခု ပေါ်ထွက်လာပြီး ရေခဲစများအဖြစ် ပြောင်းလဲကာ လေထုကို အေးစက်သော အရှိန်အဝါဖြင့် ပြည့်နှက်လာစေသည်။

သူမသည် တစ်ဝက်တပြတ် ကောင်းကင်လူသားတစ်ဦးအဖြစ် ရရှိလာသည့် စွမ်းအားတို့ကို အစွမ်းကုန် အသုံးပြုလိုက်သည်။

ရွှီယန်၏ ခွန်အားမှာ သူမ ထင်ထားသည်ထက် ကျော်လွန်နေသော်လည်း သူမကို ခြိမ်းခြောက်နိုင်ခြင်း မရှိသေးပေ။ ကိုယ့်ကိုယ်ကိုယ် နောက်ဆုံး အနိုင်ရသူ ဖြစ်လိမ့်မည်ဟု ယုံကြည်နေဆဲ ရှိ၏။

ဒီအချိန်၌ ရွှီယန်သည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူမသည် မိန်းကလေး ထောင်ပေါင်းများစွာ၏ အဆီအနှစ်ကို ဝါးမြိုခဲ့သည်လား။

“သေစမ်း”

"ဝေါင်း"

ရွှေရောင်နဂါးက မာန်ဖီပြီး ၎င်း၏ အရှိန်အဝါက လွှမ်းမိုးထားကာ ဒေါသများကို စုစည်းထားသည်။ မျက်လုံးများက ကြောက်မက်ဖွယ် အလင်းရောင်ဖြင့် တောက်ပနေပြီး ရေခဲမိခင်ကို ဦးတည်လျက် အရှိန်အဟုန်ဖြင့် သက်ဆင်းလာ၏။

“နင် ဘယ်သူလဲ”

ရေခဲမိခင်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး ဦးရေပြား ထုံထိုင်းသွားကာ ပြင်းထန်သော အန္တရာယ် ခံစားချက်က သူမကို ဝန်းရံလာခဲ့သည်။

ဒီရွှေရောင်နဂါးသည် မည်သည့် ကျင့်စဉ်ကို ကိုယ်စားပြုသနည်း။

“ခင်ဗျားကို သတ်တဲ့သူက.. ရွှီယန်ပဲ”

ရေခဲမိခင်က နဂါးနိုင်လက်ဝါးကို တန်ပြန်ခုခံရန် အစွမ်းကုန် ကြိုးစားသည်။ ရွှီယန်ဟူသော နာမည်ကို ကြားခဲ့ဖူးသကဲ့သို့ မရေမရာ ခံစားမှုတစ်ခုအား ခံစားရ၏။

သူမသည် သိုင်းလောက၏ အရေးကိစ္စများကို အချိန်ကြာမြင့်စွာ ဂရုမစိုက်ခဲ့သည်ဖြစ်ရာ ရွှီယန်အကြောင်းအား ကြားဖူးသည်ဆိုလျှင်တောင် အလေးထားခဲ့ခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ အမြင်တွင် အတွင်းနယ်မြေ၌ သူမသည်သာ အမြင့်ဆုံးဖြစ်ပြီး မည်သူမျှ ရန်ပြုဝံ့မည် မဟုတ်ဟု ထင်ထားခဲ့သည်။

"ဘုန်း"

နဂါးနိုင်လက်ဝါးသည် နက်ပြာရောင် လေပွေကို ဖျက်ဆီးလိုက်ပြီး သူမ၏ ခံစစ်အားလုံးကို ချေမှုန်းပစ်ခဲ့သည်။

ရေခဲမိခင်၏ ထိတ်လန့်နေသော မျက်လုံးများအောက်တွင် ရွှေရောင်နဂါးက သူမ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်ဖြတ်သန်း သွားခဲ့သည်။

ဧရာမ ရွှေရောင်နဂါးနှင့် နှိုင်းယှဉ်ပါက သူမ၏ ကိုယ်ခန္ဓာသည် အလွန်သေးငယ်နေသည်။

"ဗြန်း"

တစ်ဝက်တပြတ် ကောင်းကင်လူသား၏ စွမ်းအားပင် ဒီတိုက်ခိုက်မှုအောက်တွင် လုံးဝ ပျက်စီးသွားခဲ့သည်။

ထုံရွှမ်းအဆင့်သို့ ခြေလှမ်းခဲ့ပြီးနောက် ရွှီယန်သည် အဆမတန် ခွန်အား တိုးပွားလာခဲ့သည်။ တစ်ဝက်တပြတ် ကောင်းကင်လူသားများသည် သူ့ကို မယှဉ်နိုင်တော့ပေ။

သူတို့ကို သတ်ဖြတ်ခြင်းမှာ အလွယ်တကူ နိုင်လှ၏။

အဆင့်နိမ့် ကောင်းကင်လူသား တစ်ဦးဖြစ်လျှင်ပင် ရွှီယန်အနေနှင့် သူ၏ဓားဖြင့် အနိုင်ယူနိုင်ကြောင်း ယုံကြည်ပြီးသားဖြစ်သည်။

တစ်ဝက်တပြတ် ကောင်းကင်လူသား ဖြစ်ပါက ဆိုဖွယ်ရာမရှိပေ။

ရေခဲမိခင် သေဆုံးသွားသည်နှင့် ရေခဲမျှော်စင်ရှိ ကျန်ရှိသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

“အသက်ချမ်းသာပေးပါ.. ကျွန်မတို့ကို အတင်းအကျပ် ခိုင်းခဲ့တာပါ”

ဝတ်စုံပါးနှင့် တောင်းပန်နေသော အမျိုးသမီးများထဲတွင် အစွမ်းအထက်ဆုံး နှစ်ဦးမှာ စစ်ဘုရင်အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ ဒီလူများသည် ရေခဲမိခင်၏ လက်ပါးစေများဖြစ်ပြီး မိန်းကလေးငယ်များကို ဖမ်းဆီးကာ ရေခဲမိခင်၏ ဝါးမြိုရာ၌ ထောက်ပံ့ခဲ့သူများဖြစ်ရာ အမှန်ပင် သေသင့်သူများ ဖြစ်သည်။

ရွှီယန်က သနားညှာတာခြင်း မရှိဘဲ တိုက်ခိုက်မှုပြုကာ သူမတို့အားလုံးကို သတ်ပစ်လိုက်၏။

ရေခဲမျှော်စင်သည် ဒီအချိန်၌ အမြစ်ပြတ် သုတ်သင်ခံခဲ့ရ၏။

“ဘယ်လိုရတနာတွေများ ရှိမလဲလို့ ကြည့်ရအောင်။ ဒီရေခဲမျှော်စင်မှာ ရတနာတွေ ရှိမှာပဲ.. မဖြုန်းတီးသင့်ဘူး”

ရွှီယန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ တစ်ဝက်တပြတ် ကောင်းကင်လူသားတစ်ဦး၏ အခြေစိုက်စခန်းတွင် အနည်းဆုံး ရတနာအချို့ ရှိသင့်၏။

ယခု လူတိုင်းကို သတ်ပြီးပြီဖြစ်ရာ နေရာကို ရှာဖွေခြင်း မပြုလျှင် အလဟဿ ဖြစ်သွားပေလိမ့်မည်။

ရေခဲမျှော်စင်အား ရှာဖွေရန် ပြင်ဆင်နေသည့် ရွှီယန်သည် ဝေးကွာသော မိုးကုပ်စက်ဝိုင်းဘက်သို့ ရုတ်တရက် ကြည့်လိုက်ပြီး သူ၏မျက်နှာက ပြောင်းလဲသွားသည်။

“ဘာဖြစ်တာလဲ”

သုယွီယင်းသည် အံ့အားသင့်သွားပြီး ရွှီယန်၏ အကြည့်အတိုင်း မိုးကုပ်စက်ဝိုင်းဘက်သို့ ကြည့်လိုက်ရင်း မေး၏။

"အုမ်း"

ပုံရိပ်တစ်ခု ရုတ်တရက် ဆင်းသက်လာခဲ့သည်။ ထိုပုံရိပ်သည် အလွန်အမင်း စွမ်းအားကြီးမားပြီး လူတိုင်းကို အရေးမပါသူများအဖြစ် မြင်သည့် အထက်စီးဆန်မှု အရှိန်အဝါနှင့် ပြည့်နှက်နေ၏။

သုယွီယင်း၏ မျက်နှာက ဖြူဖျော့သွားခဲ့သည်။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်သည် မည်သူဖြစ်သနည်း။ သူသည် ရွှီယန် သတ်လိုက်သော ရေခဲသခင်မထက် များစွာ သာလွန်ပါသည်။

ရွှီယန်၏ မျက်နှာလည်း လေးနက်နေ၏။

သိုင်းပညာ ကောင်းကင်လူသား...

ဤသည်မှာ စစ်မှန်သော သိုင်းပညာ ကောင်းကင်လူသား ဖြစ်ပြီး စိတ်ဝိညာဉ် စုစည်းမှု အဆင့်တွင် ရှိသော ကောင်းကင်လူသား ဖြစ်သည်။ အတွင်းနယ်မြေတွင် သိုင်းပညာ ကောင်းကင်လူသားတစ်ဦး မည်သည့်အချိန်က ပေါ်လာခဲ့သနည်း။ သူသည် အဘွားအိုအား လာကယ်သူများ ဖြစ်နေမည်လား။

ဆင်းသက်လာသော သိုင်းပညာ ကောင်းကင်လူသားသည် အလယ်အလတ်အသက်အရွယ် ရှိပုံပေါ်ပြီး မျက်နှာက ပြောင်ရှင်းကာ မျက်လုံးများထဲတွင် ညို့မှိုင်းသည့် အကြည့်တစ်ခု ရှိသည်။

သူ၏နဖူးတွင်လည်း မှိန်ဖျော့သော အမာရွတ်တစ်ခု ရှိ၏။

သူ၏ ရှေ့တွင် အဖြူရောင် အလုံးတစ်လုံး က လည်ပတ်နေသည်။

ကျောင်မင်က ရေခဲမျှော်စင်၏ အထက်တွင် ရှိနေသော မိခင်နှင့်သား အလုံးများမှ မိခင်အလုံးကို ကြည့်သည်။ သားအလုံးသည် ဒီနေရာတွင် ပျက်စီးသွားခဲ့၏။ ထို့ကြောင့် တာဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်ခဲ့သူသည် ရေခဲမျှော်စင်အတွင်းတွင် ရှိရမည် ဖြစ်၏။

သူက အောက်သို့ အကြည့်ရောက်သွားပြီး မျှော်စင်တစ်ခုလုံးတွင် လူနှစ်ဦးသာ ရှိနေသည်ကို တွေ့ရသည်။

သူ၏ မျက်လုံးများက သုယွီယင်းအပေါ်တွင် ခဏတာ ရပ်တန့်သွား၏။ ဒီအမျိုးသမီးသည် သူရှာဖွေနေသူ မဟုတ်ပေ။

အတွင်းနယ်မြေ၌ ယခုမျှ လှပသည့် အမျိုးသမီးကို တွေ့ရခြင်းကြောင့် အနည်းငယ် အံ့အားသင့်မိ၏။

ကျောင်မင်သည် မည်သည့် ခံစားချက်မျှ မပြဘဲ ရွှီယန်ကို အပေါ်စီးမှ ကြည့်ကာ ထူးမခြားနားစွာ မေးသည်။

“လူဘယ်မှာလဲ”

အဖြူရောင် အလုံးကို ကြည့်ရင်းနှင့် ရေခဲမိခင်နှင့် တိုက်ခိုက်နေစဉ်တွင် သူမအတွက် အကူအညီတောင်းခံရန် မည်သည့်အချိန် သို့မဟုတ် အခွင့်အရေးမှ မရှိခဲ့ကြောင်းကို အမှတ်ရလိုက်သည်။ ထို့ကြောင့် ဒီအဆင့်နိမ့် ကောင်းကင်လူသားသည် ကူညီရန် လာရောက်ခဲ့ခြင်း မဟုတ်ပေ။

သူ ဘယ်သူ့ကို ရှာနေတာပါလိမ့်....

ရေခဲမျှော်စင်ရှိ လူတိုင်းကို သတ်ပစ်လိုက်ပြီဖြစ်ရာ ရွှီယန်အနေနှင့် ဒီလူ ရှာဖွေနေသူမှာ မည်သူဖြစ်သည်အား သိရှိနိုင်ခြင်း မရှိတော့ပေ။

“ခင်ဗျား ဘယ်သူ့ကို ရှာနေတာလဲ”

ရွှီယန်က တည်ငြိမ်စွာ ပြန်ပြောသည်။

ကျောင်မင်၏ မျက်နှာက မည်းမှောင်သွားပြီး သူ၏ အကြည့်က အေးစက်ကာ ရွံရှာသော လေသံဖြင့် ပြောသည်။

“ဝက်လို ခွေးတွေလို သတ္တဝါတစ်ကောင်က ပြန်မေးရဲတာလား”

ထိုစကားကို ကြားရပြီးနောက် ရွှီယန် ဒေါသထွက်သွားသည်။ သူသည် တစ်ဖက်လူ၏ အထက်စီးဆန်သော အမူအရာကြောင့် စိတ်မကြည်နေပြီးသား ဖြစ်၏။ ယခု သူ့ကို ဝက်များ၊ ခွေးများနှင့် နှိုင်းယှဉ်ခဲ့သည်လား။

သိုင်းပညာ ကောင်းကင်လူသား ဖြစ်ရုံနှင့် ဘာများ ကြီးမြတ်နေလို့နည်း။

“ဘယ်သူ့ကို 'ဝက်.. ခွေး'က ခေါ်တာလဲ”

ရွှီယန်က အေးစက်စွာ ပြန်ပြောသည်။

“ဝက် ခွေးက…”

ဒေါသဖြင့် ဖြေကြားမှု ပြုရင်းက ကျောင်မင်၏ အရှိန်အဝါက လှိုင်းထန်လာခဲ့သည်။ မကြာခင် တစ်ခုခု မှားယွင်းနေကြောင်းကို နားလည်လိုက်၏။

“ရိုင်းစိုင်းလိုက်တာ”

ကျောင်မင်သည် အမျက်ဒေါသ ထွက်သွား၏။ အတွင်းနယ်မြေမှ ဝက် သို့မဟုတ် ခွေးထက် မသာသော လူတစ်ဦးက သူ့ကို လှည့်စားရဲသည်လား။ ကောင်းကင်လူသား၏ စွမ်းအားကို မဆန့်ကျင်နိုင်ကြောင်းအား မသိပေဘူးလား။

“ဒူးထောက်စမ်း”

ဒေါသတကြီး အော်လိုက်၏။ စုလင်းရှုံကို ရှာဖွရန် မရှိပါက ရှေ့ရှိ ဒီလူကို ချက်ချင်း ဖျက်ဆီးပစ်လိုက်မည် ဖြစ်သည်။

"ဘုန်း"

ကောင်းကင်လူသား၏ စွမ်းအားက ရုတ်တရက် ဆင်းသက်လာသည်။

“ကောင်းကင်လူသားငယ်ရဲ့ စွမ်းအားက တကယ့်ကို အံ့မခန်းပဲ.. တစ်ဝက်တပြတ် ကောင်းကင်လူသားထက် အများကြီး သာလွန်တယ်”

ရွှီယန်၏ နှလုံးသားက တုန်လှုပ်သွားသည်။ တစ်ဝက်တပြတ် ကောင်းကင်လူသား၏ စွမ်းအားသည် အားနည်းပြီး ဟာလာဟင်းလင်း ဖြစ်နေသော်လည်း ကောင်းကင်လူသားငယ်၏ စွမ်းအားမှာတော့ ကြီးမားသော တောင်ကြီးတစ်ခု ဖိချလာသကဲ့သို့ ရှိသည်။

"ဘဇ်"

ရွှီယန်၏ ဓားဆန္ဒက ပြင်ပသို့ ပျံ့နှံ့လာပြီး ထိုစွမ်းအားကို ထိရောက်စွာ တွန်းလှန်ပစ်လိုက်ကာ ကောင်းကင်လူသား၏ စွမ်းအားမှာ အနည်းငယ်မျှပင် လွှမ်းမိုးခြင်း မရှိတော့ပေ။

လက်ကို ဝှေ့ယမ်းပြီး ရွှေရောင်နဂါး၏ အကူအညီဖြင့် သုယွီယင်းကို ရေခဲမျှော်စင်နှင့် ဝေးရာသို့ ရွှေ့ပြောင်းလိုက်၏။

သုယွီယင်း၏ နှလုံးသားက စိုးရိမ်ပူပန်မှုဖြင့် ပြင်းထန်စွာ ခုန်နေ၏။ အသစ်ရောက်လာသော စွမ်းအားကြီးပုဂ္ဂိုလ်၏ ခွန်အားမှာ အလွန်အမင်း ထိတ်လန့်စရာ ကောင်းလှသည်။

သို့သော် သူမ၏ အားနည်းမှုကြောင့် အကူအညီမဲ့နေပြီး ရွှီယန်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ဖို့မှာ ပိုမို အရေးကြီး၏။ ထို့ကြောင့် ရွှေရောင်နဂါး၏ အကူအညီဖြင့် ရေခဲမျှော်စင်နှင့် ဝေးရာသို့ ပို့ဆောင်ခံရပြီးနောက် သူမသည် မရပ်မနား ဆက်လက် ဆုတ်ခွာသွားခဲ့သည်။

ကျောင်မင်က အံ့အားသင့်သွားသည်။ သူ၏ ကောင်းကင်လူသား စွမ်းအားက တစ်ဖက်လူကို အဘယ်ကြောင့် ဖိနှိပ်နိုင်ခြင်း မရှိရသနည်း။ ထို့အပြင် ဤသည်မှာ မည်သည့် စွမ်းအားမျိုး ဖြစ်သနည်း။ ၎င်းသည် သူ၏စိတ်စွမ်းအားနှင့် ဆင်တူသော်လည်း မဟုတ်ပေ။

၎င်းသည် အမျိုးအမည် မသိသော သဘာဝတရား နှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒကို သယ်ဆောင်ထားပုံ ရသည်။

“ခင်ဗျားသာ စိတ်ဝိညာဉ် သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ဖြစ်ခဲ့ရင် ကျွန်တော် ရွှီယန် စကားတစ်ခွန်းတောင် မဆိုဘဲ ထွက်ပြေးသွားခဲ့မှာ”

ရွှီယန်က တစ်လှမ်းချင်းစီ ရှေ့တက်ကာ ကျောင်မင်နှင့် တူညီသောအဆင့်တွင် ရပ်လိုက်သည်။

“ရိုးရိုး နိမ့်ကျတဲ့ ကောင်းကင်လူသားငယ်တစ်ဦး ဖြစ်ပြီး ဘာလို့များ ဒီလောက် မောက်မာရဲတာလဲ။ ဒီနေ့ ခင်ဗျားကို ဝက်နဲ့ ခွေးတွေကို သတ်သလို ကျုပ်သတ်ပြမယ်”

သူ၏ဓားကို ဓားအိမ်မှ ထုတ်လိုက်သည်။

“မိုက်ရိုင်းလိုက်တာ... ဒီနေ့မှာ.. ငါ ကောင်းကင်လူသားရဲ့ စွမ်းအားကို မင်းနားလည်သွားအောင် လုပ်ပေးလိုက်မယ်”

ကျောင်မင်၏ စိတ်ထဲတွင် အမျက်ချောင်းချောင်း ထွက်နေ၏။

အတွင်းနယ်မြေကလူတွေ ဘယ်တုန်းက ဒီလောက် အစွမ်းထက်လာတာလဲ...

'ယိပုလိုပဲပေါ့'

"ဘုန်း"

သူသည် လက်သီးဖြင့် ထိုးလိုက်ရာရောင်ခြည်များ ပွင့်ထွက်လာပြီး ကြယ်များ ကြွေကျသကဲ့သို့ ပျက်စီးခြင်း၏ စွမ်းအားက ထွက်ပေါ်လာခဲ့သည်။

"ရွှင်.."

ရွှီယန်၏ အမူအရာက တည်ငြိမ်ပြီး သူ၏ စတင်တိုက်ခိုက်မှုမှာ တောင်နှင့်မြစ် ဓားတာအို ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဓားအလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ကျောင်မင်ကို တည့်မတ်စွာ ချိန်ရွယ်ထား၏။ သေခြင်းနှင့် ရှင်ခြင်း သံသရာအတွင်း၌ တိုက်ပွဲနယ်မြေတစ်ခုလုံးအား ဖုံလွှမ်းထားသည်။

ကောင်းကင်လူသားငယ်တစ်ဦး ဖြစ်ခြင်းမှာ သေးငယ်သည့်အရာ မဟုတ်သောကြောင့် ရွှီယန်အနေနှင့် ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပေ။

သူသည် တိုက်ခိုက်မှု မပြုလျှင် မပြုပဲ နေလိမ့်မည်။ တိုက်ခိုက်ပြီ ဆိုလျှင်လည်း ပြိုင်ဘက်ကို ထွက်ပြေးရန် အခွင့်အရေး လုံးဝမပေးဘဲ အပြီးအပိုင် ချေမှုန်းပစ်မည် ဖြစ်သည်။ အမှုန့်ဖြစ်အောင် ကြိတ်ပစ်ရမည် ဖြစ်၏။

ကျောက်မင်က အံ့အားသင့်သွားသည်။ ဤသည်မှာ မည်သည့် ဓားကျင့်စဉ်မျိုး ဖြစ်သနည်း။

“ဒီ အတွင်းနယ်မြေက ဝက်တွေ.. ခွေးတွေဆီမှာ ဒီလို အစွမ်းထက်တဲ့ စွမ်းအားမျိုး ရှိနိုင်စရာ မရှိဘူး။ သူက လင်းနယ်မြေကများ ဖြစ်နေမလား။ စုလင်းရှုံကို လျှို့ဝှက် ကာကွယ်ပေးနေသူများလား”

ကျောက်မင်သည် နှလုံးသားက အေးစက်နေပြီးစဥ်းစားသည်။

သူသည် လက်သီးနှစ်ထပ် သိုင်းပညာကို အသုံးပြုပြီး ကြယ်ရောင်ခြည်များကို ပတ်ဝန်းကျင်တွင် လည်ပတ်နေစေ၏။ ဒီအချိန်တွင် ပေါ့ဆရဲခြင်း လုံးဝ မရှိပေ။

“သူက ကောင်းကင်လူသားအဆင့် သိုင်းပညာရှင် မဟုတ်ဘူး။ သူ့ရဲ့ အရှိန်အဝါက ပုံမှန် မဟုတ်ဘူး။ အထွတ်အထိပ် မဟာစစ်ဘုရင်လည်း မဟုတ်ဘူးမလား”

ကြာရှည်စွာ တိုက်ခိုက်လေလေ ကျောင်မင်သည် ပို၍ ပဟေဠိ ဖြစ်လာလေ ဖြစ်သည်။ ဓားသိုင်းဖြစ်စေ၊ တစ်ဖက်လူ၏ သိုင်းစွမ်းအားဖြစ်စေ နှစ်ခုစလုံးသည် ခွဲခြားမရနိုင်ပုံ ရှိသည်။ ကောင်းကင်လူသားလည်း မဟုတ်.. စစ်ဘုရင်လည်း မဟုတ်သည့် ပုံစံမျိုး ဖြစ၏။ သူကျင့်ကြံသည့် သိုင်းပညာသည် ကျောင်မင် သိသော သိုင်းပညာမျိုး မဟုတ်ပါ။

ရွှီယန်၏ အမူအရာက လေးနက်နေ၏။ သူ့ရှေ့ရှိ ကောင်းကင်လူသားငယ်သည် အလွန် အစွမ်းထက်ပြီး လက်သီးပညာက ထူးကဲသည်။ ကြယ်ရောင်ခြည်များ လည်ပတ်နေပြီး ကြယ်ရောင်ခြည်တိုင်းသည် ရက်စက်သော တိုက်ခိုက်မှုတစ်ခု ဖြစ်လာခဲ့သည်။

“လင်းနယ်မြေက လက်သီးသိုင်းလား”

ရွှီယန် စဉ်းစားသည်။ အတွင်းဘက်နယ်မြေတွင် ထိုကဲ့သို့သော ကျင့်စဉ်မျိုး မရှိပေ။

“မှတ်ထား.. ခင်ဗျားကို သတ်တဲ့သူက ဓားနတ်ဘုရား ရွှီယန်ပဲ.. ဓားသုံးချက်နဲ့ ဝက်နဲ့ ခွေးတွေကို သတ်သလို သတ်ပစ်ခဲ့တယ်”

ရွှီယန်က အေးစက်စွာ ပြောသည်။

“မိုက်ရိုင်းတဲ့ကောင်.. မင်းငါ့ကို ဓားသုံးချက်နဲ့ ဘယ်လို သတ်မလဲလို့ ကြည့်ရသေးတာပေါ့”

ကျောင်မင်က အေးစက်စွာ ရယ်သည်။

ရွှီယန်သည် အစွမ်းထက်ပြီး သူ့ထက် အများကြီး မနိမ့်ကျကြောင်းအား သူ ဝန်ခံ၏။ သို့သော် ဓားသုံးချက်ဖြင့် သူ့ကို သတ်မည်ဟု ကြွေးကြော်ခြင်းသည် လုံးဝ ရူးသွပ်ခြင်းပင် ဖြစ်သည်။

စိတ်ဝိညာဉ် သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား မဟုတ်ပါက မဖြစ်နိုင်ပေ။

ဟူး...

ရုတ်တရက် ရွှီယန်က ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ တောင်နှင့်မြစ် ဓားတာအိုက လေညှင်းဖြင့် ထွက်ပေါ်လာ၏။

ကျောင်မင်က လှောင်ပြုံးဖြင့် ပြုံးသည်။ ကြယ်ရောင်ခြည်များက ချက်ချင်း ကြယ်များသဖွယ် ကြွေကျလာပြီး ပျက်စီးခြင်း၏ စွမ်းအားက အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ တောင်နှင့်မြစ်ကို လုံးဝ ပျက်စီးစေရန်.. ပြိုင်ဘက်ကို အနိုင်ယူရန် ရည်ရွယ်ထားသည်။

All Chapters