← Chapters

ရေခဲမျှော်စင်အား ဖျက်ဆီးခြင်း၊ ကောင်းကင်လူသား ထွက်ပေါ်လာခြင်း

Vol. 24 Ch. 355

ရေခဲမျှော်စင်အား ဖျက်ဆီးခြင်း၊ ကောင်းကင်လူသား ထွက်ပေါ်လာခြင်း

Vol. 24 Ch. 355

လင်းယွီဂိတ်တံခါးမှ ကောင်းကင်လူသားတစ်ဦး ဆင်းသက်လာခဲ့သည်။ ထိုသူသည် ခေတ္တမျှပင် နားခြင်းမရှိဘဲ ပစ်မှတ်တစ်ခုကို ရှာဖွေနေဟန်ဖြင့် သတ်မှတ်ထားသော နေရာတစ်ခုဆီသို့ ဦးတည်သွားသည်။

ထန်းပေါင်စံအိမ်၌ ခရမ်းရောင်သရဖူနှင့် လူက သက်ပြင်းချသည်။ မိုးကုပ်စက်ဝိုင်း၌ ပျောက်ကွယ်သွားသည့် ပုံရိပ်ကို ကြည့်ကာပြော၏။

“သူ.. စုလင်းရှုံဆိုတဲ့ မိန်းကလေးကို ရှာဖို့ သွားတာ ဖြစ်မယ်”

“စံအိမ်သခင်.. စုလင်းရှုံက တကယ်တမ်း ဘယ်သူများလဲ...”

တစ်ယောက်က သိလိုစွာ မေးသည်။

ခရမ်းရောင်သရဖူနှင့် လူသည် ခေါင်းခါ၏။ “ငါလည်း သိပ်မသိဘူး။ လင်းယွီဂိတ်တံခါး ပွင့်တာက စုလင်းရှုံနဲ့ ဆက်စပ်နေတယ်လို့ ကောလာဟလတွေ ရှိတယ်။ တကယ်တော့ လင်းယွီဂိတ်တံခါးကနေ လူတွေ ပေါ်လာတာပါပဲ”

“စုလင်းရှုံကို ဖမ်းမိရင် စွမ်းဆောင်မှုတစ်ခုအဖြစ် သတ်မှတ်ပြီး လင်းယွီထဲကို ခေါ်ဆောင်ခံရဖို့ လမ်းကြောင်းဖွင့်ပေးနိုင်တယ်။ ဒါပေမဲ့ ဆိုးတာက.. လင်းယွီထဲ ရောက်သွားရင် ဝက်တွေ၊ ခွေးတွေလို ဆက်ဆံခံရရော”

ခရမ်းရောင်သရဖူနှင့် လူက ကိုယ့်ကိုယ်ကို ပြန်ရယ်ပြီး အဝေးရှိ လင်းယွီဂိတ်တံခါးကို ကြည့်လျက် တည်ငြိမ်စွာ ပြောသည်။

“လင်းယွီထဲ ဝင်ချင်တဲ့သူတွေ ကြိုးစားကြည့်လို့ ရတယ်။ အတွင်းနယ်မြေမှာ အခြားသူတွေထက် အဆင့်အတန်းမြင့်မားစွာ နေမလား.. ဒါမှမဟုတ် လင်းယွီထဲမှာ ဝက်တွေ၊ ခွေးတွေ လုပ်မလားဆိုတာကတော့ ကိုယ်တိုင် ရွေးချယ်ရမယ့် ကိစ္စပဲ”

တစ်ဝက်တပြတ် ကောင်းကင်လူသားအဆင့် စွမ်းအားကြီးပုဂ္ဂိုလ် အများအပြားမှာ ဝေခွဲမရ ဖြစ်ကုန်ကြ၏။ လင်းယွီထဲသို့ ဝင်ရောက်ပြီးနောက် ဝက်နှင့်ခွေးများကဲ့သို့ အဆင့်အား ရောက်သွားကြမည် ဖြစ်သည်။ ဤသည်မှာ ထိုမျှပင် ကြောက်စရာ ကောင်းသည်လား။ တကယ်ပဲ ဒီလောက် ဆိုးရွားသည်လား။

ခဏတာအတွင်း မည်သူမှ လင်းယွီဂိတ်တံခါးသို့ သွားရောက်ရန် မကြိုးစားဝံ့ဘဲ လူတိုင်းက စံအိမ်သခင်၏ စကားကို ယုံကြည်လိုက်ကြသည်။

မုန့်ချုံသည် ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။

“သွားရအောင်.. သူ ဘယ်သွားနေတာလဲ ကြည့်တာ‌ပေါ့"

မုန့်ချုံကို စကားဖြတ်ပြောရန် ပြင်နေသော ကျစ်ယွင်က ချက်ချင်း ခုန်ထပြီး မုန့်ချုံ၏ နောက်ကျောကို မှီတွယ်လိုက်သည်။

“နင်က ပိုမြန်တယ်.. ငါ့ကို ခေါ်သွားပေး”

မုန့်ချုံက လေထဲသို့ ခုန်တက်ပြီး စိတ်ဝိညာဉ်နယ်မြေမှ စွမ်းအားကြီးပုဂ္ဂိုလ် ပျောက်ကွယ်သွားသည့် ဘက်သို့ လိုက်ခဲ့သည်။ သူသည် ကောင်းကင်လူသား၏ မြန်ဆန်မှုကို အမှန်ပင် လေးစားမိ၏။ အလွန် မြန်ဆန်လှပါသည်။

ရေခဲမျှော်စင်၏ ထိပ်တွင် ရွှီယန်သည် အဆီအနှစ်မဲ့နေသည့် ပိန်ကြုံပြီး အသက်မဲ့နေသော လူတစ်ဦးကို တွေ့ရသည်။ ထို့နောက် ကုလားထိုင်ပေါ်တွင် ထိုင်ကာ မတင့်တယ်သော အနေအထားနှင့် သူ့အား စိတ်လှုပ်ရှားစွာ ကြည့်နေသည့် အမျိုးသမီးထံ ကြည့်လိုက်ပြီး ရွံရှာသော ခံစားချက်ဖြင့် မျက်မှောင်ကြုတ်သွား၏။

သုယွီယင်း၏ မျက်နှာသည် နီရဲသွားပြီးနောက် ဖြူဖျော့သွားကာ အလျင်အမြန် မျက်နှာလွှဲလိုက်သည်။

“ဒီကိုလာခဲ့.. ကောင်လေး”

ရေခဲမိခင်က လက်ညိုးဖြင့် လှမ်းခေါ်ရင်းက ဆွဲဆောင်မှုရှိစွာ ပြုံးသည်။

သူမသည် ငယ်ရွယ်နုပျိုပုံရပြီး နူးညံ့ဖြူဖွေးသော အသားအရေ ရှိ၏။ သို့ရာတွင် ရက်များစွာ ပျော်ပါးပြီးနောက် အဆီအနှစ်တို့ လုံလောက်စွာ မဖြည့်တင်းနိုင်ခဲ့သဖြင့် မျက်ခွံထောင့်များတွင် သေးငယ်သော အရေးအကြောင်းများ ပေါ်နေပါသည်။

“.. အဘွားကြီး၊ ကိုယ့်ကိုယ်ကို မရွံဘူးလား” ရွှီယန်က သူမကို သည်းမခံနိုင်တော့ဘဲ ရွံရှာသော အမူအရာဖြင့်သည်။

အဘွားကြီး...

ရေခဲမျှော်စင်သည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ ရေခဲမိခင်၏ မျက်နှာက မည်းမှောင်သွားပြီး ခြေထောက်များကို တင်းတင်းစေ့ကာ သူမ၏ မျက်လုံးများတွင် လူသတ်လိုသော စိတ်ဆန္ဒတို့ တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

သူမသည် မိန်းကလေးငယ်များ၏ အဆီအနှစ်ကို အဘယ်ကြောင့် ဝါးမြိုခဲ့သနည်း။ ငယ်ရွယ်နုပျိုမှုနှင့် အလှအပကို ထိန်းသိမ်းရန် မဟုတ်ပါလား။

ယခုတော့ လူအများ၏ရှေ့တွင် အဘွားကြီးဟု အခေါ်ခံခဲ့ရသည်။ သူမ၏ နှလုံးသားကို ဓားဖြင့် ထိုးလိုက်သကဲ့သို့ ရှိပြီး ရုပ်ဆိုးသောဘက်ခြမ်းကို ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။

ရွှီယန်ကို ခေါ်ဆောင်လာသော ဝတ်စုံပါးနှင့် အစေခံနှစ်ဦးမှာ ဒေါသဖြင့် ဖြူဖျော့သွားကြသည်။

“ရိုင်းလိုက်တာ”

“နင့်ပါးစပ်ပိတ်ထား”

ရွှီယန် မျက်မှောင်ကြုတ်ပြီး သူမတို့ကို ရိုက်ထုတ်လိုက်သည်။

"ဘုန်း"

ကောင်းကင်နှင့် ကမ္ဘာမြေအကြားရှိ စိတ်ဝိညာဉ်စွမ်းအင်သည် ဧရာမ လှိုင်းလုံးကြီးအဖြစ် စုစည်းသွားပြီး နားကွဲမတတ် အသံနှင့်အတူ ဝတ်စုံပါးနှင့် အမျိုးသမီးနှစ်ဦးမှာ ချက်ချင်း သေဆုံးသွားခဲ့သည်။

ရွှီယန်အတွက် စစ်ဘုရင်အဆင့် တစ်ဦးသည် လက်ချောင်း တစ်ချက်ခါရုံသာ ရှိ၏။

“နင်.. သေသင့်တဲ့‌ကောင်"

ရေခဲမိခင်က ရုတ်တရက် မတ်တပ်ရပ်ကာ သူမ၏ မျက်လုံးများတွင် လူသတ်လိုမူတို့ဖြင့် ပြည့်နှက်နေ၏။ သူမ၏ အေးစက်သော အရှိန်အဝါက လေထုကို လွှမ်းခြုံလာပြီး ရေခဲမျှော်စင်ထိပ်တွင် အအေးဒဏ်၏ လေကို သယ်ဆောင်လာခဲ့သည်။

“..အဘွားကြီး.. ခင်ဗျား လူအများကြီး သတ်ခဲ့တာလား.. အရှိန်အဝါက တစ်မျိုး ဖြစ်နေတယ်”

ရွှီယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် သူမထံမှ ပုံမှန်မဟုတ်ပဲ ရေခဲမိခင်နှင့် မသက်ဆိုင်သည့် စွမ်းအင်မျိုးစုံ ရောနှောနေသော အငွေ့အသက် ကို တွေ့လိုက်ရသည်။

ထိုစွမ်းအင်များသည် အားနည်းလာနေပုံ ရ၏။

မိန်းကလေးငယ်အား ဒီအဘွားကြီးထံသို့ ပို့ဆောင်ရန် ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးခံရသူအားလုံး သေဆုံးခဲ့ကြောင်း ပြောပြခဲ့သော အဘိုးအိုကို တွေးမိလိုက်သည်။

ရွှီယန်သည် ရေခဲမိခင်ထံမှ ရောနှောနေသော အရှိန်အဝါကို ခံစားမိပြီး သိုင်းပညာရှင်တို့၏ သွေးကို ဝါးမြိုကာ ကိုယ့်ကိုယ်ကို အားဖြည့်သည့် နတ်ဆိုးဂိုဏ်း၏ သတ်ဖြတ်ခြင်း ကျင့်စဉ်ကို သတိရလိုက်သည်။

သိုင်းပညာရှင်တစ်ဦး၏ သွေးကို ဝါးမြိုပြီး စွမ်းအင်ကို အပြည့်အဝ မစုပ်ယူနိုင်သေးပါက ရောနှောနေသော အရှိန်အဝါတို့ ပေါ်လာတတ်၏။

“ကောင်ချောလေး... နင့်ကို ရက်အနည်းငယ်လောက် ထားချင်ခဲ့ပေမယ့် တန်ဖိုးထားရကောင်းမှန်း မသိဘဲ ကိုယ့်သေတွင်း ကိုယ်တူးနေတော့ နေဖို့ မလိုအပ်တော့ဘူး။ ပြီးတော့ နင့်ဘေးက လှပတဲ့ မိန်းကလေးက... အိုး.. အရမ်း လှပလွန်းတယ်။ နင့်ရှေ့မှာ သူမကို ဖြည်းဖြည်းချင်း အဆီအနှစ်တွေ ခမ်းခြောက်စေပြီး နာကျင်စွာ သေဆုံးရအောင် လုပ်ပြမယ်"

ရေခဲမိခင်၏ အသံက အေးစက်နေ၏။ ဖိအားလှိုင်းတစ်ခု ပေါ်ထွက်လာပြီး အရှိန်အဟုန်ဖြင့် တိုးဝင်လာကာ အောက်ရှိ အရာအားလုံးကို ဖိနှိပ်လိုက်သည်။ သူမသည် သုယွီယင်းကို ဖမ်းဆွဲရန် လက်လှမ်းလိုက်၏။

ရွှီယန်သည် သူမ၏ စစ်ဘုရင်နှစ်ယောက်တို့ကို အလွယ်တကူ သတ်ဖြတ်ခဲ့ပေမယ့် ရေခဲမိခင်အနေနှင့် အရမ်းကြီး စိုးရိမ်ခြင်းမရှိပါ။

သူမသည် တစ်ဝက်တပြတ် ကောင်းကင်အဆင့်တွင် ရှိနေ၏။ ကိုယ့်ကိုယ်ကိုယ်၏ စိတ်ဝိညာဉ်ကို အာရုံခံနိုင်ပြီး ဖြစ်ကာ စိတ်ဝိညာဉ်အား သက်ဆိုင်ရာ အဆင့်တစ်ခုအထိ ပျိုးထောင်ပြီးဖြစ်သည်။

ကောင်းကင်လူသား အဆင့်သို့ မချိုးဖျက်နိုင်သေးပေမယ့် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်(သို့) တဝက်တပြတ် ကောင်းကင်လူသား အဆင့်သို့ ရောက်ရှိပြီးခါစ လူများထက်ပင် များစွာ ပိုမိုစွမ်းအားကြီးသည်။

အတွင်းဘက်နယ်မြေ တစ်ခုလုံးရှိ တဝက်တပြက် ကောင်းကင်လူသားများ အကြားတွင် နတ်ဆိုးသားတော်သာလျှင် သူမထက် သာလွန်နိုင်၏။

ရေခဲမိခင်အနေနှင့် ရွှီယန်၏ ရုပ်ရည်မှာ ငယ်ရွယ်ပုံ ပေါ်ပေမယ့် စစ်မှန်သည့်အသက်မှာ ငယ်ရွယ်ခြင်းမရှိဘဲ ရုပ်ရည်ကို ထိန်းသိမ်းနိုင်သည့် လျှို့ဝှက်အတတ် အချို့အား ကျင့်ကြံထားခြင်းဖြစ်သည်ဟု ခန့်မှန်းရသည်။

တဝတပြတ် ကောင်းကင်လူသား ဖိအားက ဖိနှိပ်လာခဲ့၏။ ရေခဲမိခင်၏ အမြင်တွင် ရွှီယန်သည် ထိတ်လန့်စွာဖြင့် မူလစွမ်းအား၏ ဆယ်ပုံနှစ်ပုံ သို့မဟုတ် သုံးပုံသာ ထုတ်သုံးနိုင်မည်ဖြစ်ကာ သုယွီယင်းအား ဖမ်းဆီးသည်ကို ဒီအတိုင်းသာ ကြည့်နေရမည်ဟု ယုံကြည်ထားသည်။

ထို့နောက် သူ၏ရှေ့တွင် မိန်းကလေးကို ဖြည်းဖြည်းချင်း ညှဉ်းပန်းကာ သေဆုံးစေမည် ဖြစ်၏။

"ဘုန်း"

သို့ရာတွင် သုယွီယင်းကို ဆွဲဖမ်းရန် လက်လှမ်းလိုက်စဉ်မှာပင် သူမ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။

ကြီးမားသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူမ၏ ဒီဗိုင်းစွမ်းအားကို တိုက်ရိုက် ကြေမွသွားစေခဲ့သည်။ ချက်ချင်းဆိုသလို ရွှေရောင်နဂါးတစ်ကောင် မာန်ဖီပြီး သူမကို သတ်ရန် ကောင်းကင်မှ ထိုးဆင်းလာ၏။

All Chapters